Behind the lust for a man(Com...
By YitDaungNyo_15
265K 13.4K 616
ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More
BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (3) Zawgyi
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Unicode
BTLFAM (8) Zawgyi
BTLFAM (9) Unicode
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (11) Zawgyi
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Zawgyi
BTLFAM (15) Unicode
BTLFAM (15) Zawgyi
BTLFAM (16) Unicode
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Unicode
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (23) Zawgyi
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic
BTLFAM (14) Unicode
4.8K 361 22
By YitDaungNyo_15
Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)
အပိုင်း(၁၄)
ညဉ့်နက်လာလေ ပတ်ဝန်းကျင်၏အသံတွေသည် တိုးတိတ်လာလေလေဖြစ်သည်။ ထိုအထဲမှ ကောင်းကင်ယံကိုကြည့်ကာ သက်ပြင်းခဏခဏချနေကြသည့် လူသုံးယောက်သည် တမူထူးခြားနေလေသည်။
ဘာအကြောင်းများရှိလို့ပါလိမ့်..။
Aprilသည် Bellaကိုလှမ်းကြည့်လိုက်သည်။ Bellaသည်လည်း ခေါင်းညိမ့်ပြလေသည်။
" Baz ငါပြောစရာရှိတယ်..မင်းသိချင်ပါ့မလား မသိပေမယ့် ဒီနှစ်တော့ ငါပြောမှဖြစ်မယ် "
April၏ စကားပလ္လင်ခံမှုကို ဝိုင်သောက်မပျက်ဘဲကြည့်နေသော Baz..။ Baz၏မျက်နှာအမူအရာကို စူးစမ်းနေသော Bella..။
" ဒီကိစ္စ မင်းကိုဖုံးကွယ်ထားတာ (၂၈)နှစ်ရှိပြီ.."
Aprilလေးလေးပင်ပင်ပြောနေလေသည်။ ကိုယ့်အစ်မဖြစ်သူ၏ အချစ်ကြီးသလို အမျက်ကြီးရသည့်အကြောင်းကို တူဖြစ်သူနားလည်ပါမည်လား။ လွန်ခဲ့တဲ့(၂၈)နှစ်ကထဲက ဒီအကြောင်းအရာကိုBazအိမ်ထောင်ကျပြီးတော့မှ သူ့ရဲ့မွေးနေ့မှာ ပြောပြမယ်ဟူ၍ သူမတို့နှစ်ဦးဆုံးဖြတ်ခဲ့ကြသည်။ သူမတို့ ဆုံးဖြတ်ချက်သည် မှန်ပါ့မလား။
" မင်းMommyပိုးလုံးလေးရဲ့ အလောင်းကို ငါတို့မီးမသင်္ဂြိုလ်ထားဘူး..ဆေးရည်စိမ်ပြီး..."
Bazသည် လက်ကာပြလိုက်ပြီး လက်ထဲရှိဝိုင်ကို မော့လိုက်သည်။ သူသည် လေးဖင့်နေသော စကားတွေကိုမကြားချင်ပေ။
" Relax Ladies..ဒီကိစ္စတွေကို ကျွန်တော်မသိဘူးလို့ထင်ကြတာလား..နိုး နိုး..နံရံတိုင်းမှာ နားတွေရှိတယ်..ကျွန်တော်သိတာ (၁၈)နှစ်ကျော်ကျော်ပဲရှိသေးတယ်.."
" ဟင်..သားက သိနေခဲ့တာလား "
Maxiyo၏ဂိုဏ်းခေါင်းဆောင်သည် မျက်နှာငြိုးကျသွားလေသည်။ သူမသည်လည်း ဘာသားနဲ့ထုထားတာမို့လဲ.. သူမလည်း သူမသား၏အမုန်းကိုမခံနိုင်ပါ။
" ကျွန်တော်သိနေခဲ့တယ်..ဒါပေမဲ့ Momကမသိစေချင်တဲ့ကိစ္စကို ကျွန်တော်အတင်းမမေးချင်ဘူး..သိနေခဲ့ပေမဲ့ Momကိုကျွန်တော်နားလည်တယ်..ကျွန်တော်ဆိုရင်လည်း ဒီလိုလုပ်မိမယ်ထင်တယ် "
" အို..သားရယ် "
Bellaသည် ထိုင်ခုံမှထပြီး သားဖြစ်သူကိုသွားဖက်ကာ ငိုသည်။ သူမရင်ထဲက အစိုင်အခဲကြီးတစ်ခုက ဒီနေ့ပဲပြိုသွားတော့ ပေါ့ပါးသွားလေသည်။
" Mom မနက်ကျရင် အချစ်ရဲ့ရုပ်အလောင်းကို သင်္ဂြိုလ်တော့မယ်..ဒီလောက်ဒဏ်ခတ်ထားရင် တော်ပါပြီ.."
