LOST MY MEMORIES

By Onyourm__aple

5.8K 950 336

Chansoo Fic _5🍎 Γ—6 Side Couple _Markhyuck Complete (9) 🍁 More

01
02
04
05
06
07
08
09
10
11
12*
13
14
15
16
17
18
πŸ’Œ

03

339 60 26
By Onyourm__aple

UNI...

“ဒါလင် အရင်က ဆံပင်အနီရောင် ဆိုးဖူးတာလား”

ဟန်နီ့မေးခွန်းမှာ ကျွန်တော် ထိန့်လန့်သွားသည်။ဟန်နီက အတိတ်ကို မှတ်မိနေပြီလား။ဟန်နီမှတ်မိတဲ့ ကျွန်တော်ပုံစံက ဘယ်လိုမျိုးလဲ။ဟန်နီအပေါ် အရမ်းနွေးထွေးတဲ့ပတ်ခ်ချန်းယောလ်လား။ဒါမှမဟုတ် ဟန်နီကို ငိုအောင်လုပ်တဲ့ပတ်ခ်ချန်း‌ယောလ်လား။အချိန်အကြာကြီး ဟန်နီ့မျက်ဝန်းတွေကို စိုက်ကြည့်ပြီး အဖြေရှာမိသည်။ဟန်နီကတော့ ကျွန်တော်ကို  ကလေးတစ်ယောက်လို ပြုံးပြလာသည်။ပြီးမှ ကျွန်တော့်ပါးပြင်ကို ခြေဖျားလေး ထောက်၍ နမ်းလာသည်။

“လိုက်တယ်။အဲ့ဆံပင်အနီရောင်နဲ့ ဒါလင်က
တအားချောတာပဲ ”

ကျွန်တော် တိုးတိုးလေး ညင်သာစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။တော်ပါသေးရဲ့။ဟန်နီ မမှတ်မိလို့။

“ဘာလို့..သက်ပြင်းချနေရတာလဲ!ကျွန်တော်က ရုပ်ဆိုးတယ် ပြောမယ် ထင်နေတာလား”

ကျွန်တော် သတိထားမိသလောက် ဟန်နီက အခုနောက်ပိုင်း *ဟန်နီ* လို့သုံးနှုန်းနေရာကနေ တစ်ခါတစ်ရံ *ကျွန်တော်* လို့ ပြောင်းသုံးတတ်သည်။ဒါက ဟန်နီ့ခေါင်းထဲ အတိတ်ကအကြောင်းတွေ ပြန်ပေါ်လာသည့်အခါ သုံးနှုန်းတတ်သည့်အကျင့်တစ်ခုပင်။ဒါတွေ ဟန်နီရိပ်စားမိလား မသိပေမဲ့ ကျွန်တော်ကတော့ ဟန်နီရဲ့ထိုအကျင့်ကို သိသည်။ဟန်နီက အတိတ်က အကြောင်းတွေ မေးလာရင်၊ပြောလာရင် ဟန်နီဆိုသည့်အသုံးအနှုန်းကို မေ့လျော့ကာ *ကျွန်တော်*ဆိုပြီး ပြောတတ်သည်။ဒါကလည်း အတိတ်မှာတုန်းက *ကျွန်တော်*ဆိုသည့် နာမ်စားကိုပဲ အကြိမ်များစွာ သုံးနှုန်းဖူးတာကြောင့် ဖြစ်လိမ့်မည်။လက်ထပ်ပြီးမှပြောင်းသုံးသည့်
*ဟန်နီ*ဆိုတာကို အတိတ်က အကြောင်းတွေကို ‌သတိပေါ်လာသည့်အခါ မေ့လျော့သွားမှန်း ကျွန်တော် သိသည်။တစ်ခုပဲ ဟန်နီ့အတွေးကိုမသိတာ။ဟန်နီက စိတ်ခံစားချက်တစ်ချို့ကို မျက်နှာပေါ်  မထင်ဟပ်အောင် ထိန်းချုပ်နိုင်သည်။ထို့ကြောင့် ဟန်နီ့အတွေးတွေက ခန်းမှန်းရခက်သည်။

“မဟုတ်ပါဘူးကွာ”

အနည်းငယ်ဆူပုတ်ချင်သယောင် ဖြစ်နေတဲ့ဟန်နီကို ရင်ခွင်ထဲ ထည့်လိုက်သည်။ဟန်နီကို ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး။ကားတိုက်မှုကြောင့် ဦးခေါင်းထိသွားတဲ့ဟန်နီကို ဆုံးရှုံးရမှာ သေမှာထက် ကြောက်ခဲ့ဖူးသည်။ဟန်နီ ကျွန်တော်ကို ထားသွားပြီလား၊ဟန်နီကို ဆုံးရှုံးရတော့မှလား ဆိုသည့်စိတ်နှင့် ရက်ပေါင်းများစွာ နာကျင်ခဲ့ရဖူးသည်။မရည်ရွယ်ဘဲလုပ်ခဲ့မိတဲ့အမှားတွေအတွက်လည်း ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ဟန်နီကို ကြည့်ရင်း အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ဖူးသည်။ဟန်နီ ပြန်နိုးလာတဲ့အချိန် အမှားတွေအတွက် ခွင့်လွှတ်ဖို့ တောင်းဆိုရန်အတွက် စောင့်နေခဲ့သည်။ဒါပေမယ့် ဟန်နီ ပြန်သတိရတဲ့အချိန်မှာ အရာအားလုံး မေ့သွားခဲ့သည်။မင်ဟျောင်းအပါအဝင် ကျွန်တော်ကိုရော၊ကျွန်တော့်လုပ်ရက်တွေရော အကုန်မေ့သွားခဲ့သည်။အဲ့တုန်းက ကံကြာမ္မာက ကျွန်တော်ဘက် ပါနေတာလား။ဟန်နီဘက်ရှိနေတာလား မသဲကွဲခဲ့ဘူး။အခုတော့ တဖြည်းဖြည်း သဲကွဲလာပြီ။
ကံကြာမ္မာက ဟန်နီဘက် ရှိနေခဲ့တာ။

ဟန်နီ့အတိတ်ကို မေ့လျော့နေစဉ်မှာလည်း ကျွန်တော် နာကျင်ရသည်။အခု အတိတ်ကို သတိရလုလု ဖြစ်လာသည့် အချိန်မှာလည်း ထပ်ပြီး နာကျင်ရပြန်သည်။

“ဒါလင် ငိုနေတာလား ”

ကျွန်တော့်လက်မောင်းနှစ်ဖက်မှနေ ဆုပ်ကိုင်ပြီး တွန်းကန်လာတဲ့ဟန်နီ့လက်သေးသေးလေးတွေ။ကျွန်တော့်မျက်နှာကို ကြည့်ဖို့ပြင်နေတဲ့ဟန်နီကို
ပိုတိုး၍ ဖက်ထားလိုက်သည်။

“ဟင့်အင်း...ဒီအတိုင်းလေး..ခဏနေချင်လို့ ”

“ဘာလဲ...ကျွန်တော့်ခန္ဒာကိုယ်က မွှေးနေပြန်ပြီလား”

ဟန်နီကို အသည်းယားလွန်းလို့ ဖက်ချင်တဲ့အခါ၊အသားယူချင်တဲ့အခါ ကျွန်တော် သုံးနှုန်းလေ့ရှိသည့်စကားကို ဟန်နီက အလွတ်နေရပြီ။

“အွန်း”

ကျွန်တော် ပြုံး၍  ခေါင်းငြိမ့်ပြလိုက်သည်။ဟန်နီက မမြင်ပေမဲ့ သူ့ပုခုံးပေါ်က ခေါင်းငြိမ့်ပြတဲ့အထိအတွေ့ ခံစားမိတယ်ထင်ပါရဲ့။ရယ်သံလွင်လွင်လေးတွေက ထွက်ပေါ်လာသည်။ကျွန်တော်လည်း မျက်ရည်တွေနဲ့ ပြုံးနေလိုက်မိသည်။ဟန်နီက ကိုယ့်ဘေးနား အမြဲ ‌ရှိနေပေးရင် ကောင်းမှာပဲ။ဒါဆို ကိုယ့်ခံစားနေရတဲ့ဝေဒနာတွေလည်း ပျောက်ကင်းသွားနိုင်တယ်။

“အလုပ်သွားရအောင်။တော်ကြာ နောက်ကျနေလို့ ဌာနာမှူးဆီက အဆူခံနေရအုံးမယ် ”

“အွန်း”

ဖက်တွယ်ထားတာကို လွှတ်ပြီး ဟန်နီ့လက်သေးသေးလေးတွေ ဆုပ်ကိုင်လိုက်သည်။ကျွန်တော့်လက်တွေထဲ အံ့ဝင်ခွင်ကျဖြစ်နေတဲ့ဒီလက်ကလေးတွေ ဘယ်တော့မှ မလွှတ်ချချင်ဘူး။အဲ့လိုပဲ ဟန်နီဘက်က ရုန်းကန်းထွက်သွားမှာကိုလည်း မလိုလားဘူး။




🔸🔹🔸

ကျွန်တော် ဧည့်ခန်းက ဆိုဖာထက် ငူငိုင်စွာ ထိုင်နေဖြစ်သည်။ဟန်နီက အခုတလောထူးဆန်းနေသည်။ကျွန်တော်က သူ့အနားကပ်ရင် အကြောင်းပြချက် အမျိုးစုံနဲ့ လိမ္မာပါးနပ်စွာ ရှောင်ဖယ်သွားသည်။ကျွန်တော်ရဲ့အထိအတွေ့ကို ငြင်းဆန်နေတဲ့ဟန်နီပုံစံလေးက ရင်နာဖို့ကောင်းလွန်းလို့ အခုနောက်ပိုင်း ကျွန်တော်ဘက်ကပဲ အလိုတသိ ရှောင်ဖယ်ပေးမိသည်။အတတ်နိုင်ဆုံး စိတ်ကို ထိန်းချုပ်ကာ ဟန်နီကို မထိမတွေ့ဖို့ ကြိုးစားရတာ ကျွန်တော် အတွက် မလွယ်ကူပေ။ကျွန်တော့်စိတ်ကို ချုပ်တီးပြီး ဟန်နီနဲ့ ခပ်ဝေးဝေးမှာ နေရတာထက် ဟန်နီဘက်က ကျွန်တော့်အနမ်းတွေ ၊အထိအတွေ့ကို ငြင်းဆန်တာက  ကျွန်တော်က်ို ပိုစိတ်ဖီးစီးပြီး အတွေးများစေ၊ရင်နာစေသည်။

