[Unicode] (29.2)
လုခယ်က ဘေးနားမှာ ချထားတဲ့ ဇွန်းကို ကောက်ကိုင်ပြီးတော့ ပန်းကန်လေးကို တီးကာ သီချင်း ဆိုလိုက်တယ်။
" ဒါက တကယ်လို့ အချစ်မှ မဟုတ်ခဲ့ရင် ~~''
သူက မတ်တပ်ရပ် ပြီးတော့ ရှုကလေလေးပေါ်စုရဲ့ ပါးကို နှစ်ဖက်ဆွဲဖြစ်လိုက်တယ်။ ထိုအရာကို မြင်တော့ ရှန်ဖေးကျီး ကော ကျန်းရှုပါ ရယ်မောကြတော့တယ်။ အစောက တောင့်တင်းနေတဲ့ လေထုကနေ ရူးမိုက်နေတဲ့ လေထုဆီကို ရုတ်တရက် ပြောင်းလဲ သွားလေတယ်။
" ခများရဲ့ အကြီးဆုံး အကိုကြီးက အရမ်းကို ပျော်တက်တဲ့ လူပဲနော်''
ကျန်းရှုက ရယ်ရင်း ရှုပေါ်စုကိုပြောလိုက်တယ်။ ရှုပေါ်စု ကလည်း ပြုံးပြီး တောက်ပတဲ့ မျက်လုံး လေးတွေနဲ့ သူ့ကို ကြည့်နေခဲ့တယ်။
ရှုပေါ်စု ရဲ့ စိတ်ထဲ မှာတော့ တောက်ပတဲ့ မျက်လုံး လေးတွေ ၊ ဖြူဖွေးနေတဲ့ သွားတန်းလေးတွေ ၊ ချင်စရာ ကောင်းတဲ့ ကောင်လေးရဲ့ အပြုံးကို တစ်သက် လုံး မှတ်မိနေတော့ မှာပဲ ဖြစ်တယ်။
တစ်ကယ်လို့ ထိုနေ့ကသာ သူမဟုတ်တဲ့ တစ်ခြားလူ လက်ထဲကို ကျန်းရှုလေး ရောက်သွား ရင် ဘယ်လိုတွေ ဖြစ်သွားမှာတဲ့လဲ?
ဒီနေ့မူးအောင်သောက် နောက်နေ့ဘာ ဖြစ်ဖြစ် ဂရုမစိုက် တက်တဲ့ကောင်တွေနဲ့ တွေ့သွားမှာမ ဟုတ်လား။
တော်သေးတာပေါ့ ဒီလို ချိုမြတဲ့ စတော်ဘယ်ရီ လေးက သူ့ဆီကို ရောက်လာ လို့ပေါ့။
" လုခယ်မှာ စရိုက်တွေ အမျိုးမျိုး ရှိတယ်။ ဒါက ပျော်စရာ ကောင်းနေလို့လား? "
ရှုပေါ်စုက ကျန်းရှုနားကို ကပ်ပြောနေတော့ သူ့နှုတ်ခမ်းတွေက ရှုလေးရဲ့ နားရွက်တွေကိုတောင် ထိလုနီးပါးပဲ။
" ဟုတ်တယ်လေ''
ကျန်းရှုက သူ့နားရွက်တွေက ယားယံလာတယ်လို့ ခံစားရပေမယ့် ထိုအရာကနေ ရှောင်ရှားဖို့ မလုပ်ချင်ခဲ့ပါပေ။ သူက ထိုအရာကိုတွေးပြီးတော့ မျက်ခုံးလေးတွေ ပင့်သွားကာ စိတ်ထဲမှာတော့ ကျိတ်ပြုံးနေတော့တယ်။
........
