[Zawgyi]
"ေဖေဖေနမေကာင္းဘူးဆိုၿပီးဖုန္းဆက္လာတာမို႔ ကိုယ္ကိုရီးယားကိုျပန္ရမယ္Hwang"
သူ႔စကားအဆံုးမွာ သိသိသာသာကို ပ်က္ယြင္းသြားေသာ ခ်စ္ရသည့္ေကာင္ေလး၏မ်က္ႏွာ။
"မသြားပါနဲ႔လားလို႔တားခ်င္ေပမဲ့ တစ္ဖက္က အခ်စ္ရဲ႕မိဘျဖစ္ေနတယ္"
စူပုပ္ပုပ္ႏွင့္ေျပာေနသည့္ အဆိုးအဆာေလး၏
ပါးကိုသူအသာညႇစ္လိုက္ၿပီး
"အၿပီးျပန္တာမဟုတ္ဘဲ ဒီကိုျပန္လာဦးမွာေလ။
ဒါကဘာ႐ုပ္ေလးလဲလို႔!"
ပါးႏွစ္ဖက္ကို ဆြဲညႇစ္ရင္း သူေျပာလိုက္ေတာ့ သေကာင့္သားေလးက သူ႔ရင္ခြင္ထဲသို႔ ေခါင္းတိုးေဝွ႔လာၿပီး
"ျမန္ျမန္ျပန္လာေနာ္...Hyunjinieကလြမ္းေနမွာ"
"မင္းဒီလိုဆက္ခြၽဲေနရင္ ကိုယ္ေတာ့အရည္ေပ်ာ္က်ေတာ့မယ္ထင္တယ္"
"Lee Felixတစ္ေယာက္တည္းကိုပဲခြၽဲတာပါ...မမကိုေတာင္ဒီလိုမခြၽဲဖူးဘူး"
"တျခားသူေတြကိုသြားခြၽဲရင္လည္း ကိုယ္က႐ိုက္မွာေလ။ ခ်စ္ေတာ့ခ်စ္တယ္ ဒါေပမဲ့အလိုမလိုက္ဘူး"
ခပ္တည္တည္ႏွင့္ သူဆူလိုက္ေတာ့ Hwangက ေတြးေတြးဆဆျဖင့္
"ရတယ္ေလ။ ကိုကိုက တုတ္နဲ႔႐ိုက္ၿပီးအျပစ္ေပး...ကြၽန္ေတာ္ကေတာ့ကိုကို႔ကို အိပ္ရာေပၚေရာက္မွျပန္အျပစ္ေပးမယ္"
"မင္း!...ေပါက္ကရေတြစလာၿပီ"
"ဒီလို႐ုပ္အရမ္းေခ်ာၿပီး ခ်စ္စရာေကာင္းတဲ့ေကာင္ေလးကို ႐ိုက္ရက္တယ္ဆိုရင္ အဲ့တာ ကိုကိုကအသည္းႏွလံုးမ႐ွိတဲ့လူၾကမ္းႀကီးမို႔လို႔ပဲ"
"ေအာေဟာ...ေျပာတတ္လြန္းတဲ့ပါးစပ္ေလးကို စိန္စီေပးထားလိုက္ခ်င္တယ္"
သူ႔ရင္ခြင္ထဲကို မဆံ့မၿပဲႏွင့္ အတင္းတိုးဝင္ေနသည့္
ေတာက္တဲ့ေပါက္စေလးကို ဖက္ေပးထားလိုက္ရင္း
ဆံစတို႔ကိုဖြေပးေနမိေတာ့
"ကိုကို ကြၽန္ေတာ့္ဆံပင္ကိုဖြေပးရင္ အရမ္းသေဘာက်တာပဲ။ ေတာ္ရံုဆိုေလ Andrewကိုေတာင္မွ ကြၽန္ေတာ့္ဆံပင္မထိခိုင္းေပမဲ့ ကိုကိုကေတာ့တကယ့္ႁခြင္းခ်က္ပဲ"
ပံုမွန္အခ်ိန္ဆို ကေလးေလးတစ္ေယာက္လို ခြၽဲေနတတ္သည့္ေကာင္ေလးဟာ ဦးစီးဦးေဆာင္မႈျပဳခ်ိန္တြင္ေတာ့ အလြန္ကိုေလးနက္သည့္ဟန္ျဖင့္ တည္တံ့သြားတတ္သည္ကိုေတာ့ သူသာအသိဆံုးျဖစ္ပါ၏။
ရင္ခြင္ထဲမွ Hwang၏ေခါင္းဝါေလးကို ဖိနမ္းလိုက္ရင္း
"ကိုကို႔ေကာင္ေလးက အရမ္းခ်စ္စရာေကာင္းတာပဲကြာ"
"ကြၽန္ေတာ္တို႔ဆင္တူ တက္တူးထိုးၾကရေအာင္ေလ"
"အြန္း"
"တက္တူးထိုးဖို႔တစ္ခါမွေတာ့မစဥ္းစားၾကည့္ဖူးေပမဲ့ ကိုယ့္ေကာင္ေလးကထိုးခ်င္တယ္ဆိုရင္ေတာ့ ကိုယ္ကလိုက္ေလ်ာေပးမွာေပါ့"
"ဒါဆိုအခုခ်က္ခ်င္းသြားမယ္...ထ"
"ဟင္? ခ်က္ခ်င္းႀကီး?"
