Behind the lust for a man(Com...

By YitDaungNyo_15

261K 13.2K 616

ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More

BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (3) Zawgyi
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Unicode
BTLFAM (8) Zawgyi
BTLFAM (9) Unicode
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (11) Zawgyi
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Unicode
BTLFAM (14) Zawgyi
BTLFAM (15) Unicode
BTLFAM (15) Zawgyi
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Unicode
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (23) Zawgyi
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic

BTLFAM (16) Unicode

4.8K 360 69
By YitDaungNyo_15

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၁၆)

Maxiyoတွေဝင်လာသည်နှင့် ဆေးရုံကြီးသည်ငြိမ်ကျသွားလေသည်။ Bellaတို့သည် VVIP roomဆီသာဦးတည်ပြီး ဝင်လာခဲ့သည်။

" Yo! ပတ်တီးအဖွေးသားနဲ့ပါလား ကိုယ့်လူ"

Aprilသည် Baz၏နဘေးသွားထိုင်ကာ ပြုံးပြုံးလေးဖြင့် စ‌ နေသည်။

" မင်းမိန်းမမွေးခါနီးနေပြီကို မင်းကလျှောက်သွားနေတာလား April "

" ဟုတ်တယ်လေ။ မွေးခါနီးငါ့မိန်းမကို ငါစိတ်မပူရဘူး။ မင်းကိုပဲစိတ်ပူနေရလို့ မင်းဆီရောက်လာတာလေ။ ကြည့်စမ်းပါအုံး ဒီလိုလက်နဲ့ ဘယ်လိုသေနတ်ကိုင်မတုန်း "

Baz၏ပတ်တီးအဖွေးသားလက်ကိုကိုင်ပြီး ကြင်နာစွာကြည့်ကာ ပြောနေသည်။

" ဒီလောက်က အေးဆေးပါ။ Momပိုးလုံးလေးကို သင်္ဂြိုလ်မယ်ဆို ဒီကိုဘာလာလုပ်တာလဲ "

" သူ့သားအသက်လုနေရတဲ့အချိန်မှာ ဘယ်မိခင်ကတမလွန်ကိုအေးဆေးသွားနိုင်မလဲ။ ပြီးတော့ မင်းမပါဘဲ မသင်္ဂြိုလ်နိုင်ဘူး "

" ကျွန်တော်တောင်းပန်ပါတယ် Mom "

" နောက်နှစ်မှသင်္ဂြိုလ်လို့ရပါတယ်ကွာ..မင်းပဲသက်သာအောင်နေ"

" လူကသက်သာတယ်..ဒီနေရာကနည်းနည်းတော့အောင့်တယ် "
(A/Nဟား ဟား ရေးရင်းနဲ့ ငိုနေပြီကွ)
ဘယ်ဘက်ရင်အုပ်ကိုထိုးပြကာ မျက်ရည်များဝေ့သီလာသည့် သားဖြစ်သူကို Bellaဖက်ကာ ချော့မြူနေသည်။

" ငါ့သားလေး ပင်ပန်းနေပြီလား"

"...."

" အချစ်ကအမြဲတမ်း မပူနွေးနိုင်သလို မအေးစက်နိုင်ပါဘူးကွာ..တကယ်တမ်းကျတော့ ဆက်ချစ်ဖို့နဲ့လွှတ်ချဖို့ဆို လွှတ်ချဖို့က ကိုယ့်အတွက်အရှုံးပိုများတယ်။ မင်းဒီအထိတောင် သည်းခံလာပြီးပြီမလား။ တစ်နေ့နေ့တော့ မင်းအချစ်တွေကို သူမြင်လာပြီး မင်းအပေါ်နွေးထွေးလာမှာပါ"

" ကျွန်တော် လွှတ်ချမိတော့မယ်ထင်တယ်။ သူ သူများတွေအပေါ်ဂရုစိုက်တဲ့အထဲက တစ်ရာခိုင်နှုန်းလောက်သာ ကျွန်တော့်ကိုဂရုစိုက်ရင် ကျွန်တော်လွှတ်ချဖို့‌တွေးမိမှာမဟုတ်ဘူး"

