Ep 14

162 17 2
                                    

Unicode

ယူရီ အထုပ်အပိုးတွေ ထုပ်နေတာမြင်တော့ အဖိုး လှမ်းမေးသည်။

"သမီး ဘယ်သွားမလို့လဲ"

"အဖိုး သမီး နိုင်ငံခြားသွားတော့မယ်။ အဖိုး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

ဆိုပြီး ယူရီ အိမ်ကနေ ထွက်လာခဲ့သည်။ ယူရီ လေယာဉ်ကွင်း ရောက်တော့ ယောန်ဂျွန်းကို တွေ့လိုက်ရသည်။

"မင်းသာ ဒီလိုတွေ မလုပ်ခဲ့ရင် အရာအားလုံး အဆင်ပြေနေမှာကို လူတိုင်း ပျော်ရွင်နိုင်မှာကို ဘာလို့ကိစ္စရပ်တွေ ကိုရှုပ်ထွေးအောင်လုပ်ရတာလဲ?"
 
"တောင်းပန်ပါတယ် ယောန်ဂျွန်း။ငါလည်း အခု သေလောက်အောင် ခံစားနေရတာပါ။ ဆူဘင်းနဲ့ အဆင်ပြေပြေ ပျော်ပျော်ရွင်ရွင်နေပါ။ ပြီးတော့ နင်တို့ မိဘတွေကိုလည်း တောင်းပန်ကြောင်း ပြောပေးပါ။ ငါ့လုပ်ဇာတ်ထဲ ခေါ်သွင်းခဲ့မိလို့။ ငါ ဒီလောက်ကောင်းတဲ့ သူငယ်ချင်း အပေါ်ကို စိတ်ကောင်း မထားခဲ့မိပါလိမ့်။ တောင်းပန်ပါတယ် ယောန်ဂျွန်း။ ငါတို့ ထယ်ဟျောန်းကိုလည်း သေချာ ဂရုစိုက်ပေးပါ။ ငါ သွားတော့မယ်"

"အေးပါ ယူရီ။ ဘ၀အသစ်ပြန်စပါ။ ပိုပြီး ပျော်ပျော်ရွင်ရွင်နဲ့"

။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ကျွန်တော်နဲ့ ဘင်းကို သဘောတူပေးပါ အမေ"

အမေ့ကို ယူရီ့အကြောင်းတွေ ပြောပြီးနောက် ဆူဘင်းနှင့် သဘောတူပေးရန် တောင်းဆိုလိုက်သည်။ အမေ့ကို ကြည့်ရတာ မယုံနိုင်သလိုလို တွေဝေနေလေသည်။ အဖေလည်း ထိုနည်း၎င်းကောင်းပင်။

"ဦးလေး ကျွန်တော်နဲ့ ဂျွန်းကို ခွင့်ပြုပေးပါဗျာ"

‌ယောန်ဂျွန်းနှင့် ဆူဘင်း ဒူးထောက်ကာ တောင်းပန်နေကြသည်။ မီရယ်နဲ့ ဘောမ်ဂယူက အနောက်မှာ ရပ်ကြည့်နေကြသည်။ အဖေက သက်ပြင်းရှည် တစ်ချက်ချကာ အမေ့ဘက်ကို လှည့်ပြီး မေးငေါ့ပြသည်။

"ဘယ်လိုလဲ မိန်းမ။ မင်း သဘောက?"

"ဒီလောက် ခွဲနေတဲ့ကြားက မကွဲမှတော့ ကျွန်မလည်း မတတ်နိုင်တော့ပါဘူး တော်ရေ။ တော့် သဘောကရော"

Can you feel Me? [Completed]Where stories live. Discover now