နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

686K 107K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 1.2

11.7K 1.3K 27
By KimHsuYoon99

(Unicode)

လိပ်ပြာအိပ်မက်

ထိုလူက တစ်ခါတုန်းက သူ့ကိုပြောခဲ့တယ်။"ပိုင်မု ကိုယ်မင်းကိုကြိုက်တယ် တွဲရအောင်".အဲ့ဒီနှစ်မှာ သူတို့ချစ်သူတွေဖြစ်လာခဲ့ကြတယ်။

သူအိမ်ကနေမောင်းထုတ်ခံရတဲ့အချိန်က အဲ့ယောက်ျားက သူ့ကို ပြောခဲ့တယ်။"မစိုးရိမ်ပါနဲ့ ၊ကိုယ်မင်းနဲ့အမြဲတူတူရှိသွားမှာပါ ပြီးတော့ မင်းအပေါ်ကောင်းပေးပါ့မယ်၊ကိုယ်တို့အသက်အရွယ်အိုမင်းလာတဲ့အထိတူတူရှိသွားကြမယ်"

သူ့ရဲ့အတန်းဖော်တွေ လက်ထပ်တာကို သူမြင်ခဲ့ရတဲ့အချိန်က သူက စိတ်မသက်မသာဖြစ်ခဲ့ရတယ်။သူတို့က နေရောင်အောက်မှာ ဘယ်တော့မှ မရပ်နိုင်မယ့်အပြင် လူတိုင်းရဲ့ကောင်းချီးတွေကိုလည်း လက်ခံရရှိနိုင်မှာမဟုတ်ဘူး။ အဲ့လူက သူ့ကို နှစ်သိမ့်ပေးခဲ့တယ်။"မုမု စိတ်မကောင်းမဖြစ်ပါနဲ့၊ ကိုယ်တို့ပိုက်ဆံလုံလုံလောက်လောက် စုဆောင်းပြီးသွားရင် နိုင်ငံခြားသွားပြီး လက်ထပ်ကြမယ်၊ တခြားသူတွေရဲ့ထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်လာမှာကို မင်း စိုးရိမ်နေရင် အနာဂတ်ကျရင် ကိုယ်တို့နိုင်ငံခြားမှာပဲ အခြေချကြမလား?"

ဒီမြင်ကွင်းတွေက သူ့ဆီရွေ့လျားလာပြီး ဘ၀ရဲ့ပျော်ရွှင်ရဆုံးမြင်ကွင်းတွေကို သူ့ကို ပြန်သတိရစေတယ်၊အဲ့ဒါတွေက အိပ်မက်တွေသာ ဖြစ်ခဲ့သလိုမျိုးပဲ။မျက်ရည်တွေက ပိုင်မုရဲ့အမြင်ကို ဝေဝါးစေပြီး *ပိရန်အတွဲရဲ့မျက်နှာတွေကို သူမမြင်ရတော့ဘူး။အရာရာတိုင်းက အရမ်းကို ပြောင်းလဲသွားပြီ။

သူနေမကောင်းတဲ့အချိန်တိုင်း ဆေးသောက်ဖို့ သူ့ကို နူးနူးညံ့ညံ့ချော့တတ်တဲ့သူ၊ သူစိတ်အခြေအနေမကောင်းတဲ့အချိန်တိုင်း သူပျော်ရွှင်လာအောင် အမြဲလုပ်ပေးတတ်တဲ့သူက ဒီမှာ ဒီထက်ပိုပြီးမရှိတော့ဘူး။ဘာကြောင့် ရုတ်တရက်ကြီး ဒီလိုမျိုး ဖြစ်သွားရတာလဲ။*ကျွမ်းကျိုးရှောင်က လိပ်ပြာတွေကြောင့် ဆွဲဆောင်ခံရပေမယ့် သူကတော့ အိပ်မက်မက်နေတဲ့သူတစ်ယောက်ဆိုတာ သူမသိခဲ့ဘူး။သူအခု နိုးသွားပြီလား?

ပိုင်မုက မျက်ရည်တွေကို သုတ်ပစ်၊ လေးလံတဲ့ခြေလှမ်းတွေကို မပြီး အတွဲအသစ်လေးဆီ လျှောက်သွားခဲ့တယ်။

"မင်းဘာလို့ ဒီမှာရှိနေတာလဲ?ရှန်ဂရီလာမှာ ရှိနေသင့်တာ မဟုတ်ဘူးလား?"ကျိုးကျစ်ရွေ့က သူ့ကိုမြင်တဲ့အခါ အံ့အားသင့်သွားပေမယ့် သူ(ပိုင်မု)ပေါ်လာဖို့ကို သူ(ကျိုးကျစ်ရွေ့)မမျှော်လင့်ထားခဲ့ဘူး။

