{Unicode }(27.2)
ရထားပေါ်မှာ ထိုင်ခုံမရှိတော့တဲ့အတွက်ကြောင့် ကျန်းရှုက ရှုပေါ်စု ရဲ့ အရှေ့နား မှာမတ်တပ်ရက်နေ ခဲ့လေတယ်။ သူ့အနောက်က နေ ထိုလူက သူ့ကို ထိန်းထားပေးတာကို လည်းခံစား မိလေတယ်။ ပြီးတော့ စကားအနည်းငယ် လည်းပြောနေ ခဲ့လေတယ်။
" ခများပဲ ပြောကြည့် ဗျာ ''
ကျန်းရှုက မျက်မှောင်ကြုတ် လိုက်ပြီးတော့ နားမလည် လိုက်တာကြောင့် ပြန်မေးလိုက်တယ်။
" ကျွန်တော်က ခွေးတစ်ကောင် လိုတောင် ဆာလောင်နေတာလေ။ ဘာလို့ ခများချက်ကျွေးမယ့် ဟာကိုပဲ စောင့်ပြီး စားချင်နေရတာလဲ? ခများကပဲ အချက်အပြုတ်ကောင်း နေတာလား ။ ဒါမှမဟုတ် အပြင်စာတွေကပဲ ဆိုးဝါးနေတာလား?''
" ကိုယ်က ချက်နိုင်လို့ပေါ့ကွ။ မင်းမှာ ဟင်းချက်နိုင်စွမ်း ရှိလို့လား? "
ရှုပေါ်စုက ခေါင်းကို နှိမ့်ချ ပြီးတော့ သူ့စတော်ဘယ်ရီလေး ရဲ့နား ကိုကိုက်ကာ အပြူံးလေးနဲ့ ပြောလိုက် တယ်။
" ဒီနည်းလမ်း လေးသုံးမှပဲ မင်းက အိမ်ကိုကြိုက်တော့မှာလေ....... ကိုယ့်ကို ရောပေါ့''
" ခများကို ဘယ်သူကြိုက်နေလို့လဲ? "
ကျန်းရှုက ရူးချင်ယောင်သာ ဆောင်လိုက်တော့တယ်။
" ကိုယ်မင်းကို ကြိုက်တယ်။ ''
သူက ရုတ်တရက်ကြီး ဝန်ခံလာတယ်။
ကျန်းရှု တစ်ယောက် မူးမေ့သွားလေတယ်။ ထိုအရာကို ပြန်တွေးကြည့်တာနဲ့ ရှက်သွေးဖြန်း လာခဲ့တယ်။ ဒါက ရှုပေါ်စု တစ်ယောက် သူ့ဆီကို ပထမဆုံး အကြိမ် အနေနဲ့ ' မင်း ကို ကြိုက်တယ်' ဆိုတဲ့ စကားသုံးလုံးကို သေချာရှင်းရှင်းပြောတာပဲ ဖြစ်တယ်။
ရှုပေါ်စု နဲ့သူက ကာမစက်ယှက် ထားပြီးသားလေ။ ဒါကြောင့် အခုချိန် ဝန်ခံတာက အံ့သြစရာ တောင်မရှိလေဘူး။ အမှန်ဆို ဒီ့ထက်ပိုစောသင့်တာလေ။
ကျန်းရှု က ထိုအကြောင်း ကိုတွေးကာ သူက သူ့ကို တိုက်ရိုက်ဝန်ခံ နေတဲ့ အမျိုး သားကို မကြည့်ရဲပါပေ။
ပြီးတော့ ထိုလူကလည်း သူ့ရဲ့ အတွေးတွေကို မေးလိုတဲ့ပုံ မပေါ်လေဘူး။
အဘယ်ကြောင့် ဆိုသော် တစ်ခါတစ်လေ အဖြေမပေးတာတွေက အကောင်းဆုံး အဖြေ ဖြစ်နေတက်တယ်လေ။
