"အားလုံး ခြောက်သောင်းနှစ်ထောင် ကိုဆိုင်း...နိုရာဘယ်လိုလဲ သက်သာရဲ့လား..."
ကောင်လေးက ပစ္စည်းတွေကို အိတ်ထဲသို့စုထည့်ပေးရင်း ပြောသည်။ဆိုင်းလော့ဒ် ငွေရှင်းမလို့ ပိုက်ဆံအိတ် ဆွဲထုတ်ပြီးမှ သမီးအတွက် သရေစာမုန့်နည်းနည်း ဝယ်သွားဖို့ စိတ်ကူးရလေသည်။ဆေးရုံမသွားခင်လေး အိမ်နားက မီနီမတ်မှာပဲ လိုအပ်တာတွေ ဝင်ဝယ်နေတာဖြစ်သည်။
ဆိုင်းလော့ဒ် ပိုက်ဆံအိတ်အား ပြန်ထိုးထည့်ပြီး...
"ဒီလိုပါပဲ အခုထိတော့ တစ်ပတ်တစ်ခါ ကျောက်ကပ်ဆေးနေရတုန်းပဲ..."
ဆိုင်းလော့ဒ်ပြောတော့ ကောင်လေးက စိတ်မကောင်းသလိုမျက်နှာဖြင့် ကြည့်လာသည်။
"အဆင်ပြေသွားမှာပါဗျာ ကျွန်တော်လည်း နောက်ရက်မှပဲ ဆေးရုံလာကြည့်တော့မယ်နော် အခုအလုပ်တွေများနေလို့..."
"ရပါတယ်ကွာ အဆင်ပြေမှလာပါ ခဏလေး မုန့်ဝယ်သွားဖို့ကျန်သေးတယ် သွားကြည့်အုံးမယ်..."
ကောင်လေးကိုပြောပြီး သရေစာမုန့်တွေထားရာ စင်တန်းဆီသို့ ပြန်လှည့်ခဲ့လိုက်၏။သမီးကြိုက်တက်သည့် မုန့်တွေကို ရွေးချယ်ယူပြီးမှ ငွေရှင်းဖို့ရာပြန်ထွက်ခဲ့လိုက်သည်။
ဆေးသွင်းလိုက် ဆေးသောက်လိုက်ဖြင့် ရှိနေတာမို့ အခုဆိုနိုရာက ပုံမှန်ထက်ကို အစားစားတာပိုနည်းသွားသည်။ထို့ကြောင့် သူကြိုက်တက်တာလေးတွေ စီစဥ်ပေးဖြစ်ရင်း အစားစားချင်စိတ် ပြန်ဖြစ်လာအောင် ကြိုးပမ်းနေရတာဖြစ်သည်။မုန့်ထုပ်တွေဆွဲရင်း ပိုက်ဆံရှင်းဖို့ ကောင်တာဆီသို့ ပြန်ထွက်ခဲ့တော့ မမြင်ချင်သော မျက်နှာဖြင့်တည့်တည့်ကြီးတိုးသည်။ဘာလာဝယ်တာလဲတော့ မသိပေမဲ့ ရှင်းခန့်က ပစ္စည်းတွေထားသည့် စင်တန်းနားမှာ မိန့်မိန့်ကြီးရှိနေ၏။သူဝင်လာတုန်းက မတွေ့တာမို့ အခုမှရောက်လာတာ ဖြစ်ပေမည်။နှစ်ယောက်သား အကြည့်ချင်းကူးလူးနေမိကြရင်း ဆိုင်းလော့ဒ် စင်တန်းပေါ်ရှိ တန်းစီထားသော ကွန်ဒုံးဘူးများအား သတိပြုမိလိုက်တော့ မျက်နှာရဲကနဲ ဖြစ်သွားရသည်။
"အဖော်ပဲလိုတာ..."ဆိုတဲ့ ရှင်းခန့်၏ စကားကြီးအား ပြန်သတိရမိကာ အခုပဲ အနားနားလာကပ်ပြောနေသလိုကြီး ပြန်ကြားလာရသည်။ရှင်းခန့်ကလည်း ဆိုင်းလော့ဒ်၏ မျက်လုံးရွေ့သွားရာကို လိုက်ကြည့်သိပြုမိလိုက်တော့ မျက်နှာထက်၌ အပြုံးရိပ်ရိပ်တို့ ဖြစ်သွားရ၏။ဆိုင်းလော့ဒ်စဥ်းစားနေတာကို ခန့်မှန်းမိလိုက်တော့ ခံစားချက်တွေ အူမြူးလာရသည်။ရုတ်တရက် ထိုကောင်လေး၏ မာနတို့အား ထိပ်ပုတ်စနောက်ချင်စိတ်တို့ ဖြစ်ပေါ်လာကာ ကွန်ဒုံးဘူးတစ်ဘူးအား မြင်သာအောင်ဆွဲထုတ်ယူလိုက်ပြီးမှ မျက်ခုံးပင့်၍ မေးငေါ့ပြလိုက်တော့ ဆိုင်းလော့ဒ်တစ်ယောက် မျက်နှာကြီးရဲကာ ရှုးရှုးရှားရှား ဖြစ်လ်ို့လာ၏။ထိုလူ၏ ပြီတီတီ မျက်နှာပေးနှင့် အပြုအမူကြောင့် စိတ်ထဲမှာ ရွံရှာမိခြင်းတွေ အုံလိုက်ကျင်းလိုက်ဖြစ်လို့လာသည်။
"တောက်!..."
တောက်တချက်ကို ခပ်ကြိတ်ကြိတ်ခေါက်၍ မနှစ်မြို့ခြင်းအား ပြသကာ ထိုလူအား အသားထိမိမှာတောင် ရွံရှာလွန်းသောစိတ်ဖြင့် ရှောင်ကွင်း ဖြတ်ကျော်ထွက်ခဲ့လိုက်၏။ဒီလူနှင့် မျက်နှာချင်းဆိုင်မိဖို့ မပြောနှင့် မတော်တဆအရိပ်တောင် မမြင်ချင်ပေ။ကိုယ့်မှာသာ တက်နိုင်တဲ့အင်အားရှိနေလို့ကတော့ ဆိုင်ကိုပြန်အပ်ပြီး ချက်ချင်းနေရာရွှေ့မိမှာဖြစ်သည်။ဒီလိုလူစားတွေကို ရွံမုန်းမိတာ အဲ့ဒီလောက်အထိ...။
မျက်မှောင်ကြီးကြုတ်၍ တောက်ခေါက်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသော ဆိုင်းလော့ဒ်အားကြည့်၍ ရှင်းခန့်၏ ခပ်ဟဟရယ်ကာ ခေါင်းခါယမ်းမိ၏။တကယ်ဆို သူကမှခံခဲ့ရတဲ့သူလေ။လုပ်တုန်းကတော့ အတင်းတက်လုပ်သွားပြီး အခုမှ မခေါ်နိုင် မပြောနိုင်ဖြင့် ဘာလို့များကဲကဲဆတ်ဖြစ်နေလဲ နားမလည်နိုင်တော့ပေ။
~~~~
"အခြေအနေ ဘယ်လိုလဲ မမွန်..."