«အစ်ကို ချန်းယောလ်»

မင်ဟျောင်းက ကျွန်တော် ထိုင်နေသည့်ဆိုဖာထက်  မျက်နှာငယ်လေးဖြင့် လာထိုင်သည်။သူလည်း သိနေလောက်သည်။တစ်အိမ်တည်း အတူနေကြတဲ့သုံးယောက်မှာ လူနှစ်ယောက်ရဲ့တိတ်ဆိတ်မှုကို ကျန်တစ်ယောက်က မခံစားမိပဲ နေပါ့မလား။

«ဘာဖြစ်ထားကြတာလဲ »

ကျွန်တော် တိတ်ဆိတ်နေမိသည်။ကျွန်တော်နဲ့ဟန်နီကြားမှာ ပြဿာနာ အကြီးအကျယ်ဖြစ်ထားတာမျိုး၊စကားများထားတာမျိုး မရှိသလို ဘာဖြစ်ထားတယ် ဆိုပြီးပြဿာနာခေါင်းစဉ် တပ်လို့လည်း မရပေ။ဒီအတိုင်း နှစ်ဦးနှစ်ဖက် အတွေးကိုယ်စီနဲ့ တိတ်ဆိတ်သွားတဲ့အခြေအနေတစ်ခုပင်။

«အစ်ကိုက အတိတ်ကို သတိရသွားမှကို တွေးကြောက်နေတာလား»

ထပ်မေးလာတဲ့ ‌မင်ဟျောင်းစကားကို ကျွန်တော် ‌ဖြည်းညင်းစွာ ခေါင်းခါပြလိုက်သည်။

“စိုးရိမ်နေတာ...ဟန်နီ ငါကို ထားသွားမှာကို ”

«အစ်ကိုက သိပ်ချစ်ခဲ့တာ အစ်ကို‌ချန်းယောလ်ကို။ထားသွားမှာလည်း မဟုတ်သလို ထားခဲ့ဖို့လည်း စိတ်ကူးရှိမှာ မဟုတ်ဘူး »

ဘာလို့လဲ ဆိုသည့်မေးခွန်းကို မင်ဟျောင်းကို ပြန်မေးဖို့ နှုတ်ဆိတ်နေမိသည်။အဖြေကို ကျွန်တော် သိရက်နဲ့ ကျွန်တော်က အကြောင်းမဲ့သက်သက် ဟန်နီ ထားသွားမှာကို စိုးရိမ်နေခဲ့တာ။ရူးမိုက်လွန်းတဲ့ဟန်နီက တစ်ချိန်က ကျွန်တော်ရဲ့ဆိုးဆိုးဝါးဝါးလုပ်ရက်တွေအထိ ခွင့်လွှတ်ပေးပြီး ကျွန်တော့်အနားမှာ ရှိနေခဲ့သည်။ဟန်နီဘက်က တိတ်ဆိတ်သွားတဲ့အခုအခြေအနေက ကျွန်တော်ကို ထွက်သွားဖို့ ဦးတည်နေတာတော့ မဖြစ်နိုင်။ဒါဆို ကျွန်တော်ကရော ဘာလို့ စိုးရိမ်နေရတာလဲ။ထားသွားမှာ မဟုတ်မှန်းသိနေပေမယ့် ထားသွားမှာ စိုးရိမ်နေတဲ့ဒီစိတ်က တကယ်တော့ ကျွန်တော်လုပ်ရက်တွေက ဟန်နီထားသွားဖို့ လုံ‌လောက်နေတာကြောင့် ဖြစ်သည်။

“ဟုတ်တယ်...ဟန်နီက ငါကို သိပ်ချစ်ခဲ့တာ။ငါ ဆိုးခဲ့သမျှ သည်းခံပေးခဲ့တာ ..အဲ့အကြောင်းတွေ ပြန်တွေးမိတိုင်း ငါ ရင်တွေ နာလွန်းလို့ အဆုံးထိ ဆက်မတွေးနိုင်ဘူး။အဲ့လိုနဲ့ ငါ အဖြေမရှာဘူးနိုင်တော့ဘူး။ဒါ‌ပေမယ့် ထပ်ပြီး ဟန်နီကို မနာကျင်ချင်ဘူး ”

«အခု နောက်ပိုင်း အစ်ကိုချန်းယောလ် အဲ့လို
မဖြစ်တော့ဘူး မဟုတ်လား။အရင်လတွေက အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့တာကို။
မကြာခင် သက်သာသွားမှာပါ»

“ငါက ချမ်းသားတဲ့မိသားစုက မွေးဖွားမလာရင် ကောင်းမယ်”

ကျွန်တော်ရဲ့ပြစ်တင်စကားကို မိဘတွေသာ ကြားရင် ရင်နာမဆုံးဖြစ်နေမှာ သေချာသည်။သူတို့လည်း ကျွန်တော်ကို ဝေဒနာဆိုးတွေ ခံစားရပါစေဆိုပြီး လုပ်ခဲ့တာမျိုး မရှိပေမဲ့ သူတို့တွေရဲ့ချမ်းသားမှုက ကျွန်တော်ကို ဒုက္ခရောက်စေခဲ့တာတော့ ငြင်းပယ်၍ မရသောအမှန်တရားဖြစ်သည်။

«ညနက်နေပြီ...အစ်ကိုက မျှော်နေတော့မယ်။
သွားအိပ်လိုက်ပါတော့ »

မင်ဟျောင်းက သိနေသည်။ကျွန်တော်ခံစားရသမျှ ဟန်နီအနား‌ရောက်သွားရင် သက်သာသွားတယ်ဆိုတာ။ဒါက အစ်ကို့ကိုမတရားချစ်တဲ့မင်ဟျောင်ဆီက ကြားရခဲတဲ့စကားပင်။ခံစားချက်ကောင်းနေတဲ့အချိန်ဆိုသာ ဒီစကား မင်ဟျောင်းပြောလာရင် ကျွန်တော် ကျေးဇူးတင်မဆုံးဖြစ်နေမှာ။သူ့အစ်ကို အနားကပ်ရင် မင်ဟျောင်းက မျက်ထောင့်နဲ့ စိုက်ကြည့်နေတတ်တာကြောင့်။

🔊{I wanna be a billionaire so freaking bad
Buy of all things I never had
I wanna be on the cover of Forbes Magazine}

မင်ဟျောင်းဆီက လွင့်ပျံလာတဲ့ဖုန်းသံမြည်လေးကြောင့် ကျွန်တော် ရေးရေးလေး ပြုံးဖြစ်သည်။
နှစ်သစ်ကူးပိတ်ရက်တုန်းက ကျွန်တော်က ဂီတာတီးပြီး ဟန်နီရယ်၊မင်ဟျောင်းရယ်၊ဟယ်ချန်းရယ် အတူတူသီဆိုထားကြတဲ့ Billionaireဆိုတဲ့သီချင်းလေးကြောင့်ဖြစ်သည်။အဲ့တုန်းက ကျွန်တော်တို့လေးယောက် အရမ်း ပျော်ခဲ့ကြသည်။အသက်မပြည့်သေးတဲ့မင်ဟျောင်းက အရက်သောက်ချင်လို့ ဟန်နီကို ကပ်ချွဲခဲ့သေးတာ။မင်ဟျောင်းရဲ့ageyo က ရယ်စရာတအားကောင်းလွန်းလို့ ကျွန်တော်မျက်ရည်ထွက်တဲ့အထိ ရယ်ခဲ့‌ရသည်။ရယ်နေတဲ့အချိန်မှာတောင် ကျွန်တော်က ဟန်နီကို ရင်ခွင်ထဲ ထည့်ဖို့‌မမေ့ခဲ့ဘူး။ဟန်နီကို ရင်ခွင်ထဲ ဆွဲသွင်းရင် ကိုယ့်ပေါင် ကိုယ်ရိုက်ပြီး ရယ်ခဲ့တာကို အမှတ်ရသည်။ဟန်နီလည်း ကျွန်တော့်ရင်ခွင်ထဲ မောပန်းတဲ့အထိ ရယ်မောခဲ့သလို သိပ်ပျော်ဖို့ကောင်းတဲ့ အမှတ်တရတွေလည်း ဖြစ်ခဲ့သည်။ကျွန်တော်က
ကောင်းမွန်တဲ့ ထိုအမှတ်တရတွေကိုပဲ ဟန်နီကို မှတ်မိစေချင်သည်။

«အီဟယ်ချန်း!မင်းက လုပ်ပြန်ပြီ!»

မင်ဟျောင်းက ဖုန်းပြောနေရင်း အသံတစ်ချက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ဖုန်းကိုလည်း အလျင်အမြန်ပဲ ချပြီး အိမ်ရှေ့တံခါးပေါက် ထွက်သွားတော့ အိမ်ပေါ်တတ်ဖို့ ပြင်နေတဲ့ကျွန်တော့် ခြေလှမ်းတွေက ရပ်တန့်သွားသည်။ဘာမှန်းမသိတဲ့အခြေအနေကို အကဲခတ်နေလိုက်သည်။တံခါးသွားဖွင့်တဲ့မင်ဟျောင်းကြောင့် တံခါးရွက်ကြားမှာ မျက်နှာချိုသွေးကာ ပြုံးနေတဲ့ဟယ်ချန်းကို မြင်လိုက်ရသည်။

«ညနက်မှာ ဘာလာရှုပ်တာလဲ!»

