"သခင်လေးကမာနကြီးလွန်းတယ်.."(C...

By suukhant

359K 29.1K 1.2K

"သခင်လေးကမာနကြီးလွန်းတယ်..." တစ်ယောက်ကအစေခံ... နောက်တစ်ယောက်ကတော့အရမ်းမာနကြီးတဲ့သခင်လေး.... အစေခံကသခင်လေးကိုလ... More

Part- 1
Part- 2
Part- 3
Part- 4
Part- 6💛
Part- 7
Part- 8 💛
Part- 9
Part- 10
Part- 11💛
Part- 12
Part- 13
Part- 14
Part- 15
Part- 16
Part- 17
Part- 18
Part- 19
Part-20
Part- 21
Part- 22 💛
Part- 23
Final Part

Part- 5

12.5K 1.2K 42
By suukhant

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 5

For unicode

8နှစ်ခန့်ကြာပြီးနောက်...

"မယူဘူး...လုံးဝမယူနိုင်ဘူး"

"ကျန့်အာ..သားလေး
ဒါကမင်းမိန့်လေကွယ်.."

"ကိုယ်မချစ်မနှစ်သက်တဲ့လူတစ်ယောက်ကိုကျွန်တော်လက်မထပ်ချင်ဘူးမား
ပြီးတော့အဲ့ဒါကလည်းယောက်ျားလေးတစ်ယောက်"

"သားအသက်မငယ်တော့ဘူးကျန့်အာ
သားကိုမိန်းမပေး‌စားတုန်းကလည်းသားငြင်းခဲ့ပြီးပြီ"

"အရင်အခြေအနေနဲ့အခုအခြေအနေနဲ့ကတူမှမတူတော့တာ
ကျွန်တော်ကလည်းသခင်လေးမဟုတ်တော့သလိုမားကလည်းရှောင်းသခင်မကြီးမဟုတ်တော့ဘူး
ကျွန်တော့်မှာတခြားတစ်ယောက်ကိုတင်ကျွေးထားဖို့ဘာအစွမ်းအစမှမရှိဘူး"

"မားကြောင့်သားအများကြီး ဒုက္ခခံခဲ့ရပြီးပြီ
မားမှာသားတစ်ယောက်ဘဲကျန်တော့တယ်..
သားကိုတော့မားအဆုံးရှုံးမခံနိုင်တော့ဘူး
သား မားကိုထားပြီးထွက်ပြေးပါတော့..
ချောင်ချန်းနဲ့နှစ်ယောက်သားဝေးရာကိုထွက်ပြေးကြ"

"မား!! ကျွန်တော်ကဘယ်လိုလုပ်မားကိုထားခဲ့နိုင်မှာလဲ
ကျွန်တော့်မှာလည်းမားတစ်ယောက်တည်းဘဲရှိတော့တာလေ"

"ကျန့်အာ ဒီလက်ထပ်ပွဲအတွက်ကိုယ့်ကိုယ်ကိုအနစ်နာခံစရာမလိုဘူး
မားကအသက်ကြီးနေပြီ သားကတော့သားဘဝကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းရဦးမယ်
သားဘဝကိုယောက်ျားတစ်ယောက်နဲ့ဖြတ်သန်းစရာမလိုဘူး"

ရှောင်းကျန့်အရမ်းတွေဝေရပါသည်။ တစ်ဖက်ကမိခင်ဖြစ်သူကိုထားခဲ့ဖို့လည်းမဖြစ်နိုင်၊ ယောက်ျားတစ်ယောက်နဲ့လက်မထပ်ချင်။ သူ့တို့အခြေအနေကလည်းလွန်ခဲ့တဲ့၅နှစ်ကတည်းကများစွာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အခုသူတို့ကနန်းတွင်းရဲ့စောင့်ကြည့်မှုအောက်မှာနေနေရတဲ့သူတွေ။ သူနဲ့ချောင်ချန်းကလွတ်ဖို့ဖြစ်နိုင်ပေမယ့်မားနဲ့ဦးမာလုံကတော့ဘယ်လိုမှမလွတ်နိုင်..

လူ‌လေးယောက်တစ်ပြိုင်တည်းပျောက်သွားရင်သံသယဝင်ပြီးတစ်ခါတည်းအဖမ်းခံရနိုင်သည်။ သူတို့တောင်လွတ်လွတ်လပ်လပ်နေခွင့်ရတာဘယ်လောက်မှမကြာသေး။ လွန်ခဲ့တဲ့နှစ်တွေတုန်းကရှောင်းကျန့်တို့တွေလူကုံထံအသိုင်းအဝိုင်းကနေနေ့ချင်းညချင်းဆင်းရဲသွားခဲ့သည်။ ပါးကစစ်‌ပွဲမှာကျသွားပြီး ဘုရင်ကိုပုန်ကန်ဖို့ကြံနေတဲ့အဖွဲ့ထဲမှာပါနေတာတဲ့။ ပါးဘဝတစ်လျှောက်လုံးဒီဘုရင်ဆီမှာသစ္စာခံလာခဲ့တာ..

