Can you feel Me? [Completed]
Av Jiyoon301295
5.2K 502 133
မင်းသာ ဒီလိုတွေ မလုပ်ခဲ့ရင် အရာအားလုံး အဆင်ပြေနေမှာကို လူတိုင်း ပျော်ရွင်နိုင်မှာကို ဘာလို့ကိစ္စရပ်တွေ ကိုရှု... Mer
NOTE
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Explain 😁
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 14
Ep 15
Ep 16
Ep 17 (FINAL)
Ep 13
145 17 0
Av Jiyoon301295
Unicode
"ထယ်ဟျောန်း"
"မီရယ်"
ကားလမ်း ဟိုဘက်ကနေ ဒီဘက် စကားလှမ်းပြောနေကြသည်။ မီရယ်က ထယ်ဟျောန်းကို လှမ်းမြင်လိုက်သည်။
မီရယ် ထယ်ဟျောန်းရှိရာကို သွားရန် ကားလမ်းကူးတဲ့ အချိန် ကိုယ့်ရှေ့က ဖြတ်လာတဲ့ ထရပ်ကား တစ်ခု။
လူက လမ်းလယ်ခေါင်ရောက်နေပြီ ဖြစ်တာကြောင့် ဒီအတိုင်းပဲ အတိုက်ခံရတော့မှာလားဟု တွေးမိသည်။
သေတော့လဲ သေပေါ့။ ငါ့ ကံကြမ္မာက ဒီလိုဖြစ်နေတယ်ဆိုရင်လည်း။
ညဘက် ထရပ်ကားရဲ့ မီးအလင်းရောင်က စူးလှသည်။ မျက်စိကို အသာမှိတ်ထားရင် အသေခံလိုက်တော့မည်။
"မီရယ်..."
နားထဲကို စူးစူးဝါးဝါးကြားလိုက်ရတဲ့ အသံ။ ထို့နောက် လူက အမှောင်လောကထဲကို ရောက်သွားသည်။ ငါသေပြီလား။
မျက်စိကို ဖွင့်ကြည့်လိုက်တော့ ကိုယ်က ကားလမ်းဘေးမှာ။ ဒါဆို ငါမသေဘူးပေါ့။ ငါ့ကို ကယ်လိုက်တာ ဘယ်သူလဲ။ မီရယ်လို့ ခေါ်လိုက်တဲ့အသံက သေချာပေါက် ဂန်ထယ်ဟျောန်း။ မဟုတ်မှလွဲရော ထယ်ဟျောန်းက..
သေချာတာမှ လုံး၀ကို သေချာသည်။ မဖြစ်နိုင်တာ ထယ်ဟျောန်းရယ်။
"ထယ်ဟျောန်း...သတိထားပါဦး"
ထယ်ဟျောန်းကို လှုပ်နိုးကြည့်တော့ မျက်စိဖွင့်လာသည်။ သူ့တစ်ကိုယ်လုံးမှာလည်း မြင်ရက်စရာမရှိအောင် သွေးတွေ။
"မီရယ်...ဒါက နင့်ကို တောင်းပန်ပြီး အပြစ်ကြွေးဆပ်လိုက်တာပါပဲ။ ငါ့အစ်မကြောင့် အကုန် စိတ်ဆင်းရဲရတယ်ဆိုတာကို ငါသိပါတယ်။ အဲ့အတွက်ကြောင့် တောင်းပန်ပါတယ်။ ငါ့အစ်မကိုလည်း မမုန်းပါနဲ့နော်။ သူက ငယ်ငယ်ကတည်းက လိုချင်တာ အမြဲရနေခဲ့သူမို့ အချစ်ကိုလည်း လွယ်လွယ်ရမယ်ထင်နေလို့ပါ။ "
