မချစ်ဘူး~မုန်းတယ် [✓]
By _Twelve_12
207K 18K 1.9K
မုန်းတယ် မမြင်ရရင် မနေနိုင်တဲ့အထိ မုန်းတယ် မချစ်ဘူး သူမလို့ကို မချစ်ဘဲမနေနိုင်ဘူး (Jungkook x Jin) More
ep1
ep2
ep3
ep4
ep5
ep6
ep7
ep8
ep9
ep10
ep11
ep12
ep13
ep14
ep15
ep17
ep18
ep19
ep20
ep21
ep22
ep23
ep24
ep25
ep26
ep27
ep28
ep29
ep30
ep31
ep32
ep33
ep34
ep35
ep36
ep37
ep38
ep39
ep40
ep41
ep42
ep43
ep44
ep16
4.9K 438 32
By _Twelve_12
ဆော့ဂျင်တို့အဖွားအိမ်သည် ယခင်ကနှင့်
လားလားမျှမဆိုင် ဖျက်ဆီးခံလိုက်ရပြီး
အတွင်းပိုင်းတစ်ခုလုံး ခြေချစရာနေရာပင်မရှိ။
ဂျောင်ဂုရောက်သွားတော့ ကင်မ်ဆော့ဂျင်က
လှေကားနားတွင် ဒူးပိုက်ရင်း သူ့ကိုစောင့်နေရှာသည်။ သူ့ကိုမြင်တော့ တစ်ဖန်ထပ်ငိုပြန်တော့သည်။
" ဂျောင်ဂု...တစ်ခုမှမရှိတော့ဘူး ဂျောင်ဂု....
ငါဘယ်လိုလုပ်ရမလဲ.. ဘယ်လိုလုပ်မရလဲ ဟင်
ဖွားတို့ဘယ်ရောက်နေလဲ ငါမသိသေးဘူး သူတို့အခက်အခဲဖြစ်နေရင် ဘယ်လိုလုပ်မလဲ
ဂျောင်ဂု.... အီးဟီး... "
သူ့ကိုလည်းမြင်တော့ တိုင်တန်းပြီး
ထပ်ငိုပြန်သည်။ ကင်မ်ဆော့ဂျင်တစ်ကိုယ်လုံးကို
ဆွဲယူရင်း သူ့ရင်ခွင်ထဲတွင် ငိုစေသည်။
သူစကားအများကြီးမပြောတတ်တော့
အခုချိန်မှာ ကင်မ်ဆော့ဂျင်အငိုတိတ်ကျေနပ်စေမည့်
နှစ်သိမ့်စကားလည်း သူမဆိုတတ်။
ကင်မ်ဆော့ဂျင် တသိမ့်သိမ့်ငိုရှိုက်နေတာကိုသာ
သူကြည့်နေနိုင်ခဲ့သည်။
" အမေကလူစိတ်မရှိတော့ဘူး
သူကမကောင်းဆိုးဝါး ဂျောင်ဂု..
ငါသူနဲ့ဝေးဝေးနေမှရတော့မယ်
ငါသူ့ကိုမုန်းတယ် ဂျောင်ဂု...
သူက ငါ့ကိုစောင့်ရှောက်ခဲ့တဲ့ အဖွားကိုတောင်
အိုးမဲ့အိမ်မဲ့ဖြစ်အောင် မောင်းထုတ်ပစ်တာ...
သူဘယ်မှန်းမသိ အလေလွင့်နေတဲ့အချိန်
သူ့သားကိုစောင့်ရှောက်ခဲ့တဲ့ အဖွားအို‌ကိုလေ...
သူလုပ်လိုက်တာ... သူလူမဟုတ်ဘူးမလား "
" ဂျင်... "
" ဂျောင်ဂုလည်း ငါနဲ့ဝေးဝေးနေမှရတော့မယ်
သူလုပ်လိမ့်မယ် သူက ငါ့ဘေးနားကသူတွေကိုဆို
သူဒုက္ခရောက်အောင်လုပ်လိမ့်မယ် "
" ဂျင် တော်တော့ စိတ်အေးအေးထား... ကျွန်တော့်ကိုကြည့်... "
အသိစိတ်ပျောက်နေသလို ကင်မ်ဆော့ဂျင်ပုံစံက
သူ့ရင်ထဲ တည့်တည့်ဝင်လာသည်။
ဒီလူကိုပျော်စေချင်တယ်၊ ဒီလူကိုကာကွယ်ချင်တယ်၊ ဒီလူမျက်ရည်ကျမှာ သေမတတ်ကြောက်လာတယ် 
ဒီလူအတွက် ဘာမဆိုလုပ်ပေးချင်လာတယ်
" ဂျင် ကြည့် ကျွန်တော်ပြောမယ်
ဂျင်အမေက အဲလောက်ထိမဆိုးပါဘူး
ဂျင်မြင်အောင်ပြောရရင်
ဖွားတို့တစ်နေရာရာမှာ
ကောင်းကောင်းရှိနေနိုင်တယ် သူတို့အသက်အန္တရာယ်မဖြစ်ဘူး
ဂျင်သာဒီလိုဖြစ်မနေရင် ပြန်ရှာလို့ရတယ် ကိုရီးယားနိုင်ငံက ကျဉ်းကျဉ်းလေး...
ဂျင်ရှာချင်ရင် အချိန်မ‌ရွေးရှာလို့ရတယ် ဂျင်... "
" ဂျောင်ဂု....
ငါ့အမေက အဖေသေတော့တောင် ပြန်မလာခဲ့ဘူး "
ငါ့မွေးနေ့တစ်ခါမှ သူမမှတ်မိဘူး
မွေးနေ့ဆုတောင်းတောင် မရဖူးဘူး
ငါသူနဲ့ ကိတ်တောင်မခွဲဖူးဘူး
တစ်ခါမှ ဟင်းချက်ကျွေးတာမျိုးမရှိခဲ့ဘူး
ဒါဆိုရင်တောင် သူကကောင်းတဲ့သူလား...