"ငါ  တစ်စုံတစ်ယောက်ကို အံ့အားသင့်စေချင်ခဲ့ပေမယ့် အခုကြည့်ရ‌တာတော့ အဲ့ဒါလုပ်ဖို့ ဒီထက်ပိုပြီး ငါမလိုတော့ဘူးထင်ပါတယ်"ပိုင်မုက ငိုနေတာတာထက် ပိုပြီး ရုပ်ဆိုးတဲ့ အပြုံးတစ်ပွင့်ကို ပြလိုက်တယ်။

"ငါ မင်းကို နောက်မှ ရှင်းပြပါ့မယ်"ကျိုးကျစ်ရွေ့ရဲ့ အမူအရာက အနည်းငယ်တော့ သဘာ၀ကျမနေဘူး။(T/N-လက်ပူးလက်ကြပ်လက်ထပ်နေတာကို သောက်မျက်စိကြီးနဲ့တောင် မြင်ထားတာကို ဘာကို နောက်မှရှင်းပြမှာလဲ ၊ ဖိအားပေးလက်ထပ်လိုက်ရပါတယ်ဘာညာဆိုတဲ့ ဗလောင်းဗလဲတွေလား (●__●) )

"ဒါက ဘယ်သူလဲ ယောက်ျား"သတို့သမီးက ထူးဆန်းတဲ့ဧည့်သည်ကို ကြည့်လိုက်တယ်။သူက *တောက်ရှီကို လာနေတဲ့ပုံမပေါ်ပဲနဲ့ အပျော်အနေနဲ့ ငိုဖို့ လာနေတဲ့လူလိုမျိုးပဲ။

သူ့ချစ်သူက တစ်စုံတစ်ယောက်ရဲ့ခင်ပွန်းဖြစ်သွားတာကို ကြည့်နေရတာ ပိုင်မုရဲ့နှလုံးသားလေးက သွေးတွေနဲ့ အထိုးခံနေရသလိုပဲ။ဘာကြောင့် သူလာချင်ခဲ့ရလဲဆိုပြီး သူနောင်တရတယ်။ဒါက သူ့ကိုယ်သူ နှိပ်စက်ညှင်းပန်းနေတာပဲမဟုတ်ဘူးလား?

"ဒါက ကိုယ့်အတန်းဖော်ပိုင်မုပါ"ကျိုးကျစ်ရွေ့ရဲ့အသံက အနည်းငယ်တောင့်တင်းနေတယ်။

"ဂုဏ်ယူပါတယ် ၊မင်းတို့ အိုအောင်မင်းအောင်ပေါင်းဖက်ရပါစေလို့ ငါဆုတောင်းပေးပါတယ်"ပိုင်မုက သူ့ဆန္ဒနဲ့ဆန့်ကျင်တဲ့တစ်စုံတစ်ခုကို တောင့်တင်းစွာ ပြောခဲ့တယ်။အခုတော့ သူက နာကျင်မှုကြောင့် ထုံနေပြီ။"ငါသွားစရာရှိသေးလို့"။ဒီနေရာမှာ ဒီထက်ပိုပြီး သူတကယ်မနေချင်တော့ဘူး။သူ လှည့်ထွက်လာခဲ့တယ်။

"ယောက်ျား ရှင့်အတန်းဖော်က တကယ်ထူးဆန်းတာပဲ ၊တစ်ခုခုဖြစ်လို့လား"သတို့သမီးက မူးဝေနေပုံရတဲ့ နီရဲတဲ့မျက်လုံးတွေနဲ့ အမှတ်တမဲ့ တီးတိုးပြောနေရင်း ထွက်သွားတဲ့ ယောက်ျားကို ကြည့်လိုက်တယ်။

"အဆင်ပြေပါတယ်"ကျိုးကျစ်ရွေ့က ငေးမောရင်းနဲ့ ပြန်ပြောခဲ့တယ်။

ပိုင်မုက ကားမောင်းလာပြီးတော့ ဘယ်နေရာကို သွားရမှန်းမသိဖြစ်နေခဲ့တယ်။သူက လူနှစ်ယောက်ရဲ့အိမ်လေးဆီ ပြန်မသွားချင်ဘူး။အဲ့ဒီမှာ သူတို့အသုံးပြုခဲ့တဲ့ များစွာသောအပိုင်းအစလေးတွေက ရှိနေခဲ့တာ။အဲ့ဒါတွေက သူ့ကို ကောင်းမွန်တဲ့အမှတ်တရတွေနဲ့ပဲ ပြည့်နေစေပြီးတော့ သူပြိုလဲသွားလိမ့်မယ်။သူက သူ့ရဲ့အရင်က အိမ်ကိုလည်း ပြန်သွားလို့မရဘူး။သူ့ရဲ့မိဘတွေက သူတို့(ပိုင်မုနဲ့ကျစ်ရွေ့)ကို မျက်ကွယ်ပြုလိုက်တော့မယ်ပြောရင်း အိမ်ကိုရောင်းပြီးတော့ ဇာတိမြို့လေးဆီ ပြောင်းရွေ့သွားခဲ့တာ။

ဘယ်နေရာကို သူသွားလို့ရနိုင်မလဲ?သူရဲ့အေးမြတဲ့အိမ်ကရော ဘယ်မှာလဲ?သူက ချစ်သူတစ်ယောက်ရှာချင်ခဲ့ရုံပါ ၊ဘ၀ကို ရိုးရိုးရှင်းရှင်းလေးပဲ ကုန်ဆုံးချင်တာ ဘာလို့ အရမ်းခက်ခဲနေရတာလဲ?

