Behind the lust for a man(Com...
By YitDaungNyo_15
261K 13.2K 616
ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More
BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (3) Zawgyi
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Unicode
BTLFAM (8) Zawgyi
BTLFAM (9) Unicode
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (11) Zawgyi
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Unicode
BTLFAM (14) Zawgyi
BTLFAM (15) Zawgyi
BTLFAM (16) Unicode
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Unicode
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (23) Zawgyi
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic
BTLFAM (15) Unicode
4.9K 355 30
By YitDaungNyo_15
Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)
အပိုင်း(၁၅)
ရင်ဘတ်ပေါ်တွေသွေးပေနေသောကြောင့် ရေအမြန်ချိုးကာ Tigထားထားတဲ့ ဝတ်စုံကိုအမြန်ဝတ်ကာ အရေးပေါ်ခန်းဆီသို့ အလောတကြီးပြန်လာလေသည်။ Loganရောက်တော့ သွေးစက်လက်ဒဏ်ရာများကို သွေးတိတ်အောင်ပြုလုပ်ထားပြီး ဘေးမှာဆရာဝန်တွေထိုင်နေကြလေသည်။ တချို့သော ဖန်ကွဲစတွေသည် ယခုထိတိုင်ထုတ်မရသေးချေ။ Logan အနားကိုသွားကာ ဖြူဖျော့ဖျော့မျက်နှာပေါ်၌ ဝဲကျနေသော ဆံပင်တချို့ကို သပ်တင်ပေးလိုက်သည်။
" ကိုယ်လိုချင်တာ ဒီလိုပုံမျိုးမဟုတ်ဘူး Baz"
ဒွီ~~ဒွီ
vibrationလုပ်ထားသည့် ဖုန်းမှ အသံထွက်လာ၍ Loganအပြင်ကိုခပ်မြန်မြန်ပြန်ထွက်ပြီးကိုင်လိုက်သည်။
" စင်တာမှာ ‌AB+မရှိဘူး boss "
"စင်တာက ဒီတစ်ခုထဲရှိတာလား "
" နောက်စင်တာတွေမှာ ရှာဖို့က နာရီပိုင်းလောက်ကြာမှာမို့ တစ်ခုခု.."
" ရပြီ..မင်းပြန်လာတော့ ကျန်တဲ့လူတွေကိုဆက်ရှာခိုင်းထား "
" ဟုတ်ကဲ့ပါ boss "
ဆရာဝန်ပြောသည့် ဒါမှမဟုတ်ရဲ့နောက်ကို အသုံးချဖို့ Loganတွေးရချေပြီ။ စဉ်းစားရကြပ်နေသည့် Logan၏မျက်ဝန်းညိုကြီးတွေသည် တကယ်ကိုပင် ဆွဲဆောင်မှုအပြည့်ရှိနေသည်။
သူသေချာစဉ်းစားကြည့်မှ Baz၏မိသားစုနောက်ခံကို သူမသိချေ။ မျိုးရိုးအမည်မပါသော လူမို့ Lucifer (သူ့ပထွေး)၏ လုပ်ဇာတ်ပဲထင်၍ ဘာတစ်ခွန်းမှမစုံစမ်းပဲ သူတို့ခင်းတဲ့ ဇာတ်အတိုင်းလိုက် က နေခြင်းဖြစ်သည်။ နောက်ခံမိသားစုကိုမသိဘဲ Loganဘယ်လို သွေးရှာရပါမည်နည်း။
Logan အရေးပေါ်ခန်းရှေ့၌ နားထင်ကိုဖိကာ မျက်လုံးမှိတ်ပြီး စဉ်းစားခန်း‌ဖွင့်နေရသည်။ သူစဉ်းစားချက်တစ်ခုရပြီမို့ မျက်လုံးကိုဖွင့်ကာ သွားဖို့ပြင်လိုက်စဉ်မှာ..
