သို့....မာလီပါး [Complete]

By _nayyyyy_

14.8K 1K 322

တိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်... More

Intro
PART - 1{မာလီပါး (ခေါ်) ဒုတိယ မကာအို}
PART - 2{မာလီပါး၏ဖခင်ကြီး}
PART - 3 (U/Z)
PART - 4 (U/Z)
PART - 5 (U/Z)
PART - 6 (U/Z)
PART - 7 (U/Z)
PART - 8 {နဝတ/နအဖ အဖွဲ့နှင့် ကိုးကန့်အရေးအခင်း}
PART - 9 (U/Z)
PART - 10 (U/Z)
Ans
Photos Collection
PART - 11 (U/Z)
PART - 12 (U/Z)
PART - 13 (U/Z)
PART - 14 (U/Z)
PART - 16 (U/Z)
PART - 17 (U/Z)
PART - 18 (U/Z)

PART - 15 (U/Z)

329 32 1
By _nayyyyy_

မီးဖိုခန်းထဲ၌ တပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံးသည် ထည့်မည့်သူမရှိသောကြောင့်ပွက်မြဲ၊ပွက်လျက်။
ဆူနေသည်မှာကြာနေပြီဖြစ်သောကြောင့်
ရေက မူလရှိသည့်အမှတ်ကို‌တောင်
လေးငါးစိတ်လျော့နေလေပြီ။

တကယ်တော့ လူမရှိသောကြောင့်မဟုတ်။
ထိုပွက်နေသောရေနွေးအိုးရှေ့၌ ထိုင်နေသောလူတစ်ယောက်ရှိနေပြီး
ထိုလူသည် ထိုအိုးကိုကြည့်လျက်အတွေးကမ္ဘာထဲရောက်နေပုံရသည်။

‌စားပွဲပေါ်၌လည်း စားကြွင်းစားကျန်ပန်းကန်များက ဟိုတစ်ခွက် ဒီတစ်ခွက်ဖြစ်နေသလို
ပွက်နေသောရေနွေးအိုးဘေး၌လည်း
ထမင်းစေ့များက အစုလိုက် အစုလိုက်။

အသိမရှိစွာထိုင်နေသောလူက
လက်ထဲ၌ဆေးလိပ်တစ်လိပ်ကိုင်ထားကာ
ထိုဆေးလိပ်သည်မီးစွဲနေသော်လည်း သောက်သုံးခြင်းမခံရသည့်အတွက် ဆေးလိပ်ပြာနှင့်အ‌ငွေ့များက လေနှင့်တလွင့်လွင့်ဖြစ်နေလေသည်။

ထိုလောင်ကျွမ်းနေသည့်ဆေးလိပ်က အချိန်ကြာလာတော့ တဖြည်းဖြည်းတိုလာရင်း
ကိုင်ထားသည့်လူ၏ လက်နားသို့ရောက်လာ၏။

"အ့!!!"

ထိုအခါမှ ထိုလူသည်အသိစိတ်ဝင်လာကာ
မျက်စိရှေ့၌ ဖြစ်ပျက်နေသည့်အရာများကို မြင်ပုံရသည်။

"အာ ရေနွေးအိုးဆူနေပြီပဲ။‌ထည့်ရအုံးမယ်"

ရေနွေးထည့်ဖို့ပြင်လိုက်ပေမယ့်
အနားမှာထည့်ဖို့ဓာတ်ဘူးကရှိမနေ။
တောင်မြောက်ဝေ့ဝိုက်ရှာလိုက်ကာမှ ဓာတ်ဘူးကရှိသင့်သည့်နေရာမှာရှိမနေဘဲ
တီဗီစင်ပေါ်သို့ရောက်နေ၏။

စိတ်ပျက်လက်ပျက် ကျစ်တစ်ချက်သပ်လိုက်ရင်း သွားယူလိုက်ကာ တစ်ဝက်တောင်မရှိတော့သည့်ရေနွေးကိုထည့်လိုက်တော့သည်။
ထို့နောက် ရှုပ်ပွနေသည့်အမှိုက်များကိုရှင်းလင်း၍ အိမ်ရှေ့သို့ပြန်ထွက်လာရင်းဆိုဖာပေါ်ထိုင်၍ တီဗီဖွင့်ထားလိုက်သည်။

