Unicode
ထယ်ယောင်းရဲ့ ခေါင်းတခုလုံး ချာချာလည်သွားခဲ့သည်။
မမက ဒီလမ်းသရဲလိုလို ကလေကချေကောင်နဲ့ အတူတူနေခဲ့ဖူးသည်တဲ့။ တော်ရုံအဆင့်အတန်းဆိုရင်တောင် စိတ်ကူးထဲမထည့်တတ်တဲ့သူ့မမလိုလူက ထိုကဲ့သို့ အလုပ်လက်မဲ့ ဟိုမရောက် ဒီမရောက်ကောင်နဲ့ ချစ်သူတွေတဲ့လေ။
ဖေဖေဆက်ပြောပြလာသော အကြောင်းအရာတွေက သူ့အတွက်ယုံရန်ခက်ခဲလွန်းလှ၏။
ဖေဖေသိသွားလို့ ဇွတ်တားကာ အဆက်အသွယ်ဖြတ်ခိုင်းသော်လည်း ခေါင်းမာပြီး တဇွတ်ထိုးလုပ်တတ်တဲ့ သူမက နားမထောင်ခဲ့။ ဒီလိုနဲ့ အချိန်တွေကြာသွားခဲ့ပြီး တရက်မှာတော့ အိမ်ကိုရောက်လာခဲ့ပြီး ဖေဖေနှင့် စကားများကြသည်။
ပြန်စဉ်းစားကြည့်တော့ မေမေဆုံးပြီးကာစဖြစ်မည်။ ပိုက်ဆံကိစ္စနှင့် နှစ်ဦးသား စကားအကြီးအကျယ်များကြသည်။ ထိုအချိန်က အထက်တန်းကျောင်းတက်နေတုန်းဖြစ်သော သူ့ကိုဖေဖေက ကလေးဟုသာ ယူဆခဲ့လားမသိ အိမ်က ကိစ္စအဝဝကို ပေးမသိဘဲ စာထဲသို့သာ အာရုံစိုက်စေသည်။
ယခုလိုနှစ်အတော်ကြာမှ သိရသည့်တိုင်အောင် ထိုအချိန်က မမမှာ ဘယ်လောက်တောင် စိတ်ဒုက္ခရောက်ရမည်ကို သူခံစားလို့ရသည်။
ထိုအကျင့်မကောင်းသည့်ကောင်က မမမှာထိုလူနှင့်ရတဲ့ ကိုယ်ဝန်ရှိမှန်းသိသွားသည့်အချိန်မှာတော့ တာဝန်မယူချင်ဘဲ အကြောင်းအမျိုးမျိုးပြကာ လက်ထပ်ဖို့ငြင်းဆန်လေသည်။ ထိုပဋိပက္ခတွေရဲ့ အဆုံးသတ်ကတော့ ဗိုက်ထဲက အပြစ်မဲ့တဲ့ကလေးငယ်ဆီသို့ ဦးတည်သွားခဲ့သည်။ ထိုအရာသာ မရှိတော့ရင် ဘာမှမဖြစ်ခဲ့သလို အရာအားလုံးပြီးဆုံးသွားလိမ့်မည်ဟုတွေးကာ သူမထိုအရာကို အဆုံးသတ်ဖို့ကြိုးစားခဲ့သည်။
သူမအတွေးတွေကို နယ်မြို့လေးတခုရဲ့ တရားမဝင်ဆေးခန်းတခုမှာ အကောင်အထည်ဖော်ရန်ကြိုးစားခဲ့သော်လည်း သူမတွင် ငွေလုံလုံလောက်လောက်မရှိခဲ့။ထိုအချိန်မှာ သူမအဖေဆီကနေတောင်းဖို့ရာအတွက်လွှဲပြီး တခြားလဲ မစဉ်းစားတတ်သည်မို့ အိမ်သို့ပြန်လာကာ ငွေတောင်းသည်။ အကြောင်းအရင်းကို အမှန်တိုင်းမပြောပြနိုင်တဲ့သူမကို ဖေဖေက ငွေထုတ်မပေး.... နောက်ဆုံးမှာတော့ သူမမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အမှန်တိုင်းပြောကာ ဝန်ခံခဲ့ရသည်။ စကားနားမထောင်ခဲ့လေသောသမီးမိုက်အား
စိတ်မထိန်းနိုင်တော့ဘဲ ရိုက်နှက်တော့သည်။
သူမအတွက်တော့ အရိုက်ခံရလဲကိစ္စမရှိ၊ ယခုဖြစ်နေသည့်ပြသနာကပိုဆိုးသည်ဖြစ်၍ ငွေသာရမည်ဆိုက ပျော်ပျော်ကြီး အရိုက်ခံလိုက်ပေအုံးမည်။
ဘယ်တော့မှပြန်သတိမရချင်တဲ့ အတိတ်ဆိုးတခုအားပြန်ပြောပြနေရသော ဖေဖေ့ရဲ့အသံတွေက နာကျင်ကွဲအက်လို့နေသည်။
ထိုအချိန်က ကိစ္စတွေကို သူသိနေခဲ့မယ်ဆိုတောင် ဘာမှပြောင်းလဲသွားနိုင်တာမရှိပေ။ မိခင်ဖြစ်သူကို မကြာခင်ကမှ ဆုံးရှူံးထားရသည့် ဆယ်ကျော်သက်ကောင်လေးတယောက်က ဘာတွေများ တတ်စွမ်းနိုင်မည်တဲ့လဲ။
" ကိုယ်ဝန်ကိုဖျက်ချပြီး အဲ့ကောင်နဲ့လဲ ဇာတ်လမ်းက ပြီးသွားပြီမဟုတ်ဘူးလား ..... ဘာလို့ခုထိပတ်သက်နေရသေးတာလဲ "
" ပြီးသွားပြီထင်ပေ့မဲ့ လပိုင်းလောက်ကြာပြီးတော့ ဟိုကောင်က ပြန်ဆက်သွယ်လာပုံရတယ် .... သူမှားပါတယ် တာဝန်ယူပါ့မယ်ပေါ့ ... ဒါမဲ့ သေသွားပြီးတဲ့ကလေးက သူ့အမှားဝန်ခံရုံနဲ့ ပြန်ရှင်မလာတော့ဘူးလေ "
ဖေဖေက သက်ပြင်းတချက်ကို ချလိုက်ပြီးမှဆက်ပြောသည်။
" တကယ်တော့ ဒါယောင်းက သူ့ကို အရမ်းချစ်ခဲ့ပုံပေါ်တယ် .... မကောင်းတဲ့သူမှန်းသိသိရဲ့နဲ့တောင် တွဲခဲ့တာလေ .... သူ့ကိုချစ်မှန်းသိနေတော့ နည်းနည်းလောက် သနားစရာကောင်းအောင် အမှားဝန်ခံပြလိုက်တော့ နဂိုတည်းကမှ စိတ်မပြတ်နိုင်သေးတဲ့ ဒါယောင်းက ပြန်လက်ခံပေးလိုက်တယ်လေ ..... အဲ့အကြောင်းတွေ ကြားကြားချင်း ငါ မင်းအမအိမ်ထိသွားပြီး နေ့တိုင်းဆူပူခဲ့သေးတယ် ... နောက်တော့ ငါမသိအောင် တိတ်တိတ်လေး အိမ်ပြောင်းသွားပြီး အဆက်အသွယ်ဖြတ်သွားတယ် "
စိတ်မာပြီး ပြတ်သားမည်ဟု ထင်ရတဲ့ မမသည် အချစ်အတွက်ကြောင့် မီးလျှံထဲကို နောက်တကြိမ်ရဲရဲကြီးတိုးဝင်ခဲ့သည်တဲ့။
" နောက်ပိုင်း ဘယ်လိုတွေဖြစ်ကြလဲတော့မသိဘူး ... သူတို့နှစ်ယောက် လမ်းခွဲလိုက်ပြီလို့ကြားတယ် ..... ဒါပေ့မဲ့ အဲ့ကောင်က ဒီအိမ်ကိုဘယ်လိုသိပြီးရောက်လာလဲတော့ မသိဘူး .... ဒါယောင်းနဲ့ သူ အတူတူအိပ်ခဲ့ဖူးထားတဲ့ video တွေအကုန်သူ့မှာရှိတယ်တဲ့ အရှက်မကွဲချင်ရင် ပိုက်ဆံပေးဖို့ခြိမ်းခြောက်တယ် ... ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေအုံး သူမက ငါ့ရဲ့ သမီးပဲလေ ... ဘယ်လိုလုပ် ဉပေက္ခာပြုနိုင်မှာလဲ .. အဲ့ကနေစခဲ့တဲ့ပြသနာက ခုချိန်ထိကြာသွားခဲ့တာပဲ "
" ဒီလိုတွေဖြစ်နေတာကို ကျွန်တော့်ကို ဘာလို့မပြောပြခဲ့ရတာလဲ .... ခုချိန်မှာ ကျွန်တော်လဲ အရွယ်ရောက်နေပါပြီ "
" ငါတယောက်တည်းဒုက္ခခံရုံနဲ့ လုံလောက်နေပါပြီ "
" ဒါပေ့မဲ့ ကျွန်တော်တို့က မိသားစုတွေလေ "
' မိသားစု ' ဟုတ်သည်။ မမဘက်က သူ့ကို ဘယ်လိုထင်ထင်ဂရုမစိုက်ပေ။ သူ့အတွက်တော့ ကမ္ဘာပေါ်မှာ တဦးတည်းသော အမဖြစ်တုန်းပဲလေ။
စိတ်မကောင်းဖြစ်နေရုံနှင့် ပြီးဆုံးသွားမည်မဟုတ်တာကြောင့် ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့စတင်တွေးတောရတော့သည်။
............