"အဟွတ် အဟွတ်...ပြီးတော့လေ ဒါက နင့်အတွက် တောင်းပန်တဲ့အနေနဲ့ ငါ ကိုယ်စားခံလိုက်တာပါ ငါမရှိလည်း ကောင်းကောင်းနေဖို့ သူငယ်ချင်းတွေကိုလည်း ပြောလိုက်ပါနော် အဟွတ်"
"ဟင့်အင်း နင်မသေရဘူး ထယ်ဟျောန်း..ငါ နင့်ကို ခွင့်မပြုနိုင်ဘူး။ နင်သေရင် နင့်အစ်မကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။"
"ငါ မရ တော့ ဘူးထင် တယ်"
ထယ်ဟျောန်းရဲ့ မျက်လုံးတွေလည်း မှိတ်ကျသွားပြီး ခန္ဓာကိုယ်ကလည်း ပျော့ဖတ်သွားသည်။ နောက်ဆုံးအချိန် ‌ပြုံးသွားတဲ့ သူ့အပြုံးကို မေ့နိုင်မှာတောင် မဟုတ်။ မီရယ်ရဲ့ တစ်ကိုယ်လုံးမှာလည်း သူ့သွေးတွေ ပေနေသည်။ မီရယ် ဘာမှ ဆက်မပြောနိုင်ပဲ သူ့ကို ဖက်ကာ ငိုနေမိသည်။
"ဒီလို လုပ်နေရမှာ မဟုတ်ဘူး။ ဆေး...ဆေးရုံ...ဆေးရုံကားခေါ်ရမယ်"
မီရယ် ကတုန်ကယင်ဖြင့် သူမ အိတ်ထဲက ဖုန်းကို ထုတ်ယူလိုက်သည်။ သွေးပေနေတဲ့လက်ဖြင့် ဖုန်းထုတ်တော့ သူ့မ၏ ဖုန်း စခရင်မှာလည်း သွေးတွေနှင့်။
"ဘယ်လိုဖြစ်တာလဲ? ထယ်ဟျောန်း မဟုတ်လား"
ယူရီ ထရပ်ကားပေါ်ကနေ ကြည့်တော့ သူမတိုက်လိုက်တာက မီရယ် မဟုတ်ပဲ သူ့မောင်လေး ထယ်ဟျောန်းဖြစ်နေသည်။ ထိုအခါမှ ကားပေါ်ကနေ အမြန်ဆင်းပြီး ထယ်ဟျောန်းဆီ အပြေးလာသည်။
"ထယ်ဟျောန်း ထယ်ဟျောန်း"
"ဟယ်လို? ***နေရာမှာ လူတစ်ယောက် ဒဏ်ရာရလို့ မြန်မြန်လာပေးပါ"
မီရယ် ဖုန်းပြောနေတုန်းမှာ ထယ်ဟျောန်းကို လှုပ်နိုးပြီး ငိုနေသူမှာ ယူရီ။ တောင်းပန်ပါတယ် ထယ်ဟျောန်းရယ်။ အစ်မ တစ်ကယ် အတွေးတိမ်သွားတယ်။ ကိုယ့်ကိုကိုယ် ဘာလုပ်မိမှန်းတောင် မသိတော့ဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။
"လူနာရှင်တို့ ဒီမှာ ခဏစောင့်ပေးပါ။ လူနာကို ကျွန်မတို့ အမြန်ဆုံးခွဲစိတ်ရပါမယ်"
ဆိုပြီး ထယ်ဟျောန်းကို ခွဲစိတ်ခန်းထဲ ရွေ့သွားသည်။ ခွဲစိတ်ခန်းအပြင်မှာ ယူရီတို့ နှစ်နာရီလောက် စောင့်နေကြတဲ့အချိန် ဘောမ်ဂယူ၊ယောန်ဂျွန်း၊ဆူဘင်း၊ဟျူးခါတို့ ရောက်လာကြသည်။
"ဘယ်လိုဖြစ်တာလဲ"
ဆူဘင်းမေးလာသည်။
"ညီမကို ကယ်ရင်းနဲ့ ထယ်ဟျောန်းက ..."