"ဘိုကင္ယူၿပီးသားေလ"
♡ ♡ ♡
"ကိုကိုနာရင္ေလ ေအာင့္မထားနဲ႔ေနာ္။ ကြၽန္ေတာ့္လက္ကိုညႇစ္လိုက္"
"အင္းပါ"
ညႇပ္႐ိုးေပၚတြင္ "Hwang's"ဟူ၍ ထိုးေနျခင္းေၾကာင့္ နာက်င္မႈက အတိုင္းမသိ။ ဒါေပမဲ့လည္း သူႏွင့္ထပ္တူနာက်င္ေနမည့္Hwangကိုပါ ေတြးမိသည့္အခါ နာက်င္မႈတို႔က တစ္စထက္တစ္စေလ်ာ့ပါးလာရသည္။
လက္ေကာက္ဝတ္နား႐ွိ "Yongbok's"ဟူေသာ စာတန္းေလးကို ဖိကပ္နမ္းရင္း သူ႔ကိုႏွစ္သိမ့္ေပးေနေသာ Hwangကိုၾကည့္ရင္း သူအားေတြတက္လာရသည္။ ႏွစ္ေယာက္သားဆုပ္ကိုင္ထားမိေသာ လက္အစံုတို႔ကိုၾကည့္ရင္းလည္း သူအင္အားေတြျဖစ္လာရသည္။
Hwangသာ သူ႔လက္ကို ဆုပ္ကိုင္ထားသေရြ႔
အသက္ေဘးနဲ႔ၾကံဳလာေတာ့ေရာဘာအေရးလဲ? သူ႔ဘဝမွာ Hwang Hyunjinဆိုတဲ့တည္႐ွိမႈေလးေလာက္ အေရးပါတာဘာမွ႐ွိမေနဘူး။
တက္တူးထိုးျခင္းအမႈၿပီးဆံုးသြားသည့္အခါ သူ အက်ႌျပန္ဝတ္မည္လုပ္တုန္း သူ႔လက္ကိုဆြဲလာေသာHwangေၾကာင့္ ေယာင္နနႏွင့္ေၾကာင္ေနမိတုန္း သူ႔ညႇပ္႐ိုးနားကို ထိေတြ႔လာသည့္ လက္ေခ်ာင္း႐ွည္ေတြေၾကာင့္ အသက္ပင္ေအာင့္ထားမိသည္အထိ။
"အရမ္းနာေနလားဟင္...ကြၽန္ေတာ္ျဖစ္ခ်င္တာပဲၾကည့္ၿပီး ကိုကိုနာေနမွာကိုထည့္မစဥ္းစားခဲ့မိဘူး"
"မင္းကိုကိုကေယာက်္ားပါကြာ...ဒီေလာက္ေလးနဲ႔စာဖြဲ႔မေနဘူး"
Hwangက သူ႔ညႇပ္႐ိုးေပၚ႐ွိ တက္တူးကို လက္ေခ်ာင္းႏွင့္ဖြဖြထိေတြ႔ေနရင္းမွ ႐ုတ္တရက္ငံု႔နမ္းလာသည့္အခါ ဘယ္ဘက္ရင္အံုေအာက္မွ အေကာင္က
အသံအက်ယ္ဆံုးထိ သက္ဝင္လႈပ္႐ွားသြားရ၏။
"ကြၽန္ေတာ့္အနမ္းေပးလိုက္ၿပီမို႔ မနာေတာ့ဘူးမလား"
ျပံဳးစစႏွင့္ေျပာေနသည့္ေကာင္ေလးကိုၾကည့္ရင္း သူပါလိုက္ျပံဳးလိုက္မိကာ
"ဒါေပါ့ ကိုကို႔ေကာင္ေလးမ်က္ႏွာကိုၾကည့္လိုက္တာနဲ႔တင္ ဘာမွကိုမနာေတာ့ဘူး"