ငါတော့သူ့ကိုမုန်းနေတုန်း "
" သူဂျင့်ကိုတော့ ချစ်မှာပါ "
" ချစ်မှာတဲ့လား... ချစ်ရင် ဒီလိုမျိုးသူလုပ်ပါ့မလား "
" ဂျင်ကိုယ်တိုင်ကရော သူ့ကိုချစ်ကြောင်း
ဘယ်လောက်ပြောခဲ့ဖူးလို့လဲ
သူအရင်ကမကောင်းခဲ့တာမှန်ပေမဲ့
အခုချိန်မှာ သူပြောင်းလဲချင်ပေမဲ့
ဂျင်ကသူ့ကိုနာကြည်းနေတယ်လေ
ဂျင်သာ သူ့ကိုနည်းနည်းမြင်အောင်
ကြည့်ပေးလိုက်ပါ ..
အရင်ကကိစ္စတွေကိုမေ့ပြီး
အမေ့ကိုနည်းနည်းလောက် ချစ်ကြည့်ပါလား
အရင်ကမကောင်းခဲ့ရင်တောင်
ဂျင့်အချစ်တွေကြောင့်
ပြောင်းလဲလာနိုင်တာဘဲလေ
အမေ့ကိုချစ်ကြည့်တာ အရှုံးမရှိဘူး
ဟုတ်တယ်မလား "
" ဂျောင်ဂု.... "
" မင်းလည်းငါ့ကိုမုန်းနေတာ "
" ... "
" အဲဒါကြောင့် အမေ့ဘက်ကပါနေတာ...
ငါ့ကိုမုန်းနေတာ... အမေဒီလောက်
မကောင်းတာတွေ လုပ်ထားတာတောင်
မင်းကငါ့ကိုအပြစ်တင်တယ် "
" ငါ့ကိုအခုထိ မကြည်သေးဘူးမလား "
" ငါက ဂျောင်ဂီအပေါ်အမြတ်ထုတ်ပြီး
သိပ်မမျှတတာတွေ လုပ်ခဲ့တာကလွဲရင်
မင်းနဲ့ဘာရန်ငြိုးရှိလို့လဲ
ဂျောင်ဂီတောင် အပြစ်မမြင်တာ
မင်းကဘာလို့ ရန်ငြိုးထားပြီး မုန်းနေရတာလဲ
ငါက အဲလောက်မုန်းစရာကောင်းနေလား "
" အရက်သောက်ထားတာလား "
" စကားလမ်းကြောင်းမလွဲနဲ့...
မင်းငါ့ကိုမုန်းနေတယ်ဆိုရင်လည်း
ဘာလို့ငါ့ဆီလာပြီး အကူအညီတွေပေးပေးနေလဲ "
" တကယ်မုန်းတယ်ဆိုတာ
ဘယ်လိုလဲပြပေးရမလား "
ဂျောင်ဂု ကင်မ်ဆော့ဂျင်ကို အံကြိတ်သံနဲ့
ပြောလိုက်သည်။
ဒီလူက လူကိုအသည်းယားအောင်လည်း
ရန်ထောင်တတ်သေးတယ်လား။
" ပြကြည့်လေ ပြကြည့်စမ်းပါ...
ငါကလည်း-အင့် "
ဂျောင်ဂု ကင်မ်ဆော့ဂျင်တစ်ကိုယ်လုံးကို
ချုပ်လိုက်ပြီး နောက်စေ့ကနေထိန်းကာ
ပါးပြင်ကိုကိုင်ရင်း နင့်နင့်နဲနဲနမ်းရှိုက်လိုက်သည်။
ဘယ်လိုလူလဲ တစ်ချိန်တည်းမှာ ဝမ်းနည်းနေရင်း စိတ်အပြောင်းအလဲမြန်စွာ ရန်လိုနေပြန်တာ။
ရန်ထောင်နေတော့ နဂိုဖူးချင်နေတဲ့
နှုတ်ခမ်းလုံးလုံးက စုချွန်နေတော့
အကြည့်မလွဲနိုင်တော့။
ခင်ဗျားချစ်တယ်ပြောကတည်းက
အခုန်မြန်နေတဲ့ ကျုပ်နှလုံးသားက
ခင်ဗျားအနမ်းနဲ့ ကုစားမှ ရတော့မှာ။
ဂျောင်ဂုလည်ဂုတ်ကနေ သေချာထိန်းကိုင်ရင်း
အနမ်းတွေကို တိုးပြီး နှုတ်ခမ်းအိအိကို
စုပ်ယူနေမိသည်။ လေတိုးလို့မရအောင် နှုတ်ခမ်းချင်းဖိကပ်ထားရင်း
လျှာဖျားပါ တိုးဝင်သည်။
ပြင်ဆင်ခြင်းမရှိတဲ့ သူအနမ်းတွေကို
အလောတကြီးလက်ခံလိုက်ရတဲ့
ကင်မ်ဆော့ဂျင်က သူ့နောက်အမီမလိုက်နိုင်။ သူ့လျှာခံတွင်းထဲရောက်မှ ငြိမ်ကျသွားရင်း
တစ်ဆင့်ချင်း အ‌ပေးအယူမျှလာသည်။
အတော်ကြာသည်အထိ သူမလွှတ်ပေးမိ။ တစ်ချိန်လုံး စိတ်အနှောင့်အယှက်ဖြစ်အောင်
အတွေးထဲထိ နှောင့်ယှက်နေသူကို
ဒီလောက်တော့ နမ်းသင့်သည်မလားဟမ်။
" အင်း... "
ဆော့ဂျင်တစ်ယောက် ရှိုက်သံပျောက်သည်အထိ
အနမ်းခံလိုက်ရသည်။ ကျေးဇူးတင်ပါတယ်...
စိတ်သက်သာရာရအောင်ပြောပေးလို့..
ကျေးဇူးတင်ပါတယ်...
အမြဲတမ်းသူရှိတဲ့နေရာကို ရောက်လာပေးခဲ့လို့..