ဟယ်ချန်းက မင်ဟျောင်းစကားကို အရေးမစိုက်ဘဲ ခရီးဆောင်အိတ်ကို တွန်းကာ အိမ်ထဲ ဝင်လာသည်။ကျွန်တော်ကို မြင်တော့ မျက်လုံးတွေ ပိတ်တဲ့အထိ ရယ်ပြလာသည်။

«ဟိုင်း အစ်ကိုချန်းယောလ်»

ပုံမှန်မဟုတ်တဲ့ ဟယ်ချန်းရဲ့နှုတ်ဆက်နည်းမှာ ကျွန်တော် မျက်ခုံးပင့်သွားသည်။မင်ဟျောင်းပြောသလိုပဲ ဘာလာရှုပ်တာလဲဆိုသည့်အတွေးနှင့်။

«ကျွန်တော် ဒီမှာ တစ်လလောက် နေလို့ရမလား»

«တစ်လမပြောနဲ့ တစ်ရက်တောင် မရဘူး!တစ်ညအိပ်ပြီး ပြန်တော့ »

ကျွန်တော် ဘာမှပြန်မဖြေခင် တံခါးပိတ်ပြီး ပြန်လာတဲ့မင်ဟျောင်းဆီက စကားသံဖြစ်၏။ဟယ်ချန်းက မင်ဟျောင်းကို မျက်စောင်းထိုးကာ အသံတိတ်ကျိန်ဆဲနေသည်။ပြီးမှ ကျွန်တော်ကို သနားစရာမျက်လုံးတွေနဲ့ ကြည့်လာသည်။

“သဘော...စိတ်ချနေ ”

«ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်»

ခေါင်းကို ခြေမျက်စိ ထိမတတ်၊ခါးညွှတ်ပြီး ကျေးဇူးတင်စကားဆိုနေတဲ့ဟယ်ချန်းကြောင့် ကျွန်တော် ခေါင်းသာခါပြီး အပေါ်ထပ်သွားလိုက်သည်။ဟယ်ချန်းလုပ်ပုံက မသိရင် နေစရာမရှိတဲ့ဆင်းရဲသားလေးတစ်ယောက်ကို ကျွန်တော်က နေရာပေးလို့ ကျေးဇူးတင်မဆုံး ဖြစ်နေသည့်ပုံစံပင်။သူ့အဖေကြည့်တော့ ကိုရီးယားတင်မကဘူး ကနေဒါသားမှာပါ အလုပ်တွေ တိုးချဲ့လုပ်ကိုင်နေတဲ့စီးပွားရေးရှင်တစ်ယောက်။

«အိုဗာလုပ်လွန်းတယ်»

မင်ဟျောင်းရဲ့အပြစ်တင်စကားကြောင့် ကျွန်တော် ပြုံးလိုက်သည်။ဟုတ်တယ်။ဟယ်ချန်းက အိုဗာလုပ်တဲ့နေရာမှာ တကယ်တော်တဲ့ကလေး။

🔸🔹🔸

«မင်း ဆိုဖာမှာ သွားအိပ်!!»

«မအိပ်ဘူး!မင်ဟျောင်း အိပ်!»

အောက်ထပ်မှာ ဆူညံ့သံတွေကြောင့် ကျွန်တော် အိပ်ရာမှာ လန့်နိုးလာသည်။မျက်လုံးဖွင့်လိုက်သည့်နှင့် အခန်းထဲ ဝင်လာတဲ့ဒါလင်ကို မြင်လိုက်ရသည်။

“ဒါလင် ဟယ်ချန်းနီး ရောက်နေတာလား”

“အွန်း..အိမ်ပေါ်က ဆင်းလာတာလို့ပြောတာပဲ”

အိပ်ရာဘေးက ဒါလင့်ဖုန်းနာရီကို ယူကြည့်လိုက်တော့ ည(၁၁)နာရီရှိနေပြီ။မိုးချုပ်ကတည်း ကျွန်တော် အိပ်ပျော်သွားတာပဲ။ထပ်ပြီး ထွက်ပေါ်လာတဲ့အသံတွေကြောင့် ကျွန်တော့်ကိုယ်ပေါ်က စောင်ကို ဆွဲဖယ်ပြီး ကုတင်ပေါ်က ထလိုက်သည်။ဒါလင်က ကျွန်တော် အရိပ်အခြေကို ကြည့်ပြီး နေရာတင် ငြိမ်နေသည်။

«ရေဆာလို့လား..ကိုယ် သွားယူပေးမယ်လေ»

«မဟုတ်ဘူး..ဒါလင် ။ကလေးတွေဆီ သွားမလို့»

မသွားလို့လည်း မဖြစ်။ညနက်မှာ ဒီလောက်ဆူညံ့နေရင် ဘေးအိမ်က လူတွေက တိုင်ကြားတာခံရတော့မှာ။ကျွန်တော် အောက်ထပ်ကို ဆင်းလာတော့ ဒါလင်က အနောက်က ခပ်ခွာခွာလိုက်လာသည်။အရင်ရက်တွေက  ရှုပ်ထွေးနေတဲ့စိတ်ကြောင့် ဒါလင်ကို ရှောင်ဖယ်မိတာကို  ဒါလင်က အမှတ်ကြီးလိုက်တာ။

«အီဟယ်ချန်း!!မင်းက ဧည်သည့်နော် !ငါ့အခန်းထဲမှာ အိပ်ဖို့မစဉ်းစားနဲ့။အိမ်ရှင် အိပ်ခိုင်းတဲ့နေရာမှာ အိပ်!»

«အဲ့လိုပြောကြေးဆို မင်ဟျောင်းကရော အိမ်ရှင်လား။မင်ဟျောင်းလည်း ဧည်သည်ပဲ မဟုတ်လား။သူများအိမ်မှာ လာကပ်နေပြီးတော့ »

ကျွန်တော်လှေကား ထိပ်မှာပဲ ရှိသေးတယ်။အသံတွေက အတိုင်းသား ကြားနေရပြီ။မင်ဟျောင်းအခန်းက တစ်ယောက်အိပ်ကုတင်မလို့
အိပ်ဖို့အရေး ငြင်းခုန်နေကြသည် ။ ဒီပုံစံအတ်ိုင်းဆို သူတို့နှစ်ယောက် တစ်ညလုံး အိပ်ဖြစ်မယ်မထင်။သူတို့နှစ်ယောက်ကြား ကျွန်တော် ဝင်မပါမချင်း ငြင်းနေကြမှာ။

«ဒါပေမယ့်...ငါ့အစ်ကိုအိမ်‌လေ..ငါ နေလို့ရတာပေါ့»

«ဘာဖြစ်ဖြစ် ကျွန်တော် ဆိုဖာမှာ မအိပ်နိုင်ဘူး »

ဟယ်ချန်းနီးက မင်ဟျောင်းကို ဆူချိတ်ပြီး ကျောခိုင်းအချိန်မှာပဲ လှေကားပေါ်က ဆင်းလာတဲ့ကျွန်တော်ကို မြင်သွား၏။အ‌ရောင်တောက်တောက်မျက်လုံးတွေနှင့်အတူ ကျွန်တော်
ဆီ အားကိုးတကြီး ပြေးလာသည်။ပြီးတော့ ကျွန်တော့်လက်မောင်းတစ်ဖက်ကို သူ့လက်တွေဖြင့်လာချိတ်ပြီး ကျွန်တော့်ပုခုံးပေါ်ကိုလည်း သူ့ခေါင်းတင်ပြီး ကပ်ချွဲလာသည်။

«အစ်ကိုဂျောင်ဆူး..ကျွန်တော်ကို မင်ဟျောင်း
အနိူင်ကျင့်နေတယ်။ပြောကူဦး »

ဟယ်ချန်းစကားကို ကျွန်တော်ပြုံး၍သာ မင်ဟျောင်းကို ပြောလိုက်သည်။

“မင်ဟျောင်းနဲ့ဟယ်ချန်းနီးက အစ်ကိုတို့အခန်းမှာ သွားအိပ်လိုက်။မင်ဟျောင်းအခန်းမှာ ဒါလင်အိပ်လိမ့်မယ်။အစ်ကိုက ဆိုဖာမှာပဲ အိပ်လိုက်မယ်”

ကျွန်တော့်စကားကို ဟယ်ချန်းနီးက တကယ်လား မေးလာသည်။ပြီးမှ မျက်နှာလေး ပြုံးသွားသည်။
မင်ဟျောင်းကတော့ မအိပ်ဘူးဆိုကာ အကျယ်ကြီးနှင့်အလန့်တကြား ထအော်သည်။သူက ဟယ်ချန်းနီးနဲ့ အိပ်ရမယ်ဆို သေအောင် ကြောက်သည်။ဟိုကလေးက လက်ရဲဇက်ရဲမို့ လန့်တာလည်း ပါလိမ့်မယ်။

“ဟန်နီက မင်ဟျောင်းအခန်းမှာ အိပ်လိုက်။ကိုယ် ဆိုဖာမှာ အိပ်လိုက်မယ်”

“ရတယ် ဒါလင် ။ကျွန်တော်က အိပ်ထားပြီးပြီ။
ဒါလင်က မအိပ်မှမအိပ်ရသေးတာ။မင်ဟျောင်းအခန်းမှာပဲ အိပ်လိုက် ”

ကျွန်တော်နဲ့ဒါလင်ကို ဟယ်ချန်းနီးက တစ်ယောက်တစ်လှည့်ချင်းစီ ကြည့်လာသည်။ပြီးမှ မျက်နှာငယ်လေးနဲ့ ဆူချိတ်စွာ ပြောလာသည်။

«တော်ပါ..ကျွန်တော်ပဲ ဆိုဖာမှာ အိပ်လိုက်တော့မယ်။လက်ထပ်ထားတဲ့သူတွေကို ခွဲအိပ်ခိုင်းရအောင် ကျွန်တော်က လူဆိုးလား »

ဟယ်ချန်းနီးက ထိုစကားပြောပြီးမှ ဆိုဖာပေါ်ထိုင်လျက် ခေါင်းအုံနဲ့‌စောင်ကို နေရာတကျချကာ  အိပ်ဖို့ပြင်နေသည်။မင်ဟျောင်းက ဟယ်ချန်းနီးကို တစ်ချက်ကြည့်ပြီး သက်ပြင်းတစ်ချက် ချသွားသည်။

«သွား..ငါ့အခန်းမှာ သွားအိပ်။ငါ ဒီမှာ အိပ်လိုက်မယ်»

ဟယ်ချန်းလက်ထဲမှာ စောင်ကို ဆွဲယူပြီး ပြောလာတဲ့မင်ဟျောင်း။ဟယ်ချန်းနီးက ဆိုဖာပေါ်မှာ အိပ်မယ်ဆိုတော့ နေနိုင်တာလည်း မဟုတ်။ဒါနဲ့များ အပင်ပန်းခံပြီး ငြင်းနေသေးတယ်။

«မင်ဟျောင်းက ချစ်ဖို့ကောင်းလိုက်တာ »

ပြောပြောဆိုဆိုပဲ မင်ဟျောင်း လည်ပင်းကို အတင်းဖက်ပြီး  ဟယ်ချန်းနီးက အတင်းလိုက်နမ်းသည်။

«ဖယ်!အီဟယ်ချန်း!ငါမကြိုက်ဘူးဆို»