ညမတိုင်ခင် ရှုပေါ်စု တစ်ယောက် သူ့အိမ်ကို လာမယ် လို့ပြောထားတဲ့ ၂ ယောက်ဆီကို ဆက်သွယ် လိုက်တယ်။ ပြီးတော့ ဘယ်အချိန် လာမလဲ ဆိုတာကို ဆက်သွယ်လိုက်တယ်။ ဒါမှသာ သူက ဘယ်အချိန်စတင် ချက်ပြုတ်ရမလဲ ဆိုတာကို သိမှာလေ။
ထိုကိစ္စ အတွက် အထူးဆွေးနွေးပွဲ group ထဲမှာ အစည်းအဝေး ထိုင်ကြလေတယ်။
လာရင် ဘာစားကြမလဲ ဆိုတဲ့ ခေါင်းစဥ် က group ထဲမှာ ဆွေးနွေးလို့ ကောင်းတဲ့ အကောင်းဆုံး ခေါင်းစဥ် ပါပဲ။ ဒါပေမယ့် group ထဲက လူတိုင်း က သူ ဘာပြောချင်နေသလဲဆိုတာကို နားလည်ပါတယ် ။
လုခယ် :{ စိတ်ပူမနေပါနဲ့ကွာ ။ မင်းရဲ့ကောင်လေးငယ်လေး က မင်းကို ဘာမှစိတ်မငြိုငြင်စေရပါဘူးကွာ။ ငါတို့လည်း အတိုင်းအတာတွေကို နားလည်ပါတယ် ဟ }
ရှန်ဖေးကျီး: { သူက မင်းနဲ့ ဒီလိုတောင် နေကြပြီပေါ့လေ? မိသားစု တွေကော သိကြလား? }
ရှုပေါ်စု :{ ငါလည်း မသိဘူး။ သူ့ဘဝက ငါထင်ထားတာထက်ကို ပိုပြီး ရှုပ်ထွေးတယ်ကွ။ အခုတော့ ဘယ်သူ ကမှသူ့ကို ဂရုမစိုက် ကြဘူး။ }
လုခယ်: { ဒါဆိုရင် မင်းက အဲ့အကြောင်း ကို သေချာမစစ်ဆေး ကြည့်ရသေး ဘူးပေါ့လေ?}
ရှန်ဖေးကျီး: { မင်းပြောတာကို နားထောင် ရတာနဲ့တင် အတော်လေး သနားစရာ ကောင်းနေပြီ။ မင်းကပဲ သနားစရာ ကောင်း တာလား ဒါမှမဟုတ် ဟိုကောင်လေး ကပဲ သနားစရာ လားဆိုတာကို ငါလည်းမသိတော့ဘူး ။ မင်းသူ့ကိုတော့ လမ်းမခွဲသွားနဲ့ ပေါ့ကွာ။ ဒါက အပြစ်ကျူးလွန် ရာ ရောက်တယ်ကွ }
ရှုပေါ်စု : { တကယ်လို့ မင်းက ငါ့ကို ခွဲခြား ပြသတယ် ဆိုရင် ငါတို့ကို လမ်းမခွဲနဲ့လို့ မပြောရဘူး ။ ငါတို့ကို မကွာရှင်းပေး လိုက်ကြနဲ့လို့ ပြောသင့်တာကွ}
..........
ညက group ထဲမှာ ရှုပေါ်စု တစ်ယောက် ထိန့်လန့်စရာ သတင်းတစ်ခုကြီးကို ချပေးလိုက်တာကြောင့် လုခယ်နဲ့ ရှန်ဖေးကျီး တို့ဟာ သူ့အိမ်ကို မနက်ခင်းအစောကြီး ရောက်ချလာခဲ့တယ်။
အမျိုးသား ၃ ယောက်က ဧည့်ခန်း ထဲမှာ ထိုင်နေကာ အချင်းချင်းတစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေ ကြလေတယ်။ အချိန်အတော်ကြာ တဲ့အထိ ဘာစကား တစ်ခွန်းမှမပြောကြလေဘူး။
ရှုပေါ်စု က အဲ့နေ့ည က ဘားမှာ တွေ့ခဲ့တဲ့ ကောင်လေးနဲ့ လက်ထပ်လိုက်တာ တဲ့လား?