ဘယ်သူတွေလုပ်ကြံမှန်းမသိခဲ့ရပေမယ့်သူတို့တစ်မိသားစုလုံးလုံးအသတ်ခံရမယ့်ကိန်းဆိုက်ခဲ့ရသည်။ ရှင်ဘုရင်ကအရင်စောင့်သိထမ်းဆောင်ခဲ့သောတာဝန်တွေကိုငဲ့ညာသောအားဖြင့်သူတို့မိသားစုကိုမသတ်ခဲ့ပေမယ့်သူ့တို့ပိုင်တဲ့စည်းစိမ်ဉစ္စာတွေတော့ဘုရင့်ဘဏ္ဍာအဖြစ်သိမ်းသွားခဲ့သည်။ သူတို့ကိုလည်းစောင့်ကြည့်မှုအောက်မှာဘဲထိန်းသိမ်းထားခဲ့သည်။

သူတို့ဆင်းရဲသွားတော့အစေခံတွေလည်းသခင်အသစ်ဆီကိုရောက်သွားကြသည့်အပြင်အရင်ကသူတို့နဲ့ရင်းနှီးခဲ့ကြသူများပါသူတို့ကိုရှောင်ဖယ်သွားခဲ့ကြသည်။ သူကတော့အစကတည်းကမျှော်လင့်ပြီးသားပေမယ့်မားကတော့ချုံးချုံးကျသွားခဲ့သည်။ မားလိုမိန်းမတစ်ယောက်နဲ့သခင်လေးလိုအမြဲတမ်းနေလာခဲ့တဲ့သူကဘာများလုပ်တတ်ကိုင်တတ်ခဲ့မှာလဲ..

ဆွေမျိုးတွေဆိုတာလည်းသူတို့ပါမင်းပြစ်မင်းဒဏ်ထဲဝင်သွားမှာစိုးလို့ပါးဆုံးကတည်းကခပ်ခွာခွာ..။ မားကတော့အစမှာသူတို့ဆီအကူညီသွားတောင်းဖူးသည်။ ဒါပေမယ့်ဘာအကူအညီမှရခဲ့ပုံမပေါ်။ သူခံစားရမှာစိုးလို့ဘာမှပြန်မပြောပြပေမယ့်မားမျက်နှာမကောင်းကတည်းကသူရိပ်မိပြီးသားပါ..

ကံကောင်းတာတစ်ခုကတစ်သတ်လုံးသူတို့အိမ်မှာအမှုထမ်းလာခဲ့တဲ့ဦးမာလုံနဲ့ပါးမွေးစားခဲ့တဲ့ချောင်ချန်းကသူတို့ကိုလုံးဝပစ်ခွာမသွားခဲ့..။ အစတုန်းကသူတို့နှစ်ယောက်ရဲ့အကူအညီနဲ့သူတို့ထမင်းမငတ်ခဲ့။ ဘဝကံကြမာအမျိုးမျိူးကိုကြုံခဲ့ပြီးနောက်မားရောသူကပါသူဝမ်းကိုယ်ကျောင်းရတော့သည်။ ချောင်ချင်းတို့ကိုဘဲအမြဲအားကိုးနေလို့မှမရတာ..။ဒီကြားထဲဘာမှပင်ပင်ပန်းပန်းမလုပ်ခဲ့ဖူးတဲ့မားကပါကျန်းမာရေးချို့တဲ့လာခဲ့တော့ရှောင်းကျန့်မှာပိုပြီးတော့သာအလုပ်ကြိုးစားရတော့သည်..

ရှောင်းကျန့်ကစာအုပ်ဆိုင်မှာပန်းချီဆွဲသည်။ စာအုပ်တွေရေးသည်။ စာတွေကူးပေးသည်။ သူရေးတဲ့ပုံတွေကအရမ်းလှလို့ရှောင်းကျန့်မှာရုပ်ပြတွေလည်းဆွဲလာရသည်။ ပုံတူဆွဲသည့်အလုပ်ကထမင်းလည်းဝသည့်အပြင်လက်ထဲမှာလည်းနည်းနည်းပိုလျှံလာခဲ့သည်။ သခင်လေးဘဝကနေသူများဆီကအခကြေးငွေနဲ့အလုပ်လုပ်ရတော့လှောင်ပြောင်ခံရတာတော့သူ့အနေနဲ့ရှောင်လွှဲလို့မရဘူးပေါ့..။ အရင်တုန်းကသူ့ကိုကြည့်မရတဲ့သူတွေကတမင်သက်သက်သူ့ကိုလှောင်ပြောင်ကာစနောက်ခဲ့ကြသည်...

အခုရှောင်းကျန့်ကလှောင်ပြောင်မှုကိုလည်းသည်းခံတတ်နေပြီ။ ဝမ်းနည်းမှုတွေကိုလည်းကြိတ်ခံစားတတ်နေပြီ။ သူခံစားချက်အမျိုးမျိုးကိုထိန်းချုပ်တတ်နေတာကြာပါပြီ။ သူ့မှာအားကိုးစရာဘယ်သူမှမရှိတော့ဘူးလေ..။ သူ့ရှေ့ကကာကွယ်ပေးမယ့်သူလည်းရှိမှမရှိတော့တာ..။

"ကျွန်တော်စဉ်းစားပါရစေဦးမားရယ်.."
.
.
.
.
.
"ရှောင်းကျန့် အလုပ်ရှိတယ်"

"ဟုတ်ကဲ့"

"ဒီတစ်ခါတော့ပုံကူးပေးရမှာမဟုတ်ဘူး
ပုံတူဆွဲပေးရမှာ မင်းကိုလည်းမျိုးမျိုးမြတ်မြတ်ပေးမှာကွ"

"ဘယ်သူ့ပုံဆွဲပေးရမှာလဲ"

"နွေဦးဂေယာမှာသွား‌ဆွဲပေးရမှာ"

"နွေဦးဂေယာဆိုတာ အပျော်ဂေယာမဟုတ်လား
အဲ့လိုနိမ့်ကျတဲ့နေရာတွေကိုကျွန်တော်မသွားဘူးလို့အစတည်းကပြောပြီးသား"

"ရှောင်းကျန့် မင်းကများဘယ်လောက်မြင့်မြတ်နေလို့လဲ!!
မင်းကအခုကသူများခိုင်းဖက်သာသာဘဲရှိတော့တယ်"

"ကျွန်တော်မသွားဘူး"

"မရတော့ဘူး ငါငွေလက်ခံပြီးသွားပြီ
ပုံလေးတစ်ပုံဆွဲရမှာအဲ့လောက်ကြီးကျယ်ပြနေတယ်
ပုံဆွဲပေးပြီးသွားရင်မင်းသုံးပုံနှစ်ပုံရမှာ"

"ဘယ်သူ့ကိုဆွဲပေးရမှာလဲ"

"ကန်နိုင်ငံကစစ်သူကြီးတဲ့.."

