...Uni...
ဇာတ်သိမ်းတွေကို ကြိုသိနေတဲ့ငါက မချစ်ဟန်ဆောင်တတ်ခဲ့ရဲ့လား ငါမသိ၊မင်းပြောတဲ့စကားတိုင်းကို သိပ်ဂရုစိုက်မိနေခဲ့တာပဲ ငါသိတယ်။
ပြီးပြည့်စုံလွန်းတဲ့ အ၀န်းအ၀ိုင်းတစ်ခုလိုမျိုး မင်းကို ငါချစ်တယ် ဘယ်မှာစပြီးဘယ်မှာဆုံးလဲ မသိတဲ့ အ၀န်းအ၀ိုင်းတစ်ခုကို သံသရာလို့သတ်မှတ်ရင် မင်းကိုချစ်နေရခြင်းက ငါ့ဘယ်လက်က သံကြိုးတွေနဲ့တုတ်နှောင်ထားတဲ့ ကျောက်စိမ်းအ၀ိုင်းလေးပဲ ဖြစ်လိမ့်မယ် ညှို့ရေ
မင်းကို မွေးနေ့မှာ ပေးဖို့ရည်ရွယ်ထားတဲ့ ထိုလက်ကြိုး၀ိုင်းလေး ငါမပေးဖြစ်ခဲ့တာတောင် မင်းကိုပဲချစ်ဖို့ရည်ရွယ်ပြီး ငါ့ကိုယ်ငါ မင်းနားမှာပဲ ချုပ်နှောင်ထားခဲ့တယ် မင်းမသိတာကလွဲရင်ပေါ့
Bonsai ပင်လေးက မင်းကျန်းမာနေဖို့ရည်ရွယ်တယ်၊သော့တွဲလေးက မင်းအနားမှာ အမြဲ ရှိနေဖို့ ရည်ရွယ်တယ် ပြီးတော့... နှုတ်ခမ်းနီလေးက တစ်ခါလောက်တော့ မင်းကိုနမ်းဖူးဖို့ ငါရည်ရွယ်တယ်။
အိမ်မက်တိုင်းကိုတော့ ငါမက်မက်မောမောမက်ခဲ့တာပါပဲ တွေးကြည့်လို့ ပြေးကြည့်ချင်စရာလူသားလေးကလဲ မင်းတစ်ယောက်တည်းဖြစ်နေတုန်းလေ။
ငိုစရာတွေရယ်စရာတွေကိုလည်း မျှဝေယူချင်ပါရဲ့ ။ပြောစမ်းပါအုန်း အဓိပ္ပါယ်မရှိတာတွေ မယုံချင်စရာအချစ်တွေလို့ ။တကယ် မင်းနားကို ငါ
မလာရဲတော့တာပါ တရိရိဖြတ်နေတဲ့ တိတ်ဆိတ်ခြင်းတွေမှာ မပျော်၀င်ရဲတော့တာပါ
ငါ့ရဲ့ အသံတိတ်အသဲခွဲစက်လေးရယ်
ဒါမယ့်လည်း လွမ်းတယ်.... ဒီတစ်ခွန်းနဲ့ပဲ တစ်သက်စာ စိတ်ကူးတွေယဥ်နေမိတယ် ငါ့ကိုယုံတော့။
တစ်နေ့နေ့မှာ မင်းငါ့ကို ပြန်ချစ်လာပြီး ငါ့ကို အားကိုးစေချင်တယ်။အဲ့နေ့မှာ ငါလည်း မင်းလက်ကိုပဲတွဲဖို့ လက်ထပ်ပါရစေလို့ ခွင့်တောင်းမယ်။
ဆင်တူကျောက်စိမ်းအ၀ိုင်းလေးတွေကို ကိုယ်ဆီ၀တ်ထားပြီး ကတိသစ္စာပြုစရာမလိုအောင် တစ်ယောက်ကိုယ်တစ်ယောက် နားလည်ချစ်ပေးကြသည်ပေါ့ကွာ ငါတို့ပုံပြင်ရဲ့ အဆုံးသတ်လေးပေါ့ ။
