တန့်ကျင်းဝမ်း ရုတ်တရက် မတ်တပ်ထရပ်လိုက်မိတာကြောင့် စားပွဲပေါ်က ဖန်ခွက်ကို လက်နဲ့တိုက်မိသွားပြီး အင်းကျီလက်စတွေပါ ရေစိုကုန်တယ်........သို့သော်လဲ ဤအရာကို သတိထားမိဟန်မတူ....သူ့အကြည့်တွေက သူ့ရှေ့က secreen ပေါ်မှာသာမြဲမြံနေတယ်.....ထို Secreen ပေါ်မှာ မြင်နေရသော
ရုပ်ပုံလွှာသည် ကျိုးပဲ့နေသော အရုပ်အိပ်လေးကို ထွေးပွေ့ထားသည့် ကောင်လေးတစ်ယောက်သာပင်......
သတိရခဲ့ပါပြီ.....သူဟာ သိပ်ကို မှတ်ဉာဏ်ကောင်းသူတစ်ယောက်ပါ.....အဲ့အချိန်တုန်းက သေချာသတိမပြုမိလို့သာ မမှတ်မိခဲ့တာပါ....
လွန်လေပြီးသော နှစ်ပေါင်းများစွာတုန်းကပေါ့....အဲ့နေ့တုန်းက အချီကြီးရမယ့် အလုပ်ကိစ္စတစ်ခုကို သဘောတူလက်မှတ်ရေးထိုးဖြစ်ခဲ့တယ်....သူအိမ်ပြန်ရောက်တော့ ကောင်လေးက ကြမ်းပြင်ပေါ်မှာထိုင်ပြီး
အရုပ်အိမ်အပိုင်းအစလေးတွေကို ဒေါသတကြီးစိုက်ကြည့်နေတယ်.....တည်ဆောက်ဖို့လွယ်ကူပေမယ့် ကောင်လေးကဒါကို မဆက်နိုင်ဘူးဖြစ်နေတယ်လေ...အဲ့တုန်းက ကောင်လေးက အခုလိုမဟုတ်ဘူး....စိတ်ပျော်နေတဲ့အချိန်ဖြစ်တာကြောင့် ခပ်တုံးတုံးကောင်လေးကို ကူညီပေးဖြစ်ခဲ့တယ်.....
အဲ့တုန်းကဆို ကောင်လေးသိပ်ကို ပျော်နေခဲ့တာ.....အရုပ်အိမ်လေးကို ရတနာတစ်ခုလို တယုတယကိုင်တွယ်ပြီး လူရုပ်လေးနှစ်ခုကို လက်ညှိုးတထိုးထိုးနဲ့ပြောပြခဲ့သေးတယ်..
...ဒါက ဒယ်ဒီ...ဒါကသားသား...ဒယ်ဒီ့က ကမ္ဘာပေါ်မှာအကောင်းဆုံးဒယ်ဒီပဲ....ဒယ်ဒီ့ကို အချစ်ဆုံးပဲ....
အဲ့တုန်းက တန့်ကျင်းဝမ်းတစ်ယောက် ဒီစကားတွေကို ဂရုမထားဘဲ ဒီအတိုင်းလှည့်ထွက်ခဲ့တယ်.....
သူ့အတွက် အရေးမပါတဲ့ အသေးအမွှားကိစ္စတစ်ခုကို ဒီကောင်လေး နှစ်ပေါင်းများစွာကြာတဲ့အထိ အမှတ်ထားနေမယ်မှန်း ထင်မထားမိရိုးအမှန်ပါ.....
မျက်လုံးတွေကို လက်နဲ့ဖုံးကာပြီ ခေါင်းမော့ထားလိုက်တယ်....
ဘာတွေလုပ်ခဲ့မိလဲ ကြည့်စမ်းပါဉီး....သူ့လုပ်ရပ်တွေ ဘယ်လိုတောင် ရက်စက်ခဲ့သလဲ ကြည့်ကြစမ်းပါဉီး.....
တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ သူ့ကိုယ်သူကလွဲရင် အဘယ်သူတစ်ဉီးတစ်ယောက်ကိုမှ ဂရုမစိုက်မိခဲ့ဘူး.......ဒါ့ကြောင့် ဒီလောကမှာ သူ့ကို ချစ်ခင်ပေးနိုင်ဆုံးသောသူကို ဆုံးရှုံးခဲ့ရပြီ...ဒိီချစ်ခြင်းတရားဟာ မိသားစုအချင်းချင်းပေါ်ထားရှိတဲ့ ချစ်ခြင်းတရားမျိုးဖြစ်နေရင်တောင် သူ့အတွက် အဖိုးအနဂ္ဂထိုက်တန်နေဆဲပါပဲ......
ဒီကောင်လေးကို ဆုံးရှုံးခဲ့ရခြင်း အကြောင်းရင်းကို သိရှိခဲ့ပါပြီ....ဘာ့ကြောင့်ဆိုတော့ သူဟာ ထိုကဲ့သို့သော ချစ်ခြင်းမေ
တ္တာမျိုးနဲ့ မထိုက်တန်သူဖြစ်နေလို့ပါပဲ.....
[တင်းတောင်....တန့်ကျင်းဝမ်းရဲ့ နှစ်သက်မှု 2 မှတ်ထပ်တိုးပါတယ်.... စုစုပေါင်း 98 မှတ်ပါ...]
………………………………
ရှဲ့ဟယ် ကော်ဖိီဆိုင်မှာ အလုပ်ဆင်းနေပြီ....ဆိတ်ငြိမ်ရပ်ကွက်မှာဖွင့်ထား ဒီဆိုင်လေးမှာ ရုံးဝန်ထမ်းအချို့နဲ့ ကျောင်းသားတစ်ချို့ကလွဲရင် ဖောက်သည်သိပ်မရှိတဲ့အတွက် သိပ်ကိုသက်တောင့်သက်သာရှိလှပါတယ်.....ဒါ့အပြင် ရှဲ့ဟယ်ကို သနားနေတဲ့ ယုယုကလဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်....အကယ်၍ လွီယန့်ဘက်က ဖုန်းမခေါ်ခဲ့ရင်တောင် ယုယု ဒီကောင်လေးကို အခုလိုပဲဆက်ဆံပေးဉီးမှာပါ.....
ရှဲ့ဟယ်တစ်ယောက် ဧည့်သည်တွေလာရင် ကော်ဖီဖျော်ပေးတယ်...ဧည့်သည်တွေမရှိရင် ပြတင်းပေါက်နားမှာထိုင်ပြီး ခပ်ဆွေးဆွေးလေး ငေးနေတတ်တယ်....
ဒီနေရာလေးကို သူကိုယ်တိုင်သေသေချာချာရွေးထားတာလေ.....
အလုပ်စဆင်းပြီး ဒုတိယနေ့ကတည်းက ဒီနေရာကိုရွေးခဲ့တာပါ....တန့်ကျင်းဝမ်းကလဲ ကော်ဖီဆိုင်ရှေ့ဘက်မှာ ရှိတဲ့ အနောက်တိုင်းစားသောက်ဆိုင်ရဲ့ ဒုတိယထပ်က ပြတင်းပေါက်နားကို အချိန်အကြာကြီး သီးသန့်ငှားရမ်းထားတယ်.....တန့်ကျင်းဝမ်းတစ်ယောက် ထိုနေရာကနေပြီး နေ့စဉ်နေ့တိုင်း ရှဲ့ဟယ်ကို အချိန်အကြာကြီး ငေးကြည့်နေတတ်တယ်....ရှဲ့ဟယ်က တစ်ဖက်သားကိုစာနာသနားတတ်သူပီပီ ဒယ်ဒီ စိတ်သက်သာရအောင် မြင်သာလောက်မယ့်နေရာမှာထိုင်ပြီး ကူကယ်ရာမဲ့စွာ ပူဆွေးသောကရောက်နေတဲ့ ဟန်ပန်မူရာမျိုးကိုသာ အချိန်တိုင်းထုတ်ပြနေခဲ့တယ်......
[ရှဲ့ဟယ်:ကျွတ်...ကျွတ် သနားစရာကောင်းလိုက်တာကွာ....အသက်ကလေး ဆယ့်ခြောက်နှစ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်နေရရှာတယ်....ဒါဟာ မိသားစုအတွက် ကြေကွဲဝမ်းနည်းစရာသိပ်ကောင်းလွန်းတယ်....]
[444:. .....] မှတ်ထားကြ...ဘာပြန်ပြောရမှန်းမသိတဲ့အခါကျရင် ပါးစပ်ပိတ်ပြီးသာ ငြိမ်နေလိုက်ကြ......
[ရှဲ့ဟယ်: ဘေဘီရေ ဒယ်ဒီ့ရဲ့ နှစ်သက်မှုအမှတ်လေး ပြောပြပါဉီး....]
[444: 98 မှတ်ပါ...(≧▽≦). ]
[ရှဲ့ဟယ်:နောက်ဆုံး စုတ်ချက်လေးပျောက်နေသလိုပဲ.....]
[444: ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ...]
[ရှဲ့ဟယ်:အသိဉာဏ်ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ဒယ်ဒီ့ကို ဉပမာကောင်းကောင်းလေးပေးပြီး တစ်စုံတစ်ယောက်ကို ဘယ်လိုချစ်ရမယ်ဆိုတာ သင်ပေးရမယ်....]
444: မကောင်းတဲ့ နမိတ်တွေကြိုမြင်ပြီ......
ရှဲ့ဟယ် ကော်ဖီဆိုင်မှာ အလုပ်စဝင်တုန်းအတော်အဆင်မပြေဖြစ်ခဲ့တယ်....မကြာခဏလဲ အမှားတွေလုပ်မိခဲ့တယ်....တဖြည်းဖြည်းနဲ့ အသားကျတဲ့အခါ အရာရာအဆင်ပြေလာခဲ့ပါပြီ....ဆိုင်ကဝန်ထမ်းတွေကလဲ သူ့ကို စာနာသနားပြီး ညီငယ်လေးတစ်ယောက်လိုချစ်ခင်ပေးကြတယ်.....ရှဲ့ဟယ်က တစ်သီးတစ်သန့် နေတတ်ပေမယ့် အခြားသောဝန်ထမ်းတွေကို ကူညီပေးတတ်လာတယ်.....
တစ်နေ့မှာတော့ ရှဲ့ဟယ်နေ့လည်စာထွက်ဝယ်ဖြစ်ခဲ့တယ်....ထူးဆန်းလှတဲ့တိုက်ဆိုင်မှုအချို့ကြောင့် ကျောင်းပေါက်ဝနားရောက်သွားပါလေရော.....
အရင်တုန်းကဆို ကျောင်းတက်ရခြင်းကို အာရုံမထားခဲ့မိဘူး....ကျောင်းပြေးမယ်...လမ်းပေါ်က ကားပြိုင်ပွဲတွေ ဝင်ပြိုင်မယ်...မိန်းကလေးတွေ ထည်လဲတွဲမယ်...ဒီလောက်ပါပဲ....
အခုလို ကျောင်းတက်ခွင့်ဆုံးရှုံးရလိုက်တော့မှသာ အပူပင်ကင်းတဲ့ ကျောင်သားဘဝကို လွမ်းဆွတ်တမ်းတနေမိတော့တယ်....
ဒီနေရာက သူ့ဘဝရဲ့တစ်ခုတည်းသော "သန့်စင်မြေ "ပါ.....
ခဏလောက်ကြာတော့ နင်းချီတို့ သူငယ်ချင်းတစ်သိုက် ကျောင်းပေါက်ဝကနေထွက်လာတာကို မြင်လိုက်ရတယ်.....
ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ထိတ်လန့်မှုတွေပေါ်ထွက်လာပြီး လှည့်ပြေးဖို့ပြင်လိုက်တယ်.....
သို့ပေမယ့် နင်းချီ သူ့ကို အစောကြီးကတည်းကမြင်ပြီးနေပြီ......
တန့်ကျင်းဝမ်းရဲ့ အိမ်ပြန်ပို့မှုကြောင့် နင်းချီ အိမ်ထဲမှာ ပိတ်လှောင်ခံခဲ့ရတယ်.....