ရုံးပိတ်ရက်ဖြစ်တာတောင် အိမ်မှာမရှိနိုင်တဲ့ ယောက်ျားဖြစ်သူကြောင့် ဟယ်အင်းအတွက် အထီးကျန်လွန်းလှသည်။ သို့သော်လည်း သူမနားမှာ အဖော်ပြုပေးဖို့လဲ မတောင်းဆိုရဲ။ ကျောင်းတုန်းတည်းက သူမက တဖက်သတ်ချစ်ခဲ့ရသူမဟုတ်ပါလား။ သူ၏ကြင်နာတတ်တဲ့စိတ်လေးကြောင့်သာ သူမကိုလက်ခံခဲ့တယ်ဆိုတာ တကယ်တော့ သူမနားလည်ခဲ့ပါသည်။ ခုလိုမျိုး သူမအပေါ်ကောင်းကောင်းဆက်ဆံပေးတာနဲ့တင် ကျေနပ်ရပြီဖြစ်ကာ ဘာမှ အပိုထပ်မတောင်းဆိုရဲပါချေ။
သို့နှင့် မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းဆီသို့သာ အပူကပ်ရန်အတွက် ဖုန်းခေါ်မိတော့သည်။
" မီရန်ရေ .. ဘာလုပ်နေလဲ "
" ငါလား! ထုံးစံအတိုင်း အားယားနေတာပေါ့ ..ခုတလော အိမ်တွင်း အလှဆင်တာတွေခေတ်စားနေတယ်မလား ... အဲ့ဒါ အခုတောင် ငါ့အသိမိတ်ဆက်ပေးတဲ့ ပြခန်းတခုသွားမလို့ .. "
မီရန်ဆိုသော သူငယ်ချင်းက ချမ်းသာသောအသိုင်းအဝိုင်းကပင်ဖြစ်သည်။ သူမဝါသနာက ဈေးဝယ်ရင်း အချိန်ဖြုန်းရတာဖြစ်ပြီး ပျော်ပျော်နေတတ်တဲ့စရိုက်မျိုးဖြစ်သည်။ ငယ်စဉ်တည်းက ခင်မင်လာတဲ့သူငယ်ချင်းမျိုး အကြောင်းသိတွေလဲဖြစ်ကာ အချစ်ဆုံးသူငယ်ချင်းဟုပင် ဆိုရလောက်သည်
" နင်ရော အိမ်မှာပဲလား "
" အင်းပေါ့ "
" အားရင် ငါနဲ့လိုက်ခဲ့လေ .... နင့်အိမ်က ပရိဘောဂပစ္စည်းတွေ အသစ်ပြောင်းချင်ဟာတွေရှိရင် ကြည့်ကြည့်ပေါ့ "
" ခုသုံးနေတာတွေလဲ တော်တော်လေး အဆင်ပြေပါသေးတယ် ... "
" အမယ်လေး သူဌေးသမီးရယ် .. အဲ မဟုတ်သေးပါဘူး သူဌေးကတော်ရယ် .... ဘယ်သူဌေးအိမ်မှ အိမ်ကရှိတဲ့ဟာတွေစုတ်မှ အသစ်ဝယ်တယ်မကြားဘူးပေါင် .. ကပ်စီးကိုနည်းတယ် "
" အဲ့လိုလဲ မဟုတ်ပါဘူးဟာ ငါကပြောပြတာပါ ... အေးပါ နင်သွားမယ်ဆို ငါလဲ လိုက်ခဲ့မယ်လေ အပျင်းပြေ လိုက်ကြည့်တာပေါ့ "
" အဲ့လိုလုပ်စမ်းပါ ... အိမ်ထဲဘဲ အောင်းမနေနဲ့ .. ခဏနေငါလာခေါ်မယ် "
အဝတ်အစားလဲကာ အနည်းငယ်ပြင်ဆင်ပြီးနောက်မှာတော့ မီရန်တယောက်ရောက်လာတာနဲ့ ကွက်တိပင်။
အဖြူရောင် ဒူးဖုံးဂါဝန်လေးက ဟယ်အင်းကိုယ်ပေါ်မှာ ကွက်တိဖြစ်လို့နေကာ သွယ်လျသော ခန္ဓာကိုယ်လေးကို ပိုမိုလှသွားအောင် ပြုလုပ်ပေးထားသလို၊ ပခုံးကျော်ရုံလောက်သာ ရှည်လျားသော ဆံပင်တို့ကို ခပ်လျော့လျော့လေး စည်းနှောင်ထားသော သူမပုံစံက ကြော့ရှင်းကာတင့်တယ်နေလေသည်
" အိုးး J Groupက မဒမ်မှန်း သိသာလွန်းပါတယ်နော် ... အဲ့အင်္ကျီက ဟိုတလောကမှ အရေအတွက်ကန့်သတ်ပြီး ထုတ်ထားတဲ့ဟာမလား "
" ကန့်သတ်ထုတ်တာ မထုတ်တာထက် ငါကြိုက်တဲ့ ဒီဇိုင်းလေးမို့ ဝယ်ထားတာပါ "
" ပိုက်ဆံရှိတဲ့သူများကြလည်း အိမ်ထောင်ကျလဲ လှတုန်းပဲနော် .. အားကျနေပါပြီ ကဲ မောင်းပြီ ... ခါးပတ်ပတ်ထားအုံး "
အဲ့လိုပြောနေတဲ့ မီရန်က နောက်ဆုံးပေါ်ကားကို ကိုယ်တိုင်မောင်းလာကာ မြင်ရုံနဲ့ ဈေးကြီးမှန်းတန်းသိသာစေသော leather jacket ကို ဘောင်းဘီရှည်ဖြင့် တွဲဖက်ဝတ်ဆင်ထားပုံက ဆယ်ကျော်သက်မြီးကောင်ပေါက်လေးသဖွယ်။
အရင်းနှီးဆုံးသူငယ်ချင်းတွေဆိုပေ့မဲ့လည်း အရှက်ကြောက်ကြီးသော ဟယ်အင်းနှင့် ဟောဟောဒိုင်းဒိုင်း စရိုက်ရှိသူ မီရန်က ဘယ်နေရာမှ မတူပါ။ ငယ်စဉ်တည်းက ဟယ်အင်းလို အေးစက်စက်ကောင်မလေးတွေကို အနိုင်ကျင့်တက်သော ကျောင်းလူမိုက်တွေရဲ့ရန်မှ မီရန်က အမြဲကာကွယ်ပေးခဲ့သူဖြစ်သည်။
သူမခေါ်လာသည့် ပြခန်းထဲသို့ရောက်တော့ မီရန်ပြောတာမမှားဟု စိတ်ထဲတွေးလိုက်မိသည်။ ဘယ်ပစ္စည်းနေနေ လိုချင်စရာလေးတွေဖြစ်နေကာ အိမ်မှာသုံးနေတာတွေကို ချက်ချင်းလဲပစ်ချင်စိတ်ပေါ်လာသည်အထိ။
" ဒီမီးအိမ်ကတော့ ရှေးဟောင်းမီးအိမ်ပုံစံကို မှီငြမ်းထားတာပါ ... သစ်သားနဲ့ပြုလုပ်ထားပေ့မဲ့ သယ်ရတာတော့ ပေါ့ပေါ့ပါးပါးအဆင်ပြေပါတယ်ရှင့် ... မီးလုံးအရောင်ကိုလဲ အဝါရောင်အသုံးပြုထားလို့ မျက်စိလဲ အေးစေပါတယ် "
" ဘယ်လိုလဲ နင်ကြိုက်နေပြီလား "
" အင်း ငါတို့အခန်းထဲက ညအိပ်မီးအိမ်နဲ့ လဲရမလားလို့ "
" ဒါဆို ဒီ့ထက် ရိုမန့်ဖြစ်တာလေးနဲ့ လဲလိုက် ... မီးအရောင်ကို အဝါရောင်မဟုတ်ဘဲ တခြားအရောင်ရှိလား ... အပြာတို့ အနီတို့လေ ... ပိုပြီး ရင်ခုန်စရာကောင်းအောင် ဟိဟိ "
သူ့ကိုပြောရင်း ဝန်ထမ်းကောင်မလေးဘက်သို့လှည့်ကာမေးနေသော မီရန်ကြောင့် သူမမျက်နှာတခုလုံးနီရဲလာရသည်။
" နင်ဘာတွေ လျှောက်မေးနေတာလဲ "
" ဘာတွေရှက်နေတာလဲ .... သူများတွေလဲ ဒီလိုပဲဟာကို ... ကဲပါ ငါ့ကို ဆိုဖာခုံ ကူရွေးပေးအုံး "