မီရယ် ဆက်မပြောနိုင်ပဲ ငိုချလိုက်သည်။ ငိုနေတဲ့ မီရယ့်ကို ဘောမ်ဂယူ နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့။ ထယ်ဟျောန်းက ကြံ့ခိုင်တဲ့သူမို့ ကောင်းကောင်း ကျော်ဖြတ်နိုင်မှာပါ"
ထိုအချိန် ဆရာ၀န်မ ထွက်လာပြီး အကျိုးအကြောင်း အခြေအနေ ပြောပြသည်။
"ကျွန်မတို့ အချိန်မှီလိုက်ပါတယ်။ ခွဲစိတ်မှုအောင်မြင်လို့ စိတ်မပူကြပါနဲ့တော့။ နာရီ၀က်ကြာရင် လူနာနိုးလာပါလိမ့်မယ်။ အခုတော့ ရိုးရိုးလူနာခန်းရွေ့ထားပါမယ်"
"ကျေးဇူးတင်ပါတယ် ဆရာမ"
ဆရာ၀န်မပြောထားတဲ့အတိုင်း နာရီ၀က်နေတော့ ထယ်ဟျောန်းနိုးလာသည်။
"ထယ်ဟျောန်း နိုးလာပြီလား။ ငါက မီရယ်။ မှတ်မိသေးလား"
"သိပါတယ်။ ကျွန်တော့် အစ်မလေ"
"ဘယ်လို? ငါက နင့်သူငယ်ချင်းလေ ထယ်ဟျောန်းရဲ့"
"ထယ်ဟျောန်း။ နူနားကမှ တစ်ကယ့်နူနားလေ ထယ်ဟျောန်း။ ယူရီနူနားလေ"
ယူရီကို မြင်တော့ ထယ်ဟျောန်း ကြောက်သည့် ပုံစံဖြင့် ကြည့်သည်။
"ဘယ်သူပါလဲ။ ကျွန်တော်တို့ နူနားရဲ့ သူငယ်ချင်းလား"
"ထယ်ဟျောန်း။ ငါက ယူရီ။ နင့် အစ်မလေ။ မမှတ်မိဘူးလား။ နောက်တစ်ခေါက် သေချာ စဉ်းစားကြည့်ပါဦး"
‌ထယ်ဟျောန်းရဲ့ ပခုံးကို လှုပ်ရမ်းကာ မေးတော့ ထယ်ဟျောန်း အရမ်းကြောက်နေသည်။ ခန္ဓာကိုယ်လည်း တဆတ်ဆတ် တုန်လာသည်။ ထိုအခါ ‌ထယ်ဟျောန်း မီရယ့်ကိုမော်ကြည့်ပြီး အားကိုးရှာသည်။
"နူနား။ ဒီထူးဆန်းတဲ့ နူနားကို ကြောက်တယ် ကြောက်တယ် ကြောက်တယ်လို့"
"ဂန်ယူရီ တော်တော့။ နေမကောင်းတဲ့သူကို ဘာလုပ်တာလဲ"
ထယ်ဟျောန်း သူမကို မမှတ်မိတော့ဘူးဆိုတာ သိလိုက်ရတဲ့နောက်မှာ လက်လျှော့ပြီး အခန်းပြင် ထွက်သွားလိုက်သည်။ ထယ်ဟျောန်း..နူနားကို တစ်ကယ်ပဲ မမှတ်မိတာလားဟင်။
"ငါ ဆရာ၀န်ကို မေးကြည့်တော့ ထယ်ဟျောန်းက မှတ်ဉာဏ်တစ်ချို့ မေ့သွားပုံပဲ။ ပြီးတော့ ငယ်ငယ်က အမှတ်တရအချို့လောက်ပဲ ခေါင်းထဲမှာ ရှိနေလို့တဲ့။ပြီးတော့ သူ့စိတ်နဲ့ ဦးနှောက်က ငါးနှစ်အရွယ်ရောက်သွားပုံပဲ"
ဆူဘင်း ဆရာ၀န်နဲ့တွေ့ပြီး ပြန်လာတော့ အကုန်လုံးကို ပြောပြသည်။
"နင်တို့ အိမ်ပြန်လိုက်ကြတော့လေ။ မိုးလည်း ချုပ်နေပြီ။ ငါ ဒီနေ့ညတော့ ထယ်ဟျောန်းဘေးမှာ ရှိနေလိုက်မယ်"
"ဟုတ်ပြီလေ ဟျူးနင်း။ ဒါဆို ဟျောင်း မင်းအိမ်၀င်ပြီး မင်းနဲ့ထယ်‌
ဟျောန်းအတွက် အ၀တ်အစားအပိုယူလာခဲ့လိုက်မယ်"
"ဟုတ်ကဲ့ပါ ဆူဘင်းဟျောင်း"
"လာသွားကြတာပေါ့"
သူငယ်ချင်း တအုပ်စုလည်း အိမ်ပြန်သွားခဲ့ကြသည်။ ယူရီကတော့ ဆေးရုံမှာလည်း မရှိ၊ အိမ်မှာလည်း မရှိပဲ ပျောက်သွားလိုက်တာဆိုသည်မှာ။ သူမလည်း စိတ်ထိခိုက်နေရှာမှာပေါ့
