Unicode;
"တီ..တီ..တီ..တီ..တီ...!"
Jungkook Night Outကို သူရဲ့အချစ်တုံးကြီးနှင့်ဒိတ်ဖို့ ဘယ်နှနာရီညဈေးမှာဆုံကြမလဲ..?နောက်ကောဘက်သွားကြမလဲ..? မေးဖို့ဖုန်းဆက်နေတာ ဒါနဲ့ဆို၅ခါရှိပြီ ဖုန်းကဝင်ပေမယ့်တစ်ဖက်ကဖြေမလာ~
ဆက်ပါများလာရင် ဖုန်းထဲကနေ အသံMessage ချန်လို့ရပါကြောင်းပြောနေတဲ့တျောက်နဲ့ညှိတော့မယ်~
Jungkook နောက်ဆုံးတစ်ခေါက်ဖုန်းဆက်လိုက်ပြီး မကိုင်လာပြန်တဲ့ဖုန်းကြောင့် အသံ Message ချန်လိုက်သည်~
"Kim Seokjin ဘယ်သဝေထိုးနေလို့ကျုပ်ဖုန်းခေါ်နေတာကို အဖတ်မလုပ်တာလဲ!!!!"
တိုနေတဲ့စိတ်ကိုဆွဲဆန့်ကာ ကိုကိုဆိုတဲ့ ဟိုလူ့ဆိုင်ကို မိုင်ကုန်မောင်းကာထွက်လာခဲ့သည်~
"ကျုပ်ဖုန်းကိုမကိုင်တဲ့သတ္တိကဘယ်ကမွေးလာတာလဲ..!"
.
.
.
.
.
.
ဆိုင်ထဲဝင်တော့ ကိုကိုဆိုတဲ့လူထိုင်နေကျ Counter မှာရှိမနေ~
ဒီလူဘယ်တွေသွားနေပြန်တာလဲ!?
သူ့အပြောကြောင့် အောက်ကနေခေါင်းထောင်ထွက်လာတဲ့လူ~
ဒီလူက Counter ခုံအောက်ဝင်ပြီးဘာလုပ်နေတာလဲ ထားပါ...ကျုပ်ကိစ္စမှမဟုတ်တာ~
ထိုလူမှ သူ့ကိုလန့်ဖြန့်သလိုကြည့်လာတာကြောင့်ခပ်တည်တည်ပြန်ကြည့်ပေးလိုက်သည်~ဒီလူဒီမှာရှိနေပုံထောက်ရင် ဟိုကိုကိုဆိုတဲ့သူ့ချစ်သူက တစ်နေရာရာကိုသဝေထိုးနေတာမှန်နေတာပဲ~
Hoseok သူရဲ့ ဖုန်းကဒ်ထုတ်ရင် သုံးတဲ့သော့ချောင်းလေး အောက်ပြုတ်ကျသွားလို့ ကုန်းကောက်နေတုန်း အသံတစ်သံကြောင့် ဆိုင်ရဲ့ Consumer အထင်နှင့်မေးမလို့ ခုံအောက်မှအထ မြင်လိုက်ရတဲ့မျက်နှာကြောင့် လန့်သွားရသည်~
ခုနကလည်း Seokjin Hyung ရှိတဲ့အချိန်မို့သူထိုလူ့ကိုသိပ်မကြောက်တာ အခုတော့ကြောက်တယ်...ဘာကျန်ခဲ့လို့ပြန်လာတာလဲမသိဘူး~
Jungkook;"Kim Seokjin ရော!!"
"ဗျာ.!"
ဒုန်း!