" Momစိတ်တိုင်းကျလုပ်ပါ..ဒါဆို မနက်ကျရင် ကျွန်တော်လာခဲ့မယ်..အခုတော့ ကျွန်တော်ပြန်မှဖြစ်မယ် "
" ဟုတ်ပြီ..အရမ်းနာကျင်ရရင်လည်း လက်မလျှော့လိုက်နဲ့..အချစ်မှာ ချစ်ရဖို့နဲ့အချစ်ခံရဖို့နှစ်ခုပဲရှိတယ်..အချစ်ခံရဖို့ကတော့ရှည်ဝေးတယ် ချစ်ရဖို့ကတော့လွယ်ကူတယ်..Momတို့လိုလူတွေအတွက် အချစ်ခံရဖို့ကြိုးစားရတာက ပိုပင်ပန်းတယ်၊ ပိုနာကျင်ရတယ်။ ဒီအတိုင်းလေး ချစ်နေမယ်ဆိုရင် နာကျင်နေတဲ့ကြားကနေ ပြုံးနိုင်လိမ့်မယ် "
" Thanks Mom.."
Mom၏ ပခုံးလေးကို အသာပုတ်ပြီးနှစ်သိပ်ပေးလိုက်သည်။ ပြီးနောက် အေးအေးလူလူအရက်သောက်နေသည့် Aprilဘက်လှည့်ပြီး ခပ်ဟဟရယ်ကာ..
" ငါသွားတော့မယ် April..အရမ်းမသောက်နဲ့ အန်ဖက်စို့သေရင်နင့်မိန်းမကို တာဝန်မယူပေးနိုင်ဘူး "
" အံ့ဩဘ ကိုယ့်လူရယ်..မနက်မိုးလင်းထဲက အရက်နဲ့မျက်နှာသစ်လာတဲ့လူကို.."
" လူဆိုးမ..အရက်သမားမ..ငါ့လိုလူလိမ္မာလေးလုပ်စမ်းပါ.."
" ဟုတ်ကဲ့ပါ လူလိမ္မာကြီးရယ်..အိမ်တော့မပိုင်ဘူးမလား လစ်ပါတော့ "
" အင်း "
Baz နင် သွားရသည်။ တကယ်လည်း လက်ထပ်ပြီးမှ အိမ်မပြောနဲ့ ကိုယ့်ကိုကိုယ်တောင်မပိုင်ချေ။
Loganစိတ်နဲ့ အိပ်ရာဝင်ပြီး Loganစိတ်နဲ့နိုးထလာရတယ်။ Loganနောက်ပဲ တကောက်ကောက်လိုက်ပြီး Loganနားမှာပဲအချိန်တွေကုန်ဆုံးတယ်။ Loganကြောင့်ပဲ ဒဏ်ရာရပြီး Loganကြောင့်ပဲလူသတ်ရတယ်။ Loganကြောင့်ပဲ နာကျင်ပြီး Loganကြောင့်ပဲ ပျော်ရွှင်ရတယ်။
ဒီအကြောင်းတွေ၏အရင်းခံသည် Loganကိုချစ်လို့..။ ဟုတ်တယ်..။ Loganကိုအရမ်းချစ်လို့..။ တစ်ခါနာကျင်တိုင်း တစ်ဆတိုးချစ်တယ်။
သူကတော့ မလွတ်မြောက်ခြင်းတွေနဲ့မချည်နောင်ပါဘူး။ ကိုယ်ကသာ မလွတ်မြောက်ချင်လို့ တိုးဝင်သွားခဲ့တာ။ ဘာပဲပြောပြော မင်းဆီက ကိုယ်မလွတ်မြောက်နိုင်ဖို့က အရေးကြီးဆုံးပဲမဟုတ်လား..။
Baz၏ကားလေးသည် လူရှင်းစပြုနေသော လမ်းမထက်၌ မမြန်သည့်နှုန်းနှင့် ပြေးလွှားနေသည်။ Baz Mommyပိုးလုံးကို သင်္ဂြိုလ်မှ သေချာထပ်ကြည့်ဖြစ်တော့မည်။ မကွာသော နာရီတွေကို ဘာလို့များမိုင်ခြားနေသည့်အိမ်ကိုပြန်သလဲဆိုရင် စိတ်မချလို့..။ ကိုယ့်ရှေ့မှာတောင် ပေါ်တင် ဖောက်ပြန်တဲ့ချစ်ရသူကို စိတ်မချလို့..။
Baz၏ကားလေးသည် စံအိမ်ရှေ့၌ တိခနဲရပ်သွားလေတော့သည်။ Bazသည် ကားရပ်သွားသည်နှင့် စံအိမ်ထဲသို့ဝင်လာသည်။
" မင်္ဂလာပါ Mr..မွေးနေ့အတွက်ဂုဏ်ပြုပါတယ် Mr.."