ဆေးရုံခန်းထဲသို့ နွမ်းလျစွာဝင်လာသော မမွန်၏ပုံစံကြောင့် ဆိုင်းလော့ဒ် မေးတော့မေးမိပေမဲ့ အခြေအနေကို ရိပ်စားမိလိုက်ကာ မျှော်လင့်ချက်ကတော့ မရှိတော့တာ အမှန်ပဲဖြစ်သည်။သူတို့လို လူလတ်တန်းစားတွေအဖို့ ပိုက်ဆံသိန်း၅၀၀ဆိုတာ ချက်ချင်းကြီး အလွယ်တကူရှာဖွေလို့ရသည့် ပမာဏမျိုးမဟုတ်ချေ။မမွန်က ကုတင်ပေါ်ရှိ ဆေးအရှိန်ဖြင့် အိပ်မောကျနေသော နိုရာအား လှမ်းကြည့်ပြီးမှ ခုံ၌ထိုင်ချကာ...
"အဆင်မပြေပါဘူး...ဒေါ်ဒေါ်ယုဆီကိုတောင် တိုက်ရိုက်သွားတွေ့ခဲ့တာ ဒေါ်ဒေါ်ယုကလည်း ငွေကလက်လွန်ထားမိလို့တဲ့..."
ဂျူလီယာက သူငယ်ချင်းဖြစ်သူအတွက် အအေးတစ်ခွက်ထည့်ပေးကာ...
"နင့်ကိုလည်း တကယ်အားနာပါတယ် အမွန်ရယ် မဆီမဆိုင် ငါတို့အပူတွေကို ငှားရမ်းပူနေရတာ.."
"မဆိုင်စရာလား ငါတို့က မိသားစုလို နေကြတာကို အဆင်ပြေအောင် မလုပ်ပေးနိုင်တာကိုပဲ ငါက ပိုစိတ်မကောင်းဖြစ်နေရတာ..."
မမွန်က အအေးခွက်ကို လှမ်းယူရင်းဖြင့် ပြောသည်။တကယ်လည်း မြစ်ကြီးနားကနေ ရန်ကုန်သို့ပြောင်းလာကာစကတည်းက မမွန်တို့သားအမိက နှုတ်၏စောင်မခြင်းလက်၏စောင်မခြင်းဖြင့် တက်နိုင်သမျှ ကူညီပေးခဲ့ကြသည်။အိမ်ချင်းကပ်ရပ် နေခဲ့ကြရင်း နိုရာဆိုတာလည်း သူတို့လက်ပေါ်မှာကြီးလာတဲ့ ကလေးဟုပြော၍ရသည်။အခုလည်း အမေရောမမရော ဆေးရုံစောင့်နေရတာမို့ စားဖို့သောက်ဖို့ကို မမွန်အမေပဲ ဒိုင်ခံချက်ပြုတ်ပို့ပေးတာဖြစ်သည်။
"အပေါင်တောင်ထားဖို့ မလွယ်တာ ချက်ချင်းရောင်းထွက်ဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဘယ်လိုလုပ်ကြမလဲ..."
ဂျူလီယာက မသက်မသာ ငြီးတွားရင်းပြောသည်။အခုဆို အိမ်ဆိုင်လေး မထွက်နိုင်တော့ ဆိုင်းလော့ဒ်၏ ဆိုင်ဝင်ငွေတစ်ခုသာရှိသည်။စားစရိတ် ဆေးရုံစရိတ်ဖြင့် စုဆောင်းထားတာတွေလည်း တဖြည်းဖြည်းလုံးပါးပါးလာပြီဖြစ်သည်။ကျောက်ကပ်အစားထိုးဖို့လည်း မလွယ်ကူသလို အစားမထိုးပဲ ဒီအတိုင်းတစ်ပတ်တစ်ခါ ကျောက်ကပ်ဆေးပြီး နေဖို့လည်းအဆင်မပြေချေ။ကလေးက ဝေဒနာကိုပိုခံစားနေရမှာဖြစ်သလို သူတို့လည်းပိုပြီး ကျပ်တည်းလာမှာဖြစ်သည်။ဆိုင်းလော့ဒ်အား အားကိုးတကြီးကြည့်မိတော့လည်း ပြတင်းပေါက်ဘောင်ကို မှီ၍ ခေါင်းကြီးငိုက်စိုက်ပြီး စိတ်ဓာတ်ကျနေပုံရလေသည်။ဘာပဲဖြစ်ဖြစ် ဖခင်ဖြစ်သူဆုံးပြီးထဲက အိမ်မှာယောက်ျားသားဆိုလို့ ဆိုင်းလော့ဒ်သာရှိတာမို့ ဘာအခက်အခဲပဲရှိရှိ အမြဲတမ်းရှေ့ကနေ မားမားမတ်မတ်ရပ်၍ ဖြေရှင်းခဲ့တာဖြစ်သည်။အခုတော့ သူကိုယ်တိုင်လည်း ဗုန်းဗုန်းလဲကျချင်သလို မျှော်လင့်ချက်မဲ့သော အမူအယာတို့ဖြစ်ပေါ်နေလေသည်။ဒီရက်တွေထဲ ဟိုသူငယ်ချင်း ဒီသူငယ်ချင်းတွေဆီ ဖုန်းဆက်လိုက် လူကိုယ်တိုင်သွားတွေ့လိုက်ဖြင့် ပိုက်ဆံကိစ္စပြေလည်စေဖို့ ဆိုင်းလော့ဒ်ဗျာများနေခဲ့သည်။သို့သော် သူငယ်ချင်းတစ်ယောက်နှင့် တွေ့ပြီးတိုင်း ဖုန်းတစ်ခါဆက်ပြီးတိုင်း ဆိုင်းလော့ဒ်၏ပုံစံက ပို၍သာမျှော်လင့်ချက်မဲ့လာနေသည်။
"ကျွန်တော် အပြင်ခဏ သွားအုံးမယ် မမ..."
ဆိုင်းလော့ဒ်က ပြတင်းပေါက်အား မှီရပ်နေရာမှ ကိုယ်ကိုမတ်ကာ ပြောသည်။အပြင်သွားမယ်ဆိုတဲ့ ကိစ္စဟာ ပိုက်ဆံကိစ္စကလွဲ၍ တခြားမရှိနိုင်ပေ။
"အေး အေး ညကျရင်တော့ ဒီမှာပဲ လာပြန်အိပ်မှာမဟုတ်လား.."
"ဟုတ် အိပ်ခါနီး ပြန်လာမယ်..."