ထိုနေ့တုန်းက ထွက်ခွာသွားတဲ့ တန့်ကျိုးရဲ့မျက်ဝန်းတွေထဲကနာကျင်မှုတွေက သူ့ကို စက္ကန့်မလပ်နာကျင်စေခဲ့ပါတယ်.....ကံမကောင်းစွာနဲ့ပဲ နင်းချီ အိမ်ထဲကနေ ထွက်ခွင့်မရခဲ့ဘူး....ဖခင်ဖြစ်သူ သံသယရှင်းသွားအောင် တန့်ကျိုးကို မကြိုက်တော့ကြောင်း အကြိမ်ကြိမ်ကတိပေးပြီးမှသာ အခုလို အိမ်ပြင်ထွက်ခွင့်ရခဲ့တာပါ......အပြင်ပြန်ရောက်လာတော့လဲ တန့်ကျိုးရဲ့
သတင်းတွေကို ပေါ်ပေါ်ထင်ထင် မစုံစမ်းဝံ့တော့ဘဲ အမှောင်ရိပ်ထဲကနေသာ တိတ်တဆိတ်စုံစမ်းခဲ့ရတယ်...
ကျောင်သားအဖ တန့်ကျိုးကို ပြန်ပေးဆွဲသွားတဲ့သတင်း ကြားလိုက်ရသေးတယ်...တန့်ကျင်းဝမ်းတစ်ယောက် တစ်မြို့လုံးကို မြေလှန်ပစ်တော့မတတ်ကြိုးစားပြီးမှသာ တန့်ကျိုးကို ကယ်တင်နိူင်ခဲ့တယ်တဲ့......
ဒါ့အပြင် တန့်ကျိုးက တန့်ကျင်းဝမ်းရဲ့ သားအရင်းမဟုတ်ဘူးဆိုတဲ့ ကောလဟာတွေလဲ အတောမသတ်အောင် ပျံ့လွှင့်နေပြီ.....
ကောလဟာလတစ်ခုချင်းစီတိုင်းက နင်းချီရဲ့ စိတ်အစဉ်ကို လေးလံစွာဖိစီးစေခဲ့ပါတယ်...ကောင်လေး ပြန်ပေးဆွဲခံတုန်းက ဒဏ်ရာများရသွားလေသလား? ??ကောင်လေး အဆင်ပြေမှပြေရဲ့လား? ??ကောင်လေး အားငယ်ဝမ်းနည်းနေမလား? ???
အများအမြင်မှာ တန့်ကျိုးက တန့်ကျင်းဝမ်းအတွက် အရေးပါပုံရပေမယ့် ဘာကိုမှဂရုမထားတဲ့ မထုံတတ်တေး တန့်ကျင်းဝမ်းက ကောင်လေးအတွက် ပူပင်ပေးပါ့မလား
ဒါ့အပြင် ကောင်လေးက တန့်ကျင်းဝမ်းကို အင်မတန်ရိုသေလေးစားခဲ့တာ....အခုသူတို့နှစ်ယောက်က သားအဖမဟုတ်ဘူးဆိုတော့ တန့်ကျင်းဝမ်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီကောင်လေး လက်ခံလိုက်ရင်.......
ဒီလိုသာဆို နင်းချီအတွက် မျှော်လင့်ချက်မဲ့လေပြီ.....
သူ့အနေနဲ့ ကောင်လေးရဲ့နှလုံးသားထဲမှာ နေရာတစ်ခုရယူနိူင်ပါစေဉီး တန့်ကျင်းဝမ်းနဲ့တော့ ယှဉ်နိူင်မယ်တဲ့လား.....
နင်းချီတစ်ယောက် တစ်နေ့ထက်တစ်နေ့ ပို ပိုပြီး စိတ်ဓာတ်ကျလာတဲ့အပြင် မျှော်လင့်ချက်တွေလဲ မှုန်ဝါးလာခဲ့တယ်......
ဒီနေ့ .....သူငယ်ချင်းတစ်ယောက် ခေါ်ထုတ်လာလို့ ကျောင်းပေါက်ဝကို ရောက်ဖြစ်ခဲ့တယ်....လမ်းတစ်ဖက်ခြမ်းက ကောင်လေးကို တွေ့လိုက်မိချိန်မှာ သူ့ကိုယ်သူတောင်သတိမထားမိဘဲ ကောင်လေးရှိရာဆီ အပြေးသွားမိခဲ့ပါပြီ.....
ကောင်လေးက Mask တပ်ထားတာကြောင့် မျက်လုံးပဲမြင်ရပေမယ့် နင်းချီကတော့ အကြည့်တစ်ချက်နဲ့တင် သတိပြုမိနိုင်ခဲ့ပါတယ်....
နင်းချီဘက်က ပြောမပြတတ်အောင် အံ့သြဝမ်းသာနေသော်ငြားလဲ ကောင်လေးဘက်က တွေ့မြင်သွားမှာစိုးရိမ်နေသည့်နှယ် လှည့်ပြေးသွားလေပြီ......
နင်းချီ ဘာဆို ဘာမှတွေးမနေတော့ဘဲ သူငယ်ချင်းတွေကို ချန်ရစ်ပြီး ကောင်လေးနောက်ကို ပြေးလိုက်သွားခဲ့တယ်..... နောက်ဆုံးတော့ လမ်းချိုးလေးနားမှာ ကောင်လေးကို ဖမ်းမိခဲ့ပါပြီ....
"ရှောင်ကျိုး! !!"
နင်းချီ ကောင်လေးရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲထားတယ်....သူ့မျက်ဝန်းတွေထဲမှာ ဝမ်းနည်းခြင်းတွေ သိလိုခြင်းတွေ ထွေးယှက်နေတယ်.....ကောင်လေးသူ့ဆီကနေ ထွက်ပြေးသွားမှာ စိုးရိမ်နေမိသလို ကောင်လေးရဲ့ လက်ရှိအနေအထားကိုလဲ သိချင်မိပါရဲ့.... ကောင်လေး ဘာလို့များ စားပွဲထိုးယူနီဖောင်းဝတ်ထားပါလိမ့်......
ရှဲ့ဟယ် ထိတ်ထိတ်ပျာပျာနဲ့ ခေါင်းငုံ့လိုက်ပြီး.....
"လူမှား..လူမှားနေတယ်...."
ဒီစကားလုံးတွေက နင်းချီရဲ့နှလုံးသားတစ်ခုလုံးကို ဝမ်းနည်းမှုတွေပြည့်လျှံသွားစေပြီးအစိတ်စိတ်အမွှာမွှာကွဲကြေစေခဲ့ပါတယ်.....
ဒေါသထွက်စရာကောင်းနေပေမယ့် ရယ်စရာလဲ ကောင်းနေပြန်တယ်....ဒီကောင်လေး သူ့ကို မျက်မမြင်တစ်ယောက်များထင်နေရော့သလား.....ခပ်ဖျော့ဖျော့ ရယ်မောပြီး Mask ကိုဆွဲဖြုတ်လိုက်တော့........
"မင်း ဘယ်လိုပြော......."
စကားလုံးတွေ ထွက်မလာနိုင်တော့လောက်အောင် လည်ချောင်းထဲမှာ ဆို့နင့်နေပါပြီ.....
ကောင်လေးရဲ့ ညာဘက် ပါးပြင်ပေါ်မှာ ရှည်လျားလှတဲ့ ဓားဒဏ်ရာ အမာရွတ်တစ်ခုရှိနေတယ်....ဒါဟာ ပြီးပြည့်စုံတဲ့ အလှတရားတစ်ခုကို တစ်စုံတစ်ယောက်က ရက်ရက်စက်စက် ဖျက်စီးထားသလိုပါပဲ.....
သူ့မျက်နှာကို ရုတ်တရက် ထုတ်ဖော်ခံလိုက်ရတာကြောင့် ကောင်လေးအတော်ထိတ်လန့်သွားပုံရတယ်....ချက်ချင်းဆိုသလို မျက်နှာကို လက်နဲ့အုပ်ပြီး ခေါင်းငုံ့ကာ ပြေးထွက်သွားလေတယ်......
နင်းချီတစ်ယောက် လက်ထဲက Mask ကို အကြောင်သားစိုက်ကြည့်နေမိတယ်.... Shock ရခြင်းကနေ သတိပြန်ဝင်လာချိန်မှာ ကောင်လေးက သူ့မျက်စိအောက်ကနေ ပျောက်ကွယ်သွားခါနီးနေပြီ.....ကောင်လေးရဲ့ခါးကို ဆွဲဖက်လိုက်ပြီး တိုးလျလှသော လေသံနဲ့....
"ကိုယ် တောင်းပန်ပါတယ်...."
ကောင်လေးကို Mask ပြန်တပ်ပေးလိုက်ပြီး.....
"မစိုးရိမ်ပါနဲ့...ဘယ်သူမှမမြင်ပါဘူး...."
သူ့စကားလုံးတွေထဲမှာ တည်ငြိမ်စေခြင်းစွမ်းရည်တွေရှိနေပုံရတယ်....ကောင်လေး တုန်ရီနေရာကနေ ငြိမ်ကျသွားတယ်လေ.....
နင်းချီရဲ့ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာနာကျင်နေပါပြီ.....ဘာတွေဖြစ်ခဲ့တာလဲ? ??သူတို့ပြောတော့ တန့်ကျင်းဝမ်းက ကောင်လေးကို သိပ်ဂရုစိုက်ပြီး ကာကွယ်ပေးတာပဲဆို......ဒါဆို အခုဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ? ???
သိချင်တာတွေ များပြားနေပေမယ့် ကောင်လေးရဲ့ ရှက်ရွံ့ထိတ်လန့်နေတဲ့ မျက်ဝန်းတွေကို မြင်ပြီးချိန်မှာ ဘာဆိုဘာမှ မေးမထွက်နိုင်တော့ပါ......
"မင်း အခု ဘယ်သွားမလို့လဲ... ကိုယ်လိုက်ပို့ပေးမယ်...."
ရှဲ့ဟယ် သူ့ကို စိုက်ကြည့်နေတယ်...ဒီမျက်ဝန်းတွေထဲမှာ နက်ရှိုင်းလှတဲ့ သိမ်ငယ်မှုတွေတည်ရှိနေပါတယ်.....ခဏကြာတော့ မျက်လွှာချလိုက်ပြီး.....
"ကျွန်တော် ကော်ဖီဆိုင် ပြန်မလို့ပါ....ခင်ဗျား ထွက်သွားပါတော့ လိုက်ပို့ပေးစရာမလိုပါဘူး...."
နင်းချီတစ်ယောက် ကောင်လေးရဲ့ ယူနီဖောင်းကို သတိထားမိနေပြီ...စူးရှတဲ့ မျက်ဝန်းတွေကလဲ ယူနီဖောင်းပေါ်ကကော်ဖီဆိုင် Logo ကိုမြင်ပြီးနေပြီ.....
"ကိုယ်အခု ကော်ဖီထွက်ဝယ်ဖို့ လမ်းပေါ်ရောက်နေတာ....."
ဘယ်လိုငြင်းရမှန်းမသိ ဖြစ်နေတဲ့ ရှဲ့ဟယ်ပုံစံလေးက အကူညီမဲ့နေလေဟန်.......
နင်းချီရဲ့ လေသံတွေထဲမှာ စိတ်မကောင်းဖြစ်ခြင်းတွေယှက်သန်းနေပြီ...ကောင်လေးကို နူးညံ့စွာ ကြည့်လိုက်ပြီး.....
"မင်းကိုယ့်ကို အဲ့သလောက်ထိတောင် မမြင်ချင်တော့တာလား...."
နောက်ဆုံးမှာတော့....မြိုသိပ်ထားရခြင်းတွေကို ဖွင့်ထုတ်လိုက်ပါပြီ....သူ ဒီကောင်လေးကို သေလုနီးပါးလွမ်းနေခဲ့တာပါ....ဘယ်လိုနည်းနဲ့ ကျောခိုင်းလှည့်ထွက်သွားနိူင်မှာလဲ? ??
ရှဲ့ဟယ် စက္ကန့်ပိုင်းလောက် ငြိမ်ကျသွားပြီး....
"မဟုတ်ပါဘူး...ကျွန်တော်က......"
"ဒါဆို အဆင်ပြေပြီ.....လာ ...သွားကြမယ်..."
"ဒါပေမယ့် ကျွန်တော့်မှာ လုပ်စရာရှိသေးတယ်...."
"ဘာလဲ..."
နာရီဝက်လောက်ကြာတော့ နင်းချီက ရှဲ့ဟယ်ကို နေ့လည်စာကူသယ်ပေးပြီး ကော်ဖီဆိုင်ကို လိုက်သွားခဲ့တယ်...ကော်ဖီဆိုင်က သူတို့ကျောင်းနဲ့ သိပ်မဝေးလှဘူး.....နင်းချီသက်ပြင်းချလိုက်မိတယ်....ဒီတစ်ခေါက်မှာရော ကောင်လေးနဲ့ ဘယ်အချိန်ထိ ရင်းရင်းနှီးနှီးနေနိုင်ဉီးမလဲ......