ဝန်ထမ်းကောင်မလေးက သူတို့အတွက် ထိုင်ဖို့နေရာပေးရင်း ဒီဇိုင်းနမူနာစာအုပ်နှင့်အတူ ကော်ဖီပါယူခဲ့ပေးသည်။
ဈေးကြီးပေးရသော အသုံးအဆောင်တွေမို့ ပိုက်ဆံရှိအသိုင်းအဝိုင်းတွေသာ လာရောက်ကြသည်ဖြစ်ရာ ပြခန်း၏ serviceဟာလည်း လုံးဝနိမ့်ကျမနေပါ။ အေးဆေးထိုင်ပြီး ဆွေးနွေးလို့ရစေရန် ထိုင်ခုံနှင့် စားပွဲဝိုင်းလေးတွေပါချထားပေးကာ အပြုံးချိုချိုနှင့် ဝန်ထမ်းလေးများကလည်း မေးသမျှကို စိတ်ရှည်လက်ရှည်ရှင်းပြကြသည်။
" ဒီနို့နှစ်ရောင် ရောဘယ်လိုလဲ "
" မဆိုးပါဘူး ဒီ နီညိုရောင်လဲ ငါသဘောကျတယ် "
" ဒါဆို အဲ့ဒါပဲယူမလား "
" နေအုံး နောက်မှာ တခြားပုံတွေရှိသေးတယ် ကြည့်လိုက်အုံးမယ် "
မီရန်ကတော့ သူမအကြိုက်တွေများလို့နေကာ ဘယ်ဟာယူရမှန်းတောင် သူမဘာသာ မဆုံးဖြတ်နိုင်တော့ပါချေ။
သူမတို့နှစ်ဦးသား ခေါင်းချင်းဆိုင် ရွေးချယ်နေကြတုန်း နောက်နားဆီမှ ခပ်ချွဲချွဲအသံလေးတခုက ထွက်လာလေသည်။
" ကို က အစိမ်းရောင်ကြိုက်ပေ့မဲ့ ဘေဘီမှ မကြိုက်တာ "
" ဒါဆို ဘာအရောင်ယူမှာလဲ ... "
" ပန်းရောင်လေးဆိုရင်ရော "
" မိန်းမဆန်လွန်းတယ် "
" ဘာဖြစ်လဲ အိမ်မှာ အမြဲနေမဲ့သူကဘယ်သူလဲ ... ကို လား ဘေဘီလား "
" ဒါပေ့မဲ့ ပန်းရောင်တော့ သဘောမကျဘူး တခြားဟာထပ်ရွေး "
ဂရိဘောဂပစ္စည်းလာဝယ်ကြတဲ့သူတွေဆိုပေ့မဲ့လည်း ခပ်ချွဲချွဲလေးပြောနေသောထိုမိန်းကလေးအား သဘောမကျစွာ ငြင်းဆိုနေသော ယောကျာ်းလေး၏ အသံမှာ သူမအတွက် ရင်းနှီးလွန်းလှသည်မို့ နောက်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့။
သူမမြင်လိုက်ရသည်က စက္ကန့်ပိုင်းအတွင်းမှာပင် အသက်ရှုရပ်မတက်ဖြစ်သွားရသည်။
ဂျုံးဂုရဲ့ လက်မောင်းကို ချိတ်တွယ်ထားသော ဆွဲဆောင်မှုရှိရှိ ငယ်ရွယ်သောမိန်းကလေးတယောက်။ သူ့၏ မျက်နှာထားက ပုံမှန်လို တည် နေပေ့မဲ့လည်း ထိုကလေးမလေးကတော့ ပြုံးရွှင်လျက်ရှိနေသည်။
ဒါဘယ်လိုအနေအထားကြီးလဲ။ ဘယ်သူကြည့်ကြည့် ဒါက စုံတွဲတတွဲက သူတို့ရဲ့ စံအိမ်လေးအတွက် ခန်းဝင်ပစ္စည်းလာကြည့်နေတယ်လို့ပဲ တွေးမိမှာပင်။ လိုချင်တာကိုပူဆာနေသော မိန်းမဆိုးလေးနှင့် လူကြီးဆန်သောသူမ၏ခင်ပွန်းဆိုသည့် ချစ်စရာ ခေါင်းစဉ်အောက်မှာ အတော်လေးလိုက်လျောညီထွေရှိလှပေသည်။
အသက်မဲ့ကာ ကြောင်အနေသော သူမကို ထိုစုံတွဲကတော့ သတိထားမိဟန်မတူဘဲ ၎င်းတို့၏ အိမ်ထောင်ပစ္စည်းများဆီသာ အာရုံရှိလို့နေသည်။
" ဒါဆို ကို့အကြိုက်အရောင်ဝယ်မယ်... အဲ့ဒီအစား အိမ်ကို ခဏခဏလာရမယ် ဘယ်လိုလဲ "
" ဒါကတော့ အခြေအနေပေါ်မူတည်တယ်လေ ... ကိုယ်က အမြဲတမ်းကြီးအားနေတဲ့သူမှ မဟုတ်တာ "
" ဟွန့် ပြောလိုက်ရင် ဒီလိုကြီးပဲ ... "
" ကဲပါ .! မြန်မြန်ရွေး ကိုယ်ခဏနေ အိမ်ပြန်ရမယ် "
" ညစာတော့ တူတူစားသွားပေးလေ "
အိမ်ပြန်မအိပ်သောညများ၊ ညစာစားဖို့ မစောင့်နဲ့လို့ ဖုန်းဆက်ခဲ့တဲ့အချိန်များ အားလုံးကို သူမရိုးရိုးရှင်းရှင်းတွေးခဲ့ဖူးသည်သာမက သူမဖေဖေ၏ လုပ်ငန်းများကို ကူညီနေရသောကြောင့် မအားလပ်ရှာသော ခင်ပွန်းဖြစ်သူအပေါ် အားနာစိတ်ပင် ဖြစ်ခဲ့ဖူးသည်။
ဒါတွေအားလုံးက အလကားပဲပေါ့။ အ လွန်းလှသော သူမအပေါ် လှည့်စားရလွယ်လိုက်တာဟု ဘယ်လောက်များ ဟားတိုက်နေလိုက်မလဲ။
" ဟဲ့ ဒါယူလိုက်တော့မယ်လို့ ... ဟယ်အင်းး !!! ဟယ်အင်းရေ .... "
" ဟင် !!!! "
" ဘာတွေ ဒီလောက်တောင်ငေးနေတာလဲ နင်ကြိုက်တာတွေ့လို့လား "
" မဟုတ်ပါဘူး ... နင်မှာပြီးသွားပြီဆို ပြန်ကြမယ်လေ "
" အင်း မှာပြီးပြီ မနက်ဖြန်လာပို့မယ်တဲ့ ...နင်ကရော မီးအိမ်မယူတော့ဘူးလား "
" မလိုလောက်တော့ပါဘူး "
" ဘယ်လို ..! "
" ပြန်ကြစို့ !! "
" ငါ့ကို အဖော်လုပ်ပေးလို့ နင့်ကို အအေးပြန်ဝယ်တိုက်မယ်လေ "
" ရပါတယ် ... ငါအိမ်ပဲပြန်ချင်ပြီ "
" ဘာလဲ အိမ်မှာ တခုခုစောင့်နေလို့လား .. ဒါဆိုလဲ ကားပေါ်မြန်မြန်တက် ဟားး ဟားး "
" .... "
သူမတို့နှစ်ယောက် ကားပေါ်မှာ စကားပြောနေတုန်းမှာပဲ ခုနကပျော်ရွှင်နေသောစုံတွဲသည် လက်ချင်းချိတ်လျက် သူမတို့ ကားရှေ့မှ ဖြတ်သွားသည်ကိုတွေ့လျှင် ....
" ဟယ်အင်း ... ဟိုတယောက်က ဘေးတိုက်ကြည့်ရင် နင့်ယောကျာ်းနဲ့ တော်တော်တူတာပဲ "
'ဒါပေါ့။ တယောက်တည်းပဲလေ မတူရှိမလား' ဟု သူမစိတ်ထဲ ခပ်ချဉ်ချဉ်တွေးလိုက်မိသည်။
တိတ်ဆိတ်နေသောသူမကိုကြည့်ပြီး တခုခုလွှဲနေပြီမှန်း မီရန်ရိပ်မိလိုက်ပြီ။ စိတ်မြန်လက်မြန်ရှိသော သူမက ဘာမှထပ်မေးမနေဘဲ ကားပေါ်ကဆင်းကာ ထိုစုံတွဲအား သေချာစူးစမ်းလိုက်တော့..
