B(1) -ဆရာ...ဒီနေ့ ကျွန်တော်တို့တွေကို ပုံပြင်ပြောပြရဦးမယ်လေ။ ဆရာ့ရဲ့ အချစ်ပုံပြင်လေး....
Kai- မင်းတို့မှအကုန်မအောင်ကြတာ။
G(1)- အဲ့ဒါတော့ဆရာညစ်တာ။ အစကတည်းက လူတော်တော်များများအောင်ရင်လို့ပြောတာလေ။ အခုဟာက သုံးယောက်တည်းကျတာကို။
Jun Kyoung- သားတို့အတွက်နဲ့တော့မပြောပြဘဲမနေပါနဲ့....။ ပြောပြပါ ဆရာရယ် နော်....နော်~~
Kai- အဲ့ဒါတေထားပါဦး။ ငါတစ်ခုမေးဦးမယ်။ မင်းတို့ကောင်တွေ ငါ့ကို ဆရာတစ်ယောက်လို့မြင်ကြရဲ့လား။ ငါထင်တာ သူငယ်ချင်းလိုဆက်ဆံနေသလိုဘဲ။ အဲ့ဒါကိုငါသဘောမကျဘူး။ မင်းတို့ပြင်ကြ။ ပုံပြင်ဆိုတာလည်းတကယ်မဟုတ်ဘူး။ မင်းတို့ စာလုပ်ချင်လာအောင်ဆွပေးတာ။ ကဲပါကွာ...စာဆက်သင်ကြမယ်။
Students- အာ...ဆရာ လိမ်တယ်။ ညစ်လိုက်တာ။
Kai- ကလေးတို့....။ အချစ်ဇာတ်လမ်းတွေ ၊ ပုံပြင်တွေဆိုတာ Cinderella တို့ Snow white တို့လိုမျိုး Disney တွေထဲမှာဘဲHappy Endingလေးက ပျော်ဖို့ကောင်းတာ။ တကယ်တမ်းက အချစ်ဆိုတဲ့ ခံစားချက်ကမင်းတို့ထင်သလောက်မလွယ်ဘူး။ ဒါတွေနားလည်သေးကြမှာမဟုတ်ဘူး။
-ကလေးတွေကိုအပြုံးလေးနဲ့သာပြောရင်း စာဆက်သင်လိုက်သည်။ -
.
.
.
.
<<<
Yeonjun- Choi Soobin!!!!!!
Hyunjin- အာ...လန့်လိုက်တာ။
Beomgyu- ဘာဖြစ်လို့လည်း။
Yeonjun- ငါ....ငါ့ရဲ့ crh....စီနီယာအမကြီးကို ငါလိုက်နေတာသိတယ်မလား။
Hyunjin- ဟိုARMY အမကြီးလား။
Yeonjun- အေး ဟုတ်တယ် ။
Hyunjin- အွန်း....သိတယ်လေ။
Yeonjun- အဲ့ ယုန်ပေါက်လုပ်တာကောင်းသေးရဲ့လား။ နည်းနည်းလေးမှကောင်းပေးလို့မရတဲ့ ယုန်ပေါက်။ ဒီမှာကြည့်လိုက်....။
-ပြောပြောဆိုဆိုနှင့် စာတစ်ခုကို Screenshotရိုက်ပြီး GPထဲပို့ပေးလိုက်သည်။ -
Hyunjin- ဟားဟားဟား.....ဟားဟားဟား။
Beomgyu- ကောင်မလေးတွေကို coverတွဲတဲ့ကောင်လေး။ အဟက်!
-ထူးထူးဆန်းဆန်း အမြဲGPထဲ seenပြချင်မှပြတဲ့လူကပါ သူ့ကြည့်ပြီး ရီနေသည်။ -
Hyunjin- အဲ့တာဘယ်လိုဖြစ်တာလည်း။
Yeonjun- ဒီလိုကွာ....။
.