" ငါလိုးတဲ့မှ.... ''
လုခယ် တစ်ယောက် ဒီလေထုကို ဆက်ပြီး တောင့်ခံမထား နိုင်တော့ပါ။ ရေ တစ်ငုံသောက် လိုက်ပြီးတော့ စားပွဲပေါ်ကို ဖန်ခွက်အား ဆောင့်ချလိုက်တယ်။
"တိတ်တိတ်လေး နေ''
ရှုပေါ်စုက သူ့ကို စိုက်ကြည့် လိုက်တယ်။
ဘာလို့လဲ ဆိုတော့ လူတစ်ဦး က အိပ်ခန်းထဲမှာ အိပ်နေဆဲပဲလေ။
လုခယ်က ရှုပေါ်စု ကို အတော်လေးကြောက်လေတယ်။ ဒါကြောင့်မို့ သူ့အသံကို အတော်လေး နှိမ့််ချ ထားပြီးတော့မှ မေးခွန်း တွေမေးရဲလေတယ်။
" မင်းရူးနေပြီလား? "
" ငါလည်း အဲ့လိုပဲ ထင်တယ် ''
ရှန်ဖေးကျီးက လုခယ်ပြောတာကို ထောက်ခံလိုက်တယ်။
"မလိုပါဘူး ညီကိုရာ''
လုခယ်က သဘောတူမှုကို လက်ခံလိုက် တယ်။
" တကယ်လို့ မင်းချစ်မိသွား ရင်လည်း ချစ်တယ်ပေါ့ကွာ။ သူ့ကို ချစ်ကြောင်း ကြိုက်ကြောင်း ပြောပြီးတော့ တွဲပေါ့ကွ။ ဒါဆိုရင်တောင် အဆင်ပြေသေးတယ်။ အခုဟာက ရှုပေါ်စုက သူပထမဆုံး ချစ်မိတဲ့လူနဲ့ လက်ထပ်ပစ်လိုက်တယ် ။ မင်း အဲ့တာကို နောက်ကျ ရင် နောင်တရနေမယ်နော်။ ''
လုခယ်က အခိုင်အမာကို ပြောလိုက် တယ်။
" ဒါကတော့ မင်းတစ်ကယ်ကြီး စိတ်လိုက်မာန်ပါ လုပ်လိုက်တာပဲ''
ရှန်ဖေးကျီးက လက်ဖက်ရည် တစ်ငုံ သောက်ကာ သက်ပြင်း ချလိုက်တယ်။
" ဒါကြောင့်မို့ ငါက မင်းကို ဒီလောက် များတဲ့ ပိုက်ဆံ တွေကို ယူပြီး တော့ဘာတွေများ အရမ်းကြီး အသုံးလိုတာလဲလို့ မေးတာပေါ့။ အဲ့ငွေရဲ့ ၈၀ % ကိုတောင်မှ မင်းအတွက် မသုံးဘူး မလား''
" ဘာ? "
လုခယ်က ကြားဖြတ်ကာ ပြောလိုက် တယ်။ ပြီးတော့ ရှုပေါ်စု ကို စိုက်ကြည့် လိုက်တယ်။
" ဘာကြောင့် မင်းက လောင်ရှန်ဆီကနေ ပိုက်ဆံ တောင်းတာလဲ ? မင်းက အဲ့တာတွေကို ဘယ်နေရာမှာ သုံးလိုက် တာလဲ? "
သေချာတယ်လုံလောက်ပြီ။
လုခယ်နဲ့ တစ်ခြားသူတွေက အတွေးများ ပြီးတော့ အရမ်းကို ကြမ်းတမ်း စွာကောက်ချက်ချ လိုက်တယ်ဆိုတာကို ရှုပေါ်စု သိလိုက်ပြီ။ ဒါက သူတို့ အုပ်စု ထဲမှာ ရှိတဲ့ လူတွေရဲ့ အရိုးထဲကနေ တောင်စွဲနေတဲ့အကျင့် ဗီဇပဲ။
ရှုပေါ်စု ဟာ လုခယ်ရဲ့ သူငယ်ချင်း မန်ဘာ တစ်ယောက် ဖြစ်ပေမယ့် သူတို့ အုပ်စု ထဲက ထိုကဲ့သို့ ဂရုစိုက် မှုတွေနဲ့ ပရမ်းပတာ အခြေအနေ တွေကို မကြိုက်လေဘူး။ ဒါပေမယ့် သူက ဘာကြောင့် လုပ်တယ် ဆိုတာကိုတော့ မရှင်းပြလေဘူး။
" လုခယ်ရာ မင်းက ငါကြည့်လိုက်တဲ့ သူတိုင်းကို ယုံကြည်မှု ရှိသင့်တယ်ကွ။ ဥပမာ ငါက ကောင်းကောင်း အကဲခတ်တက်တာမျိုးပေါ့''
ရှုပေါ်စုက သူ့လက်ချောင်း ကိုမြှောက်ကာ သူ့ခေါင်းကို ထိပြလိုက်တယ်။