" ဒါနဲ့ မင်းတို့က ဒီကိုကားမောင်း လာကြတာမလား? "
ရှုပေါ်စုက သူ့အိမ်ထဲမှာလာပြီး သီချင်းတွေ အော်ဟစ်သော်ကြမ်းနေတဲ့ သူတွေကို အဆုံးသတ် စေကာမေးလိုက်တယ်။
" ဘာပဲဖြစ်ဖြစ် ကွာ။ အခုက အချိန်တွေ အများကြီး ရှိသေးတာပဲ။ ငါတို့နဲ့ ကားကြည့်ဖို့ လိုက်ခဲ့ကြလေ။ တစ်ကိုယ်တည်း သမားလေးတွေရဲ့''
ကျန်းရှုက သူ့ဘေးမှာ ထိုင်ရင်း ငိုက်နေပြီပဲ ဖြစ်တယ်။ ဒါပေမယ့် ကားဆိုတဲ့အသံလေးကြားတော့ ချက်ချင်း ပဲ တက်ကြွတဲ့ ကြက်ဖလေး ဖြစ်သွား တော့တယ်။
" အခုသွား ကြတော့မလားဟင်? "
လုခယ်က ရှုပေါ်စုရဲ့ စကားကို ကြားတော့ ပြောလာတယ် ။
" အိုကေကွာ ငါမင်းကို အဲ့ကားဝယ်ပေးမယ်။ မင်းရဲ့ လက်ထပ်ပွဲအတွက် လက်ဆောင်လို့သာ မှတ်လိုက် တော့ ''
ရှန်ဖေးကျီးကလည်း ပြောလာတယ်။
" ငါကတော့ 666666 ပါတဲ့ စာအိတ်နီတစ်အိတ် လက်ဖွဲ့မယ်ကွာ ''
သူတို့ပြောတဲ့ စကားတွေကို ကြားတော့ ရှုပေါ်စု က သူ့လက်တွေကို သုတ်ကာ ပြောလိုက် တယ်။
" ငါက ကားဝယ်ဖို့ ငွေပြင်ထားပြီးသား ။ မင်းတို့ကောင်တွေ ငါ့ကို လက်ဖွဲ့ချင်ရင် အခုဝယ်မယ့် ကားထဲကိုပဲ ပိုက်ဆံထည့်ပေးကြ။ ''
" လောင်ရှု မင်းက ငါတို့ပေးတာကို လက်မခံဘူးလား?''
ရှန်ဖေကျီးမပျော်တော့ပါ။ ရှန်ဖေးကျီးမပျော်တော့ လုခယ်ပါ မပျော်တော့ပါ။
( ဆိုင်လို့လား အကိုတို့ရယ် 😶😶)
"မင်းက ငါတို့ ၂ ယောက်ကို ညီကိုတွေလို့ မသက်မှတ်ဘူးလားပြော?''
ရှုပေါ်စုက တည်ငြိမ် စွာပြောလိုက်တယ်။
" ကြင်စဦးမောင်နှံတွေရဲ့ စီးမယ့်ကားကို တစ်စုံတစ်ယောက်က ဝယ်ပေးလို့ ရလို့လား?''
ရှန်ဖေးကျီးက ကြောင်အ သွားတယ်။
" မင်းပြောချင်တာက ဘာကြီး လဲ?''
လုခယ်ကတော့ ချက်ချင်း အထာပေါက်ပါတယ်။ ဒါကြောင့် သူက အံကိုကြိတ်ကာ မျက်နှာကြီး နီလာတယ်။
" အမှန်ပဲကွ ။ ဒါသူတို့ရဲ့ ပထမဆုံး အကြိမ်လေ ကားအသစ်ထဲမှာ ~~'''
ရှုပေါ်စုက သူ့ကို ကန်ကာ ပြောလိုက်တယ်။
" လေးလေးနက်နက်ရှိစမ်းပါ။ ဒီကမှ ၂၆ နှစ်အရွယ် ကလေးပါဆိုနေ ''
လုခယ်ကလည်း အရှုံးမပေးပဲ ပြန်ပတ်တယ်။
" ဘာကို ကလေးလေးလဲ ကိုယ့်ထက် ၁၀နှစ်လောက် ငယ်တဲ့ ကောင်လေးကို သွေးဆောင် ဖျာ ယောင်းတဲ့ ကလေးမျိုးတော့ ငါမတွေ့ဘူးပေါင်။ ''
ကျန်းရှုက ရှုနာနတ်သီး ဘက်ကို တစ်ချက်လှည့်ကာ ပြန်ကြည့်လေတယ်။
" သူပြောတာမဟုတ်လို့လား ခများ ကြီးက? !''