.
.
-ဟိုနေ့ညက Yeonjunနဲ့ soobin ကြက်ကြော်သွားစားရင်းကနေ တစ်ယောက်အကြောင်းတစ်ယောက်ပြောကာရင်းနှီးသလိုရှိလာသည်။ -
"ခင်ဗျားကြီး...ကျွန်တော့်ကိုဖုန်းလေးခဏငှားပါလား။ ကျွန်တော့်ဟာဖုန်းအားကုန်သွားလို့။ "
"သေချာလား။ ရော့...."
"သိုင်းကျူး....သိုင်းကျူး။ "
-ထိုနေ့ကsoobin စီနီယာအမကြီးအား ထိုသို့စာပို့ပေးပြီး yeonjunအား မွှေခဲ့သည်။ ယခုအခါမှာတော့ ထိုစီနီယာအမကြီးက yeonjunအား တွေ့သည့်နေရာမှရှောင်နေသည်။ -
Hyunjin- ကဲကဲ....ငါအတန်းရှိသေးလို့ ပြီးမှတွေ့မယ်။ မင်းတို့samလည်းလာပြီ။
Beomgyu- Bye....!
Hyunjin- တာ့တာနော်...ကောင်မလေးတွေကိုcoverတွဲတဲ့ ကောင်လေး။
Yeonjun- Hwang Hyunjin....
ငါ့ဒေါသတွေမင်းအပေါ်ပုံကျလာမယ်နော်။
Hyunjin- ဟီး"
.
.
.
-ထူးထူးခြားခြား Soobinတို့အဖွဲ့ထဲတွင် အားလုံးကပုံမှန်ဖြစ်နေပေမဲ့ ပုံမှန်မဟုတ်တာက Soobinတစ်ယောက်သာပင်။ -
Taehyun- Soobin!!! ငြိမ်ငြိမ်ထိုင်နေစမ်းကွာ။ မျက်စိနောက်လာပြီ။
Soobin- အမယ်...
ငါခြေထောက်နဲ့ ငါလျှောက်တာ။ မင်းနဲ့ဘာဆိုင်လည်း။
Kai- တစ်ခုခုဖြစ်ထားသေးလို့လား။
Soobin- ဟင်းဟင်း....ဆယ်စက္ကန့်အတွင်းသိရမှာပေါ့။
Taehyun- ဟမ်?
Soobin- 1-...2-...3-...4-...5-...6-...7-...8-...9-...10... ။
Choi Soobin!!!!!!
Soobin- လူနာမည်ကို စင်္ကြန်လမ်းမရောက်ခင်ကတည်းက အော်မနေနဲ့။ အားနေတာမဟုတ်ဘူး။
Taeyhun- ခုနကကျလမ်းလျှောက်နေတာသူမဟုတ်တာကျနေတာဘဲ။
Kai- အေးလေ...။
-သူတို့နှစ်ယောက်ပြောနေသည်များကို yeonjunနှင့် စကားပြောနေသော soobinမကြားသော်လည်း ရပ်ကြည့်နေသော beomgyuကြားသည်။ -
Yeonjun- မင်း Lee Da-Bin Noonaကိုဘာတွေသွားပြောထားတာလည်း။
Soobin- Lee Da-Binကဘယ်သူလည်း။
Yeonjun- မသိချင်ယောင်ဆောင်နေတယ်ပေါ့။
ဟိုနေ့ညက ငါမူးပြီးမင်းကို အဲ့အကြောင်းပြောပြမိတာလေ။ ပြီးတော့ မင်းက ငါ့ဆီကဖုန်းတောင်းသွားပြီး noonaကိုသွားပြောလိုက်တာမလား။
Soobin- ဟုတ်လား။
ကျွန်တော်အဲ့နေ့ညက မူးနေလို့ ဘာမှမမှတ်မိတော့ဘူး။ အဲ့လိုဖြစ်သွားတာလား ။ တောင်းပန်ပါတယ်။
Yeonjun- မင်း....မင်း တမင်တကာလုပ်တာမလား။
Soobin- အွန်း........။
-အသံကိုဆွဲကာပြောနေပြီး ခြေလှမ်းများက အတန်းပြင်ကိုဦးတည်နေသည်။ -
Yeonjun- ဘယ်ကိုသွားမလို့ပြင်နေပြန်တာလည်း။
-လူယုတ်မာတစ်ယောက်၏ အပြုံးကိုပန်ဆင်ကာပြောလာတဲ့သူ။ -
Soobin- ကျွန်တော်လား။ ကန်တင်းကိုသွားမလို့လေ။ ဟဲ ဟဲ....