နင်းချီ ကောင်လေးကို မခက်ခဲစေချင်တာကြောင့် ကော်ဖီတစ်ခွက်မှာပြီး ကောင်လေးရဲ့လှုပ်ရှားမှုတွေကို ထိုင်ငေးနေခဲ့တယ်....
ကောင်လေး Customerတွေအတွက် ကော်ဖီဖျော်ပေးနေတာကြည့်ပြီး နင်းချီ မျက်စိစပါးမွှေးစူးလာတယ်......အလိုလိုက်ခံထားရတဲ့ဒီကောင်လေးက တစ်ချိန်တစ်ခါတုန်းကဆို မောက်မာတတ်ပြီး လိင်ပိုင်းဆိုင်ရာကိစ္စတွေကိုလဲအရှက်မဲ့လိုက်စားတတ်တဲ့အပြင် လူတကာရဲ့ထိပ်ဆုံးမှာသာ ရပ်တည်ခဲ့ရသူပါ.......အခုများကျတော့ ဒီကောင်လေးမှာ
အလှတရားတွေရော၊ တည်ရှိမှုတွေရော၊ယုံကြည်မှုတွေပါပျောက်ဆုံးနေခဲ့ပြီ.....ရှင်သန်ရပ်တည်ဖို့အတွက် အဆင့်နှိမ့်ချပြီး လူတကာကို ခေါင်းငုံ့နေရရှာတယ်....
အမျက်ဒေါသနဲ့ ဝမ်းနည်းခြင်းကို တစ်ပြိုင်နက် ခံစားလိုက်ရတာကြောင့် နင်းချီလက်သီးဆုပ်ထားလိုက်မိတယ်.....
စောက်သုံးမကျတဲ့ ကောလဟာလတွေကို ယုံမိတော့မလို့.......တန့်ကျင်းဝမ်းဆိုတဲ့ ရက်စက်တဲ့သတ္တဝါကောင်က ကောင်လေးကို ဒီအခြေနေရောက်အောင် တွန်းပို့ခဲ့တာ....
သူသာဆိုရင် ကောင်လေးကိုဘယ်တော့မှ နာကျင်အောင်လုပ်မှာမဟုတ်ဘူး.....ကောင်လေးရဲ့ အပြုံးတွေ ပျောက်ကွယ်သွားမှာမျိုးလဲ ဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ဘူး....
ရှဲ့ဟယ် အလုပ်ပြီးချိန်အထိ နင်းချီ ထိုင်နေသေးတာမြင်တော့ သတ္တိမွေးပြီး တုံ့ဆိုင်း တုံ့ဆိုင်းနဲ့......
"စီနီယာ....."
နင်းချီ နာကျင်ခံစားရသမျှကို မြိုသိပ်ပြီး အတတ်နိုင်ဆုံးပြုံးထားရတယ်....သူ့ရဲ့ နူးညံ့တဲ့လေသံ နူးညံ့တဲ့အကြည့်တွေက တစ်ဖက်သားကို ယုံကြည်စိတ်ချမှုပေးစွမ်းနိူင်ကြောင်း သူ့ကိုယ်သူယုံကြည်မိပါရဲ့.....
"ရှောင်ကျိုး...မင်း အခက်အခဲကြုံလာရင် ကိုယ့်ကို လာရှာဖို့အရင်တုန်းကတည်းက ပြောထားဖူးတယ်လေ...."
ရှဲ့ဟယ် နင်းချီကို ကြည့်ရင်းကနေ မျက်ဝန်းတွေနီရဲလာတယ်.....
"ကျွန်တော် စီနီယာ့ကို ဒုက္ခမပေးချင်တော့လို့ပါ.....နောက်ပြီး ကျွန်တော် ဒီမှာ အဆင်ပြေနေပါပြီ......ကြည့်ပါလား.... ကျွန်တော် ကိုယ့်ဝမ်းကိုယ်ကျောင်းနိူင်ပြီ...."
နာကျင်မှုလှိုင်းလုံးတွေ ရိုက်ခတ်ခြင်းကို နင်းချီရဲ့ နှလုံးသားလေး အလူးအလဲခံစားနေရပါပြီ.......
"တန့်ကျင်းဝမ်း ကိုယ့်ကို ထိခိုက်အောင်လုပ်မှာ စိုးရိမ်နေတာမလား....မင်း...မင်း ကိုယ့်အတွက်ဘာမှလုပ်ပေးစရာမလိုပါဘူး...ကိုယ်မင်းကို ကာကွယ်ပေးချင်လို့ပါ....."
ခဏလောက်ငြိမ်နေရင်းကနေ ရှဲ့ဟယ် ကောက်ကာငင်ကာ ထမေးလိုက်တယ်....
"စီနီယာ ကျွန်တော့်ကို သဘောကျသေးရဲ့လား...."
နင်းချီ တွေဝေခြင်းမရှိ ခေါင်းညိတ်ပြလိုက်တယ်.......
ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသူတစ်ယောက်သဖွယ် ရှဲ့ဟယ် Mask ကို ဖြည်းဖြည်းချင်းချွတ်လိုက်တယ်.....
"စီနီယာ အခု ကျွန်တော့်ကို ရှင်းရှင်းလင်းလင်းမြင်ရဲ့လား......ဒီလိုပုံမျိုးဖြစ်နေတာတောင် သဘောကျနေတုန်းပဲလား..."
ဤကမ္ဘာမြေပေါ်မှာ မည်သည့်အရာကမျှ သူ့ကို ထိခိုက်နာကျင်အောင်မလုပ်နိုင်တော့သလို ရှဲ့ဟယ်ရဲ့လေသံတွေ တည်ငြိမ်နေတယ်.....
အဘယ့်ကြောင့်ဆိုသော် သူသည် ဤကမ္ဘာပေါ်မှာရှိလေသော အနာကျင်ရဆုံး စိတ်ပျက်အားငယ်ခြင်းများနှင့် ဝမ်းနည်းဖွယ်ရာများကို ခံစားခဲ့ဖူးတာကြောင့်ပါ.......
နင်းချီ ကောင်လေးကို ငေးကြည့်နေရင်းကနေ မရည်ရွယ်ဘဲ ကောင်လေးရဲ့မျက်နှာလေးကို ပွတ်သပ်ပေးနေမိတယ်.....အရင်လို မချောမွေ့တော့ဘူး.....အဖုအထစ်တွေနဲ့ မညီမညာဖြစ်နေခြင်းတွေ ခံစားမိနေတယ်.....
တစ်ချိန်တစ်တုန်းကတော့ ဒီမျက်နှာလေးကို ချစ်မိသွားတာဖြစ်ကောင်းဖြစ်နိူင်လိမ့်မယ်.....မဟုတ်သေးဘူး တစ်ကိုယ်လုံးကို ချစ်မိသွားခဲ့တာလို့ပြောရင် ပိုမှန်မယ်.....ဒီကောင်လေးအပေါ်လုံးလုံးလျားလျား ကျဆုံးသွားပြီးဆိုတာ သိလိုက်ရကတည်းက သူ့အတွက် ပြင်ပရုပ်သွင်လှပခြင်းတွေ အရေးမပါတော့ပါဘူး....
ဒီလိုမှမဟုတ်ရင် ဒီလိုမျက်နှာမျိုးဖြစ်နေတဲ့ကောင်လေးကို ဘာကြောင့်များ အခုလို မြတ်နိုးတွယ်တာနေဉီးမှာလဲ......
"ကိုယ် မင်းကို အမြဲတမ်းချစ်ခဲ့တာပါ...ဘယ်တော့မှ မပြောင်းလဲသွားပါဘူး..."
ကောင်လေးရဲ့ မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျနေပြီ......တန့်မိသားစုကနေ ထွက်လာကတည်းက ဒါဟာပထမဆုံး ငိုကြွေးခြင်းပါ......သူ မငိုခဲ့ဘူး....ငိုကြွေးနေရုံနဲ့ ပြသာနာတွေ ပြေလည်သွားမှာမဟုတ်သလို သက်သာရာရစေမှာလဲ မဟုတ်ဘူး....ငိုကြွေးခြင်းက စိတ်ပျက်အားငယ်မှုတွေကိုသာတိုးပွားလာစေတယ်လေ.... သန်မာနိုင်ဖို့သင်ယူရပါလိမ့်မယ်......
သို့ပေမယ့် နင်းချီရဲ့ နူးညံ့တဲ့လေသံ၊ နူးညံ့တဲ့စကားလုံးတွေကြောင့် ဒီထက်ပိုပြီး မထိန်းထားနိူင်တော့ဘူး......သူ့မျက်နှာကြောင့် မဟုတ်ဘဲ သူ့ကိုသာလျှင် ချစ်မြတ်နိုးပေးနိုင်သူတစ်ယောက် ကမ္ဘာမြေပေါ်မှာရှိသေးမှန်း သိလိုက်ရပါပြီ.....
ကောက်ကာငင်ကာကြီး ထငိုတာကြောင့် နင်းချီ ထိတ်ထိတ်ပျာပျာဖြစ်သွားတယ်.......လက်ကိုင်ပုဝါတစ်ထည်အမြန်ယူပြီး ကောင်လေးရဲ့မျက်ရည်တွေကို တယုတယသုတ်ဖယ်ပေးပြီး.....
" တောင်းပန်ပါတယ်ကွာ....တောင်းပန်ပါတယ်......."
ရှဲ့ဟယ် နင်းချီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ခပ်တိုးတိုးလေး မေးလိုက်တယ်......
"စီနီယာက ကျွန်တော့်ကို ထိခိုက်နာကျင်အောင်မှမလုပ်ဖူးတာ...ဘာလို့လဲ တောင်းပန်နေတာလဲ...."
နင်းချီ လန့်ဖြန့်သွားတယ်.....သူဒီလောက်ထိ မတွေးလိုက်မိဘူး....ကောင်လေး ငိုနေတာမြင်တော့ သူလဲ ဘာမှစဉ်းစားမနေတော့ဘဲ ချက်ချင်းတောင်းပန်လိုက်မိတာ......
ရှဲ့ဟယ် သူ့ကို စိုက်ကြည့်နေတယ်....မျက်ရည်တွေစီးကျနေပေမယ့် အပြုံးတွေကတော့ နူးညံ့နေဆဲပါပဲ.......
"တကယ်ကို ကျေးဇူးတင်ပါတယ်.....ကျွန်တော်က စီနီယာနဲ့ မထိုက်တန်တော့ပါဘူး....."
တကယ်ကို ကျေးဇူးတင်ပါတယ် စီနီယာ.....ဒီလိုပုံစံမျိုးဖြစ်နေတဲ့ ကျွန်တော့်ကို သဘောကျနေသေးတဲ့အတွက် ကျေးဇူးပါ.........
သူဟာ အရင်ကလို မာနကြီးပြီး မသိတတ်သူတစ်ယောက်မဟုတ်တော့ပါဘူး....နင်းမိသားစုကို ဆက်ခံမယ် အကြီးဆုံးသခင်လေးတစ်ယောက်ကို ဘယ်လိုအရည်အချင်းနဲ့များ ပိုင်ဆိုင်နိူင်ဉီးမှာလဲ.....နင်းချီကို အစောကြီးကတည်း ဒုက္ခမျိုးစုံပေးဖူးသူတစ်ယောက်အနေနဲ့ မိသားစုကနေ ရုန်းထွက်လာဖို့ ဆွဲမခေါ်ရက်တော့ပါဘူး......
ဒီစကားလုံးတွေက နင်းချီကို ထုံထိုင်းသွားစေတဲ့အထိ နာကျင်စေခဲ့ပါတယ်....ဒီကောင်လေး ကိုယ့်ကိုကိုယ်နှိမ့်ချတဲ့စကားမျိုးတွေ ဘယ်တုန်းက ပြောတတ်သွားတာလဲ.....
ကောင်လေးကိုပွေ့ဖက်ထားချင်ပေမယ့် ကောင်လေးကတော့ လှည့်ထွက်သွားနှင့်ပါပြီ...
လက်ထဲမှာ ဖမ်းဆုပ်မိသောအရာသည် ဗလာနတ္တိ လစ်ဟာမှုများသာလျှင်.....