မင်ဟျောင်းက အားကုန်းရုန်းလိုက်တာမို့ နောက်ဆုံး လူချင်းကွဲသွားသည်။မနမ်းလိုက်ရလို့
ဆူပုတ်နေတဲ့ ဟယ်ချန်းနီးက ကျွန်တော်ဘက် လှည့်လာသည်။ပြီးတော့ ပြုံးပြုံးကြီး လုပ်ကာ ကျွန်‌တော်ဆီ လျှောက်လာသည်။ဟယ်ချန်းနီး ဘာလုပ်မယ်ဆိုတာ ရိပ်စားမိတော့ ‌ ကျွန်တော်‌ ခြေလှမ်းတွေ အနည်းငယ် နောက်ဆုတ်မိသည်။

«အစ်ကိုဂျောင်ဆူးကျေးဇူးနဲ့ ကျွန်တော် မင်ဟျောင်းအခန်းမှာ အိပ်ရတော့မယ် ..ဟိဟိ»

ဟိဟိဆိုကာ ကျွန်တော့်ပါးကို နမ်းဖို့လုပ်တဲ့ဟယ်ချန်းနီးကြောင့် ဒါလင်က ကျွန်တော်ရှေ့ပိတ်ရပ်လိုက်သည်။သေချာတယ်။မျက်နှာကြီးက ဆူပုတ်ပြီး ဟယ်ချန်းနီးကို ကြည့်နေမှာ ။

«အစ်ကိုချန်းယောလ်ကလည်း..ကျွန်တော်က
စတာကို တကယ် နမ်းပါမလား..လန့်စရာကောင်းအောင် လုပ်နေတယ် »

ဒါလင်ကျောပြင်က အင်္ကျီစကို ကျွန်တော်ဆွဲလိုက်တော့ ဒါလင်က ကျွန်တော်ဘက် လှည့်လာသည်။ဒါလင့်မျက်ဝန်းတွေကို စိုက်ကြည့်ပြီးမှ ဒါလင့်လက်ချောင်းတွေကြား ကျွန်တော့်လက်ချောင်းတွေဝင်ကာ ဆုပ်ကိုင်လာသည်။

«ကလေးက စ နေ တာကို။မျက်နှာကြီးကို ဘာလို့ရုပ်ဆိုးအောင် ဆူပုတ်ထားတာလဲ»

ဒါလင်က ဆုပ်ကိုင်ထားသည့်ကျွန်တော်လက်တွေကို ငုံကြည့်နေသည်။သူ့အထိအတွေ့ကို ငြင်းပြီး ကျွန်တော်ဘက်က စတင်ပြီး ထိ‌တွေ့လာတာကို တအံ့တဩဖြစ်နေသည်။

«အိပ်ရအောင်..ဒါလင်။ညနက်နေပြီ ...»

နောက်နားဆီမှာ ဟယ်ချန်းနီးရဲ့ ချောင်းဟမ်းသံကြားလိုက်ရသည်။ဒီကလေးက ဘာတွေ တွေးနေတာလဲ။ကျွန်တော်ပြောတဲ့စကားက ရိုးရိုးလေး။သူပဲ အဆန်းတွေ တွေးနေတယ်။

«လာ...ဟယ်ချန်းနီး...သွားအိပ်တော့ »

မင်ဟျောင်းက ဟယ်ချန်းကို ဂုတ်ကနေဆွဲပြီး သူ့အခန်းထဲ အတင်း ဝင်ခိုင်းသည်။ပြီးမှာ သူလည်း ဆိုဖာပေါ် လှဲချကာ စောင်ခေါင်မြှီးခြုံပြီး အိပ်သွားသည်။ဧည်ခန်းထဲက  မီးသီးကိုတော့  ကျွန်တော်ပဲ ပိတ်ပေးလိုက်ပြီး ကျွန်တော်လှုပ်ရှားမှုတွေကိုကြောင်ကြည့်နေတဲ့ဒါလင်ကို ဖျတ်ခနဲ့ တစ်ချက် နမ်းလိုက်သည်။

“သွားရအောင်..”

“အွန်း”

မီးခလုတ်ပိတ်တဲ့အချိန်မှာတောင် ဒါလင့်လက်ကို မလွှတ်ချခဲ့တာမို့ ဒါလင်မျက်နှာက မျက်နှာက ပြုံးယောင်သန်းနေသည်။

ကျွန်တော်ဆီက အထိအထွေ့ သေးသေးလေးတွေကအစ ပြုံးပျော်တတ်တဲ့ဒါလင်ကို ကျွန်တော်က ဘယ်လိုစိတ်တဲ့ မုန်းရက်မှာလဲ။ပြီးတော့ ကျွန်တော်ကို ဒါလင် မုန်းခဲ့တယ်ဆိုတာလည်း လက်ခံ၍မရ။ဝိုးတိုးဝါးတားမှတ်မိနေတဲ့အတိတ်က ပုံရိပ်တစ်ချို့မှာ ဒါလင်က ကျွန်တော်ကို အမြဲ မုန်းတီးစွာ ကြည့်နေတတ်သည်။တစ်ခါတစ်ရံ ထိုပုံရိပ်တွေက စိတ်ထဲ စွဲထင်ကျန်ခဲ့၍ ဒါလင်နဲ့အကြည့်ဆုံတိုင်း၊ဒါလင့်အနားရောက်သွားတိုင်း၊ထိုပုံရိပ်တွေက ကျွန်တော်ကို နှိပ်စက်နေသည်။

ကြောက်လန့်စွာ ဒါလင်ကို ရှောင်ဖယ်မိတော့
နီးလျက် ဝေးနေသည့်ခံစားချက်က ကျွန်တော်ကို ပိုနာကျင်စေသည်။ဒါလင့်ရဲ့ထွေးပွေ့ကို ငြင်းဆန်တိုင်း ကျွန်တော့်နှလုံးအိမ်က လှံဖြင့် ထိုးနေသလိုနာကျင်လာသည်။အလိုတသိ ဒါလင်ဘက်က ရှောင်ဖယ်ပေးပြန်တော့လည်း ဒါလင်ရဲ့ထွေးပွေ့မှုတွေကို တမ်းတမိပြန်သည်။

ကျွန်တော်က အဆုံးသတ်ကို မသိဘဲ နာကျင်မှုတွေကြား ပိတ်မိနေပြီ ။

🔸🔹🔸

တကယ်တော့ ဒါလေးကို နှစ်ပတ် တစ်ပိုင်း တင်ဖို့ ဆုံးဖြတ်ထားပါတာ။7linn in Our Youth EP 5 လေးကို ကြည့်ပြီးနောက်မှာ မနေနိုင်ဘဲ ထရေးမိတာပါ။ဘာလို့ဆို အဲ့မှာ ကလေးတွေ ဆော့ကြတဲ့ဂိမ်းကြောင့်ပါဂိမ်းလေးက သူတို့ခေါင်းပေါ်က ရေးထားတဲ့လူ
နာမည်ကို ခန့်မှန်းရတာပါ။အဲ့မှာ တိုက်တိုက်ရိုက်ရိုက် အီမင်ဟျောင်း ခန့်မှန်းတဲ့သူက *ဒီအိုဟျောင်း*ပါတဲ့ 😭။ရေးပေးတဲ့သူက ဟယ်ချန်းနီးလို့ ထင်တာပဲ


27.03.22🍎

ZAW.....

“ဒါလင္ အရင္က ဆံပင္အနီေရာင္ ဆိုးဖူးတာလား”

ဟန္နီ႔ေမးခြန္းမွာ ကြၽန္ေတာ္ ထိန္႔လန္႔သြားသည္။ဟန္နီက အတိတ္ကို မွတ္မိေနၿပီလား။ဟန္နီမွတ္မိတဲ့ ကြၽန္ေတာ္ပုံစံက ဘယ္လိုမ်ိဳးလဲ။ဟန္နီအေပၚ အရမ္းေႏြးေထြးတဲ့ပတ္ခ္ခ်န္းေယာလ္လား။ဒါမွမဟုတ္ ဟန္နီကို ငိုေအာင္လုပ္တဲ့ပတ္ခ္ခ်န္း‌ေယာလ္လား။အခ်ိန္အၾကာႀကီး ဟန္နီ႔မ်က္ဝန္းေတြကို စိုက္ၾကည့္ၿပီး အေျဖ႐ွာမိသည္။ဟန္နီကေတာ့ ကြၽန္ေတာ္ကို  ကေလးတစ္ေယာက္လို ျပဳံးျပလာသည္။ၿပီးမွ ကြၽန္ေတာ့္ပါးျပင္ကို ေျခဖ်ားေလး ေထာက္၍ နမ္းလာသည္။

“လိုက္တယ္။အဲ့ဆံပင္အနီေရာင္နဲ႔ ဒါလင္က
တအားေခ်ာတာပဲ ”

ကြၽန္ေတာ္ တိုးတိုးေလး ညင္သာစြာ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ေတာ္ပါေသးရဲ႕။ဟန္နီ မမွတ္မိလို႔။

“ဘာလို႔..သက္ျပင္းခ်ေနရတာလဲ!ကြၽန္ေတာ္က ႐ုပ္ဆိုးတယ္ ေျပာမယ္ ထင္ေနတာလား”

ကြၽန္ေတာ္ သတိထားမိသေလာက္ ဟန္နီက အခုေနာက္ပိုင္း *ဟန္နီ* လို႔သုံးႏႈန္းေနရာကေန တစ္ခါတစ္ရံ *ကြၽန္ေတာ္* လို႔ ေျပာင္းသုံးတတ္သည္။ဒါက ဟန္နီ႔ေခါင္းထဲ အတိတ္ကအေၾကာင္းေတြ ျပန္ေပၚလာသည့္အခါ သုံးႏႈန္းတတ္သည့္အက်င့္တစ္ခုပင္။ဒါေတြ ဟန္နီရိပ္စားမိလား မသိေပမဲ့ ကြၽန္ေတာ္ကေတာ့ ဟန္နီရဲ႕ထိုအက်င့္ကို သိသည္။ဟန္နီက အတိတ္က အေၾကာင္းေတြ ေမးလာရင္၊ေျပာလာရင္ ဟန္နီဆိုသည့္အသုံးအႏႈန္းကို ေမ့ေလ်ာ့ကာ *ကြၽန္ေတာ္*ဆိုၿပီး ေျပာတတ္သည္။ဒါကလည္း အတိတ္မွာတုန္းက *ကြၽန္ေတာ္*ဆိုသည့္ နာမ္စားကိုပဲ အႀကိမ္မ်ားစြာ သုံးႏႈန္းဖူးတာေၾကာင့္ ျဖစ္လိမ့္မည္။လက္ထပ္ၿပီးမွေျပာင္းသုံးသည့္
*ဟန္နီ*ဆိုတာကို အတိတ္က အေၾကာင္းေတြကို ‌သတိေပၚလာသည့္အခါ ေမ့ေလ်ာ့သြားမွန္း ကြၽန္ေတာ္ သိသည္။တစ္ခုပဲ ဟန္နီ႔အေတြးကိုမသိတာ။ဟန္နီက စိတ္ခံစားခ်က္တစ္ခ်ိဳ႕ကို မ်က္ႏွာေပၚ  မထင္ဟပ္ေအာင္ ထိန္းခ်ဳပ္ႏိုင္သည္။ထို႔ေၾကာင့္ ဟန္နီ႔အေတြးေတြက ခန္းမွန္းရခက္သည္။

