[Complete]လမ်းခွဲပြီးတဲ့နောက်...

By Kyiphyuswe

599K 76.7K 1.5K

'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe... More

မိတ်ဆက် ( Intro)
Chapter 1. 1
Chapter 1.2
chapter 1.3
Chapter (2.1)
Chapter (2.2)
Chapter (2.3)
Chapter (3.1)
Chapter (3.2)
Chapter (3.3)
Chapter (4.1)
Chapter 4.2
Chapter (4.3)
Chapter( 5.1)
Chapter 5.2
Chapter (5.3)
Chapter (6.1)
Chapter (6.2)
Chapter 6.3
Chapter (7.1)
Chapter (7.2)
Chapter (7.3)
Chapter (8.1)
Chapter (8.2)
Chapter (8.3)
Chapter (9.1)
Chapter (9.2)
Chapter (10.1)
Chapter (10.2)
Chapter (10.3)
Chapter (11.1)
Chapter (11.2)
Chapter (12.1)
Chapter (12.2)
Chapter (13.1)
Chapter (13 .2)
Chapter (14.1)
Chapter (14.2)
Chapter (15.1)
Chapter (15.2)
Chapter (16.1)
Chapter (16.2)
Chapter (17.1)
Chapter (17.2)
Chapter (18.1)
Chapter (18.2)
Chapter (19.1)
Chapter (19.2)
Chapter (20.1)
Chapter (20.2)
Chapter (21.1)
Chapter (21.2)
Chapter (22.1)
Chpater (22.2)
Chpater (22.3)
Chapter (23.1)
Chpater (23.2)
Chapter (23.3)
Chpater (24.1)
Chapter (24.2)
Chapter (24.3)
Chapter 25. 1
Chapter (25.2)
Chapter (25.3)
Chapter (26.1)
Chapter (26.2)
Chapter (27.1)
Chapter (27.2)
Chapter (28.1)
Chapter (28.2)
Chapter (28.3)
Chapter (29.1)
Chapter (29.2)
Chapter (29.3)
Chapter (30.1)
Chapter (30.2)
Chapter (30.3)
Chapter (31.1)
Chapter (31.2)
Chapter (31.3)
Chapter (31.3)
Chapter (32.1)
Chapter (32.2)
Chapter (32.3)
Chapter (33.1)
Chapter (33.2)
Chapter (33.3)
Chapter (34.1)
Chapter (34.2)
Chapter (34.3)
Chapter (35.1)
Chapter (35.2)
Chpater (35.3)
Chapter (36.1)
Chapter (36 .2)
Chapter (36.3)
Chapter (36.4)
Chapter 37.1
Chapter (37.2)
Chapter (37.3)
Chapter (38.1)
Chpater (38.2)
Chpater (38.3)
Chapter (39.1)
Chapter (39.2)
Chapter (39.3)
Chapter (40.1)
Chapter (40.2)
Chapter (40.3)
Chapter (41.1)
Chapter (41.2)
Chapter (42)[Final]
Extra 1
Extra (1.2)
Extra 2 .1
Extra (2.2)
Extra (2.3)

Chapter (26.3)

3.1K 467 4
By Kyiphyuswe

[Unicode] (26.3)

ရှုပေါ်စုက စာရင်းတွေ အများကြီး ကိုယူသွားပြီးတော့ စူပါမားကတ် မှာ လိုးရှင်း ၂မျိူးကို သွားရှာခဲ့လေတယ်။ အဓိက ကတော့ ကိုယ်ခန္ဓာ ကို သန့်ရှင်း စေတဲ့ဟာနဲ့ အတွင်းဝတ်တွေကို လျှော်တဲ့ဟာမျိုးပေါ့။

သူက သူလိုအပ်တာလေးပဲ ဝယ်လာတဲ့ အတွက်ကြောင့် အချိန်က နာရီဝက်ထက်ကို ပိုနည်းနေခဲ့တယ်။

" အရမ်းမြန်တာပဲ?''

ကျန်းရှုက အိမ်ကို ပြန်ရောက်လာတဲ့ ရှုပေါ်စု ကို တစ်ချက် ကြည့်လိုက်တယ်။ ပြီးတော့ ပုံမှန်တိုင်း ပဲမေးလိုက်တယ်။

"  ခများက ဘာကို ဝယ်ဖို့ထွက်သွားတာလဲ?''