"ကန်နိုင်ငံကစစ်သူကြီးကဒီကိုဘာလာလုပ်တာလဲ"

"ငါတို့နိုင်ငံကအရှင်ကသူ့ညီမတော်တစ်ယောက်ကိုကန်နိုင်ငံကိုဆက်သလိုက်တယ်လေ
အဲ့မင်းသမီးကိုလာခေါ်တာဖြစ်မှာပေါ့"

"အော်.."

"ဒီညမင်းကိုလာခေါ်မယ်အဆင်သင့်လုပ်ထား"

"အင်း"

လော့ပန်ကရှောင်းကျန့်ကိုအေးစက်စက်ကြည့်ကာလိုအပ်တဲ့ပစ္စည်းတွေတစ်ခါတည်းယူသွားစေသည်။ရှောင်းကျန့်ကပစ္စည်းတွေကိုထုတ်ပိုးပြီးတစ်ခါတည်းယူလာလိုက်သည်။ အိမ်ရောက်တော့သူ့အခန်းငယ်ထဲမှာပစ္စည်းတွေကိုနေရာတကျချကာတစ်ချက်ပြန်စစ်ကြည့်လိုက်သည်။ ပြီးမှလုပ်စရာတွေကိုလုပ်ပြီးရေမိုးချိုးပြီးညစာစားကာလော့ပန်ကိုစောင့်နေလိုက်သည်။ လော့ပန်တပည့်ကညမိုးမချုပ်ခင်ရောက်လာပြီးသူ့ကိုလာခေါ်သည်။

"မား! ကျွန်တော်အလုပ်ရှိလို့အိမ်ပြန်နောက်ကျမယ်နော်"

"အေး အေး ကျန့်အာ
ဂရုစိုက်သွားဦး"

ရှောင်းကျန့်ကပုံမှန်အတိုင်းရှိတာလေးနဲ့ဖြစ်သလိုဝတ်စားထားသော်လည်းသူ့ရုပ်ရည်ကထင်းထွက်နေသည်။ ပြောရရင်နွေဦးဂေယာနဲ့ဘယ်လိုမှမအပ်စပ်သလိုမျိုး။ အဝတ်အစားတွေကနွမ်းဖတ်နေသော်လည်းဉပတိရုပ်ကအထက်တန်းစားဆန်နေပြန်သည်။ ဒါပေမယ့်ရုပ်ရည်ထက်အဆင့်အတန်းကလည်းအရေးကြီးပြန်သေးတယ်မဟုတ်လား။

"ရှောင်းကျန့် မင်းကိုဒီနေရာမှာတွေ့ရလိမ့်မယ်လိုမထင်ထားခဲ့ဘူး"

"ငါ့ရှေ့ကဖယ်စမ်း!!"

"မဖယ်ဘူးကွာ.."

"သခင်လေး ရှောင်းကျန့်ကအရေးကြီးဧည့်သည်နဲ့တွေ့ရမှာမို့ပါ
ကျွန်တော်တို့ကိုမနှောင့်ယှက်ပါနဲ့ဗျာ"

"အိုးဟိုး..မြင့်မြတ်လှတဲ့သခင်လေးရှောင်းကျန့်
အဆင့်အတန်းဆိုတာပါးစပ်ကမချတဲ့ရှောင်းကျန့်
မာနကြီးလှတဲ့သခင်လေးရှောင်းကျန့်ကနွေဦးဂေယာကိုအသုံးတော်ခံဖို့ရောက်နေပြီ
မင်းတစ်ညခံရင်ဘယ်လောက်ရတုန်းကွာ ဟမ်"

"ကျောက်မုန့်ကွေ့!!"

"ဒါမှမဟုတ်မင်းငါ့ကိုပြုစုပေးချင်လား
အခုမင်းရထားတာထက်နှစ်ဆပေးမယ်
ငွေလိုတယ်မလား လာလေ ငါ့ကိုလာပြုစုပေး"

"ဟား ဟား"

ကျောက်‌မုန့်ကွေ့စကားကြောင့်သူ့အပေါင်းအပါတွေပါရှောင်းကျန့်ကိုလှောင်ပြောင်သရော်လာခဲ့ကြသည်။ ရှောင်းကျန့်ကဒီလိုအရှက်ခွဲမှုတွေကိုနေသားကျနေပြီဆိုပေမယ့်လုံးဝအရှက်ကင်းမဲ့သွားတာမျိုးတော့မဟုတ်သေးဘူး။ သူ့မျက်နှာတစ်ခုလုံးကရှက်လို့ပေါက်ကွဲမတတ်နီရဲလာခဲ့တော့သည်။

"သခင်ကြီးခေါ်ထားတဲ့ပန်းချီဆရာလား"

"ဟုတ်ကဲ့"

"သခင်ကြီးကဟိုဘက်အခန်းမှာပါ"

သူတို့ကိုလာခေါ်တဲ့ကိုယ်ရံတော်တွေကြောင့်သူနည်းနည်းအသက်ရှူချောင်သွားရသည်။ မဟုတ်ရင်ဒီလူတွေကိုသူရင်‌ဆိုင်ဖို့မလွယ်။

"ဟေ့ မင်းကဘယ်သူလဲ
ဒီနေ့ဒီကောင့်ကိုငါခေါ်သွားမယ်"

"ငါတို့သခင်ကြီးကမင်းတို့ချင်ဘုရင်ရဲ့အထူးဧည့်သည်တော်ကွ
ထပ်တားရဲရင်ငါတို့အဆိုးမဆိုနဲ့"