Baz၏မျက်ရည်ပြည့်နေသည့် မျက်ဝန်းထဲ၌ Logan Richardကိုထွေးပွေ့ထားသည့်ပုံရိပ်၊ စပျစ်သီးကိုဂရုတစိုက်ခွာကျွေးနေသည့် ပုံရိပ်..စသည့် သိပ်ကြည်နူးဖို့ကောင်းသည့် ပုံရိပ်များကိုမြင်နေရသည်။ သူများနဲ့ယှဉ်လိုက်ရင် Loganသည် ကိုယ့်ပိုင်ဆိုင်မှုမဟုတ်သလို အမြဲခံစားရသည်။

" ကျွန်တော့်ထက် သူများကိုဂရုစိုက်မှာကြောက်ပြီး လူတွေသတ်နေရတဲ့ကိစ္စကိုလည်း ကျွန်တော်စိတ်ကုန်နေပြီ..ဒါပေမဲ့ ကျွန်တော် Richardဆိုတဲ့တစ်ယောက်ကိုတော့ သူ့နားမှာမထားချင်ဘူး။ သူကလေ ဟန်ဆောင်ထားမှန်းသိသာတယ်။ ကျွန်တော် သူ့ကိုလွှတ်ချနိုင်သွားရင် သူဒုက္ခရောက်မယ့်အခြေအနေတွေတော့ကင်းစေချင်သေးတယ်"

" အင်း.. Richardကိုရှင်းပြီးသွားရင် သူ့ကိုလွှတ်ချနိုင်အောင်ကြိုးစားမယ်ပေါ့ "

" အင်း..ကျွန်တော်ကြိုးစားမှာ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ပဲ Richardကိုသတ်မယ်"

" မင်းသဘောပဲ..အခုတော့နေကောင်းအောင်နေ "

အခန်းထဲရှိ အမျိုးသမီးနှစ်ယောက်သည်လည်း မျက်ရည်များကျနေသည်။ သူမတို့၏ ရင်နင့်သည်းခြားလေးသည် တကယ်ကိုခံစားနေရသည်။

ဆေးရုံလမ်းတစ်လျှောက် အရှိန်အဝါအပြည့်နှင့်ဝင်လာသူကို ငေးမောနေကြလေသည်။ ထိုလူသည် အနားမကပ်နိုင်လောက်သည်အထိ အရှိန်အဝါကြီးသည်။ ထိုလူ၏ဘေး၌ bodyguardတွေအပြင် ကောင်ငယ်လေးတစ်ယောက်ပါသည်။ ထိုလူကတော့ ခုနကမှ ထွက်သွားပြီး အခုပြန်ရောက်လာတဲ့ Mr.Loganဖြစ်သည်။

သူ၏ဦးတည်ရာသည် VVIP roomဆီသို့။ VVIP room၏မလှမ်းမကမ်းသို့ သူရောက်ချိန်၌ အပေါက်ဝရှိလူများပြာယာခက်ကုန်ကြသည်။ သူ VVIP roomရှေ့ရောက်တော့ အထပ်ထပ်တားလာကြသည်။

" ဒါဘာလုပ်တာလဲ ဖယ်! "

" ကျွန်တော်တို့ဖယ်လို့မရလို့ပါ "

" ငါ့ယောင်္ကျားအခန်းကိုငါဝင်လို့မရဘူးလား အခုချက်ချက်းဖယ်စမ်း.! "

Logan၏အသံသည် ဒေါသထွက်နေမှန်းသိသာသည်။ ဆေးရုံတစ်ခုလုံးသို့ကျယ်ကျယ်လောင်လောင်ပြန့်နှံ့သွားသည်။ Richardသည်လည်း ကြောက်ရွံ့ဟန်ဆောင်ကာ Logan၏ လက်မောင်းကို အားကိုးတကြီးလှမ်းဆွဲသည်။

" ဒီမှာ..ဒါဆေးရုံ မင်းအော်ချင်တိုင်း အော်လို့မရဘူး။ မင်းယောင်္ကျားရဲ့အခန်းဆိုတာမှန်တယ်။ မင်းဝင်ချင်ရင် မင်းတစ်ယောက်ထဲဝင်။ မင်းရဲ့ ဖာသာသာအဆင့်နဲ့ လင်ငယ်ကိုခေါ်မသွင်းနဲ့။ ငါပြောထားတယ်နော် ငါ့ရည်းစားဟောင်းကို ငါပြန်သိမ်းနိုင်တယ်"