အမဖြစ်သူအား နှုတ်ဆက်ရင်းဖြင့် ဆိုင်းလော့ဒ် လေးကန်းသော ခြေလှမ်းတို့ဖြင့် ထွက်ခဲ့လိုက်သည်။အခုအချိန်မှာ သူစိတ်ဓာတ်ကျပြီး ပြိုလဲနေ၍ မဖြစ်ပေ။သမီးအတွက် မားမားမတ်မတ်ရပ်တည်ပေးရမှာ ဖြစ်လေသည်။
~~~~
မေလ၏ ရန်ကုန်နွေက ကျဲကျဲတောက်ပူနေပေမဲ့ သူ့ရင်ထဲမှ အပူမီးကိုတော့ မှီမည်မထင်ပေ။ပလက်ဖောင်းပေါ် တက်လျှောက်နေမိရင်း ဘောင်းဘီအိတ်ထဲမှ စီးကရက်ဘူးအား ဆွဲထုတ်ကာ မီးညှိဖွာရှိိုက်မိသည်။အခုပဲ အသိမိတ်ဆွေ တစ်ယောက်ဆီသို့ ပိုက်ဆံကိစ္စအတွက် သွားခဲ့တာဖြစ်သည်။အဆင်ပြေမလိုလိုနှင့် အဆင်မပြေပြန်ပေ။အမည်ပေါက် တိုက်ခန်းစာချုပ်ကြီးတစ်ခုလုံး ထိုးပေးနေတာတောင်မှ လိုချင်တဲ့ငွေကိုရဖို့က ဘာကြောင့်ဒီလောက်ခက်ခဲနေမှန်း မသိတော့ပေ။ပိုက်ဆံဆိုတာ ခြေနှစ်ချောင်းဖြင့်လိုက်လေ ခြေလေးချောင်းတပ်၍ ပြေးနေလေဖြစ်သည်။လောကဓံတရားဟာ သူ့ကို ဘာလို့များ ဒီလောက်အထိ မညှာမတာနှိပ်စက်ရလဲ မသိတော့..။
သူ့အသက်၁၃နှစ်မှာ ဖခင်ဖြစ်သူဆုံးသည်။နဂိုထဲက လူရည်လည်သလို စီးပွားရေးအကွက်မြင်တဲ့ အဖေက ကျောက်ကုန်သည်လုပ်ရင်း ရွှေလီနယ်စပ်နှင့် မြစ်ကြီးနားကို ကူးချည်သန်းချည်။အနူးကတော့ နဂိုထဲက ရိုးရိုးအအမို့ ယောက်ျားဖြစ်သူ ဝင်ငွေဘယ်လောက်ရှိပြီး ဘာလုပ်ငန်းတွေထူထောင်ထားသလဲ မသိနားမလည်ပေ။အဖေတစ်ခေါက်ပြန်လာလို့ အပ်သွားသမျှ သိမ်းတန်သိမ်း စားတန်စားဖြင့်သာရှိသည်။ဖခင်ဆိုတဲ့ ရွှေတောင်ကြီး၏အရိပ်ကို မှီခိုနေရတုန်းကတော့ သားအမိတွေ လူတန်းစေ့သည်ဆိုတာထက်ကို ပြည့်စုံခဲ့ကြသည်။ပေးနိုင်ကမ်းနိုင် တက်နိုင်နေချိန် အနူးဆိုတာလည်း ရက်ရောတက်တော့ ဟိုတုန်းကဆို မြစ်ကြီးနားအိမ်မှာ ဘယ်နှစ်ဘဝကတော်စပ်ခဲ့မှန်း မသိသည့် အမျိုးတွေဆိုတာ တရုန်းရုန်းဖြင့်။
ရုတ်တရက် ရွှေလီမှာပဲ အဖေဆုံးတော့ မိသားစုအတွက် အားထားရာ ရွှေတောင်ကြီး ပြိုကျခဲ့ရလေသည်။ကားအက်စီးဒင့်ပဲဖြစ်သလိုလို စီးပွားပြိုက်ဖက်ချင်းပဲ လုပ်ကြံလိုက်သလိုလိုဖြင့် ဘာတစ်ခုမှပဲ မရေရာခဲ့ပါပဲ မြစ်ကြီးနားကို အလောင်းသယ်ခွင့်ရဖို့တောင် ငွေတွေပုံအောပေး၍ အတော်လေးကြိုးစားခဲ့ရတာကို မှတ်မိနေသေးသည်။ဖခင်ဖြစ်သူ ရုတ်တရက်ဆုံးပါးသွားတော့ မိခင်လက်ထဲရှိအတွင်းပစ္စည်း အနည်းငယ်ဖြင့် ခြံဝန်းကျယ်နှင့်အိမ်ကြီးသာ ကျန်ခဲ့သည်။အဖေ၏ စီးပွာရေးလုပ်ငန်းတွေဆိုတာလည်း ဘယ်မှာလိုက်ရှာရမှန်းမသိ။သားအမိတွေ မလုပ်တက်မကိုင်တက်ဖြင့် ရှိတာလေးထုခွဲရောင်းချစားရင်း စီးပွာရေးက တရိပ်ရိပ်ကျဆင်းလာ၏။ဟိုတုန်းက တရုန်းရုန်းရှိခဲ့သော အမျိုးတွေဆိုတာလည်း မခြွေနိုင်တော့ မရံကြတော့ပေ။ထို့ကြောင့်ပဲ အိမ်နှင့်ခြံကြီးအား စျေးကောင်းဖြင့် ရောင်းချကာ ရန်ကုန်သို့ရောက်လာခဲ့တာဖြစ်လေသည်။
ဘဝမှာ လူမှန်းသိတက်စအရွယ်ထဲက ကြုံတွေ့လိုက်ရတဲ့ လောကဓံတွေဆိုတာ တခါတလေ ရူးသွပ်သွားချင်မိသည့်အထိ။လောကဓံဆိုတာကို ကြုံခဲ့ရလွန်းလို့ တခါတလေ အားတင်းဖို့တောင် အင်အားမရှိချင်တော့ပေ။ဘဝဟာ သူ့အတွက်တော့ ဘယ်တုန်းကမှ မလွယ်ကူခဲ့ပေ။အသက်ဝဝရှုနိုင်ဖို့ကို မတန်တဆရုန်းကန်နေရ၏။ကံကြမ္မာဟာ သူ့အပေါ်တရားမျှတမှုမရှိပေ။
ဆိုင်းလော့ဒ် ရောက်တက်ရာရာ အတွေးများစွာဖြင့် ပလက်ဖောင်းပေါ် လမ်းလျှောက်နေရင်း လက်ထဲမှစီးကရက်တိုအား ပစ်ချ၍ ဖိနင်းချေမိသည်။ထိုစဥ်မှာပဲ ဘောင်းဘီအိတ်ထဲမှ ဖုန်းကမြည်လာတာမို့ ထုတ်ယူလိုက်တော့ ဝသုန်ဖြစ်နေလေသည်။
"အေး..ယောက်ဖ ပြော...."
"မင်း ဘယ်မှာလဲ..ယောက်ဖ..."
"ငါ လှည်းတန်းမှာ..."
"အေး ဟိုရက်က မင်းပြောထားတဲ့ကိစ္စလေ အဲ့ဒါ အဆင်ပြေတယ် မင်းအခုသွားတွေ့လိုက် ငါလိပ်စာပို့လိုက်မယ်..."