Tigသည် လက်ဆောင်သေတ္တာတစ်ခုကိုကိုင်ကာ ခေါင်းကိုငုံ့ပြီး စက်ရုပ်တစ်ရုပ်လို မနားတမ်းပြောနေသည်။ Bazသေတ္တာကိုယူလိုက်သည်။ ထိုသေတ္တာသည် အနက်ရောင်ဖြစ်ပြီး သေးပေမယ့် နစ်နေသည်။
" ကျေးဇူးပါပဲ.."
ဘယ်သူပေးတာလဲ Bazမမေးချေ။ ရောင်ခြည်သမ်းနေတဲ့ မျှော်လင့်ခြင်းတွေက မြူမှုန်တစ်မှုန်စာလောက်တောင်မကျန်တော့ပဲ ပျောက်ကွယ်သွားခဲ့ရရင် နာကျင်ရမှာက ကိုယ်ပဲမလား။
Bazသေတ္တာကိုကိုင်ကာ အပေါ်ထပ်သို့ တဖြေးချင်းတက်လာခဲ့သည်။ မွေးနေ့ဆို ပျော်ရွှင်မနေတတ်ပဲ ‌အကြောက်လွန်နေခဲ့တဲ့စိတ်ကို လူတွေမမြင်အောင်ဖုံးကွယ်ထားရတာ သိပ်ကိုပင်ပန်းလွန်းလို့ Bazနားချင်နေပြီဖြစ်သည်။
ဟုတ်သည်။ Baz၏မွေးနေ့မှာ မိခင်ကိုဆုံးရှုံးထားရတယ်။ အဖိုးကိုဆုံးရှုံးထားရတယ်။ ဂိုဏ်းသားတွေ၊သူများမိသားစုရဲ့အိမ်ထောင်ဦးစီးတွေကို ဆုံးရှုံးထားရတယ်။ ဦးငယ်လေးကို ဆုံးရှုံးထားရတယ်။ မွေးလာကထဲက အဆုံးအရှုံး၊အပျက်အစီးတွေပဲသယ်လာတဲ့ ကလေးတစ်ယောက်လို့ နုနယ်တဲ့ နှလုံးသားလေးကို ပတ်ဝန်းကျင်က အရောင်ခြယ်တိုင်း ဝမ်းနည်းခဲ့ရတယ်၊ကြောက်ရွံ့ခဲ့ရတယ်။ အထူးသဖြင့် နောက်ထပ်မိသားစုဝင်တစ်ယောက်၊ဂိုဏ်းသားတစ်ယောက်ကိုထပ်ဆုံးရှုံးခဲ့ရရင်ဆိုတဲ့ စိတ်သည် နှနယ်တဲ့နှလုံးသားကို အမြဲအားငယ်ကြောက်ရွံ့စေသည်။
အစွန်းအထင်းသိပ်လွယ်တဲ့နှလုံးသားသည် ပတ်ဝန်းကျင်၏ ကာလာစုံခြယ်သမှုအောက်မှာအသားကျခဲ့ရသလို၊ ထိုးနက်မှုများကြောင့်လည်း အကာအကွယ်မဲ့စွာ နာကျင်ခဲ့ရတယ်။
Bazတကယ်အကာအကွယ်မဲ့ခဲ့ပါသည်။ Momသည်လည်း ဂိုဏ်း၏ကိစ္စအရပ်ရပ်ကြောင့် အချိန်မပေးနိုင်သလို Aprilသည်လည်း အနီးမှာရှိမနေခဲ့ပါ။
Bazသည် Maxiyoရဲ့သခင်လေးတစ်ယောက်ဖြစ်ပြီး ငယ်ရွယ်လွန်းချိန်မှာ စိတ်ဒဏ်ရာပေါင်းများစွာကိုလက်ဝယ်ရရှိထားသော လူတစ်ယောက်လည်းဖြစ်ပေသေးသည်။
ငယ်ရွယ်ချိန်ထဲက လူသေကောင်ပမာနေထိုင်လာသော..အသက်မဲ့သခင်လေးသည် နာကျင်မှုတွေကို ထုတ်မပြတတ်တော့ခြင်းဟူသော ဂုဏ်သတ္တိတစ်မျိုးကို ပိုင်ဆိုင်ထားပြန်သည်။