" ကိုယ်မင်းကို မနက်ဖြန် ကျရင်ပြောပြမယ်''

ရှုပေါ်စု က တစ်ခဏလောက်တွေး ကြည့်ပြီးတော့ ဒီတစ်ညလုံးကိုလည်း အချိန်မပုတ်သွားစေ ချင်ဘူး။

အခုချိန်ထိ လေထုကောင်းကောင်းလေး  ရှိနေသေးတာပဲ။

" အို... ''

ကျန်းရှု တစ်ယောက် ထပ်မမေးတော့ပေ။

နောက်တစ်နေ့ ရေချိူးခန်းမှာ မျက်နှာသစ် ပြီးတဲ့နောက် ကျန်းရှုတစ်ယောက် ထိုရေချိုးခန်း အသေးလေးထဲမှာ တစ်ခုခုပြောင်းလဲ နေတာကို ခံစားမိတယ်။

သေချာ ဂရုတစိုက် ကြည့်ပြီးတဲ့နောက်မှာတော့ အိမ်သာသုံး စဥ်ပေါ်မှာ ဘူးအသေးလေး ၂ခု တင်ထားတာကိုတွေ့လိုက်ရတယ်။

ကျန်းရှုက ထိုဟာလေးကို အနီးကပ် ကိုင်ကြည့်လိုက်တဲ့ အခါမှာတော့အမျိုးသမီးများ အတွက် XX ဆိုတဲ့စကားလုံးကိုတွေ့ သွားပါတော့တယ် ။

သေစမ်း!

ကျန်းရှုက သူ့ခေါင်းကို လှည့်ကာ ထိုအခန်းထဲကို လမ်းလျောက် ဝင်လာတဲ့ လူကိုကြည့်ပြီးတော့ ချက်ထားတဲ့ ပုဇွန်လိုမျိုး နီရဲလာတယ် ။

" ခများ....ဒီပစ္စည်း လေးတွေ ဝယ်ဖို့ရာ သွားခဲ့တာ ပေါ့လေ?''

" အာ..''

ရှုပေါ်စုက ခေါင်းငြိမ့်ပြ တယ်။

" ခများ မရှက်ဘူးလား? "

ဒီလို ယောကျာ်း ရင့်မာကြီးက ဒီပစ္စည်း တွေကို ပြေးဝယ်တယ်ပေါ့လေ!

" မရှက်ပါဘူး ''

ရှုပေါ်စုကို ကြည့်ရတာ အရမ်းဂုဏ်ယူ နေတဲ့ပုံပဲ။

" လမ်းညွှန်အန်တီကြီးက ကိုယ့်ဇနီးအတွက် ဝယ်တယ်ဆိုတာကို သိတယ်လေ။ပြီးတော့သူက ကိုယ့်ကို ရာသီ လာရင် သုံးတဲ့ဟာကိုရော ဝယ်မလားလို့မေးတယ်လေ။ ကိုယ်က အဲ့တာကို မင်း မလိုဘူးလို့ထင်လို့.....  အဟမ်းမင်းက တကယ်လည်း မလိုဘူးလေ ဟုတ်တယ် မလား''

ကျန်းရှု က အမျိုးသမီး များအတွက် XXကို ယူကာ ရှုပေါ်စု ရဲ့ခေါင်းကို ရိုက်ချလိုက်တယ်။

"ခများက အရူးပဲ !''

ကျန်းရှုက ပြောလေတယ် ။

" ခများက တကယ်ရူးနေတာပဲနေမှာ!''

.... ကျန်းရှုတစ်ယောက် အဲ့လူကြီး နဲ့ ၂ရက် ဆက်တိုက်တောင် ဖြတ်သန်းခဲ့ပြီးသားလေ။

ရှုပေါ်စု က အရိုက်ခံ ရပြီးတဲ့နောက်မှာ သူ့ရဲ့ပွနေတဲ့ ဆံပင်တွေကို သပ်တင်လိုက်တယ်။

" မဟုတ်ဘူး စတော်ဘယ်ရီ လေး။ တကယ်လို့ တစ်နေရာရာကသာ ပုံမှန်မဟုတ်တာ ဖြစ်လာရင်.... ဥပမာကွာ  ဘောင်းဘီ တွေက ညစ်ပတ်​နေရင် ယားတာတို့ဘာတို့ ဖြစ်စေတက်တယ်။ မင်းအဲ့တာကို ဂရုစိုက် သင့်တယ်။ ''

ကျန်းရှုက သူပြောတာတွေကို ကြားပြီးတဲ့နောက် သူ့ဦးရေပြား တစ်ခုလုံး ကိုက်ခဲသွားသလိုကို ခံစားလိုက်ရတယ်။

"ပြီးတော့ မင်းက X လုပ်ရင် ဖျားနာလွယ်တယ်တဲ့လေ''

" အဲ့တာဆိုလည်း ခများက လာပြီးမ X နဲ့လေ!  "

ကျန်းရှု ဒေါသပေါက်ကွဲပါပြီ။

" ဒါကတော့ အဆင်မပြေဘူး....''