“မဟုတ္ပါဘူးကြာ”

အနည္းငယ္ဆူပုတ္ခ်င္သေယာင္ ျဖစ္ေနတဲ့ဟန္နီကို ရင္ခြင္ထဲ ထည့္လိုက္သည္။ဟန္နီကို ထပ္ၿပီး မဆုံး႐ႈံးခ်င္ေတာ့ဘူး။ကားတိုက္မႈေၾကာင့္ ဦးေခါင္းထိသြားတဲ့ဟန္နီကို ဆုံး႐ႈံးရမွာ ေသမွာထက္ ေၾကာက္ခဲ့ဖူးသည္။ဟန္နီ ကြၽန္ေတာ္ကို ထားသြားၿပီလား၊ဟန္နီကို ဆုံး႐ႈံးရေတာ့မွလား ဆိုသည့္စိတ္ႏွင့္ ရက္ေပါင္းမ်ားစြာ နာက်င္ခဲ့ရဖူးသည္။မရည္႐ြယ္ဘဲလုပ္ခဲ့မိတဲ့အမွားေတြအတြက္လည္း ေဆး႐ုံကုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့ဟန္နီကို ၾကည့္ရင္း အႀကိမ္ေပါင္းမ်ားစြာ ေတာင္းပန္ခဲ့ဖူးသည္။ဟန္နီ ျပန္ႏိုးလာတဲ့အခ်ိန္ အမွားေတြအတြက္ ခြင့္လႊတ္ဖို႔ ေတာင္းဆိုရန္အတြက္ ေစာင့္ေနခဲ့သည္။ဒါေပမယ့္ ဟန္နီ ျပန္သတိရတဲ့အခ်ိန္မွာ အရာအားလုံး ေမ့သြားခဲ့သည္။မင္ေဟ်ာင္းအပါအဝင္ ကြၽန္ေတာ္ကိုေရာ၊ကြၽန္ေတာ့္လုပ္ရက္ေတြေရာ အကုန္ေမ့သြားခဲ့သည္။အဲ့တုန္းက ကံၾကာမၼာက ကြၽန္ေတာ္ဘက္ ပါေနတာလား။ဟန္နီဘက္႐ွိေနတာလား မသဲကြဲခဲ့ဘူး။အခုေတာ့ တျဖည္းျဖည္း သဲကြဲလာၿပီ။
ကံၾကာမၼာက ဟန္နီဘက္ ႐ွိေနခဲ့တာ။

ဟန္နီ႔အတိတ္ကို ေမ့ေလ်ာ့ေနစဥ္မွာလည္း ကြၽန္ေတာ္ နာက်င္ရသည္။အခု အတိတ္ကို သတိရလုလု ျဖစ္လာသည့္ အခ်ိန္မွာလည္း ထပ္ၿပီး နာက်င္ရျပန္သည္။

“ဒါလင္ ငိုေနတာလား ”

ကြၽန္ေတာ့္လက္ေမာင္းႏွစ္ဖက္မွေန ဆုပ္ကိုင္ၿပီး တြန္းကန္လာတဲ့ဟန္နီ႔လက္ေသးေသးေလးေတြ။ကြၽန္ေတာ့္မ်က္ႏွာကို ၾကည့္ဖို႔ျပင္ေနတဲ့ဟန္နီကို
ပိုတိုး၍ ဖက္ထားလိုက္သည္။

“ဟင့္အင္း...ဒီအတိုင္းေလး..ခဏေနခ်င္လို႔ ”

“ဘာလဲ...ကြၽန္ေတာ့္ခႏၵာကိုယ္က ေမႊးေနျပန္ၿပီလား”

ဟန္နီကို အသည္းယားလြန္းလို႔ ဖက္ခ်င္တဲ့အခါ၊အသားယူခ်င္တဲ့အခါ ကြၽန္ေတာ္ သုံးႏႈန္းေလ့႐ွိသည့္စကားကို ဟန္နီက အလြတ္ေနရၿပီ။

“အြန္း”

ကြၽန္ေတာ္ ျပဳံး၍  ေခါင္းၿငိမ့္ျပလိုက္သည္။ဟန္နီက မျမင္ေပမဲ့ သူ႕ပုခုံးေပၚက ေခါင္းၿငိမ့္ျပတဲ့အထိအေတြ႕ ခံစားမိတယ္ထင္ပါရဲ႕။ရယ္သံလြင္လြင္ေလးေတြက ထြက္ေပၚလာသည္။ကြၽန္ေတာ္လည္း မ်က္ရည္ေတြနဲ႔ ျပဳံးေနလိုက္မိသည္။ဟန္နီက ကိုယ့္ေဘးနား အၿမဲ ‌႐ွိေနေပးရင္ ေကာင္းမွာပဲ။ဒါဆို ကိုယ့္ခံစားေနရတဲ့ေဝဒနာေတြလည္း ေပ်ာက္ကင္းသြားႏိုင္တယ္။

“အလုပ္သြားရေအာင္။ေတာ္ၾကာ ေနာက္က်ေနလို႔ ဌာနာမႉးဆီက အဆူခံေနရအုံးမယ္ ”

“အြန္း”

ဖက္တြယ္ထားတာကို လႊတ္ၿပီး ဟန္နီ႔လက္ေသးေသးေလးေတြ ဆုပ္ကိုင္လိုက္သည္။ကြၽန္ေတာ့္လက္ေတြထဲ အံ့ဝင္ခြင္က်ျဖစ္ေနတဲ့ဒီလက္ကေလးေတြ ဘယ္ေတာ့မွ မလႊတ္ခ်ခ်င္ဘူး။အဲ့လိုပဲ ဟန္နီဘက္က ႐ုန္းကန္းထြက္သြားမွာကိုလည္း မလိုလားဘူး။




🔸🔹🔸

ကြၽန္ေတာ္ ဧည့္ခန္းက ဆိုဖာထက္ ငူငိုင္စြာ ထိုင္ေနျဖစ္သည္။ဟန္နီက အခုတေလာထူးဆန္းေနသည္။ကြၽန္ေတာ္က သူ႕အနားကပ္ရင္ အေၾကာင္းျပခ်က္ အမ်ိဳးစုံနဲ႔ လိမၼာပါးနပ္စြာ ေ႐ွာင္ဖယ္သြားသည္။ကြၽန္ေတာ္ရဲ႕အထိအေတြ႕ကို ျငင္းဆန္ေနတဲ့ဟန္နီပုံစံေလးက ရင္နာဖို႔ေကာင္းလြန္းလို႔ အခုေနာက္ပိုင္း ကြၽန္ေတာ္ဘက္ကပဲ အလိုတသိ ေ႐ွာင္ဖယ္ေပးမိသည္။အတတ္ႏိုင္ဆုံး စိတ္ကို ထိန္းခ်ဳပ္ကာ ဟန္နီကို မထိမေတြ႕ဖို႔ ႀကိဳးစားရတာ ကြၽန္ေတာ္ အတြက္ မလြယ္ကူေပ။ကြၽန္ေတာ့္စိတ္ကို ခ်ဳပ္တီးၿပီး ဟန္နီနဲ႔ ခပ္ေဝးေဝးမွာ ေနရတာထက္ ဟန္နီဘက္က ကြၽန္ေတာ့္အနမ္းေတြ ၊အထိအေတြ႕ကို ျငင္းဆန္တာက  ကြၽန္ေတာ္က္ိဳ ပိုစိတ္ဖီးစီးၿပီး အေတြးမ်ားေစ၊ရင္နာေစသည္။

«အစ္ကို ခ်န္းေယာလ္»

မင္ေဟ်ာင္းက ကြၽန္ေတာ္ ထိုင္ေနသည့္ဆိုဖာထက္  မ်က္ႏွာငယ္ေလးျဖင့္ လာထိုင္သည္။သူလည္း သိေနေလာက္သည္။တစ္အိမ္တည္း အတူေနၾကတဲ့သုံးေယာက္မွာ လူႏွစ္ေယာက္ရဲ႕တိတ္ဆိတ္မႈကို က်န္တစ္ေယာက္က မခံစားမိပဲ ေနပါ့မလား။

«ဘာျဖစ္ထားၾကတာလဲ »

ကြၽန္ေတာ္ တိတ္ဆိတ္ေနမိသည္။ကြၽန္ေတာ္နဲ႔ဟန္နီၾကားမွာ ျပႆာနာ အႀကီးအက်ယ္ျဖစ္ထားတာမ်ိဳး၊စကားမ်ားထားတာမ်ိဳး မ႐ွိသလို ဘာျဖစ္ထားတယ္ ဆိုၿပီးျပႆာနာေခါင္းစဥ္ တပ္လို႔လည္း မရေပ။ဒီအတိုင္း ႏွစ္ဦးႏွစ္ဖက္ အေတြးကိုယ္စီနဲ႔ တိတ္ဆိတ္သြားတဲ့အေျခအေနတစ္ခုပင္။

«အစ္ကိုက အတိတ္ကို သတိရသြားမွကို ေတြးေၾကာက္ေနတာလား»

ထပ္ေမးလာတဲ့ ‌မင္ေဟ်ာင္းစကားကို ကြၽန္ေတာ္ ‌ျဖည္းညင္းစြာ ေခါင္းခါျပလိုက္သည္။

“စိုးရိမ္ေနတာ...ဟန္နီ ငါကို ထားသြားမွာကို ”