တစ်ခစ်ခစ် ရယ်သံတွေနဲ့ အတူ သေးငယ်တဲ့ တိုက်ခန်းလေးထဲက အမျိုးသား ၄ ယောက်ယာ ထွက်လာခဲ့ပြီးတော့ ပူပြင်းတဲ့ ဂျူလိုင်နေမင်းကြီး အောက်မှာပဲ ထိုကြင်စဦး စုံတွဲ အတွက်ကားဝယ်ဖို့ ထွက်ခဲ့ကြတော့တယ်။
" ကျန်းရှုရေ့ မင်းမှာတော့ မျက်နှာကြီးကြီး တစ်ခုရှိတာပဲကွ။ ''
လုခယ်က ပြောနေရင်းနဲ့ သူ့ခေါင်း ပေါ်က စီးကျလာတဲ့ ချွေးတွေကို သုတ်လိုက်တယ်။
" နောက်ဆုံး တစ်ခေါက် တုံးက ကွမ်ယိရွှမ် လိုလူက မင်းနဲ့အတူ ကားလိုက်ကြည့်ပေးရတယ်။ အခုကျတော့ ငါတို့၃ ယောက် က မင်းကို အဖော်ပြုပေးပြီး ကားလိုက်ကြည့်ရ ပြန်ပြီကွ''
" မှားတယ်''
ရှန်ဖေးကျီးက သူ့ကို အမှန်ပြင်ပေး လိုက်တယ်။
" ငါတို့က ကြင်စဦး သူတို့အတွဲကို အဖော်ပြုပြီး ကားလိုက်ကြည့် ပေးရတာကွ။ ဒါမှမှန်တာ''
ဟုတ်သားပဲ ရှုပေါ်စု က လက်ထပ်ပြီး သွားပြီလေ။
( ကလေးတောင်ရတော့မယ် 😐)
သူတို့က အနီးဆုံး ကားပြခန်းကို သွားပြီးတော့ အရင်က ကျန်းရှုကြိုက်တဲ့ ယွမ် ၃သိန်းတန်ကား ရှိသလား ဒါမှမဟုတ် တစ်ခြားကားဝယ်ကြမလား ဆိုတာကို ပတ်ကြည့်ကြလေတယ်။ တကယ်လို့ သူတို့ကြိုက်တဲ့ကား ကိုတွေ့ရင် မနက်ဖြန်လာယူမှာပဲ ဖြစ်တယ်။
" စတော်ဘယ်ရီ မင်းလေး ဘယ်အရောင်တွေကို ကြိုက်လဲ?''
ရှုပေါ်စု တစ်ယောက် အသဲအသန်စဥ်းစားပေမယ့် နောက်ဆုံးတော့ ထိုထင်မြင်ချက်တွေကို ကျန်းရှုဆီ ပစ်ပေးလိုက်တော့ တယ်။
" အရောင်အနည်းငယ်လောက်ပဲ ''
ကျန်းရှုက သူ့မျက်လုံးတွေကိုလှိမ့် ကာဆက်ပြောတယ်။
" °_° ကျွန်တော် တို့တွေက အခုပန်းပွင့်တွေ ရွေးနေတာလားပြော?''
" ဟုတ်တာပေါ့ ''
ရှုပေါ်စု က အလေးအနက်ထား ကာပြောလိုက်တယ်။
" မင်းသာ ကြိုက်မယ်ဆိုရင် ကားတစ်စီး လုံးကို သတ်တန့်ရောင် ခြယ်ပစ်လဲ ရတယ်နော် ''
ဒါက ရောင်စုံ အစုဝေးကြီးပဲလေ။
" မလုပ်ဘူး ။ ဂေးအလံဗျ။ ဂေးအလံက ခများက ကြော်ငြာချင်နေတာလား?''
ကျန်းရှုက ဘေးကို ပတ်ကြည့်လိုက်တယ်။ နောက်တော့ ပုလဲဖြူရောင်ကားလေး တွေ့တော့ ရှုပေါ်စုကို မေးလိုက် တယ်။
" နာနတ်သီး ခများ အဖြူရောင် ကြိုက်လား? "
" အိုကေဗျာ ''
ရှုပေါ်စု က သူ့စတော်ဘယ်ရီလေး ရဲ့ပါးကို နမ်းကာ ထိုကားဝယ်ဖို့ မြန်မြန် လေးသွားပြီး ဆွေးနွေးတော့တယ်။
( မဟုတ်သေးဘူး နင်တို့ ရှန်ခယ်တို့ကို အားနာကြအုံးလေ 😒)
....................