အစတည်းကနေ သူမှားယွင်းနေခဲ့တာဖြစ်နိုင်တယ်။ကျိုးကျစ်ရွေ့က သူနဲ့ကွဲပြားခြားနားတယ်ဆိုတာ သူသိတယ်။သူက အမြဲ အကွေးဖြစ်နေခဲ့ပြီးတော့ ကျိုးကျစ်ရွေ့က အစက အဖြောင့်တစ်ယောက်ဖြစ်တယ်။တနေ့မှာ ကျစ်ရွေ့က သူ့ကို ချန်ထားခဲ့လောက်မယ် ဒါပေမယ့်သူက သူ့(ကျစ်ရွေ့)ရဲ့ နူးညံ့ငြင်သာမှုကို ယုံကြည်ဖို့ ရွေးချယ်နေတုန်းပဲ။

အဲ့ဒါတွေ တွေးနေတုန်းမှာ သူ့ရဲ့ကားက မသိလိုက်စွာနဲ့ပဲ မြို့ဆင်ခြေဖုံးတွေဘက်ကို မောင်းလာခဲ့တယ်။ကြီးမားတဲ့ကျောက်မီးသွေးသယ်ပို့တဲ့ကုန်တင်ကားက သူ့ဆီ ဦးတည်လာတယ်။သူ ကုန်တင်ကားကို ဖြတ်သွားတဲ့အချိန်မှာ ကုန်တင်ကားက ပေါက်ကွဲသွားခဲ့တယ်။ကိုယ်ထည်က ပိုင်မုရဲ့ကားဆီ ယိုင်လာပြီး ကျောက်မီးသွေးတွေက ကားပေါ်ကို ပြုတ်ကျလာတယ်၊ချက်ချင်းကို ပိုင်မုရဲ့ကားက ကျောက်မီးသွေးတွေနဲ့ လွှမ်းမိုးခံလိုက်ရတော့တယ်။

ကျောက်မီးသွေးတွေ အလွှမ်းခံလိုက်တဲ့ ခနမှာ ဒီအချိန်တွေက အဆုံးသတ်လောက်ပြီလို့ ပိုင်မုတွေးလိုက်တယ်။ကွဲသွားတဲ့မှန်စတွေက သူ့ခန္ဓာကိုယ်ကို ပြတ်ရှစေပြီးတော့ သူ့ရဲ့သွေးစွန်းနေတဲ့လက်က အမှတ်တမဲ့နဲ့ ဘေးထိုင်ခုံပေါ်က သူ့ကို ပေးထားတဲ့ ဆီဆေးပန်းချီအပေါ် ထိမိသွားတယ်။ဆီဆေးပေါ်က ရုပ်ပုံတွေက ဖြေးညှင်းစွာပျောက်ကွယ်လာပြီးတော့ အဖြူရောင်အလင်းတန်းက အနက်ရောင်*ကမ်းဘတ်စပေါ်မှာ ပေါ်လာခဲ့တယ်။
(T/N-ပန်းချီဆွဲရင် သုံးတဲ့ canvasစပါ)

ပိုင်မုက မျက်စိကျိန်းတယ်ဆိုတဲ့အတွေးပဲ တွေးနိုင်တော့တယ်၊ သူ့ခေါင်းက ချာချာလည်နေတာတစ်ခုပဲ ခံစားရတယ်။ပိုးဖလံတွေက မီးကိုတိုးနေတယ်လို့ သူဘာကြောင့် တွေးမိလဲဆိုတာ သူလည်းမသိဘူး။

ဘာကြောင့် ပိုးဖလံတွေက အမြဲ သူတို့ကိုယ်သူတို့ ဖျက်ဆီးချင်နေလဲဆိုတာ သူဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။ဒါပေမယ့် သူအခုနားလည်သွားပြီ၊ သူတို့က အမှောင်ထဲက နွေးထွေးမှုနဲ့ အလင်းရောင်ကိုသာလျှင် ရှာဖွေနေခဲ့ကြတာ။ဒါက သေခြင်းထောင်ချောက်ကို ပွေ့ဖက်သလို ဖြစ်နေပေမယ့်လည်း သူတို့ရဲ့လိုအင်ဆန္ဒတွေကို မရပ်တန့်စေနိုင်ဘူး။အမှောင်ထဲမှာ တစ်ဦးတည်း ကခုန်နေတဲ့အချိန် အဆုံးမရှိတဲ့အထီးကျန်မှုတွေနဲ့ အေးစက်မှုတွေကသာလျှင် လိုက်ပါနေခဲ့တယ်။