ကြည့်ရတာဒီကိုယ်ရံတော်တွေကဟိုဘက်နိုင်ငံကလူတွေဖြစ်မယ်။ ချင်စကားသံဝဲဝဲနဲ့ကိုယ်ခန္ဓာကအရမ်းထွားကျိုင်းသန်မာကြကာအရပ်လည်းရှည်ကြသည်။ ဒီလူတို့ရဲ့ပုံပန်းသဏ္ဍာန်ကြောင့်ဟိုလူတွေလည်းဆက်မနှောင့်ယှက်ရဲတော့..။ သူတို့တွေထွက်သွားပြီးမှသာရှောင်းကျန့်အသက်ပြင်းဖွဖွလေးချ‌လိုက်မိသည်။

"ကျွန်တော့်နောက်ကိုလိုက်ခဲ့ကြပါ"

"အင်း"

ရှေ့ကကိုယ်ရံတော်နှစ်ယောက်ကအခန်းတစ်ခုရှေ့ရောက်တော့ရပ်သွားကြသည်။

"သခင်ကြီး ရောက်ပါပြီ"

"ဝင်ခိုင်းလိုက်.."

အထဲကအသံကအနည်းငယ်ဩရှရှနဲ့ယောက်ျားပီသကာငယ်ရွယ်သေးတဲ့ပုံပေါ်သည်။ သူကစစ်သူကြီးဆိုလို့အသက်ကြီးနေပြီထင်ထားခဲ့တာ..။

"အထဲမှာသခင်ကြီးရှိတယ် ဝင်သွားလိုက်"

"သခင်ကြီးနာမည်က.."

"မင်းတို့သိစရာမလိုဘူး ကိုယ့်အလုပ်ဘဲကိုယ်လုပ်"

ရှောင်းကျန့်တံခါးကိုအသာဘေးကိုတွန်းဖွင့်ကာအခန်းထဲကိုခပ်ရို့ရို့လေးဝင်ပြီးအရိုအသေပေးလိုက်သည်။ ရှောင်းကျန့်ကစစ်သူကြီးတွေဆိုရင်အလိုလိုရှိန်ပြီးသေသွားတဲ့သူ့ဖခင်ကိုလည်းသတိရမိသည်။ ကိုယ်ကျိုးစွန့်ခံပြီးစစ်ပွဲတွေမှာအသက်ကိုမမှုဘဲအပင်ပန်းခံခဲ့သမျှနောက်ဆုံးတော့လူမသိသူမသိသေဆုံးရသည်။ ပြီးတော့နာမည်ရော၊ဂုဏ်သတင်းရောပါးမှာဘာကျန်လိုက်လို့လဲ..။ ပါးကိုသေချာသင့်ကျိုပေးချင်တာတောင်မင်းမိန့်ကြောင့်ဘာမှလုပ်လို့မရလိုက်။ သူအသုံးမကျလို့ပါးဆီကခွင့်လွှတ်ဖို့တောင်တောင်းခံဖို့ မျက်နှာမပြဝံ့ခဲ့ပါ..

"သခင်ကြီး! ကျွန်တော်မျိုးတို့ကသခင်ကြီးပုံတူဆွဲဖို့လော့ပန်ဦးရန်လုံကလွှတ်လိုက်တဲ့သူတွေပါ"

သခင်ကြီးကဘာစကားမှမပြော..။ဒါပေမယ့်အသက်ရှူသံပြင်းပြင်းနဲ့အတူသူကိုစူးစိုက်ကြည့်နေတဲ့အကြည့်စူးစူးကိုတော့သူခံစားလို့ရနေသည်။ အဲ့အကြည့်စူးစူးတွေကြောင့်သူကျောတွေတောင်စိမ့်တက်လာသလို..။ ဒါပေမယ့်ခေါင်းမော့ဖို့အမိန့်မရသေးတာကြောင့်ရှောင်းကျန့်တို့ခေါင်းမော့ခွင့်မရသေး။

"ပန်းချီဆရာကလွဲပြီးကျန်တဲ့သူတွေအပြင်ထွက်သွား!"

ဟင်..ဒီအသံ။ အသံတွေပိုဩလာတာပြီးအရွယ်ရောက်ယောက်ျားတစ်ယောက်ရဲ့အသံလိုမျိုးပြောင်းလဲသွားတာကလွဲလို့ဒါသူ့အသံဘဲမဟုတ်လား။ ရှောင်းကျန့်ခေါင်းမော့ကြည့်မိတော့သူ့ကိုဘဲစူးစိုက်ကြည့်နေတဲ့မျက်ဝန်းတစ်စုံ..

"ဝမ်..ဝမ်ရိပေါ်!"


(22.3.21)

ဒီပုံကိုတွေ့ပြီးနောက်မိမိမှာဒီပုံစံမျိုးရေးချင်လို့တစ်ပိုင်းသေနေရောဘဲ😁။ ကိုယ်နိုင်ရာပိုင်ရာဘဲရေးလိုက်ဦးမယ်။

........................

"သခင္ေလးကမာနႀကီးလြန္းတယ္"

Part- 5

For zawgyi

8ႏွစ္ခန႔္ၾကာၿပီးေနာက္...

"မယူဘူး...လုံးဝမယူနိုင္ဘူး"

"က်န႔္အာ..သားေလး
ဒါကမင္းမိန႔္ေလကြယ္.."