" ကိုကြီးဘာတွေစိတ်ရှုပ်နေတာလဲဟင်..Mr.Bazရောသက်သာရဲ့လား..ဘေဘီကစိတ်ပူနေတာ"
Logan၏လက်ကိုတွဲကာ မျက်လုံးပေကပ်ပေကလပ်လုပ်နေသောသူသည် Richardဆိုတဲ့ကောင်လေးဖြစ်သည်။ Loganတစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် ခေါင်းကိုဖွဖွလေးပုတ်ကာ..
" သူမသက်သာသေးဘူး "
" ဟင်..အဲ့ဆို ဘေဘီစံအိမ်မှာကြားခဲ့ရတဲ့ သတင်းက အမှန်ပဲလာဟင် "
Richard၏ပုံသည် အမှန်တကယ်ဖြူစင်သည့် ယုန်ပေါက်လေးပုံ..။ သိုသော် သူကြာပန်းဖြူယောင်ဆောင်ထားသည်ကို မည်သူသိမည်နည်း။
" အင်း သူသွေးလိုနေတာ "
" သူက ဘာသွေးလဲဟင် ကိုကြီး "
" AB+ "
"အာ..အဲ့ဆို ဘေဘီလှူမယ် ဘေဘီ့သွေးကလည်း AB+ပဲ..ဒီနေ့ကိုကြီးအရမ်းဆိုးလို့ အားနည်းနေပေမယ့် ဘေဘီလှူပါရစေနော် ကိုကြီး "
" ကျေးဇူးတင်ပါတယ် "
" အာ..မလိုပါဘူး ဘေဘီကကိုကြီးကို ချစ်.."
Richardစကားဆုံးအောင်မပြောလိုက်ရချေ။ Loganသည် အရေးပေါ်ခန်းထဲပြေးဝင်ကာ သွားသည်။ ပြီးနောက် ဆရာဝန်တွေနှင့်အတူ ထွက်လာပြီး Richardကိုစစ်ဆေးမှုများပြုလုပ်သည်။ စစ်ဆေးမှုများပြီးသည်နှင့် Richardကို ဆေးရုံဝတ်များဝတ်ပေးပြီး အရေးပေါ်ခန်း၏ဒုတိယမြောက်ကုတင်၌ လှဲခိုင်းကာ ‌တိုက်ရိုက်သွေးသွင်းနည်းကို အသုံးပြုသည်။
" အာ့..ဟင့် အီးဟီးကိုကြီး ဘေဘီ့အနားလာနေပါနော် ဘေဘီကအပ်ကြောက်လို့ "
Baz၏ကုတင်နားမှာရပ်နေသော Loganကိုငိုယိုကာ အသံပြဲကြီးဖြင့်လှမ်းအော်တော့ Loganဒီဘက်လာရပြန်သည်။ Loganကုတင်နားရောက်တာနဲ့ လက်ကိုဖမ်းကိုင်ပြီး ကြောက်ရွံ့မှုကို ဖော်ပြနေလေသည်။ သွေးဝင်သွားသည်နှင့် စတင်သော ဟိုဘက်ကုတင်၏မှန်စထုတ်မှုကို Loganတစ်ယောက် လည်ပင်းတစ်ထောင်ထောင်နှင့်ကြည့်နေရသည်။
ထုံးဆေးထိုးထားပေမယ့် တစ်ချက်တစ်ချက်တွန့်ကွေးသွားသော မျက်ခုံးများကြောင့် Loganထသွားကာ ချော့မြူချင်စိတ်တို့ကတဖွားဖွား။ တကယ်တမ်းတော့ Loganလက်ကိုဆွဲထားသူကြောင့် ထသွား၍ မရချေ။