ဘယ်ချိန်တည်းက မင်းကငါ့ဘဝထဲဝင်လာပြီး
ဒီလောက်ထိ နေရာယူသွားရတာလဲ ...
ဘယ်လောက်ထိ ငါ့အနားမှာနေပေးမှာလဲ...
ထိုအတွေးတွေနဲ့အတူ မွန်းကြပ်လာပြီး
အနမ်းတွေမှ ရုန်းထွက်လိုက်သည်။
သို့သော် ခဏမကြာဘူး ပြန်အနမ်းခံလိုက်ရတယ်။
သူ့နှုတ်ခမ်းအပေါ်အောက်၊ ခံတွင်းတစ်ခုလုံး
မွှေနှောက်ပြီး နမ်းသည်။
ဆော့ဂျင်လည်း ကြာကြာရုန်းမထွက်နိုင်။
သူ့အနမ်းတွေအောက် နစ်မျှောကာ
သူနှင့်အတူ အပေးအယူမျှမျှ နမ်းနေမိသည်။
အချိန်တစ်ခုကြာသည်အထိ မလွှတ်နိုင်သေး
သူကိုယ်တိုင်လည်း ရုန်းထွက်ဖို့မေ့နေခဲ့သည်။
မဟုတ်ဘူး ဒီအနမ်းတွေက အရမ်းချိုတယ်
ရုန်းထွက်ဖို့ ဘာလို့ကြိုးစားရမှာလဲ
အရင်တည်းက ဂျောင်ဂုနဲ့သူက အိပ်ရာပေါ်ထိ
ဆက်ဆံရေးရှိထားသူမလို့ အနမ်းတွင်
အလွယ်တကူပျော်ဝင်လွယ်သွားသည်။ နှစ်ယောက်သား လွှတ်ဖို့ စိတ်တိုင်းကျမှ
နှုတ်ခမ်းချင်းခွာလိုက်ကြသည်။
အနေအထားကိုမပြင်ဘဲ ဂျောင်ဂုလက်က
သူ့ပါးပေါ်တွင် ရှိနေသေးသည်။
" ချစ်တယ်... ချစ်တယ်လို့ပြောခဲ့တယ်မလား "
" ‌....မေ့လိုက် မေ့လိုက်လို့ရတယ် "
" မလုပ်ချင်ဘူး ဘာအတွက်မေ့ရမှာလဲ "
" မလိုချင်လို့ အဲလိုမျိုးတွေ... "
" ဒါဆိုဘာလို့ပြောခဲ့လဲ "
" အဲဒါက ..ဒီအတိုင်း ထွက်သွားတာ "
ဆော့ဂျင်သူနဲ့အကြည့်ချင်းမဆုံနိုင်။
တကယ်လည်း ဘာလို့အဲစကား
ထွက်သွားလဲသူမသိ။ ထိုအခါ
ဂျွန်ဂျောင်ဂုက ဘာမှမပြောတော့..
သူ့ကိုထိန်းကိုင်ထားတဲ့လက်တွေကို
လွှတ်ပေးလိုက်ပြီး နေရာမှထရပ်သည်။
" ဘယ် ဘယ်လဲ "
ဆော့ဂျင်စိုးထိတ်သွားပြီး
အလောတကြီးမေးလိုက်သည်။
ဂျွန်ဂျောင်ဂုစိတ်ဆိုးသွားမှာ သူမလိုချင်။
ပြောရမယ်ဆိုရင် အရင်က သူနဲ့ဂျွန်ဂျောင်ဂုလို
သူမဖြစ်ချင်တော့ဘူး။ ဂျောင်ဂုကို
သူစိတ်ဝင်စားတယ် အဲဒီနေ့ကတည်းက...
မိုးရွာတဲ့နေ့ သူ့ကိုလာရှာတဲ့နေ့ကတည်းက
ဂျောင်ဂုအပြုအမှုတွေက
သူ့စိတ်ကိုလှုပ်ခတ်စေသည်။
" ဂျောင်ဂု...ဘယ်လဲလို့ "
ဂျောင်ဂုက သူ့ကို လုံးလုံးကို
ဂရုမစိုက်တော့၍
သူဂျောင်ဂုလက်မောင်းကို လှမ်းဆွဲကာ
တားလိုက်သည်။
ထိုအခါ ဂျောင်ဂုက မျက်နှာ
အနည်းငယ်ပျက်သွားပြီး
သူ့အားစိုက်ကြည့်လာသည်။
ဆော့ဂျင်မလုံမလဲဖြစ်သွားပြီး
အကြည့်ကစားလိုက်သည်။
" ဘယ်လဲလို့မေးနေတာကို-မင်းက.. "
" လိမ်တဲ့သူတွေနဲ့ ဝေးဝေးနေမလို့ "
" ဘယ်မှာလိမ်လို့လဲ "
" ကင်မ်ဆော့ဂျင် "
" ဟုတ်တယ် မင်းကိုချစ်တယ်လို့ပြောမိတယ်
ဘာလဲအဲဒါနဲ့ပဲ ငါ့ကိုအနိုင်ယူတော့မှာလား ဒါဆိုဘာလို့လာနေသေးလဲ မကြိုက်ရင်
ခုနကလို ထင်ယောက်ထင်မှား
အပြုအမူတွေ မလုပ်ပါနဲ့လား
ငါကသရုပ်ဆောင်မင်းသားဆိုပေမဲ့ မင်းနဲ့ဇာတ်ကားရိုက်နေတာမဟုတ်ဘူး "
ကင်မ်ဆော့ဂျင် စကားကိုတရစပ်ပြောပြီး
အားပါသွားတိုင်း
သူ့လက်တွေက လက်မောင်းကဒဏ်ရာကို ညစ်နေသလို။
လက်ကအနာကို အောင့်ခံထားပြီးမှ
သူ့ဆီက 'ချစ်တယ်'စကားကြားရတော့ တန်ပါတယ်။
မျက်နှာတစ်ခုလုံး ပေတူးနေပြီး
ခေါင်းမှာအမှိုက်စတွေနဲ့ ဒါမင်းသားပေါ့။
" ဘယ်သူကရော ခင်ဗျားနဲ့ဇာတ်ကားရိုက်နေလို့လဲ
လက်ကိုလွှတ်အုံး နာနေပြီ "
" အော် အခုတော့ အသားထိတောင်
မခံချင်တော့ဘူးပေါ့ ခုနကအထိတော့ အရိုးကြေမတတ်နမ်းခဲ့တာ မင်းပါနော်
အခုမှ အထိမခံချင်တော့တာက
ငါ့ကိုစော်ကားနေသလိုပဲ "
" တကယ်စော်ကားတယ်ဆိုတာ
ဘယ်လိုမျိုးလဲ ပြရမလား "
" ... "
" သွားမယ်ကားဆီ
ခင်ဗျားတစ်ကိုယ်လုံးလည်း ပေပွနေတာပဲ
ဒီလိုပုံစံကို ပရိတ်သတ်တွေမြင်သွားရင်
ခင်ဗျားထမင်းငတ်နေလိမ့်မယ် "
" ဘာ!!! အပိုတွေပြောနေတယ် "
ကင်မ်ဆော့ဂျင် ကော့တော့တော့နဲ့
သူ့ကိုကျော်ပြီး ကားမှန်ပြေးကြည့်သည်။
ခင်ဗျားအဲလိုပျော်နေတာပဲ မြင်ချင်တဲ့သူပါ။
ခင်ဗျားအပြုံးတွေမြင်ရဖို့
ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပေးသွားမှာ။
ခင်ဗျားသာ ကျွန်တော့်ကြောင့်မဟုတ်ဘဲ
တခြားတစ်ယောက်ကြောင့်
ပြုံးနေရင် သဝန်တိုမိမလားတောင်မသိဘူး။ ကျွန်တော်ဆိုးတယ်မလား..