ငါ့ပေါင်ပေါ်ထိုင်နေမယ့် မင်းခါးကိုဖတ်ပြီး မင်းပခုံးပေါ် မျက်နှာကပ်ပြီး ချွဲချင်တယ် မင်းဆူသမျှ ခံယူပြီး မင်းမကြိုက်တာတွေလုပ်မိတဲ့အခါ မျက်စိအသေကြီးနဲ့ စိုက်ကြီးတာကိုလည်း ခံချင်တယ်။
ခွေးချစ်တတ်တဲ့ငါက ခွေးဖြူလေးတစ်ကောင်မွေးပြီး ကြောင်ချစ်တတ်တဲ့ မင်းက ကြောင်ဝါလေးတစ်ကောင်မွေးပေါ့ ။ ဆော့ကစားရင်းရန်ဖြစ်ကြတဲ့အခါ မင့်သမီးက ငါ့သားကဆိုပြီး စိတ်ဆိုးစိတ်ကောက်ကြပြီး တစ်ရက်ထက်ပို စိတ်မဆိုးကြေး ပေါ့ကွာ ။
ကြက်ဥကိုတူးအောင်ကြော်တဲ့ ငါ့ကို မင်းလှောင်တဲ့အခါ ထုံးစံအတိုင်း "ငါက ကြွပ်မှကြိုက်တာ"လို့ ပြောမယ့်စကားတွေကို သဘောကျစွာရယ်ပါ။ ငါဟင်းချက်တတ်တာမယုံတဲ့မင်းကို ဝတုတ်လေးဖြစ်အောင်လို့ ဟင်းချက်နည်းတွေ ကြည့်သင်ပြီး ချက်ကိုကျွေးအုန်းမှာ။
နေသာတဲ့နေ့တွေမှာ အ၀တ်တွေအတူလျော်ပြီး မိုးရွာပြီးအေးတဲ့ ညနေခင်းတွေမှာတော့ ဘာမှမပြောပဲ ကော်ဖီသောက်ရင်း ပြတင်းပေါက်မှာ ငေးကြမယ်။
ငါ့ ပခုံးပေါ်ကိုမင်းမှီနွဲ့တဲ့အခါ မင်းရဲ့ခေါင်းလုံးလုံးလေးပေါ် ငါအိပ်စက်ချင်တယ်
ရယ်ပါ ရယ်နေပါ ဒီစာတွေတစ်နေ့မင်းမြင်တဲ့အခါ ဘ၀ကြီးက မအေး၀င်း စီစဥ်တာမဟုတ်ဘူးဆိုပြီး ရယ်ကောင်းရယ်နေမှာပါ ။
ဘယ်တတ်နိုင်မလဲ အပြင်မှာမဖြစ်လာနိုင်တဲ့အရာတစ်ခုကို ဒီလောက်ပဲ ပုံဖော်ခွင့်ရှိတယ် ဒီလောက်ပဲ လွမ်းခွင့်ရှိတယ်။ပြီးတော့ ဒီလောက်ပဲ ချစ်ခွင့်ရှိတယ်။
ဒီလောက်ပဲ ဒီလောက်ပဲ မင်းကိုငါ ချစ်တယ်။
........................................................................
တကယ် ဇာတ်သိမ်းသွားပါပြီ ဒါမယ့်လည်း ကျောက်စိမ်း၀ိုင်းလေးကတော့ အလင်းပိုင် ရဲ့ဘယ်လက်မှာ ရှိနေတုန်းဖြစ်ပြီး နောက်ထပ်အ၀ိုင်းတစ်ခုကတော့ စာကြည့်စားပွဲအံ့ဆွဲထဲမှာ သိမ်းထားဆဲ တစ်ချိန်ချိန်မှာ ပိုင်ရှင်လက်ခံဖို့
စောင့်နေဆဲပါပဲ။
...Zawgyi...