" ပြီးတော့ ငါ့ IQ ကိုလည်း ယုံသင့်တယ်ကွ။ ''
လုခယ်တစ်ယောက် နင်သွား ရှာလေတယ်။
" .... ''
ဘေးနားက ထိုင်နေတဲ့ ရှန်ဖေးကျီး ကတော့ အနည်းငယ် အားရ ဝမ်းသာနဲ့ ရယ်လေတယ်။
" လောင်ရှုက သူ့ရဲ့ အမွေဆက်ခံ ပိုင်ခွင့်တွေ ကို လွတ်လိုက်တာက တကယ်ကြီး ရူးမိုက်နေပေမယ့် သူ့ကို ငါတို့က တကယ်အရူးတစ်ယောက် လိုဆက်ဆံ လို့ မရဘူးကွ။ ''
လုခယ်က သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့် လိုက်တယ်။
" အခုကျတော့ ငါ့ကို မထောက်ခံ တော့ဘူးပေါ့လေ။ ''
" မင်းက ဘာကိုပြော ချင်တာလဲကွ''
" အချစ် ဆိုတာက IQ ကောင်းတာနဲ့ ဘာမှလုပ်လို့မရဘူးကွ။ အဲ့တာကို ယုံသလား မယုံလားတော့ ငါမသိဘူး။ ဘာပဲဖြစ်ဖြစ် လေ မင်းက အဲ့တာကိုတွက်ထုတ်နေမယ် ဆိုရင် တော့ မင်းပဲ ခံစားရမှာ။ ''
ရှန်ဖေးကျီးက ဒါကိုတော့သဘောတူ လေတယ်။
ဘာပဲ လုပ်လုပ် ကိစ္စ မရှိဘူး ။
လက်ထပ် လိုက်တာကကြတော့ အရမ်းလွန်သွားပြီ။
ရှုပေါ်စု က တစ်ခဏတွေးကာ ပြောလိုက် တယ်။
" ငါအိမ်က နေတောင် ထွက်လာနိုင် တယ်ဆိုကတည်းက ငါက ဘယ်လိုလူမျိူးလဲဆိုတာ သိသင့်တယ်။ ''
တကယ်လို့သာ သူ့စိတ်ထဲ မှာ စိုးရိမ် မှုတွေ အများကြီး မရှိခဲ့ရင် တစ်ခြားသူ တွေရဲ့ အိမ်မက်အတွက် သူ့ရဲ့ကိုယ်ပိုင် အိမ်မက် လေးကို စွန့်ပစ်ခဲ့မိမှာ မဟုတ်လေဘူး။
လုခယ် နဲ့ ရှန်ဖေးကျီး တို့က တစ်ယောက် ကို တစ်ယောက် ကြည့်ရင်း လုံးဝကို တိတ်ဆိတ် သွားလေတယ်။
ရှုပေါ်စု က ထိုကဲ့သို့ လူမျိုးပါပဲ။
သူက သူလုပ်ချင်တာ ကိုလုပ်တယ်။ ထိုအရာက သူများတွေမျက်လုံး ထဲမှာ ဘယ်လို မြင်သလဲဆိုတာကို ဂရုမစိုက် တက်ပါဘူး။
ကျန်းရှုက တံခါးထောင့်နားက နံရံ လေးမှာကပ်ပြီး သူတို့ပြောတာတွေကို နားထောင် နေလေတော့ စကားအများစုကို ကြားခဲ့ရလေတယ်။
ရှုပေါ်စုရဲ့ သူငယ်ချင်း တွေက သူ့အပေါ် အကောင်း မမြင်တာက သာမန်ပါပဲ။
ဒါက ပုံမှန်ပဲ ။
သေစမ်း ကွာ ပုံမှန်တဲ့လား? !?
သာမန် လူတွေကပဲ ဒီလိုတွေးတာ မဟုတ်ဘူး လား။
ဒါပေမယ့် ငါ့အနေနဲ့ ရှုပေါ်စု ရဲ့ အထင်ကြီးစရာ ကောင်းလောက်တဲ့ သူငယ်ချင်း တွေနဲ့ ပြောတဲ့ စကားဝိုင်းကို နားထောင်ပြီးတဲ့နောက် ငါက ရှုပေါ်စု ဘယ်လိုခံစား ခဲ့ရသလဲ ဆိုတာကို နားလည်လာတယ်။
သူက တစ်ခြားသူ တွေ ဆီကနေ တန်ဖိုး ဖြတ်ခြင်းကို ခံနေရတာပဲ? !?
အဲ့လို ခံစားချက် မျိုးက တကယ်ကြောက်ဖို့ကောင်းတယ်။
ဒါက ကိုယ်ပိုင် တန်ဖိုးထားမှုကို နာကျင်စေ ရုံတင်မကဘူး။ သူ့ကို ဂုဏ်သိမ်ငါ်အောင် လုပ်နေကြတာပဲ! !?