အရောင်အသွေးအစုံအလင်နှင့်ပြသနေသည့် တီဗီလိုင်းက သူ့အာရုံတွေကိုအပြည့်အဝ
ဖမ်းစားနိုင်ခြင်းမရှိ။

"ကိုယ်ပြန်လာခဲ့မယ်။စောင့်နေပေးပါ"တဲ့

သွားခါနီးပြောခဲ့သည့်စကားက ရှင်းရှင်းလေးသာ။

စောင့်နေပေးနိုင်မလားဆိုတဲ့ တောင်းဆိုချက်မဟုတ်ခဲ့။
စောင့်နေပေးပါတဲ့။
မဖြစ်မနေ သူ့ကိုစောင့်နေရမယ်ဆိုတဲ့သဘော။

၁လလောက်ကြာရင်ပြန်လာမယ်ဆိုပြီး
ပြောသွားသူက ပြန်မလာခဲ့သည်မှာ
၄လနီးပါးရှိနေခဲ့ပြီး
စာလည်းမလာ။သတင်းလည်းမကြား။
ကာစီနိုမှာလည်းမတွေ့ရတော့....
ဘာတွေလုပ်နေ၍ဘယ်တွေဆီသွားနေမှန်းလည်းသူမသိရ။

နမ့်ဆန်မှပြန်လာပြီးနောက်ပိုင်း အရာရာကသူတို့နှစ်ယောက်ကြားထဲမှာပုံမှန်အခြေအနေအတိုင်းသာရှိခဲ့သည်။
ပုံမှန်အတိုင်း မေးထူးခေါ်ပြောကြဆဲ။

ရှင်းကဖွင့်ပြောခဲ့သည့်တိုင်
သူ့ဆီကသဘောထားကိုပြန်မမေးခဲ့။
ပြီးတော့ အရင်လိုသူ့ကိုဂရုစိုက်ဆဲ၊
ကြင်နာဆဲ၊နွေးထွေးဆဲ...
ဒါဆိုသူကရော

သူကတော့ အရင်အတိုင်းစကားတွေပြောဖြစ်ပေမယ့် ရှင်းကိုမသိမသာရှောင်လာခဲ့သည်။အရင်ကထက်စာရင်တော့  ဒီအခြေအနေကသူ့အတွက်အနည်းငယ်နေရခက်စေခဲ့သည်။
ဒါကိုရှင်းကလည်း ရိပ်မိခဲ့ပါသည်။

ထိုနေ့က သူတို့နမ့်ဆန်မှာရှိခဲ့ကြတဲ့နောက်ဆုံးည။

အဲ့နေ့ညက ရှင်းအလုပ်တွေရှုပ်နေခဲ့သည်။
တတောက်တောက်ရိုက်နေသည့် ကွန်ပျူတာစာရိုက်သံတွေက ကုတင်မှာလှဲနေသည့်
သူတောင်ကြားနိုင်ရသည့်အခြေအနေအထိ။

ဒါပေမယ့်သူမကြည့်မိ။‌
သေချာစဉ်းစားကြည့်ရင် ရှင်းကလည်း
အမြဲကာစီနိုကမေးလ်ဆိုတာကလွဲ၍
မပြောပြခဲ့ဖူးဘဲလေ။

ရှင်းကသူ့ကိုချစ်သာချစ်တာ။
သူ့အပေါ်ယုံကြည်မှုမှမရှိခဲ့ဘဲ။
သူမှမဟုတ်ဘူး။ရှင်းကဘယ်သူ့ကိုမှအလွယ်တကူယုံကြည်သည့်လူစားမျိုးမဟုတ်။ကံကောင်းတာက အဲ့လူတွေထဲမှာသူလည်းပါတာပါပဲလေ။

"နိုင်း"