Bazအပေါ်သို့မိနစ်အနည်းငယ်ကြာမှရောက်လာလေသည်။ မှိုင်တွေလာသော စိတ်သည် အဆုံးစွန်ထိကြောက်ရွံ့မှုကို ပေးစွမ်းနေ၍ အနားယူရန် အခန်းဆီဦးတည်ပြီး
ဝင်လာခဲ့လေသည်။
သို့သော်..သို့သော် ခါးသက်လှတဲ့ မြင်ကွင်းကို ရွံရှာဖွယ်တွေ့မြင်လိုက်ရသည်။ ဘာကြောင့်များလဲ..။ ‌ကံကြမ္မာကြီးက သူ့ကိုငယ်ငယ်ရွယ်ရွယ်နဲ့ ရူးသွားစေချင်နေတာလား။
သူတို့နှစ်ဦးရဲ့အနားယူရာ၊ အပြာရင့်ရောင်ညတစ်ည ဖန်တီးခဲ့ဖူးရာ ဤမွေ့ရာအိအိထက်ဝယ် ဆေးခတ်ဖူးသည့်ကောင်ကိုခေါ်ကာ ဗလာကျင်းဆက်ဆံနေသည့် ဒီလူသားသည် လူမှဟုတ်လေစ။
ထိုသူနှစ်ဦး၏ ရမ္မက်သံတွေသည် Baz၏နားစည်အတွင်းသို့ ပဲ့တင်ထပ်လာလေသည်။ Bazအံ့ကို တင်းတင်းကြိတ်ထားရ၍ မေး‌ရိုးတွေပင် ကွဲထွက်လုပင် ထိုးထောင်နေသည်။ အညိုဖျော့ရောင်မျက်ဝန်းတွေတွင်သွေးဆာနေသော အရိပ်အယောင်များဖြတ်သန်းသွားလေတော့သည်။
Bazအခန်းထဲသို့ မြန်မြန်သွားပြီး လက်ထဲရှိ သေတ္တာကို မှန်စားပွဲခုံထပ်ဝယ် ကျားရဲတစ်ကောင်လိုအားအင်ဖြင့် ပြစ်ချလိုက်လေသည်။
ဗုန်း* ခွမ်း*
မှန်စားပွဲခုံသည် ပင့်ကူတစ်ကောင်၏နေရပ်လို ကြေမွသွားလေတော့သည်။ ထိုအချင်းအရာကိုမြင်လေသော လူတစ်ယောက်သည် မဲ့ပြုံးကိုဖန်ဆင်းကာ ရိသဲ့သဲ့စကားနာထိုးလေသည်။
" လူမှုရေးမသိတတ်ဘူးလား..ဆူညံနေတာပဲ"
" ဘာလဲ ဒီလိုမြင်ကွင်းမျိုး မမြင်နိုင်တာလား..သဝန်တိုတာလား ဟမ်း..ဟား ဟား..၊ မင်းသိထားဖို့က မင်းမှာအဲ့လိုလုပ်ပိုင်ခွင့်ရှိလို့လား"
စကားများနေသူနှစ်ယောက်ကိုကြည့်ကာတစ်စုံတစ်ယောက်သည်လည်း ခပ်ပြုံးပြုံးဖြစ်သွားတော့သည်။ ထိုသူကတော့ Richardဖြစ်ပေသည်။ ဟုတ်သည်။ Richardက Loganကိုဆေးခတ်ခဲ့သူဖြစ်သည်။ ဆေးခတ်ခံရတုန်းကတော့ စကားကြီးစကားကျယ်ပြောပြီး အခုတော့ စားနေကျကြောင်ပါးကြီးသည် ဒီအတိုင်းပါပဲ။