ထယ်ဟျောန်း တရေးအိပ်ပျော်သွားချိန် ဆူဘင်း ရောက်လာပြီး အ၀တ်ထုပ်လာပေးသည်။
ဟျုးနင်းကတော့ အိပ်နေတဲ့ ထယ်ဟျောန်း မျက်နှာလေးကိုသာ ကြည့်ပြီး မျက်ရည်ကျမိသည်။
ခုဏက မမေးလိုက်မိတာကြောင့် သူ့ကိုရော ထယ်ဟျောန်း မှတ်မိပါ့မလား အတွေးဖြင့်။
ထယ်ဟျောန်း နိုးလာတော့ အချိန်မဆိုင်းပဲ ဟျုးနင်း မေးလိုက်သည်။
"ထယ်ဟျောန်း...ငါ ဘယ်သူလဲသိလား။ ဟျုးခါလေ"
"သိပါတယ်။ ကပြားအစ်ကိုကြီး ချောချောလေး။ ငယ်ငယ်လေးကတည်းက အမြဲ ကျွန်တော့်အိမ် လာလာလည်တာလေ ဟီးဟီး"
အမှန်တော့ ထယ်ဟျောန်းနဲ့ ကျွန်တော်နဲ့က အခု အထက်တန်းရောက်မှ ခင်တာပါ။ ဒါပေမယ့် သူက အခုနေမကောင်းဘူးလေ။ ထို့ကြောင့် ကျွန်တော်လည်း သံယောင်ပဲ လိုက်လေတော့သည်။
"မှတ်မိနေပေးလို့ ကျေးဇူးပါ ထယ်ဟျောန်းရယ်"
"ဟျောင်းကပဲ ပြောရတယ်ရှိသေး။ ကျွန်တော်က မေ့စရာလားလို့"
"ဟုတ်ပါပြီ"
"ဗိုက်ဆာတယ်"
"ဗိုက်ဆာတယ်? ထယ်ဟျောန်းက ဘာစားချင်လို့လဲ"
"မုန့်.."
"ခဏစောင့်နော် ဟျောင်း သွား၀ယ်ပေးမယ်"
ကျွန်တော် သုတ်ပျာပျာဖြင့် အနီးအနားက စတိုးဆိုင်ဆီ ပြေးသွားသည်။ ထယ်ဟျောန်း ကြိုက်တတ်တဲ့ မုန့်လေး နည်းနည်း၀ယ်လာလိုက်သည်။ ကျွန်တော်ပြန်လာတော့ သူလေးက ကုတင်ပေါ်မှာ ငုတ်ငုတ်ကြီးထိုင်ပြီး ကျွန်တော့်ကို စောင့်နေသည်။
"ဟျုးခါ ငါ ဘာဖြစ်နေလို့လဲ?ဆေးရုံရောက်နေတာက"
သူ့ကိုကြည့်ရတာ ပြန်ကောင်းသွားပြီ ထင်တယ်။ ကျွန်တော့်ကိုလည်း သေချာ မှတ်မိနေလေသည်။
" မင်း အက်ဆီဒင့် ဖြစ်လို့လေ အဲ့တာ"
"ငါ သိပါတယ် ဟျုးခါ။ ငါ မေးတာက ငါ စိတ်များလွတ်သွားသေးလားလို့"
"မင်း ဘာမှမဖြစ်ပါဘူး ထယ်ဟျောန်း"
ထယ်ဟျောန်းလည်း သူ့ကိုယ်သူ သိနေသည် ထင်ပါသည်။
ထိုအချိန် ဟျုးခါလက်ထဲက မုန့်ထုပ်ကို တွေ့ပြီး စိတ်က တစ်မျိုးပြောင်းသွားသည်။
"ဟာ....ဟျောင်း ကျွန်တော့်မှာ စောင့်လိုက်ရတာ ကြာပြီ"
သူ့ရဲ့ပုံစံက တစ်ကယ့်ကို ချစ်ဖို့ကောင်းလှသည်။ အမြဲ မြင်တွေ့နေကြ ခပ်တည်တည် ထယ်ဟျောန်း မဟုတ်ပဲ aegyo တွေ ပြည့်လျှံ့နေတဲ့ ထယ်ဟျောန်း အဖြစ် ပြောင်းလဲသွားသည်။
"မီယားနဲ ထယ်ဟျောန်း။ ဒီမှာကြည့် ဟျောင်း မုန့်တွေ အများကြီး ၀ယ်လာတယ်"
"ရေးးး ပျော်လိုက်တာ"
"ဒါဆို ထယ်ဟျောန်းလေး မုန့်စားနှင့်ထားနော်။ ဟျောင်း ဆရာ၀န်ကို ခဏသွားတွေ့လိုက်ဦးမယ်"
"ဟုတ် ဟုတ်"
အခန်း၀ကနေ သူ့ကို ခဏရပ်ကြည့်နေတော့ သူက မုန့်ထိုင်စားပြီး ကျွန်တော့်ကိုတောင် လက်ပြနေသည်။ ကျွန်တော်လည်း သူ့ကို ပြန်ရယ်ပြပြီး ဆရာ၀န် ရုံးခန်းဆီ အရောက်သွားသည်။
"ဆရာမ လူနာ ဂန်ထယ်ဟျောန်းရဲ့ အခြေအနေလေး?"