" ဂျွန်ဂျုံးဂု ! "
" မီရန် ? "
အကင်းပါးသောသူမက ခုအခြေအနေကိုကောင်းစွာနားလည်လိုက်ပြီ။ဒီမြင်ကွင်းကိုမြင်ပြီး အသက်မဲ့သွားတဲ့ပုံစံဖြစ်သွားတဲ့ သူမသူငယ်ချင်းဟာလည်း သူမလိုပဲ ခုလေးတင်မှ သိလိုက်ရတာပဲဖြစ်မည်။
" တိုက်ဆိုင်လိုက်တာ ... ဂျုံးဂုလည်း အိမ်အတွက် ပစ္စည်းတွေ လာကြည့်တာလား "
" ဟို .. အင်း ... ဆိုပါတော့ "
" ဘေးနားက ဘယ်သူလဲ မိတ်မဆက်ပေးတော့ဘူးလား "
ထိုအခါမှ သူ့လက်ကိုကပ်တွယ်ကာ ချိတ်ထားတဲ့ မိန်းကလေးအား ဖယ်ထုတ်လေသည်။
" ကျွန်တော့် မိတ်ဆွေပါ .... "
" ဪ ... ဒို့နာမည်က မီရန်ပါ .... ဂျုံးဂုနဲ့ မိတ်ဆွေပဲဆိုပေ့မဲ့ ရင်းနှီးတာကတော့ ဂျုံးဂုမိန်းမနဲ့ပေါ့ "
ရဲတင်းလှသော မီရန်က ခပ်တည်တည်နှင့်ပင် ဂျုံးဂု လက်မောင်းအား တွဲရင်းပြောလိုက်သည်။
ဒါက ဘယ်လိုအပြုအမူကြီးလဲဟု နှစ်ဦးသားတွေးနေစဉ်မှာပဲ တဟင်းဟင်း ရယ်သံနှော၍ သူမက ဆိုလာသည်။
" ဪ ... မိတ်ဆွေအချင်းချင်းဆို ဒီလိုလက်ချင်းတွဲပြီး ရင်းရင်းနှီးနှီးနေကြတာလားလို့ ဟင်း ဟင်း ."
ဂျုံးဂုမျက်နှာကတော့မထားတက်အောင် ပျက်ယွင်းနေပြီ။ မီရန်ဆိုသည်မှာ ဟယ်အင်းရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မထောက်တတ်သူဖြစ်သည်။ ခုလိုဖြစ်လာသည့်နောက်တွင်တော့ ဟယ်အင်းသိသွားဖို့မှာ လုံးဝသေချာသော ကိစ္စဖြစ်သည်။
" ကျွန်တော်တို့နောက်မှတွေ့တာပေါ့ ... သွားခွင့်ပြုပါအုံး "
" ဟယ် ... နေပါအုံး .. ခုမှ သတိရသွားတယ် .. ဒို့မှာ သွားစရာတခုရှိနေတာ ဟယ်အင်းကို အိမ်ပြန်ပို့ပေးဖို့အဆင်မပြေတော့ဘူး ... ကံကောင်းလို့ ဂျုံးဂုနဲ့တွေ့တော့ အဆင်ပြေသွားတယ် "
" ဘယ် .. ဘယ်လို ! ဟယ်အင်းက ဘယ်မှာလဲ "
" ဒို့ကားပေါ်မှာလေ "
သူမညွှန်ပြရာသို့ကြည့်လိုက်တော့ ကားပေါ်မှဆင်းလာတံ့ ဟယ်အင်းကိုတွေ့လိုက်ရသည်။
" ဟယ်အင်း ! "
" မင်္ဂလာပါ ... ညီမနာမည်က ဒါယောင်းပါ ဂျုံးဂုရဲ့ မိတ်ဆွေပါ . "
ရဲတင်းစွာနှုတ်ဆက်လိုက်သော ထိုမိန်းကလေးအားကြည့်ပြီး မီရန်ခပ်ချဉ်ချဉ်ပြုံးမိရသည်။ ဘယ်လိုတောင် အရှက်မရှိတဲ့ဟာမလဲ။ မိန်းမရှိတာ သိရဲ့နဲ့ တွဲနေတာပေါ့။
" ဒါယောင်း ... ကိုယ် ဟယ်အင်းနဲ့ အတူအိမ်ပြန်လိုက်တော့မယ် ... မင်း ကိုယ့်ဘာသာ ပြန်လိုက်လို့ရလား "
" ရပါတယ် ... မမ ကြည့်ရတာလဲ နေသိပ်မကောင်းသလိုပဲ ဂရုစိုက်ပေးလိုက်ပါအုံး "
စစ်မှန်သော စေတနာမပါသည့် စကားတွေမှန်းသိသာစွာ ပါးစပ်ဖျားလေးနဲ့ပြောနေတဲ့သူမကို ဟယ်အင်းကတော့ ကြည့်ရုံလေးပဲကြည့်ပြီး ထွက်သွားတော့သည်။
ထိုနေရာမှာ ကျန်နေခဲ့သူနှစ်ဦးကတော့ မီရန်နဲ့ ဒါယောင်း။
" ဟေ့ ကလေးမလေး ... ပြန်စရာကားမရှိရင် ပို့ပေးရမလား "
" ရပါတယ် ကျေးဇူးပါပဲ "
" အားမနာပါနဲ့ ... ဒီနေ့ဟယ်အင်းအိမ်က ဟောင်းနေတဲ့ပစ္စည်းတွေကို အသစ်နဲ့လဲမလို့ လာကြည့်တာလေ .... ဟောင်းနေတယ်ဆိုပေ့မဲ့ သူဌေးအိမ်ကပစ္စည်းဆိုတော့ ကောင်းနေတုန်းပဲလေ လိုချင်တဲ့သူတွေပေါမှပေါ ...ဒို့တောင်အကြံပေးလိုက်သေးတယ် မရှိတဲ့သူတွေကိုပေးဖို့လေ .. သုံးပြီးသားဆိုပေ့မဲ့ သူတို့တွေအတွက်တော့ အတော်လေးမက်မောစရာကောင်းနေအုံးမှာပဲမလား "
" ဒါပေါ့ .. "
" ဒါဆိုလဲ သွားလိုက်အုံးမယ်.. ဂျုံးဂုပါပါ မပါပါ လမ်းတွေ့ရင်လဲ နှုတ်ဆက်လို့ရတယ်နော် "
အနှောင့်အသွားမလွတ်တဲ့ စကားတွေကြောင့် ဒါယောင်းတယောက် ထိုနေရာမှာပဲ ဒေါသထွက်ပြီးကျန်ခဲ့ရသည်။
☘️☘️☘️☘️☘️
Zawgyi
ထယ္ေယာင္းရဲ႕ ေခါင္းတခုလုံး ခ်ာခ်ာလည္သြားခဲ့သည္။
မမက ဒီလမ္းသရဲလိုလို ကေလကေခ်ေကာင္နဲ႔ အတူတူေနခဲ့ဖူးသည္တဲ့။ ေတာ္႐ုံအဆင့္အတန္းဆိုရင္ေတာင္ စိတ္ကူးထဲမထည့္တတ္တဲ့သူ႔မမလိုလူက ထိုကဲ့သို႔ အလုပ္လက္မဲ့ ဟိုမေရာက္ ဒီမေရာက္ေကာင္နဲ႔ ခ်စ္သူေတြတဲ့ေလ။
ေဖေဖဆက္ေျပာျပလာေသာ အေၾကာင္းအရာေတြက သူ႔အတြက္ယုံရန္ခက္ခဲလြန္းလွ၏။
ေဖေဖသိသြားလို႔ ဇြတ္တားကာ အဆက္အသြယ္ျဖတ္ခိုင္းေသာ္လည္း ေခါင္းမာၿပီး တဇြတ္ထိုးလုပ္တတ္တဲ့ သူမက နားမေထာင္ခဲ့။ ဒီလိုနဲ႔ အခ်ိန္ေတြၾကာသြားခဲ့ၿပီး တရက္မွာေတာ့ အိမ္ကိုေရာက္လာခဲ့ၿပီး ေဖေဖႏွင့္ စကားမ်ားၾကသည္။