"ဒါဆိုေက်းဇူးတင္တဲ့အေနနဲ႔ ႏႈတ္ခမ္းထက္ကို အနမ္းတစ္ပြင့္ဆက္သျခင္းျဖင့္ ေက်းဇူးဆပ္သင့္ပါေၾကာင္း"
"အ႐ွင့္သားသေဘာေတာ္အတိုင္းပါပဲေနာ္"
ထိုင္ေနသည့္ သူ႔ေဘးနား မတ္တပ္ရပ္ေနေသာေကာင္ေလးကို လည္တိုင္မွဆြဲယူလိုက္ကာ ႏႈတ္ခမ္းခ်င္းထိကပ္ေစလိုက္ေတာ့ ႏွလံုးခုန္သံတို႔က ပိုမိုျမန္ဆန္လာရသည္။ အနမ္းအား စတင္သူက သူျဖစ္ေသာ္လည္း အဆံုးသတ္ထိ ဦးေဆာင္ေခၚသြားသည့္သူက Hwangျဖစ္ေနသည့္အခါ အေမာေျဖေနရသည့္လူက သူျဖစ္ေနရျပန္သည္။
"ေက်နပ္ၿပီလား လူဆိုးေလး"
"သိပ္မေက်နပ္ခ်င္ေပမဲ့ ေက်နပ္ေပးလိုက္ပါ့မယ္"
"ကိုယ့္ေကာင္ေလးကလိမၼာရက္သားနဲ႔"
ထံုးစံအတိုင္း Hwang၏ဆံစတို႔ကို သူထိုးဖြေပးသည့္အခါ ဆိုးခ်င္ေယာင္ေဆာင္ေနေသာ ေကာင္ေလးကခ်က္ခ်င္းျပံဳးျပလာပါ၏။
သူ႔လူကေလ သိပ္ကိုခ်စ္ဖို႔ေကာင္းတာ!
♡ ♡ ♡
"သတိရေနေနာ္"
"ဟိုေရာက္ရင္အစားလည္းပံုမွန္စားေနာ္"
"ေကာင္မေလးေတြကိုလည္း မ်က္စိမကစားရဘူးေနာ္"
သူ႔ရဲ႕ခရီးေဆာင္အိတ္ကိုသယ္ေပးလာရင္းမွ တတြတ္တြတ္ႏွင့္ မွာတမ္းေႁခြလို႔မၿပီးႏိုင္ေသာ Hwangကိုၾကည့္ရင္း သူရယ္ခ်င္လာရသည္။
"မွာလို႔ၿပီးၿပီလားဟင္"
"မၿပီးေသးဘူး က်န္ေသးတယ္"
"ေျပာပါဦး ဘာမ်ားလဲ"
"ကိုယ့္ကိုမေမ့ဘဲ စကၠန္႔မလပ္သတိရေနေပး...ၿပီးေတာ့ ကိုယ့္ကိုခ်စ္ဖို႔လည္းမေမ့နဲ႔"
ေလယာဥ္ေပၚတက္ခါနီးလူကို လာခြၽဲေနေသာ ေကာင္ေလးကို သူအားရပါးရနမ္းပစ္ခ်င္ေပမဲ့ public areaမို႔ ႐ွက္႐ွက္ႏွင့္စိတ္ကိုထိန္းေနရ၏။
"ကိုယ္အသက္႐ွဴ ဖို႔ေမ့ေနရင္ေတာင္ မင္းကိုခ်စ္ဖို႔ေတာ့လံုးဝမေမ့ဘူး...ဒါေၾကာင့္စိတ္ခ်လက္ခ်ေန"
"လမ္းခရီးမွာဂ႐ုစိုက္ေနာ္"
ေနာက္ကေန တစာစာႏွင့္ သတိေပးေနေသာHwangကို သူ လက္ျပလိုက္ရင္း ေလယာဥ္ေပၚ တက္လာလိုက္သည္။