ဒီလိုအသက်မဲ့နေတဲ့မှောင်မိုက်နေတဲ့ညမှာ ရုတ်တရက် နွေးထွေးမှုနဲ့ အလင်းရောင်က ပေါ်လာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေက အော်ဟစ်နေပြီး စိတ်အားထက်သန်လာတယ်။ဒါက သူ့ရဲ့ဘ၀ကို လောင်ကျွမ်းပစ်လိမ့်မယ်ဆိုတာ သိနေပေမယ့်လည်း သူကောက်ကောက်ပါအောင်လိုက်နေမှာပဲလို့ သူရွေးချယ်နေမိတုန်းပဲ။

အဆုံးမှာတော့ ဒါက ပျော်ရွှင်ရတယ်။ဒါက တစ်သက်တာလုံးတာရှည်ခံတဲ့အားထုတ်ခြင်းမျိုးကို ရှာတွေ့သွားပြီပေါ့။အဲ့ဒါတွေနဲ့ ယှဉ်ရင် တခြားဟာတွေက အရမ်းသေးငယ်ပုံပေါ်တယ်။ခန္ဓာကိုယ်ထဲက နာကျင်မှုက ပျော်ရွှင်မှုတွေထဲမှာ လွှမ်းမိုးခံလိုက်ရတယ်။
ပြီးတော့ မခံစားရတော့ဘူး။အဲ့ဒါက နောက်ဆုံးမှာ သူ့ရဲ့နောက်ဆုံးပန်းတိုင်ကို ရှာတွေ့ခဲ့တယ်။

သူက ပိုးဖလံတွေလိုမျိုး မီးနဲ့ကခုန်နေခဲ့ပြီးတော့ နောက်ဆုံး ပြာဖြစ်တဲ့အထိ လောင်ကျွမ်းခံလိုက်ရတယ်။ပြီးတော့ ကျိုးကျစ်ရွေ့က သူ့ရဲ့တောက်ပတဲ့အလင်းရောင်‌ဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ သူက ပိုးဖလံတွေလောက် မပျော်ရွှင်ခဲ့ရဘူး။သူတောင့်တခဲ့တဲ့တောက်ပတဲ့အလင်းရောင်က ပျောက်ဆုံးသွားပြီ။ဒီအချိန်ကစပြီး လောကကြီးထဲမှာ ဖုန်မှုန့်တွေလို ပြောင်းလဲသွားဖို့ သူတကယ်မျှော်လင့်မိတယ်။အချစ်မရှိရင် နာကျင်မှုတွေရှိလာမှာ မဟုတ်ဘူး၊ မျှော်လင့်ချက်မရှိရင် စိတ်ပျက်ရတာတွေလည်း ရှိလာမှာမဟုတ်ဘူး။

ပိုင်မုက သူ့မျက်၀န်းတွေကို ပိတ်လိုက်တယ်။
အဖြူရောင်အလင်းတန်းက သူ့ကို ၀န်းရံနေခဲ့ပြီးတော့ ဒီကမ္ဘာထဲကနေ ပျောက်ကွယ်သွားတော့တယ်။

စာရေးသူမှာ ပြောစရာရှိတယ် :

(To finger)ဝိုး ၊ ငါကတိပေးတယ် ၊ ငါက သေချာပေါက်ကို ငါ့အမေပဲ.

...................
💎 :


(T/N- Eng translatorက ထည့်ထားလို့ တို့လည်း ထည့်ပေးထားတာ )

(Zawgyi code)

လိပ္ျပာအိပ္မက္

ထိုလူက တစ္ခါတုန္းက သူ႕ကိုေျပာခဲ့တယ္။"ပိုင္မု ကိုယ္မင္းကိုႀကိဳက္တယ္ တြဲရေအာင္".အဲ့ဒီႏွစ္မွာ သူတို႔ခ်စ္သူေတြျဖစ္လာခဲ့ၾကတယ္။

သူအိမ္ကေနေမာင္းထုတ္ခံရတဲ့အခ်ိန္က အဲ့ေယာက္်ားက သူ႕ကို ေျပာခဲ့တယ္။"မစိုးရိမ္ပါနဲ႕ ၊ကိုယ္မင္းနဲ႕အၿမဲတူတူရွိသြားမွာပါ ၿပီးေတာ့ မင္းအေပၚေကာင္းေပးပါ့မယ္၊ကိုယ္တို႔အသက္အ႐ြယ္အိုမင္းလာတဲ့အထိတူတူရွိသြားၾကမယ္"