ျပန္စဥ္းစားၾကည့္ေတာ့ ေမေမဆုံးၿပီးကာစျဖစ္မည္။ ပိုက္ဆံကိစၥႏွင့္ ႏွစ္ဦးသား စကားအႀကီးအက်ယ္မ်ားၾကသည္။ ထိုအခ်ိန္က အထက္တန္းေက်ာင္းတက္ေနတုန္းျဖစ္ေသာ သူ႔ကိုေဖေဖက ကေလးဟုသာ ယူဆခဲ့လားမသိ အိမ္က ကိစၥအဝဝကို ေပးမသိဘဲ စာထဲသို႔သာ အာ႐ုံစိုက္ေစသည္။
ယခုလိုႏွစ္အေတာ္ၾကာမွ သိရသည့္တိုင္ေအာင္ ထိုအခ်ိန္က မမမွာ ဘယ္ေလာက္ေတာင္ စိတ္ဒုကၡေရာက္ရမည္ကို သူခံစားလို႔ရသည္။
ထိုအက်င့္မေကာင္းသည့္ေကာင္က မမမွာထိုလူႏွင့္ရတဲ့ ကိုယ္ဝန္ရွိမွန္းသိသြားသည့္အခ်ိန္မွာေတာ့ တာဝန္မယူခ်င္ဘဲ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ လက္ထပ္ဖို႔ျငင္းဆန္ေလသည္။ ထိုပဋိပကၡေတြရဲ႕ အဆုံးသတ္ကေတာ့ ဗိုက္ထဲက အျပစ္မဲ့တဲ့ကေလးငယ္ဆီသို႔ ဦးတည္သြားခဲ့သည္။ ထိုအရာသာ မရွိေတာ့ရင္ ဘာမွမျဖစ္ခဲ့သလို အရာအားလုံးၿပီးဆုံးသြားလိမ့္မည္ဟုေတြးကာ သူမထိုအရာကို အဆုံးသတ္ဖို႔ႀကိဳးစားခဲ့သည္။
သူမအေတြးေတြကို နယ္ၿမိဳ႕ေလးတခုရဲ႕ တရားမဝင္ေဆးခန္းတခုမွာ အေကာင္အထည္ေဖာ္ရန္ႀကိဳးစားခဲ့ေသာ္လည္း သူမတြင္ ေငြလုံလုံေလာက္ေလာက္မရွိခဲ့။ထိုအခ်ိန္မွာ သူမအေဖဆီကေနေတာင္းဖို႔ရာအတြက္လႊဲၿပီး တျခားလဲ မစဥ္းစားတတ္သည္မို႔ အိမ္သို႔ျပန္လာကာ ေငြေတာင္းသည္။ အေၾကာင္းအရင္းကို အမွန္တိုင္းမေျပာျပႏိုင္တဲ့သူမကို ေဖေဖက ေငြထုတ္မေပး.... ေနာက္ဆုံးမွာေတာ့ သူမမွာ ကိုယ္ဝန္ရွိေနၿပီျဖစ္ေၾကာင္း အမွန္တိုင္းေျပာကာ ဝန္ခံခဲ့ရသည္။ စကားနားမေထာင္ခဲ့ေလေသာသမီးမိုက္အား
စိတ္မထိန္းႏိုင္ေတာ့ဘဲ ႐ိုက္ႏွက္ေတာ့သည္။
သူမအတြက္ေတာ့ အ႐ိုက္ခံရလဲကိစၥမရွိ၊ ယခုျဖစ္ေနသည့္ျပသနာကပိုဆိုးသည္ျဖစ္၍ ေငြသာရမည္ဆိုက ေပ်ာ္ေပ်ာ္ႀကီး အ႐ိုက္ခံလိုက္ေပအုံးမည္။
ဘယ္ေတာ့မွျပန္သတိမရခ်င္တဲ့ အတိတ္ဆိုးတခုအားျပန္ေျပာျပေနရေသာ ေဖေဖ့ရဲ႕အသံေတြက နာက်င္ကြဲအက္လို႔ေနသည္။
ထိုအခ်ိန္က ကိစၥေတြကို သူသိေနခဲ့မယ္ဆိုေတာင္ ဘာမွေျပာင္းလဲသြားႏိုင္တာမရွိေပ။ မိခင္ျဖစ္သူကို မၾကာခင္ကမွ ဆုံးရႉံးထားရသည့္ ဆယ္ေက်ာ္သက္ေကာင္ေလးတေယာက္က ဘာေတြမ်ား တတ္စြမ္းႏိုင္မည္တဲ့လဲ။
" ကိုယ္ဝန္ကိုဖ်က္ခ်ၿပီး အဲ့ေကာင္နဲ႔လဲ ဇာတ္လမ္းက ၿပီးသြားၿပီမဟုတ္ဘူးလား ..... ဘာလို႔ခုထိပတ္သက္ေနရေသးတာလဲ "
" ၿပီးသြားၿပီထင္ေပ့မဲ့ လပိုင္းေလာက္ၾကာၿပီးေတာ့ ဟိုေကာင္က ျပန္ဆက္သြယ္လာပုံရတယ္ .... သူမွားပါတယ္ တာဝန္ယူပါ့မယ္ေပါ့ ... ဒါမဲ့ ေသသြားၿပီးတဲ့ကေလးက သူ႔အမွားဝန္ခံ႐ုံနဲ႔ ျပန္ရွင္မလာေတာ့ဘူးေလ "
ေဖေဖက သက္ျပင္းတခ်က္ကို ခ်လိုက္ၿပီးမွဆက္ေျပာသည္။
" တကယ္ေတာ့ ဒါေယာင္းက သူ႔ကို အရမ္းခ်စ္ခဲ့ပုံေပၚတယ္ .... မေကာင္းတဲ့သူမွန္းသိသိရဲ႕နဲ႔ေတာင္ တြဲခဲ့တာေလ .... သူ႔ကိုခ်စ္မွန္းသိေနေတာ့ နည္းနည္းေလာက္ သနားစရာေကာင္းေအာင္ အမွားဝန္ခံျပလိုက္ေတာ့ နဂိုတည္းကမွ စိတ္မျပတ္ႏိုင္ေသးတဲ့ ဒါေယာင္းက ျပန္လက္ခံေပးလိုက္တယ္ေလ ..... အဲ့အေၾကာင္းေတြ ၾကားၾကားခ်င္း ငါ မင္းအမအိမ္ထိသြားၿပီး ေန႔တိုင္းဆူပူခဲ့ေသးတယ္ ... ေနာက္ေတာ့ ငါမသိေအာင္ တိတ္တိတ္ေလး အိမ္ေျပာင္းသြားၿပီး အဆက္အသြယ္ျဖတ္သြားတယ္ "
စိတ္မာၿပီး ျပတ္သားမည္ဟု ထင္ရတဲ့ မမသည္ အခ်စ္အတြက္ေၾကာင့္ မီးလွ်ံထဲကို ေနာက္တႀကိမ္ရဲရဲႀကီးတိုးဝင္ခဲ့သည္တဲ့။
" ေနာက္ပိုင္း ဘယ္လိုေတြျဖစ္ၾကလဲေတာ့မသိဘူး ... သူတို႔ႏွစ္ေယာက္ လမ္းခြဲလိုက္ၿပီလို႔ၾကားတယ္ ..... ဒါေပ့မဲ့ အဲ့ေကာင္က ဒီအိမ္ကိုဘယ္လိုသိၿပီးေရာက္လာလဲေတာ့ မသိဘူး .... ဒါေယာင္းနဲ႔ သူ အတူတူအိပ္ခဲ့ဖူးထားတဲ့ video ေတြအကုန္သူ႔မွာရွိတယ္တဲ့ အရွက္မကြဲခ်င္ရင္ ပိုက္ဆံေပးဖို႔ၿခိမ္းေျခာက္တယ္ ... ဘယ္ေလာက္ပဲ ဆိုးသြမ္းေနပါေစအုံး သူမက ငါ့ရဲ႕ သမီးပဲေလ ... ဘယ္လိုလုပ္ ဉေပကၡာျပဳႏိုင္မွာလဲ .. အဲ့ကေနစခဲ့တဲ့ျပသနာက ခုခ်ိန္ထိၾကာသြားခဲ့တာပဲ "
" ဒီလိုေတြျဖစ္ေနတာကို ကြၽန္ေတာ့္ကို ဘာလို႔မေျပာျပခဲ့ရတာလဲ .... ခုခ်ိန္မွာ ကြၽန္ေတာ္လဲ အ႐ြယ္ေရာက္ေနပါၿပီ "
" ငါတေယာက္တည္းဒုကၡခံ႐ုံနဲ႔ လုံေလာက္ေနပါၿပီ "
" ဒါေပ့မဲ့ ကြၽန္ေတာ္တို႔က မိသားစုေတြေလ "
' မိသားစု ' ဟုတ္သည္။ မမဘက္က သူ႔ကို ဘယ္လိုထင္ထင္ဂ႐ုမစိုက္ေပ။ သူ႔အတြက္ေတာ့ ကမာၻေပၚမွာ တဦးတည္းေသာ အမျဖစ္တုန္းပဲေလ။
စိတ္မေကာင္းျဖစ္ေန႐ုံႏွင့္ ၿပီးဆုံးသြားမည္မဟုတ္တာေၾကာင့္ ဒီကိစၥကို ေျဖရွင္းႏိုင္ဖို႔စတင္ေတြးေတာရေတာ့သည္။
............