ထိုကားကို နောက်နေ့မနက်ကျတော့မှ ရှုပေါ်စုက ကားပြခန်းကနေ သွားယူရလေတယ်။
ကျန်းရှုကတော့ မသွားချင်ဘူး ။ ဒါကြောင့် အိမ်မှာပဲ အိပ်ရင်းနေခဲ့လေတယ်။ သူနိုးလာတဲ့ အခါ သူ့ဖုန်းထဲကို ရှုပေါ်စု က စာပို့ထားတာကို တွေ့လိုက်ရတယ်။
{ မနက်စာက အိုးထဲမှာနော်။ ကိုယ်အခု ကားပြခန်းကို ရောက်နေပြီ။ ပြီးတော့ နေ့လည်ကျရင် ကိုယ်ပြန်လာခဲ့မယ်နော်😘}
နောက်ဆုံးက ပို့လိုက်တဲ့အနမ်းပေးနေတဲ့ ပုံလေးက ရှုပေါ်စုရဲ့ ပြပွဲကို အောင်မြင်စွာ အဆုံးသတ် စေခဲ့တယ်။
ကျန်းရှု ကတော့ မတ်တပ်ရပ် ကာ သူ့ခါးလေး ကို အနည်းငယ် ခါယမ်းလိုက်တယ်။
ကျန်းရှုတစ်ယောက် စိတ်ဓာတ်တွေ ကျနေပါပြီ။
ငါတို့တွေ မနေ့ကလည်း ထပ်ပြီးတော့ လုပ်ခဲ့သေးတယ်လေ။ တကယ်လို့ ငါ့ဘက်ကစတယ် ဆိုရင်တောင်မှပဲ သူတို့က အကြိမ်ပေါင်း များစွာ လုပ်နိုင်သေးတာလား ဆိုတာကိုတော့ငါလည်း မသိတော့ဘူး။
မနေ့ညကတော့ အရင်တစ်ခါ ကထက်ပိုများတယ်....... ၃ ကြိမ်တောင်မှပဲ။
ကျန်းရှုက အိပ်ယာဘေးမှာ ထိုင်ကာ သူ့လက်တွေကိုတော့ အိပ်ယာ ပေါ်တင်ကာ စိုးရိမ်စွာ နဲ့ သက်ပြင်း ချလိုက်တယ်။
တကယ်လို့ သူသာ အဲ့လိုအမြဲတမ်း ဆက်လုပ်နေရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားလောက်လား? "
ဒါက သူအပိုပြောနေတာ မဟုတ်ဘူး ။ ရှုပေါ်စု ကို အလိုလိုက် ပြီးပေးလိုက်တိုင်း အဲ့လူကြီးရဲ့ ညီလေးက ပိုပြီး ကြီးကြီးလာတယ်လေ။ အကြိမ်ရေလည်း ပိုများလာတယ်။
အတွေးတွေက ပြင်းထန်နေတုံးမှာပဲ သူ့ဖုန်းက တုန်ခါလာတယ်။ သူကဒီဟာကို ဆက်တဲ့လူက ရှုပေါ်စုပဲ ဖြစ်ရမယ် လို့တွေးမိတယ်။ ဒါကြောင့် သူက မကိုင်ခဲ့ပါဘူး။
ဟွန့် ငါ စိတ်ဆိုးနေတာကို သူသိပလေ့စေ။ မနေ့ညက သေအောင်ကြမ်းထားလို့ အခုထိတောင်နာနေတုံးပဲ။
ဒါပေမယ့် ဖုန်းမြည်သံက အကြိမ်အနည်းငယ် ပဲ မြည်ကာကျသွားတယ်။ ကျန်းရှု က ဖုန်းကို ကောက်ကိုင် ကြည့်လိုက် တော့ ခေါ်တဲ့လူက မမျှော်လင့် ပဲ ကွမ်ယိရွှမ် ဖြစ်နေတယ်လေ။
" ကွမ်ယိရွှမ်? ဘာဖြစ်လို့လဲ? "
ကျန်းရှုက ပုံမှန် အတိုင်း ပြောတယ်။
သူမှတ်မိသေးတယ် သူတို့နောက်ဆုံး ဆက်သွယ်ခဲ့တာက အင်တာဗျူး ဖြေတဲ့ အရင်တစ်ပတ် တုံးက လားလို့ပါ။
" ဘာမှ ထူးထူးခြားခြား တော့ မဟုတ် ပါဘူး။ ''
ကွမ်ယိရွှမ် အတွက် ဒီနေ့က အားလပ် ရက် ရတာပဲ ဖြစ်တယ်။ ဒါကြောင့် သူ့အမေက ပိုပြီးဂရုစိုက် ပေးလိုက်အုံးလို့ပြောထားတဲ့ ကောင်ငယ်လေးကို သတိရသွား တာကြောင့် ဖုန်းဆက်လိုက်တာပဲ ဖြစ်တယ်။
" ဒီတစ်ပတ်ထဲမှာ အလုပ်ကို ကောင်းကောင်း လုပ်ခဲ့ရဲ့လား?''