သူ႕ရဲ႕အတန္းေဖာ္ေတြ လက္ထပ္တာကို သူျမင္ခဲ့ရတဲ့အခ်ိန္က သူက စိတ္မသက္မသာျဖစ္ခဲ့ရတယ္။သူတို႔က ေနေရာင္ေအာက္မွာ ဘယ္ေတာ့မွ မရပ္နိုင္မယ့္အျပင္ လူတိုင္းရဲ႕ေကာင္းခ်ီးေတြကိုလည္း လက္ခံရရွိနိုင္မွာမဟုတ္ဘူး။ အဲ့လူက သူ႕ကို ႏွစ္သိမ့္ေပးခဲ့တယ္။"မုမု စိတ္မေကာင္းမျဖစ္ပါနဲ႕၊ ကိုယ္တို႔ပိုက္ဆံလုံလုံေလာက္ေလာက္ စုေဆာင္းၿပီးသြားရင္ နိုင္ငံျခားသြားၿပီး လက္ထပ္ၾကမယ္၊ တျခားသူေတြရဲ႕ထူးဆန္းတဲ့မ်က္လုံးေတြနဲ႕ၾကည့္လာမွာကို မင္း စိုးရိမ္ေနရင္ အနာဂတ္က်ရင္ ကိုယ္တို႔နိုင္ငံျခားမွာပဲ အေျခခ်ၾကမလား?"

ဒီျမင္ကြင္းေတြက သူ႕ဆီေ႐ြ႕လ်ားလာၿပီး ဘ၀ရဲ႕ေပ်ာ္႐ႊင္ရဆုံးျမင္ကြင္းေတြကို သူ႕ကို ျပန္သတိရေစတယ္၊အဲ့ဒါေတြက အိပ္မက္ေတြသာ ျဖစ္ခဲ့သလိုမ်ိဳးပဲ။မ်က္ရည္ေတြက ပိုင္မုရဲ႕အျမင္ကို ေဝဝါးေစၿပီး *ပိရန္အတြဲရဲ႕မ်က္ႏွာေတြကို သူမျမင္ရေတာ့ဘူး။အရာရာတိုင္းက အရမ္းကို ေျပာင္းလဲသြားၿပီ။

သူေနမေကာင္းတဲ့အခ်ိန္တိုင္း ေဆးေသာက္ဖို႔ သူ႕ကို ႏူးႏူးညံ့ညံ့ေခ်ာ့တတ္တဲ့သူ၊ သူစိတ္အေျခအေနမေကာင္းတဲ့အခ်ိန္တိုင္း သူေပ်ာ္႐ႊင္လာေအာင္ အၿမဲလုပ္ေပးတတ္တဲ့သူက ဒီမွာ ဒီထက္ပိုၿပီးမရွိေတာ့ဘူး။ဘာေၾကာင့္ ႐ုတ္တရက္ႀကီး ဒီလိုမ်ိဳး ျဖစ္သြားရတာလဲ။*ကြၽမ္းက်ိဳးေရွာင္က လိပ္ျပာေတြေၾကာင့္ ဆြဲေဆာင္ခံရေပမယ့္ သူကေတာ့ အိပ္မက္မက္ေနတဲ့သူတစ္ေယာက္ဆိုတာ သူမသိခဲ့ဘူး။သူအခု နိုးသြားၿပီလား?

ပိုင္မုက မ်က္ရည္ေတြကို သုတ္ပစ္၊ ေလးလံတဲ့ေျခလွမ္းေတြကို မၿပီး အတြဲအသစ္ေလးဆီ ေလွ်ာက္သြားခဲ့တယ္။

"မင္းဘာလို႔ ဒီမွာရွိေနတာလဲ?ရွန္ဂရီလာမွာ ရွိေနသင့္တာ မဟုတ္ဘူးလား?"က်ိဳးက်စ္ေ႐ြ႕က သူ႕ကိုျမင္တဲ့အခါ အံ့အားသင့္သြားေပမယ့္ သူ(ပိုင္မု)ေပၚလာဖို႔ကို သူ(က်ိဳးက်စ္ေ႐ြ႕)မေမွ်ာ္လင့္ထားခဲ့ဘူး။

"ငါ  တစ္စုံတစ္ေယာက္ကို အံ့အားသင့္ေစခ်င္ခဲ့ေပမယ့္ အခုၾကည့္ရ‌တာေတာ့ အဲ့ဒါလုပ္ဖို႔ ဒီထက္ပိုၿပီး ငါမလိုေတာ့ဘူးထင္ပါတယ္"ပိုင္မုက ငိုေနတာတာထက္ ပိုၿပီး ႐ုပ္ဆိုးတဲ့ အၿပဳံးတစ္ပြင့္ကို ျပလိုက္တယ္။