" မြန်မြန်လာလေ ဘာရပ်လုပ်နေတာလဲ
ငါ့ခေါင်းကအမှိုက်တွေ လာဖယ်ပေးအုံး "
" ဖယ်လည်းဘာထူးမှာလဲ
ရုပ်ဆိုးတာက ဆိုးတာပဲ "
" ဘာပြောတယ်!
အချောဆုံးအနုပညာရှင်တွေထဲမှာ နံပါတ်တစ်ရဖူးတဲ့သူကိုများ...
နှစ်နှစ်ဆက်တိုက်ရဖူးတာ
ငါတစ်ယောက်ပဲရှိတယ် "
" တော်ပါ ကားထဲဝင်တော့
ပေတူးနေတာကိုများ "
မှန်ကနေအကြည့်မခွာသေးတဲ့
ကင်မ်ဆော့ဂျင်ကိုဆွဲကာ ကားထဲသွင်းရသည်။ ကားပေါ်ရောက်တဲ့ထိ သူ့ဆံပင်ကို 'သ'
လို့မပြီးသေး။ ခုနက ပြဲလန်နေအောင်ငိုနေတာ
သူမဟုတ်တဲ့အတိုင်း အပြောင်းအလဲမြန်လွန်းလှသည်။
ကားကိုကျွမ်းကျင်စွာလှည့်တော့
သူ့လက်မောင်းက သိသိသာသာ နာလာပြန်သည်။
" ဘာဖြစ်တာလဲ "
" ဟင့်အင်း.... "
ဂျောင်ဂုငြင်းတော့ ငြိမ်ကျသွားပြီး
တစ်ခုခုကို တွေးနေပြန်သည်။
ငြိမ်နေတဲ့ပုံစံနဲ့ ကင်မ်ဆော့ဂျင်က တကယ်မလိုက်တာ။
အမြဲတက်ကြွနေတဲ့ပုံစံပဲ ခင်‌ဗျားကိုမြင်ချင်တာ။
" ဂျောင်ဂု.... "
သူလှည့်ကြည့်တော့‌ ကင်မ်ဆော့ဂျင်က
ရှေ့တူရူကိုသာ ကြည့်နေသည်။
" မင်းပြောတာတကယ်လား...
အမေက ငါ့ကိုချစ်တယ်ဆိုတာ..မဟုတ်ဘူး! သူငါ့ကိုချစ်တယ်ဆိုရင်တောင်
ငါသူ့ကိုခွင့်မလွှတ်ဘူး နှလုံးသားမရှိတဲ့သူက
ဘယ်သူ့ကိုမှ ချစ်မှာလည်းမဟုတ်ဘူး "
" ဂျင်...ကျွန်တော်ပြောတာကိုယုံ...
ဂျင်ကိုယ်တိုင်ကလည်း
အမေ့ဆီက အချစ်ခံချင်နေတာ
ဂျင်ဘယ်လောက်ပဲ အမေ့ကို
နာကြည်းတယ် ပြောနေနေ
ဂျင့်အမေဆီကအချစ်ကို လိုချင်တယ်မလား "
ဆော့ဂျင်ဘာမှမပြောနိုင်ခဲ့။
အမေ့အချစ်ကို လိုချင်ခဲ့ပါတယ်
အဲဒါအရင်တုန်းက.. အခုအသားကျသွားပြီမလို့ အမေနဲ့ပတ်သက်ရင် အမုန်းတွေ
နာကြည်းတာတွေပဲ မှတ်မိတယ်။
" ကြိုးကတင်းလွန်းရင် ပြတ်တတ်တယ်ဂျင် 
ဂျင်တို့ တစ်ယောက်နဲ့တစ်ယောက်
အလျှော့မပေးဘဲ ဆွဲနေကြတာ
ကြာရင် သူစိမ်းတွေလို ဖြစ်သွားလိမ့်မယ်
လူကြီးကစလျှော့ရမှာ
ခနိုးခ‌နှောင့်ဖြစ်နေလောက်တာမလို့
ဂျင်သာ တစ်ဆစ်လောက်ဖြစ်ဖြစ် လျှော့ကြည့်ပါလား ...