" လုပ်ခဲ့တယ်။ အဲ့တာက အဆင်ပြေနေပြီ ''
ကျန်းရှုတစ်ယောက် အနည်းငယ် သတိပြုမိသွား တယ်။ အကိုလီတစ်ယောက် သောကြာနေ့တုံးက အလုပ်မှာအချိန်ပိုတွေဆင်း ပြီးတော့ ခေါင်းစဥ် တွေကို ခေါင်းခြောက်အောင် ရှာနေခဲ့ရတာကိုလေ။ ပြီးတော့ လုခယ်ပြောတဲ့ စကားကိုပြန်အမှတ် ရသွားတယ်။ သူတို့က သာမန်ထက်လွန်ကဲတဲ့ အခြေအနေ ရှိတာကြောင့် အချင်းချင်း သိကြတာလို့ပြောတယ်။ ဆိုတော့ သူတို့တွေရဲ့ အကြောင်း တွေကိုရေးရင်ရတာပဲမလား။ ခေါင်းစဉ် တွေကတော့... သေချာ ပေါက် ဟော့(hot) တော့မှာ ပဲ။
" ဒါဆို ကောင်းတာပေါ့။ ဦးလေးနမ်က အလုပ်ကိစ္စနဲ့ မြို့တော်ကနေထွက်သွားတယ်။ သူကမကြာခင်အထိ ပြန်ရောက်သေးမှာမဟုတ်ဘူးတဲ့ ''
ကွမ်ယိရွှမ် က ဆက်ပြောတယ်။
" သူက အလုပ်တွေ အဲ့လောက်တောင် များတာလားကွာ?''
" ဒါပေါ့''
ကျန်းရှုက တစ်ခြားအရာတွေ ဆီစိတ်ရောက်နေလို့ အနည်းငယ် စိတ်လွတ်နေခဲ့တယ်။
" သူက အမြဲပဲ အလုပ်ရှုပ်နေတာလေ။ ကျွန်တော် ဆို တစ်နှစ် မှာတောင် သူ့ကိုအကြိမ်ရေ အနည်းငယ် လောက် ပဲတွေ့ရတာ။ ကျွန်တော်ကတော့ နေသားကျနေ ပြီရယ်။ ''
ဟိုဘက်က အံဩ သွားဟန်ပေါ်ကာ မေးလာတယ်။
" ဒါဆို မင်းကလေး ဘဝတုံးကရော ဘယ်သူကစောင့်ရှောက်ပေး သလဲ? "
" နာနီ..... ဒါမှမဟုတ် တစ်ယောက် ယောက် ပေါ့ ''
ကွမ်ယိရွှမ် က စိတ်ကိုလျော့ချကာ ပြောလိုက်တယ်။
" ကိုယ့်အမေက ဒီတစ်ပတ် အိမ်မှာ မရှိဘူး လေ။ ကိုယ်တို့ဒီနေ့ည ညစာအတူစားကြမလား ''
" မစားချင်ဘူး။ ''
ကျန်ရှုက ငြင်းပယ်လိုက်တယ်။
" ပိတ်ရက်မှာ အပြင်မထွက် ချင်ဘူး ပင်ပန်းလို့ ''
" အိုကေဗျာ''
ကွမ်ယိရွှမ်က သူ့ကို တွန်းအားမပေးခဲ့ပါပေ။
( စနေ တင်းဂွေ မတင်လိုက်ရ လို့)
............................