[Zawgyi]
Los Angeles International Airportတွင် ဆိုက်ရောက်\ထွက်ခွာ လေယာဉ်တို့မှ ခရီးသည်တို့ဖြင့် တိုးမပေါက်အောင် စည်ကားနေလေသည်။
ထိုထဲမှာမှ Luggageကို စိတ်မပါလက်မပါဖြင့်
ဆွဲလာသည့် အသားဖြူ ဖြူ ၊ အရပ်ရှည်ရှည်နှင့်
အဝါရောင်ဆံပင်ရှည်တို့ရှိသည့် အာရှသားလေးက
တော့ဖြင့် အထင်ရှားဆုံးပင်။အပြာနုရောင်ဟူဒီလေးကို ဝတ်ဆင်ထားသည့် ထိုအာရှသားလေးထံမှာ လေဆိပ်ထဲမှ ပျို မဒီအတော်များများ၏ အကြည့်တို့က ဝေ့ဝဲရောက်ရှိနေလေ၏။
လူရှင်းသောနေရာရောက်တဲ့အခါမှ ဆွဲလာတဲ့ luggageကို နေရာချလိုက်ပြီး သူကတော့
အိတ်ပေါ်တက်ထိုင်လိုက်ရင်း လေဆိပ်ထဲကလူ
တွေကို ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေရင်းမှ
သူ့ကိုစိုက်ကြည့်နေသည့် ကောင်မလေးတစ်ယောက်နှင့် အကြည့်ချင်းဆုံသွားတဲ့အခါမှာ သူမျက်လုံးတစ်ဖက် မှိတ်ပြလိုက်မိသည်။ အရှေ့တိုင်းသူတွေလို
ရှက်ပြုံးလေးနှင့် မျက်လွှာချသွားတာမျိုးမဟုတ်ပဲ သူ့ကို fly kissပင် ပြန်ပေးနေသော အနှီကောင်မလေးကြောင့် သူနည်းနည်းတော့ သဘောကျသွားမိသည်။ကြည့်ရတာ Hwang Hyunjinတို့ LAမှာ
မပျင်းရတော့ဘူး ထင်ပါရဲ့။"စောင့်ရတာကြာသွားလား ငါ့ကောင်...လမ်းပိတ်နေလို့sryကွာ"
ထိုကောင်မလေးနှင့် သူအကြည်ဆိုက်နေတုန်း
ခေါင်းပေါ်ရောက်လာသည့် ရိုက်ချက်တစ်ခုနှင့်အတူ
Andrewရဲ့ အသံကျယ်ကျယ်။ကြည်နေတဲ့စိတ်လေးက သကောင့်သားကျေးဇူးနှင့်
နှောက်သွားရပြီမို့ ထိုကောင့်ခေါင်းကို တစ်ချက်ပြန်
ရိုက်လိုက်ကာ"ကြာလှပြီငါ့ကောင်...မင်းကိုစောင့်နေရင်း ငါမိန်းမ
တောင်ရတော့မလို့"ဘုကလန့်ပြန်ပြောလိုက်သည့် သူ့အပြောကို
Andrewက သဘောကျစွာဖြင့် အော်ရယ်နေရင်း
YOU ARE READING
Saturday Night(Completed)
FanfictionI met him at LA on the Saturday night~ This story is special birthday present for @xingsechan9486