ကောင်တာကခုံကို တုန်းကနဲထုချလိုက်တာကြောင့်Hoseok ရင်တွေဘာတွေပါတုန်သွားရသည်~သူ့ကိုစူးစိုက်ပြီး ပြောနေတာကလည်းသတ်တော့မယ့်အတိုင်းပဲ~ဆိုင်ထဲမှာလူရှင်းနေလို့သာ နောက်မို့ဆို ဟိုတစ်ခါကလိုသူတို့ဆိုင်ကို Customerတွေကြောက်ပြီး မလာဘဲနေကြလိမ့်မယ်~ဆိုင်ကဝန်ထမ်းတွေကလည်းအားကိုးရပါသည် တစ်ယောက်မှကိုမတွေ့ကြတော့~
Jungkook လက်ညိုးနဲ့လက်မကိုသုံးပြီး နှာရိုးလေးကိုဖိနေမိသည်~သူစိတ်ကိုမနည်းလျှော့ထားရတာ..
"ကျစ်! Kim Seokjin တောင်မသိတော့ဘူးလား!!! ဘယ်မှာလဲ အဲ့ဘိုးတော်!!"
"ဗျာ...ခု..ခုနကပဲ ခင် ခင်ဗျားနဲ့ Seok.... Seokjin Hyung အတူတူသွားတာလေ.."
Jungkook;"စကားကိုထစ်မနေနဲ့ ကောင်းကောင်းပြောလေ!!!"
"ဟို..ဟို ကျွန်...ကျွန်တော့်ကို အဲ..အဲ့လိိုမျက်လုံးစူးစူးကြီးနဲ့ မ..မကြည့်ပါနဲ့..အဲ့...အဲ့လိုဆို ကျွန်တော်မပြောတတ် တော့ ဘူး..."
Jungkook;"အပိုမပြောနဲ့ မေးတာပဲဖြေတော့!!"
"ကျွန်တော် ဖြေ..ဖြေပြီးပြီလေ...ခင်..ခင်ဗျားနဲ့ Seok..Seokjin Hyung ကအတူတူသွားကြတာလေ..."
Jungkook;"ဒီလူဘာတွေလာပြောနေတာလဲ
ကျုပ်နဲ့သွားရအောင် ကျုပ်ကအခုမှဒီကိုလာတာလေ!!"
"ကျွန်တော်မြင်..မြင်လိုက်ပါတယ်... ခင်..ခင်ဗျား Seok..Seokjin Hyung ကိုလာ...လာခေါ်တာ.."
သူအခုမှအိမ်ကထွက်လာတာလေ ဒီလူဘာတွေလာပြောနေတာလဲ~သေချာတာတစ်ခုကတော့ Kim Seokjin ကျုပ်မဟုတ်တဲ့ တခြားကောင်နဲ့ပါသွားတာပဲ...ဒီလောက်ချုပ်ခြယ်ထားတာတောင် ဒီလူက အဖက်မလုပ်တာလား $ဂရုမစိုက်တာလားပဲ~
Jungkook;"ဘယ်ကိုသွားမယ်ပြောသွားလဲ..!
ခင်ဗျားမသိရင် ကျုပ်တစ်ကယ်လုပ်တော့မှာနော်!!"
"Lotte World Mall ကိုသွား...သွားတာလေ ကျွန်တော်သိတယ်နော် ဘာမှမလုပ်.."
Hoseok စကားမဆုံးခင်ပြေးထွက်သွားတဲ့ Jungkookကြောင့် Hoseok မှာ ရင်ဘတ်လေးပေါ်လက်အုပ်ကာ အသက်ကိုဖြောင့်ဖြောင့်ရှူရဲတော့သည်~သူပုံမှန်ဆိုတော်ရုံမကြောက်ပါ ဒီတစ်ယောက်ပုံစံကတော့ သူမပြောနဲ့ဆိုင်ကဝန်ထမ်းတွေတောင် သူ့အရိပ်မြင်တာနဲ့ဒူးတွေတုန်နေကြသည်~အခုလည်းဟိုလူပြန်သွားတော့မှ ဘယ်ကနေဘယ်လိုအပြင်ထွက်လာကြမှန်းမသိ...
.
.
.