Bazအိပ်ပျော်နေခြင်းကြောင့် Aprilသည် အပြင်ထွက်ကာ ဆူညံဆူညံဖြစ်မည့်ကိစ္စရပ်များကိုရှောင်ပြီး အေးအေးဆေးဆေးခြိမ်းခြောက်သည်။

" မင်းကိုဘယ်လိုခေါ်ရမှာပါလိမ့်..Bazရဲ့ရည်းစားဟောင်း ဒါမှမဟုတ် Bazရဲ့အန်တီ"

Loganသည် ဟွန်းခနဲရယ်ကာ လှောင်သံဖြင့်ပြောသည်။

" မင်းသိသွားပြီလား..အိုခေ။ ဘယ်သူပြောတာလဲတော့မမေးတော့ဘူး။ မင်းရဲ့လင်ငယ်က ဖာသာသာအဆင့်ဆိုတော့ အနံ့ခံလည်းကောင်းမှာပဲ။ သိသွားတော့လည်းကောင်းတယ်။ Bazက Mr.Baz Maxiyoပဲ မျိုးရိုးမရှိသူ၊ မင်းထက်နိမ့်ကျသူမဟုတ်ဘူး။ မင်း ငါ့တူကိုအရမ်းကိုဒုက္ခပေးလွန်းတယ် "

" မင်းလို သူများပြောသမျှ သူများမြှောက်ပေးသမျှကိုယုံတဲ့ကောင်ကို အနစ်နာခံနေတဲ့ ငါ့တူကိုငါသနားတယ်။ ဒါ့ထက် အစစ်အမှန်တွေကို အဝေးတွန်းထုတ်နေတဲ့ မင်းကို ပိုသနားတယ်"

" တစ်နေ့ ငါ့တူကို ငါတို့ပြန်သိမ်းတဲ့ တစ်နေ့ကျရင် မင်းခံနိုင်ရည်ရှိပါစေ။ တစ်နေ့ကျလို့ မင်းဆင်းရဲမွဲတေသွားရင် မင်းရဲ့ဘေးမှာ ဒီဖာသာသာအဆင့်နဲ့ကောင်ရှိပါအုံးမလားတော့ ငါစောင့်ကြည့်အုံးမယ်"

Aprilသည် တစ်ချိန်လုံး Richardကို လက်ညှိုးထိုးကာ ပြောနေသည်မို့ ကြာပန်းဖြူယောင်ဆောင်ချင်သော Richardအဖို့ပိုလွယ်ကူစေသည်။ Richardသည် Logan၏ကိုာ်ထဲကို နစ်ဝင်မတတ်တိုးသွားပြီး အားကိုးတကြီးဖက်ထားလေသည်။

" မင်းတူကို မင်းအရင်ထိန်းကြည့်ပါအုံး။ ပြီးတော့ ဘေဘီ့ကို မင်းရိုင်းရိုင်းစိုင်းစိုင်းပြောနေ‌တာတွေတော်သင့်ပြီ။ မင်းပြောလိုက်တဲ့ စကားလုံးတိုင်းက မင်းရဲ့အဆင့်အတန်းကိုရည်ညွှန်းနေတယ် "

Aprilသည်ရင်ခွင်ထဲရှိ Richardကိုဖက်ကာ ပြောနေသော Loganကို ကုတ်ဆွဲချင်စိတ်တဖွားဖွားဖြစ်လာလေတော့သည်။ 

" မင်းရဲ့အပြုမူတိုင်းကလည်း မင်းရဲ့နိမ့်ကျတဲ့အဆင့်အတန်းကိုဖော်ပြနေတယ်ဆို‌တာမှတ်ထားပါ Mr.Logan။ ငါတို့ Maxiyoတွေက တစ်ယောက်ကိုတစ်ယောက်ပဲချစ်တတ်တယ်။ မင်းတို့ Blakeimotanတွေက မျက်နှာများတယ်ဆိုတာ မင်းရဲ့မိဘတွေကိုကြည့်ရင် သိနိုင်တယ်။ အခုငါ့သားက မင်းရဲ့ ယောင်္ကျားမို့ ထားခဲ့မယ်။ ငါ့သားက မင်းဆီကနေအပြီးအပိုင်ထွက်လာခဲ့ရင် သူနောင်တမရအောင် ငါထားနိုင်တယ်။ အခုတော့ သွားမယ် April "