Yeonjun- CHOI SOOBIN!!!!!!!
မင်းမိလို့ကတော့ အသေဘဲ။
-soobinက အရှေ့မှပြေးသွားကာ yeonjunကတော့ အနောက်ကပြေးလိုက်သွားသည်။ Hyunjinနဲ့ Taehyunကတော့ မနိုင်တော့ဘူးဆိုသည့်ပုံဖြင့်သာ။ Beomgyuကတော့ ဝင်လာကတည်းကိုက သူ၏ကမ္ဘာငယ်လေးကို ကြည့်နေသည်။ Kaiကတော့ စီနီယာ့မျက်နှာတစ်ကမ္ဘာဟူသည့်အတွေးအတိုင်း Hyunjinကိုသာ မေးထောက်ကာ ငေးကြည့်နေသည်။ -
.
.
.
-သူတို့အကုန်လုံးအတန်းပြီးလို့ ကန်တင်းလိုက်သွားချိန်တွင် Kai,နဲ့ Hyunjinက Boramကိုသွားခေါ်မည်ဟုဆိုကာ နောက်မေဂျာဆောင်ကိုကူးသွားသည်။ အခုကန်တင်းသို့ထွက်လာရသည်မှာ Taehyunနှင့် beomgyuသာ။ -
Taehyun- စီနီယာ....အကြွေးဘယ်တော့ပြန်ယူမှာလည်း။
Beomgyu- hyungလိုအပ်တဲ့အချိန်ကျရင် ပြန်ယူမယ်။
Taehyun- စီနီယာလိုတဲ့အချိန် အဲ့ပိုက်ဆံက ကျွန်တော့်မှာမရှိရင်ရော။
Beomgyu- hyungလိုချင်တာ ပိုက်ဆံလို့ဘယ်သူပြောတာလည်း hyu....အဲ Taehyunကို....
-ရုတ်တရက် ခိုးခိုးခေါ်ခဲ့ရတဲ့ နာမည်ကို ထွက်မကျသွားခင် ပြန်ထိန်းထားရသည်။ တော်သေးသည်။ ကမ္ဘာငယ်ကြားသွားသည့်အရိပ်အယောင်မမြင်ရ။ -
Taehyun- ဒါဆို.... ဘာပြန်ယူမှာလည်း။
Beomgyu- Somethingပေါ့....။
Taehyun- ဒါနဲ့....စီနီယာ့မှာ ရည်းစားရှိလား။
Beomgyu- မရှိပါဘူး။ စာနဲ့ဘဲလုံးပန်းနေတော့ အဲ့ဒါတွေလုပ်ဖို့အချိန်မရှိဘူး။
Taehyun- ဒါဆို ငယ်ငယ်ကတည်းက အဲ့လိုမရှိခဲ့ဘူးပေါ့။
-ထိုကောင်လေးမေးတဲ့မေးခွန်းမှာ ခဏတာတော့ အဖြေမရှိဖြစ်သွားရသည်။ မရှိခဲ့ဘူးလို့တော့ ကိုယ်မလိမ်ချင်ဘူး။ ရှိခဲ့တယ်...ဒါပေမဲ့ နာကျင်ရတဲ့အချစ်မျိုးဖြစ်ခဲ့တာဆိုရင်တော့ ယုံပေးနိုင်မလား။
Beomgyu- မရှိတာမဟုတ်ပါဘူး။ တစ်ခါတော့ရှိဖူးပါတယ်။
Taehyun- အမယ်...hyungကမထင်ရဘူးနော်။
Beomgyu- ဟင်?