«အစ္ကိုက သိပ္ခ်စ္ခဲ့တာ အစ္ကို‌ခ်န္းေယာလ္ကို။ထားသြားမွာလည္း မဟုတ္သလို ထားခဲ့ဖို႔လည္း စိတ္ကူး႐ွိမွာ မဟုတ္ဘူး »

ဘာလို႔လဲ ဆိုသည့္ေမးခြန္းကို မင္ေဟ်ာင္းကို ျပန္ေမးဖို႔ ႏႈတ္ဆိတ္ေနမိသည္။အေျဖကို ကြၽန္ေတာ္ သိရက္နဲ႔ ကြၽန္ေတာ္က အေၾကာင္းမဲ့သက္သက္ ဟန္နီ ထားသြားမွာကို စိုးရိမ္ေနခဲ့တာ။႐ူးမိုက္လြန္းတဲ့ဟန္နီက တစ္ခ်ိန္က ကြၽန္ေတာ္ရဲ႕ဆိုးဆိုးဝါးဝါးလုပ္ရက္ေတြအထိ ခြင့္လႊတ္ေပးၿပီး ကြၽန္ေတာ့္အနားမွာ ႐ွိေနခဲ့သည္။ဟန္နီဘက္က တိတ္ဆိတ္သြားတဲ့အခုအေျခအေနက ကြၽန္ေတာ္ကို ထြက္သြားဖို႔ ဦးတည္ေနတာေတာ့ မျဖစ္ႏိုင္။ဒါဆို ကြၽန္ေတာ္ကေရာ ဘာလို႔ စိုးရိမ္ေနရတာလဲ။ထားသြားမွာ မဟုတ္မွန္းသိေနေပမယ့္ ထားသြားမွာ စိုးရိမ္ေနတဲ့ဒီစိတ္က တကယ္ေတာ့ ကြၽန္ေတာ္လုပ္ရက္ေတြက ဟန္နီထားသြားဖို႔ လုံ‌ေလာက္ေနတာေၾကာင့္ ျဖစ္သည္။

“ဟုတ္တယ္...ဟန္နီက ငါကို သိပ္ခ်စ္ခဲ့တာ။ငါ ဆိုးခဲ့သမွ် သည္းခံေပးခဲ့တာ ..အဲ့အေၾကာင္းေတြ ျပန္ေတြးမိတိုင္း ငါ ရင္ေတြ နာလြန္းလို႔ အဆုံးထိ ဆက္မေတြးႏိုင္ဘူး။အဲ့လိုနဲ႔ ငါ အေျဖမ႐ွာဘူးႏိုင္ေတာ့ဘူး။ဒါ‌ေပမယ့္ ထပ္ၿပီး ဟန္နီကို မနာက်င္ခ်င္ဘူး ”

«အခု ေနာက္ပိုင္း အစ္ကိုခ်န္းေယာလ္ အဲ့လို
မျဖစ္ေတာ့ဘူး မဟုတ္လား။အရင္လေတြက ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းခဲ့တာကို။
မၾကာခင္ သက္သာသြားမွာပါ»

“ငါက ခ်မ္းသားတဲ့မိသားစုက ေမြးဖြားမလာရင္ ေကာင္းမယ္”

ကြၽန္ေတာ္ရဲ႕ျပစ္တင္စကားကို မိဘေတြသာ ၾကားရင္ ရင္နာမဆုံးျဖစ္ေနမွာ ေသခ်ာသည္။သူတို႔လည္း ကြၽန္ေတာ္ကို ေဝဒနာဆိုးေတြ ခံစားရပါေစဆိုၿပီး လုပ္ခဲ့တာမ်ိဳး မ႐ွိေပမဲ့ သူတို႔ေတြရဲ႕ခ်မ္းသားမႈက ကြၽန္ေတာ္ကို ဒုကၡေရာက္ေစခဲ့တာေတာ့ ျငင္းပယ္၍ မရေသာအမွန္တရားျဖစ္သည္။

«ညနက္ေနၿပီ...အစ္ကိုက ေမွ်ာ္ေနေတာ့မယ္။
သြားအိပ္လိုက္ပါေတာ့ »

မင္ေဟ်ာင္းက သိေနသည္။ကြၽန္ေတာ္ခံစားရသမွ် ဟန္နီအနား‌ေရာက္သြားရင္ သက္သာသြားတယ္ဆိုတာ။ဒါက အစ္ကို႔ကိုမတရားခ်စ္တဲ့မင္ေဟ်ာင္ဆီက ၾကားရခဲတဲ့စကားပင္။ခံစားခ်က္ေကာင္းေနတဲ့အခ်ိန္ဆိုသာ ဒီစကား မင္ေဟ်ာင္းေျပာလာရင္ ကြၽန္ေတာ္ ေက်းဇူးတင္မဆုံးျဖစ္ေနမွာ။သူ႕အစ္ကို အနားကပ္ရင္ မင္ေဟ်ာင္းက မ်က္ေထာင့္နဲ႔ စိုက္ၾကည့္ေနတတ္တာေၾကာင့္။

🔊{I wanna be a billionaire so freaking bad
Buy of all things I never had
I wanna be on the cover of Forbes Magazine}

မင္ေဟ်ာင္းဆီက လြင့္ပ်ံလာတဲ့ဖုန္းသံျမည္ေလးေၾကာင့္ ကြၽန္ေတာ္ ေရးေရးေလး ျပဳံးျဖစ္သည္။
ႏွစ္သစ္ကူးပိတ္ရက္တုန္းက ကြၽန္ေတာ္က ဂီတာတီးၿပီး ဟန္နီရယ္၊မင္ေဟ်ာင္းရယ္၊ဟယ္ခ်န္းရယ္ အတူတူသီဆိုထားၾကတဲ့ Billionaireဆိုတဲ့သီခ်င္းေလးေၾကာင့္ျဖစ္သည္။အဲ့တုန္းက ကြၽန္ေတာ္တို႔ေလးေယာက္ အရမ္း ေပ်ာ္ခဲ့ၾကသည္။အသက္မျပည့္ေသးတဲ့မင္ေဟ်ာင္းက အရက္ေသာက္ခ်င္လို႔ ဟန္နီကို ကပ္ခြၽဲခဲ့ေသးတာ။မင္ေဟ်ာင္းရဲ႕ageyo က ရယ္စရာတအားေကာင္းလြန္းလို႔ ကြၽန္ေတာ္မ်က္ရည္ထြက္တဲ့အထိ ရယ္ခဲ့‌ရသည္။ရယ္ေနတဲ့အခ်ိန္မွာေတာင္ ကြၽန္ေတာ္က ဟန္နီကို ရင္ခြင္ထဲ ထည့္ဖို႔‌မေမ့ခဲ့ဘူး။ဟန္နီကို ရင္ခြင္ထဲ ဆြဲသြင္းရင္ ကိုယ့္ေပါင္ ကိုယ္႐ိုက္ၿပီး ရယ္ခဲ့တာကို အမွတ္ရသည္။ဟန္နီလည္း ကြၽန္ေတာ္႕ရင္ခြင္ထဲ ေမာပန္းတဲ့အထိ ရယ္ေမာခဲ့သလို သိပ္ေပ်ာ္ဖို႔ေကာင္းတဲ့ အမွတ္တရေတြလည္း ျဖစ္ခဲ့သည္။ကြၽန္ေတာ္က
ေကာင္းမြန္တဲ့ ထိုအမွတ္တရေတြကိုပဲ ဟန္နီကို မွတ္မိေစခ်င္သည္။

«အီဟယ္ခ်န္း!မင္းက လုပ္ျပန္ၿပီ!»

မင္ေဟ်ာင္းက ဖုန္းေျပာေနရင္း အသံတစ္ခ်က္ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည္။ဖုန္းကိုလည္း အလ်င္အျမန္ပဲ ခ်ၿပီး အိမ္ေ႐ွ႕တံခါးေပါက္ ထြက္သြားေတာ့ အိမ္ေပၚတတ္ဖို႔ ျပင္ေနတဲ့ကြၽန္ေတာ့္ ေျခလွမ္းေတြက ရပ္တန္႔သြားသည္။ဘာမွန္းမသိတဲ့အေျခအေနကို အကဲခတ္ေနလိုက္သည္။တံခါးသြားဖြင့္တဲ့မင္ေဟ်ာင္းေၾကာင့္ တံခါး႐ြက္ၾကားမွာ မ်က္ႏွာခ်ိဳေသြးကာ ျပဳံးေနတဲ့ဟယ္ခ်န္းကို ျမင္လိုက္ရသည္။

«ညနက္မွာ ဘာလာ႐ႈပ္တာလဲ!»

ဟယ္ခ်န္းက မင္ေဟ်ာင္းစကားကို အေရးမစိုက္ဘဲ ခရီးေဆာင္အိတ္ကို တြန္းကာ အိမ္ထဲ ဝင္လာသည္။ကြၽန္ေတာ္ကို ျမင္ေတာ့ မ်က္လုံးေတြ ပိတ္တဲ့အထိ ရယ္ျပလာသည္။

«ဟိုင္း အစ္ကိုခ်န္းေယာလ္»

ပုံမွန္မဟုတ္တဲ့ ဟယ္ခ်န္းရဲ႕ႏႈတ္ဆက္နည္းမွာ ကြၽန္ေတာ္ မ်က္ခုံးပင့္သြားသည္။မင္ေဟ်ာင္းေျပာသလိုပဲ ဘာလာ႐ႈပ္တာလဲဆိုသည့္အေတြးႏွင့္။

«ကြၽန္ေတာ္ ဒီမွာ တစ္လေလာက္ ေနလို႔ရမလား»

«တစ္လမေျပာနဲ႔ တစ္ရက္ေတာင္ မရဘူး!တစ္ညအိပ္ၿပီး ျပန္ေတာ့ »

ကြၽန္ေတာ္ ဘာမွျပန္မေျဖခင္ တံခါးပိတ္ၿပီး ျပန္လာတဲ့မင္ေဟ်ာင္းဆီက စကားသံ။ဟယ္ခ်န္းက မင္ေဟ်ာင္းကို မ်က္ေစာင္းထိုးကာ အသံတိတ္က်ိန္ဆဲေနသည္။ၿပီးမွ ကြၽန္ေတာ္ကို သနားစရာမ်က္လုံးေတြနဲ႔ ၾကည့္လာသည္။

“သေဘာ...စိတ္ခ်ေန ”

«ေက်းဇူးတင္ပါတယ္...ေက်းဇူးတင္ပါတယ္»