ကြုံတဲ့နေရာဆိုင်ကယ်ရပ်ကာ Lotte World Mall ထဲကို ခြေလှမ်းကြဲတွေဖြင့်ဝင်လာခဲ့သည်~
"CEO ဘယ်ကပြန်လာတာလဲ"
Jungkook;"ဘာ!"
"ကျွန်တော်ကိုလိုတာပြောလေကျွန်တော်ဝယ်ပေးမှာပေါ့ အထဲမှာ CEO ကောင်လေးတစ်ယောက်ထဲ ဖြစ်နေလိမ့်မယ် အာ...ပြီးတော့ ကျွန်တော် Mall မနက်ဖြန်မှဖွင့်မယ် ဆိုပြီးလည်းကြေညာထားတယ်သိလား CEO.....CEOတို့နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေလို့ရအောင်လေ တချို့ဝန်ထမ်းတွေတောင်ကျွန်တော်ပြန်လွှတ်ထားတယ် ကျွန်တော်တော်တယ်မလား"
Jungkook သူ့ကိုနားမလည်တဲ့စကားတွေလာပြောနေတဲ့ Suitအပြည့်နဲ့လူကိုဂရုမစိုက်ဘဲ Mall အထဲကိုဝင်လာခဲ့သည်~
အတွင်းရေးမှူး ဂျယ်ဟော့တစ်ယောက်သူ့ကိုဘာမှပြန်မပြောဘဲ ပြေးဝင်သွားတဲ့ CEO ကိုနားမလည်တော့....သူ့ကို CEOကဖုန်းဆက်ပြီး CEO Jeon ရဲ့အပိုင်ဖြစ်တဲ့ ဒီ Lotte World Mall ကလူတွေကို သူနဲ့သူ့ကောင်လေးဆိုတဲ့သူလွတ်လွတ်လပ်လပ် လျှောက်လည်ဖို့ဆိုပြီးပြန်လွှတ်ခိုင်းတာလေ အခုကျဘယ်လိုအခြေအနေကြီးပါလိမ့်!!
.
.
.
စူးရဲနေတဲ့မျက်ဝန်းဝိုင်းတွေကလည်း Mall ထဲမှာ လှည့်ပတ်ကစားနေတော့သည်~
အခုထိမတွေ့သေးတာကြောင့်စိတ်ကစုစည်းလို့မရ~
_
_
နောက်ဆုံးတော့တွေ့ပါပြီ ရိုက်သတ်ချင်စရာမြင်ကွင်း~
ကျုပ်ရည်းစားက ကျုပ်မဟုတ်တဲ့ကောင်ကို လက်ဆောင်ဆိုပြီးပေးနေတာတဲ့လေ~
အဟက် သိပ်ကောင်းလိုက်တဲ့မြင်ကွင်း စိတ်ပျက်ဖို့!!!
Kim Seokjin ဆိုတဲ့လူနဲ့ကခပ်နီးနီးမှာရှိပေမယ့်
သူရဲ့နာမည်ကို သံကုန်အော်ပလိုက်သည်~
ဒါသူဘယ်လောက်ဒေါသထွက်နေလည်းဆိုတာသိစေချင်တဲ့သဘော!
"Kim Seokjin!!!!!"
ဆော့ဂျင်ကိုယ်လေးတွန့်ခနဲဖြစ်သွားရသည်....
သူ့ရဲ့နာမည်ကိုအော်ခေါ်လိုက်တဲ့အသံဟာ ဘယ်လောက်တောင်ကျယ်လိုက်သလဲ...ခုနက Mr Jeon သူ့ကိုအော်ခေါ်တာထက် အဆ တစ်ထောင်လောက်ကျယ်လွန်းသည်~
နောက်ကိုလှည့်မကြည့်လည်းသိနေတဲ့ဒီအသံပိုင်ရှင်ဟာသူ့ရဲ့နှစ်ယောက်မရှိတဲ့ ကလေးဆိုးလေး~
Jungkook;"ခင်ဗျား ကျုပ်နဲ့လိုက်ခဲ့!!!"