ေလယာဥ္ေပၚေရာက္ေရာက္ခ်င္း သူ႔ခံုမွာဝင္ထိုင္ၿပီးသည္ႏွင့္ ဖုန္းကိုဖြင့္ၾကည့္လိုက္ေတာ့ wallpaperထက္ ေနရာယူထားသည့္ သူ႔ရဲ႕ ေအးခ်မ္းရာ၊ သူ႔ရဲ႕စိတ္ဝိဉာဥ္တို႔ေႏွာင္ဖြဲ႔ရာ ဆံဝါေကာင္ေလးကိုၾကည့္ရင္း အျပံဳးတို႔ုကျဖစ္ထြန္းလာရသည္။
ထို႔ေနာက္မွာေတာ့ နားၾကပ္ကိုတပ္ကာ သူနားေထာင္မိသည္က လူဆိုးေကာင္ေလးကိုယ္တိုင္ သူ႔ကိုဆိုျပထားေသာ Westlife၏ My loveသီခ်င္းကို သူအသံသြင္းထားသည့္ အသံဖိုင္ေလးပင္။
"An empty street,an empty house
A hole inside my heart
I'm all alone
The rooms are getting smaller
I wonder how,i wonder why
I wonder where they are
The days we had,the song we sang together
And oh my love,i'm holding on forever
Reaching for the love that seems so far
So,i say a little prayer
And hope my dreams will take me there
Where the skies are blue
To see you once again,my love
Over seas from coast to coast
To find the place i love the most
Where the fields are green
To see you once again,my love"
ခြဲေတာင္မခြဲရေသးတာကို သူ လြမ္းေနမိျပန္ပါေရာလား....။
♡ ♡ ♡
Seoulကိုေရာက္ေရာက္ခ်င္း သူ႔ကို ေလဆိပ္မွာ
ေမေမကိုယ္တိုင္လာႀကိဳမည္ဟုေျပာထားတာမို႔ Taxiငွါးမသြားဘဲ ေစာင့္ေနမိတုန္း အေဝးကေနပင္
ထင္းေနသည့္သူ႔ရဲ႕ေမေမေၾကာင့္ ခရီးေဆာင္အိတ္ကိုဆြဲကာ အျမန္ေျပးသြားလိုက္ၿပီး ေမေမ့ကိုေျပးဖက္လိုက္မိသည္။
"လြမ္းေနတာ ေမေမ"
"ေမေမ့သားေလးက အရမ္းေတြေခ်ာလာလိုက္တာ"
ေမေမႏွင့္သူစကားေျပာေနသည္ကို ေဘးကေန ေကာင္မေလးတစ္ေယာက္က ျပံဳးကာၾကည့္ေနတာမို႔
"ေမေမ..သူက?"