ဖုန်းထဲမှ ဝသုန်၏စကားကြောင့် ဆိုင်းလော့ဒ် ဝမ်းသာစိတ်တို့ လှိုက်တက်သွားရသည်။အခုအချိန်မှာ သူ့အတွက်အကြီးမားဆုံး အခက်အခဲကြီးက ဒီပိုက်ဆံကိစ္စပဲ မဟုတ်လား။
"အေး အေး ကျေးဇူးပါ ယောက်ဖရာ ငါအခုသွားလိုက်မယ်.."
"မလိုပါဘူးကွာ မင်းကလည်း အချင်းချင်းတွေကို ငါကဒီအတိုင်း ပြောပေးရုံပဲလေ ငါအခုလိပ်စာပို့လိုက်မယ် ယောက်ဖ."
"အိုကေ အိုကေ..."
ဖုန်းထဲသို့ ချက်ချင်းဝင်လာသော လိပ်စာအားကြည့်ကာ ချက်ချင်းတက္ကစီပြေးငှားရသည်။ဘာဖြစ်ဖြစ် အခုလိုခက်ခဲနေချိန်မှာ တက်နိုင်သမျှ ကူညီပေးရှာတဲ့ ဝသုန့်ကိုလည်း ကျေးဇူးအထပ်ထပ်တင်မိသည်။အဝေးသင်တက်ရင်း ဆုံခဲ့ကြတဲ့သူငယ်ချင်းတွေပေမဲ့ စိတ်ရင်းမှန်တာမို့ ဝသုန်နှင့်သူက တကယ့်ငယ်ပေါင်းကြီးဖော်တွေလိုပါပဲ။ဝသုန်ပြောထားတဲ့ လိပ်စာက ခြံဝန်းကျယ်များဖြင့် လူကုံထံရပ်ကွက်တစ်ခုဖြစ်သည်။လိပ်စာအရတော့ ကားဆရာက လမ်းအဆုံးထောင့်မှ တိုက်ပုလေးရှေ့၌ရပ်၏။ဆိုင်းလော့ဒ်ကားခရှင်း၍ ကားပေါ်မှဆင်းလိုက်သည်။ဝသုန်ပြောတာကတော့ အခုတွေ့ရမည့်လူက အိမ်ခြံမြေအပေါင်ခံတဲ့အလုပ်ကို လုပ်သည်တဲ့။ဆိုင်းလော့ဒ် လူခေါ်ဘဲလ်အား နှိပ်လိုက်တော့ ခြံထဲမှ လူကြီးတစ်ယောက်ထွက်လာ၏။
"ဘာကိစ္စလဲ ကောင်လေး..."
"ဟို..ဝသုန်ပြောထားလို့ လာတာပါခင်ဗျ..."
"သြော်...လာ လာ မမကြီးစောင့်နေတယ်...."
လူကြီး၏ ဦးဆောင်မှုဖြင့် ဆိုင်းလော့ဒ် အိမ်လေး၏ ဧည့်ခန်းထဲသို့ ရောက်ခဲ့၏။ဧည့်ခန်းထဲ၌ အသင့်ရှိနေသော သက်လတ်ပိုင်းအရွယ် မိန်းမကြီးတစ်ယောက်အား တွေ့လိုက်ရသည်။
"ထိုင် မောင်လေး..."
အသက်ထက်ပို၍ နုနယ်အောင်ပြင်ဆင်ထားကာ ကိုယ့်ကိုမောင်လေးဟု သုံးနှုန်းလိုက်တာမို့ အန်တီလို့ခေါ်တော့မည့် ပါးစပ်အား ဆိုင်းလော့ဒ် အမြန်ဘရိတ်အုပ်လိုက်ရသည်။
"ဟုတ်ကဲ့ အမ..."
"ဝသုန်ကတော့ ပြောထားပါတယ် မောင်လေး ဂရမ်စာချုပ်လေး တချက်ပြပေးနော် အမည်ပေါက်ပဲ မှတ်လား"
"ဟုတ်ပါတယ် အမေ့အမည်ပေါက်ပါ..."
"သြော်..."
မိန်းမကြီးက သြော်ဟုရေရွတ်၍ ဆိုင်းလော့ဒ် ထုတ်ပေးသော အိမ်ဂရံအားယူကြည့်သည်။ပြီးမှ ဆိုင်းလော့ဒ်အား မျက်ခုံးပင့်ကြည့်၍....
"မောင်လေးက ဘယ်လောက်ယူချင်တာလဲ..."
"၅၀၀ပါ အမ..."
ဆိုင်းလော့ဒ်ပြောတော့ မိန်းမကြီးက မျက်ခုံးပင့်၍ စာချုပ်အား ပြန်ချကာ...
"အခန်းက မြေညီထပ်မှာဟုတ် အမတို့ ထုံးစံအတိုင်း ၅၀၀ကတော့ ပေးလို့မရဘူးမောင်လေး လွန်ရောကျွံရော ၂၀၀လောက်ပဲ ပေးနိုင်မယ်။ဒါတောင် အမက အခန်းအနေအထား ဘာညာမသိရသေးပဲ ဝသုန့်မျက်နှာကြောင့် ကူညီပေးတာ။ပြီးတော့ နောက်တစ်ခုက အမဆီမှာ ၆လတဖြတ်တော့သတ်မှတ်တယ် ပြီးတော့မှ အတိုးလဲပြီး ပြန်ယူမလား ထပ်ထားမလားပေါ့နော် အမလည်း ငွေပြန်ဖော်ရတာဆိုတော့လေ အတိုးကတော့ ၇ကျပ်ပဲမောင်လေး"
"အမရယ် ကျွန်တော်လည်း ငွေလိုလွန်းလို့ မဖြစ်မနေထားရတာပါ အခန်းကတကယ်ကို ၅၀၀မကတန်တာပါ အဲ့ဒါမို့ ၅၀၀လောက်တော့ တိုးပေးလို့ရမလား ပြီးတော့ အတိုးက၇ကျပ်ဆိုတော့ နည်းနည်းမလျော့တော့ဘူးလား ကျွန်တော်က စာချုပ်ပေးထားမှာပဲလေ..."
ဆိုင်းလော့ဒ်ပြောတော့ အမျိုးသမီးက စာချုပ်အားပြန်ချ၍ ရှေ့သို့ပြန်တိုးပေး၍...
"ငွေကတော့ လူတိုင်းလိုတာပါပဲ မောင်လေးရယ် အခန်းက ဒီထက်မကတန်တယ်ဆိုတာ ဟုတ်ပေမဲ့ အမကအချိန်ပေးပြီး ငွေအောင်းထားရမှာလေ ၆လလောက်ငွေမြှုပ်ပြီး မတော် မင်းပြန်မရွေးနိုင်လို့ ရောင်းထုတ်ရင်လည်း ချက်ချင်းထွက်ချင်မှထွက်မှာ အတိုး၇ကျပ်ဆိုတာကလည်း ဂရမ်ပေးထားပေမဲ့ အိမ်ပေါ်မှာ မောင်လေးတို့ကို တင်ထားရမှာလေ အိမ်ငှားခစပေါ်ခနဲ့တင် တန်ပါတယ်ကွယ် အမတို့က စီးပွားရေးလုပ်စားနေတာဆိုတော့ အဖက်ဖက်ကတွက်ချက်ရသေးတာ မောင်လေးရေ့..."