ကျောခိုင်းလှည့်ထွက်သွားသူလေးကို ကြည့်ရင်း နင်းချီရဲ့နှလုံးသားတစ်ခုလုံး အဆက်မပြတ်နာကျင်နေရပါတယ်......သို့သော်လည်း....ကောင်လေးကို ဖိအားမပေးဝံ့ခဲ့ပါ...သူ့နှလုံးသားထဲက နာကျင်ခံစားမှုတွေကို မြိုသိပ်ထားရုံမှတပါး အခြားမရှိခဲ့ပါ.......
မည်သို့ပင်ဆိုစေ ကောင်လေး ဘယ်အရပ်ဘယ်ဌာနေမှာ ရှိနေမှန်း သိခဲ့ရပြီပဲလေ...စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းချင်းလမ်းပြခေါ်ဆောင်ဖို့ ကြိုးစားတော့မှာပါ....
……………………………… ………………………………
အဲ့နေ့ကတည်းကစပြီး နင်းချီတစ်ယောက် ကော်ဖီဆိုင်ကို နေ့တိုင်းရောက်လာခဲ့တယ်....ကောင်လေး အဆင်မပြေဖြစ်ပြီး လန့်သွားမှာစိုးလို့ တစ်ခါတစ်လေမှသာ အတန်းဖော်တစ်ချို့ခေါ်လာတတ်တယ်....
နင်းချီ ဘာမှမလုပ်ပါဘူး.... ကော်ဖီတစ်ခွက်မှာသောက်ပြီး ပြန်သွားရုံလေးပါပဲ....တစ်ချို့နေ့တွေဆို ကောင်လေးကို စကားတစ်ခွန်းမှတောင် မပြောဖြစ်ခဲ့ဘူး......
မည်သို့ပင်ဆိုစေ...ကောင်လေးကို မြင်တွေ့ခွင့်ရနေသ၍ သူတကယ်ကို ကျေနပ်နေပါတယ်.....
တစ်လတာကြာမြင့်ပြီးချိန်မှာ ကောင်လေးရဲ့သဘောထားတွေလဲ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါပြီ.....ပြန်လည်ဆုံတွေ့စဉ်ကလို သိမ်ငယ်နေမှုတွေမရှိတော့ဘဲ ရံဖန်ရံခါဆို ပြုံးတောင် ပြုံးပြတတ်သေးတယ်...ကောင်လေးရဲ့ အပြုံးတွေမြင်လိုက်တိုင်း အကြည့်လွှဲဖို့ ခက်ခဲလှပါတယ်....
ဒီကောင်လေးမှာ လှပခြင်းတွေ မရှိတော့ပေမယ့် သူ့ကို နက်ရှိူင်းစွာ ဆွဲဆောင်နိူင်ဆဲပါပဲ.....
နင်းချီ အပေါ် ရှဲ့ဟယ်ရဲ့ အပြုအမူတွေပြောင်းလဲလာသည်နှင့်အမျှ နှစ်သက်မှုကလဲ 96 မှတ်အထိ အလျင်အမြန်တိုးတက်လာခဲ့ပါပြီ......
တစ်နေ့မှာတော့ ရုတ်တရက်ကြီး မိုးရွာလာပါလေရော....နင်းချီကလဲ ဒီနေ့ကျမှ ထီးမယူလာခဲ့မိဘူး.....နင်းချီ ဒီအတိုင်းထွက်သွားတော့မယ့်အချိန်မှာ ရှဲ့ဟယ်က သူ့ကို ခဏစောင့် ခိုင်းထားတယ်....
ခဏကြာတော့ ရှဲ့ဟယ် ထီးတစ်လက်နဲ့ ပြန်ရောက်လာတယ်....နင်းချီအတွက် သူကိုယ်တိုင် ထီးဖွင့်ပေးလိုက်သေးတယ်....
နှစ်ယောက်သား မိုးရေထဲမှာ အတူတူ ရပ်နေကြတယ်....ရှဲ့ဟယ်မော့ကြည့်လိုက်ချိန်မှာ လှပတဲ့ မျက်ဝန်းလေးတွေ ပေါ်လွင်ထင်ရှားနေတယ်......နင်းချီလက်ထဲ ထီးပေးလိုက်ချိန်မှာ မျက်ဝန်းတွေထဲမှာ နူးညံ့လှတဲ့ အပြုံးတစ်ခုဖြစ်တည်နေတယ်.....နင်းချီကလဲ ထီးယူဖို့ ခေါင်းနည်းနည်းငုံ့လိုက်တယ်.....
ဤကဲ့သို့ လှပလွန်းလှတဲ့ မြင်ကွင်းက လမ်းတစ်ဖက်မှာရှိတဲ့ တန့်ကျင်းဝမ်းအတွက်တော့ ဆိုးဝါးလွန်းနေခဲ့တယ်.........
တန့်ကျင်းဝမ်းက မိုးရေစက်တွေ စီးကျနေတဲ့ မှန်နံရံနောက်ကနေ မိုးရေထဲမှာ ရပ်နေတဲ့နှစ်ယောက်ကို စူးစူးရဲရဲစိုက်ကြည့်နေတယ်...
လက်သီးကို ကျစ်နေအောင်ဆုပ်ထားမိတာများ လက်သည်းတွေ အသားထဲစိုက်ဝင်တဲ့အထိပဲ........
သူသိပ်ချစ်ရတဲ့ကောင်လေးက သူ့ကိုဆို အရှက်တကွဲအကျိုးနည်းတဲ့ အကြည့်တွေနဲ့သာ ကြည့်တတ်တယ်...ခိုးကိုးရာမဲ့လေသော
လက်အောက်ခံတစ်ယောက်ကို လွှမ်းမိုးချုပ်ကိုင်သလို ကောင်လေးကို လွှမ်းမိုးခဲ့ဖူးတယ်......တတ်နိုင်သမျှ အရာအာလုံး လုပ်ဆောင်ပေးခဲ့သည့်တိုင် ကောင်လေးဆီကနေ စစ်မှန်တဲ့အပြုံးတစ်ပွင့်သော်မျှ မရရှိနိူင်ခဲ့ပါ.......
သို့ပေမယ့် သူ သိပ်ကိုလိုချင်နေခဲ့တဲ့ ဒီအပြုံး၊ သူဘယ်တော့မှ မရှိနိူင်တဲ့ ဒီအပြုံးမျိုးကို ကောင်လေးက တခြားတစ်ယောက်ဆီ ဖောဖောသီသီအပ်နှင်းနေပြီ......သူတစ်ချိန်တုန်းက ပိုင်ဆိုင်ခဲ့ဖူးပေမယ့်လက်ဝါးကြီးအုပ် ချယ်လှယ်ခဲ့ဖူးလေသော ချစ်ခြင်းမေတ္တာတရားတွေကိုလဲ တခြားတစ်ပါးသောသူကို ပေးအပ်နေလေပြီ....
ဒီကောင်လေး တစ်ပါးသူရင်ခွင်ထဲ ခိုလှုံနေပြီ.....သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ ပျော်ရွှင်စရာဘဝတစ်ခု ထူထောင်နေပြီ....
ဒါကို တွေးမိလိုက်ချိန်မှာ တန့်ကျင်းဝမ်းတစ်ယောက် မနာလိုဖြစ်လွန်းလို့ ရူးသွပ်လုနီးပါးခံစားနေရပြီ.......
သူ့ကိုယ်သူ လုပ်နိုင်မယ်လို့ပဲထင်ခဲ့တာ....ကောင်လေးရှေ့မှာ ဘယ်တော့မှပေါ်မလာဘဲနောက်ကွယ်ကနေ တိတ်တိတ်လေးစောင့်ရှောက်ပေးနိုင်မယ်ပဲ ထင်နေခဲ့တာ....ကောင်လေး ပျော်နေတာမြင်နေရရင် ကျေနပ်မယ်လို့ပဲထင်နေခဲ့မိတာ......
သို့သော်လဲ နတ်ဖက်တဲ့စုံတွဲလို လိုက်ဖက်ညီလွန်းလှတဲ့ ဒီနှစ်ယောက်ကို ကြည့်ပြီး သူ့ကိုယ်သူ ဒီထက်ပိုပြီး မလှည့်စားနိူင်တော့ဘူး.....မလုပ်နိုင်ဘူး..!!!!!မလုပ်နိူင်ဘူး...!!!!
မုန်းတီးခြင်းနဲ့ မနာလိုဖြစ်ခြင်းတွေက နွယ်ပင်တွေလို နှလုံးသားတစ်ခုလုံးကို တင်းကြပ်စွာရစ်ပတ်နေပါပြီ......နှလုံသားတစ်ခုလုံးနာကျင်ရလွန်းလို့ အသက်ရှူဖို့တောင် ခက်ခဲလွန်းလှပါတယ်......
နာကျင်ရလွန်းလို့ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ချင်ပြီ........
[TN: ကဲ..ကဲ...တန့်ကျင်းဝမ်းရဲ့ ရှာလကာရည်မုန်တိုင်းကြီးကနေ အမြှောက်စာလေးနင်းချီကို ကယ်တင်ပေးဖို့ ဗိုလန်ဒီယာကယ်ရေးတပ်သားတွေအလိုရှိနေပါတယ်.... စိတ်ဝင်စားသူများအတွက် ဆက်သွယ်ရန်ဖုန်းနံပါတ်လေးကတော့ 0944444444ပါရှင့်😜😜😜😜😜😜]
ZawGyi
တန္႔က်င္းဝမ္း ႐ုတ္တရက္ မတ္တပ္ထရပ္လိုက္မိတာေၾကာင့္ စားပြဲေပၚက ဖန္ခြက္ကို လက္နဲ႔တိုက္မိသြားၿပီး အင္းက်ီလက္စေတြပါ ေရစိုကုန္တယ္........သို႔ေသာ္လဲ ဤအရာကို သတိထားမိဟန္မတူ....သူ႕အၾကည့္ေတြက သူ႕ေ႐ွ႕က secreen ေပၚမွာသာၿမဲျမံေနတယ္.....ထို Secreen ေပၚမွာ ျမင္ေနရေသာ
႐ုပ္ပုံလႊာသည္ က်ိဳးပဲ့ေနေသာ အ႐ုပ္အိပ္ေလးကို ေထြးေပြ႕ထားသည့္ ေကာင္ေလးတစ္ေယာက္သာပင္......
သတိရခဲ့ပါၿပီ.....သူဟာ သိပ္ကို မွတ္ဉာဏ္ေကာင္းသူတစ္ေယာက္ပါ.....အဲ့အခ်ိန္တုန္းက ေသခ်ာသတိမျပဳမိလို႔သာ မမွတ္မိခဲ့တာပါ....
လြန္ေလၿပီးေသာ ႏွစ္ေပါင္းမ်ားစြာတုန္းကေပါ့....အဲ့ေန႔တုန္းက အခ်ီႀကီးရမယ့္ အလုပ္ကိစၥတစ္ခုကို သေဘာတူလက္မွတ္ေရးထိုးျဖစ္ခဲ့တယ္....သူအိမ္ျပန္ေရာက္ေတာ့ ေကာင္ေလးက ၾကမ္းျပင္ေပၚမွာထိုင္ၿပီး
အ႐ုပ္အိမ္အပိုင္းအစေလးေတြကို ေဒါသတႀကီးစိုက္ၾကည့္ေနတယ္.....တည္ေဆာက္ဖို႔လြယ္ကူေပမယ့္ ေကာင္ေလးကဒါကို မဆက္ႏိုင္ဘူးျဖစ္ေနတယ္ေလ...အဲ့တုန္းက ေကာင္ေလးက အခုလိုမဟုတ္ဘူး....စိတ္ေပ်ာ္ေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ခပ္တုံးတုံးေကာင္ေလးကို ကူညီေပးျဖစ္ခဲ့တယ္.....
အဲ့တုန္းကဆို ေကာင္ေလးသိပ္ကို ေပ်ာ္ေနခဲ့တာ.....အ႐ုပ္အိမ္ေလးကို ရတနာတစ္ခုလို တယုတယကိုင္တြယ္ၿပီး လူ႐ုပ္ေလးႏွစ္ခုကို လက္ညိႇဳးတထိုးထိုးနဲ႔ေျပာျပခဲ့ေသးတယ္..
...ဒါက ဒယ္ဒီ...ဒါကသားသား...ဒယ္ဒီ့က ကမ႓ာေပၚမွာအေကာင္းဆုံးဒယ္ဒီပဲ....ဒယ္ဒီ့ကို အခ်စ္ဆုံးပဲ....