"အင်း"

စားပွဲပေါ်မှာထိုင်ကာအလုပ်လုပ်နေသည့်ရှင်းက သူ မအိပ်သေးမှန်းသိတာကြောင့်လား
မသိ။
အနောက်လှည့်ကြည့်ကာသူ့ကိုခေါ်လာသည်။

"ကော်ဖီသောက်မလား။ကိုယ်ဖျော်လာပေးမယ်"

မထူးတော့။အိပ်မပျော်မယ့်အတူတူတော့
ကော်ဖီသောက်ဖို့သာခေါင်းညိတ်ပြလိုက်သည်။
အလုပ်လုပ်နေသူကcomputer ကိုပိတ်ချသွားပြီး မီးဖိုခန်းထဲဝင်သွား၏။
သူကိုယ်တိုင်လည်းကုတင်မှထလာကာ
စားပွဲပေါ်မှာသွားထိုင်လိုက်သည်။
သိပ်မကြာလိုက်။ရှင်းက ကော်ဖီခွက်နှစ်ခွက်ကိုင်ကာပြန်ထွက်လာသည်။

"ကျေးဇူး"

ကမ်းပေးလာသည့်ခွက်ကို ယူလိုက်ရင်း
တစ်ခါမှမပြောခဲ့ဖူးသည့်စကားကိုပြောလိုက်သည်။
ထိုစကားကြောင့် ရှင်းကသူ့ကိုကြည့်လာတာကိုသိလိုက်ပေမယ့် ပြန်မကြည့်ဖြစ်။
အငွေ့ထနေ‌သည့်ကော်ဖီခွက်ထံကိုသာ အကြည့်ပို့ထားသည်။

ထို့နောက် သက်ပြင်းချသံတိုးတိုးကြားလိုက်ပြီး ဘေးနားကထိုင်ခုံမှာဝင်ထိုင်လိုက်တာကို သိလိုက်သည်။
အခြေအနေက နှစ်ယောက်ကြားမှာမသက်မသာ။
သူလည်းဘာပြောရမှန်းမသိဖြစ်နေသလို ရှင်းကလည်းငြိမ်သက်နေ၏။

"အဲ့လိုဖြစ်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။
ဒီအတိုင်း ကိုယ့်ရဲ့ခံစားချက်ကိုသိစေချင်ခဲ့ရုံပါပဲ။"

ကော်ဖီခွက်၏ ပတ်ပတ်လည်ကိုခပ်ဖွဖွထိရင်းပြောလာသည့်ရှင်းက သူ့ကိုကြည့်မနေခဲ့။

"တစ်ခါတစ်လေ ဝမ်းနည်းမှုတွေ၊စိတ်ပင်ပန်းမှုတွေကြုံလာပြီး အားလုံးနဲ့တစ်ယောက်ဖြစ်နေရင်တောင် အဲ့လိုတစ်ယောက်တည်းဖြစ်နေတဲ့ နိုင်းရဲ့အနားမှာ ကိုယ်အမြဲရှိနေတယ်ဆိုတာ၊နိုင်းကိုချစ်တဲ့ ကိုယ်ရှိနေတယ်ဆိုတာလေးကိုသိစေချင်ခဲ့ရုံပဲ။"

"......."

"တစ်ယောက်ကတစ်ယောက်ကိုချစ်တယ်လို့ဖွင့်ပြောတာက အဲ့တစ်ယောက်အတွက် အားအင်အဖြစ်၊နားခိုရာအဖြစ်၊ဆိုးကောင်းအကြောင်းတိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ်
ရှိချင်ကြလို့။ဒီလိုအခြေအနေရောက်စေခဲ့ဖို့မှမဟုတ်ပဲနိုင်းရယ်"

ပြုံးလိုက်သည်။
ခါးသက်သက်အပြုံး။စိတ်ပျက်လက်ပျက်အပြုံး။

"မင်းငါ့ကိုဘာလို့ချစ်တာလဲ"

"နိုင်းမို့လို့။နိုင်းဆိုတဲ့မင်းမို့လို့..။"