Bellaသည် အခန်းထဲမှ နားထောင်နေရာကနေ သည်းမခံနိုင်သည့်အဆုံး ထွက်လာ၍ ပြောခဲ့ပြီး Aprilကို‌ခေါ်ကာ ပြန်ရန်ပြင်လိုက်သည်။

တချို့သော အကြောင်းအရာတွေကြောင့် ကိုယ့်ရင်နင့်သည်းခြားလေးထက်ထိခိုက်မှာကို မလိုချင်တော့ပေ။

Maxiyoတွေတစ်သီတစ်တန်းကြီးထွက်သွားပြီးနောက်မှာတော့ Richardတစ်ယောက် ရုပ်ရှင်ရိုက်ရတော့သည်။

" ကိုကြီး ဟင့်..ဘေဘီကလေ သူတို့Maxiyoတွေကိုလည်း ဘာမှမလုပ်ပဲနဲ့ ဘေဘီ့ကို ဖာသာသာအဆင့်နဲ့ကောင်လို့ပြောသွားတယ် ဟင့်..။ ပြီးတော့ ကိုကြီးအမျိုးသားက ကိုကြီးကို ဖုံးကွယ်ထားတာကို ကိုကြီးယုံပြီမလား။ နောက်ထပ်ဖုံးကွယ်ထားတဲ့ဟာတွေ မရှိဘူးလို့လည်း မပြောနိုင်ဘူး။ Maxiyoတွေကကြောက်ဖို့ကောင်းတယ်။ ဘေဘီဖြင့် ကိုကြီးကိုသိပ်စိတ်ပူတာပဲ ဟင့် "

" တိတ်ကွာ.. စိတ်ပူရင် အိမ်သာလာနေ။ စိတ်ရှုပ်နေလို့ မငိုပြစမ်းနဲ့ "

သူလိုချင်သည့် ပြစ်မှတ်ကိုရသွားသည်မို့ Richardတစ်ယောက် တပြုံးပြုံးပင်။

" မင်းအလုပ်ရှိတယ်ဆို မပြန်တော့ဘူးလား "

" အလုပ်က ဒီပြန်လာရလို့ နောက်ကျသွားပြီလေ ကိုကြီးရဲ့..ဘေဘီအခုဗိုက်ဆာနေပြီ။ ဒီမှာလဲ လူနာစောင့်မရှိဘူးဆိုတော့ ဘေဘီတို့ ဒီည ဒီမှာပဲညစာစားပြီး အိပ်လိာက်ကြမယ်လေ နော် ကိုကြီး "

" အင်း..Tig dinnerသွားပြင်ခဲ့ပေး။ ပြီးတော့ ပင်လယ်စာစွပ်ပြုတ်ပါ လုပ်ခဲ့ပေး "

" Boss ဟိုလေ..ပင်လယ်စာကဘယ်သူ့အတွက်လဲ မသိဘူးဗျ.."

" Bazအတွက် "

" အဲ့တာဆို Masterကပင်လယ်စာစားလို့..."

" Tig..ကျွန်တော့်အဖို့ ပင်လယ်စာစွပ်ပြုတ်ပဲ ယူပေးပါ "

" ဟမ်..မဖြစ်..."

ကုတင်ပေါ်ရှိ နိုးနေသော Bazသည် အဆိပ်ကျွေးသည့် ချစ်ရသူကြောင့် နာကျင်ပေမယ့် သူတောင်ကျွေးတာပဲ စားမယ်ဆိုသော စိတ်ဖြင့် Tigကိုအကူအညီတောင်းသည်။ Tigသည်လည်း မတတ်နိုင်သည့်အဆုံး လိုက်လျောရသည်။

Masterနဲ့မတည့်တာတောင် မသိဘဲနဲ့များ Masterကို ဘယ်လို့နာကျင်စေရတာလဲ Bossရယ်။

အနာပေးလိုက်၊ဆေးပေးလိုက်မဟုတ်ဘဲ အနာပေးလိုက်၊အဆိပ်ပေးလိုက်ဖြစ်နေသော ချစ်ရသူကြောင့် နှုတ်ခမ်းတွန့်ရုံပြုံးပြီး လက်ခံရုံသာရှိတော့သည်။