တစ်နာရီကျော်ကြာပြီးသည့်နောက်တွင်တော့ Bazတစ်ယော်ကခွဲစိတ်မှုပြီးကာ သွေးဖိအားလည်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ပြီးနောက် Bazကို ပိုးသတ်ခန်းထဲသို့ခေါ်သွားလေသည်။ ထိုအထိ Loganသည် Richardနားမှာပဲဖြစ်သည်။
Richardကို VVIP roomထဲထားပြီးမှ Loganတစ်ယောက် ပိုးသတ်ခန်းကိုထွက်လာ၍ရသည်။ ပိုးသတ်ခန်း၏အရှေ့၌ ခရီးသွားနေသော Baz၏အတွင်းရေးမှူး Aceနှင့် bodyguard(၆)ယောက်တို့ကိုတွေ့ရသည်။
" Bazသတိရပြီလား "
" မရသေးပါဘူး "
" ဪ အင်း..သတိရလာရင် VVIP roomထဲရွေ့လာခဲ့ "
Loganပိုးသတ်ခန်းရှေ့၌ ခဏနေပြီး ပြန်ထွက်လာခဲ့သည်။ ကြင်နာမှုမရှိသောသူလို့ဆိုရင်လည်း ဆိုနိုင်သည်။ Bazဆိုတဲ့လူသားအပေါ် Loganကြင်ကြင်နာနာ ဆက်ဆံဖို့ရာ တချို့သောအကြောင်းရာတွေက စည်းခြားထားလေသည်။
တင်.*တင်.*
Loganထွက်သွားပြီးခဏအကြာ၌ အရေးပေါ်ခန်းအတွင်းရှိ လူသားဟာ လှုပ်ရှားလာပေသည်။ ထို့နောက် ဆရာဝန်တစ်ယောက်လည်းဖြစ်သည့် Aceသည် အရင်ဆုံးဝင်သွားခဲ့သည်။
" သတိရလာပေးလို့ ကျေးဇူးတင်ပါတယ် Master "
ကုတင်ထက်ရှိ Bazကိုဦးညွှတ်ကာပြောလိုက်သည်။
" ရေ..ရေ "
Bazနိုးလာသည်နှင့် အဖျားရှိန်‌ကြောင့် လည်ချောင်းထဲ မီးစဖြင့်ထိုးနေသလို နာကျင်လွန်းလှသည်။ မီးရောင်တွေဟာလည်း စူးလွန်းသည်။
Ace ဖန်ခွက်၌ ပိုက်တပ်ပြီး ရေတိုက်လိုက်သည်။
" Ace ငါအနားယူချင်သေးတယ် သတိရလာတာကို ဘယ်သူ့ကိုမှမသိစေချင်ဘူး "
" ကျွန်တော် နားလည်ပါပြီ Master "
ထို့နောက် Bazသည် မျက်လုံးများမှေးစင်းကာ ပြန်အိပ်ပျော်သွားပြန်တော့ချေသည်။ သတိရလာ၍ Bazကို VVIP roomထဲပြောင်းရွေ့ခဲ့သည်။ VVIP roomကိုဖွင့်လိုက်သည်နှင့် ရယ်မောသံလွင်လွင်တို့ထွက်ပေါ်လာသည်ကြောင့် ကုတင်ကိုတွန်းလာသည့် M1နှင့် M5၏ခြေလှမ်းများရပ်ကာ Aceကိုကြည့်လိုက်သည်။ Aceကဝင်စေရန် အချက်ပြပြီးနောက်တော့ သူတို့ဝင်သွားခဲ့သည်။
သူတို့ဝင်လာသည်နှင့် တွေ့လိုက်ရသောမြင်ကွင်းသည် တကာ့်ကို ရင်ထုမနာမြင်ကွင်းဖြစ်သည်။ အသက်ဆုံးရှုံးလုနီးပါးဖြစ်‌ထားသော ခင်ပွန်းကိုအားမနာပါပဲ သွေးအနည်းငယ်သာမျှထားသည့် လူကို ကုတင်ပေါ်တက်ကာ ပွေ့ဖက်ထားပြီး ရုပ်ရှင်ကြည့်နေသော မြင်ကွင်း..။