ရှုပေါ်စုက ပြောတယ်။

" လူတွေက စိတ်ဆန္ဒကြောင့် စားတာကို မရပ်တန့်နိုင်ဘူးတဲ့လေ။ ''

" အခု ထွက်သွား စမ်းပါ!''

ကျန်းရှုက သူ့ကို တံခါးအပြင်ဘက်တွန်းကာ ဘန်းခနဲဆောင့် ပိတ်လိုက်တယ်။

ရှုပေါ်စုက တံခါးကို မှီပြီးတော့ ပုတ်ကာပြောနေခဲ့တယ်။

" စတော်ဘယ်ရီ လေး။ စိတ်မဆိုးပါနဲ့။ အဲ့တာက ရှက်စရာမှမဟုတ်တာ''

" ကျွန်တော်က ရှက်နေတယ်လို့ ခများကို ဘယ်သူကပြောတာလဲ!''

ကျန်းရှုက ခပ်ပြတ်ပြတ်ပဲ ပြောတယ်။

" ခများရဲ့ ဘယ်မျက်လုံးက ကျွန်တော်ရှက်နေပါတယ်လို့ မြင်လိုက် တာလဲ?''

" အဲ့တာက.... ''

မျက်နှာလေးပေါ်မှာ ရေးထားတာပဲလေ။

" ပါးစပ် ပိတ်ထားစမ်း! "

ကျန်းရှုက ဟိန်းဟောက် လိုက်တယ် ။

ကျန်းရှုရဲ့ ခုခံနေမှုကြီးကြောင့် အဲ့ကိစ္စကို သူ့ကို အဲ့အကြောင်း ဆက်မပြောတော့ပါဘူး။

ကံကောင်း စွာနဲ့ အဝတ်လျော် တဲ့လူက ရှုပေါ်စု ဖြစ်နေလို့ပဲ ။ သူက ကျန်းရှုရဲ့ အတွင်းဝတ် ဘောင်းဘီ ကို ထိုလိုးရှင်းနဲ့လျော်လို့ရတယ်လေ။

တစ်ခြားအဝတ်တွေ နဲ့ရောမလျောတော့ပဲ ဂရုစိုက် စိုက်စွာအထူးသီးသန့်သာလျော်လေတယ်။

ကျန်းရှု တစ်ယောက် အရင်တုံးက ယားယံတယ်လို့ မခံစားခဲ့ရဘူး။ ဒါပေမယ့် ရှုပေါ်စု ရဲ့စကားတွေကြောင့် ရယ် ထိုသူဝယ်လာတဲ့ XX တွေကြောင့် ရယ် သူ့ခမျာ ယားလာသလိုလို ခံစား လိုက်ရတယ်။

ဒါပေမယ့် ဒါက ရာသီဥတု အရမ်းပူလို့ပဲ ဖြစ်လောက်မှာပါ။ အဲ့တာက ပုံမှန်အတိုင်း ပါပဲ။ ကျန်းရှုက ခေါင်းကို ခါလိုက်ပြီးတော့ အလုပ်ကိုသွားဖို့ပဲ အလေးအနက် ထားလိုက်တော့တယ်။

ငရဲပဲ!

ဒီနေ့အတွက် လူတွေကို ဆွဲဆောင်နိုင်တဲ့ အချက်အလက် တွေက ဘာတွေလဲ ဆိုတာကို ရှာဖွေကြည့်ပြီးတဲ့ နောက်မှာ တော့ ကျန်းရှုတစ်ယောက် သူ့တစ်ကိုယ်လုံး နေမကောင်း တာကို ခံစားမိ တယ်။

အလုပ်ကိုသွားပြီးနောက် ကျန်းရှုရဲ့ WeChat ပို့စ်တွင် :

{ ဆယ်ကျော်သက် ကောင်လေးတွေက ကုပ္မဏီမှာ ဆိုရင် ညစ်ညမ်း စာပေတွေကိုပဲအများဆုံး ဖတ်ဖို့ အာရုံစိုက်  နေကြတော့တာပဲ။ ဒါက သေမျိူးတွေရဲ့ ယုတ်လျော့ခြင်းလား။ ဒါမှမဟုတ် လူ့သဘာဝပဲလား ( :3 / _<) }

_လောင်နျို [ဟားဟားဟား မင်းက ဘယ်လို အလုပ် မျိုးကို ရှာတွေ့သွားရတာလဲကွ]

_ ကျိူးထောင် [???]