ဘယ်ပြောတတ်မလဲ ဂျင်လိုလူကို ဘယ်သူက
မချစ်ဘဲနေနိုင်မှာလဲ...ကျွန်တော်တောင်... "
ဂျောင်ဂုမပြောဘဲရပ်လိုက်တဲ့စကားကြောင့်
ဆော့ဂျင်လှည့်ကြည့်လိုက်သည်။
ထိုအခါ ဂျောင်ဂုကထပ်မပြောတော့။
ဘာဖြစ်တာလဲ လူကိုပြောချင်သလို မပြောချင်သလိုနဲ့...
လူကိုခဏခဏအထင်မှားအောင် လုပ်နေတာ..
" ကြည့်မနေနဲ့ ဘာမှထပ်မပြောတော့ဘူး "
ဆော့ဂျင်မျက်စောင်းနဲ့ကြည့်လိုက်သည်။
သူ့အလှည့်ကျတော့ မပြောချင်ဘူးပေါ့လေ။
လူကိုကြတော့ အတင်း မရိုက်စစ်ရုံတမယ်မေးပြီး...
" မပြောချင်လည်းနေပေါ့
ဘယ်သူမှမသိချင်ဘူး...
မင်းကအကျင့်မှမကောင်းတာ
ဂျောင်ဂီနဲ့မင်းနဲ့ ဘယ်လိုများ
ညီအစ်ကိုတော်လာလဲ
စိတ်ဓာတ်ချင်းကတခြားစီ၊
ရုပ်ရည်ကလည်း ဆယ့်နှစ်ခြား
ချောလည်းမချောဘူး "
" ဟက် ကလေးကလားတွေ "
ဆော့ဂျင် နောက်တစ်ခါ
ထပ်စောင်းကြည့်လိုက်သည်။
သူဘယ်လိုလူကို ကြိုက်မိသွားတာလဲ။
သူစ,ရတော့ ပြုံးတုံ့တုံ့နဲ့ ကျေနပ်နေသည့်မျက်နှာပေး ..
ဆော့ဂျင်‌ကားမောင်းနေတဲ့ ဂျောင်ဂု
လက်မောင်းကို‌ ဆွဲဆိတ်လိုက်သည်။
" အ့! "
" ဘာဖြစ်တာလဲ! "
ဂျောင်ဂုအလန့်တကြားအော်တော့
သူပါလန့်သွားရသည်။ နေပါအုံး
ခုနတည်းက သူ့လက်က အထိမခံဖြစ်နေတာ။
" ဘာဖြစ်ထားတာလဲ လက်မောင်းက
ဖြည်းဖြည်းလေးလုပ်လိုက်တာကို ပြစမ်း... "
" ဘာမှမဖြစ်ဘူး သေးသေးလေး- "
" ပြ ကားရပ်လိုက် "
ကင်မ်ဆော့ဂျင်ရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့်
ဂျောင်ဂုကားကို လမ်းဘေးထိုးရပ်လိုက်ရသည်။
ထိုအခါ ကင်မ်ဆော့ဂျင်က သူ့ဘက်လှည့်ထိုင်လာပြီး
သူဝတ်ထားတဲ့ဂျာကင်ကို ဆွဲချွတ်သည်။
အင်္ကျီလက်မောင်းအောက်ကျသွားတာနဲ့
သူ့ပတ်တီးက တန်းပေါ်လာသည်။
ဒဏ်ရာမြင်တော့ ကင်မ်ဆော့ဂျင်က
ဆက်မချွတ်တော့ဘဲ ရပ်သွားပြီး လက်ချောင်းကောက်ကောက်လေးတွေက
ပတ်တီးကိုဖွဖွထိရင်း သူ့ကိုမော့ကြည့်သည်။
ဂျောင်ဂုအလိမ်‌ပေါ်သွားတဲ့သူလို
အကြည့်ချင်းမဆုံမိ။ လိမ်တာမဟုတ်ပေမဲ့
မသိစေချင်လို့ ဖုံးထားတဲ့သဘောပါ။
နဂိုကကို ဂျင့်ဆီမှာ အပူတွေနဲ့
သူကပါ စိုးရိမ်စရာတွေမပေးချင်။
" ဘယ်တုန်းကရထားတာလဲ "
" ဘာမှမဖြစ်ဘူးလို့ "
" မေးတာပဲဖြေ "
" မနက်က "
" ဟိုလူတွေကြောင့်လား "
" ... "
" သူတို့က လူကိုပါထိခိုက်အောင်လုပ်နေပြီပေ့ါ
ဒါတောင် မင်းကငါ့အမေကို
အကောင်းမြင်နေသေးတာလား
ဖြစ်တာကို ဘာလို့စောစောကတည်းကမပြောတာလဲ 
မနက်ကဖုန်းပြောတုန်းကမေးတော့ ဘာလို့လိမ်ရတာလဲ "
" အဲတုန်းကဘာမှမဖြစ်သေးပါဘူးဆို!
သေးသေးလေးဖြစ်တာ
ဂျီအူးကလည်း အဆင်ပြေတယ်တဲ့ "
" အဆင်ပြေလည်းပြီးတာပဲ ...
မင်းက သူ့ကိုတော့ပြောပြတယ်ပေါ့! "
" သူကဆရာဝန်လေ "
" ငါလည်းဆရာဝန်လုပ်ဖူးတယ်
နောက်ခါငါ့ဆီလာပြ "
ကင်မ်ဆော့ဂျင်ရဲ့စကားကြောင့်
ဂျောင်ဂုအင်္ကျီဝတ်နေရင်း မော့ကြည့်လိုက်သည်။
" ဇာတ်ကားထဲမှာ "
ခပ်တည်တည်နဲ့ပြောနေတဲ့
ကင်မ်ဆော့ဂျင်ကြောင့် ပြုံးချင်သွားသည်။
ဘယ်လိုတောင် ရုပ်တည်ကြီးနဲ့ လာပြောနေတာလဲ။
" ရယ်မနေနဲ့ ငါဟာသပြောနေတယ်များထင်နေလား
ငါကဘာမှမလုပ်တတ်တာနဲ့
ငါ့ကိုအသိမပေးတော့ဘူးလား
အဲလောက်လေးတောင် အရေးမပါဘူးလား ငါ့ကိုလူရာမသွင်းတာလား "
" မရစ်စမ်းပါနဲ့ ကင်မ်ဆော့ဂျင်ရာ
အဲတုန်းက သူလည်းရှိနေတာကို
ကျွန်တော်ကသွားပြောနေတာမှမဟုတ်တာ "
" ဟွန့်..ငါ့အမှားပေါ့...