"ကိုယ္မခ်စ္မႏွစ္သက္တဲ့လူတစ္ေယာက္ကိုကြၽန္ေတာ္လက္မထပ္ခ်င္ဘူးမား
ၿပီးေတာ့အဲ့ဒါကလည္းေယာက္်ားေလးတစ္ေယာက္"

"သားအသက္မငယ္ေတာ့ဘူးက်န႔္အာ
သားကိုမိန္းမေပး‌စားတုန္းကလည္းသားျငင္းခဲ့ၿပီးၿပီ"

"အရင္အေျခအေနနဲ႕အခုအေျခအေနနဲ႕ကတူမွမတူေတာ့တာ
ကြၽန္ေတာ္ကလည္းသခင္ေလးမဟုတ္ေတာ့သလိုမားကလည္းေရွာင္းသခင္မႀကီးမဟုတ္ေတာ့ဘူး
ကြၽန္ေတာ့္မွာတျခားတစ္ေယာက္ကိုတင္ေကြၽးထားဖို႔ဘာအစြမ္းအစမွမရွိဘူး"

"မားေၾကာင့္သားအမ်ားႀကီး ဒုကၡခံခဲ့ရၿပီးၿပီ
မားမွာသားတစ္ေယာက္ဘဲက်န္ေတာ့တယ္..
သားကိုေတာ့မားအဆုံးရႈံးမခံနိုင္ေတာ့ဘူး
သား မားကိုထားၿပီးထြက္ေျပးပါေတာ့..
ေခ်ာင္ခ်န္းနဲ႕ႏွစ္ေယာက္သားေဝးရာကိုထြက္ေျပးၾက"

"မား!! ကြၽန္ေတာ္ကဘယ္လိုလုပ္မားကိုထားခဲ့နိုင္မွာလဲ
ကြၽန္ေတာ့္မွာလည္းမားတစ္ေယာက္တည္းဘဲရွိေတာ့တာေလ"

"က်န႔္အာ ဒီလက္ထပ္ပြဲအတြက္ကိုယ့္ကိုယ္ကိုအနစ္နာခံစရာမလိုဘူး
မားကအသက္ႀကီးေနၿပီ သားကေတာ့သားဘဝကိုအဓိပၸာယ္ရွိရွိျဖတ္သန္းရဦးမယ္
သားဘဝကိုေယာက္်ားတစ္ေယာက္နဲ႕ျဖတ္သန္းစရာမလိုဘူး"

ေရွာင္းက်န႔္အရမ္းေတြေဝရပါသည္။ တစ္ဖက္ကမိခင္ျဖစ္သူကိုထားခဲ့ဖို႔လည္းမျဖစ္နိုင္၊ ေယာက္်ားတစ္ေယာက္နဲ႕လက္မထပ္ခ်င္။ သူ႕တို႔အေျခအေနကလည္းလြန္ခဲ့တဲ့၅ႏွစ္ကတည္းကမ်ားစြာေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။ အခုသူတို႔ကနန္းတြင္းရဲ႕ေစာင့္ၾကည့္မႈေအာက္မွာေနေနရတဲ့သူေတြ။ သူနဲ႕ေခ်ာင္ခ်န္းကလြတ္ဖို႔ျဖစ္နိုင္ေပမယ့္မားနဲ႕ဦးမာလုံကေတာ့ဘယ္လိုမွမလြတ္နိုင္..

လူ‌ေလးေယာက္တစ္ၿပိဳင္တည္းေပ်ာက္သြားရင္သံသယဝင္ၿပီးတစ္ခါတည္းအဖမ္းခံရနိုင္သည္။ သူတို႔ေတာင္လြတ္လြတ္လပ္လပ္ေနခြင့္ရတာဘယ္ေလာက္မွမၾကာေသး။ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကေရွာင္းက်န႔္တို႔ေတြလူကုံထံအသိုင္းအဝိုင္းကေနေန႕ခ်င္းညခ်င္းဆင္းရဲသြားခဲ့သည္။ ပါးကစစ္‌ပြဲမွာက်သြားၿပီး ဘုရင္ကိုပုန္ကန္ဖို႔ႀကံေနတဲ့အဖြဲ႕ထဲမွာပါေနတာတဲ့။ ပါးဘဝတစ္ေလွ်ာက္လုံးဒီဘုရင္ဆီမွာသစၥာခံလာခဲ့တာ..

ဘယ္သူေတြလုပ္ႀကံမွန္းမသိခဲ့ရေပမယ့္သူတို႔တစ္မိသားစုလုံးလုံးအသတ္ခံရမယ့္ကိန္းဆိုက္ခဲ့ရသည္။ ရွင္ဘုရင္ကအရင္ေစာင့္သိထမ္းေဆာင္ခဲ့ေသာတာဝန္ေတြကိုငဲ့ညာေသာအားျဖင့္သူတို႔မိသားစုကိုမသတ္ခဲ့ေပမယ့္သူ႕တို႔ပိုင္တဲ့စည္းစိမ္ဉစၥာေတြေတာ့ဘုရင့္ဘ႑ာအျဖစ္သိမ္းသြားခဲ့သည္။ သူတို႔ကိုလည္းေစာင့္ၾကည့္မႈေအာက္မွာဘဲထိန္းသိမ္းထားခဲ့သည္။

သူတို႔ဆင္းရဲသြားေတာ့အေစခံေတြလည္းသခင္အသစ္ဆီကိုေရာက္သြားၾကသည့္အျပင္အရင္ကသူတို႔နဲ႕ရင္းႏွီးခဲ့ၾကသူမ်ားပါသူတို႔ကိုေရွာင္ဖယ္သြားခဲ့ၾကသည္။ သူကေတာ့အစကတည္းကေမွ်ာ္လင့္ၿပီးသားေပမယ့္မားကေတာ့ခ်ဳံးခ်ဳံးက်သြားခဲ့သည္။ မားလိုမိန္းမတစ္ေယာက္နဲ႕သခင္ေလးလိုအၿမဲတမ္းေနလာခဲ့တဲ့သူကဘာမ်ားလုပ္တတ္ကိုင္တတ္ခဲ့မွာလဲ..