အဲ့တုန္းက တန္႔က်င္းဝမ္းတစ္ေယာက္ ဒီစကားေတြကို ဂ႐ုမထားဘဲ ဒီအတိုင္းလွည့္ထြက္ခဲ့တယ္.....
သူ႕အတြက္ အေရးမပါတဲ့ အေသးအမႊားကိစၥတစ္ခုကို ဒီေကာင္ေလး ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ အမွတ္ထားေနမယ္မွန္း ထင္မထားမိ႐ိုးအမွန္ပါ.....
မ်က္လုံးေတြကို လက္နဲ႔ဖုံးကာၿပီ ေခါင္းေမာ့ထားလိုက္တယ္....
ဘာေတြလုပ္ခဲ့မိလဲ ၾကည့္စမ္းပါဉီး....သူ႕လုပ္ရပ္ေတြ ဘယ္လိုေတာင္ ရက္စက္ခဲ့သလဲ ၾကည့္ၾကစမ္းပါဉီး.....
တစ္ကိုယ္ေကာင္းဆန္မႈေတြနဲ႔ သူ႕ကိုယ္သူကလြဲရင္ အဘယ္သူတစ္ဉီးတစ္ေယာက္ကိုမွ ဂ႐ုမစိုက္မိခဲ့ဘူး.......ဒါ့ေၾကာင့္ ဒီေလာကမွာ သူ႕ကို ခ်စ္ခင္ေပးႏိုင္ဆုံးေသာသူကို ဆုံး႐ႈံးခဲ့ရၿပီ...ဒိီခ်စ္ျခင္းတရားဟာ မိသားစုအခ်င္းခ်င္းေပၚထား႐ွိတဲ့ ခ်စ္ျခင္းတရားမ်ိဳးျဖစ္ေနရင္ေတာင္ သူ႕အတြက္ အဖိုးအနဂၢထိုက္တန္ေနဆဲပါပဲ......
ဒီေကာင္ေလးကို ဆုံး႐ႈံးခဲ့ရျခင္း အေၾကာင္းရင္းကို သိ႐ွိခဲ့ပါၿပီ....ဘာ့ေၾကာင့္ဆိုေတာ့ သူဟာ ထိုကဲ့သို႔ေသာ ခ်စ္ျခင္းေမ
တၱာမ်ိဳးနဲ႔ မထိုက္တန္သူျဖစ္ေနလို႔ပါပဲ.....
[တင္းေတာင္....တန္႔က်င္းဝမ္းရဲ႕ ႏွစ္သက္မႈ 2 မွတ္ထပ္တိုးပါတယ္.... စုစုေပါင္း 98 မွတ္ပါ...]
………………………………
႐ွဲ႕ဟယ္ ေကာ္ဖိီဆိုင္မွာ အလုပ္ဆင္းေနၿပီ....ဆိတ္ၿငိမ္ရပ္ကြက္မွာဖြင့္ထား ဒီဆိုင္ေလးမွာ ႐ုံးဝန္ထမ္းအခ်ိဳ႕နဲ႔ ေက်ာင္းသားတစ္ခ်ိဳ႕ကလြဲရင္ ေဖာက္သည္သိပ္မ႐ွိတဲ့အတြက္ သိပ္ကိုသက္ေတာင့္သက္သာ႐ွိလွပါတယ္.....ဒါ့အျပင္ ႐ွဲ႕ဟယ္ကို သနားေနတဲ့ ယုယုကလဲ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးတယ္....အကယ္၍ လြီယန္႔ဘက္က ဖုန္းမေခၚခဲ့ရင္ေတာင္ ယုယု ဒီေကာင္ေလးကို အခုလိုပဲဆက္ဆံေပးဉီးမွာပါ.....
႐ွဲ႕ဟယ္တစ္ေယာက္ ဧည့္သည္ေတြလာရင္ ေကာ္ဖီေဖ်ာ္ေပးတယ္...ဧည့္သည္ေတြမ႐ွိရင္ ျပတင္းေပါက္နားမွာထိုင္ၿပီး ခပ္ေဆြးေဆြးေလး ေငးေနတတ္တယ္....
ဒီေနရာေလးကို သူကိုယ္တိုင္ေသေသခ်ာခ်ာေ႐ြးထားတာေလ.....
အလုပ္စဆင္းၿပီး ဒုတိယေန႔ကတည္းက ဒီေနရာကိုေ႐ြးခဲ့တာပါ....တန္႔က်င္းဝမ္းကလဲ ေကာ္ဖီဆိုင္ေ႐ွ႕ဘက္မွာ ႐ွိတဲ့ အေနာက္တိုင္းစားေသာက္ဆိုင္ရဲ႕ ဒုတိယထပ္က ျပတင္းေပါက္နားကို အခ်ိန္အၾကာႀကီး သီးသန္႔ငွားရမ္းထားတယ္.....တန္႔က်င္းဝမ္းတစ္ေယာက္ ထိုေနရာကေနၿပီး ေန႔စဥ္ေန႔တိုင္း ႐ွဲ႕ဟယ္ကို အခ်ိန္အၾကာႀကီး ေငးၾကည့္ေနတတ္တယ္....႐ွဲ႕ဟယ္က တစ္ဖက္သားကိုစာနာသနားတတ္သူပီပီ ဒယ္ဒီ စိတ္သက္သာရေအာင္ ျမင္သာေလာက္မယ့္ေနရာမွာထိုင္ၿပီး ကူကယ္ရာမဲ့စြာ ပူေဆြးေသာကေရာက္ေနတဲ့ ဟန္ပန္မူရာမ်ိဳးကိုသာ အခ်ိန္တိုင္းထုတ္ျပေနခဲ့တယ္......
[႐ွဲ႕ဟယ္:ကြၽတ္...ကြၽတ္ သနားစရာေကာင္းလိုက္တာကြာ....အသက္ကေလး ဆယ့္ေျခာက္ႏွစ္နဲ႔ ေက်ာင္းထြက္ၿပီး အလုပ္လုပ္ေနရ႐ွာတယ္....ဒါဟာ မိသားစုအတြက္ ေၾကကြဲဝမ္းနည္းစရာသိပ္ေကာင္းလြန္းတယ္....]
[444:. .....] မွတ္ထားၾက...ဘာျပန္ေျပာရမွန္းမသိတဲ့အခါက်ရင္ ပါးစပ္ပိတ္ၿပီးသာ ၿငိမ္ေနလိုက္ၾက......
[႐ွဲ႕ဟယ္: ေဘဘီေရ ဒယ္ဒီ့ရဲ႕ ႏွစ္သက္မႈအမွတ္ေလး ေျပာျပပါဉီး....]
[444: 98 မွတ္ပါ...(≧▽≦). ]
[႐ွဲ႕ဟယ္:ေနာက္ဆုံး စုတ္ခ်က္ေလးေပ်ာက္ေနသလိုပဲ.....]
[444: ဘာဆက္လုပ္ဖို႔စီစဥ္ထားလဲ...]
[႐ွဲ႕ဟယ္:အသိဉာဏ္ဖြံ႕ၿဖိဳးမႈေႏွးေကြးတဲ့ ဒယ္ဒီ့ကို ဉပမာေကာင္းေကာင္းေလးေပးၿပီး တစ္စုံတစ္ေယာက္ကို ဘယ္လိုခ်စ္ရမယ္ဆိုတာ သင္ေပးရမယ္....]
444: မေကာင္းတဲ့ နမိတ္ေတြႀကိဳျမင္ၿပီ......
႐ွဲ႕ဟယ္ ေကာ္ဖီဆိုင္မွာ အလုပ္စဝင္တုန္းအေတာ္အဆင္မေျပျဖစ္ခဲ့တယ္....မၾကာခဏလဲ အမွားေတြလုပ္မိခဲ့တယ္....တျဖည္းျဖည္းနဲ႔ အသားက်တဲ့အခါ အရာရာအဆင္ေျပလာခဲ့ပါၿပီ....ဆိုင္ကဝန္ထမ္းေတြကလဲ သူ႕ကို စာနာသနားၿပီး ညီငယ္ေလးတစ္ေယာက္လိုခ်စ္ခင္ေပးၾကတယ္.....႐ွဲ႕ဟယ္က တစ္သီးတစ္သန္႔ ေနတတ္ေပမယ့္ အျခားေသာဝန္ထမ္းေတြကို ကူညီေပးတတ္လာတယ္.....
တစ္ေန႔မွာေတာ့ ႐ွဲ႕ဟယ္ေန႔လည္စာထြက္ဝယ္ျဖစ္ခဲ့တယ္....ထူးဆန္းလွတဲ့တိုက္ဆိုင္မႈအခ်ိဳ႕ေၾကာင့္ ေက်ာင္းေပါက္ဝနားေရာက္သြားပါေလေရာ.....
အရင္တုန္းကဆို ေက်ာင္းတက္ရျခင္းကို အာ႐ုံမထားခဲ့မိဘူး....ေက်ာင္းေျပးမယ္...လမ္းေပၚက ကားၿပိဳင္ပြဲေတြ ဝင္ၿပိဳင္မယ္...မိန္းကေလးေတြ ထည္လဲတြဲမယ္...ဒီေလာက္ပါပဲ....
အခုလို ေက်ာင္းတက္ခြင့္ဆုံး႐ႈံးရလိုက္ေတာ့မွသာ အပူပင္ကင္းတဲ့ ေက်ာင္သားဘဝကို လြမ္းဆြတ္တမ္းတေနမိေတာ့တယ္....
ဒီေနရာက သူ႕ဘဝရဲ႕တစ္ခုတည္းေသာ "သန္႔စင္ေျမ "ပါ.....
ခဏေလာက္ၾကာေတာ့ နင္းခ်ီတို႔ သူငယ္ခ်င္းတစ္သိုက္ ေက်ာင္းေပါက္ဝကေနထြက္လာတာကို ျမင္လိုက္ရတယ္.....
႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ထိတ္လန္႔မႈေတြေပၚထြက္လာၿပီး လွည့္ေျပးဖို႔ျပင္လိုက္တယ္.....
သို႔ေပမယ့္ နင္းခ်ီ သူ႕ကို အေစာႀကီးကတည္းကျမင္ၿပီးေနၿပီ......
တန္႔က်င္းဝမ္းရဲ႕ အိမ္ျပန္ပို႔မႈေၾကာင့္ နင္းခ်ီ အိမ္ထဲမွာ ပိတ္ေလွာင္ခံခဲ့ရတယ္.....
ထိုေန႔တုန္းက ထြက္ခြာသြားတဲ့ တန္႔က်ိဳးရဲ႕မ်က္ဝန္းေတြထဲကနာက်င္မႈေတြက သူ႕ကို စကၠန္႔မလပ္နာက်င္ေစခဲ့ပါတယ္.....ကံမေကာင္းစြာနဲ႔ပဲ နင္းခ်ီ အိမ္ထဲကေန ထြက္ခြင့္မရခဲ့ဘူး....ဖခင္ျဖစ္သူ သံသယ႐ွင္းသြားေအာင္ တန္႔က်ိဳးကို မႀကိဳက္ေတာ့ေၾကာင္း အႀကိမ္ႀကိမ္ကတိေပးၿပီးမွသာ အခုလို အိမ္ျပင္ထြက္ခြင့္ရခဲ့တာပါ......အျပင္ျပန္ေရာက္လာေတာ့လဲ တန္႔က်ိဳးရဲ႕
သတင္းေတြကို ေပၚေပၚထင္ထင္ မစုံစမ္းဝံ့ေတာ့ဘဲ အေမွာင္ရိပ္ထဲကေနသာ တိတ္တဆိတ္စုံစမ္းခဲ့ရတယ္...
ေက်ာင္သားအဖ တန္႔က်ိဳးကို ျပန္ေပးဆြဲသြားတဲ့သတင္း ၾကားလိုက္ရေသးတယ္...တန္႔က်င္းဝမ္းတစ္ေယာက္ တစ္ၿမိဳ႕လုံးကို ေျမလွန္ပစ္ေတာ့မတတ္ႀကိဳးစားၿပီးမွသာ တန္႔က်ိဳးကို ကယ္တင္ႏိူင္ခဲ့တယ္တဲ့......
ဒါ့အျပင္ တန္႔က်ိဳးက တန္႔က်င္းဝမ္းရဲ႕ သားအရင္းမဟုတ္ဘူးဆိုတဲ့ ေကာလဟာေတြလဲ အေတာမသတ္ေအာင္ ပ်ံ႕လႊင့္ေနၿပီ.....