"ကျွန်တော် အမြန်ဆုံးပြန်ရွေးနိုင်အောင် ကြိုးစားမှာပါ အတိုးလည်းပုံမှန်သတ်မှာပါ အမရယ် အတိုးလေးနည်းနည်းလျော့ပြီး ငွေလေးတိုးပေးပါဗျာ.."
အမျိုးသမီးက တမင်ကိုစျေးနှိမ်နေတာ သိသော်ငြားလည်း ဆိုင်းလော့ဒ် အတက်နိုင်ဆုံး မျက်အောက်ချ၍ ပြောမိသည်။အခုအချိန်မှာ ဒါက သူ့အတွက် ကောက်ရိုးတမျှင်မဟုတ်ပါလား။ဘဝမှာ မာနတရားကို ချိုးနှိမ်၍ မျက်နှာအောက်ချဖူးတာ ဒါပထမဆုံးဖြစ်ပေသည်။
"ဒီလိုပဲ ပြောကြတာပါပဲ မောင်လေးရယ် အခုက အမလည်း အလုပ်တွေကနားထားတာ ဝသုန်ပြောလွန်းလို့သာ နားလည်မှုနဲ့လုပ်ပေးတာ ၂၀၀ဆိုတာ တိုက်ခန်းတစ်ခန်းအတွက် အမပေးတဲ့အများဆုံး စျေးပါပဲ အတိုး၇ကျပ်ဆိုတာကလည်း အမတို့ ပုံမှန်ယူနေကြ နှုန်းထားပါပဲ ထားမထားကတော့ မောင်လေးသဘောပါ အိမ်နဲ့သေချာပြန်တိုင်ပင်ကြည့်ပေါ့..."
ကိုယ့်ဖက်က ဗိုက်နာနေတာသိတော့ အမျိုးသမီးက လေသံကိုမလျှော့ပဲ စကားကုန်ပြောသည်။။၂၀၀ကတော့ ဘယ်လိုမှမတန်မရာ နှုန်းထားကြီးဖြစ်သည်။၂၀၀နဲ့ထားလိုက်ပါပြီတဲ့ ကျန်တဲ့ငွေကို ချက်ချင်းသွားရှာဖို့ဆိုတာ ပိုပြီးတောင် ခက်ခဲသွားအုံးမှာဖြစ်သည်။ပြီးတော့ တရိပ်ရိပ်တက်လာမဲ့ အတိုးနှုန်းရယ် သမီးအတွက်နောက်ဆက်တွဲ ကုန်ကျစရိတ်တွေရယ်ကို စိတ်ထဲတွေးမိရင်း ဆိုင်းလော့ဒ် သက်ပြင်းအား အသာကြိတ်ချ၍...
"အဲ့ဒါဆို ကျွန်တော်ပြန်တိုင်ပင်လိုက်ပါအုံးမယ် အမ..."
"အိုကေ..မောင်လေး.."
အိမ်ထဲမှနေ၍ လေးကန်သော ခြေလှမ်းများဖြင့် ခေါင်းငိုက်စိုက် ပြန်ထွက်လာခဲ့ရင်း ဆင်ဝင်အောက်ရှိ ကားပေါ်မှ တစ်စုံတစ်ယောက်ကိုတော့ ဆိုင်းလော့ဒ် အမှုမဲ့အမှတ်မဲ့ဖြင့် ဖြတ်ကျော်ခဲ့မိလေသည်။
မသီရိ၏ အိမ်ထဲမှ ခေါင်းငိုက်စိုက် ထွက်လာသော ဆိုင်းလော့ဒ်အားတွေ့လိုက်ရ၍ ခွန်ဂျာအံ့သြသွားမိသည်။
!ဆိုင်းလော့ဒ်က ဒီကိုဘာလာလုပ်တာလဲ...!
ခွန်ဂျာအတွေးနှင့်အတူ အိမ်ထဲသို့ ဝင်သွားလိုက်တော့ ဧည့်ခန်းထဲ၌ မသီရိအား အသင့်တွေ့လိုက်ရသည်။အနားမှာပူးကပ်ထိုင်ချ၍ အနမ်းတစ်ပွင့်ပေးလိုက်ပြီးမှ....
"ခုနက ကောင်လေးက ဘယ်သူလဲ..."
ခွန်ဂျာမေးတော့ မသီရိက မျက်လုံးထောင့်ကပ်ကြည့်ပြီးမှ..
"အပေါင်ကိစ္စလာတာပါ အိမ်ပေါင်မလို့တဲ့..."
"လက်ခံလိုက်လား..."
"အဆင်မပြေပါဘူး သူလိုချင်သလောက် တို့ကမပေးလို့လေ ဒါပေမဲ့ ကောင်လေးက ဗိုက်နာနေတာ တစ်ရက်နှစ်ရက်နေရင် ပြန်လာလိမ့်မယ် အဟင်း..."
မသီရိက အတပ်သိနေသလို ပြော၍ ရယ်သွမ်းသွေးပြီးမှ..
"အဲ့ဒါတွေထားပါ အခုက ဘာကိစ္စနဲ့ ကြွလာတာတုန်း.."
"မကို လွမ်းလို့ပေါ့..."
"အပိုတွေ ငွေလိုပြန်ပြီလား..."
"အခုတော့ မကိုလိုနေတာ..."
မသီရိအား ရင်ခွင်ထဲ ခပ်ကြမ်းကြမ်း ဆွဲသွင်းရင်းဖြင့် လက်တွေကိုလည်း ခန္ဓာကိုယ်အနှံ့ခပ်ကြမ်းကြမ်း ပွတ်သပ်ပေးလိုက်တော့ မသီရိက သူ့ရင်ခွင်ထဲသို့ ပြိုကျလာ၏။မသီရိတို့လို အိမ်ထောင်ပျက် တစ်ခုလပ် မုဆိုးမတွေ၏ အထာကို ခွန်ဂျာကောင်းကောင်းကြီး နပ်လေသည်။
~~~~
"ဘာသောက်မလဲ ခင်....."
ဘားကောင်တာရှေ့ အရိပ်ကျလာတာကြောင့် ဆိုင်းလော့ဒ်
ဧည့်ဝတ်ပြုမိသော်လည်း နီစပ်စပ်ဖြင့် ကျောက်ပေါက်မာတချို့ရှိနေသော မျက်နှာအားမြင်လိုက်ရတာမို့ စကားကတဝက်တပြတ်ဖြင့် ရပ်သွားရ၏။ခွန်ဂျာ၏ ရွံစရာမျက်နှာအား မြင်လိုက်ရတာမို့ ရင်ထဲမှာရွံမုန်းရသော စိတ်တွေဟုန်းကနဲထလာကာ အံအားခပ်တင်းတင်း ကြိတ်မိသည်။
ခွန်ဂျာက ပြီတီတီမျက်နှာထားဖြင့် အရှေ့ခုံ၌ ဝင်ထိုင်ကာ ဆိုင်းလော့ဒ်၏ တစ်ကိုယ်လုံးအား ရမ္မက်ခိုးဝေနေသော မျက်လုံးတို့ဖြင့် ကြည့်ပြီးမှ...