" ငါ့မှာလုပ်ပိုင်ခွင့်ရှိလို့လား ဟုတ်လား ဟမ်.!..မင်းနဲ့ငါက တရားဝင်လက်ထပ်ထားတယ် ဒါကြောင့်လဲ ငါ့မှာလုပ်ပိုင်ခွင့်ရှိတယ်"
" စာချုပ်တစ်ခုပေါ်မှာ လက်မှတ်ထိုးထားရုံပဲ..အဲ့စာချုပ်က သက်ဆိုင်မှုကိုပဲပြတာ! ငါကမင်းကို မချစ်သ၍ မင်းကလည်း ငါ့ကို သဝန်တိုခွင့်မရှိဘူး! "
ဆက်နွယ်မှုမပျက်ပါပဲ ခပ်မဲ့မဲ့အပြုံးဖြင့် ဒေါသစွနေသော Loganကိုကြည့်ကာ Baz၏စိတ်တို့ ဝေဝါးလာရချေသည်။ ဒီတစ်ခါရော အကာအကွယ်မဲ့ပြန်သည်လား။
" ငါက မင်းကို..မင်းကို အားး! ဒုန်း! ခလွမ်း!"
Baz၏စိတ်တို့သည် လွတ်ထွက်သွားရချေသည်။ ဟုတ်သည်။ Baz ဒီတစ်ကြိမ်လဲ အကာအကွယ်မဲ့သွားရချေပြန်သည်။ ပင့်ကူနေရပ်သဖွယ် ယှက်လိမ်နေသော မှန်စားပွဲခုံထက်ဝယ် သွေးချင်းချင်းနီသွားရသည်။ Baz၏လက်တွင်လည်း မှန်စ အကြီး၊အငယ်တို့က စိုက်နေသေးသည်။
တဖြေးဖြေးချင်းစုတ်လာ‌လေလေ သွေးချင်းချင်းတို့သည် ကြမ်းခင်မှာ အိုင်လာလေလေဖြစ်သည်။ မှန်စကြီးကြီးသည်လည်း လက်ဖဝါးကို ဖောက်ကာဝင်သွားချေသည်။
ထိုသည်အထိ အသိစိတ်ကင်းလွတ်ကာ မျက်ရည်တစ်စက်မျှမကျချေသော Baz..။
သူ၏စိတ်ထဲတွင်ကြီးစိုးနေခဲ့သည်က မွေးကထဲက သေဆုံးခြင်းပေါင်းများစွာ ခွဲခွာခြင်းပေါင်းများစွာကို သယ်ဆောင်လာခဲ့သူ။ လူအများ၏ ဟန်ဆောင်မှု၊ပြစ်ပယ်မှုတွေရဲ့ ဒဏ်ကိုခံလာရသူ။
လူတိုင်းကိုလည်း သူမချစ်သလို လူတိုင်းကိုလည်း သူမမုန်းပါဘူး။ လူတိုင်းကသူ့ကိုချစ်မှာကို သူမကြောက်ဘူး။ သူချစ်တဲ့လူအနည်းစုက သူ့ကို မချစ်မှာတော့ သူကြောက်တယ်။
" Baz..Baz သတိထားပါအုံးကွာ ကိုယ်မှားတာမို့ ကိုယ်တောင်းပန်ပါတယ် ဒီလိုကြီးတော့မနေပါနဲ့ကွာ"
Loganတစ်ယောက် ကုတင်ပေါ်မှ အမြန်ဆင်းကာ ပွစာကျဲနေသည့် ဖန်ကွဲစတွေကိုမမှုဘဲ အသိစိတ်လွတ်ကင်းနေသူအနားကို အမြန်သွားလိုက်သည်။ သွေးစက်လက်နှင့်အသိစိတ်လွတ်ကင်းနေသူကို ကြည့်ကာ ရင်ထုမနာဖြစ်နေရတော့သည်။
" အသိဝင်ပါတော့ Bazရာ..ကိုယ်တောင်းပန်ပါတယ် ကိုယ်မင်းကို ဒီလိုပြောလိုက်ဖို့မသင့်ဘူး.."