ဆိုဖာပေါ်မှာထိုင်ပြီး အသီးတစ်မျိုးပြီးတစ်မျိုးစားနေသော Richardသည် ‌လူနာကုတင်ပေါ်မှာ ဆေးလိပ်ထိုင်သောက်နေသူကို ခပ်စစကြည့်လိုက် ဆိုဖာပေါ်ထိုင်ကာ တီဗွီကိုတစ်စိုက်မက်မက်ကြည့်နေသည့်သူကို ခပ်စောင်းစောင်းကြည့်လိုက်ဖြင့်အလုပ်ရှုတ်နေသည်။ ပြီးနောက် Logan၏ပုခုံးပေါ်ကို ခပ်တွဲတွဲမှီချကာ..

" ကိုကြီး..ဘေဘီ အသက်ရှူကြပ်လာပြီ
အဟွတ်..အဟွတ်။ အခန်းကျဉ်းထဲ ပြီးတော့ ဆေးရုံထဲမှာ ‌ဆေးလိပ်သောက်လို့ ဘယ်ဖြစ်မလဲ "

Bazသည် ထိုအပြုအမူကိုမြင်သည်။ ထိုအသံတွေကိုကြားသည်။ သို့သော် ရှူတည်တည်သာကြည့်နေသည်။ Loganနှင့်အကြည့်ချင်းစုံလေတော့ စီးကရက်ကိုတမင်မှုတ်ထုတ်ကာ မျက်ခုံးပင့်ပြလိုက်သည်။

" မင်း လူတွေရှိတဲ့အခန်းထဲမှာ စီးကရက် မသောက်လို့မရဘူးလား "

" မရဘူး..ဘယ်အချိန်၊ဘယ်နေ့သေမယ်မှန်းမသိတော့တဲ့ အခြေအနေမှာ ငါ့ကိုလာမချုပ်ချယ်စမ်းနဲ့ "

Baz၏အပြောထဲတွင် သဘောတရားများစွာပါနေပေမယ့် အခန်းတွင်းရှိလူနှစ်ယောက်သည်တော့ ရူးနေပြီလားဆိုသည့် သဘောဖြင့် ကြည့်နေကြလေသည်။

များမကြာမီ စားသောက်ဖွယ်ရာများရောက်လာသည်။ Loganနှင့်Richardကိုတော့ စားပွဲပေါ်မှုပြင်ပေးပြီး Bazကိုတော့ ကုတင်ပေါ်မှာပဲပြင်ပေးသည်။ Baz၏အရှေ့သို့ရောက်လာသော ‌အငွေ့တထောင်းထောင်းထနေသည့် ပင်လယ်စာစွပ်ပြုတ်ကို ကြည့်လိုက်သည်။ ပြီးနောက် စွပ်ပြုတ်ပန်းကန်ရှိ ကြွေဇွန်းကိုကိုင်ရန် လက်လှမ်းလိုက်သည်။

ကြွေဇွန်းကိုကိုင်ကာ ပထမတစ်ချက်မွှေလိုက်ပြီး ညစာစားကာ ရယ်မောနေသည့် လူနှစ်ဦးပိုကြည့်သည်။

ဒုတိယတစ်ချက်မွှေချိန်မှာတော့ steakကိုကျကျနနလှီးပေးနေသည့် ချစ်ရသူကို အေးစက်စက်မျက်ဝန်းများဖြင့်ကြည့်သည်။

တတိယတစ်ဇွန်းမွှေချိန်မှာတော့ ခပ်လှောင်လှောင်အပြုံးကိုဖန်ဆင်းထားသော အမုန်းဆုံးလူကိုကြည့်သည်။

ပြီးနောက် ကုတင်ဘေးမှာတင်ထားသည့် ဖုန်းကိုကိုင်ကာ Messageပို့လိုက်သည်။

Aprilဆီသို့..
မွေးလာမယ့်ကလေးလေးနဲ့ ချစ်ရတဲ့လူကိုသေချာဂရုစိုက်။ အဆင်ပြေရင် ပင်မစံအိမ်မှာ သုံးယောက်စလုံး Momနဲ့သွားနေပေးပါ။
အရာအားလုံးအတွက် ကျေးဇူးပါ အန်တီလေး။