သူတို့ကိုတွေ့တော့ တစ်ခဏသာဆွေကြည့်ပြီး ပြန်လှည့်သွားသောသူ..။ ဒီလိုလူအတွက် သူတို့၏ခေါင်းဆောင်သည် ဘာကြောင့်များ ကိုယ့်ကိုကိုယ်အနာခံခဲ့ရပါသနည်း။
ကုတင်ကိုနေရာချပြီးသည်နှင့် Bodyguardများဟာ ထွက်သွားပြီး Aceတစ်ယောက်သာကျန်တော့သည်။
" သတိရလာပြီး ပြန်မေ့သွားပါတယ် "
ပါးနပ်လွန်းသော Aceသည် ဖုန်းကိုနားနားကပ်ကာ ခပ်ကျယ်ကျယ်ပြောလိုက်လေတော့ Logan၏နောက်ကျောသည် တောင့်တင်းသွားသည်။ ပြီးနောက် ပြေလျော့သွားသည်။
Loganကုတင်ပေါ်တက်နေရခြင်းသည် Richard၏ 'သွေးဆုံးရှုံးထားလို့လားမသိဘူး အရမ်းချမ်းတာပဲ ကိုကြီးရယ်'ဟူသော စကားကြောင့်ဖြစ်သည်။
" ကိုကြီး ဘေဘီ့ကို စပျစ်သီးလေးခွာကျွေးပါလားဟင် "
" အင်း "
ထိုအသံ၊ ထိုမြင်ကွင်းကို အိပ်ပျော်မနေသည့် Bazသည်အတိုင်းသား မြင်တွေ့ရသည်။ ကြားသိရသည်။ မခံရက်နိုင်စွာ စောနကမှချုပ်ထားသည့် လက်နှစ်ဖက်ကို တင်းတင်းစုတ်မိလေတော့ သွေးများစိမ့်လာသည်။ ကြေကွဲနေသော နှလုံးသားသည် မျက်ရည်အသွင်သို့ပြောင်းပြီး ပူနွေးစွာကျဆင်းလာသည်။
အသစ်အသစ်ပေးသော နာကျင်မှုတွေကို လူးလူးလဲလဲခံစားရသည့်အခါတိုင်း တစ်ဆတစ်ဆတိုးချစ်ဖို့လည်း သူမမေ့ခဲ့ပါ။
ငါ့မျက်ရည်တိုင်း..၊ငါ့ရဲ့ အေးစက်မှုတိုင်းက မင်းကိုပျော်ရွှင်စေမယ်ဆို ငါ့အတွက် နာကျင်ရလည်း မင်းပျော်ရွှင်လမ်းကိုပဲရွေးပါ။
ထိုအခန်းထဲ၌ Baz၏အမူအရာတိုင်းကိုမြင်လိုက်သူနှစ်ဦးရှိသည့်အနက် တစ်ဦးကနာကျင်နေပြီး တစ်ဦးကပျော်ရွှင်နေသည်။ တစ်ခုမှမဖြစ်သူကတော့ အရာအားလုံးကို ကျောခိုင်းထားသည့် Loganဖြစ်ပေတော့သည်။
" လူနာရဲ့လက်က သွေးပြန်ထွက်နေတယ်..ပတ်တီးကိုဖြည်ပြီး ချုပ်ရိုးကိုပြန်ကြည့်ရမယ် "
ဆရာဝန်တွေလာစစ်ဆေးချိန်တွင် Baz၏လက်ရှိ ပတ်တီးတွင် သွေးစများထွက်နေသည်။
" တော်သေးတယ် ချုပ်ရိုးကအကုန်မပွင့်သွားလို့..ပွင့်သွားတဲ့နှစ်ချက်ကို ပြန်ချုပ်ဖို့ ထုံဆေးသုံးရပါမယ် "
ဆရာဝန်သည် လက်ကိုတစ်ချက်ကြည့်ပြီး သတိရနေသော Bazကိုကြည့်ကာ ပြောသည်။
" အစိမ်းချုပ်.."