ထားပါလေ မပြောတော့ဘူး
ဖယ်နေရာချိန်းမယ် ငါမောင်းမယ် "
" ရတယ်! ဖြစ်တယ် "
" ဖယ်ဆိုဖယ် ငါမင်းနဲ့မပြောချင်ဘူး "
ဂျောင်ဂုအလကားနေရင်း
ဟောက်ခံနေရသည်။
သူလည်းဘာမှမလုပ်ပဲနဲ့။
သို့သော် ကင်မ်ဆော့ဂျင်ရဲ့ ထိုပုံစံက
အရမ်းချစ်ဖို့ကောင်းသည်။
နှုတ်ခမ်းဖူးဖူးက ပြန်မဝင်တော့
တောက်လျှောက်စူလျက်
သူ့အား ဟောက်စားနေသည်။
နေရာချိန်းပြီး‌သွားတော့ ကားဆက်ထွက်ဖြစ်သည်။
တဖြည်းဖြည်းနဲ့ ဆိုးလ်မြို့ထဲဝင်လာတော့
အိပ်ချင်လာသည်။ တစ်နေကုန် ကားချည်း
စီးနေရတော့ ငြီးငွေ့ချင်လာပြီ။
ဂျောင်ဂုသူ့လက်တစ်ဖက်ဖြင့် ကင်မ်ဆော့ဂျင်လက်တစ်ဖက်ကို
ဆွဲယူကာ လက်ချင်းယှက်ထားသည်။
ထူးထူးခြားခြား လက်ကလေးတွေ‌က
ကောက်ကောက်လေးတွေ။
ဂျောင်ဂုထိုလက်လေးတွေကို ယူကြည့်ရင်း
လက်ဖမိုးလေးကို နှစ်ချက်လောက်ဆင့်နမ်းလိုက်သည်။
" ဖယ်တော့ အိုက်တယ် "
ဂျောင်ဂုအမြင်ကတ်ကတ်နဲ့ လက်ညိုးထိပ်လေးကို
ကိုက်လိုက်သည်။ ရိုလို့မရတဲ့သူကြီး။
" ခွေးလား မင်းက "
ဂျောင်ဂု လျှာနဲ့ပါ လျှက်ပေးလိုက်သည်။
ထိုအခါ ကင်မ်ဆော့ဂျင်က သူ့လက်ကို
ပြန်ရုတ်သွားသည်။ တံတွေးတွေပေနေတဲ့
သူ့လက်ဖမိုးကို ဘောင်းဘီတွင်သုတ်နေပြီး သူ့ကိုမကြည့်တော့။ ရှက်သွားတာပဲ...
" အဟမ်း ဘယ်ကိုသွားရမလဲ "
ထိုအခါမှ သူတို့မြို့ထဲစဝင်လာတာ သိလိုက်သည်။
သူတို့ပြန်‌ရောက်တော့ ညနေစောင်းနေပြီ။
" ခင်ဗျားအိမ်ကိုပေါ့ "
" အင်း... "
ကင်မ်ဆော့ဂျင်က တိုက်ခန်းဆီ
ချောချောမွေ့မွေ့မောင်းနှင်ခဲ့ပြီး
အဆင့်မြင့်အိမ်ရာတစ်ခုတွင် ကားရပ်သည်။
" ရောက်ပြီ... ကားကိုဂရုစိုက်မောင်း..
မင်းတော့ လက်တွေရော ခြေထောက်တွေရော!
ငါမပြောချင်တော့ဘူး "
ပြန်ခါနီး ပွစိပွစိမှာနေတဲ့ အဘိုးအိုပေါက်ကို
သူလှမ်းဆွဲလိုက်သည်။
" ဂျင်...ဖွားကိစ္စကို စိတ်မပူနဲ့..
ကျွန်တော် သေချာပေါက်ရှာပေးမှာမလို့
‌အိမ်ရောက်တာနဲ့ ကောင်းကောင်းနားတော့..
တခြားဘာမှလည်း အတွေးထဲမထည့်နဲ့....
အိပ်‌ရေးဝအောင်အိပ် မနက်ကြရင် အလုပ်မှာတွေ့မယ် "
ဆော့ဂျင်ခေါင်းတညိတ်ညိတ်လုပ်နေရမှ
နောက်ဆုံးစကားကြောင့် ခေါင်းပြန်မော့လိုက်သည်။
" မင်းကအလုပ်လာအုံးမှာလား
ခြေထောက်တွေရော လက်တွေရော
ပတ်တီးနဲ့ဖြစ်နေတာကို.. "
" အသေးအမွှားတွေလို့ ပြောပြီးပြီရော ..
ဘာမှမဖြစ်ဘူး မနက်ဖြန်တွေ့မယ် "
" အသေးအမွှား အသေးအမွှားနဲ့
လာစမ်း ငါဖက်ကြည့်မယ် "
" ခင်ဗျားအသားယူချင်နေတာနဲ့ အ့-... "
အသေးအမွှားဆိုပြီး လေကျယ်နေတဲ့သူကို
လက်မောင်းကနေ တင်းတင်းဖက်လိုက်တော့
အသံထွက်သည်အထိ ညည်းတော့သည်။
" အသေးအမွှားဆို!