"မတွေ့ရတာကြာပြီနော် ညီလေး...."
ခွန်ဂျာက ညီလေးဆိုသောနေရာမှာ လေသံကိုတမင်ဖိပြောသည်။သူ့ကို မတော်မတရားစိတ်ဖြေတိုင်း ထိုအသုံးအနှုန်းကို သုံးတက်တာမို့ အတိတ်ကိုတူးဖော်ချင်သော စိတ်ယုတ်ဖြင့် တမင်ပြောခြင်းဖြစ်သည်။
"ကျုပ်အလုပ်ချိန်မှာ လာမနှောင့်ယှက်နဲ့..."
အလုပ်ခွင်ထဲမှာမို့ ဒေါသအား အတက်နိုင်ဆုံးထိန်းကာ ဆိုင်းလော့ဒ် အေးစက်စက်ပြောလိုက်၏။
"ကိုကြီးက ညီလေးအတွက် အနှောင့်အယှက် မဟုတ်ပါဘူး အကူအညီပေးဖို့ လာတာပါကွာ...."
"ခွန်ဂျာ...."
"ဒေါသ မကြီးစမ်းပါနဲ့ ညီလေးငွေလိုနေတာ ကိုကြီးသိတယ်..အဲ့ဒါမို့ ကူညီပေးချင်တာ.."
"အဲ့ဒါ ခင်ဗျားစောက်ကြောင်းလား ရိုက်မသတ်မိခင် လစ်လိုက်တော့..."
"ကိုကြီးက ညီလေးကိုကူညီချင်တာပါ ညီလေးကလည်း ငယ်ငယ်တုန်းကလို ကိုကြီးကို ပြန်ကူညီပေးပေါ့ ဘယ်လိုလဲ...."
ခွန်ဂျာ့၏ မသတီစရာစကားကြောင့် ဆိုင်းလော့ဒ် ဒေါသတွေ တရိပ်ရိပ်တက်လာရပေမဲ့ စိတ်ကိုထိန်း၍ အသက်ပြင်းပြင်း ရှုထုတ်ပြီးမှ....
"စောက်ရှက်မရှိ မျက်နှာပြောင်တိုက်ရတာ တော်တော်ကြိုက်တာလား ဘယ်လောက်အထိ အောက်တန်းကျဖို့တွေးနေတာလဲ..."
ဆိုင်းလော့ဒ်ပြောသော်လည်း ခွန်ဂျာကတော့ ပြီတီတီမျက်နှာပေးဖြင့်သာ ရှိနေကာ...
"ညီလေးက ငယ်ငယ်တုန်းကလို ဘာလို့မလိမ္မာတော့တာလဲ...."
"ခင်ဗျား စောက်ပါးစပ်ကို ပိတ်ထားစမ်း..."
ဆိုင်းလော့ဒ် ခပ်ကြိတ်ကြိတ်ဖြတ်အော်တော့ ခွန်ဂျာက မျက်လုံးမှေးစင်းပြုံး၍...
"တမင်ပြောချင်လို့ လာခဲ့တာကို တကယ်ပြောတာ ငယ်ငယ်တုန်းက ညီလေးရဲ့အရသာလေးကို မြည်းရုံမြည်းလိုက်ရတာ အခုအဝထပ်စားချင်နေတာ ဘယ်လိုလုပ်ရမလဲ...."
ခွန်ဂျာကတော့ ဒေါသလှိုင်းတွေထန်၍ ရင်ဘတ်ကြီးနိမ့်ချည်မြင့်ချည်ဖြစ်လာသော ဆိုင်းလော့ဒ်၏ပုံစံအား သတိမပြုမိပဲဖြင့် ဆက်ပြောနေသည်။
"မင်းရဲ့ပါးစပ်လေးက ငယ်ငယ်တုန်းကလိုပဲနွေးနေအုံးမလား အား..ကိုကြီးအရမ်းသိချင်တာပဲ...."
"ငါxိုးမသား မအေxိုး xီးစကားလာပြောနေတာလား..."
"ခွမ်း...."
ခွန်ဂျာ၏ အရသာခံပြီး အတိတ်ကိုတူးဆွနေသော စကားများကြောင့် ဆိုင်းလော့ဒ်၏ ရွံမုန်းဒေါသစိတ်တို့ မိုင်ကုန်သွားရကာ အနီးရှိပုလင်းအားရိုက်ခွဲ၍ ခွန်ဂျာ၏မျက်နှာတည့်တည့် ထိုးချပစ်သည်။သို့ပေမဲ့ အနီးရှိ စိုးမိုးက လျှင်မြန်စွာ လက်အားဖမ်းဆွဲလိုက်သလို ခွန်ဂျာကလည်း နေရာမှလျှင်မြန်စွာခုန်ထ၍ နောက်ဆုတ်သည်။
"ကိုဆိုင်း ဘာဖြစ်တာလဲ က်ိုယ့်ဆိုင်ကိုလာတဲ့ ဧည့်သည်ကို အဲ့လိုမလုပ်ပါနဲ့ စိတ်လျှော့လေ...."
"ဟေ့ ဟေ့ မင်းတို့ဆိုင်က customerကို သတ်ဖို့ကြံနေတာလား ဘယ်လိုဆိုင်လဲကွ..."
ခွန်ဂျာ တုန်ယင်စွာဖြင့် လက်ညှိုးထိုးပြီး အော်မိအော်ရာ ထအော်သည်။ဆိုင်းလော့ဒ် တကယ်ကြီး ဒီလိုမျိုး ပြုမူမယ်လို့သူမထင်ခဲ့ပေ။ရမ်ဆိုင်းလော့ဒ်က ငယ်ငယ်ကဆို အနေအေးပြီးလူကြောက်တက်တဲ့ကောင်လေး မဟုတ်လား။
"ဟုတ်တယ် ဘာကိစ္စနဲ့ customerကို အသက်အန္တာရာယ်ပေးရတာလဲ ဘယ်လိုဝန်ထမ်းလဲ..."
"အေးလေ customerဆိုတာ သည်းခံရမှာပဲလေ..."
လူတွေအားလုံး သို့လော သို့လော ဖြစ်လာသလို ဝသုန်နှင့်အတူ ဆိုင်ရှင်ပါရောက်ချလာပြီး ဝင်ဖြန်ဖြေကာ ခွန်ဂျာအား တောင်းပန်ကြသည်။ဆိုင်းလော့ဒ်ကတော့ ဒေါသစိတ်တွေ မွှန်ထူကာ မျက်လုံးထဲဘာမှမမြင်တော့ပေ။နောက်ဆုံးသူဌေးအရှေ့ကို ရောက်တော့မှပဲ သတိကပ်တော့သည်။
"customerဆိုတာ ကိုယ့်ထမင်းရှင်ပဲလို့ မင်းတို့ကို ငါအမြဲပြောတယ် ဘာကိစ္စပဲရှိရှိ ပုလင်းကိုခွဲပြီးထိုးရလောက်အောင် မင်းကဘာမို့လဲ လူမိုက်လား ဟမ် ဟျောင့်..."