Taehyun - အော်...မဟုတ်ပါဘူး။ အနေအေးလို့အဲ့လိုမျိုးတွေမရှိခဲ့ဘူးထင်တာ။
Beomgyu- အခုလည်း အဲ့လိုကိစ္စရှိတယ်။ ဒါပေမဲ့ hyungကသဘောကျနေတာ သူ့ဘက်ကမသိဘူး။
Taehyun- ဖွင့်ပြောလိုက်လေ....ဒါမှ ကောင်မလေးကသိမှာပေါ့။ သိမှ စဥ်းစားပေးလို့ရမယ်။ စဥ်းစားပေးမှ အဖြေထွက်လာပြီး တိတိကျကျ အဖြေပြန်ပေးလို့ရမှာပေါ့။
Beomgyu- ကောင်မလေးမဟုတ်ဘူး။ ကောင်လေး.....hyungသဘောကျနေတာ ကောင်လေးလို့။
-အဲ့အချိန်သူရော ကိုယ်ရော လျှောက်လှမ်းနေသည့်ခြေလှမ်းများရပ်တန့်သွားကာ ထူးဆန်းတဲ့အကြည့်နဲ့လှည့်ကြည့်လာသည်။ ကိုယ်ကလည်း တပ်ထားတဲ့မျက်မှန်လေးကို အပေါ်သို့ထိုးတင်လိုက်ကာ သူ့အား ကြည့်နေမိသည်။ တစ်ခုခုကိုပြောရန်အရှိန်ယူနေသလို...ကိုယ်ကရင်ခုန်နေရသည်။ -
Tadhyun- မိုက်တယ်။ hyungသဘောကျနေတဲ့လူက ယောက်ျားလေးဆိုတော့ မိုက်တယ်။
Beomgyu- ဟင်...အင်း။
-ရင်ထဲကအလုံးကြီးကျသွားသယောင်။ ဘာကိုစိတ်ပူလို့ပူမှန်းမသိအောင်ကို ဖြစ်နေရသည်။-
Taehyun- ကျွန်တော်လည်း ယောက်ျားလေးတစ်ယောက်ကိုသဘောကျနေတာ။ သူကလေ......
"ဟျောင့်တွေ....မင်းတို့ကChoi Soobinနဲ့ Choi Yeonjunသူငယ်ချင်းတွေလား။ "
-စကားဆက်မယ်ကျန်ကာရှိသေး.....ကျောင်းသားတစ်ယောက်က ကဗြာကယာပြေးလာပြီး မေးတော့....