မတွန့်ဆုတ်ဘဲ ချက်ချင်းပြန်ဖြေလာသည့် အမျိုးသားသည် ထိုစကားမှလွဲ၍မပြောခဲ့။

"ငါတို့နှစ်ယောက်ကချစ်လို့ရမယ်လို့မင်းထင်လား"

"ချစ်ချင်ရင်ချစ်လို့ရပါတယ်။ကိုယ်မင်းကိုပြောခဲ့ဖူးသလိုပေါ့။လူနှစ်ယောက်ကြားကချစ်ခြင်းက ကာယကံရှင်နှစ်ယောက်ပဲဖန်တီးလို့ရသလို ပြောင်းလဲလို့ရတယ်ဆိုတာကိုလေ"

တစ်ခြားသူတွေကတော့ဟုတ်ရင်ဟုတ်လောက်ပေမယ့် သူတို့အတွက်ကတော့
ရှင်းပြောတဲ့စကားတွေကလုံးဝမှန်မနေ။

သူတို့နှစ်ယောက်ကြားကချစ်ခြင်းက
သူတို့မဖန်တီးခင်ကပဲ၊ဖန်တီးဖို့အခွင့်အ‌ရေးတောင်မရှိလိုက်ပါဘဲ ကံကြမ္မာက ကြိုတင်သတ်မှတ်ထားတာဆိုရင်ရော။
ဒီစကားတွေတော့ ရှင်းကိုမပြောပြဖြစ်ခဲ့။

"ငါ့ကိုချစ်ရတာအမှားတစ်ခုဆိုရင်ရော"

ငြိမ်သက်သွားသည့်ရှင်းကိုသူသေချာမျက်တောင်မခတ်ဘဲကြည့်နေမိသည်။
မျက်တောင်ခတ်လိုက်ပုံကအစ ပြန်ဖြေဖို့
နှုတ်ခမ်းဖွင့်လိုက်ပုံအဆုံး။
အသေးစိတ်ကအစ သူကြည့်နေမိသည်။

"အမှားဆိုရင်လည်း ကိုယ်ရင်နာနာနဲ့သိမ်းဆည်းသွားရမယ့်အမှားပဲဖြစ်ပါ‌
စေလေ"

စကားအဆုံးမှာ နီစွေးစွေးနှုတ်ခမ်းတစ်စုံကိုထပ်ဖွင့်ဟဖို့သူခွင့်မပြုတော့။
ကျချင်နေသည့်မျက်ရည်များကိုလည်း ထိုလူမြင်အောင် သူပြလို့မဖြစ်။

ကော်လံနှစ်ဖက်ကိုခပ်ဖွဖွဆွဲလိုက်ရင်း နှုတ်ခမ်းအချင်းချင်းထိကပ်စေတော့ တစ်ဖက်လူကအံ့ဩမှုမဖြစ်ပဲ သူ့အတိုင်းသာပြန်လည်ထွေးပွေ့လာခဲ့သည်။

မကြမ်းတမ်းပဲနူးနူးညံ့ညံ့။
နာကျင်ကျင်မှာဆိုး၍ ခပ်ဖွဖွ။
ချိုမြိန်နေသည့်နှုတ်ခမ်းတစ်စုံက
သူဘယ်တော့မှပြန်မထိတွေတော့မယ့် နှုတ်ခမ်းတွေ။
ဒါကပထမဆုံးနဲ့နောက်ဆုံးအကြိမ်။

ထိန်းထားသည့်ကြားကမျက်ရည်ကျမိတော့
တစ်ဖက်လူက နမ်းနေရင်းကနေ သုတ်ပေးလာ၏။
မငိုပါနဲ့လို့မပြော။ပါးနှစ်ဖက်ကို နူးညံ့စွာပွတ်သပ်ရင်း အနူးညံ့ဆုံးသောအနမ်းများ၊အကြင်နာများပေးကမ်းလာခဲ့သည်။

အမှားဆိုရင်တောင် သူကိုယ်တိုင်လည်း
ဒီအမှားအပေါ်ရူးရူးမိုက်မိုက် ပစ်ဝင်ချင်ခဲ့သူပါလေ။
ဒီတစ်ကြိမ်မှာတော့ လွတ်လပ်ပါစေတော့။

*******

"ဗြုတ်!!!"