ေကာလဟာလတစ္ခုခ်င္းစီတိုင္းက နင္းခ်ီရဲ႕ စိတ္အစဥ္ကို ေလးလံစြာဖိစီးေစခဲ့ပါတယ္...ေကာင္ေလး ျပန္ေပးဆြဲခံတုန္းက ဒဏ္ရာမ်ားရသြားေလသလား? ??ေကာင္ေလး အဆင္ေျပမွေျပရဲ႕လား? ??ေကာင္ေလး အားငယ္ဝမ္းနည္းေနမလား? ???
အမ်ားအျမင္မွာ တန္႔က်ိဳးက တန္႔က်င္းဝမ္းအတြက္ အေရးပါပုံရေပမယ့္ ဘာကိုမွဂ႐ုမထားတဲ့ မထုံတတ္ေတး တန္႔က်င္းဝမ္းက ေကာင္ေလးအတြက္ ပူပင္ေပးပါ့မလား
ဒါ့အျပင္ ေကာင္ေလးက တန္႔က်င္းဝမ္းကို အင္မတန္႐ိုေသေလးစားခဲ့တာ....အခုသူတို႔ႏွစ္ေယာက္က သားအဖမဟုတ္ဘူးဆိုေတာ့ တန္႔က်င္းဝမ္းရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ဒီေကာင္ေလး လက္ခံလိုက္ရင္.......
ဒီလိုသာဆို နင္းခ်ီအတြက္ ေမွ်ာ္လင့္ခ်က္မဲ့ေလၿပီ.....
သူ႕အေနနဲ႔ ေကာင္ေလးရဲ႕ႏွလုံးသားထဲမွာ ေနရာတစ္ခုရယူႏိူင္ပါေစဉီး တန္႔က်င္းဝမ္းနဲ႔ေတာ့ ယွဥ္ႏိူင္မယ္တဲ့လား.....
နင္းခ်ီတစ္ေယာက္ တစ္ေန႔ထက္တစ္ေန႔ ပို ပိုၿပီး စိတ္ဓာတ္က်လာတဲ့အျပင္ ေမွ်ာ္လင့္ခ်က္ေတြလဲ မႈန္ဝါးလာခဲ့တယ္......
ဒီေန႔ .....သူငယ္ခ်င္းတစ္ေယာက္ ေခၚထုတ္လာလို႔ ေက်ာင္းေပါက္ဝကို ေရာက္ျဖစ္ခဲ့တယ္....လမ္းတစ္ဖက္ျခမ္းက ေကာင္ေလးကို ေတြ႕လိုက္မိခ်ိန္မွာ သူ႕ကိုယ္သူေတာင္သတိမထားမိဘဲ ေကာင္ေလး႐ွိရာဆီ အေျပးသြားမိခဲ့ပါၿပီ.....
ေကာင္ေလးက Mask တပ္ထားတာေၾကာင့္ မ်က္လုံးပဲျမင္ရေပမယ့္ နင္းခ်ီကေတာ့ အၾကည့္တစ္ခ်က္နဲ႔တင္ သတိျပဳမိႏိုင္ခဲ့ပါတယ္....
နင္းခ်ီဘက္က ေျပာမျပတတ္ေအာင္ အံ့ၾသဝမ္းသာေနေသာ္ျငားလဲ ေကာင္ေလးဘက္က ေတြ႕ျမင္သြားမွာစိုးရိမ္ေနသည့္ႏွယ္ လွည့္ေျပးသြားေလၿပီ......
နင္းခ်ီ ဘာဆို ဘာမွေတြးမေနေတာ့ဘဲ သူငယ္ခ်င္းေတြကို ခ်န္ရစ္ၿပီး ေကာင္ေလးေနာက္ကို ေျပးလိုက္သြားခဲ့တယ္..... ေနာက္ဆုံးေတာ့ လမ္းခ်ိဳးေလးနားမွာ ေကာင္ေလးကို ဖမ္းမိခဲ့ပါၿပီ....
"ေ႐ွာင္က်ိဳး! !!"
နင္းခ်ီ ေကာင္ေလးရဲ႕ လက္ေကာက္ဝတ္ကို လွမ္းဆြဲထားတယ္....သူ႕မ်က္ဝန္းေတြထဲမွာ ဝမ္းနည္းျခင္းေတြ သိလိုျခင္းေတြ ေထြးယွက္ေနတယ္.....ေကာင္ေလးသူ႕ဆီကေန ထြက္ေျပးသြားမွာ စိုးရိမ္ေနမိသလို ေကာင္ေလးရဲ႕ လက္႐ွိအေနအထားကိုလဲ သိခ်င္မိပါရဲ႕.... ေကာင္ေလး ဘာလို႔မ်ား စားပြဲထိုးယူနီေဖာင္းဝတ္ထားပါလိမ့္......
႐ွဲ႕ဟယ္ ထိတ္ထိတ္ပ်ာပ်ာနဲ႔ ေခါင္းငုံ႔လိုက္ၿပီး.....
"လူမွား..လူမွားေနတယ္...."
ဒီစကားလုံးေတြက နင္းခ်ီရဲ႕ႏွလုံးသားတစ္ခုလုံးကို ဝမ္းနည္းမႈေတြျပည့္လွ်ံသြားေစၿပီးအစိတ္စိတ္အမႊာမႊာကြဲေၾကေစခဲ့ပါတယ္.....
ေဒါသထြက္စရာေကာင္းေနေပမယ့္ ရယ္စရာလဲ ေကာင္းေနျပန္တယ္....ဒီေကာင္ေလး သူ႕ကို မ်က္မျမင္တစ္ေယာက္မ်ားထင္ေနေရာ့သလား.....ခပ္ေဖ်ာ့ေဖ်ာ့ ရယ္ေမာၿပီး Mask ကိုဆြဲျဖဳတ္လိုက္ေတာ့........
"မင္း ဘယ္လိုေျပာ......."
စကားလုံးေတြ ထြက္မလာႏိုင္ေတာ့ေလာက္ေအာင္ လည္ေခ်ာင္းထဲမွာ ဆို႔နင့္ေနပါၿပီ.....
ေကာင္ေလးရဲ႕ ညာဘက္ ပါးျပင္ေပၚမွာ ႐ွည္လ်ားလွတဲ့ ဓားဒဏ္ရာ အမာ႐ြတ္တစ္ခု႐ွိေနတယ္....ဒါဟာ ၿပီးျပည့္စုံတဲ့ အလွတရားတစ္ခုကို တစ္စုံတစ္ေယာက္က ရက္ရက္စက္စက္ ဖ်က္စီးထားသလိုပါပဲ.....
သူ႕မ်က္ႏွာကို ႐ုတ္တရက္ ထုတ္ေဖာ္ခံလိုက္ရတာေၾကာင့္ ေကာင္ေလးအေတာ္ထိတ္လန္႔သြားပုံရတယ္....ခ်က္ခ်င္းဆိုသလို မ်က္ႏွာကို လက္နဲ႔အုပ္ၿပီး ေခါင္းငုံ႔ကာ ေျပးထြက္သြားေလတယ္......
နင္းခ်ီတစ္ေယာက္ လက္ထဲက Mask ကို အေၾကာင္သားစိုက္ၾကည့္ေနမိတယ္.... Shock ရျခင္းကေန သတိျပန္ဝင္လာခ်ိန္မွာ ေကာင္ေလးက သူ႕မ်က္စိေအာက္ကေန ေပ်ာက္ကြယ္သြားခါနီးေနၿပီ.....ေကာင္ေလးရဲ႕ခါးကို ဆြဲဖက္လိုက္ၿပီး တိုးလ်လွေသာ ေလသံနဲ႔....
"ကိုယ္ ေတာင္းပန္ပါတယ္...."
ေကာင္ေလးကို Mask ျပန္တပ္ေပးလိုက္ၿပီး.....
"မစိုးရိမ္ပါနဲ႔...ဘယ္သူမွမျမင္ပါဘူး...."
သူ႕စကားလုံးေတြထဲမွာ တည္ၿငိမ္ေစျခင္းစြမ္းရည္ေတြ႐ွိေနပုံရတယ္....ေကာင္ေလး တုန္ရီေနရာကေန ၿငိမ္က်သြားတယ္ေလ.....
နင္းခ်ီရဲ႕ ႏွလုံးသားတစ္ခုလုံး ျပင္းထန္စြာနာက်င္ေနပါၿပီ.....ဘာေတြျဖစ္ခဲ့တာလဲ? ??သူတို႔ေျပာေတာ့ တန္႔က်င္းဝမ္းက ေကာင္ေလးကို သိပ္ဂ႐ုစိုက္ၿပီး ကာကြယ္ေပးတာပဲဆို......ဒါဆို အခုဘာလို႔ ဒီလိုေတြျဖစ္ေနရတာလဲ? ???
သိခ်င္တာေတြ မ်ားျပားေနေပမယ့္ ေကာင္ေလးရဲ႕ ႐ွက္႐ြံ႕ထိတ္လန္႔ေနတဲ့ မ်က္ဝန္းေတြကို ျမင္ၿပီးခ်ိန္မွာ ဘာဆိုဘာမွ ေမးမထြက္ႏိုင္ေတာ့ပါ......
"မင္း အခု ဘယ္သြားမလို႔လဲ... ကိုယ္လိုက္ပို႔ေပးမယ္...."
႐ွဲ႕ဟယ္ သူ႕ကို စိုက္ၾကည့္ေနတယ္...ဒီမ်က္ဝန္းေတြထဲမွာ နက္႐ိႈင္းလွတဲ့ သိမ္ငယ္မႈေတြတည္႐ွိေနပါတယ္.....ခဏၾကာေတာ့ မ်က္လႊာခ်လိုက္ၿပီး.....
"ကြၽန္ေတာ္ ေကာ္ဖီဆိုင္ ျပန္မလို႔ပါ....ခင္ဗ်ား ထြက္သြားပါေတာ့ လိုက္ပို႔ေပးစရာမလိုပါဘူး...."
နင္းခ်ီတစ္ေယာက္ ေကာင္ေလးရဲ႕ ယူနီေဖာင္းကို သတိထားမိေနၿပီ...စူး႐ွတဲ့ မ်က္ဝန္းေတြကလဲ ယူနီေဖာင္းေပၚကေကာ္ဖီဆိုင္ Logo ကိုျမင္ၿပီးေနၿပီ.....
"ကိုယ္အခု ေကာ္ဖီထြက္ဝယ္ဖို႔ လမ္းေပၚေရာက္ေနတာ....."
ဘယ္လိုျငင္းရမွန္းမသိ ျဖစ္ေနတဲ့ ႐ွဲ႕ဟယ္ပုံစံေလးက အကူညီမဲ့ေနေလဟန္.......
နင္းခ်ီရဲ႕ ေလသံေတြထဲမွာ စိတ္မေကာင္းျဖစ္ျခင္းေတြယွက္သန္းေနၿပီ...ေကာင္ေလးကို ႏူးညံ့စြာ ၾကည့္လိုက္ၿပီး.....
"မင္းကိုယ့္ကို အဲ့သေလာက္ထိေတာင္ မျမင္ခ်င္ေတာ့တာလား...."
ေနာက္ဆုံးမွာေတာ့....ၿမိဳသိပ္ထားရျခင္းေတြကို ဖြင့္ထုတ္လိုက္ပါၿပီ....သူ ဒီေကာင္ေလးကို ေသလုနီးပါးလြမ္းေနခဲ့တာပါ....ဘယ္လိုနည္းနဲ႔ ေက်ာခိုင္းလွည့္ထြက္သြားႏိူင္မွာလဲ? ??
႐ွဲ႕ဟယ္ စကၠန္႔ပိုင္းေလာက္ ၿငိမ္က်သြားၿပီး....
"မဟုတ္ပါဘူး...ကြၽန္ေတာ္က......"
"ဒါဆို အဆင္ေျပၿပီ.....လာ ...သြားၾကမယ္..."
"ဒါေပမယ့္ ကြၽန္ေတာ္႕မွာ လုပ္စရာ႐ွိေသးတယ္...."
"ဘာလဲ..."
နာရီဝက္ေလာက္ၾကာေတာ့ နင္းခ်ီက ႐ွဲ႕ဟယ္ကို ေန႔လည္စာကူသယ္ေပးၿပီး ေကာ္ဖီဆိုင္ကို လိုက္သြားခဲ့တယ္...ေကာ္ဖီဆိုင္က သူတို႔ေက်ာင္းနဲ႔ သိပ္မေဝးလွဘူး.....နင္းခ်ီသက္ျပင္းခ်လိုက္မိတယ္....ဒီတစ္ေခါက္မွာေရာ ေကာင္ေလးနဲ႔ ဘယ္အခ်ိန္ထိ ရင္းရင္းႏွီးႏွီးေနႏိုင္ဉီးမလဲ......