"ဒါက သားနဲ႔လက္ထပ္ေပးမယ္ဆိုတဲ့ သားရဲ႕ဇနီးေလာင္းေလးေလ"
ေမေမ့စကားက သူ႔အတြက္ေတာ့ ေႏြေခါင္ေခါင္မွာမိုးႀကိဳးပစ္ခ်ခံလိုက္ရသလိုပါပင္။
႐ုတ္တရက္မို႔ ထိတ္လန္႔သြားသည့္အမူအရာကို သူတည္ၿငိမ္ေအာင္လုပ္ေနမိတုန္း သူ႔ေ႐ွ႕သို႔ ဆန္႔တန္းလာသည့္ လက္သြယ္သြယ္ေလးတစ္ဖက္ႏွင့္အတူ
ထိုအမ်ိဴ းသမီးငယ္က ျပံဳးျပလာၿပီး
"မဂၤလာပါ...Hwang Soo Jinပါ"
Date-22.3.2022
Note-လက္တန္းေရးလိုက္တာမို႔ စာလံုးေပါင္းျပန္မစစ္လိုက္ရပါဘူး။ ၿပီးေတာ့ေလ ကိုယ့္ကို message boxမွာ ညီမေလးတစ္ေယာက္ကလာေျပာတယ္။ ဒီficထဲက Hyunjinရဲ႕characterက တစ္မ်ိဴ းျဖစ္ေနသလိုပဲတဲ့။ အစ္မကေလ အခြၽဲတစ္လိုင္းေလးေတြဆိုသိပ္သေဘာက်ပါတယ္။ အဲ့လိုကိုမွPlay boyေလးကခြၽဲေနရင္ ဘယ္လိုေနမလဲသိခ်င္လို႔ ဒီလိုပံုေဖာ္ခဲ့တာပါ။ အဲ့တာေၾကာင့္ ဖတ္ရတာတစ္မ်ိဴ းျဖစ္သြားခဲ့ရင္ေတာ့ တကယ္ကိုအားနာပါတယ္လို႔><
Recommended song-My love by Westlife
[Unicode]
"ဖေဖေနေမကောင်းဘူးဆိုပြီးဖုန်းဆက်လာတာမို့ ကိုယ်ကိုရီးယားကိုပြန်ရမယ်Hwang"
သူ့စကားအဆုံးမှာ သိသိသာသာကို ပျက်ယွင်းသွားသော ချစ်ရသည့်ကောင်လေး၏မျက်နှာ။
"မသွားပါနဲ့လားလို့တားချင်ပေမဲ့ တစ်ဖက်က အချစ်ရဲ့မိဘဖြစ်နေတယ်"
စူပုပ်ပုပ်နှင့်ပြောနေသည့် အဆိုးအဆာလေး၏
ပါးကိုသူအသာညှစ်လိုက်ပြီး
"အပြီးပြန်တာမဟုတ်ဘဲ ဒီကိုပြန်လာဦးမှာလေ။
ဒါကဘာရုပ်လေးလဲလို့!"
ပါးနှစ်ဖက်ကို ဆွဲညှစ်ရင်း သူပြောလိုက်တော့ သကောင့်သားလေးက သူ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝှေ့လာပြီး
"မြန်မြန်ပြန်လာနော်...Hyunjinieကလွမ်းနေမှာ"
"မင်းဒီလိုဆက်ချွဲနေရင် ကိုယ်တော့အရည်ပျော်ကျတော့မယ်ထင်တယ်"
"Lee Felixတစ်ယောက်တည်းကိုပဲချွဲတာပါ...မမကိုတောင်ဒီလိုမချွဲဖူးဘူး"
"တခြားသူတွေကိုသွားချွဲရင်လည်း ကိုယ်ကရိုက်မှာလေ။ ချစ်တော့ချစ်တယ် ဒါပေမဲ့အလိုမလိုက်ဘူး"
ခပ်တည်တည်နှင့် သူဆူလိုက်တော့ Hwangက တွေးတွေးဆဆဖြင့်
"ရတယ်လေ။ ကိုကိုက တုတ်နဲ့ရိုက်ပြီးအပြစ်ပေး...ကျွန်တော်ကတော့ကိုကို့ကို အိပ်ရာပေါ်ရောက်မှပြန်အပြစ်ပေးမယ်"
"မင်း!...ပေါက်ကရတွေစလာပြီ"
"ဒီလိုရုပ်အရမ်းချောပြီး ချစ်စရာကောင်းတဲ့ကောင်လေးကို ရိုက်ရက်တယ်ဆိုရင် အဲ့တာ ကိုကိုကအသည်းနှလုံးမရှိတဲ့လူကြမ်းကြီးမို့လို့ပဲ"
"အောဟော...ပြောတတ်လွန်းတဲ့ပါးစပ်လေးကို စိန်စီပေးထားလိုက်ချင်တယ်"