"အခု လူနာက စိတ်တွေ အရမ်းရှုပ်ထွေးနေပုံရတယ်။ မတော်တဆမှု မဖြစ်ခင် စိတ်ဒဏ်ရာ ရနိုင်တဲ့ အဖြစ်အပျက်ဖြစ်ခဲ့လို့ ထင်တယ်။အဲ့တာကြောင့် စိတ်ကို မထိန်းချုပ်နိုင်တာ။ စိတ်ကစဉ့်ကလျားဖြစ်တာမျိုးပါ။အဲ့တာက နည်းနည်းချင်း ဖြည်းဖြည်းချင်းနဲ့တော့ သက်သာလာမှာပါ။ ဒါပေမယ့်..."
"ဒါပေမယ့် ဘာဖြစ်လဲ ဆရာမ"
"ဒါပေမယ့် လူနာက ခဏခဏ မေ့တတ်လာမယ်။ သူ အချစ်ရဆုံးလူတွေကိုတောင် မေ့တက်လာမယ်။ အဲ့တာကြောင့် အရင်ကလောက် သေချာ မှတ်မိနိုင်စွမ်း မရှိလောက်တော့ပါဘူး။ အကျိုးဆက်က ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိသွားလို့ပါ"
ထယ်ဟျောန်းက မေ့...မေ့မှာတဲ့လား။ ခုန်နေတဲ့ နှလုံးတွေကရော ခုန်တာလား မခုန်တာလားမသိ ထုံကျင်နေသလို။ တစ်ကိုယ်လုံးလည်း ချမ်းတုန်လာသလိုလို။ ကိုယ်တွင်းက သွေးလည်ပတ်မှုတွေလည်း မမှန်တော့သလိုလို။ အရူးတစ်ယောက်လို ဟန်မဆောင်နိုင် ငိုချမိသည်။
ကံကြမ္မာရယ် ရက်စက်လိုက်တာ။ဘာလို့ အပြစ်မရှိတဲ့ ထယ်ဟျောန်းကိုမှ ရွေးပြီး ဒီလို ဖြစ်ရတာလဲ။ အဲ့ဒီအစား ဒီက ကျွန်တော့်ကိုသာ ဖြစ်ခွင့်ပေးလိုက်ပါတော့လား။
ကြာလာရင် ထယ်ဟျောန်း ဘ၀ထဲကနေ ကျွန်တော် ဖြည်းဖြည်းချင်းဆီ ထွက်သွားရတော့မှာလား။ မှတ်ဉာဏ်ထဲကနေရော နှလုံးသားထဲကနေရော အပြီးအပိုင် ထွက်သွားရတော့မှာလား
အဲ့လို မဖြစ်ဖို့သာ ဘုရားသခင်ဆီမှာ သေချာစွာ ဆုတောင်းရင်း။
ကုတင်ပေါ်မှာ ကလေးလေးတစ်ယောက်လို အိပ်မောကျနေတဲ့ သူ့ကိုတွေ့တော့ ကျွန်တော် မျက်ရည်ထပ်ကျမိပါတယ်။
ထိုအချိန် သူ့ဖုန်းမြည်သံကြားတော့ ကျွန်တော် ကောက်ကိုင်လိုက်တယ်။ သူ့ရဲ့ ဖုန်းမျက်နှာပြင်လေးဟာလည်း ကြေမွ‌လို့နေတယ်။ ဖုန်းcontactက နာမည်က "အဖိုး"တဲ့။