Momဆီသို့..
Mommyပိုးလုံးလေးကို ကျွန်တော်မရှိလဲ သင်္ဂြိုလ်လိုက်ပါ။ ကျန်းမာရေးဂရုစိုက်နော်။
အလုပ်တွေပဲဖိလုပ်မနေနဲ့။ အရက်တွေလည်း လျော့သောက်ပါ။ ကျွန်တော့်အတွက် လက်စားချေစရာမလိုတာမို့ ကျန်ရှိတဲ့ ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းပေးပါ။ ချစ်တယ် Mom။ ကျွန်တော့်ကိုခွင့်လွှတ်ပါ။

စာတွေရိုက်ကာ ပို့ပြီးနောက်မှာတော့ ပင်လယ်စာစွပ်ပြုတ်ကို ခပ်သောက်လိုက်သည်။ မတည့်တာလေးကမှ ပိုချိုသည်ဆိုသည့် လူတွေရဲ့သဘောသဘာဝအရ ဒီစွပ်ပြုတ်က အရမ်းစားကောင်းနေသည်။ သို့သော် ငါးဇွန်းမြောက်မှာ အသက်ရှူကြပ်လာသည်။

နောက်တစ်ဇွန်းခပ်အသောက်ပြီးမှာတော့ လည်ပင်းကြောတွေပါထောင်လာသည်။ နောက်တစ်ဇွန်းထက်သောက်လိုက်ချိန်၌ အစက်ရှူရပ်တော့မည်ဖြစ်၍ စွပ်ပြုတ်ပန်းကန်ကို လက်ဖြင့် တိုက်ချမိလိုက်သည်။

ခွမ်.*

Baz၏ မျက်နှာတွေသည် နီရဲနေလေသည်။ ဝတ်ထားသည့် ဆေးရုံဝတ်စုံသည်လည်း စုတ်ကိုင်ထားမှုကြောင့် ကြေမွနေသည်။ အသက်လုရှူနေရ၍ မြင့်ချီ နိမ့်ချီဖြစ်နေသော ရင်ဘတ်အစုံသည် ကူကယ်ရာမဲ့နေသည်။
မျက်လုံးတွေသည်လည်း ရီဝေဝေဖြစ်လာသည်။ မျက်ရည်များလည်းကျလာသည်။

အခန်းအတွင်း၌ Richardကလွဲ၍ မည်သူ့မျှမရှိ။ Loganသည်ဖုန်းသွားပြောချေပြီ။ Richardသည် ထိုင်ကြည့်နေပြီး တစ်ခုခုကြံစည်နေသည်။

နောက်ဆုံးအချိန်ထိ Bazသည် ကူကယ်ရာမဲ့နေတော့မည်လား။

မဲ့နေခဲ့ပါသည်။ ထိုအချိန်၌ မျှော်လင့်ချက်ရောင်ခြည် Loganရောက်လာသည်။ သို့သော် အသည်းအသန်ဖြစ်နေသည့် Bazဆီမဟုတ်ပါပဲ ဆိုဖာပေါ်၌ ပါးစပ်တွင်အမြှုပ်ထွက်နေသည့် Richardဆီသို့ဖြစ်သည်။

" ကို..ကြီး ဘေဘီ့ကလေ Mr.Baz ပင်လယ်စာနဲ့မတည့်တာခုမှသိပြီး မသောက်နဲ့သွားပြောတာ ဘေဘီ့ကိုပန်းကန်နဲ့ပေါက်တဲ့အပြင် သူ..သူပြေညတာက ဘေဘီစားမယ့် အစာထဲမှာ အဆိပ်ခပ်ထားတယ်တဲ့..ဟင့်..ဘေဘီ သေတော့မှာလား "

" တောက်စ်.! Bazအောက်တန်းကျလှချီလား။ ဘေဘီက မင်းကို ကယ်ထားတဲ့ မင်းရဲ့ကျေးဇူးရှင်ကွ.!..အပြင်မှာဘယ်သူရှိလဲ အခုချက်ချင်း ဆရာဝန်တွေသွားခေါ်စမ်း "