ဘေးကလူကိုကြည့်ရင် သတ်မိမှာဆိုးတာကြောင့် သစ္စာဖောက်ကိုကိုရဲ့ လက်ကိုဆွဲကာ ထိုနေရာမှထွက်လာခဲ့သည်..သို့ပေမယ့် ဆော့ဂျင်ရဲ့ကျန်လက်တစ်ဖက်ကို ထပ်မံဆွဲလာပြန်တဲ့ လူ~
ဒါတော့သူ့စိတ်ကိုထိုလူစမ်းတာဖြစ်သွားပြီ~
"Kim လေးကို ဒီလိုဆွဲလာရမ်းလာမလုပ်ပါနဲ့"
ခွပ်!
Seokjin ကိုဆွဲထားတဲ့လက်မလွှတ်ဘဲ လက်တစ်ဖက်ဖြင့် Jungkook သူ့ကိုလာအမိန့်ပေးနေတဲ့လူအားထိုးချလိုက်သည်~
Seokjin;"ပြန်..ပြန်ရအောင်နော် ကလေး "
"ပါးစပ်ပိတ်ထား ကျုပ်လူသတ်ချင်နေပြီ!!"
တစ်ချက်ထဲပေမယ့် ဘယ်လောက်တောင်ပြင်းလည်းမသိ သူ့ရဲ့နှုတ်ခမ်းစပ်နားကိုသပ်ပြီးပြန်ကြည့်လိုက်ရာ သွေးတောင်အနည်းထွက်နေသည်~သူငယ်ငယ်ထဲက ရန်လည်းမဖြစ်ဖူးသလို အထိုးအသတ်လည်းတစ်ခါမှမလုပ်ဖူးပါ...ငယ်ငယ်ထဲကလိမ်လိမ်မာမာနေခဲ့တဲ့ သူမို့သူရန်ဖြစ်တယ်ဆိုတာကိုတောင်မမြင်ဖူးခဲ့ဘူး~အခုတော့အသားလွတ်ကြီးအထိုးခံလိုက်ရတယ်~
Jungkook သူ့ရှေ့ကလူကိုသေချာစူးစိုက်ကြည့်လိုက်တော့မှ ထိုလူ့မျက်နှာဟာသူ့မျက်နှာနဲ့တူနေသယောင်~
ထိုလူတပ်ထားတဲ့မျက်မှန်ကိုဆွဲချွတ်ကာလွှင့်ပစ်လိုက်တဲ့အချိန် ထိုလူကသူ့ကိုမျက်ထောင့်နီတွေနဲ့ကြည့်လာပြီးပြောလာသည်~
"မင်းမျက်နှာကဘာလို့ငါနဲ့လာတူနေရတာလဲ
ဒါကြောင့် Kim လေးက ငါ့ကိုမင်းနဲ့မှားခဲ့တာပေါ့"
Seokjin လက်ကို ကလေးဆိုးလေးက လွှတ်ကာ Mr Jeon ရဲ့ အင်္ကျီကော်လံစကိုဆွဲလိုက်တာကြောင့် ဆော့ဂျင်ကလေးဆိုးလေးလက်ကိုလှမ်းဆွဲပေမယ့်အရာမရောက်ခဲ့~
ထို့နောက်မှာတော့ ကလေးဆိုးလေးကအားမာန်အပြည့်နဲ့ ထိုးချက်တွေဆင့်လာခဲ့သည်~
ခွပ်!ခွပ်!ခွပ်!
"ဘယ်သူ့ကိုလာပြီး Kimလေးလာပြောနေတာလဲ!!"
ခွပ်!ခွပ်!
ခင်ဗျားထမင်းစားရတာစိတ်ကုန်နေပြီလား!!"
ခွပ်!
ကျုပ်တစ်ခါတည်းငရဲပို့မိတော့မယ်!!"