ကျွန်တော် မျက်ရည်တွေ သုတ်ပြီး အဖိုး စိတ်မပူအောင် ဟန်ဆောင်ကာ ပြောရဦးမည်လေ။
"ဟယ်လို အဖိုး"
"အေးကွယ်။ ဟျုးခါ..။ မင်းတို့ သူငယ်ချင်း ထင်တယ်။ ကောင်လေးတစ်ယောက်က မင်းနဲ့ တို့ထယ်ဟျောန်းလေး အကျီတွေ လာယူသွားလို့။ အဲ့တာ မေးကြည့်တာ သား"
"ဟုတ်တယ် အဖိုးရဲ့။ ကျွန်တော်နဲ့ ထယ်ဟျောန်းက လောလောဆယ် ကျောင်းက ကိစ္စကြောင့် ခရီး ခဏသွားရမှာ"
"အော် အဲ့လိုလားကွယ်။ မင်းတို့လည်း ဂရုစိုက်ကြဦး။ ဒါနဲ့ ထယ်ဟျောန်းရော ဖုန်းလွှဲပေးပါဦး"
"ဟို...ထယ်ဟျောန်းက စောစောအိပ်ရာ၀င် သွားတယ် အဖိုး။ ဘယ်လိုလုပ်မလဲ"
"ရတယ်ရတယ် နောက်မှပေါ့ အိပ်ပါစေ"
"ဟုတ် အဖိုးလည်း ကျန်းမာရေး ဂရုစိုက်ပါနော်။ ဒါနဲ့ ယူရီနူနားရော ပြန်လာပြီလား"
"ယူရီ..အဲ့ကောင်မလေး ဘယ်တွေ လျှောက်သွားနေမှန်းမသိဘူး။ ပြန်မလာသေးဘူး။ အေးအေး ဒါဆို ဒါပဲလေ ငါ့မြေး"
"ဟုတ်ကဲ့ အဖိုး"
ထယ်ဟျောန်းရဲ့ အဘိုး ဖုန်းချမှ ဟျုးနင်းလည်း သက်ပြင်းရဲရဲချ ရတော့သည်။ ငိုသံပါသွားမည်‌စိုး၍ စကားကို ထိန်းပြောနေရသည်။
ယူရီ နူနား တစ်ကယ်ပဲ ဘယ်မှာ ဘာတွေ လုပ်နေတာလဲ?
"အဲ့တာတွေ အကုန်လုံး ဂျန်းမီရယ်ကြောင့် ဖြစ်ရတာ"
တံတားပေါ်ကနေ ရပ်ပြီး မိုးပေါ်ကို မော့ကြည့်သည်။ ဘယ်လောက်ပဲ မော့ကြည့်ကြည့် မျက်ရည်တွေကတော့ ကျလာတာပဲ။
တံတားပေါ်မှာ ရှိနေတဲ့ ယူရီကို ဆူဘင်း တွေ့လိုက်ရသည်။ ဆေးရုံကနေ အိမ်ကိုမပြန်ပဲ ယူရီနောက်ကို လိုက်နေတာ။ အခုတော့ ရှာတွေ့ပြီ။
"ဂန်ယူရီ"
"ဆူဘင်း"
"မင်း လုပ်ရပ်ကို မင်းသိတယ် မဟုတ်လား"
ဆူဘင်း ဒေါသထွက်ကာ ဆိုလိုက်တော့ ယူရီ အကြောက်အကန် ငြင်းပြန်သည်။
"မဟုတ်ဘူး။ ဆူဘင်း ထင်သလိုမဟုတ်ဘူး။ ယူရီက...."