သူဌေးရှေ့ ခေါင်းငုံ့ထားရင်း တရိပ်ရိပ်တက်လာသော ဒေါသမာနတို့အား လက်သီးတင်းတင်းဆုပ်၍ ဆိုင်းလော့ဒ်မြိုချနေရသည်။
"အခု မင်းခွဲလိုက်တဲ့ပုလင်းက မင်းလစာ တစ်ဝက်ရှိတာသိလား မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ စောက်လုပ်ကို စောက်လုပ်လိုလုပ် ကိုယ့်ကိုယ်ကို သွေးနားထင်ရောက်မနေနဲ့ လူအောက်မကျို့ချင်ရအောင် မင်းကဘာကောင်မို့လို့လဲ မလုပ်နိုင်ရင် ငါ့အလုပ်လာမဆင်းနဲ့...."
အပြတ်အသတ်ပြော၍ ထွက်သွားသော သူဌေးအား ဆိုင်းလော့ဒ် ဘာမှပြန်မချေပန်ိုင်။အခုအချိန်မှာ သူ့အတွက် ခေါင်းငုံ့၍အံ့ကြိတ်ထားဖို့ကလွဲပြီး ရွေးစရာမရှိ။သူ့ရဲ့ တင်္ဒဂဒေါသကြောင့် ဒီအလုပ်ပါပြုတ်သွားခဲ့လျှင် ဆေးရုံပေါ်ရှိ သမီးလေးအတွက် ပိုပြီးခက်ခဲတော့မှာ ဖြစ်လေသည်။ဝသုန်လည်း စိတ်မကောင်းသော မျက်နှာဖြင့် ဆိုင်းလော့ဒ်၏ ပခုံးအား နှစ်သိမ့်သလိုပုတ်ပေးပြီးမှ...
"သူဌေးလည်း ညစ်စရာကိစ္စတွေရှိနေလို့ပါ မင်းလည်းဆေးရုံသွားသွား စောင့်နေရတာဆိုတော့ ဒီညစောစောပြန်နားလိုက်ပါလား ငါကားခေါ်ပေးလိုက်မယ်..."
"ကျေးဇူးပဲ ယောက်ဖ...."
~~~~
"ဒယ်...ဒီ....ရေ ရေ...."
သမီး၏ အသံတိုးဖျော့ဖျော့လေးကြောင့် ဆိုင်းလော့ဒ် ဆတ်ကနဲ ဖြစ်သွားရကာ ဂွမ်းစလေးဖြင့် ခြောက်သွေ့နေသော နှုတ်ခမ်းလေးအား တို့ပေးလိုက်သည်။နိုရာက ရေကို အငမ်းမရလျှာလေးဖြင့် သပ်၍ ပါးစပ်လေးဟစိဟစိ ဖြစ်နေလေသည်။ရင်ဘတ်လေးတွေ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ အသက်ကိုပင်ပန်းတကြီး ရှုရှိုက်နေရသည်။အခုဆို တစ်ပတ်တစ်ခါ ကျောက်ကပ်ဆေးနေရတာတောင်မှ ဆီးမသွားချင်တော့တာကြောင့် ခြေတွေလက်တွေက အနည်းငယ်ဖောင်းတင်းလာပြီ ဖြစ်သည်။ဝမ်းဗိုက်ကတော့ သိသိသာသာကို ပူဖောင်းနေလေပြီ။အရွယ်နှင့်မမျှ ဝေဒနာခံစားနေရသော သမီးအားကြည့်ကာ ဆိုင်းလော့ဒ် လူမသိအောင်ကြိတ်ငိုရလွန်းလို့ ရင်ဘတ်တွေလည်း ကွဲထွက်တော့မည်ထင်သည်။
"ဘာဖြစ်လို့လဲ မီးမီး မောနေလို့လား...."
သမီး၏နဖူးလေးအား သပ်တင်၍ပြောတော့ နိုရာကသိသလိုမျိုး မျက်တောင်လေးတွေခတ်ပြသည်။ဟိုတုန်းက တစ်နေကုန် ပေါက်ပေါက်ဖောက်အောင် စကားပြောတက်တဲ့ ကလေးလေးက အခုတော့ ခေါင်းညိတ်ခေါင်းခါလုပ်ဖို့ကိုတောင် ပင်ပန်းတကြီးကြိုးပမ်းနေရလေသည်။
"အန်ချင်လို့လား မီးမီး ထ ထ ဒယ်ဒီထူပေးမယ်..."
အနည်းငယ်ဖောင်းတင်းနေသော သမီးလေး၏ ကိုယ်လေးအား အသာပွေ့ထူ၍ ခွက်အားထိုးခံပေးလိုက်တော့ နိုရာတို့ အန်ချလေသည်။အန်ပြီးသွားတော့ အားအင်ကုန်ခမ်း၍ ပို၍ မောပန်းသွားသလို ပါးစပ်လေးဟ၍ အသက်ရှုနေလေသည်။
"အမြန်ဆုံး ခွဲစိတ်ကုသနိုင်ရင်တော့ အကောင်းဆုံးပါလို့ ကျွန်တော် အကြံပေးချင်တယ်။ကလေးက ငယ်တော့ ခဏခဏ ကျောက်ကပ်ဆေးနေရတဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့မလွယ်ဘူး။အဲ့ဒါကြောင့် ကျွန်တော်တို့ သဘောကတော့ ခွဲစိတ်ကုသမှုကို အချိန်မဆွဲစေချင်ဘူး..."
ပင်ပန်းကြီးစွာ အသက်လုရှုရင်း မျက်တောင်လေးတွေ ယှက်ပိတ်သွားသော သမီးဖြစ်သူအားကြည့်ကာ ညနေက ဆရာဝန်ကြီးပြောခဲ့သော စကားတွေကို သူပြန်ကြားနေရသည်။ရောဂါ၏နှိပ်စက်မှုကြောင့် ဖောင်းတင်းလာပြီဖြစ်သော သမီး၏လက်ကလေးအား မထိရဲထိရဲဖြင့် ထိကြည့်တော့ လက်ညှိုးက အသားထဲသို့နစ်ဝင်သွား၏။ရင်ဘတ်ထဲအောင့်ကနဲ ဖြစ်သွားရကာ ယောက်ျားတန်မဲ့ မျက်ရည်တွေ တလိမ့်လိမ့်ကျပြီး အော်ငိုချင်လာမိသည်။
!သမီးက ဒီလောက်အထိ ဝေဒနာခံစားနေရတာကို သူကတော့ စောက်ရေးမပါတဲ့မာနတွေ စောက်သုံးမကျတဲ့ သတ္တိကြောင် ကြောက်စိတ်တွေနဲ့..!
!ကိုယ့်အတွက်ကိုယ်ကြည့်ပြီး အတ္တကြီးနေခဲ့တာ ဖအေဖြစ်ဖို့တောင် ထိုက်တန်ရဲ့လားမသိတော့...!