Seokjin;"တော်ပါတော့ကလေးရယ် အ့"
Seokjin ကလေးဆိုးလေးရဲ့လက်မောင်းကနေဆွဲကာပြောပေမယ့် တွန်းထုတ်ခံလိုက်ရတဲ့သူ့ရဲ့ခန္ဓာကိုယ်~လဲကျသွားတဲ့ကိုယ်လေးကိုပြန်ထရင်း ကလေးဆိုးလေးကိုကြည့်မိတော့ သူ့ကိုစူးရဲစွာစိုက်ကြည့်နေလေသည်~
Seokjin;"လွှတ်ပေးလိုက်ပါတော့နော် ကလေးရယ်"
"ပါးစပ်ကိုပိတ်ထား!!
တောက်!!"
သူ့ကိုစူးရဲစွာကြည့်ပြီးမှာ အကြည့်ခွာ၍ Mr Jeon ကိုပြန်ထိုးနေပြန်သည်~Mr Jeon ခင်မျာဘာမှပြန်မခုခံနိုင်~ဒီကလေးဆိုးလေးဟာ ဒီလိုနေရာမှာဆရာတဆူဖြစ်နေတာ သူမကြိုက်ဘူး~
ခွပ်!ခွပ်!ခွပ်!
"ကျုပ်အပိုင်ကိုလာထိဖို့မပြောနဲ့ နာမည်ကိုပိုင်ဆိုးပိုင်နက်ခေါ်ရင်တောင်ကျုပ်မကြိုက်ဘူး!"
ခွပ်!
Seokjinဒီကိစ္စဝင်ပါမှရတော့မယ် နောက်မို့ဆို Mr Jeon သေသွားလိမ့်မယ်...ဘေးပတ်ဝန်းကျင်ကိုအကူအညီတောင်းဖို့ကြည့်ပြန်တော့လည်း ထူးဆန်းစွာနဲ့သူတို့ရန်ဖြစ်နေတဲ့နေရာမှာ မည်သူမျှရှိမနေ...
Mr Jeon ကိုအပေါ်စီးကနေ လက်သီးချက်တွေအဆက်မပြတ်ထိုးနေတဲ့ Jungkookရဲ့ခါးအား ဆော့ဂျင်နောက်မှသိုင်းကျုံးဖက်ပြီး တစ်ရှိုက်ရှိုက်ငိုမိတော့သည်~
သူကြောက်လာပြီ~
"တော်ပါတော့ တောင်းပန်ပါတယ် ကိုကိုကပဲတောင်းပန်ပါတယ်ကလေးရယ်..."
သူ့အပြောကြောင့် ကလေးဆိုးလေးရဲ့ လက်သီးချက်တွေရပ်တန့်သွားပြီး ကလေးလေးခါးကိုဖက်ထားတဲ့သူရဲ့လက်တွေကို ကလေးဆိုးလေးကဆွဲမဖြုတ်သေးဘဲ လေသံမာမာပြောလာပြန်သည်~
"ခင်ဗျားကောင်ကိုထိတော့ ခင်ဗျားကငိုတယ်ပေါ့လေ ဟုတ်လား!!"
Seokjin;အဲ့လိုမဟုတ်ပါဘူး ကိုကိုကြောင့်ရန်မဖြစ်စေချင်ရုံပါ ဟင့်~
"ကျုပ်ငိုတာမကြိုက်ဘူးနော် ခင်ဗျားမျက်ရည်တွေသုတ်လိုက်!!"
ကလေးဆိုးလေးက သူဖက်ထားတဲ့လက်တွေကိုဖြုတ်ကာ သူ့ဘက်ကို ကလေးဆိုးလေးမျက်နှာမူလာသည်..
Seokjin;"ဒီမှာကြည့် ကိုကို သုတ်လိုက်ပြီနော်"
သူတို့နှစ်ယောက်စကားပြောနေတုန်းပြာပြာသလဲရောက်လာတဲ့ လူတစ်ယောက် ထိုလူကသူ့ရှေ့ကကလေးဆိုးလေးနဲ့ လှဲနေတဲ့ Mr Jeon ကိုအကဲခတ်နေသည်~
"CEO Jeon..အဆင်ပြေရဲ့လား!!"