အဆင့်အတန်း ၊ ငွေကြေး နဲ့ ရုပ်ရည် သွင်ပြင်က အရေးမကြီး ပေမယ့်လည်း အပြင်လောက က ကလေးအရွယ်အချိန်ကနေ စပြီးတော့ အရိုးထဲထိ စိမ့်ဝင်အောင် ရိုက်သွင်း ထားရတာပဲ။
ဒီခံစားချက်က တကယ့်ကို ဆိုးတယ်။
ကျန်းရှု က မက်တပ်ရပ် လိုက် တယ် ။
အခု သူ့မှာ ရွေးချယ် စရာ ၂ခု ရှိတယ် ။
တစ်ခုက တံခါး ကိုဖွင့်ပြီး တော့ အပြင်ထွက် ဖို့ပဲ။ နောက်တစ်ခုက တော့ ပြန်အိပ်စက် ဖို့ပဲ.....။
ကျန်းရှု က တံခါးကို ဖွင့်ပြီး အပြင်ထွက် ဖို့သာ ရွေးချယ် ခဲ့တယ်လေ။ ရှုပ်ပွနေတဲ့ မနေ့က ညှပ်လာတဲ့ ဆံပင်ပုံစံ နဲ့သူဟာ ချောမောနေဆဲပါပဲ။
အပြင်မှာ လူတွေရှိပြီးတော့ သူတို့ကညကောင်းမွန်စွာ ဝတ်စားထားကာ သူ့လိုရှုပ်ပွမနေမှန်း သူသိတယ် ။
" စတော်ဘယ်ရီ လေး''
ရုတ်တရက် တံခါးက ပွင့်သွား တော့ ရှုပေါ်စု က သူ့သူငယ်ချင်း တွေထက်ပိုပြီး တော့ အံ့သြ သွားတယ်။ ဘာလို့လဲဆိုတော့ မနေ့ည က ကျန်းရှု ဟာ နောက်ကျမှ အိပ်တာကြောင့် မနက်အစောမနိုးမှန်း သူသိလေတယ်။
" အိုး ခများရဲ့ သူငယ်ချင်း တွေတောင် ရောက်လာကြပြီပေါ့လေ?''
ကျန်း ခပ်မိုက်မိုက် ရှုက ဘာမှမအံ့သြ သွားသလို ဟန်ဆောင်လိုက်တယ်။ ပြီးတော့ လုခယ်နဲ့ရှန်ဖေးကျီး ကို ပုံမှန်အတိုင်း နှုတ်ဆက် လိုက်တယ်။
" ဟိုင်း။ ခများတို့ ၂ ယောက် နဲ့ထပ်တွေ့ကြပြန်ပြီနော်''
ကျန်းရှုက အခုမှ နိုးစဖြစ်ပေမယ့် ရှုပေါ်စုလောက် နီးပါးအရှိန် အဝါရှိတဲ့အပြင် ရှုပေါ်စု တစ်ဝက် လောက်နီးနီး ချောနေလေတယ်။
" ဟေး ကျန်း......ရှု''
လုခယ်နဲ့ရှန်ဖေးကျီး တို့ကတော့ အတော်လေး အံ့သြ သွားတယ်။ နေ့အလင်းအောက်မှာ ကျန်းရှု ကိုတွေ့လိုက် တော့ထိုနေ့ညထက် စာရင် ပိုပြီးအသက်ငယ်နေသလိုပဲ။
" ကျွန်တော် အရင်ဆုံး သွားဆေးကြောလိုက်အုံးမယ်။ ခများတို့ အရင်စကားပြောနှင့်ကြ''
ကျန်းရှုက သူ့လက်တွေကို ဝှေ့ယမ်းပြကာ ရေချိူးခန်း ဆီသွားလိုက်တယ်။
လုခယ် က အသိပြန်ဝင် လာပြီး ရှုပေါ်စု ကိုမေးလိုက်တယ် ။
" အစောက မင်းသူ့ကို ဘယ်လိုခေါ် လိုက်တယ်?''
ရှုပေါ်စု က ပြန်ဖြေတယ်။
" စတော်ဘယ်ရီ ''
ရှန်ဖေးကျီးကော လုခယ်ရဲ့ အကြည့်တွေကို သဘောပေါက် တာကြောင့် သူက ဆက်ပြောလိုက်တယ် ။
" သူက ငါ့ကို နာနတ်သီး လို့ခေါ်တယ်။''
ရှန်ဖေးကျီး က သူ့ကို လက်မထောင်ပြတယ်။
" မင်းတို့ တွေက ဘယ်လို ကစားရမှန်း သိတာပဲ ဟ ''
( အချစ်တို့အတွက် ခရီးကရောက်ရောက်ချင်း တင်ပေးလိုက်ပြီနော် )
..................................