ဇာတ္သိမ္းေတြကို ႀကိဳသိေနတဲ့ငါက မခ်စ္ဟန္ေဆာင္တတ္ခဲ့ရဲ႕လား ငါမသိ၊မင္းေျပာတဲ့စကားတိုင္းကို သိပ္ဂ႐ုစိုက္မိေနခဲ့တာပဲ ငါသိတယ္။
ၿပီးျပည့္စုံလြန္းတဲ့ အ၀န္းအဝိုင္းတစ္ခုလိုမ်ိဳး မင္းကို ငါခ်စ္တယ္ ဘယ္မွာစၿပီးဘယ္မွာဆုံးလဲ မသိတဲ့ အ၀န္းအဝိုင္းတစ္ခုကို သံသရာလို႔သတ္မွတ္ရင္ မင္းကိုခ်စ္ေနရျခင္းက ငါ့ဘယ္လက္က သံႀကိဳးေတြနဲ႔တုတ္ေႏွာင္ထားတဲ့ ေက်ာက္စိမ္းအဝိုင္းေလးပဲ ျဖစ္လိမ့္မယ္ ညိႇဳ႕ေရ
မင္းကို ေမြးေန႔မွာ ေပးဖို႔ရည္႐ြယ္ထားတဲ့ ထိုလက္ႀကိဳးဝိုင္းေလး ငါမေပးျဖစ္ခဲ့တာေတာင္ မင္းကိုပဲခ်စ္ဖို႔ရည္႐ြယ္ၿပီး ငါ့ကိုယ္ငါ မင္းနားမွာပဲ ခ်ဳပ္ေႏွာင္ထားခဲ့တယ္ မင္းမသိတာကလြဲရင္ေပါ့
Bonsai ပင္ေလးက မင္းက်န္းမာေနဖို႔ရည္႐ြယ္တယ္၊ေသာ့တြဲေလးက မင္းအနားမွာ အၿမဲ ႐ွိေနဖို႔ ရည္႐ြယ္တယ္ ၿပီးေတာ့... ႏႈတ္ခမ္းနီေလးက တစ္ခါေလာက္ေတာ့ မင္းကိုနမ္းဖူးဖို႔ ငါရည္႐ြယ္တယ္။
အိမ္မက္တိုင္းကိုေတာ့ ငါမက္မက္ေမာေမာမက္ခဲ့တာပါပဲ ေတြးၾကည့္လို႔ ေျပးၾကည့္ခ်င္စရာလူသားေလးက မင္းတစ္ေယာက္တည္းျဖစ္ေနတုန္းေလ။
ငိုစရာေတြရယ္စရာေတြကိုလည္း မွ်ေဝယူခ်င္ပါရဲ႕ ။ေျပာစမ္းပါအုန္း အဓိပၸါယ္မ႐ွိတာေတြ မယုံခ်င္စရာအခ်စ္ေတြလို႔ ။တကယ္ မင္းနားကို ငါ
မလာရဲေတာ့တာပါ တရိရိျဖတ္ေနတဲ့ တိတ္ဆိတ္ျခင္းေတြမွာ မေပ်ာ္၀င္ရဲေတာ့တာပါ
ငါ့ရဲ႕ အသံတိတ္အသဲခြဲစက္ေလးရယ္
ဒါမယ့္လည္း လြမ္းတယ္.... ဒီတစ္ခြန္းနဲ႔ပဲ တစ္သက္စာ စိတ္ကူးေတြယဥ္ေနမိတယ္ ယုံ ။
တစ္ေန႔ေန႔မွာ မင္းငါ့ကို ျပန္ခ်စ္လာၿပီး ငါ့ကို အားကိုးေစခ်င္တယ္။အဲ့ေန႔မွာ ငါလည္း မင္းလက္ကိုပဲတြဲဖို႔ လက္ထပ္ပါရေစလို႔ ခြင့္ေတာင္းမယ္။
ဆင္တူေက်ာက္စိမ္းအဝိုင္းေလးေတြကို ကိုယ္ဆီ၀တ္ထားၿပီး ကတိသစၥာျပဳစရာမလိုေအာင္ တစ္ေယာက္ကိုယ္တစ္ေယာက္ နားလည္ခ်စ္ေပးၾကသည္ေပါ့ကြာ ငါတို႔ပုံျပင္ရဲ႕ အဆုံးသတ္ေလးေပါ့ ။