Taehyun/Beomgyu- အွန်း...ဟုတ်တယ်။
Beomgyu- ဘာဖြစ်လို့လည်း။
"အခု....အခု အနောာက်ဘက်က ကန်တင်းမှာ သူတို့နှစ်ယောက် ရန်ဖြစ်နေကြတယ်။ "
Taehyun- ဘာ.....။
-အမယ်လေး...ကိုယ်တော်ချော Choi Soobin ရန်ဖြစ်တယ်ဆိုပါလား။ စီနီယာyeonjunကို ရန်သွားစပြန်ပြီထင်တယ်။ တကယ် မလွယ်ကြောလေးတွေ။ ဟိုနေ့ကတည်းက ပြဇာတ်ရုံကို ငါမခေါ်သွားရမှာ။ -
-ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေတုန်း ကိုယ့်ဘေးနားက စီနီယာbeomgyuက လက်ကိုဆွဲကာ လူအုပ်ကြားထဲကို ဝင်တိုးသွားတာကို ခံစားမိသည်။ အသိပြန်ဝင်တော့ ရောက်နေတာ မြေကြီးပေါ်လဲကျနေသောSoobinအား yeonjunမှ အပေါ်ကခွစီးကာ ထိုးမယ်ဟန်ပြင်နေသည်။ အောက်က တကောင့်သားက စပ်ဖြဲဖြဲနှင့်...။ -
Beomgyu- yeonjun....တော်တော့။
Yeonjun- ဖယ်စမ်း...လွှတ်။
ငါဒီကောင့်ကိုသတ်မယ်။ ငါ့ကို တစ်ကျောင်းလုံးရှေ့မှာ အရှက်ခွဲတာ။
-ထိုအချိန်Kaiတို့သုံးယောက်ရောက်လာပြီး hyunjinက yeonjunကို ဝင်ထိန်းသည်။ Kaiက soobinဆီသွားသည်။ -
Kai- ဘာဖြစ်ကြတာလည်း။
Boram- Soobin!!! ရရဲ့လား။ နာနေလား။
Taehyun- လာ...လာ ။ ဆေးပေးခန်းသွားမယ်။
-soobinကိုထူကာ ပုခုံးကိုဖက်၍ ဆေးပေးခန်းကို ခေါ်သွားရသည်။ ထိုရန်ပွဲကို သူတို့မရောက်ခင်အထိ ဘယ်သူမှလည်းမထိန်းကြ။ တစ်ယောက်ဆံပင်တစ်ယောက်ဆွဲကာ ရန်ဖြစ်သေးသည်ဟုလည်းကျောင်းသားလေးကပြောသွားသည်။ ဒါပေမဲ့ yeonjunသူ့စိတ်သူထိန်းထားလို့သာ soobinဘာမှမဖြစ်သည်ကိုကျေးဇူးတင်ရမည်။ ဒါတောင် အဲ့ခွေးလေးက သူမလုပ်လို့ သူမကြောက်ဘူး ပြောနေသေးတယ်။ -
.
.
.
Hyunjin- စိတ်ထိန်းမှပေါ့ကွာ....။ ဘယ်လိုဖြစ်ကြတာလည်း။
Yeonjun- ဘာဖြစ်ရမှာလည်း။ ကန်တင်းသွားတော့ အစကငါတို့ပြဿနာက ပြီးနေပြီ။ သူကတောင်းပန်တယ်လေ မုန့်ပါဝယ်ကျွေးမယ်ဆိုပြီး ကန်တင်းကိုအတူတူသွားကြတာ။ အဲ့အထိကိစ္စတွေက တစ်ခေါက်ပြီးပြီ ထားဦး....။
နောက်ကျတော့ ကန်တင်းက ကြေညာဘုတ်မှာ လူအုံနေလို့ ဘာရယ်မဟုတ်ဘူး...သွားကြည့်တာ။ ပြီးတော့မှ....
Flashback.....
Soobin- ခင်ဗျားဘာစားမလည်း...ကြိုက်တာစား ။ ပြီးရင်ခင်ဗျားရှင်းရမယ်။
Yeonjun- ဘာ....။
Soobin- စတာပါ။ ကျွန်တော်ရှင်းမယ်။
Yeonjun- ဟွန်း....။
ဒါနဲ့ ဘာလို့ဟိုမှာလူအုံနေတာလည်း။ တစ်ခုခုကြေညာထားလို့လား။
Soobin- သိချင်သွားကြည့်ပေါ့....။
Yeonjun- တူတူသွားမယ်။
-ထိုနေရာသို့လျှောက်သွားသည့်လမ်းတစ်လျှောက်လည်း ကျောင်းသား/သူတစ်ချို့က ကွက်ကြည့် ကွက်ကြည့်ဖြင့်။ ထိုနေရာရောက်မှ တိုးဝှေ့ကာ သွားကြည့်ကာမှ မိမိပုံကြီးဖြင့် အောက်မှာလည်း စာလုံးအကြီးကြီးဖြင့်စာတစ်ချို့။ ဘာတဲ့....