_ ကွမ်ယိရွှမ် [ ရှုရှု မင်းဘယ်လို ကုပ္မဏီ အတွက် အလုပ် လုပ်ပေးနေရတာလဲ? ဘာမှားလို့လဲ? ]

ကျန်းရှုက တစ်ယောက် ပြီး တစ်ယောက် စာပြန်ခဲ့တယ်။ အလုပ်နားတဲ့အခါမှာတော့ သူလည်းထိုအပျော်ထဲကို ပါဝင် ကာ စာတစ်ကြောင်း ချန်ထားခဲ့တယ် ။

_ရှုပေါ်စု [ တကယ်ကြီးလား? ဒါဆိုရင် အဲ့တာကို ငါတို့မလုပ်တော့ဘူးလေ။ မင်းက အိမ်ကို လာခဲ့ ငါက ​ထောက်ပံပေးမယ်]

ကျန်းရှုက ရှုပေါ်စု ပြောထားတဲ့စကားကို စာပြန်လိုက်တယ်။

[အဲ့တာ လုပ်နေတာကို ရပ်လိုက်ကြစို့]

ရှုပေါ်စု: [ကိုယ်က မင်းကားမောင်းတာကိုတော့ စိတ်ပျက်မိတယ်။ ဒါပေမယ့် ကိုယ်သက်သေကိုတော့ ရှာမရဘူး]

ကျန်းရှု: [ စတော်ဘယ်ရီ ဒယ်ဒီ က မင်းကို ပျံသန်းဖို့ ခေါ်သွား ပေးမယ်]

ရှုပေါ်စု: [ အားအား ]

( နင်တို့ကို စောက်ပေါအတွဲလို့ပြောရမှာ)

.......

အလုပ်ခန့်ပြီး ရက်အနည်းငယ် ကြာတဲ့အခါ ကျန်းရှုရဲ့ အားထုတ်မှုနဲ့အတူ ရက်သတ္တပတ် မပြီးသေးခင် သူက လိုအပ်တဲ့ ဇာတ်လမ်း​ကြောင်းတွေနဲ့ လိုအပ်တဲ့ ဇာတ်လမ်းအများအများကိုပုံဖော်ကာ X အမှတ်ကနေ X အမှတ်ရအောင် လုပ်နေခဲ့တယ်။

သူ့ရဲ့ ရလဒ်တွေ က အရမ်းကို ကောင်းတာကြောင့် ဟွမ်ရှင်းက တောင်မှ အရမ်းဂုဏ်ယူ နေခဲ့တယ်။ တစ်ခြားအရာတစ်ခုကနေ အာရုံကို ဘယ်လိုရောက်အောင်ဆွဲဆောင်ပြီး ပေါက်ကွဲမှု ကြီးကြီး ကို ဘယ်လိုဖန်တီးရမလဲဆိုတာ ကျန်းရှု သိလို့ပဲ ဖြစ်တယ်။

ဒါပေမယ့် ကျန်းရှုက အမြဲတမ်းပဲ သူ့ရဲ့ဒီလိုကောင်းမွန်တဲ့ ဉာဏ်ကို ဒီလိုနေရာတွေမှာ မသုံးသင့်ဘူးလို့တွေးမိပါတယ်။ ပြီးတော့ သူက လေးနက်တဲ့ ဦးတည်ရာ တစ်ခု ရှိရမယ်ဆိုတာကို သိလေတယ်။

" အကိုရှင်းရေ ကျွန်တော် ကတော့် တစ်ချို့အလေးအနက်ရှိတဲ့ အချက်အလက်တွေကို ပဲလုပ်ချင်တယ်ဗျာ''

ကျန်းရှုက ပြောလိုက်တယ်။

" အရှုပ်အထွေး တွေရဲ့ A ဗားရှင်းကို ယူမလို့လား''