"ငါ မင္းကို ေနာက္မွ ရွင္းျပပါ့မယ္"က်ိဳးက်စ္ေ႐ြ႕ရဲ႕ အမူအရာက အနည္းငယ္ေတာ့ သဘာ၀က်မေနဘူး။(T/N-လက္ပူးလက္ၾကပ္လက္ထပ္ေနတာကို ေသာက္မ်က္စိႀကီးနဲ႕ေတာင္ ျမင္ထားတာကို ဘာကို ေနာက္မွရွင္းျပမွာလဲ ၊ ဖိအားေပးလက္ထပ္လိုက္ရပါတယ္ဘာညာဆိုတဲ့ ဗေလာင္းဗလဲေတြလား (●__●) )

"ဒါက ဘယ္သူလဲ ေယာက္်ား"သတို႔သမီးက ထူးဆန္းတဲ့ဧည့္သည္ကို ၾကည့္လိုက္တယ္။သူက *ေတာက္ရွီကို လာေနတဲ့ပုံမေပၚပဲနဲ႕ အေပ်ာ္အေနနဲ႕ ငိုဖို႔ လာေနတဲ့လူလိုမ်ိဳးပဲ။

သူ႕ခ်စ္သူက တစ္စုံတစ္ေယာက္ရဲ႕ခင္ပြန္းျဖစ္သြားတာကို ၾကည့္ေနရတာ ပိုင္မုရဲ႕ႏွလုံးသားေလးက ေသြးေတြနဲ႕ အထိုးခံေနရသလိုပဲ။ဘာေၾကာင့္ သူလာခ်င္ခဲ့ရလဲဆိုၿပီး သူေနာင္တရတယ္။ဒါက သူ႕ကိုယ္သူ ႏွိပ္စက္ညွင္းပန္းေနတာပဲမဟုတ္ဘူးလား?

"ဒါက ကိုယ့္အတန္းေဖာ္ပိုင္မုပါ"က်ိဳးက်စ္ေ႐ြ႕ရဲ႕အသံက အနည္းငယ္ေတာင့္တင္းေနတယ္။

"ဂုဏ္ယူပါတယ္ ၊မင္းတို႔ အိုေအာင္မင္းေအာင္ေပါင္းဖက္ရပါေစလို႔ ငါဆုေတာင္းေပးပါတယ္"ပိုင္မုက သူ႕ဆႏၵနဲ႕ဆန႔္က်င္တဲ့တစ္စုံတစ္ခုကို ေတာင့္တင္းစြာ ေျပာခဲ့တယ္။အခုေတာ့ သူက နာက်င္မႈေၾကာင့္ ထုံေနၿပီ။"ငါသြားစရာရွိေသးလို႔"။ဒီေနရာမွာ ဒီထက္ပိုၿပီး သူတကယ္မေနခ်င္ေတာ့ဘူး။သူ လွည့္ထြက္လာခဲ့တယ္။

"ေယာက္်ား ရွင့္အတန္းေဖာ္က တကယ္ထူးဆန္းတာပဲ ၊တစ္ခုခုျဖစ္လို႔လား"သတို႔သမီးက မူးေဝေနပုံရတဲ့ နီရဲတဲ့မ်က္လုံးေတြနဲ႕ အမွတ္တမဲ့ တီးတိုးေျပာေနရင္း ထြက္သြားတဲ့ ေယာက္်ားကို ၾကည့္လိုက္တယ္။

"အဆင္ေျပပါတယ္"က်ိဳးက်စ္ေ႐ြ႕က ေငးေမာရင္းနဲ႕ ျပန္ေျပာခဲ့တယ္။

ပိုင္မုက ကားေမာင္းလာၿပီးေတာ့ ဘယ္ေနရာကို သြားရမွန္းမသိျဖစ္ေနခဲ့တယ္။သူက လူႏွစ္ေယာက္ရဲ႕အိမ္ေလးဆီ ျပန္မသြားခ်င္ဘူး။အဲ့ဒီမွာ သူတို႔အသုံးျပဳခဲ့တဲ့ မ်ားစြာေသာအပိုင္းအစေလးေတြက ရွိေနခဲ့တာ။အဲ့ဒါေတြက သူ႕ကို ေကာင္းမြန္တဲ့အမွတ္တရေတြနဲ႕ပဲ ျပည့္ေနေစၿပီးေတာ့ သူၿပိဳလဲသြားလိမ့္မယ္။သူက သူ႕ရဲ႕အရင္က အိမ္ကိုလည္း ျပန္သြားလို႔မရဘူး။သူ႕ရဲ႕မိဘေတြက သူတို႔(ပိုင္မုနဲ႕က်စ္ေ႐ြ႕)ကို မ်က္ကြယ္ျပဳလိုက္ေတာ့မယ္ေျပာရင္း အိမ္ကိုေရာင္းၿပီးေတာ့ ဇာတိၿမိဳ႕ေလးဆီ ေျပာင္းေ႐ြ႕သြားခဲ့တာ။

ဘယ္ေနရာကို သူသြားလို႔ရနိုင္မလဲ?သူရဲ႕ေအးျမတဲ့အိမ္ကေရာ ဘယ္မွာလဲ?သူက ခ်စ္သူတစ္ေယာက္ရွာခ်င္ခဲ့႐ုံပါ ၊ဘ၀ကို ရိုးရိုးရွင္းရွင္းေလးပဲ ကုန္ဆုံးခ်င္တာ ဘာလို႔ အရမ္းခက္ခဲေနရတာလဲ?