နင္းခ်ီ ေကာင္ေလးကို မခက္ခဲေစခ်င္တာေၾကာင့္ ေကာ္ဖီတစ္ခြက္မွာၿပီး ေကာင္ေလးရဲ႕လႈပ္႐ွားမႈေတြကို ထိုင္ေငးေနခဲ့တယ္....
ေကာင္ေလး Customerေတြအတြက္ ေကာ္ဖီေဖ်ာ္ေပးေနတာၾကည့္ၿပီး နင္းခ်ီ မ်က္စိစပါးေမႊးစူးလာတယ္......အလိုလိုက္ခံထားရတဲ့ဒီေကာင္ေလးက တစ္ခ်ိန္တစ္ခါတုန္းကဆို ေမာက္မာတတ္ၿပီး လိင္ပိုင္းဆိုင္ရာကိစၥေတြကိုလဲအ႐ွက္မဲ့လိုက္စားတတ္တဲ့အျပင္ လူတကာရဲ႕ထိပ္ဆုံးမွာသာ ရပ္တည္ခဲ့ရသူပါ.......အခုမ်ားက်ေတာ့ ဒီေကာင္ေလးမွာ
အလွတရားေတြေရာ၊ တည္႐ွိမႈေတြေရာ၊ယုံၾကည္မႈေတြပါေပ်ာက္ဆုံးေနခဲ့ၿပီ.....႐ွင္သန္ရပ္တည္ဖို႔အတြက္ အဆင့္ႏွိမ့္ခ်ၿပီး လူတကာကို ေခါင္းငုံ႔ေနရ႐ွာတယ္....
အမ်က္ေဒါသနဲ႔ ဝမ္းနည္းျခင္းကို တစ္ၿပိဳင္နက္ ခံစားလိုက္ရတာေၾကာင့္ နင္းခ်ီလက္သီးဆုပ္ထားလိုက္မိတယ္.....
ေစာက္သုံးမက်တဲ့ ေကာလဟာလေတြကို ယုံမိေတာ့မလို႔.......တန္႔က်င္းဝမ္းဆိုတဲ့ ရက္စက္တဲ့သတၱဝါေကာင္က ေကာင္ေလးကို ဒီအေျခေနေရာက္ေအာင္ တြန္းပို႔ခဲ့တာ....
သူသာဆိုရင္ ေကာင္ေလးကိုဘယ္ေတာ့မွ နာက်င္ေအာင္လုပ္မွာမဟုတ္ဘူး.....ေကာင္ေလးရဲ႕ အျပဳံးေတြ ေပ်ာက္ကြယ္သြားမွာမ်ိဳးလဲ ဘယ္ေတာ့မွ အျဖစ္ခံမွာမဟုတ္ဘူး....
႐ွဲ႕ဟယ္ အလုပ္ၿပီးခ်ိန္အထိ နင္းခ်ီ ထိုင္ေနေသးတာျမင္ေတာ့ သတၱိေမြးၿပီး တုံ႔ဆိုင္း တုံ႔ဆိုင္းနဲ႔......
"စီနီယာ....."
နင္းခ်ီ နာက်င္ခံစားရသမွ်ကို ၿမိဳသိပ္ၿပီး အတတ္ႏိုင္ဆုံးျပဳံးထားရတယ္....သူ႕ရဲ႕ ႏူးညံ့တဲ့ေလသံ ႏူးညံ့တဲ့အၾကည့္ေတြက တစ္ဖက္သားကို ယုံၾကည္စိတ္ခ်မႈေပးစြမ္းႏိူင္ေၾကာင္း သူ႕ကိုယ္သူယုံၾကည္မိပါရဲ႕.....
"ေ႐ွာင္က်ိဳး...မင္း အခက္အခဲၾကဳံလာရင္ ကိုယ့္ကို လာ႐ွာဖို႔အရင္တုန္းကတည္းက ေျပာထားဖူးတယ္ေလ...."
႐ွဲ႕ဟယ္ နင္းခ်ီကို ၾကည့္ရင္းကေန မ်က္ဝန္းေတြနီရဲလာတယ္.....
"ကြၽန္ေတာ္ စီနီယာ့ကို ဒုကၡမေပးခ်င္ေတာ့လို႔ပါ.....ေနာက္ၿပီး ကြၽန္ေတာ္ ဒီမွာ အဆင္ေျပေနပါၿပီ......ၾကည့္ပါလား.... ကြၽန္ေတာ္ ကိုယ့္ဝမ္းကိုယ္ေက်ာင္းႏိူင္ၿပီ...."
နာက်င္မႈလိႈင္းလုံးေတြ ႐ိုက္ခတ္ျခင္းကို နင္းခ်ီရဲ႕ ႏွလုံးသားေလး အလူးအလဲခံစားေနရပါၿပီ.......
"တန္႔က်င္းဝမ္း ကိုယ့္ကို ထိခိုက္ေအာင္လုပ္မွာ စိုးရိမ္ေနတာမလား....မင္း...မင္း ကိုယ့္အတြက္ဘာမွလုပ္ေပးစရာမလိုပါဘူး...ကိုယ္မင္းကို ကာကြယ္ေပးခ်င္လို႔ပါ....."
ခဏေလာက္ၿငိမ္ေနရင္းကေန ႐ွဲ႕ဟယ္ ေကာက္ကာငင္ကာ ထေမးလိုက္တယ္....
"စီနီယာ ကြၽန္ေတာ္႕ကို သေဘာက်ေသးရဲ႕လား...."
နင္းခ်ီ ေတြေဝျခင္းမ႐ွိ ေခါင္းညိတ္ျပလိုက္တယ္.......
ႀကိဳးတန္းေပၚမွာ လမ္းေလွ်ာက္ေနရသူတစ္ေယာက္သဖြယ္ ႐ွဲ႕ဟယ္ Mask ကို ျဖည္းျဖည္းခ်င္းခြၽတ္လိုက္တယ္.....
"စီနီယာ အခု ကြၽန္ေတာ္႕ကို ႐ွင္း႐ွင္းလင္းလင္းျမင္ရဲ႕လား......ဒီလိုပုံမ်ိဳးျဖစ္ေနတာေတာင္ သေဘာက်ေနတုန္းပဲလား..."
ဤကမ႓ာေျမေပၚမွာ မည္သည့္အရာကမွ် သူ႕ကို ထိခိုက္နာက်င္ေအာင္မလုပ္ႏိုင္ေတာ့သလို ႐ွဲ႕ဟယ္ရဲ႕ေလသံေတြ တည္ၿငိမ္ေနတယ္.....
အဘယ့္ေၾကာင့္ဆိုေသာ္ သူသည္ ဤကမ႓ာေပၚမွာ႐ွိေလေသာ အနာက်င္ရဆုံး စိတ္ပ်က္အားငယ္ျခင္းမ်ားႏွင့္ ဝမ္းနည္းဖြယ္ရာမ်ားကို ခံစားခဲ့ဖူးတာေၾကာင့္ပါ.......
နင္းခ်ီ ေကာင္ေလးကို ေငးၾကည့္ေနရင္းကေန မရည္႐ြယ္ဘဲ ေကာင္ေလးရဲ႕မ်က္ႏွာေလးကို ပြတ္သပ္ေပးေနမိတယ္.....အရင္လို မေခ်ာေမြ႕ေတာ့ဘူး.....အဖုအထစ္ေတြနဲ႔ မညီမညာျဖစ္ေနျခင္းေတြ ခံစားမိေနတယ္.....
တစ္ခ်ိန္တစ္တုန္းကေတာ့ ဒီမ်က္ႏွာေလးကို ခ်စ္မိသြားတာျဖစ္ေကာင္းျဖစ္ႏိူင္လိမ့္မယ္.....မဟုတ္ေသးဘူး တစ္ကိုယ္လုံးကို ခ်စ္မိသြားခဲ့တာလို႔ေျပာရင္ ပိုမွန္မယ္.....ဒီေကာင္ေလးအေပၚလုံးလုံးလ်ားလ်ား က်ဆုံးသြားၿပီးဆိုတာ သိလိုက္ရကတည္းက သူ႕အတြက္ ျပင္ပ႐ုပ္သြင္လွပျခင္းေတြ အေရးမပါေတာ့ပါဘူး....
ဒီလိုမွမဟုတ္ရင္ ဒီလိုမ်က္ႏွာမ်ိဳးျဖစ္ေနတဲ့ေကာင္ေလးကို ဘာေၾကာင့္မ်ား အခုလို ျမတ္ႏိုးတြယ္တာေနဉီးမွာလဲ......
"ကိုယ္ မင္းကို အၿမဲတမ္းခ်စ္ခဲ့တာပါ...ဘယ္ေတာ့မွ မေျပာင္းလဲသြားပါဘူး..."
ေကာင္ေလးရဲ႕ မ်က္ဝန္းေတြကေန မ်က္ရည္ေတြ စီးက်ေနၿပီ......တန္႔မိသားစုကေန ထြက္လာကတည္းက ဒါဟာပထမဆုံး ငိုေႂကြးျခင္းပါ......သူ မငိုခဲ့ဘူး....ငိုေႂကြးေန႐ုံနဲ႔ ျပသာနာေတြ ေျပလည္သြားမွာမဟုတ္သလို သက္သာရာရေစမွာလဲ မဟုတ္ဘူး....ငိုေႂကြးျခင္းက စိတ္ပ်က္အားငယ္မႈေတြကိုသာတိုးပြားလာေစတယ္ေလ.... သန္မာႏိုင္ဖို႔သင္ယူရပါလိမ့္မယ္......
သို႔ေပမယ့္ နင္းခ်ီရဲ႕ ႏူးညံ့တဲ့ေလသံ၊ ႏူးညံ့တဲ့စကားလုံးေတြေၾကာင့္ ဒီထက္ပိုၿပီး မထိန္းထားႏိူင္ေတာ့ဘူး......သူ႕မ်က္ႏွာေၾကာင့္ မဟုတ္ဘဲ သူ႕ကိုသာလွ်င္ ခ်စ္ျမတ္ႏိုးေပးႏိုင္သူတစ္ေယာက္ ကမ႓ာေျမေပၚမွာ႐ွိေသးမွန္း သိလိုက္ရပါၿပီ.....
ေကာက္ကာငင္ကာႀကီး ထငိုတာေၾကာင့္ နင္းခ်ီ ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားတယ္.......လက္ကိုင္ပုဝါတစ္ထည္အျမန္ယူၿပီး ေကာင္ေလးရဲ႕မ်က္ရည္ေတြကို တယုတယသုတ္ဖယ္ေပးၿပီး.....
" ေတာင္းပန္ပါတယ္ကြာ....ေတာင္းပန္ပါတယ္......."
႐ွဲ႕ဟယ္ နင္းခ်ီရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး ခပ္တိုးတိုးေလး ေမးလိုက္တယ္......
"စီနီယာက ကြၽန္ေတာ္႕ကို ထိခိုက္နာက်င္ေအာင္မွမလုပ္ဖူးတာ...ဘာလို႔လဲ ေတာင္းပန္ေနတာလဲ...."
နင္းခ်ီ လန္႔ျဖန္႔သြားတယ္.....သူဒီေလာက္ထိ မေတြးလိုက္မိဘူး....ေကာင္ေလး ငိုေနတာျမင္ေတာ့ သူလဲ ဘာမွစဥ္းစားမေနေတာ့ဘဲ ခ်က္ခ်င္းေတာင္းပန္လိုက္မိတာ......
႐ွဲ႕ဟယ္ သူ႕ကို စိုက္ၾကည့္ေနတယ္....မ်က္ရည္ေတြစီးက်ေနေပမယ့္ အျပဳံးေတြကေတာ့ ႏူးညံ့ေနဆဲပါပဲ.......
"တကယ္ကို ေက်းဇူးတင္ပါတယ္.....ကြၽန္ေတာ္က စီနီယာနဲ႔ မထိုက္တန္ေတာ့ပါဘူး....."
တကယ္ကို ေက်းဇူးတင္ပါတယ္ စီနီယာ.....ဒီလိုပုံစံမ်ိဳးျဖစ္ေနတဲ့ ကြၽန္ေတာ္႕ကို သေဘာက်ေနေသးတဲ့အတြက္ ေက်းဇူးပါ.........