႐ုံးပိတ္ရက္ျဖစ္တာေတာင္ အိမ္မွာမရွိႏိုင္တဲ့ ေယာက္်ားျဖစ္သူေၾကာင့္ ဟယ္အင္းအတြက္ အထီးက်န္လြန္းလွသည္။ သို႔ေသာ္လည္း သူမနားမွာ အေဖာ္ျပဳေပးဖို႔လဲ မေတာင္းဆိုရဲ။ ေက်ာင္းတုန္းတည္းက သူမက တဖက္သတ္ခ်စ္ခဲ့ရသူမဟုတ္ပါလား။ သူ၏ၾကင္နာတတ္တဲ့စိတ္ေလးေၾကာင့္သာ သူမကိုလက္ခံခဲ့တယ္ဆိုတာ တကယ္ေတာ့ သူမနားလည္ခဲ့ပါသည္။ ခုလိုမ်ိဳး သူမအေပၚေကာင္းေကာင္းဆက္ဆံေပးတာနဲ႔တင္ ေက်နပ္ရၿပီျဖစ္ကာ ဘာမွ အပိုထပ္မေတာင္းဆိုရဲပါေခ်။
သို႔ႏွင့္ မေတြ႕တာၾကာၿပီျဖစ္ေသာ သူငယ္ခ်င္းဆီသို႔သာ အပူကပ္ရန္အတြက္ ဖုန္းေခၚမိေတာ့သည္။
" မီရန္ေရ .. ဘာလုပ္ေနလဲ "
" ငါလား! ထုံးစံအတိုင္း အားယားေနတာေပါ့ ..ခုတေလာ အိမ္တြင္း အလွဆင္တာေတြေခတ္စားေနတယ္မလား ... အဲ့ဒါ အခုေတာင္ ငါ့အသိမိတ္ဆက္ေပးတဲ့ ျပခန္းတခုသြားမလို႔ .. "
မီရန္ဆိုေသာ သူငယ္ခ်င္းက ခ်မ္းသာေသာအသိုင္းအဝိုင္းကပင္ျဖစ္သည္။ သူမဝါသနာက ေဈးဝယ္ရင္း အခ်ိန္ျဖဳန္းရတာျဖစ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့စ႐ိုက္မ်ိဳးျဖစ္သည္။ ငယ္စဥ္တည္းက ခင္မင္လာတဲ့သူငယ္ခ်င္းမ်ိဳး အေၾကာင္းသိေတြလဲျဖစ္ကာ အခ်စ္ဆုံးသူငယ္ခ်င္းဟုပင္ ဆိုရေလာက္သည္
" နင္ေရာ အိမ္မွာပဲလား "
" အင္းေပါ့ "
" အားရင္ ငါနဲ႔လိုက္ခဲ့ေလ .... နင့္အိမ္က ပရိေဘာဂပစၥည္းေတြ အသစ္ေျပာင္းခ်င္ဟာေတြရွိရင္ ၾကည့္ၾကည့္ေပါ့ "
" ခုသုံးေနတာေတြလဲ ေတာ္ေတာ္ေလး အဆင္ေျပပါေသးတယ္ ... "
" အမယ္ေလး သူေဌးသမီးရယ္ .. အဲ မဟုတ္ေသးပါဘူး သူေဌးကေတာ္ရယ္ .... ဘယ္သူေဌးအိမ္မွ အိမ္ကရွိတဲ့ဟာေတြစုတ္မွ အသစ္ဝယ္တယ္မၾကားဘူးေပါင္ .. ကပ္စီးကိုနည္းတယ္ "
" အဲ့လိုလဲ မဟုတ္ပါဘူးဟာ ငါကေျပာျပတာပါ ... ေအးပါ နင္သြားမယ္ဆို ငါလဲ လိုက္ခဲ့မယ္ေလ အပ်င္းေျပ လိုက္ၾကည့္တာေပါ့ "
" အဲ့လိုလုပ္စမ္းပါ ... အိမ္ထဲဘဲ ေအာင္းမေနနဲ႔ .. ခဏေနငါလာေခၚမယ္ "
အဝတ္အစားလဲကာ အနည္းငယ္ျပင္ဆင္ၿပီးေနာက္မွာေတာ့ မီရန္တေယာက္ေရာက္လာတာနဲ႔ ကြက္တိပင္။
အျဖဴေရာင္ ဒူးဖုံးဂါဝန္ေလးက ဟယ္အင္းကိုယ္ေပၚမွာ ကြက္တိျဖစ္လို႔ေနကာ သြယ္လ်ေသာ ခႏၶာကိုယ္ေလးကို ပိုမိုလွသြားေအာင္ ျပဳလုပ္ေပးထားသလို၊ ပခုံးေက်ာ္႐ုံေလာက္သာ ရွည္လ်ားေသာ ဆံပင္တို႔ကို ခပ္ေလ်ာ့ေလ်ာ့ေလး စည္းေႏွာင္ထားေသာ သူမပုံစံက ေၾကာ့ရွင္းကာတင့္တယ္ေနေလသည္
" အိုးး J Groupက မဒမ္မွန္း သိသာလြန္းပါတယ္ေနာ္ ... အဲ့အက်ႌက ဟိုတေလာကမွ အေရအတြက္ကန႔္သတ္ၿပီး ထုတ္ထားတဲ့ဟာမလား "
" ကန႔္သတ္ထုတ္တာ မထုတ္တာထက္ ငါႀကိဳက္တဲ့ ဒီဇိုင္းေလးမို႔ ဝယ္ထားတာပါ "
" ပိုက္ဆံရွိတဲ့သူမ်ားၾကလည္း အိမ္ေထာင္က်လဲ လွတုန္းပဲေနာ္ .. အားက်ေနပါၿပီ ကဲ ေမာင္းၿပီ ... ခါးပတ္ပတ္ထားအုံး "
အဲ့လိုေျပာေနတဲ့ မီရန္က ေနာက္ဆုံးေပၚကားကို ကိုယ္တိုင္ေမာင္းလာကာ ျမင္႐ုံနဲ႔ ေဈးႀကီးမွန္းတန္းသိသာေစေသာ leather jacket ကို ေဘာင္းဘီရွည္ျဖင့္ တြဲဖက္ဝတ္ဆင္ထားပုံက ဆယ္ေက်ာ္သက္ၿမီးေကာင္ေပါက္ေလးသဖြယ္။
အရင္းႏွီးဆုံးသူငယ္ခ်င္းေတြဆိုေပ့မဲ့လည္း အရွက္ေၾကာက္ႀကီးေသာ ဟယ္အင္းႏွင့္ ေဟာေဟာဒိုင္းဒိုင္း စ႐ိုက္ရွိသူ မီရန္က ဘယ္ေနရာမွ မတူပါ။ ငယ္စဥ္တည္းက ဟယ္အင္းလို ေအးစက္စက္ေကာင္မေလးေတြကို အႏိုင္က်င့္တက္ေသာ ေက်ာင္းလူမိုက္ေတြရဲ႕ရန္မွ မီရန္က အၿမဲကာကြယ္ေပးခဲ့သူျဖစ္သည္။
သူမေခၚလာသည့္ ျပခန္းထဲသို႔ေရာက္ေတာ့ မီရန္ေျပာတာမမွားဟု စိတ္ထဲေတြးလိုက္မိသည္။ ဘယ္ပစၥည္းေနေန လိုခ်င္စရာေလးေတြျဖစ္ေနကာ အိမ္မွာသုံးေနတာေတြကို ခ်က္ခ်င္းလဲပစ္ခ်င္စိတ္ေပၚလာသည္အထိ။
" ဒီမီးအိမ္ကေတာ့ ေရွးေဟာင္းမီးအိမ္ပုံစံကို မွီျငမ္းထားတာပါ ... သစ္သားနဲ႔ျပဳလုပ္ထားေပ့မဲ့ သယ္ရတာေတာ့ ေပါ့ေပါ့ပါးပါးအဆင္ေျပပါတယ္ရွင့္ ... မီးလုံးအေရာင္ကိုလဲ အဝါေရာင္အသုံးျပဳထားလို႔ မ်က္စိလဲ ေအးေစပါတယ္ "
" ဘယ္လိုလဲ နင္ႀကိဳက္ေနၿပီလား "
" အင္း ငါတို႔အခန္းထဲက ညအိပ္မီးအိမ္နဲ႔ လဲရမလားလို႔ "
" ဒါဆို ဒီ့ထက္ ႐ိုမန႔္ျဖစ္တာေလးနဲ႔ လဲလိုက္ ... မီးအေရာင္ကို အဝါေရာင္မဟုတ္ဘဲ တျခားအေရာင္ရွိလား ... အျပာတို႔ အနီတို႔ေလ ... ပိုၿပီး ရင္ခုန္စရာေကာင္းေအာင္ ဟိဟိ "
သူ႔ကိုေျပာရင္း ဝန္ထမ္းေကာင္မေလးဘက္သို႔လွည့္ကာေမးေနေသာ မီရန္ေၾကာင့္ သူမမ်က္ႏွာတခုလုံးနီရဲလာရသည္။