"တောက်!!!"

ကြိုးတစ်ကြိုး၏ ပြတ်သံနှင့်အတူ
ဆွဲသီးလိုလို ဘာလိုလိုပြုတ်ကျသည့်အသံတစ်သံ။

နိုင်းပြတ်သွားသည့် လက်ပတ်အားလျင်မြန်စွာကောက်လိုက်၍ ထိုတရားခံအား ခပ်စူးစူးကြည့်ပေးလိုက်သည်။

"အာာ ပြတ်သွားပြီလား ဆောရီး"

ရွံစရာကောင်းသည့် ခပ်ရွဲ့ရွဲ့အသံနှင့်မျက်စိရှေ့သို့ရောက်လာသည်က ပိုက်ဆံယွမ်တစ်ရာတန်၃ရွက်။
နိုင်းထိုလူအား ရွဲ့ကာစိတ်ပျက်သလိုကြည့်လိုက်တော့

"ဘာလဲ မလောက်ဘူးလား။မင်းဟာကဘယ်လောက်မှမရှိဘူးထင်တယ်။ငါပေးတာကပိုများအုံးမယ်"

"ဒီမှာဗျ...လူကြီးမင်းပိုက်ဆံကို လူကြီးမင်းလောင်းကစားဆော့ဖို့ပဲသိမ်းထားလိုက်ပါ။တကယ်လို့တအားကြီးပေါနေတယ်ဆိုရင်လည်း လိုအပ်နေတဲ့သူတွေကိုပဲလှူလိုက်ပါ။အဲ့ပိုက်ဆံလောက်ကိုတော့ ကျွန်တော်ကမမက်ပါဘူး"

"အလာကြီးပါလားကွမင်းက။လူကြည့်တော့သာ ကာစီနိုမှာအလုပ်လုပ်နေတာ စကားပြောတာက အပေါ်ကပါလား"

"ဟုတ်ကဲ့ လူကြီးမင်းပြောစရာမရှိတော့ရင် ခွင့်ပြုပါအုံး"

နိုင်း မကြားချင်ယောင်ဆောင်၍ လှည့်ထွက်လာခဲ့သည်။
ဒီလူက ဟိုအရင်ကတည်းက နိုင်းနဲ့တည့်သည့်လူမဟုတ်။
တစ်မျိုးမဟုတ် တစ်မျိုးပြဿနာရှာနေတတ်သည့်သူ....

အခုလည်း သူ့ကိုမတွေ့ချင်၍ကွေ့ဝိုက်သွားကာမှ လူရှေ့တည့်တည့်ကိုရောက်လာ၏။
ဧည့်သည်ဆိုသည့် ပါဝါဖြင့် နိုင်းကိုအာဏာပြချင်သည်မှာ သိသာလွန်းလှသည်။

ခုလက်ပတ်ပြတ်သွားရသည့်အကြောင်းကလည်း အဲ့လူက တမင်ဝင်တိုက်သည်မို့ စားပွဲအစွန်းနှင့်ချိတ်မိ၍ ပြုတ်ခြင်း....

အဲ့ခွေးကောင်ကို စိတ်ရှိလက်ရှိထိုးလိုက်ချင်ပေမယ့် မရှိမဲ့ရှိမဲ့အလုပ်ကလေး ပြုတ်သွားမှာစိုးလို့သာ အောင့်အီးသည်းခံနေလိုက်ရသည်။

"ကျစ်!!! ပြုတ်သွားပြီကွာ"

ပြုတ်သွားသည့်ကြိုးလေးအားသေချာကြည့်ကာ ကျောက်ကွဲမကွဲသေချာကြည့်ရသေး၏။
မကွဲတာသေချာမှ သက်ပြင်းချနိုင်တဲ့အဖြစ်...
ဒါလေးက ကွဲသွားလို့မဖြစ်။