အစတည္းကေန သူမွားယြင္းေနခဲ့တာျဖစ္နိုင္တယ္။က်ိဳးက်စ္ေ႐ြ႕က သူနဲ႕ကြဲျပားျခားနားတယ္ဆိုတာ သူသိတယ္။သူက အၿမဲ အေကြးျဖစ္ေနခဲ့ၿပီးေတာ့ က်ိဳးက်စ္ေ႐ြ႕က အစက အေျဖာင့္တစ္ေယာက္ျဖစ္တယ္။တေန႕မွာ က်စ္ေ႐ြ႕က သူ႕ကို ခ်န္ထားခဲ့ေလာက္မယ္ ဒါေပမယ့္သူက သူ႕(က်စ္ေ႐ြ႕)ရဲ႕ ႏူးညံ့ျငင္သာမႈကို ယုံၾကည္ဖို႔ ေ႐ြးခ်ယ္ေနတုန္းပဲ။

အဲ့ဒါေတြ ေတြးေနတုန္းမွာ သူ႕ရဲ႕ကားက မသိလိုက္စြာနဲ႕ပဲ ၿမိဳ႕ဆင္ေျခဖုံးေတြဘက္ကို ေမာင္းလာခဲ့တယ္။ႀကီးမားတဲ့ေက်ာက္မီးေသြးသယ္ပို႔တဲ့ကုန္တင္ကားက သူ႕ဆီ ဦးတည္လာတယ္။သူ ကုန္တင္ကားကို ျဖတ္သြားတဲ့အခ်ိန္မွာ ကုန္တင္ကားက ေပါက္ကြဲသြားခဲ့တယ္။ကိုယ္ထည္က ပိုင္မုရဲ႕ကားဆီ ယိုင္လာၿပီး ေက်ာက္မီးေသြးေတြက ကားေပၚကို ျပဳတ္က်လာတယ္၊ခ်က္ခ်င္းကို ပိုင္မုရဲ႕ကားက ေက်ာက္မီးေသြးေတြနဲ႕ လႊမ္းမိုးခံလိုက္ရေတာ့တယ္။

ေက်ာက္မီးေသြးေတြ အလႊမ္းခံလိုက္တဲ့ ခနမွာ ဒီအခ်ိန္ေတြက အဆုံးသတ္ေလာက္ၿပီလို႔ ပိုင္မုေတြးလိုက္တယ္။ကြဲသြားတဲ့မွန္စေတြက သူ႕ခႏၶာကိုယ္ကို ျပတ္ရွေစၿပီးေတာ့ သူ႕ရဲ႕ေသြးစြန္းေနတဲ့လက္က အမွတ္တမဲ့နဲ႕ ေဘးထိုင္ခုံေပၚက သူ႕ကို ေပးထားတဲ့ ဆီေဆးပန္းခ်ီအေပၚ ထိမိသြားတယ္။ဆီေဆးေပၚက ႐ုပ္ပုံေတြက ေျဖးညွင္းစြာေပ်ာက္ကြယ္လာၿပီးေတာ့ အျဖဴေရာင္အလင္းတန္းက အနက္ေရာင္*ကမ္းဘတ္စေပၚမွာ ေပၚလာခဲ့တယ္။
(T/N-ပန္းခ်ီဆြဲရင္ သုံးတဲ့ canvasစပါ)

ပိုင္မုက မ်က္စိက်ိန္းတယ္ဆိုတဲ့အေတြးပဲ ေတြးနိုင္ေတာ့တယ္၊ သူ႕ေခါင္းက ခ်ာခ်ာလည္ေနတာတစ္ခုပဲ ခံစားရတယ္။ပိုးဖလံေတြက မီးကိုတိုးေနတယ္လို႔ သူဘာေၾကာင့္ ေတြးမိလဲဆိုတာ သူလည္းမသိဘူး။