ေခါင္းကို ေျခမ်က္စိ ထိမတတ္၊ခါးၫႊတ္ၿပီး ေက်းဇူးတင္စကားဆိုေနတဲ့ဟယ္ခ်န္းေၾကာင့္ ကြၽန္ေတာ္ ေခါင္းသာခါၿပီး အေပၚထပ္သြားလိုက္သည္။ဟယ္ခ်န္းလုပ္ပုံက မသိရင္ ေနစရာမ႐ွိတဲ့ဆင္းရဲသားေလးတစ္ေယာက္ကို ကြၽန္ေတာ္က ေနရာေပးလို႔ ေက်းဇူးတင္မဆုံး ျဖစ္ေနသည့္ပုံစံပင္။သူ႕အေဖၾကည့္ေတာ့ ကိုရီးယားတင္မကဘူး ကေနဒါသားမွာပါ အလုပ္ေတြ တိုးခ်ဲ႕လုပ္ကိုင္ေနတဲ့စီးပြားေရး႐ွင္တစ္ေယာက္။

«အိုဗာလုပ္လြန္းတယ္»

မင္ေဟ်ာင္းရဲ႕အျပစ္တင္စကားေၾကာင့္ ကြၽန္ေတာ္ ျပဳံးလိုက္သည္။ဟုတ္တယ္။ဟယ္ခ်န္းက အိုဗာလုပ္တဲ့ေနရာမွာ တကယ္ေတာ္တဲ့ကေလး။

🔸🔹🔸

«မင္း ဆိုဖာမွာ သြားအိပ္!!»

«မအိပ္ဘူး!မင္ေဟ်ာင္း အိပ္!»

ေအာက္ထပ္မွာ ဆူညံ့သံေတြေၾကာင့္ ကြၽန္ေတာ္ အိပ္ရာမွာ လန္႔ႏိုးလာသည္။မ်က္လုံးဖြင့္လိုက္သည့္ႏွင့္ အခန္းထဲ ဝင္လာတဲ့ဒါလင္ကို ျမင္လိုက္ရသည္။

“ဒါလင္ ဟယ္ခ်န္းနီး ေရာက္ေနတာလား”

“အြန္း..အိမ္ေပၚက ဆင္းလာတာလို႔ေျပာတာပဲ”

အိပ္ရာေဘးက ဒါလင့္ဖုန္းနာရီကို ယူၾကည့္လိုက္ေတာ့ ည(၁၁)နာရီ႐ွိေနၿပီ။မိုးခ်ဳပ္ကတည္း ကြၽန္ေတာ္ အိပ္ေပ်ာ္သြားတာပဲ။ထပ္ၿပီး ထြက္ေပၚလာတဲ့အသံေတြေၾကာင့္ ကြၽန္ေတာ္႕ကိုယ္ေပၚက ေစာင္ကို ဆြဲဖယ္ၿပီး ကုတင္ေပၚက ထလိုက္သည္။ဒါလင္က ကြၽန္ေတာ္ အရိပ္အေျခကို ၾကည့္ၿပီး ေနရာတင္ ၿငိမ္ေနသည္။

«ေရဆာလို႔လား..ကိုယ္ သြားယူေပးမယ္ေလ»

«မဟုတ္ဘူး..ဒါလင္ ။ကေလးေတြဆီ သြားမလို႔»

မသြားလို႔လည္း မျဖစ္။ညနက္မွာ ဒီေလာက္ဆူညံ့ေနရင္ ေဘးအိမ္က လူေတြက တိုင္ၾကားတာခံရေတာ့မွာ။ကြၽန္ေတာ္ ေအာက္ထပ္ကို ဆင္းလာေတာ့ ဒါလင္က အေနာက္က ခပ္ခြာခြာလိုက္လာသည္။အရင္ရက္ေတြက  ႐ႈပ္ေထြးေနတဲ့စိတ္ေၾကာင့္ ဒါလင္ကို ေ႐ွာင္ဖယ္မိတာကို  ဒါလင္က အမွတ္ႀကီးလိုက္တာ။

«အီဟယ္ခ်န္း!!မင္းက ဧည္သည့္ေနာ္ !ငါ့အခန္းထဲမွာ အိပ္ဖို႔မစဥ္းစားနဲ႔။အိမ္႐ွင္ အိပ္ခိုင္းတဲ့ေနရာမွာ အိပ္!»

«အဲ့လိုေျပာေၾကးဆို မင္ေဟ်ာင္းကေရာ အိမ္႐ွင္လား။မင္ေဟ်ာင္းလည္း ဧည္သည္ပဲ မဟုတ္လား။သူမ်ားအိမ္မွာ လာကပ္ေနၿပီးေတာ့ »

ကြၽန္ေတာ္ေလွကား ထိပ္မွာပဲ ႐ွိေသးတယ္။အသံေတြက အတိုင္းသား ၾကားေနရၿပီ။မင္ေဟ်ာင္းအခန္းက တစ္ေယာက္အိပ္ကုတင္မလို႔
အိပ္ဖို႔အေရး ျငင္းခုန္ေနၾကသည္ ။ ဒီပုံစံအတ္ိဳင္းဆို သူတို႔ႏွစ္ေယာက္ တစ္ညလုံး အိပ္ျဖစ္မယ္မထင္။သူတို႔ႏွစ္ေယာက္ၾကား ကြၽန္ေတာ္ ဝင္မပါမခ်င္း ျငင္းေနၾကမွာ။

«ဒါေပမယ့္...ငါ့အစ္ကိုအိမ္‌ေလ..ငါ ေနလို႔ရတာေပါ့»

«ဘာျဖစ္ျဖစ္ ကြၽန္ေတာ္ ဆိုဖာမွာ မအိပ္ႏိုင္ဘူး »

ဟယ္ခ်န္းနီးက မင္ေဟ်ာင္းကို ဆူခ်ိတ္ၿပီး ေက်ာခိုင္းအခ်ိန္မွာပဲ ေလွကားေပၚက ဆင္းလာတဲ့ကြၽန္ေတာ္ကို ျမင္သြား၏။အ‌ေရာင္ေတာက္ေတာက္မ်က္လုံးေတြႏွင့္အတူ ကြၽန္ေတာ္
ဆီ အားကိုးတႀကီး ေျပးလာသည္။ၿပီးေတာ့ ကြၽန္ေတာ့္လက္ေမာင္းတစ္ဖက္ကို သူ႕လက္ေတြျဖင့္လာခ်ိတ္ၿပီး ကြၽန္ေတာ့္ပုခုံးေပၚကိုလည္း သူ႕ေခါင္းတင္ၿပီး ကပ္ခြၽဲလာသည္။

«အစ္ကိုေဂ်ာင္ဆူး..ကြၽန္ေတာ္ကို မင္ေဟ်ာင္း
အႏိူင္က်င့္ေနတယ္။ေျပာကူဦး »

ဟယ္ခ်န္းစကားကို ကြၽန္ေတာ္ျပဳံး၍သာ မင္ေဟ်ာင္းကို ေျပာလိုက္သည္။

“မင္ေဟ်ာင္းနဲ႔ဟယ္ခ်န္းနီးက အစ္ကိုတို႔အခန္းမွာ သြားအိပ္လိုက္။မင္ေဟ်ာင္းအခန္းမွာ ဒါလင္အိပ္လိမ့္မယ္။အစ္ကိုက ဆိုဖာမွာပဲ အိပ္လိုက္မယ္”

ကြၽန္ေတာ့္စကားကို ဟယ္ခ်န္းနီးက တကယ္လား ေမးလာသည္။ၿပီးမွ မ်က္ႏွာေလး ျပဳံးသြားသည္။
မင္ေဟ်ာင္းကေတာ့ မအိပ္ဘူးဆိုကာ အက်ယ္ႀကီးႏွင့္အလန္႔တၾကား ထေအာ္သည္။သူက ဟယ္ခ်န္းနီးနဲ႔ အိပ္ရမယ္ဆို ေသေအာင္ ေၾကာက္သည္။ဟိုကေလးက လက္ရဲဇက္ရဲမို႔ လန္႔တာလည္း ပါလိမ့္မယ္။

“ဟန္နီက မင္ေဟ်ာင္းအခန္းမွာ အိပ္လိုက္။ကိုယ္ ဆိုဖာမွာ အိပ္လိုက္မယ္”

“ရတယ္ ဒါလင္ ။ကြၽန္ေတာ္က အိပ္ထားၿပီးၿပီ။
ဒါလင္က မအိပ္မွမအိပ္ရေသးတာ။မင္ေဟ်ာင္းအခန္းမွာပဲ အိပ္လိုက္ ”

ကြၽန္ေတာ္နဲ႔ဒါလင္ကို ဟယ္ခ်န္းနီးက တစ္ေယာက္တစ္လွည့္ခ်င္းစီ ၾကည့္လာသည္။ၿပီးမွ မ်က္ႏွာငယ္ေလးနဲ႔ ဆူခ်ိတ္စြာ ေျပာလာသည္။

«ေတာ္ပါ..ကြၽန္ေတာ္ပဲ ဆိုဖာမွာ အိပ္လိုက္ေတာ့မယ္။လက္ထပ္ထားတဲ့သူေတြကို ခြဲအိပ္ခိုင္းရေအာင္ ကြၽန္ေတာ္က လူဆိုးလား »

ဟယ္ခ်န္းနီးက ထိုစကားေျပာၿပီးမွ ဆိုဖာေပၚထိုင္လ်က္ ေခါင္းအုံနဲ႔‌ေစာင္ကို ေနရာတက်ခ်ကာ  အိပ္ဖို႔ျပင္ေနသည္။မင္ေဟ်ာင္းက ဟယ္ခ်န္းနီးကို တစ္ခ်က္ၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ ခ်သြားသည္။

«သြား..ငါ့အခန္းမွာ သြားအိပ္။ငါ ဒီမွာ အိပ္လိုက္မယ္»

ဟယ္ခ်န္းလက္ထဲမွာ ေစာင္ကို ဆြဲယူၿပီး ေျပာလာတဲ့မင္ေဟ်ာင္း။ဟယ္ခ်န္းနီးက ဆိုဖာေပၚမွာ အိပ္မယ္ဆိုေတာ့ ေနႏိုင္တာလည္း မဟုတ္။ဒါနဲ႔မ်ား အပင္ပန္းခံၿပီး ျငင္းေနေသးတယ္။