Baz၏အေးစက်စက်အသံကြောင့် ဆရာဝန်များသည် Loganကိုလှည့်ကြည့်လိုက်သည်။
အလိုမကျစွာ စူးစူးရှရှကြည့်နေသူကြောင့် ပိုကျောချမ်းသွားရတော့သည်။
" ကျုပ်ရဲ့ခန္ဓာကိုယ်ကို ကျုပ်သဘောအတိုင်းလုပ်ခွင့်ရှိတယ် "
Loganကိုကြည့်ကာ တစ်လုံးချင်းစီပြောနေသော Bazကြောင့် Loganတောက်ခေါက်လိုက်ပြီး လှည့်မကြည့်တော့ချေ။
" သွေးလှူရှင်က ဆေးရုံကဆင်းလို့ရပါပြီ "
Richardကိုစစ်ဆေးပြီးပြောလာသော သူနာပြုလေး..။ လစ်ခနဲပြုံးကာ ချက်ချင်းပင် ဝမ်းနည်းချင်ယောင်ဆောင်သော Richard..။
" ဘေဘီက ဆေးရုံကူစောင့်ပေးချင်ပေမယ့် သတင်းကြကြချင်းပြေးလာခဲ့ရလို့ အလုပ်တွေကိုဒီတိုင်းထားခဲ့ရတယ်..ကားလည်းမပါလားဘူး..ကိုကြီး ပြန်လိုက်ပို့ပေးပါနော် "
Loganကို Puppy eyesများဖြင့် ကြည့်ကာ ပြောနေသူကြောင့် လိုက်လျောလိုက်ရသူက Loganပဲဖြစ်ပေသည်။
" အင်း သွားကြမယ် "
" ကိုကြီး ဘေဘီ့ကိုလာတွဲပါ "
" အင်း "
ပုခုံးလေးမှ အသာအယာကိုင်သွားသူနှင့် လှောင်ပြုံးပြုံးပြသွားသူကို ကြည့်ပြီး အစိမ်းလိုက်ချုပ်နေမှုကိုမေ့ကာ ဟွန်းခနဲပြုံးလိုက်သူကြောင့် ဆရာဝန်များကျောချမ်းရပြန်သည်။
" ချုပ်တာပြီးပြီလား "
အချုပ်ခံသူသည် ချွေးမပြန်ဘဲ ချုပ်ပေးသောဆရာဝန်များသည် ချွေးပြန်နေရသည်။
" Ace ထုံးစံအတိုင်း လူထည့်ပေးလိုက် "
" အမိန့်အတိုင်းပါ Master "
" စီးကရက်ပေး Ace "
" အနာကျက်နှေးလို့ သောက်လို့မရပါဘူး Master "
သူနာပြုလေးက အရဲကိုးပြီးပြောပေမယ့် ဆရာဝန်တစ်ယောက်ဖြစ်သည့်Aceသည် သူ့ခေါင်းဆောင်၏ဝေဒနာကိုနားလည်စွာ စီးကရက်ကို ထုတ်ပေးပြီး မီးညှိပေးလိုက်သည်။ ပြီးနောက် ခုနကပြောသော ‌သူနာပြုလေးဘက်ကိုလှည့်ကာ..
" အခြေအနေက ဒီလိုပဲမို့ နားလည်စေချင်ပါတယ် ဆရာမ "
သူနာပြုလေးသည် ခေါင်းညိမ့်ပြကာထွက်သွားလေသည်။ တချို့သော နာကျင်မှုတွေက ထိုလူရဲ့ အေးစက်စက်မျက်ဝန်းကိုကြည့်တာနဲ့ သိနိုင်သည်မလား။
" Momကိုလှမ်းပြောထားပြီးပြီမလား Ace "
" ကျွန်တော်တို့မပြောပေမယ့် ခေါင်းဆောင်က သိနေပါတယ် "
တကယ်လည်း Aceတို့မပြောပါ။ သို့သော် Bellaသိနေသည်။ ဂိုဏ်းတစ်ခုလုံးကို ခေါင်းဆောင်နေရသူက သူမ၏သားရဲ့ သေရေး၊ရှင်ရေးကို မသိဆိုရင် ရုပ်တိမရှိလွန်းတဲ့ကိစ္စပဲဖြစ်ပေလိမ့်မည်။
Richard၏အိမ်သို့သွားရာလမ်း၌ Richardသည် အားနည်းနေသည်ကို အခွင့်ကောင်းယူကာ Logan၏ရင်ခွင်ထဲသို့ တိုးဝင်နေသည်။ ထိုအချိန် ဘေး၌ ဖြတ်သွားသော ကားတချို့ကိုမြင်လိုက်ချိန်မှာတော့ ကောက်ကျစ်လွန်းသော အပြုံးကို ပြုံးလိုက်သည်။
" Maxiyoတွေက ဒီအချိန်ကြီး ဘယ်သွားပါလိမ့်..ဪ ပြီးတော့ ဘေဘီကြားထားတဲ့ သတင်းတစ်ခုရှိတယ်။ ကိုကြီးနားထောင်ကြည့်ပြီး ဟုတ်၊မဟုတ်ပြောပေး"
" အင်း "
Logan၏ရင်ခွင်ထဲကိုပိုးတိုးဝင်ကာ..