သူ့ရင်ခွင်ထဲကို မဆံ့မပြဲနှင့် အတင်းတိုးဝင်နေသည့်
တောက်တဲ့ပေါက်စလေးကို ဖက်ပေးထားလိုက်ရင်း
ဆံစတို့ကိုဖွပေးနေမိတော့
"ကိုကို ကျွန်တော့်ဆံပင်ကိုဖွပေးရင် အရမ်းသဘောကျတာပဲ။ တော်ရုံဆိုလေ Andrewကိုတောင်မှ ကျွန်တော့်ဆံပင်မထိခိုင်းပေမဲ့ ကိုကိုကတော့တကယ့်ခြွင်းချက်ပဲ"
ပုံမှန်အချိန်ဆို ကလေးလေးတစ်ယောက်လို ချွဲနေတတ်သည့်ကောင်လေးဟာ ဦးစီးဦးဆောင်မှုပြုချိန်တွင်တော့ အလွန်ကိုလေးနက်သည့်ဟန်ဖြင့် တည်တံ့သွားတတ်သည်ကိုတော့ သူသာအသိဆုံးဖြစ်ပါ၏။
ရင်ခွင်ထဲမှ Hwang၏ခေါင်းဝါလေးကို ဖိနမ်းလိုက်ရင်း
"ကိုကို့ကောင်လေးက အရမ်းချစ်စရာကောင်းတာပဲကွာ"
"ကျွန်တော်တို့ဆင်တူ တက်တူးထိုးကြရအောင်လေ"
"အွန်း"
"တက်တူးထိုးဖို့တစ်ခါမှတော့မစဉ်းစားကြည့်ဖူးပေမဲ့ ကိုယ့်ကောင်လေးကထိုးချင်တယ်ဆိုရင်တော့ ကိုယ်ကလိုက်လျောပေးမှာပေါ့"
"ဒါဆိုအခုချက်ချင်းသွားမယ်...ထ"
"ဟင်? ချက်ချင်းကြီး?"
"ဘိုကင်ယူပြီးသားလေ"
♡ ♡ ♡
"ကိုကိုနာရင်လေ အောင့်မထားနဲ့နော်။ ကျွန်တော့်လက်ကိုညှစ်လိုက်"
"အင်းပါ"
ညှပ်ရိုးပေါ်တွင် "Hwang's"ဟူ၍ ထိုးနေခြင်းကြောင့် နာကျင်မှုက အတိုင်းမသိ။ ဒါပေမဲ့လည်း သူနှင့်ထပ်တူနာကျင်နေမည့်Hwangကိုပါ တွေးမိသည့်အခါ နာကျင်မှုတို့က တစ်စထက်တစ်စလျော့ပါးလာရသည်။
လက်ကောက်ဝတ်နားရှိ "Yongbok's"ဟူသော စာတန်းလေးကို ဖိကပ်နမ်းရင်း သူ့ကိုနှစ်သိမ့်ပေးနေသော Hwangကိုကြည့်ရင်း သူအားတွေတက်လာရသည်။ နှစ်ယောက်သားဆုပ်ကိုင်ထားမိသော လက်အစုံတို့ကိုကြည့်ရင်းလည်း သူအင်အားတွေဖြစ်လာရသည်။
Hwangသာ သူ့လက်ကို ဆုပ်ကိုင်ထားသရွေ့
အသက်ဘေးနဲ့ကြုံလာတော့ရောဘာအရေးလဲ? သူ့ဘဝမှာ Hwang Hyunjinဆိုတဲ့တည်ရှိမှုလေးလောက် အရေးပါတာဘာမှရှိမနေဘူး။
တက်တူးထိုးခြင်းအမှုပြီးဆုံးသွားသည့်အခါ သူ အကျႌပြန်ဝတ်မည်လုပ်တုန်း သူ့လက်ကိုဆွဲလာသောHwangကြောင့် ယောင်နနနှင့်ကြောင်နေမိတုန်း သူ့ညှပ်ရိုးနားကို ထိတွေ့လာသည့် လက်ချောင်းရှည်တွေကြောင့် အသက်ပင်အောင့်ထားမိသည်အထိ။
"အရမ်းနာနေလားဟင်...ကျွန်တော်ဖြစ်ချင်တာပဲကြည့်ပြီး ကိုကိုနာနေမှာကိုထည့်မစဉ်းစားခဲ့မိဘူး"
"မင်းကိုကိုကယောကျ်ားပါကွာ...ဒီလောက်လေးနဲ့စာဖွဲ့မနေဘူး"
Hwangက သူ့ညှပ်ရိုးပေါ်ရှိ တက်တူးကို လက်ချောင်းနှင့်ဖွဖွထိတွေ့နေရင်းမှ ရုတ်တရက်ငုံ့နမ်းလာသည့်အခါ ဘယ်ဘက်ရင်အုံအောက်မှ အကောင်က