ေဆြမ်ိဳးေတြဆိုတာလည္းသူတို႔ပါမင္းျပစ္မင္းဒဏ္ထဲဝင္သြားမွာစိုးလို႔ပါးဆုံးကတည္းကခပ္ခြာခြာ..။ မားကေတာ့အစမွာသူတို႔ဆီအကူညီသြားေတာင္းဖူးသည္။ ဒါေပမယ့္ဘာအကူအညီမွရခဲ့ပုံမေပၚ။ သူခံစားရမွာစိုးလို႔ဘာမွျပန္မေျပာျပေပမယ့္မားမ်က္ႏွာမေကာင္းကတည္းကသူရိပ္မိၿပီးသားပါ..

ကံေကာင္းတာတစ္ခုကတစ္သတ္လုံးသူတို႔အိမ္မွာအမႈထမ္းလာခဲ့တဲ့ဦးမာလုံနဲ႕ပါးေမြးစားခဲ့တဲ့ေခ်ာင္ခ်န္းကသူတို႔ကိုလုံးဝပစ္ခြာမသြားခဲ့..။ အစတုန္းကသူတို႔ႏွစ္ေယာက္ရဲ႕အကူအညီနဲ႕သူတို႔ထမင္းမငတ္ခဲ့။ ဘဝကံၾကမာအမ်ိဳးမ်ိဴးကိုႀကဳံခဲ့ၿပီးေနာက္မားေရာသူကပါသူဝမ္းကိုယ္ေက်ာင္းရေတာ့သည္။ ေခ်ာင္ခ်င္းတို႔ကိုဘဲအၿမဲအားကိုးေနလို႔မွမရတာ..။ဒီၾကားထဲဘာမွပင္ပင္ပန္းပန္းမလုပ္ခဲ့ဖူးတဲ့မားကပါက်န္းမာေရးခ်ိဳ႕တဲ့လာခဲ့ေတာ့ေရွာင္းက်န႔္မွာပိုၿပီးေတာ့သာအလုပ္ႀကိဳးစားရေတာ့သည္..

ေရွာင္းက်န႔္ကစာအုပ္ဆိုင္မွာပန္းခ်ီဆြဲသည္။ စာအုပ္ေတြေရးသည္။ စာေတြကူးေပးသည္။ သူေရးတဲ့ပုံေတြကအရမ္းလွလို႔ေရွာင္းက်န႔္မွာ႐ုပ္ျပေတြလည္းဆြဲလာရသည္။ ပုံတူဆြဲသည့္အလုပ္ကထမင္းလည္းဝသည့္အျပင္လက္ထဲမွာလည္းနည္းနည္းပိုလွ်ံလာခဲ့သည္။ သခင္ေလးဘဝကေနသူမ်ားဆီကအခေၾကးေငြနဲ႕အလုပ္လုပ္ရေတာ့ေလွာင္ေျပာင္ခံရတာေတာ့သူ႕အေနနဲ႕ေရွာင္လႊဲလို႔မရဘူးေပါ့..။ အရင္တုန္းကသူ႕ကိုၾကည့္မရတဲ့သူေတြကတမင္သက္သက္သူ႕ကိုေလွာင္ေျပာင္ကာစေနာက္ခဲ့ၾကသည္...

အခုေရွာင္းက်န႔္ကေလွာင္ေျပာင္မႈကိုလည္းသည္းခံတတ္ေနၿပီ။ ဝမ္းနည္းမႈေတြကိုလည္းႀကိတ္ခံစားတတ္ေနၿပီ။ သူခံစားခ်က္အမ်ိဳးမ်ိဳးကိုထိန္းခ်ဳပ္တတ္ေနတာၾကာပါၿပီ။ သူ႕မွာအားကိုးစရာဘယ္သူမွမရွိေတာ့ဘူးေလ..။ သူ႕ေရွ႕ကကာကြယ္ေပးမယ့္သူလည္းရွိမွမရွိေတာ့တာ..။

"ကြၽန္ေတာ္စဥ္းစားပါရေစဦးမားရယ္.."
.
.
.
.
.
"ေရွာင္းက်န႔္ အလုပ္ရွိတယ္"

"ဟုတ္ကဲ့"

"ဒီတစ္ခါေတာ့ပုံကူးေပးရမွာမဟုတ္ဘူး
ပုံတူဆြဲေပးရမွာ မင္းကိုလည္းမ်ိဳးမ်ိဳးျမတ္ျမတ္ေပးမွာကြ"

"ဘယ္သူ႕ပုံဆြဲေပးရမွာလဲ"

"ႏြေဦးေဂယာမွာသြား‌ဆြဲေပးရမွာ"

"ႏြေဦးေဂယာဆိုတာ အေပ်ာ္ေဂယာမဟုတ္လား
အဲ့လိုနိမ့္က်တဲ့ေနရာေတြကိုကြၽန္ေတာ္မသြားဘူးလို႔အစတည္းကေျပာၿပီးသား"

"ေရွာင္းက်န႔္ မင္းကမ်ားဘယ္ေလာက္ျမင့္ျမတ္ေနလို႔လဲ!!
မင္းကအခုကသူမ်ားခိုင္းဖက္သာသာဘဲရွိေတာ့တယ္"

"ကြၽန္ေတာ္မသြားဘူး"

"မရေတာ့ဘူး ငါေငြလက္ခံၿပီးသြားၿပီ
ပုံေလးတစ္ပုံဆြဲရမွာအဲ့ေလာက္ႀကီးက်ယ္ျပေနတယ္
ပုံဆြဲေပးၿပီးသြားရင္မင္းသုံးပုံႏွစ္ပုံရမွာ"

"ဘယ္သူ႕ကိုဆြဲေပးရမွာလဲ"

"ကန္နိုင္ငံကစစ္သူႀကီးတဲ့.."