သူ့အတွက်အရေးပါသည့် တစ်ခုတည်းသောပစ္စည်း...
သူတို့နှစ်ယောက်ရဲ့ အမှတ်တရပစ္စည်းမို့။

"နိုင်း ဘာတွေဖြစ်နေတာလဲကွ"

အနောက်မှထွက်လာသည့်အသံကြောင့် နိုင်းလှည့်ကြည့်မိတော့ ကောကသူ့အနားရောက်လာ၏။

"ဘာမှမဖြစ်ပါဘူးဗျာ။ဒီတိုင်း"

"အေအေ ဒါနဲ့မင်းပိန်သွားတယ်နော်။မျက်ကွင်းတွေလည်း ညိုနေသလိုပဲ"

"ဒီရက်ပိုင်းတွေအိပ်မပျော်လို့"

"အိပ်မပျော်တာလဲ အိပ်မပျော်တာပေါ့။ကိုယ့်ကိုကိုယ်တော့ဂရုစိုက်လေ။
ကိုယ်လဲသွားရင် လုပ်ပေးမယ့်သူဘယ်သူမှရှိမှာမဟုတ်ဘူး။ကိုယ်တိုင်က နေကောင်းကျန်းမာနေမှရမှာ"

"ဟုတ်"

"ပြီးတော့ ဆေးလိပ်လေးလည်းလျှော့သောက်။မင်းဘယ်လောက်တောင်သောက်ထားလဲဆိုတာ သိသာလွန်းတယ်"

ကောပြောကာမှ အညိုရောင်သိသိသာသာသမ်းနေတဲ့ သူ့နှုတ်ခမ်းသူပြန်သတိရသွား၏။
အရင်ကတော့ အလွန်အကျွံဆေးလိပ်သောက်မိတိုင်း တားတတ်တဲ့လူရှိလို့
တစ်နေ့ နှစ်လိပ်လောက်သာသောက်ဖြစ်ပေမယ့်အခုဆိုရင် တစ်ရက်ကို တစ်ဗူးလောက်သောက်ဖြစ်ပါသည်။

"ဟုတ်ကော အခုတလော စိတ်ရှုပ်စရာလေးတွေရှိလို့"

"အေးပါကွာ သောက်တာသောက်အလွန်အကျွံကြီးတော့မဖြစ်စေနဲ့ပေါ့"

"ဟုတ်"

"အေအေ ဂရုစိုက်"

"ဟုတ်ကဲ့ကော"

ကိုယ့်ကိုကိုယ်ဂရုစိုက်မှရမယ်တဲ့။
ဟုတ်တာပေါ့။ကိုယ့်မှာ ကိုယ်ပဲရှိတာ။
ကိုယ့်ကိုကိုယ် ဂရုမစိုက်ဖြစ်တာတောင်ဘယ်လောက်ကြာခဲ့ပြီလဲ။
ဒီလူ မရှိတော့တာနဲ့ပဲ သူဟာဒီလောက်တောင်ဖြစ်ပျက်နေခဲ့တာပါလား။

"ဝိတ်တာ!!"

"ဟုတ်ကဲ့လာပြီဗျ"

"ခုနက မင်းယူလာပေးတဲ့ စားစရာထဲ ဆံပင်မွှေးပါလာတယ်။အဲ့တာဘယ်လိုဖြေရှင်းပေးမှာလဲ"

စောနတည်းကပြဿနာဖြစ်ချင်နေသည့်ဒီလူက သူ့ကိုတစ်မျိုးမဟုတ်တစ်မျိုးပြဿနာရှာနေ၏။

"ကျွန်တော်ပြန်လဲပေး..."