အသံအကျယ်ဆုံးထိ သက်ဝင်လှုပ်ရှားသွားရ၏။
"ကျွန်တော့်အနမ်းပေးလိုက်ပြီမို့ မနာတော့ဘူးမလား"
ပြုံးစစနှင့်ပြောနေသည့်ကောင်လေးကိုကြည့်ရင်း သူပါလိုက်ပြုံးလိုက်မိကာ
"ဒါပေါ့ ကိုကို့ကောင်လေးမျက်နှာကိုကြည့်လိုက်တာနဲ့တင် ဘာမှကိုမနာတော့ဘူး"
"ဒါဆိုကျေးဇူးတင်တဲ့အနေနဲ့ နှုတ်ခမ်းထက်ကို အနမ်းတစ်ပွင့်ဆက်သခြင်းဖြင့် ကျေးဇူးဆပ်သင့်ပါကြောင်း"
"အရှင့်သားသဘောတော်အတိုင်းပါပဲနော်"
ထိုင်နေသည့် သူ့ဘေးနား မတ်တပ်ရပ်နေသောကောင်လေးကို လည်တိုင်မှဆွဲယူလိုက်ကာ နှုတ်ခမ်းချင်းထိကပ်စေလိုက်တော့ နှလုံးခုန်သံတို့က ပိုမိုမြန်ဆန်လာရသည်။ အနမ်းအား စတင်သူက သူဖြစ်သော်လည်း အဆုံးသတ်ထိ ဦးဆောင်ခေါ်သွားသည့်သူက Hwangဖြစ်နေသည့်အခါ အမောဖြေနေရသည့်လူက သူဖြစ်နေရပြန်သည်။
"ကျေနပ်ပြီလား လူဆိုးလေး"
"သိပ်မကျေနပ်ချင်ပေမဲ့ ကျေနပ်ပေးလိုက်ပါ့မယ်"
"ကိုယ့်ကောင်လေးကလိမ္မာရက်သားနဲ့"
ထုံးစံအတိုင်း Hwang၏ဆံစတို့ကို သူထိုးဖွပေးသည့်အခါ ဆိုးချင်ယောင်ဆောင်နေသော ကောင်လေးကချက်ချင်းပြုံးပြလာပါ၏။
သူ့လူကလေ သိပ်ကိုချစ်ဖို့ကောင်းတာ!
♡ ♡ ♡
"သတိရနေနော်"
"ဟိုရောက်ရင်အစားလည်းပုံမှန်စားနော်"
"ကောင်မလေးတွေကိုလည်း မျက်စိမကစားရဘူးနော်"
သူ့ရဲ့ခရီးဆောင်အိတ်ကိုသယ်ပေးလာရင်းမှ တတွတ်တွတ်နှင့် မှာတမ်းခြွေလို့မပြီးနိုင်သော Hwangကိုကြည့်ရင်း သူရယ်ချင်လာရသည်။
"မှာလို့ပြီးပြီလားဟင်"
"မပြီးသေးဘူး ကျန်သေးတယ်"
"ပြောပါဦး ဘာများလဲ"
"ကိုယ့်ကိုမမေ့ဘဲ စက္ကန့်မလပ်သတိရနေပေး...ပြီးတော့ ကိုယ့်ကိုချစ်ဖို့လည်းမမေ့နဲ့"
လေယာဉ်ပေါ်တက်ခါနီးလူကို လာချွဲနေသော ကောင်လေးကို သူအားရပါးရနမ်းပစ်ချင်ပေမဲ့ public areaမို့ ရှက်ရှက်နှင့်စိတ်ကိုထိန်းနေရ၏။
"ကိုယ်အသက်ရှူ ဖို့မေ့နေရင်တောင် မင်းကိုချစ်ဖို့တော့လုံးဝမမေ့ဘူး...ဒါကြောင့်စိတ်ချလက်ချနေ"
"လမ်းခရီးမှာဂရုစိုက်နော်"
နောက်ကနေ တစာစာနှင့် သတိပေးနေသောHwangကို သူ လက်ပြလိုက်ရင်း လေယာဉ်ပေါ် တက်လာလိုက်သည်။
လေယာဉ်ပေါ်ရောက်ရောက်ချင်း သူ့ခုံမှာဝင်ထိုင်ပြီးသည်နှင့် ဖုန်းကိုဖွင့်ကြည့်လိုက်တော့ wallpaperထက် နေရာယူထားသည့် သူ့ရဲ့ အေးချမ်းရာ၊ သူ့ရဲ့စိတ်ဝိဉာဉ်တို့နှောင်ဖွဲ့ရာ ဆံဝါကောင်လေးကိုကြည့်ရင်း အပြုံးတို့ကဖြစ်ထွန်းလာရသည်။