ခဏအကြာ ထိုလူကတစ်ခုခုကိုသိသွားပုံရပြီး Mr Jeon ကိုတွဲကာ ထွက်သွားဖို့ပြင်နေသည်~
Seokjin အခုမှ Mr Jeon ဆီအကြည့်ပို့မိတော့
မျက်နှာမှာဒဏ်ရာအပြည့်နဲ့ သတိမေ့နေသည် ...
Mr Jeonဘေးသွားထဖို့အလုပ် သူ့လက်ကိုဆွဲလာပြန်တဲ့ Jungkook,
"ကျုပ်ကို ပဲကြည့်စမ်း Kim Seokjin!!"
"ဟင့် အင်း"
"ငိုတာမကြိုက်ပါဘူးလို့ပြောထားတာမှတ်မထားဘူးလား...မငိုနဲ့လေ..ကျုပ်မကြိုက်တာမလုပ်ပါနဲ့ ကျုပ်ကဒေါသထွက်ရင်ဘာမှမမြင်တတ်တာကြောင့် ခင်ဗျားအတွက်လည်းမကောင်းဘူး!!"
Seokjin;"တော်ပါတော့!
ငါ ပင်ပန်းလာပြီ…အဲ့လိုတဇွတ်ထိုးတွေမလုပ်ပါနဲ့တော့!!!"
"Kim Seokjin ခင်ဗျားကလည်းအမှားတွေလုပ်ထားသေးတယ် ကျုပ်ကိုဘယ်လေသံနဲ့လာပြောနေတာလဲ!?"
Seokjin ကလေးဆိုးလေးခေါ်တာကိုမကြည့်ဘဲ Mr Jeon ခန္ဓာကိုယ်အားကုန်းပိုးသွားတဲ့မြင်ကွင်းကိုသာ ကြည့်နေမိသည်~
ဒါတွေအားလုံးကသူ့ကြောင့်ဖြစ်ရတာမဟုတ်လား~
အပ်ပုဒိတ်ပစိလေးကြာသွားလို့မီယာနယ်ရော်kyinueshinကြည်နူးလေးFb မှာအပ်ပေးဖို့ပြောလာလို့ အပ်လိုက်ပြီနော်လို့><
Zawgyi;
"တီ..တီ..တီ..တီ..တီ...!"
.
.
.
.
.
.
"ဗျာ.!"
ဒုန်း!
"ဟို..ဟို ကျွန်...ကျွန်တော့်ကို အဲ..အဲ့လိုမျက်လုံးစူးစူးကြီးနဲ့ မ..မကြည့်ပါနဲ့..အဲ့...အဲ့လိုဆို ကျွန်တော်မပြောတတ် တော့ ဘူး..."
.
.
.
"CEO ဘယ်ကပြန်လာတာလဲ"
Jungkook;"ဘာ!"
.
.
.
_
_
"Kim Seokjin!!!!!"
ခွပ်!
ခွပ်!ခွပ်!ခွပ်!
ခွပ်!ခွပ်!
ခွပ်!
Seokjin ကလေးဆိုးလေးရဲ့လက်မောင်းကနေဆွဲကာပြောပေမယ့် တွန်းထုတ်ခံလိုက်ရတဲ့သူ့ရဲ့ခန္ဓာကိုယ်~လဲကျသွားတဲ့ကိုယ်ကိုပြန်ထရင်း ကလေးဆိုးလေးကိုကြည့်မိတော့ သူ့ကိုစူးရဲစွာစိုက်ကြည့်နေလေသည်~
"ပါးစပ်ကိုပိတ်ထား!!
တောက်!!"
ခွပ်!ခွပ်!ခွပ်!
ခွပ်!
သူကြောက်လာပြီ~
"ဟင့် အင်း"
Seokjin;"တော်ပါတော့!
အပ်ပုဒိတ်ပိစိလေးကြာသွားလို့မီယာနယ်ရော်…