" နင္ဘာေတြ ေလွ်ာက္ေမးေနတာလဲ "
" ဘာေတြရွက္ေနတာလဲ .... သူမ်ားေတြလဲ ဒီလိုပဲဟာကို ... ကဲပါ ငါ့ကို ဆိုဖာခုံ ကူေ႐ြးေပးအုံး "
ဝန္ထမ္းေကာင္မေလးက သူတို႔အတြက္ ထိုင္ဖို႔ေနရာေပးရင္း ဒီဇိုင္းနမူနာစာအုပ္ႏွင့္အတူ ေကာ္ဖီပါယူခဲ့ေပးသည္။
ေဈးႀကီးေပးရေသာ အသုံးအေဆာင္ေတြမို႔ ပိုက္ဆံရွိအသိုင္းအဝိုင္းေတြသာ လာေရာက္ၾကသည္ျဖစ္ရာ ျပခန္း၏ serviceဟာလည္း လုံးဝနိမ့္က်မေနပါ။ ေအးေဆးထိုင္ၿပီး ေဆြးေႏြးလို႔ရေစရန္ ထိုင္ခုံႏွင့္ စားပြဲဝိုင္းေလးေတြပါခ်ထားေပးကာ အၿပဳံးခ်ိဳခ်ိဳႏွင့္ ဝန္ထမ္းေလးမ်ားကလည္း ေမးသမွ်ကို စိတ္ရွည္လက္ရွည္ရွင္းျပၾကသည္။
" ဒီႏို႔ႏွစ္ေရာင္ ေရာဘယ္လိုလဲ "
" မဆိုးပါဘူး ဒီ နီညိဳေရာင္လဲ ငါသေဘာက်တယ္ "
" ဒါဆို အဲ့ဒါပဲယူမလား "
" ေနအုံး ေနာက္မွာ တျခားပုံေတြရွိေသးတယ္ ၾကည့္လိုက္အုံးမယ္ "
မီရန္ကေတာ့ သူမအႀကိဳက္ေတြမ်ားလို႔ေနကာ ဘယ္ဟာယူရမွန္းေတာင္ သူမဘာသာ မဆုံးျဖတ္ႏိုင္ေတာ့ပါေခ်။
သူမတို႔ႏွစ္ဦးသား ေခါင္းခ်င္းဆိုင္ ေ႐ြးခ်ယ္ေနၾကတုန္း ေနာက္နားဆီမွ ခပ္ခြၽဲခြၽဲအသံေလးတခုက ထြက္လာေလသည္။
" ကို က အစိမ္းေရာင္ႀကိဳက္ေပ့မဲ့ ေဘဘီမွ မႀကိဳက္တာ "
" ဒါဆို ဘာအေရာင္ယူမွာလဲ ... "
" ပန္းေရာင္ေလးဆိုရင္ေရာ "
" မိန္းမဆန္လြန္းတယ္ "
" ဘာျဖစ္လဲ အိမ္မွာ အၿမဲေနမဲ့သူကဘယ္သူလဲ ... ကို လား ေဘဘီလား "
" ဒါေပ့မဲ့ ပန္းေရာင္ေတာ့ သေဘာမက်ဘူး တျခားဟာထပ္ေ႐ြး "
ဂရိေဘာဂပစၥည္းလာဝယ္ၾကတဲ့သူေတြဆိုေပ့မဲ့လည္း ခပ္ခြၽဲခြၽဲေလးေျပာေနေသာထိုမိန္းကေလးအား သေဘာမက်စြာ ျငင္းဆိုေနေသာ ေယာက်ာ္းေလး၏ အသံမွာ သူမအတြက္ ရင္းႏွီးလြန္းလွသည္မို႔ ေနာက္လွည့္မၾကည့္ဘဲ မေနႏိုင္ခဲ့။
သူမျမင္လိုက္ရသည္က စကၠန႔္ပိုင္းအတြင္းမွာပင္ အသက္ရႈရပ္မတက္ျဖစ္သြားရသည္။
ဂ်ဳံးဂုရဲ႕ လက္ေမာင္းကို ခ်ိတ္တြယ္ထားေသာ ဆြဲေဆာင္မႈရွိရွိ ငယ္႐ြယ္ေသာမိန္းကေလးတေယာက္။ သူ႔၏ မ်က္ႏွာထားက ပုံမွန္လို တည္ ေနေပ့မဲ့လည္း ထိုကေလးမေလးကေတာ့ ၿပဳံး႐ႊင္လ်က္ရွိေနသည္။
ဒါဘယ္လိုအေနအထားႀကီးလဲ။ ဘယ္သူၾကည့္ၾကည့္ ဒါက စုံတြဲတတြဲက သူတို႔ရဲ႕ စံအိမ္ေလးအတြက္ ခန္းဝင္ပစၥည္းလာၾကည့္ေနတယ္လို႔ပဲ ေတြးမိမွာပင္။ လိုခ်င္တာကိုပူဆာေနေသာ မိန္းမဆိုးေလးႏွင့္ လူႀကီးဆန္ေသာသူမ၏ခင္ပြန္းဆိုသည့္ ခ်စ္စရာ ေခါင္းစဥ္ေအာက္မွာ အေတာ္ေလးလိုက္ေလ်ာညီေထြရွိလွေပသည္။
အသက္မဲ့ကာ ေၾကာင္အေနေသာ သူမကို ထိုစုံတြဲကေတာ့ သတိထားမိဟန္မတူဘဲ ၎တို႔၏ အိမ္ေထာင္ပစၥည္းမ်ားဆီသာ အာ႐ုံရွိလို႔ေနသည္။
" ဒါဆို ကို႔အႀကိဳက္အေရာင္ဝယ္မယ္... အဲ့ဒီအစား အိမ္ကို ခဏခဏလာရမယ္ ဘယ္လိုလဲ "
" ဒါကေတာ့ အေျခအေနေပၚမူတည္တယ္ေလ ... ကိုယ္က အၿမဲတမ္းႀကီးအားေနတဲ့သူမွ မဟုတ္တာ "
" ဟြန႔္ ေျပာလိုက္ရင္ ဒီလိုႀကီးပဲ ... "
" ကဲပါ .! ျမန္ျမန္ေ႐ြး ကိုယ္ခဏေန အိမ္ျပန္ရမယ္ "
" ညစာေတာ့ တူတူစားသြားေပးေလ "
အိမ္ျပန္မအိပ္ေသာညမ်ား၊ ညစာစားဖို႔ မေစာင့္နဲ႔လို႔ ဖုန္းဆက္ခဲ့တဲ့အခ်ိန္မ်ား အားလုံးကို သူမ႐ိုး႐ိုးရွင္းရွင္းေတြးခဲ့ဖူးသည္သာမက သူမေဖေဖ၏ လုပ္ငန္းမ်ားကို ကူညီေနရေသာေၾကာင့္ မအားလပ္ရွာေသာ ခင္ပြန္းျဖစ္သူအေပၚ အားနာစိတ္ပင္ ျဖစ္ခဲ့ဖူးသည္။
ဒါေတြအားလုံးက အလကားပဲေပါ့။ အ လြန္းလွေသာ သူမအေပၚ လွည့္စားရလြယ္လိုက္တာဟု ဘယ္ေလာက္မ်ား ဟားတိုက္ေနလိုက္မလဲ။
" ဟဲ့ ဒါယူလိုက္ေတာ့မယ္လို႔ ... ဟယ္အင္းး !!! ဟယ္အင္းေရ .... "
" ဟင္ !!!! "
" ဘာေတြ ဒီေလာက္ေတာင္ေငးေနတာလဲ နင္ႀကိဳက္တာေတြ႕လို႔လား "
" မဟုတ္ပါဘူး ... နင္မွာၿပီးသြားၿပီဆို ျပန္ၾကမယ္ေလ "
" အင္း မွာၿပီးၿပီ မနက္ျဖန္လာပို႔မယ္တဲ့ ...နင္ကေရာ မီးအိမ္မယူေတာ့ဘူးလား "
" မလိုေလာက္ေတာ့ပါဘူး "
" ဘယ္လို ..! "
" ျပန္ၾကစို႔ !! "
" ငါ့ကို အေဖာ္လုပ္ေပးလို႔ နင့္ကို အေအးျပန္ဝယ္တိုက္မယ္ေလ "
" ရပါတယ္ ... ငါအိမ္ပဲျပန္ခ်င္ၿပီ "
" ဘာလဲ အိမ္မွာ တခုခုေစာင့္ေနလို႔လား .. ဒါဆိုလဲ ကားေပၚျမန္ျမန္တက္ ဟားး ဟားး "
" .... "
သူမတို႔ႏွစ္ေယာက္ ကားေပၚမွာ စကားေျပာေနတုန္းမွာပဲ ခုနကေပ်ာ္႐ႊင္ေနေသာစုံတြဲသည္ လက္ခ်င္းခ်ိတ္လ်က္ သူမတို႔ ကားေရွ႕မွ ျဖတ္သြားသည္ကိုေတြ႕လွ်င္ ....