Loganတစ်ယောက် Baz၏စုတ်ထားတဲ့ လက်သီးစုတ်ကို ဖွဖွလေးကိုင်ကာ ဖြေလျော့ဖို့ကြိုးစားနေလေသည်။ သူတကယ်ပူပန်နေပါသည်။ အမြဲတမ်းရန်ဖြစ်နေကြသည့် သူတို့နှစ်ယောက်အဖို့ သူဒီနေ့ပြောသောစကားများသည် မလွန်ချေ။ သို့သော် သူ၏တရားဝင်လင်ယောင်္ကျားက စိတ်လွတ်တဲ့အထိ သူ့ကိုယ်သူ ဒုက္ခပေးနေချေပြီ။
Loganကြည့်နေစဉ်မှာပင် အရောင်ဖျော့ကာ သွေးတို့ကင်းစင်လာသော Baz၏ခန္ဓာကိုယ်သည် စတင်ယိုင်နဲ့လာတော့ချေသည်။ Loganအမြန်ပင် ထွေးပွေ့ပြီး အရေးပေါ်ခလုတ်ကိုနှိပ်ကာ..
" Tig.! အမြန်တက်ခဲ့.!"
ဟိန်းထွက်လာသော အသံကြီးအောက်မှာ ဆယ်ယောက်ထက်မနည်းသော လူခြေသံတွေကိုကြားရတော့သည်။ ပြီးနောက် တံခါးပွင့်သွားသည်။ Logan၏ အဝတ်မဲ့နေသော ခန္ဓာကိုာ်ကြောင့် ဝင်လာသော ဒေါင်ကောင်းကောင်းနှင့်လူများခေါင်းငုံ့သွား‌သည်။ Tigကတော့ တဘတ်တစ်ခုရှာကာ Logan၏ခါးအောက်ပိုင်းကိုပတ်ပေးလိုက်သည်။
" ဆေးရုံသွားမယ် "
" အဆင်သင့်ဖြစ်ပါပြီ boss "
Logan Baz၏ခန္ဓာကိုယ်ကို မ ချီကာ ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွားသည်။ သူတို့၏နောက်သို့ ပြေးလိုက်သွားသော လူတစ်စုလည်းရှိသေးသည်။ ထိုအချင်းအရာကိုကြည့်ကာ စိတ်တိုက်းမကျသည့် လူတစ်ယောက်သည်လည်း ကုတင်ပေါ်မှာလူးလိမ့်နေလေသည်။
ကားပေါ်ရောက်သည်အထိ Logan Bazကိုရင်ခွင်ထဲက မချချေ။ ကားများသည်လည်း အမြန်လမ်းမထက်ဝယ် လျင်မြန်သော အရှိန်နှင့်မောင်းနှင်နေသည်။ များမကြာမီ Blakeimotan၏ပိုင်ဆိုင်မှုထဲက တစ်ခုဖြစ်သည့် ဆေးရုံရှေ့သို့ ရောက်လာခဲ့သည်။
ဆေးရုံ၏ရှေ့၌ အဆင်သင့်စောင့်နေသည့် ကုတင်၊အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများကို ‌တွေ့ရပေမည်။ ကားရပ်သည်နှင့် Baz ကိုပွေ့ထားကာ ဆင်းလာသော Loganသည် ခါး၌တဘတ်တစ်ထည်သာရှိသည့်တိုင်အောင် ‌အရှိန်အဝါအပြည့်နှင့်ဖြစ်သည်။ သူ၏ရင်အုပ်ကျယ်ကျယ်တွင်လည်း သွေးတွေစီးကျနေသည်။
" ဘာရပ်လုပ်နေကြတာလဲ.! လူနာကိုမကုကြဘူးလား.! "
" ဟို..ဟို Master ကုတင်ပေါ်တင်‌ပေးပါ "
" အချိန်မဆွဲနဲ့.! ကျုပ်ယောင်္ကျားတစ်ခုခုဖြစ်ရင် ခင်ဗျားတို့မလွယ်ဘူး.! "
ထိုသို့ပြောကာ ဆေးရုံအတွင်းသို့ ‌အလောတကြီးဝင်သွားသော Logan၏နောက်သို့ ဆရာဝန်များ၊သူနာပြုများနှင့် bodyguardများသည် တစ်တန်းကြီးပါသွားလေသည်။
အရေးပေါ်ခန်းအတွင်း၌ ကုတင်ပေါ်တွင် ‌ဖြူဖျော့နေသောလူတစ်ယောက်နှင့် ထိုလူကိုဝိုင်းကယ်နေသော ဆေးဝန်ထမ်းများသည်လည်း ပြာယာခက်နေကြသည်။ သူတို့သည် ထောင့်တစ်နေရာက စူးရှရှမျက်ဝန်းတစ်စုံ၏ မှားတာနဲ့သတ်မယ်ဆိုသော အကြည့်‌ကိုမခံနိုင်စွာ ထိုလူကိုအလောတကြီး ကယ်နေကြသည်။
Baz၏လက်ဖဝါး၌ စိုက်ဝင်နေသော နှစ်လက်မခွဲကျော်ကျော်ရှိသော မှန်ကွဲစကို ထုတ်လိုက်ချိန်၌ သွေးတွေပိုလျှံကျလာပြီး ပိုအားနည်းလာလေသည်။
တီ.! တီ.!