"ခွမ်းး"

"လဲပေးတာမလိုချင်ဘူး။ဘယ်လိုရှင်းပေးမှာလဲလို့မေးနေတာ"

"ပြန်လဲပေးပါမယ်ဆိုတာကိုလက်မခံမှတော့
ဘယ်လိုရှင်းပေးစေချင်တာလဲ။ရှင်းသွားအောင်cctvကြည့်လို့ရပါတယ်။ဒီကာစီနိုမှာ အပေါဆုံးက cctvပါ။အဲ့တာကြောင့် ကျွန်တော်တို့သွားကြည့်ကြမလား"

လူတစ်ယောက်ဘာလုပ်လိုက်လဲဆိုတာကိုသေချာမြင်နိုင်ရလောက်တဲ့အထိ ဒီကcctvကကြည်ရှင်းနေတာပင်။
ဒီလိုကျတော့အသံထွက်မလာတော့သည့်လူကြောင့်  သူရယ်လိုက်သည်။

"မင်းကများ ငါ့ကို ဟေ့ရောင်!!"

"ဘာဖြစ်လဲ ဆက်ပြောလေ။ဘာပြောချင်တာလဲ"

ထိုအချိန်နိုင်းအင်္ကျီလည်ပင်းစကိုဆုပ်ကိုင်လာကာ ထိုးဖို့ဟန်ပြင်တော့

"ဟေ့ ဟေ့"

"ရပ်!! ရပ်"

သာကောတို့ အလောတကြီးရောက်ချလာကာ နိုင်းတို့နှစ်ယောက်အားဝင်ဆွဲတော့သည်။

"ဘာဖြစ်လဲတော့ မသိပေမယ့် လူကြီးမင်းအဆင်ပြေအောင်လုပ်ပေးပါ့မယ်။ဒါ‌ပေမယ့်ကျွန်တော်တို့လူကိုဒီလိုလုပ်ဖို့တော့ ခွင့်မပြုပါဘူး"

ထိုအခါမှ ထိုလူက သာကောတို့ကိုပြန်ကြည့်လာကာ နိုင်းကိုအကြမ်းပတမ်း လွှတ်ပေးလာ၏။ပြီးနောက် တောက်တစ်ချက်ခေါက်၍ ထိုဝိုင်းမှထွက်သွားလေတော့သည်။

"ရရဲ့လားနိုင်း"

"ဟုတ်"

"သူနဲ့က ရန်စရှိလို့လား"

"ဟုတ်တယ်ကော အရင်ကပါ"

"မင်းတို့ကလည်းရှုပ်လိုက်တာ"

နိုင်းဘာမှဆက်မပြောတော့ဘဲ ထွက်သွားသည့်လူကိုသာ လိုက်ကြည့်နေလိုက်သည်။
ရန်စက ကြီးကြီးမားမားတော့မဟုတ်။လောင်းကစားဆော့တုန်းက ကတောက်ကဆဖြစ်ကြခြင်းသာ။
အဲ့တာကို အဲ့နွားကမပြီးနိုင်မစီးနိုင်လိုက်လုပ်နေခြင်းပင်။

****************

ကြီးမားသောအခန်းထဲ၌ လူနှစ်ဦးထိုင်နေကြပြီးတစ်ယောက်ကသူ့အတွေးနှင့်သူဖြစ်နေလျက် ကျန်တစ်ယောက်ကတော့ ဆေးလိပ်သောက်ကာ ထိုင်ခုံပေါ်ခေါင်းမှီလျက် ငြိမ်နေ၏။
ခဏကြာတော့ တွေးနေသည့်လူကအတွေးကမ္ဘာမှထွက်ကာ မှိန်းနေသည့်လူအားကြည့်လိုက်၏။

"ကဲ ဘယ်လိုလဲပါး"

ထိုအခါမှ မှိန်းနေသည့်လူက မျက်လုံးများဖွင့်လာကာ ပုခုံးနှစ်ဖက်ကိုတွန့်ပြလာသည်။

"ကျွန်တော်ကာစီနိုမသွားတာလည်း ၃,၄လရှိနေပြီ။ပြန်မှရတော့မှာ။အဲ့လောက်ကြာနေရင် အဆင်မပြေဘူး"

"အဆင်မပြေလို့လား။ တွေ့ချင်တဲ့သူရှိလို့လား"