ထို့နောက်မှာတော့ နားကြပ်ကိုတပ်ကာ သူနားထောင်မိသည်က လူဆိုးကောင်လေးကိုယ်တိုင် သူ့ကိုဆိုပြထားသော Westlife၏ My loveသီချင်းကို သူအသံသွင်းထားသည့် အသံဖိုင်လေးပင်။
"An empty street,an empty house
A hole inside my heart
I'm all alone
The rooms are getting smaller
I wonder how,i wonder why
I wonder where they are
The days we had,the song we sang together
And oh my love,i'm holding on forever
Reaching for the love that seems so far
So,i say a little prayer
And hope my dreams will take me there
Where the skies are blue
To see you once again,my love
Over seas from coast to coast
To find the place i love the most
Where the fields are green
To see you once again,my love"
ခွဲတောင်မခွဲရသေးတာကို သူ လွမ်းနေမိပြန်ပါရောလား....။
♡ ♡ ♡
Seoulကိုရောက်ရောက်ချင်း သူ့ကို လေဆိပ်မှာ
မေမေကိုယ်တိုင်လာကြိုမည်ဟုပြောထားတာမို့ Taxiငှါးမသွားဘဲ စောင့်နေမိတုန်း အဝေးကနေပင်
ထင်းနေသည့်သူ့ရဲ့မေမေကြောင့် ခရီးဆောင်အိတ်ကိုဆွဲကာ အမြန်ပြေးသွားလိုက်ပြီး မေမေ့ကိုပြေးဖက်လိုက်မိသည်။
"လွမ်းနေတာ မေမေ"
"မေမေ့သားလေးက အရမ်းတွေချောလာလိုက်တာ"
မေမေနှင့်သူစကားပြောနေသည်ကို ဘေးကနေ ကောင်မလေးတစ်ယောက်က ပြုံးကာကြည့်နေတာမို့
"မေမေ..သူက?"
"ဒါက သားနဲ့လက်ထပ်ပေးမယ်ဆိုတဲ့ သားရဲ့ဇနီးလောင်းလေးလေ"
မေမေ့စကားက သူ့အတွက်တော့ နွေခေါင်ခေါင်မှာမိုးကြိုးပစ်ချခံလိုက်ရသလိုပါပင်။
ရုတ်တရက်မို့ ထိတ်လန့်သွားသည့်အမူအရာကို သူတည်ငြိမ်အောင်လုပ်နေမိတုန်း သူ့ရှေ့သို့ ဆန့်တန်းလာသည့် လက်သွယ်သွယ်လေးတစ်ဖက်နှင့်အတူ
ထိုအမျိူ းသမီးငယ်က ပြုံးပြလာပြီး
"မင်္ဂလာပါ...Hwang Soo Jinပါ"
Date-22.3.2022
Note-လက်တန်းရေးလိုက်တာမို့ စာလုံးပေါင်းပြန်မစစ်လိုက်ရပါဘူး။ ပြီးတော့လေ ကိုယ့်ကို message boxမှာ ညီမလေးတစ်ယောက်ကလာပြောတယ်။ ဒီficထဲက Hyunjinရဲ့characterက တစ်မျိူ းဖြစ်နေသလိုပဲတဲ့။ အစ်မကလေ အချွဲတစ်လိုင်းလေးတွေဆိုသိပ်သဘောကျပါတယ်။ အဲ့လိုကိုမှPlay boyလေးကချွဲနေရင် ဘယ်လိုနေမလဲသိချင်လို့ ဒီလိုပုံဖော်ခဲ့တာပါ။ အဲ့တာကြောင့် ဖတ်ရတာတစ်မျိူ းဖြစ်သွားခဲ့ရင်တော့ တကယ်ကိုအားနာပါတယ်လို့><
Recommended song-My love by Westlife