ခြေထောက်ကိုရော တက်နင်းပေးရအုံးမလား "
ဆော့ဂျင်ဖက်ထားရာမှ ဖယ်မည်ပြုတော့
ဂျောင်ဂုက အဖယ်မခံချေ။
ဆော့ဂျင်လည်း အခုတည်းက လွမ်းသလို၊
မခွဲချင်သလို ဖြစ်နေချေ၍
ဂျောင်ဂုပခုံးပေါ်မေးတင်ကာ ငြိမ်နေမိသည်။
" ဂျင် ဘာမှစိတ်မပူဘဲ ကောင်းကောင်းအနားယူခဲ့
တစ်နေ့လုံးပင်ပန်းထားရတာ...ဖွားတို့ကိစ္စရော တခြားဘာကိစ္စမှ စိတ်မပူဘဲ
ကောင်းကောင်းအနားယူနေမယ်မလား.. ဂျင် "
" အင်း... မင်းရော ဘာဖြစ်ဖြစ်
ငါ့ကိုအသိပေးလို့ရမလား
အဲဒါက အသေးအမွှားဆိုရင်တောင်လေ ...
မင်းစိတ်ပူသလို ငါလည်းမင်းကို
စိတ်ပူတယ်ဆိုတာ သိရဲ့လား "
" သိပါပြီလို့...သွားတော့...
အိပ်ခါနီးဖုန်းဆက်လိုက်မယ် "
ဂျောင်ဂု ကင်မ်ဆော့ဂျင်ဝင်သွားတာကိုကြည့်ပြီး
သူလည်းကားမောင်းထွက်ခဲ့သည်။
____________TBC
သူလူမဟုတ်ဘူးမလား "
" ဂျင်... "
" ဂျင် တော်တော့ စိတ်အေးအေးထား... ကျွန်တော့ကိုကြည့်... "
ဂျင်အမေကအဲ့လောက်ထိမဆိုးပါဘူး ဂျင်မြင်အောင်ပြောရရင်
ဖွားတို့တစ်နေရာရာမှာကောင်းကောင်းရှိနေနိုင်တယ် သူတို့အသက်အန္တာရာယ်မဖြစ်ဘူး ဂျင်သာဒီလိုဖြစ်မနေရင်
ပြန်ရှာလို့ရတယ် ကိုရီးယားကကျဉ်းကျဉ်းလေး...ဂျင်ရှာချင်ရင်
သူအရင်ကမကောင်းခဲ့တာမှန်ပေမယ့်
အခုချိန်မှာသူပြောင်းလဲချင်ပေမယ့်
" ဂျောင်ဂု.... "
" ....... "
" အဲ့ဒါကြောင့်အမေ့ဘက်ကပါနေတာ...ငါ့ကိုမုန်းနေတာ...
မင်းကဘာလို့ရန်ငြိုးထားပြီးမုန်းနေရတာလဲ ငါကအဲ့လောက်မုန်းစရာကောင်းနေလား "
" အရက်သောက်ထားတာလား "
" တစ်ကယ်မုန်းတယ်ဆိုတာဘယ်လိုလဲပြပေးရမလား "
ဒီလူ လူကိုအသည်းယားအောင်လည်းရန်ထောင်တတ်သေးတယ်လား။
ပြင်ဆင်ခြင်းမရှိတဲ့သူအနမ်းတွေကိုတလောတကြီးလက်ခံလိုက်ရတဲ့
" အင်း... "
ထိုအတွေးတွေနဲ့အတူ
အရင်တည်းကဂျောင်ဂုနဲ့သူကအိပ်ယာပေါ်ထိ
ဆက်ဆံရေးရှိထားသူမို့အနမ်းတွင်အလွယ်တကူ
" မလိုချင်လို့အဲ့လိုမျိုးတွေ... "
" အဲ့ဒါကဒီအတိုင်းထွက်သွားတာ "
အဲ့စကားထွက်သွားလဲသူမသိ။ ထိုအခါဂျောင်ဂုကဘာမှမပြောတော့..
ထရပ်သည်။
" ဘယ် ဘယ်လဲ "
သူစိတ်ဝင်စားတယ် အဲ့ဒီနေ့ကတည်းက...မိုးရွာတဲ့နေ့သူ့ကို
လှုပ်ခတ်စေသည်။
" ဂျောင်ဂု...ဘယ်လဲလို့ "
အကြည့်ကစားလိုက်သည်။
" ဘယ်မှာလိမ်လို့လဲ "
" ကင်မ်ဆော့ဂျင် "
" ဟုတ်တယ်မင်းကိုချစ်တယ်လို့ပြောမိတယ် ဘာလဲအဲ့တာနဲ့ဘဲ
ငါကသရုပ်ဆောင်မင်းသားဆိုပေမယ့် မင်းနဲ့ဇာတ်ကားရိုက်နေတာမဟုတ်ဘူး "
သူ့လက်ကလက်မောင်းကဒဏ်ရာကိုညစ်နေသလို။
အခုမှအထိမခံချင်တော့တာကငါ့ကိုစော်ကားနေသလိုဘဲ "
" တစ်ကယ်စော်ကားတယ်ဆိုတာဘယ်လိုမျိုးလဲပြရမလား "
" ...... "
" သွားမယ်ကားဆီ ခင်ဗျားတစ်ကိုယ်လုံးလဲပေပွနေတာဘဲ
" ဘာ!!! အပိုတွေပြောနေတယ် "
ခင်ဗျားအဲ့လိုပျော်နေတာဘဲမြင်ချင်တဲ့သူပါ။ ခင်ဗျားအပြုံးတွေ
ကျွန်တော့်ကြောင့်မဟုတ်ဘဲတစ်ခြားတစ်ယောက်ကြောင့်
" ဖယ်လဲဘာထူးမှာလဲ ရုပ်ဆိုးတာကဆိုးတာဘဲ "
" ဘာပြောတယ်! အချောဆုံးအနုပညာရှင်တွေထဲမှာနံပတ်တစ်ရဖူးတဲ့
သူကိုများ...နှစ်နှစ်ဆက်တိုက်ရဖူးတာငါတစ်ယောက်ဘဲရှိတယ် "
" ဘာဖြစ်တာလဲ "
" ဟင့်အင်း.... "
ငြိမ်နေတဲ့ပုံစံနဲ့ကင်မ်ဆော့ဂျင်ကတစ်ကယ်မလိုက်တာ။
အမြဲတက်ကြွနေတဲ့ပုံစံဘဲခင်‌ဗျားကိုမြင်ချင်တာ။
" ဂျောင်ဂု.... "
ကြည့်နေသည်။
" မင်းပြောတာတစ်ကယ်လား...အမေကငါ့ကိုချစ်တယ်ဆိုတာ..