/"ယောန်ဂျွန်းက ယောက်ျားလေးတွေကိုကြိုက်သည်။ မိန်းကလေးတွေကိုအပျော်တွဲကာ သူ၏ BLဇာတ်လမ်းများ၏ Coverဖြစ်စေသည်။
ကောင်လေးတစ်ယောက်၏ First Kissကိုပါ အလိုမတူဘဲ ရယူဖူးသည်။ "/
-ဖတ်ပြီးချင်းချင်း ထိုကောင်လေးဘက်လှည့်ကြည့်မိတော့ သူလည်းလန့်နေသည့်ပုံ။ ဒါဆိုသေချာပြီ။ သရုပ်ဆောင်သည့်အတန်းချိန်ဆိုမှန်အောင်တက်သည့်ထိုကောင်လေးသည် ဟန်ဆောင်နေပြီမှန်း။ မျက်နှာပူလွန်းသဖြင့် ထိုဘုတ်မှ စာရွက်ကိုယူကာ ဖြဲဆုတ်ပြီး လွှင့်ပစ်လိုက်သည်။ -
Yeonjun- ဒါမင်းလက်ချက်ဘဲမလား။
Soobin- ဘာတွေလာပြောနေတာလည်း ။ ကျွန်တော်နောင်အခုမှမြင်ဖူးပြီးအံ့သြနေတာ။ ကျွန်တော့်အကြောင်းတော့မဟုတ်ဘူးမလား first kissက...။
Yeonjun- လိမ်မနေနဲ့။ မကောင်းတဲ့အကျင့်တွေအကုန်တတ်နေတယ် ဟုတ်လား။ ငါ့ကိုသိက္ခာချချင်နေတယ်ပေါ့။
Soobin- မဟုတ်ဘူးလို့ ပြောနေတယ်လေ ။
Yeonjun- လာပြောင်မနေနဲ့။
အဲ့လို အောက်တန်းကျတဲ့လုပ်ရပ်မျိုးမင်းကလွဲရင် ငါ့အပေါ်ဘယ်သူမှလုပ်မှာမဟုတ်ဘူး။
Soobin- ကျွန်တော်မဟုတ်ဘူးလို့ ပြောပြီးပြီနော် yeonjun hyung....
Yeonjun- မင်းမဟုတ်တဲ့ပုံစံမျိုးလာလုပ်မနေနဲ့။ အခါးဓာတ်ပေးပြီးမှ အချိုလာသတ်မနေနဲ့။ မင်းအခုချက်ချင်း ပြန်တောင်းပန်။
Soobin- ကျွန်တော်လုပ်တာမဟုတ်ဘူးလို့....။ အဲ့အတွက်လည်း ကျွန်တော်တောင်းပန်ခြင်းမလုပ်နိုင်ဘူး။
Yeonjun- ဒါဆို ဒီစာကိုဘယ်သူကပ်တာလည်း။ ဟမ်....ဒီစာတွေက မင်း Da Bin noonaဆီပို့တုန်းက စာတွေနဲ့တစ်ပုံစံတည်းဘဲ။ မင်းမှမဟုတ်ရင် ဘယ်သူလုပ်မှာလည်း။
Soobin- မဟုတ်ဘူးလို့ပြောနေတယ်နော်။
Yeonjun- ဒါဆို Da Bin Noonaလုပ်တာလား။ အဲ့အောက်တန်းကျပြီးခိုးကြောင်ခိုးဝှက်အလုပ်ကိုလေ။
Soobin- မသိဘူးလေ ။ ကျွန်တော်မဟုတ်တာတော့သေချာတယ်။
Yeonjun- ငါကောင်းကောင်းမေးနေတုန်းဖြေနော်။