"ကန္နိုင္ငံကစစ္သူႀကီးကဒီကိုဘာလာလုပ္တာလဲ"

"ငါတို႔နိုင္ငံကအရွင္ကသူ႕ညီမေတာ္တစ္ေယာက္ကိုကန္နိုင္ငံကိုဆက္သလိုက္တယ္ေလ
အဲ့မင္းသမီးကိုလာေခၚတာျဖစ္မွာေပါ့"

"ေအာ္.."

"ဒီညမင္းကိုလာေခၚမယ္အဆင္သင့္လုပ္ထား"

"အင္း"

ေလာ့ပန္ကေရွာင္းက်န႔္ကိုေအးစက္စက္ၾကည့္ကာလိုအပ္တဲ့ပစၥည္းေတြတစ္ခါတည္းယူသြားေစသည္။ေရွာင္းက်န႔္ကပစၥည္းေတြကိုထုတ္ပိုးၿပီးတစ္ခါတည္းယူလာလိုက္သည္။ အိမ္ေရာက္ေတာ့သူ႕အခန္းငယ္ထဲမွာပစၥည္းေတြကိုေနရာတက်ခ်ကာတစ္ခ်က္ျပန္စစ္ၾကည့္လိုက္သည္။ ၿပီးမွလုပ္စရာေတြကိုလုပ္ၿပီးေရမိုးခ်ိဳးၿပီးညစာစားကာေလာ့ပန္ကိုေစာင့္ေနလိုက္သည္။ ေလာ့ပန္တပည့္ကညမိုးမခ်ဳပ္ခင္ေရာက္လာၿပီးသူ႕ကိုလာေခၚသည္။

"မား! ကြၽန္ေတာ္အလုပ္ရွိလို႔အိမ္ျပန္ေနာက္က်မယ္ေနာ္"

"ေအး ေအး က်န႔္အာ
ဂ႐ုစိုက္သြားဦး"

ေရွာင္းက်န႔္ကပုံမွန္အတိုင္းရွိတာေလးနဲ႕ျဖစ္သလိုဝတ္စားထားေသာ္လည္းသူ႕႐ုပ္ရည္ကထင္းထြက္ေနသည္။ ေျပာရရင္ႏြေဦးေဂယာနဲ႕ဘယ္လိုမွမအပ္စပ္သလိုမ်ိဳး။ အဝတ္အစားေတြကႏြမ္းဖတ္ေနေသာ္လည္းဉပတိ႐ုပ္ကအထက္တန္းစားဆန္ေနျပန္သည္။ ဒါေပမယ့္႐ုပ္ရည္ထက္အဆင့္အတန္းကလည္းအေရးႀကီးျပန္ေသးတယ္မဟုတ္လား။

"ေရွာင္းက်န႔္ မင္းကိုဒီေနရာမွာေတြ႕ရလိမ့္မယ္လိုမထင္ထားခဲ့ဘူး"

"ငါ့ေရွ႕ကဖယ္စမ္း!!"

"မဖယ္ဘူးကြာ.."

"သခင္ေလး ေရွာင္းက်န႔္ကအေရးႀကီးဧည့္သည္နဲ႕ေတြ႕ရမွာမို႔ပါ
ကြၽန္ေတာ္တို႔ကိုမႏွောင့္ယွက္ပါနဲ႕ဗ်ာ"

"အိုးဟိုး..ျမင့္ျမတ္လွတဲ့သခင္ေလးေရွာင္းက်န႔္
အဆင့္အတန္းဆိုတာပါးစပ္ကမခ်တဲ့ေရွာင္းက်န႔္
မာနႀကီးလွတဲ့သခင္ေလးေရွာင္းက်န႔္ကႏြေဦးေဂယာကိုအသုံးေတာ္ခံဖို႔ေရာက္ေနၿပီ
မင္းတစ္ညခံရင္ဘယ္ေလာက္ရတုန္းကြာ ဟမ္"

"ေက်ာက္မုန႔္ေကြ႕!!"

"ဒါမွမဟုတ္မင္းငါ့ကိုျပဳစုေပးခ်င္လား
အခုမင္းရထားတာထက္ႏွစ္ဆေပးမယ္
ေငြလိုတယ္မလား လာေလ ငါ့ကိုလာျပဳစုေပး"

"ဟား ဟား"

ေက်ာက္‌မုန႔္ေကြ႕စကားေၾကာင့္သူ႕အေပါင္းအပါေတြပါေရွာင္းက်န႔္ကိုေလွာင္ေျပာင္သေရာ္လာခဲ့ၾကသည္။ ေရွာင္းက်န႔္ကဒီလိုအရွက္ခြဲမႈေတြကိုေနသားက်ေနၿပီဆိုေပမယ့္လုံးဝအရွက္ကင္းမဲ့သြားတာမ်ိဳးေတာ့မဟုတ္ေသးဘူး။ သူ႕မ်က္ႏွာတစ္ခုလုံးကရွက္လို႔ေပါက္ကြဲမတတ္နီရဲလာခဲ့ေတာ့သည္။

"သခင္ႀကီးေခၚထားတဲ့ပန္းခ်ီဆရာလား"

"ဟုတ္ကဲ့"

"သခင္ႀကီးကဟိုဘက္အခန္းမွာပါ"

သူတို႔ကိုလာေခၚတဲ့ကိုယ္ရံေတာ္ေတြေၾကာင့္သူနည္းနည္းအသက္ရႉေခ်ာင္သြားရသည္။ မဟုတ္ရင္ဒီလူေတြကိုသူရင္‌ဆိုင္ဖို႔မလြယ္။

"ေဟ့ မင္းကဘယ္သူလဲ
ဒီေန႕ဒီေကာင့္ကိုငါေခၚသြားမယ္"

"ငါတို႔သခင္ႀကီးကမင္းတို႔ခ်င္ဘုရင္ရဲ႕အထူးဧည့္သည္ေတာ္ကြ
ထပ္တားရဲရင္ငါတို႔အဆိုးမဆိုနဲ႕"