အမေ့ဆီကအချစ်ခံချင်နေတာ ဂျင်ဘယ်လောက်ဘဲအမေ့ကို
အဲ့ဒါအရင်တုန်းက..အခုအသားကျသွားပြီမို့ အမေနဲ့ပတ်သက်ရင်
အမုန်းတွေနာကြည်းတာတွေဘဲမှတ်မိတယ်။
လူကြီးကစလျှော့ရမှာခနိုးခ‌နှောင့်ဖြစ်နေလောက်တာမို့
ဂျင်သာတစ်ဆစ်လောက်
လူကိုခနခနအထင်မှားအောင်လုပ်နေတာ..
လူကိုကျတော့အတင်းမရိုက်စစ်ရုံတမယ်မေးပြီး...
" မပြောချင်လဲနေပေါ့ ဘယ်သူမှမသိချင်ဘူး...
ညီအစ်ကိုတော်လာလဲ စိတ်ဓာတ်ချင်းကတစ်ခြားစီ၊
" ဟက် ကလေးကလားတွေ "
ကျေနပ်နေသည့်မျက်နှာပေးနဲ့ ..ဆော့ဂျင်‌ကားမောင်းနေတဲ့ဂျောင်ဂု
" အ့ "
" ဘာဖြစ်တာလဲ! "
ဖြေးဖြေးလေးလုပ်လိုက်တာကို ပြစမ်း... "
" ပြ ကားရပ်လိုက် "
အကြည့်ချင်းမဆုံမိ။ လိမ်တာမဟုတ်ပေမယ့်မသိစေချင်လို့
ဖုံးထားတဲ့သဘောပါ။ နဂိုကကိုဂျင့်ဆီမှာအပူတွေနဲ့သူ့ကပါ
" ဘယ်တုန်းကရထားတာလဲ "
" ဘာမှမဖြစ်ဘူးလို့ "
" မေးတာဘဲဖြေ "
" မနက်က "
" ဟိုလူတွေကြောင့်လား "
" ...... "
" သူတို့ကလူကိုပါထိခိုက်အောင်လုပ်နေပြီပေါ့
" အဲ့တုန်းကဘာမှမဖြစ်သေးပါဘူးဆို!
" အဆင်ပြေလည်းပြီးတာဘဲ ...မင်းကသူ့ကိုတော့ပြောပြတယ်ပေါ့! "
" သူကဆရာဝန်လေ "
မော့ကြည့်လိုက်သည်။
" ဇာတ်ကားထဲမှာ "
အဲ့လောက်လေးတောင်အရေးမပါဘူးလား ငါ့ကိုလူရာမသွင်းတာလား "
" မရစ်စမ်းပါနဲ့ကင်မ်ဆော့ဂျင်ရာ အဲ့တုန်းကသူလည်းရှိနေတာကို
ငါကသွားပြောနေတာမှမဟုတ်တာ "
" ရတယ်! ဖြစ်တယ် "
ပြန်မဝင်တော့တောက်လျှောက်ဆူလျက်သူ့အားဟောက်စားနေသည်။
တစ်ဖြည်းဖြည်းနဲ့ဆိုးလ်မြို့ထဲဝင်လာတော့အိပ်ချင်လာသည်။
" ဖယ်တော့ အိုက်တယ် "
ဂျောင်ဂုအမြင်ကပ်ကပ်နဲ့လက်ညိုးထိပ်လေးကိုကိုက်လိုက်သည်။
ရိုလို့မရတဲ့သူကြီး။
" ခွေးလား မင်းက "
" အဟမ်း ဘယ်ကိုသွားရမလဲ "
" ခင်ဗျားအိမ်ကိုပေါ့ "
" အင်း... "
ငါမပြောချင်တော့ဘူး "
တစ်ခြားဘာမှလည်းအတွေးထဲမထည့်နဲ့..အိပ်‌ရေးဝအောင်အိပ် မနက်ကျအလုပ်မှာတွေ့မယ် "
ဆော့ဂျင်ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေရမှာနောက်ဆုံးစကားကြောင့်
" အသေးအမွှားတွေလို့ပြောပြီးပြီကော..ဘာမှမဖြစ်ဘူး
မနက်ဖြန်တွေ့မယ် "
ဂျောင်ဂုပုခုံးပေါ်မေးတင်ကာငြိမ်နေမိသည်။
တစ်နေ့လုံးပင်ပန်းထားရတာ...ဖွားတို့ကိစ္စရော တစ်ခြားဘာကိစ္စမှစိတ်မပူဘဲ
အဲ့ဒါကအသေးအမွှားဆိုရင်တောင်လေ ...မင်းစိတ်ပူသလိုငါလည်း
__________________TBC
Continue Reading
You'll Also Like
4.3K 844 26
ငါတို့ အားလုံးမှာ အဆုံးရှုံးမခံနိုင်လောက်အောင် ချစ်ခဲ့တဲ့အပြစ်တွေပဲရှိတာပါ တောင်းပန်ဖို့တော့ နောက်ကျခဲ့ပြီပေါ့ Yoshi x Jaehyuk x Asahi
4.9K 288 23
☕ ခါးစိမ့်စိမ့် အချစ်တစ်ခွက် အမုန်းမထည့်နဲ့
11M 254K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
2.4K 241 13
မောင်က မင်းကို စတွေ့တဲ့အချိန်ထဲက မြတ်မြတ်နိုးနိုး ချစ်ခဲ့ရတာပါ ရှိုင်းငယ်ရယ် ... #Vitamin အမြဲငါ့ကို လိုက်လိုက်စတတ်တဲ့ မင်းကို မကြိုက်ပေမယ့် ဘယ်ချိန်...