ငါ့ေပါင္ေပၚထိုင္ေနမယ့္ မင္းခါးကိုဖတ္ၿပီး မင္းပခုံးေပၚ မ်က္ႏွာကပ္ၿပီး ခြၽဲခ်င္တယ္ မင္းဆူသမွ် ခံယူၿပီး မင္းမႀကိဳက္တာေတြလုပ္မိတဲ့အခါ မ်က္စိအေသႀကီးနဲ႔ စိုက္ႀကီးတာကိုလည္း ခံခ်င္တယ္။
ေခြးခ်စ္တတ္တဲ့ငါက ေခြးျဖဴေလးတစ္ေကာင္ေမြးၿပီး ေၾကာက္ခ်စ္တတ္တဲ့ မင္းက ေၾကာင္ဝါေလးတစ္ေကာက္ေမြးေပါ့ ။ ေဆာ့ရင္းရန္ျဖစ္ၾကတဲ့အခါ မင့္သမီးက ငါ့သားကဆိုၿပီး စိတ္ဆိုးစိတ္ေကာက္ၾကၿပီး တစ္ရက္ထက္ပို စိတ္မဆိုးေၾကး ေပါ့ကြာ ။
ၾကက္ဥကိုတူးေအာင္ေၾကာ္တဲ့ ငါ့ကို မင္းေလွာင္တဲ့အခါ ထုံးစံအတိုင္း "ငါက ႂကြပ္မွႀကိဳက္တာ"လို႔ ေျပာမယ့္စကားေတြကို သေဘာက်စြာရယ္ပါ။ ငါဟင္းခ်က္တတ္တာမယုံတဲ့မင္းကို ဝတုတ္ေလးျဖစ္ေအာင္လို႔ ဟင္းခ်က္နည္းေတြ ၾကည့္သင္ၿပီး ခ်က္ကိုေကြၽးအုန္းမွာ။
ေနသာတဲ့ေန႔ေတြမွာ အ၀တ္ေတြအတူေလ်ာ္ၿပီး မိုး႐ြာၿပီးေအးတဲ့ ညေနခင္းေတြမွာေတာ့ ဘာမွမေျပာပဲ ေကာ္ဖီေသာက္ရင္း ျပတင္းေပါက္မွာ ေငးၾကမယ္။
ငါ့ ပခုံးေပၚကိုမင္းမွီႏြဲ႕တဲ့အခါ မင္းရဲ႕ေခါင္းလုံးလုံးေလးေပၚ ငါအိပ္စက္ခ်င္တယ္
ရယ္ပါ ရယ္ေနပါ ဒီစာေတြတစ္ေန႔မင္းျမင္တဲ့အခါ ဘ၀ႀကီးက မေအးဝင္း စီစဥ္တာမဟုတ္ဘူးဆိုၿပီး ရယ္ေကာင္းရယ္ေနမွာပါ ။
ဘယ္တတ္ႏိုင္မလဲ အျပင္မွာမျဖစ္လာႏိုင္တဲ့အရာတစ္ခုကို ဒီေလာက္ပဲ ပုံေဖာ္ခြင့္႐ွိတယ္ ဒီေလာက္ပဲ လြမ္းခြင့္႐ွိတယ္။ၿပီးေတာ့ ဒီေလာက္ပဲ ခ်စ္ခြင့္႐ွိတယ္။
ဒီေလာက္ပဲ ဒီေလာက္ပဲ မင္းကိုငါ ခ်စ္တယ္။
........................................................................
တကယ္ ဇာတ္သိမ္းသြားပါၿပီ ဒါမယ့္လည္း ေက်ာက္စိမ္းဝိုင္းေလးကေတာ့ အလင္းပိုင္ ရဲ႕ဘယ္လက္မွာ ႐ွိေနတုန္းျဖစ္ၿပီး ေနာက္ထပ္အဝိုင္းတစ္ခုကေတာ့ စာၾကည့္စားပြဲအံ့ဆြဲထဲမွာ သိမ္းထားဆဲ တစ္ခ်ိန္ခ်ိန္မွာ ပိုင္႐ွင္လက္ခံဖို႔
ေစာင့္ေနဆဲပါပဲ။