-အင်္ကျီလည်ပင်းစကို ဆွဲကာ သစ်ပင်နှင့်ကပ်လိုက်ပြီး ဒေါသတကြီးမေးလာတဲ့ yeonjun။ -
Soobin- ခင်ဗျားလွှတ်လိုက်နော်။
Yeonjun- ဒါဆိုမင်းဖြေလေ။ မင်းမဖြေသ၍ ငါမလွှတ်နိုင်ဘူး။
Soobin- ခင်ဗျားမလွှတ်ရင် ကျွန်တော်လည်းမလွှတ်ဘူး။
-ထိုသို့ပြောကာ အားနေသည့်လက်နှစ်ဖက်ကို yeonjun ခေါင်းပေါ်သို့အုပ်ကာ ဆံပင်ကို လက်နှင့်ဆန့်သလောက် ဆွဲထားလိုက်သည်။ -
Yeonjun- အား...အားး။ နာတယ် လွှတ်စမ်း ....ခိုးကြောင်ခိုးဝှက်ကောင်ရဲ့။
Soobin- ခင်ဗျားအရင်လွှတ်လေ နှာဘူးကြီးရဲ့။
Yeonjun- မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်။ အေး...ဒီနေ့မင်းနဲ့ငါ နှစ်ယောက်တည်းက တစ်ယောက်အသေဘဲ။
-ဤကဲ့သို့စသည့်ရန်ပွဲသည် Taehyunတို့ရောက်လာမှ ပြီးမြောက်သွားသည်။ ဒီကြားထဲ ပုခုံးက ယုန်ကိုက်သည့်ဒဏ်ရာကိုလည်း ခံစားရသေးသည်။ -
Flashback end....
Hyunjin- ဖြစ်ရလေကွာ....။
Beomgyu- နည်းသေးတယ် ခံပေါ့....။ မဟုတ်ပါဘူးပြောနေတဲ့လူကို....
Yeonjun- တကယ်လုပ်တာဆို ဘယ်လိုလုပ်မလည်း။
Beomgyu- သူအကြောက်အကန်ငြင်းတယ်မလား။ မခေါ်စဖူး hyungတွေပါထည့်ခေါ်သေးတယ်ဆို။ ဒါဆိုသူမလုပ်လောက်ပါဘူး။ ပြီးတော့taehyunတို့က ဒီလောက်ဖြူစင်ကြတာ အဲ့လိုအကျင့်မရှိလောက်ပါဘူး။
Hyunjin- ဟမ်...?
Yeonjun- ငါတို့ပြောနေတာ ငမွှေထိုးလေးsoobinအကြောင်းပါ။ ဘယ်ကနေ taehyunကပါလာတာလည်း။
Beomgyu- I mean Soobinတို့သူငယ်ချင်းအုပ်စု။
Yeonjun- မင်းမလည်းနော်....မပြောလိုက်ချင်ဘူး။
Choi Beomgyu ပုံစံပျက်နေတယ်။
- သူပြောသည့်စကားကို ဘာလည်းဆိုသည့်ပုံစံဖြင့် မျက်ခုံးပင့်ပြပြီး မသိချင်ယောင်ဆောင်သွားသော beomgyuပါလေ။ -
-သူတို့ဘယ်လိုသိမှာလည်း...beomgyuစိတ်ထဲတွင် သူ့ပုံစံပျက်စေသည့် ကောင်လေးအကြောင်းတွေးနေခဲ့တယ်ဆိုတာ....။
.
.
.