ဘာေၾကာင့္ ပိုးဖလံေတြက အၿမဲ သူတို႔ကိုယ္သူတို႔ ဖ်က္ဆီးခ်င္ေနလဲဆိုတာ သူဘယ္တုန္းကမွ နားမလည္ခဲ့ဘူး။ဒါေပမယ့္ သူအခုနားလည္သြားၿပီ၊ သူတို႔က အေမွာင္ထဲက ႏြေးေထြးမႈနဲ႕ အလင္းေရာင္ကိုသာလွ်င္ ရွာေဖြေနခဲ့ၾကတာ။ဒါက ေသျခင္းေထာင္ေခ်ာက္ကို ေပြ႕ဖက္သလို ျဖစ္ေနေပမယ့္လည္း သူတို႔ရဲ႕လိုအင္ဆႏၵေတြကို မရပ္တန႔္ေစနိုင္ဘူး။အေမွာင္ထဲမွာ တစ္ဦးတည္း ကခုန္ေနတဲ့အခ်ိန္ အဆုံးမရွိတဲ့အထီးက်န္မႈေတြနဲ႕ ေအးစက္မႈေတြကသာလွ်င္ လိုက္ပါေနခဲ့တယ္။

ဒီလိုအသက္မဲ့ေနတဲ့ေမွာင္မိုက္ေနတဲ့ညမွာ ႐ုတ္တရက္ ႏြေးေထြးမႈနဲ႕ အလင္းေရာင္က ေပၚလာတဲ့အခါ ခႏၶာကိုယ္တစ္ခုလုံးက ဆဲလ္ေတြက ေအာ္ဟစ္ေနၿပီး စိတ္အားထက္သန္လာတယ္။ဒါက သူ႕ရဲ႕ဘ၀ကို ေလာင္ကြၽမ္းပစ္လိမ့္မယ္ဆိုတာ သိေနေပမယ့္လည္း သူေကာက္ေကာက္ပါေအာင္လိုက္ေနမွာပဲလို႔ သူေ႐ြးခ်ယ္ေနမိတုန္းပဲ။

အဆုံးမွာေတာ့ ဒါက ေပ်ာ္႐ႊင္ရတယ္။ဒါက တစ္သက္တာလုံးတာရွည္ခံတဲ့အားထုတ္ျခင္းမ်ိဳးကို ရွာေတြ႕သြားၿပီေပါ့။အဲ့ဒါေတြနဲ႕ ယွဥ္ရင္ တျခားဟာေတြက အရမ္းေသးငယ္ပုံေပၚတယ္။ခႏၶာကိုယ္ထဲက နာက်င္မႈက ေပ်ာ္႐ႊင္မႈေတြထဲမွာ လႊမ္းမိုးခံလိုက္ရတယ္။
ၿပီးေတာ့ မခံစားရေတာ့ဘူး။အဲ့ဒါက ေနာက္ဆုံးမွာ သူ႕ရဲ႕ေနာက္ဆုံးပန္းတိုင္ကို ရွာေတြ႕ခဲ့တယ္။

သူက ပိုးဖလံေတြလိုမ်ိဳး မီးနဲ႕ကခုန္ေနခဲ့ၿပီးေတာ့ ေနာက္ဆုံး ျပာျဖစ္တဲ့အထိ ေလာင္ကြၽမ္းခံလိုက္ရတယ္။ၿပီးေတာ့ က်ိဳးက်စ္ေ႐ြ႕က သူ႕ရဲ႕ေတာက္ပတဲ့အလင္းေရာင္‌ျဖစ္ေပမယ့္ ကံမေကာင္းစြာနဲ႕ သူက ပိုးဖလံေတြေလာက္ မေပ်ာ္႐ႊင္ခဲ့ရဘူး။သူေတာင့္တခဲ့တဲ့ေတာက္ပတဲ့အလင္းေရာင္က ေပ်ာက္ဆုံးသြားၿပီ။ဒီအခ်ိန္ကစၿပီး ေလာကႀကီးထဲမွာ ဖုန္မႈန့္ေတြလို ေျပာင္းလဲသြားဖို႔ သူတကယ္ေမွ်ာ္လင့္မိတယ္။အခ်စ္မရွိရင္ နာက်င္မႈေတြရွိလာမွာ မဟုတ္ဘူး၊ ေမွ်ာ္လင့္ခ်က္မရွိရင္ စိတ္ပ်က္ရတာေတြလည္း ရွိလာမွာမဟုတ္ဘူး။

ပိုင္မုက သူ႕မ်က္၀န္းေတြကို ပိတ္လိုက္တယ္။
အျဖဴေရာင္အလင္းတန္းက သူ႕ကို ၀န္းရံေနခဲ့ၿပီးေတာ့ ဒီကမၻာထဲကေန ေပ်ာက္ကြယ္သြားေတာ့တယ္။

စာေရးသူမွာ ေျပာစရာရွိတယ္ :

(To finger)ဝိုး ၊ ငါကတိေပးတယ္ ၊ ငါက ေသခ်ာေပါက္ကို ငါ့အေမပဲ.

...................
💎 :


(T/N- Eng translatorက ထည့္ထားလို႔ တို႔လည္း ထည့္ေပးထားတာ )

Continue Reading

You'll Also Like

2.9M 226K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
985K 116K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
174K 19.3K 77
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022