ဟွမ်ရှင်းက မေးလိုက် တယ်။

" မင်းမှာ ချန်နယ်တွေ များရှိသလား?  တကယ်လို့ မင်းသာ အချက်အလက်တွေကို ပထမဆုံး လက်ဝယ်ပိုင်ဆိုင်ပြီဆိုရင် မင်းကြိုက် သလိုအဲ့တာတွေကို ရောပစ်လိုက်လို့ရတယ်လေ''

ကျန်းရှုရဲ့ တွေဝေနေတဲ့အကြည့်ကို ဟွမ်ရှင်း မြင်လေတော့သူ့ကို အားပေးတော့တယ်။

" ဒါတွေအကုန်လုံးက လူတွေပဲ လုပ်တာကွ။ သူတို့က အလုပ်မှာ နှစ်ပေါင်း များစွာထိ ကျင်လည်ခဲ့တဲ့ လူတွေပဲ။ သူတို့က မင်းထင်ထားတာထက် အဆက်သွယ် တွေအများကြီး ရှိတယ် ကွ။ သူတို့က တစ်ခဏထဲနဲ့ ဖြစ်လာတာ မဟုတ်ဘူး လေ''

" ဟုတ်တယ် ''

ကျန်းရှုက ဖျော့တော့စွာပြောလိုက်တယ်။

" ဟေး အဲ့အကြောင်း ကို မပြောကြရအောင်။ ဒါနဲ့အကိုရှင်းက ဒီတစ်ပတ် ပိတ်ရက် ဘာလုပ်မလဲ? "

" ပိတ်ရက် မှာလား?''

ဟွမ်ရှင်း က ပြုံးလေတယ်။

" မိန်းမနဲ့ ကလေးကို အဖော်ပြုပြီး ရေသွားကူးမယ် ။ စျေးဝယ်ထွက်ကြ မယ် ။ ပြီးတော့ မိဘအိမ်ပြန်ပြီး ထမင်းတစ်နပ်လောက် စားမယ်လေ။ မင်းကရော?''

" ဒါဆို ကောင်းတာပေါ့ ''

ကျန်းရှုက သူ့ရဲ့ အထုတ်အပိုးတွေ ကို သိမ်းဆည်းကာ ထွက်သွား ဖို့လုပ်လိုက်တော့ တယ်။

" စနေနေ့မှာ ကျွန်တော့် လက်တွဲဖော် ရဲ့သူငယ်ချင်း တွေလာလည်ကြမှာ ။ တနင်္ဂ နွေနေ့ကြရင်တော့ ကားသွား ဝယ်မှာလေ.....''

တကယ်လို့ မင်းသာ ဒီနည်းလမ်း အတိုင်း စဥ်းစား ကြည့်ရင် အနာဂတ် က အချိန်အပိုင်း ခြားလေးပါလားလို့တွေးမိလိမ့်မယ်။

ကျန်းရှုက ပြုံးကာ သူ့ရဲ့ ကျောပိုးအိတ် ကိုလွယ်ကာ စစ်ဆေးရေးဝင်ဖို့ လူတန်းရှည်ကြီး ထဲကို သွားတန်းစီနေရင်း ရှုပေါ်စုဆီကို ခေါ်ဖို့ ဖုန်းထုတ်လိုက်တယ်။

" ကျွန်တော် အလုပ်ဆင်းပြီ!  ရထားဘူတာ မှာ ခများကို စောင့်နေစေချင်လား?''

" မလိုဘူး ''

ရှုပေါ်စု က ပါးပါးစတော်ဘယ်ရီရဲ့ ကုမ္ပဏီ တံခါးရှေ့မှာ ရပ်နေခဲ့တယ်။ သူ့လက်ထဲမှာ တော့ရေခဲချောင်း ၂ ချောင်းကိုကိုင်ထားလေတယ်။

" မင်းလာတာ မြန်သားပဲ။ မဟုတ်ရင် ရေခဲချောင်းတွေက အရည်ပျော်ကုန်တော့မယ်''

ကျန်းရှုက မူးမေ့ သွားတယ်။

" ငါလိုးပဲ။ ဒီဖအေက မြန်မြန်လာနေပြီကွ။ ရေခဲချောင်းတွေ ငါ့ကိုစောင့်ကြအုံး!''

( သတင်းကျွတ် အထူးလျော့စျေး အပြီးထိကို ၁၂၀၀ ကျပ်နဲ့ ဝင်လိုက်ပါ! 🎆🎇🌠)

..................

Continue Reading

You'll Also Like

1.2M 50.8K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
495K 64.8K 60
Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full cr...
22.7K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အကျဉ်းချုပ်...
479K 82.2K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...