>>>>
Kai- စာပုံမှန်လုပ်ကြ။ ရန်မဖြစ်ကြနဲ့။ စာမေးပွဲဖြေပြီးပြီဆိုပြီး လမ်းသလားမနေကြနဲ့။
Jun Kyoung- ဟင်.... ဆရာကလည်း။ တပည့်လေးတွေကိုဆုံးမတာ ဖြေးဖြေးသက်သာပြောပါဗျ။
Kai- ဟိတ်ကောင်...လေရှည်မနေနဲ့။
နောက်တစ်ခါ စာမေးပွဲကျရင် မင်းမိဘခေါ်ရမယ်။ ငါအခုကတည်းက Mr. Danielရဲ့ ဖုန်းနံပါတ်ကြိုယူထားမှာနော်။ ပြောထားတယ်။
Jun Kyoung- ဟုတ်....အဖေကလည်း စာမလုပ်ရင် မင်းအတန်းပိုင်နဲ့တွေ့ဖို့လိုနေပြီတဲ့။
Kai- ကဲ...ဆရာအတန်းချိန်ပြီးပြီ။
Woojin- နှုတ်ဆက်မယ်။
မင်္ဂလာပါ။ လမ်းခရီးအဆင်ပြေပါစေ။
Kai- အွန်း...အေးဆေးနေကြ။
-ကလေးတွေကို နှုတ်ဆက်ပြီးတာနဲ့ စာမေးပွဲကျတဲ့လူသုံးယောက်အတွက် မိဘနဲ့စကားပြောရန် နားနေခန်းက စားပွဲကိုပြန်ကာ ထိုကလေးသုံးယောက်၏ Profileက မိဘဖုန်းနံပါတ်တွေကို ယူထားကာ အိမ်ပြန်ရတော့မည်။ အထူးသဖြင့် သူအချစ်ဆုံးနဲ့ ရိုက်တာအခံရဆုံး Jun Kyoungလေး၏ အိမ်ဖုန်းနံပါတ်။ ထို့နောက် Profileတွေကို ကြည့်ပြီး နောက်ဆုံး တစ်ခုသာကျန်တော့သည်။
အမည် - Choi Jun Kyoung
အသက် - 22နှစ်။
မိဘ - Mrs. Lily Jay / Mr. Daniel Choi
.......
.......
........
...............
-အော်...Jun Kyoungရဲ့ အဖေက Choiမျိုးရိုးလား။
အေးပေါ့....ငါကလည်းမေ့တတ်ရန်ကော....အဖေဆီကမျိုးရိုးယူထားတာဘဲဖြစ်ရမှာပေါ့....။ -
-ထိုသို့တွေးကာ ဖုန်းနံပါတ်ယူပြီးအိမ်ပြန်သွားသော ဆရာ Kaiသည် မနက်ဖြန်မနက်ကျောင်းလာလျှင် ဘယ်လိုကိစ္စရပ်တွေရှိလာတော့မလည်းဆိုတဲ့ အတွေးကိုသာ တွေးခဲ့မိရင်~~~
*Forever*
Updateတောင်းလို့ပေးလိုက်ပါတယ်နော်။
ဘယ်သူမှမဖတ်တော့ Unမလို့တောင်စိတ်ကူးပြီး ဟိုဘက်accမှာသာယာနေတာ။ ဒီဘက်ပြန်ကူးလာမှဒီstoryလေးက notiမှာ ဖတ်တဲ့လူတွေရှိလာတော့ ပျော်လိုက်တာဆိုတာကို....။ ဖတ်ပေးကြတဲ့လူတွေကိုလည်း ကျေးဇူး များကြီး"တင်ပါတယ်ရှင့်။ 🥺
ဒီအပိုင်းလေးကိုလည်းတော်တော်ကြိုးစားထားရတာပါ။ အပေါ်က messageပုံနှစ်ပုံဆိုရင်လည်း fake message appတွေနဲ့အဆင်မပြေလို့ အမတစ်ယောကိုအကူအညီတောင်းပြီး လုပ်ထားရတာပါ။
တေယ်သေးတာပေါ့...အဲ့အမကထမရိုက်တာ။
#jerry