အပျော့စားအဆိပ်နှင့်ရုပ်ရှင်ရိုက်နေသည့် လူကျ ထွေးပွေ့ထားပြီး ကုတင်ပေါ်၌ သေမင်းနှင့် အသက်လုနေရသူကျ လျစ်လျူရှုထားလေသည်။

Baz တင်းထားသည့် စိတ်တို့လျှော့ချပြီး Loganဘက်သို့ကြည့်လိုက်သည်။ ပြီးနောက် မျက်ရည်များပြိုဆင်းလာပြီး လှုပ်ရှားမှုများရပ်ကုန်သည်။

ငါ့ရဲ့အရေးပါမှုကို ငါကပဲ သိလိုက်ပြီမို့ မင်းချစ်တဲ့သူနဲ့ ပျော်ရွှင်ဖို့ ငါဆုတောင်းပေးခဲ့ပါတယ်။ ဘုရားသခင်..ကျွန်တော်ရောက်လေရာဘဝတိုင်း၌ Loganဆိုသော ဤလူသားချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ကျွန်တော်မျိုးကပဲ ချစ်မြတ်နိုးပါရစေ။ ဤလူသားကတော့ နောင်တတရားကင်းစွာနဲ့ ရှင်သန်နိုင်ပါစေ။

မျက်ရည်သွန်းဖြိုးနေသော မျက်လုံးအစုံ၊ တတီတီမြည်ဟီးနေသော နှလုံးခုန်နှုန်းတိုင်းကိရိယာ၏အသံနှင့် စုတ်တင်းထားသော လက်ထဲရှိ လက်ထပ်လက်စွပ်တစ်ကွင်း အရာအားလုံးသည် လျော့ရဲသွားသည်။

ဆေးရုံကြမ်းခင်းနှင့်လက်စွပ် ထိတွေ့သော အသံ တချွင်ချွင်သည် ပိုင်ရှင်မဲ့စွာ ထွက်ပေါ်လာပြီး ကွဲကျနေသည့် ပန်းကန်နှင့် ပြန့်ကျဲနေသည့် စီးကရက်အတိုများကြားသို့ ကွယ်ဝှက်သွားသည်။

နောက်ဆုံးအထိ ကူကယ်ရာမဲ့နေခဲ့သော Bazသည် ချစ်ရသူပျော်ရွှင်မှုကိုသာ နောက်ဆုံးအထိ အလေးထားခဲ့ပေသည်။
တပ်မက်ခြင်းတွေဟာ တကယ်တမ်းတော့ လုံလူံလောက်လောက်သည်းခံနိုင်ခြင်းတွေနှင့် စခဲ့ခြင်းဖြစ်သည်။ လူတစ်ယောက်ကို သည်းမခံနိုင်ပဲ မည်သူမျှတပ်မက်မည်မဟုတ်။

_______________________________
26.3.22
ချောင်းရိုက်ဖို့စဉ်းစားနေပါသလား အိမ်လိပ်စာပေးမယ် မုန့်ဝယ်ပြီးမှ လာရိုက်ပါ အဟိ..။ မပြီးသေးဘူးနော် ခွေးသွေးက ကျန်သေးတယ်။ reviewမပေးရင် နေ့တိုင်းမရေးဘူးနော်😚

Continue Reading

You'll Also Like

313K 25.2K 29
Mini Story Uni Life Style Sweet Romance
149K 12.6K 54
သမိုင်းထဲက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို မှီငြမ်းပြီး ထပ်ဆင့်စိတ်ကူးယဉ်ရေးသားထားပါတယ်။ Fantasy Drama အမျိုးအစားလေး ဖြစ်ပါတယ်။
40.3K 2.4K 19
One Short Collection of NamJin!! Thie collection has been created for my most beloved three VIP! 💜🙇‍🙇‍🙇‍💛 For Vi_Bunny🐰 ReddayBombx🐨 ...
423K 43.7K 102
Fic Type: BL/OC Genre: Historical Drama/Romance Update: Daily Update Started Date: 15th March, 2020 (UNICODE) ရန်ငြှိုးကြောင့် တိုင်းပြည်ကိုရော အိမ်ရ...