" ကိုကြီးရဲ့အမျိုးသားက Maxiyoတွေနဲ့သိတယ်ဆို.."
" အင်း April Maxiyoက သူ့ရည်းစားဟောင်း"
" ဟင်..ဘေဘီကြားထားတာကျတော့ အဲ့လိုမဟုတ်ဘူး.."
ပြောပြီးLoganကိုတစ်ချက်ကြည့်လိုက်သည်။ စိတ်ဝင်စားမှုကိုတွေ့မှ ဆက်ပြောသည်။
" ကိုကြီးရဲ့အမျိုးသားက Mrs.Bella Maxiyoရဲ့ တစ်ဦးထဲသော သားဖြစ်ပြီး Maxiyoရဲ့ဆက်ခံသူတဲ့ ဘယ်လိုလုပ် တူနဲ့အ‌န်တီက ရည်းစားဟောင်းတွေဖြစ်ရမှာလဲ"
" မင်းပြောနေတာတွေကတကယ်လား "
Logan၏အသံသည် တည်တင်းနေသည်။ ဒေါသဖြစ်ရ၍ အံ့ကိုကြိတ်ထားသည်။
" ကိုကြီးအခုကြည့်လိုက် Maxiyoတွေက ကိုကြီးအပြင်ထွက်တဲ့သတင်းရလို့ ဆေးရုံသွားတာ..ကိုကြီး CCTVကြည့်လို့ရမှာမဟုတ်ဘူး သူတို့ကြည့်မရအောင်လုပ်ထားလိမ့်မယ်..သွားကြည့်ရင်တော့ ရလိမ့်မယ် "
Richardသည် ဒေါသအဆုံးစွန်ထိရောက်နေသူကို အမျိုးမျိုးသွေးထိုးတော့သည်။
" Tig ကားပြန်လှည့် ဆေးရုံကိုသွားမယ်..မြန်မြန် "
ဒီလိုနှင့် Logan၏ကားသည် ဆေးရုံသို့ နောက်တစ်ခေါက်ရောက်ရှိလာပါတော့သည်။
ဆေးရုံဝန်းထဲ၌ ရပ်ထားသော Maxiyo၏ကားများကြောင့် Richardပြုံးသွားတော့သည်။
အစက Richardဒီနှစ်ယောက်ကိုချဉ်းကပ်ခဲ့တာက ဒယ်ဒီ၏ခိုင်းစေမှုကြောင့်..။ အခုတော့ ကိုကြီးကိုချစ်မိတယ်။ ကိုကြီးရဲ့ စည်းစိမ်တွေကိုမက်မောတယ်။ ဒါကြောင့် ဒီနှစ်ဦးကို ခွဲရမည်။ Mr.Maxiyo၏သည်းခံမှုကိုသိပေမယ့် သည်းခံနိုင်တဲ့အတိုင်းအတာထိလုပ်ပြီး ခွဲရမည်။
_______________________________
26.3.22
ဟေးယို! The Oceanလေးကိုဖတ်ပေးကြပါအုံးလို့..
Continue Reading
You'll Also Like
1.5M 88.2K 48
3.6K 145 11
❌ Translation မဟုတ်ပါ Now there's green light in my eyes And my lover on my mind And I sing from the piano Tear my yellow dress and Cry and cry and c...
60.6K 4.8K 98
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြ...
78.3K 9.2K 69
Title- Mahar Morria Start date - 12.12.2020 Genre - BL, Romance, Fantasy, Historical, Own Creation.