«မင္ေဟ်ာင္းက ခ်စ္ဖို႔ေကာင္းလိုက္တာ »

ေျပာေျပာဆိုဆိုပဲ မင္ေဟ်ာင္း လည္ပင္းကို အတင္းဖက္ၿပီး  ဟယ္ခ်န္းနီးက အတင္းလိုက္နမ္းသည္။

«ဖယ္!အီဟယ္ခ်န္း!ငါမႀကိဳက္ဘူးဆို»

မင္ေဟ်ာင္းက အားကုန္း႐ုန္းလိုက္တာမို႔ ေနာက္ဆုံး လူခ်င္းကြဲသြားသည္။မနမ္းလိုက္ရလို႔
ဆူပုတ္ေနတဲ့ ဟယ္ခ်န္းနီးက ကြၽန္ေတာ္ဘက္ လွည့္လာသည္။ၿပီးေတာ့ ျပဳံးျပဳံးႀကီး လုပ္ကာ ကြၽန္‌ေတာ္ဆီ ေလွ်ာက္လာသည္။ဟယ္ခ်န္းနီး ဘာလုပ္မယ္ဆိုတာ ရိပ္စားမိေတာ့ ‌ ကြၽန္ေတာ္‌ ေျခလွမ္းေတြ အနည္းငယ္ ေနာက္ဆုတ္မိသည္။

«အစ္ကိုေဂ်ာင္ဆူးေက်းဇူးနဲ႔ ကြၽန္ေတာ္ မင္ေဟ်ာင္းအခန္းမွာ အိပ္ရေတာ့မယ္ ..ဟိဟိ»

ဟိဟိဆိုကာ ကြၽန္ေတာ္႕ပါးကို နမ္းဖို႔လုပ္တဲ့ဟယ္ခ်န္းနီးေၾကာင့္ ဒါလင္က ကြၽန္ေတာ္ေ႐ွ႕ပိတ္ရပ္လိုက္သည္။ေသခ်ာတယ္။မ်က္ႏွာႀကီးက ဆူပုတ္ၿပီး ဟယ္ခ်န္းနီးကို ၾကည့္ေနမွာ ။

«အစ္ကိုခ်န္းေယာလ္ကလည္း..ကြၽန္ေတာ္က
စတာကို တကယ္ နမ္းပါမလား..လန္႔စရာေကာင္းေအာင္ လုပ္ေနတယ္ »

ဒါလင္ေက်ာျပင္က အက်ႌစကို ကြၽန္ေတာ္ဆြဲလိုက္ေတာ့ ဒါလင္က ကြၽန္ေတာ္ဘက္ လွည့္လာသည္။ဒါလင့္မ်က္ဝန္းေတြကို စိုက္ၾကည့္ၿပီးမွ ဒါလင့္လက္ေခ်ာင္းေတြၾကား ကြၽန္ေတာ့္လက္ေခ်ာင္းေတြဝင္ကာ ဆုပ္ကိုင္လာသည္။

«ကေလးက စ ေန တာကို။မ်က္ႏွာႀကီးကို ဘာလို႔႐ုပ္ဆိုးေအာင္ ဆူပုတ္ထားတာလဲ»

ဒါလင္က ဆုပ္ကိုင္ထားသည့္ကြၽန္ေတာ္လက္ေတြကို ငုံၾကည့္ေနသည္။သူ႕အထိအေတြ႕ကို ျငင္းၿပီး ကြၽန္ေတာ္ဘက္က စတင္ၿပီး ထိ‌ေတြ႕လာတာကို တအံ့တဩျဖစ္ေနသည္။

«အိပ္ရေအာင္..ဒါလင္။ညနက္ေနၿပီ ...»

ေနာက္နားဆီမွာ ဟယ္ခ်န္းနီးရဲ႕ ေခ်ာင္းဟမ္းသံၾကားလိုက္ရသည္။ဒီကေလးက ဘာေတြ ေတြးေနတာလဲ။ကြၽန္ေတာ္ေျပာတဲ့စကားက ႐ိုး႐ိုးေလး။သူပဲ အဆန္းေတြ ေတြးေနတာ။

«လာ...ဟယ္ခ်န္းနီး...သြားအိပ္ေတာ့ »

မင္ေဟ်ာင္းက ဟယ္ခ်န္းကို ဂုတ္ကေနဆြဲၿပီး သူ႕အခန္းထဲ အတင္း ဝင္ခိုင္းသည္။ၿပီးမွာ သူလည္း ဆိုဖာေပၚ လွဲခ်ကာ ေစာင္ေခါင္ၿမႇီးျခဳံၿပီး အိပ္သြားသည္။ဧည္ခန္းထဲက  မီးသီးကိုေတာ့  ကြၽန္ေတာ္ပဲ ပိတ္ေပးလိုက္ၿပီး ကြၽန္ေတာ္လႈပ္႐ွားမႈေတြကိုေၾကာင္ၾကည့္ေနတဲ့ဒါလင္ကို ဖ်တ္ခနဲ႔ တစ္ခ်က္ နမ္းလိုက္သည္။

“သြားရေအာင္..”

“အြန္း”

မီးခလုတ္ပိတ္တဲ့အခ်ိန္မွာေတာင္ ဒါလင့္လက္ကို မလႊတ္ခ်ခဲ့တာမို႔ ဒါလင္မ်က္ႏွာက မ်က္ႏွာက ျပဳံးေယာင္သန္းေနသည္။

ကြၽန္ေတာ္ဆီက အထိအေထြ႕ ေသးေသးေလးေတြကအစ ျပဳံးေပ်ာ္တတ္တဲ့ဒါလင္ကို ကြၽန္ေတာ္က ဘယ္လိုစိတ္တဲ့ မုန္းရက္မွာလဲ။ၿပီးေတာ့ ကြၽန္ေတာ္ကို ဒါလင္ မုန္းခဲ့တယ္ဆိုတာလည္း လက္ခံ၍မရ။ဝိုးတိုးဝါးတားမွတ္မိေနတဲ့အတိတ္က ပုံရိပ္တစ္ခ်ိဳ႕မွာ ဒါလင္က ကြၽန္ေတာ္ကို အၿမဲ မုန္းတီးစြာ ၾကည့္ေနတတ္သည္။တစ္ခါတစ္ရံ ထိုပုံရိပ္ေတြက စိတ္ထဲ စြဲထင္က်န္ခဲ့၍ ဒါလင္နဲ႔အၾကည့္ဆုံတိုင္း၊ဒါလင့္အနားေရာက္သြားတိုင္း၊ထိုပုံရိပ္ေတြက ကြၽန္ေတာ္ကို ႏွိပ္စက္ေနသည္။

ေၾကာက္လန္႔စြာ ဒါလင္ကို ေ႐ွာင္ဖယ္မိေတာ့
နီးလ်က္ ေဝးေနသည့္ခံစားခ်က္က ကြၽန္ေတာ္ကို ပိုနာက်င္ေစသည္။ဒါလင့္ရဲ႕ေထြးေပြ႕ကို ျငင္းဆန္တိုင္း ကြၽန္ေတာ့္ႏွလုံးအိမ္က လွံျဖင့္ ထိုးေနသလိုနာက်င္လာသည္။အလိုတသိ ဒါလင္ဘက္က ေ႐ွာင္ဖယ္ေပးျပန္ေတာ့လည္း ဒါလင္ရဲ႕ေထြးေပြ႕မႈေတြကို တမ္းတမိျပန္သည္။

ကြၽန္ေတာ္က အဆုံးသတ္ကို မသိဘဲ နာက်င္မႈေတြၾကား ပိတ္မိေနၿပီ ။

🔸🔹🔸

တကယ္ေတာ့ ဒါေလးကို ႏွစ္ပတ္ တစ္ပိုင္း တင္ဖို႔ ဆုံးျဖတ္ထားပါတာ။7linn in Our Youth EP 5 ေလးကို ၾကည့္ၿပီးေနာက္မွာ မေနႏိုင္ဘဲ ထေရးမိတာပါ။ဘာလို႔ဆို အဲ့မွာ ကေလးေတြ ေဆာ့ၾကတဲ့ဂိမ္းေၾကာင့္ပါ။ဂိမ္းေလးက သူတို႔ေခါင္းေပၚက ေရးထားတဲ့လူနာမည္ကို ခန္႔မွန္းရတာပါ။အဲ့မွာ တိုက္တိုက္႐ိုက္႐ိုက္ အီမင္ေဟ်ာင္းန္႔မွန္းတဲ့သူက *ဒီအိုေဟ်ာင္း*ပါတဲ့ 😭။ေရးေပးတဲ့သူက ဟယ္ခ်န္းနီးလို႔ ထင္တာပဲ


27.03.22🍎

Continue Reading

You'll Also Like

174K 26.5K 21
"α€”α€½α€±α€‘α€›α€±α€¬α€„α€Ία€α€½α€±α€Ÿα€¬ α€α€­α€―α€„α€Ία€œα€­α€―α€•α€²..."
30.4K 2.4K 72
α€–α€α€Ία€€α€Όα€Šα€·α€Ία€”α€±α€¬α€ΊπŸ˜‰πŸ˜‰
25.6K 4K 30
"αž αž„αŸ’αžŸαž˜αŸ‚αž“αž‘αŸ?β€‹αžαŸ’αžšαžΉαž˜αžαŸ‚αž˜αž½αž™αž”αŸ‰αž”αŸ’αžšαž·αž…αž—αŸ’αž“αŸ‚αž€αž™αžΎαž„αž“αžΉαž„αž’αŸ’αžœαžΎαž’αŸ„αž™αž αž„αŸ’αžŸαž˜αž½αž™αž“αŸ„αŸ‡αž”αžΆαž€αŸ‹αžŸαŸ’αž›αžΆαž” αž αžΎαž™αž αž„αŸ’αžŸαžŠαŸαžŸαŸ’αžšαžŸαŸ‹αžŸαŸ’αž’αžΆαžαž“αŸ„αŸ‡αžαŸ’αžšαžΌαžœαžŸαŸ’αžαž·αžαž€αŸ’αž“αž»αž„αž€αž˜αŸ’αž˜αžŸαž·αž‘αŸ’αž’αž™αžΎαž„αž˜αŸ’αž“αžΆαž€αŸ‹αž‚αžαŸ‹"αž‡αž»αž„αž αŸ’αž‚αž»αž€ "αž™αžΎαž„αžŠαžΉαž„αž–αžΈαž’αŸ’αžœαžΈαž‘...