!သမီးရဲ့အမေကို သူမချစ်ခဲ့ဖူးဆိုပေမဲ့ သမီးကတော့ သူ့ဘဝရဲ့အရာအားလုံးဖြစ်သည်။သမီးက သူ့ဘဝမှာ တာဝန်ကျေစွာ ပေးဆပ်ရမည့် တစ်ဦးတည်းသောသက်ရှ်ိလေးဖြစ်သည်!
!သမီးအတွက်ဆို အရာအားလုံးစွန့်လွှတ်ရဲတယ်ဆို အခု ဒီမှာ စောက်သုံးမကျပဲ ဘာလို့ထိုင်ငိုနေတာလဲ..!
!သမီးအတွက် ဘာဖြစ်ဖြစ် စွန့်စားရမှာမဟုတ်လား...!
ဆိုင်းလော့ဒ် ဆုံးဖြတ်ချက်နှင့်အတူ ထိုင်နေရာမှ ဝုန်းကနဲထရပ်သည်။ရေးနွေးသွားယူပြီး အခန်းဝသို့ ပြန်ရောက်လာသော ဂျူလီယာက မျက်ရည်များဖြင့် မောင်ဖြစ်သူ၏ အပြူအမူအား နားမလည်သလို ကြည့်ကာ..
"ဘယ်သွားမလို့လဲ...."
"ပြန်လာခဲ့မယ်...."
အမဖြစ်သူအား အဖြေပြန်ပေးကာ ဆေးရုံခန်းထဲမှ အပြေးတပိုင်းထွက်ခဲ့မိသည်။ဆေးရုံရှေ့အသင့်တွေ့သော တက္ကစီပေါ်သို့ စျေးမမေးပဲ ပြေးတက်ကာ လိပ်စာပြောလိုက်သည်။
"မြန်မြန်မောင်းပေးပါ....."
တက္ကစီဆရာကလည်း အလောတကြီးဖြစ်နေသော သူ့ပုံစံကြောင့် အရှိန်တင်မောင်းပေးသော်ငြား သူ့စိတ်၏အရှိန်ကိုတော့ လိုက်မမှီနိုင်ချေ။လမ်းထိပ်မှာ ကားရှုပ်နေ၍ ကားဆရာက အရှိန်လျှော့ကာ ဘီးလှိမ့်ရုံမောင်းတော့ ဆိုင်းလော့ဒ် စိတ်မရှည်နိုင်တော့ပဲ ပိုက်ဆံပစ်ပေးပြီး ကားပေါ်မှ ပြေးဆင်းခဲ့တော့သည်။မောရပန်းရမှန်းမသိပဲ ရှင်းခန့်၏ အိမ်ရှေ့သို့ အသားကုန်ပြေးလာမိသည်။ဖြစ်နိုင်လျှင် ရှင်းခန့်ဆီက ပိုက်ဆံကိုယူပြီး သမီးအားချက်ချင်း ခွဲစိတ်ပေးလိုက်ချင်လေသည်။ပတ်ဝန်းကျင်မှ အိမ်တွေကားတွေ အနောက်မှာ တရိပ်ရိပ်ကျန်နေခဲ့တာတောင်မှ ပြေးနေရတာကို နှေးသည်ထင်ပြီး အရှိန်ထပ်ထပ်တင်နေမိသည်။ရှင်းခန့်၏ အိမ်ရှေ့သို့ရောက်တော့ နှလုံးသားကြီးတစ်ခုလုံး အပြင်သို့ခုန်ထွက်မတက် မောဟိုက်လို့နေသည်။လူခေါ်ဘဲလ်အား အဆတ်မပြတ်နှိပ်နေမိရင်း သံပန်းတံခါးအား ကန်ဖြိုချင်စိတ်တို့အား ချိုးနှိမ်နေရသည်။ခဏကြာတော့ မီးတွေလင်းလာကာ အဖြူရောင်အရိပ်တစ်ခု တရွေ့ရွေ့ လှမ်းလာတာကို မြင်လိုက်ရ၏။
ဆူဆူညံညံမြည်နေသော လူခေါ်ဘဲလ်သံကြောင့် ရှင်းခန့် အိပ်ချင်မူးတူး ထကြည့်မိတော့ ခြံဝ၌ ဆိုင်းလော့ဒ်၏အရိပ်အား တွေ့လိုက်ရတာဖြစ်သည်။ဘာများဖြစ်လို့လဲဆိုသော စိုးရိမ်စိတ်ဖြင့် ဆင်းချခဲ့တာဖြစ်သည်။အောက်ရောက်တော့ တစ်ကိုယ်လုံးချွေးတွေ ရွှဲနစ်ကာ ရင်ဘတ်အစုံနိမ့်ချည်မြင့်ချည်ဖြင့် မောကြီးပန်းကြီးဖြစ်နေသော ဆိုင်းလော့ဒ်၏ ပုံစံကြောင့် အိပ်ချင်မူးတူးစိတ်တို့ပါ ပျောက်ဆုံးသွားရ၏။
"ညကြီးအချိန်မတော် ဘယ်လိုဖြစ်လာတာလဲ ဘာဖြစ်လို့လဲ..."
ရှင်းခန့်က သူ့ထုံးစံအတိုင်း ခပ်တိုးတိုးမေးသည်။ဆိုင်းလော့ဒ်က ပေါင်ပေါ်သို့လက်နှစ်ဖက်တင်ကာ ခန္ဓာကိုယ်အား ကုန်းကွ၍ အသက်ကိုလုရှုနေပြီးမှ မိမိဖက်သို့ စောင်းငဲ့ကြည့်လာပြီး....
"ခင်ဗျားပြောတာကို လက်ခံတယ်..."
"...."
"ကျွန်တော်....ခင်ဗျားရဲ့ အဖော် လုပ်မယ်..."
ဆိုင်းလော့ဒ်ဆီမှ တစ်လုံးချင်းဖြေးညှင်းစွာ ထွက်လာသောစကားကြောင့် ရှင်းခန့်၏ မျက်ခုံးတို့မြင့်တက်သွားရတော့သည်။ဒီစကားပြောဖို့အတွက်နဲ့ ညကြီးအချိန်မတော် ပြေးလွှာလာတာတဲ့လား။
အတွေးနှင့်အတူ ရှင်းခန့်ခပ်ပါးပါးပြုံးမိကာ လက်တစ်ဖက်အား ဆိုင်းလော့ဒ်ရှေ့သို့ ဆန့်တန်းထုတ်ပေးလိုက်သည်။ဆိုင်းလော့ဒ်က ခန္ဓာကိုယ်အား ပြန်မတ် ရှင်းခန့်၏လက်ချောင်းသွယ်လေးများအား ပြန်ဆုပ်ကိုင်လာ၏။
!တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသော လက်တစ်စုံဟာ နောင်ဘယ်အချိန်အထိများ ဆက်လက်ဆွဲကိုင်ထားမိကြမလဲဆိုတာတော့.....!
~~~~
AN.အရှည်ကြီး ရေးထားပေးတယ်။အက်ပုဒိတ်လည်းမှန်တယ်။အဲ့ဒါ စျေးဗန်းဝိုင်းခင်းပေးကြ😁။စျေးဗန်လေးတွေတွေ့တော့ ဒီစာရေးသူလည်း အမောပြေတာပေါ့...။