ၾကည့္ရတာဒီကိုယ္ရံေတာ္ေတြကဟိုဘက္နိုင္ငံကလူေတြျဖစ္မယ္။ ခ်င္စကားသံဝဲဝဲနဲ႕ကိုယ္ခႏၶာကအရမ္းထြားက်ိဳင္းသန္မာၾကကာအရပ္လည္းရွည္ၾကသည္။ ဒီလူတို႔ရဲ႕ပုံပန္းသ႑ာန္ေၾကာင့္ဟိုလူေတြလည္းဆက္မႏွောင့္ယွက္ရဲေတာ့..။ သူတို႔ေတြထြက္သြားၿပီးမွသာေရွာင္းက်န႔္အသက္ျပင္းဖြဖြေလးခ်‌လိုက္မိသည္။

"ကြၽန္ေတာ့္ေနာက္ကိုလိုက္ခဲ့ၾကပါ"

"အင္း"

ေရွ႕ကကိုယ္ရံေတာ္ႏွစ္ေယာက္ကအခန္းတစ္ခုေရွ႕ေရာက္ေတာ့ရပ္သြားၾကသည္။

"သခင္ႀကီး ေရာက္ပါၿပီ"

"ဝင္ခိုင္းလိုက္.."

အထဲကအသံကအနည္းငယ္ဩရွရွနဲ႕ေယာက္်ားပီသကာငယ္႐ြယ္ေသးတဲ့ပုံေပၚသည္။ သူကစစ္သူႀကီးဆိုလို႔အသက္ႀကီးေနၿပီထင္ထားခဲ့တာ..။

"အထဲမွာသခင္ႀကီးရွိတယ္ ဝင္သြားလိုက္"

"သခင္ႀကီးနာမည္က.."

"မင္းတို႔သိစရာမလိုဘူး ကိုယ့္အလုပ္ဘဲကိုယ္လုပ္"

ေရွာင္းက်န႔္တံခါးကိုအသာေဘးကိုတြန္းဖြင့္ကာအခန္းထဲကိုခပ္ရို႔ရို႔ေလးဝင္ၿပီးအရိုအေသေပးလိုက္သည္။ ေရွာင္းက်န႔္ကစစ္သူႀကီးေတြဆိုရင္အလိုလိုရွိန္ၿပီးေသသြားတဲ့သူ႕ဖခင္ကိုလည္းသတိရမိသည္။ ကိုယ္က်ိဳးစြန႔္ခံၿပီးစစ္ပြဲေတြမွာအသက္ကိုမမႈဘဲအပင္ပန္းခံခဲ့သမွ်ေနာက္ဆုံးေတာ့လူမသိသူမသိေသဆုံးရသည္။ ၿပီးေတာ့နာမည္ေရာ၊ဂုဏ္သတင္းေရာပါးမွာဘာက်န္လိုက္လို႔လဲ..။ ပါးကိုေသခ်ာသင့္က်ိဳေပးခ်င္တာေတာင္မင္းမိန႔္ေၾကာင့္ဘာမွလုပ္လို႔မရလိုက္။ သူအသုံးမက်လိဳ႕ပါးဆီကခြင့္လႊတ္ဖို႔ေတာင္ေတာင္းခံဖို႔ မ်က္ႏွာမျပဝံ့ခဲ့ပါ..

"သခင္ႀကီး! ကြၽန္ေတာ္မ်ိဳးတို႔ကသခင္ႀကီးပုံတူဆြဲဖို႔ေလာ့ပန္ဦးရန္လုံကလႊတ္လိုက္တဲ့သူေတြပါ"

သခင္ႀကီးကဘာစကားမွမေျပာ..။ဒါေပမယ့္အသက္ရႉသံျပင္းျပင္းနဲ႕အတူသူကိုစူးစိုက္ၾကည့္ေနတဲ့အၾကည့္စူးစူးကိုေတာ့သူခံစားလို႔ရေနသည္။ အဲ့အၾကည့္စူးစူးေတြေၾကာင့္သူေက်ာေတြေတာင္စိမ့္တက္လာသလို..။ ဒါေပမယ့္ေခါင္းေမာ့ဖို႔အမိန႔္မရေသးတာေၾကာင့္ေရွာင္းက်န႔္တို႔ေခါင္းေမာ့ခြင့္မရေသး။

"ပန္းခ်ီဆရာကလြဲၿပီးက်န္တဲ့သူေတြအျပင္ထြက္သြား!"

ဟင္..ဒီအသံ။ အသံေတြပိုဩလာတာၿပီးအ႐ြယ္ေရာက္ေယာက္်ားတစ္ေယာက္ရဲ႕အသံလိုမ်ိဳးေျပာင္းလဲသြားတာကလြဲလို႔ဒါသူ႕အသံဘဲမဟုတ္လား။ ေရွာင္းက်န႔္ေခါင္းေမာ့ၾကည့္မိေတာ့သူ႕ကိုဘဲစူးစိုက္ၾကည့္ေနတဲ့မ်က္ဝန္းတစ္စုံ..

"ဝမ္..ဝမ္ရိေပၚ!"


(22.3.21)

ဒီပုံကိုေတြ႕ၿပီးေနာက္မိမိမွာဒီပုံစံမ်ိဳးေရးခ်င္လို႔တစ္ပိုင္းေသေနေရာဘဲ😁။ ကိုယ္နိုင္ရာပိုင္ရာဘဲေရးလိုက္ဦးမယ္။

........................
















Continue Reading

You'll Also Like

70K 1K 14
Summer! The wildcats are back and ready to relax. Summer vacation is suppose to be relaxing, hanging with friends, lying by a pool, and enjoying a s...
673K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
336K 10.3K 41
p r e t t y b o y [socialmedia au] (Thiam)
618K 37.6K 102
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...