သူဟာ အရင္ကလို မာနႀကီးၿပီး မသိတတ္သူတစ္ေယာက္မဟုတ္ေတာ့ပါဘူး....နင္းမိသားစုကို ဆက္ခံမယ္ အႀကီးဆုံးသခင္ေလးတစ္ေယာက္ကို ဘယ္လိုအရည္အခ်င္းနဲ႔မ်ား ပိုင္ဆိုင္ႏိူင္ဉီးမွာလဲ.....နင္းခ်ီကို အေစာႀကီးကတည္း ဒုကၡမ်ိဳးစုံေပးဖူးသူတစ္ေယာက္အေနနဲ႔ မိသားစုကေန ႐ုန္းထြက္လာဖို႔ ဆြဲမေခၚရက္ေတာ့ပါဘူး......
ဒီစကားလုံးေတြက နင္းခ်ီကို ထုံထိုင္းသြားေစတဲ့အထိ နာက်င္ေစခဲ့ပါတယ္....ဒီေကာင္ေလး ကိုယ့္ကိုကိုယ္ႏွိမ့္ခ်တဲ့စကားမ်ိဳးေတြ ဘယ္တုန္းက ေျပာတတ္သြားတာလဲ.....
ေကာင္ေလးကိုေပြ႕ဖက္ထားခ်င္ေပမယ့္ ေကာင္ေလးကေတာ့ လွည့္ထြက္သြားႏွင့္ပါၿပီ...
လက္ထဲမွာ ဖမ္းဆုပ္မိေသာအရာသည္ ဗလာနတၱိ လစ္ဟာမႈမ်ားသာလွ်င္.....
ေက်ာခိုင္းလွည့္ထြက္သြားသူေလးကို ၾကည့္ရင္း နင္းခ်ီရဲ႕ႏွလုံးသားတစ္ခုလုံး အဆက္မျပတ္နာက်င္ေနရပါတယ္......သို႔ေသာ္လည္း....ေကာင္ေလးကို ဖိအားမေပးဝံ့ခဲ့ပါ...သူ႕ႏွလုံးသားထဲက နာက်င္ခံစားမႈေတြကို ၿမိဳသိပ္ထား႐ုံမွတပါး အျခားမ႐ွိခဲ့ပါ.......
မည္သို႔ပင္ဆိုေစ ေကာင္ေလး ဘယ္အရပ္ဘယ္ဌာေနမွာ ႐ွိေနမွန္း သိခဲ့ရၿပီပဲေလ...စိတ္႐ွည္႐ွည္ထားၿပီး ျဖည္းျဖည္းခ်င္းလမ္းျပေခၚေဆာင္ဖို႔ ႀကိဳးစားေတာ့မွာပါ....
……………………………… ………………………………
အဲ့ေန႔ကတည္းကစၿပီး နင္းခ်ီတစ္ေယာက္ ေကာ္ဖီဆိုင္ကို ေန႔တိုင္းေရာက္လာခဲ့တယ္....ေကာင္ေလး အဆင္မေျပျဖစ္ၿပီး လန္႔သြားမွာစိုးလို႔ တစ္ခါတစ္ေလမွသာ အတန္းေဖာ္တစ္ခ်ိဳ႕ေခၚလာတတ္တယ္....
နင္းခ်ီ ဘာမွမလုပ္ပါဘူး.... ေကာ္ဖီတစ္ခြက္မွာေသာက္ၿပီး ျပန္သြား႐ုံေလးပါပဲ....တစ္ခ်ိဳ႕ေန႔ေတြဆို ေကာင္ေလးကို စကားတစ္ခြန္းမွေတာင္ မေျပာျဖစ္ခဲ့ဘူး......
မည္သို႔ပင္ဆိုေစ...ေကာင္ေလးကို ျမင္ေတြ႕ခြင့္ရေနသ၍ သူတကယ္ကို ေက်နပ္ေနပါတယ္.....
တစ္လတာၾကာျမင့္ၿပီးခ်ိန္မွာ ေကာင္ေလးရဲ႕သေဘာထားေတြလဲ တျဖည္းျဖည္း ေျပာင္းလဲလာခဲ့ပါၿပီ.....ျပန္လည္ဆုံေတြ႕စဥ္ကလို သိမ္ငယ္ေနမႈေတြမ႐ွိေတာ့ဘဲ ရံဖန္ရံခါဆို ျပဳံးေတာင္ ျပဳံးျပတတ္ေသးတယ္...ေကာင္ေလးရဲ႕ အျပဳံးေတြျမင္လိုက္တိုင္း အၾကည့္လႊဲဖို႔ ခက္ခဲလွပါတယ္....
ဒီေကာင္ေလးမွာ လွပျခင္းေတြ မ႐ွိေတာ့ေပမယ့္ သူ႕ကို နက္႐ွိဴင္းစြာ ဆြဲေဆာင္ႏိူင္ဆဲပါပဲ.....
နင္းခ်ီ အေပၚ ႐ွဲ႕ဟယ္ရဲ႕ အျပဳအမူေတြေျပာင္းလဲလာသည္ႏွင့္အမွ် ႏွစ္သက္မႈကလဲ 96 မွတ္အထိ အလ်င္အျမန္တိုးတက္လာခဲ့ပါၿပီ......
တစ္ေန႔မွာေတာ့ ႐ုတ္တရက္ႀကီး မိုး႐ြာလာပါေလေရာ....နင္းခ်ီကလဲ ဒီေန႔က်မွ ထီးမယူလာခဲ့မိဘူး.....နင္းခ်ီ ဒီအတိုင္းထြက္သြားေတာ့မယ့္အခ်ိန္မွာ ႐ွဲ႕ဟယ္က သူ႕ကို ခဏေစာင့္ ခိုင္းထားတယ္....
ခဏၾကာေတာ့ ႐ွဲ႕ဟယ္ ထီးတစ္လက္နဲ႔ ျပန္ေရာက္လာတယ္....နင္းခ်ီအတြက္ သူကိုယ္တိုင္ ထီးဖြင့္ေပးလိုက္ေသးတယ္....
ႏွစ္ေယာက္သား မိုးေရထဲမွာ အတူတူ ရပ္ေနၾကတယ္....႐ွဲ႕ဟယ္ေမာ့ၾကည့္လိုက္ခ်ိန္မွာ လွပတဲ့ မ်က္ဝန္းေလးေတြ ေပၚလြင္ထင္႐ွားေနတယ္......နင္းခ်ီလက္ထဲ ထီးေပးလိုက္ခ်ိန္မွာ မ်က္ဝန္းေတြထဲမွာ ႏူးညံ့လွတဲ့ အျပဳံးတစ္ခုျဖစ္တည္ေနတယ္.....နင္းခ်ီကလဲ ထီးယူဖို႔ ေခါင္းနည္းနည္းငုံ႔လိုက္တယ္.....
ဤကဲ့သို႔ လွပလြန္းလွတဲ့ ျမင္ကြင္းက လမ္းတစ္ဖက္မွာ႐ွိတဲ့ တန္႔က်င္းဝမ္းအတြက္ေတာ့ ဆိုးဝါးလြန္းေနခဲ့တယ္.........
တန္႔က်င္းဝမ္းက မိုးေရစက္ေတြ စီးက်ေနတဲ့ မွန္နံရံေနာက္ကေန မိုးေရထဲမွာ ရပ္ေနတဲ့ႏွစ္ေယာက္ကို စူးစူးရဲရဲစိုက္ၾကည့္ေနတယ္...
လက္သီးကို က်စ္ေနေအာင္ဆုပ္ထားမိတာမ်ား လက္သည္းေတြ အသားထဲစိုက္ဝင္တဲ့အထိပဲ........
သူသိပ္ခ်စ္ရတဲ့ေကာင္ေလးက သူ႕ကိုဆို အ႐ွက္တကြဲအက်ိဳးနည္းတဲ့ အၾကည့္ေတြနဲ႔သာ ၾကည့္တတ္တယ္...ခိုးကိုးရာမဲ့ေလေသာ
လက္ေအာက္ခံတစ္ေယာက္ကို လႊမ္းမိုးခ်ဳပ္ကိုင္သလို ေကာင္ေလးကို လႊမ္းမိုးခဲ့ဖူးတယ္......တတ္ႏိုင္သမွ် အရာအာလုံး လုပ္ေဆာင္ေပးခဲ့သည့္တိုင္ ေကာင္ေလးဆီကေန စစ္မွန္တဲ့အျပဳံးတစ္ပြင့္ေသာ္မွ် မရ႐ွိႏိူင္ခဲ့ပါ.......
သို႔ေပမယ့္ သူ သိပ္ကိုလိုခ်င္ေနခဲ့တဲ့ ဒီအျပဳံး၊ သူဘယ္ေတာ့မွ မ႐ွိႏိူင္တဲ့ ဒီအျပဳံးမ်ိဳးကို ေကာင္ေလးက တျခားတစ္ေယာက္ဆီ ေဖာေဖာသီသီအပ္ႏွင္းေနၿပီ......သူတစ္ခ်ိန္တုန္းက ပိုင္ဆိုင္ခဲ့ဖူးေပမယ့္လက္ဝါးႀကီးအုပ္ ခ်ယ္လွယ္ခဲ့ဖူးေလေသာ ခ်စ္ျခင္းေမတၱာတရားေတြကိုလဲ တျခားတစ္ပါးေသာသူကို ေပးအပ္ေနေလၿပီ....
ဒီေကာင္ေလး တစ္ပါးသူရင္ခြင္ထဲ ခိုလႈံေနၿပီ.....သူမဟုတ္တဲ့ တစ္ျခားတစ္ေယာက္နဲ႔ ေပ်ာ္႐ႊင္စရာဘဝတစ္ခု ထူေထာင္ေနၿပီ....
ဒါကို ေတြးမိလိုက္ခ်ိန္မွာ တန္႔က်င္းဝမ္းတစ္ေယာက္ မနာလိုျဖစ္လြန္းလို႔ ႐ူးသြပ္လုနီးပါးခံစားေနရၿပီ.......
သူ႕ကိုယ္သူ လုပ္ႏိုင္မယ္လို႔ပဲထင္ခဲ့တာ....ေကာင္ေလးေ႐ွ႕မွာ ဘယ္ေတာ့မွေပၚမလာဘဲေနာက္ကြယ္ကေန တိတ္တိတ္ေလးေစာင့္ေ႐ွာက္ေပးႏိုင္မယ္ပဲ ထင္ေနခဲ့တာ....ေကာင္ေလး ေပ်ာ္ေနတာျမင္ေနရရင္ ေက်နပ္မယ္လို႔ပဲထင္ေနခဲ့မိတာ......
သို႔ေသာ္လဲ နတ္ဖက္တဲ့စုံတြဲလို လိုက္ဖက္ညီလြန္းလွတဲ့ ဒီႏွစ္ေယာက္ကို ၾကည့္ၿပီး သူ႕ကိုယ္သူ ဒီထက္ပိုၿပီး မလွည့္စားႏိူင္ေတာ့ဘူး.....မလုပ္ႏိုင္ဘူး..!!!!!မလုပ္ႏိူင္ဘူး...!!!!
မုန္းတီးျခင္းနဲ႔ မနာလိုျဖစ္ျခင္းေတြက ႏြယ္ပင္ေတြလို ႏွလုံးသားတစ္ခုလုံးကို တင္းၾကပ္စြာရစ္ပတ္ေနပါၿပီ......ႏွလုံသားတစ္ခုလုံးနာက်င္ရလြန္းလို႔ အသက္႐ွဴဖို႔ေတာင္ ခက္ခဲလြန္းလွပါတယ္......
နာက်င္ရလြန္းလို႔ အရာအားလုံးကို ဖ်က္ဆီးပစ္လိုက္ခ်င္ၿပီ........
[TN: ကဲ..ကဲ...တန္႔က်င္းဝမ္းရဲ႕ ႐ွာလကာရည္မုန္တိုင္းႀကီးကေန အေျမႇာက္စာေလးနင္းခ်ီကို ကယ္တင္ေပးဖို႔ ဗိုလန္ဒီယာကယ္ေရးတပ္သားေတြအလို႐ွိေနပါတယ္.... စိတ္ဝင္စားသူမ်ားအတြက္ ဆက္သြယ္ရန္ဖုန္းနံပါတ္ေလးကေတာ့ 0944444444ပါ႐ွင့္😜😜😜😜😜😜]