" သွေးဖိအားကျနေပြီ ဆရာ "
" လိုအပ်တဲ့သွေးထက်ဖြည့် "
" AB+သွေးက မရှိတော့ဘူးဆရာ "
" ဟာ မြန်မြန်ရမှဖြစ်မယ် လူနာရှင်ကိုပြောပြီး အမြန်ရှာခိုင်းလိုက် "
ဖိအားတိုင်းကိရိယာတွေ၏အသံသည် ဆူညံနေသည်။ ထိုထဲမှ ခပ်သဲ့သဲ့ကြားရသော ဆရာဝန်၏အသံသည် Logan၏နားစည်သို့ တိုက်ရိုက် ရိုက်ခတ်လာလေသည်။
" သွေးကဘယ်မှာရနိုင်မလဲ "
အေးစက်စက်အသံကြောင့် ဆရာဝန်တွေကျောချမ်းသွားရလေသည်။
" သွေးစင်တာတွေ ဒါမှမဟုတ် သွေးသားနီးစပ်သူတွေဆီမှာ ရနိုင်ပါတယ် "
" အင်း "
Logan တဘတ်တစ်ထည်နှင့်သာရှိသေးပေမယ့် သွေးရှာဖို့ အရေးပေါ်အခန်းထဲမှ ထွက်လာလေသည်။
" Tig သွေးစင်တာမှာ AB+သွေးအမြန်သွားရှာ "
" ကျွန်တော်အခုသွားရှာပါမယ် boss..VVIP roomထဲမှာ bossဖို့အင်္ကျီထည့်ထားပြီးပါပြီ "
" အင်း "
Loganနှင့် Tigသည် အတူယှဉ်တွဲကာ ထွက်လာလေသည်။ ပြီးနောက် Tigက သွေးရှာဖို့ထွက်သွားပြီး Loganသည်လည်း အင်္ကျီဝတ်ဖို့ထွက်လာလေသည်။
______________________________
25.3.22
ဒီည updateထက်လာပါမယ် ကိုယ့်wallထဲမှာ The Oceanဆိုတဲ့ ရေသူထီးလေးနဲ့ လူသားလေးရဲ့ဇာတ်လမ်းလေးကို ကိုယ် updateမပေးခင် သွားဖတ်ကြည့်ပေးဖို့ တောင်းဆိုပါရစေ🥺
Continue Reading
You'll Also Like
119K 12K 81
ရှေးခေတ်သမိုင်းကြောင်းကို စိတ်ကူးးပြီးးရေးးထားးလို့ တကယ့်အစစ်အမှန်တိုင်း နာမည်တွေထပ်တူ မကျ ပါဘူးးရှေးခေတ်ဘုရင် များကို စော်ကားးလိုခြင်းးတစ်စိုးးတစ်စိ...
301K 27.9K 64
93.1K 9.9K 35
ပရလောကကိုစိတ်ဝင်စားတဲ့သန့်မင်းသွင်ဆိုတဲ့ချာတိတ်လေးကိုမိဘတေကမွှေလွန်းလို့ဦးလေးရှိတဲ့ရိုးမတောင်ခြေကိုပြည်နှင်ဒဏ်ပေးရာကနေ...တစ်ကိုယ်တော်ရွက်လွှင့်ပြီးပေ...
502K 60.4K 54
The boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits.What will happen when a ghost comes to h...