" ဟယ္အင္း ... ဟိုတေယာက္က ေဘးတိုက္ၾကည့္ရင္ နင့္ေယာက်ာ္းနဲ႔ ေတာ္ေတာ္တူတာပဲ "
'ဒါေပါ့။ တေယာက္တည္းပဲေလ မတူရွိမလား' ဟု သူမစိတ္ထဲ ခပ္ခ်ဥ္ခ်ဥ္ေတြးလိုက္မိသည္။
တိတ္ဆိတ္ေနေသာသူမကိုၾကည့္ၿပီး တခုခုလႊဲေနၿပီမွန္း မီရန္ရိပ္မိလိုက္ၿပီ။ စိတ္ျမန္လက္ျမန္ရွိေသာ သူမက ဘာမွထပ္ေမးမေနဘဲ ကားေပၚကဆင္းကာ ထိုစုံတြဲအား ေသခ်ာစူးစမ္းလိုက္ေတာ့..
" ဂြၽန္ဂ်ဳံးဂု ! "
" မီရန္ ? "
အကင္းပါးေသာသူမက ခုအေျခအေနကိုေကာင္းစြာနားလည္လိုက္ၿပီ။ဒီျမင္ကြင္းကိုျမင္ၿပီး အသက္မဲ့သြားတဲ့ပုံစံျဖစ္သြားတဲ့ သူမသူငယ္ခ်င္းဟာလည္း သူမလိုပဲ ခုေလးတင္မွ သိလိုက္ရတာပဲျဖစ္မည္။
" တိုက္ဆိုင္လိုက္တာ ... ဂ်ဳံးဂုလည္း အိမ္အတြက္ ပစၥည္းေတြ လာၾကည့္တာလား "
" ဟို .. အင္း ... ဆိုပါေတာ့ "
" ေဘးနားက ဘယ္သူလဲ မိတ္မဆက္ေပးေတာ့ဘူးလား "
ထိုအခါမွ သူ႔လက္ကိုကပ္တြယ္ကာ ခ်ိတ္ထားတဲ့ မိန္းကေလးအား ဖယ္ထုတ္ေလသည္။
" ကြၽန္ေတာ့္ မိတ္ေဆြပါ .... "
" ဪ ... ဒို႔နာမည္က မီရန္ပါ .... ဂ်ဳံးဂုနဲ႔ မိတ္ေဆြပဲဆိုေပ့မဲ့ ရင္းႏွီးတာကေတာ့ ဂ်ဳံးဂုမိန္းမနဲ႔ေပါ့ "
ရဲတင္းလွေသာ မီရန္က ခပ္တည္တည္ႏွင့္ပင္ ဂ်ဳံးဂု လက္ေမာင္းအား တြဲရင္းေျပာလိုက္သည္။
ဒါက ဘယ္လိုအျပဳအမူႀကီးလဲဟု ႏွစ္ဦးသားေတြးေနစဥ္မွာပဲ တဟင္းဟင္း ရယ္သံေႏွာ၍ သူမက ဆိုလာသည္။
" ဪ ... မိတ္ေဆြအခ်င္းခ်င္းဆို ဒီလိုလက္ခ်င္းတြဲၿပီး ရင္းရင္းႏွီးႏွီးေနၾကတာလားလို႔ ဟင္း ဟင္း ."
ဂ်ဳံးဂုမ်က္ႏွာကေတာ့မထားတက္ေအာင္ ပ်က္ယြင္းေနၿပီ။ မီရန္ဆိုသည္မွာ ဟယ္အင္းရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္ၿပီး မွန္တယ္ထင္ရင္ ဘယ္သူ႔မ်က္ႏွာမွ မေထာက္တတ္သူျဖစ္သည္။ ခုလိုျဖစ္လာသည့္ေနာက္တြင္ေတာ့ ဟယ္အင္းသိသြားဖို႔မွာ လုံးဝေသခ်ာေသာ ကိစၥျဖစ္သည္။
" ကြၽန္ေတာ္တို႔ေနာက္မွေတြ႕တာေပါ့ ... သြားခြင့္ျပဳပါအုံး "
" ဟယ္ ... ေနပါအုံး .. ခုမွ သတိရသြားတယ္ .. ဒို႔မွာ သြားစရာတခုရွိေနတာ ဟယ္အင္းကို အိမ္ျပန္ပို႔ေပးဖို႔အဆင္မေျပေတာ့ဘူး ... ကံေကာင္းလို႔ ဂ်ဳံးဂုနဲ႔ေတြ႕ေတာ့ အဆင္ေျပသြားတယ္ "
" ဘယ္ .. ဘယ္လို ! ဟယ္အင္းက ဘယ္မွာလဲ "
" ဒို႔ကားေပၚမွာေလ "
သူမၫႊန္ျပရာသို႔ၾကည့္လိုက္ေတာ့ ကားေပၚမွဆင္းလာတံ့ ဟယ္အင္းကိုေတြ႕လိုက္ရသည္။
" ဟယ္အင္း ! "
" မဂၤလာပါ ... ညီမနာမည္က ဒါေယာင္းပါ ဂ်ဳံးဂုရဲ႕ မိတ္ေဆြပါ . "
ရဲတင္းစြာႏႈတ္ဆက္လိုက္ေသာ ထိုမိန္းကေလးအားၾကည့္ၿပီး မီရန္ခပ္ခ်ဥ္ခ်ဥ္ၿပဳံးမိရသည္။ ဘယ္လိုေတာင္ အရွက္မရွိတဲ့ဟာမလဲ။ မိန္းမရွိတာ သိရဲ႕နဲ႔ တြဲေနတာေပါ့။
" ဒါေယာင္း ... ကိုယ္ ဟယ္အင္းနဲ႔ အတူအိမ္ျပန္လိုက္ေတာ့မယ္ ... မင္း ကိုယ့္ဘာသာ ျပန္လိုက္လို႔ရလား "
" ရပါတယ္ ... မမ ၾကည့္ရတာလဲ ေနသိပ္မေကာင္းသလိုပဲ ဂ႐ုစိုက္ေပးလိုက္ပါအုံး "
စစ္မွန္ေသာ ေစတနာမပါသည့္ စကားေတြမွန္းသိသာစြာ ပါးစပ္ဖ်ားေလးနဲ႔ေျပာေနတဲ့သူမကို ဟယ္အင္းကေတာ့ ၾကည့္႐ုံေလးပဲၾကည့္ၿပီး ထြက္သြားေတာ့သည္။
ထိုေနရာမွာ က်န္ေနခဲ့သူႏွစ္ဦးကေတာ့ မီရန္နဲ႔ ဒါေယာင္း။
" ေဟ့ ကေလးမေလး ... ျပန္စရာကားမရွိရင္ ပို႔ေပးရမလား "
" ရပါတယ္ ေက်းဇူးပါပဲ "
" အားမနာပါနဲ႔ ... ဒီေန႔ဟယ္အင္းအိမ္က ေဟာင္းေနတဲ့ပစၥည္းေတြကို အသစ္နဲ႔လဲမလို႔ လာၾကည့္တာေလ .... ေဟာင္းေနတယ္ဆိုေပ့မဲ့ သူေဌးအိမ္ကပစၥည္းဆိုေတာ့ ေကာင္းေနတုန္းပဲေလ လိုခ်င္တဲ့သူေတြေပါမွေပါ ...ဒို႔ေတာင္အႀကံေပးလိုက္ေသးတယ္ မရွိတဲ့သူေတြကိုေပးဖို႔ေလ .. သုံးၿပီးသားဆိုေပ့မဲ့ သူတို႔ေတြအတြက္ေတာ့ အေတာ္ေလးမက္ေမာစရာေကာင္းေနအုံးမွာပဲမလား "
" ဒါေပါ့ .. "
" ဒါဆိုလဲ သြားလိုက္အုံးမယ္.. ဂ်ဳံးဂုပါပါ မပါပါ လမ္းေတြ႕ရင္လဲ ႏႈတ္ဆက္လို႔ရတယ္ေနာ္ "
အေႏွာင့္အသြားမလြတ္တဲ့ စကားေတြေၾကာင့္ ဒါေယာင္းတေယာက္ ထိုေနရာမွာပဲ ေဒါသထြက္ၿပီးက်န္ခဲ့ရသည္။