"တော်တော့ ဂန်ယူရီ။ မင်း ငါနဲ့ ဂျွန်းရဲ့ အချစ်ကို ခွဲခဲ့တယ်။ငါ့ ညီမ မီရယ်နဲ့ ဘောမ်ဂယူကိုရော ခွဲခဲ့တယ်။ ပြီးတော့ မီရယ်ကို သတ်ဖို့ ကြံစည်ခဲ့တယ်။ မင်းရဲ့ မောင်‌ ထယ်ဟျောန်းအထိ...။"
"ယူရီ တောင်းပန်ပါတယ် ဆူဘင်းရယ်။ ယူရီ့ကို ခွင့်လွှတ်ပေးပါ။ ယူရီ့ကို ချစ်တယ် မဟုတ်လား။ ယူရီ တောင်းပန်ပါတယ်"
"ချစ်တယ်? ငါက မင်းကို? ဒီမှာ ဂန်ယူရီ။ အခု ဒီခံစားချက်ကို သိပြီ မဟုတ်လား။ ငါနဲ့ ဂျွန်းကို ဒုက္ခပေးတဲ့အတွက်ကြောင့် မင်းကို ပြန်ခံစားစေချင်တာ"
ယူရီနဲ့ ဆူဘင်း စကားပြောနေချိန် နောက်ကနေ မီရယ်ရောက်လာသည်။
"အချစ်က လွယ်လွယ်နဲ့ မရဘူး ဂန်ယူရီ။  ထယ်ဟျောန်းက ဘာပြောတယ်ထင်လဲ။ နင့်ကို ခွင့်လွှတ်ပေးလိုက်ပါတဲ့။ နင်က အမြဲလိုချင်တာ ရတဲ့သူမို့ အချစ်ကိုလည်း ရမယ်ထင်လို့ပါတဲ့။ ငါလေ ထယ်ဟျောန်းကို မြင်ယောင်တိုင်း နင့်ကို သတ်ချင်စိတ်ပေါက်တယ်"
"တောင်းပန်ပါတယ် မီရယ်။ ငါ တစ်ကယ် တောင်းပန်ပါတယ်"
"ဒါဆို ပျောက်ကွယ်သွားပေး။ ငါတို့ရဲ့ ဘ၀ထဲကရော ထယ်ဟျောန်းရဲ့ ဘ၀ထဲကရော"
ဆူဘင်းကပါ ၀င်ပြောသည်။
"အေး အေးပါ။ ငါ နင်တို့ ဘ၀ထဲကနေ ပျောက်ကွယ်သွားပေးပါ့မယ်"
ထိုသို့ပြောပြီး ယူရီ တံတားကို လှမ်းကြည့်သည်။ အထာနပ်တဲ့ မီရယ်က တန်းသိသည်။
"ပျောက်ကွယ်တဲ့ နည်းက သေဖို့ မဟုတ်ဘူး။ နိုင်ငံခြားကို သွား။ စိတ်သစ်လူသစ်နဲ့ ပြန်စပါ ယူရီ အွန်နီး"
"အွန်းမ် ငါ နောင်တရပါပြီ။ အခုပဲ ထွက်သွားပါတော့မယ်"
-JIYOON
Zawgyi
"ထယ်ဟျောန်း"
"မီရယ်"
"မီရယ်..."
"ငါ မရ တော့ ဘူးထင် တယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။
"ဘယ်လိုဖြစ်တာလဲ"
ဆူဘင်းမေးလာသည်။
"ကျေးဇူးတင်ပါတယ် ဆရာမ"
"သိပါတယ်။ ကျွန်တော့် အစ်မလေ"
"လာသွားကြတာပေါ့"
"ဟုတ်ပါပြီ"
"ဗိုက်ဆာတယ်"
"မုန့်.."
"ရေးးး ပျော်လိုက်တာ"
"ဟုတ် ဟုတ်"
"ဟယ်လို အဖိုး"
"ဟုတ်ကဲ့ အဖိုး"
"ဂန်ယူရီ"
"ဆူဘင်း"
ဆူဘင်းကပါ ၀င်ပြောသည်။
-JIYOON
Fortsett å les
You'll Also Like
540 63 6
အေးဆေးတည်ငြိမ်သော profiler နှင့် သွက်လက်၍ရှပ်ပြာပြာနိုင်သော စုံထောက်လေးတို့ လျှို့ ဝှက်နက်နဲသော အမှုများကို အတူတကွစုံစမ်းဖော်ထုတ်ရင်း အချစ်ဇာတ်လမ်းလေး...
3.5K 82 15
Ryan can't be real with himself, or anybody else about who he truly is. Can he get comfortable with the truth before he loses out on everything he re...
2.2M 128K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
411K 18.9K 37
18+ { အသက်မပြည့်မဖတ်ရ} 🚨🚨🚨