သူ့ရဲ့စိတ်ကိုသိနေသည့်အလား ပါးကမေးလာ၏။ဘာမှပြန်မပြောဘဲ ရှေ့ရှိရေခွက်ကိုလှမ်းယူပြီးရေတစ်ငုံသောက်လိုက်သည်။

"ပါးနားလည်ပါတယ်ကွာ။ဒါပေမယ့်
အဲ့ကောင်မလေး သားအကြောင်းကိုသိရဲ့လား"

ခေါင်းခါပြလိုက်၏။ကောင်မလေးမဟုတ်ဘဲ ကောင်လေးဆိုတာကိုတော့ မပြောပြဖြစ်။

"ပါးက သူဘယ်သူလဲဆိုတာမသိပေမယ့် တစ်ခုတော့ပြောပြထားချင်တယ်။သားအကြောင်းကို သူကမသိတဲ့အတွက် သိသွားတဲ့တစ်ချိန်ကျရင် လက်ခံချင်မှလက်ခံပေးနိုင်မှာ။အဲ့အတွက်ခံနိုင်ရည်ရှိအောင်ကြိုးစားထား။ပြီးတော့..."

ပြောလက်စစကားကိုရပ်လိုက်ကာ ရှင်းကိုတစ်ချက်ကြည့်လာ၏။

"ဘယ်သူ့ကိုဖြစ်ဖြစ်အလွယ်တကူမယုံကြည်ပါနဲ့။နောက်ကျောကထိုးတဲ့ဓားတွေက သိပ်ခံရခက်တယ်ဆိုတာ နားလည်ထားတယ်
မလား။"

နားလည်တယ်ဆိုတာထက်တောင်ပိုပါသည်။သူတို့အတွက်တော့ လူတစ်ယောက်အပေါ်အလွယ်တကူယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်ဘဲလေ။

"ကျွန်တော့်ဘဝမှာ အဲ့လိုဘယ်တော့မှမဖြစ်စေရဘူးပါး။တကယ်လို့သူ့ကိုချစ်မိလို့ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်တောင် ပြတ်ပြတ်သားသားလုပ်နိုင်တဲ့ အရည်အချင်းမျိုးကျွန်တော့်မှာရှိပြီးသားပါ"

ပြတ်သားစွာပြောလာသည့် သားဖြစ်သူကိုကြည့်၍ ပြုံးလိုက်မိသည်။
ထိုသို့ပြောလာသောစကားထဲ၌ ပြတ်သားခြင်းများကတွေဝေမှုမရှိ။
သူ့သားကသူ့ခြေရာလိုက်နင်းခဲ့တာပါပဲ။

"ထားပါ အဲ့တာတွေ။ကျွန်တော်တို့ပြင်ဆင်ထားတာတွေလည်းအခုဆိုအဆင်သင့်ဖြစ်နေပြီ။ဒါပေမယ့် အဖိုးကျန်းမာရေးကရောဘယ်လိုလဲ"

"ကျန်းမာရေးကကောင်းလိုက်မကောင်းလိုက်ပဲ"

"အဲ့တာဆို အစီအစဉ်ကဘယ်လိုဆက်လုပ်မှာလဲ"

"ပါးဟိုနေ့ကသွားတွေ့တုန်းကတော့ အခြေအနေတွေတော်တော်များများပြောပြဖြစ်ခဲ့တယ်။ပြီးတော့သူတို့ဘက်ကလည်း ပြင်ဆင်နေကြပြီ"

"ဒီတစ်ခေါက် ဘယ်ဘက်က အရင်စမယ်ထင်လဲ"

"အခြေအနေအရပေါ့...ပြီးတော့ မင်းယဲယဲ မွေးလလောက်မှာဖြစ်လိမ့်မယ်"

"အဲ့ဆိုဖေဖော်ဝါရီအတွင်းမှာပေါ့"

‌ရှင်းမေးလိုက်တော့ ပါးကခေါင်းညိမ့်ပြလာကာ

"အင်း အဲ့လောက်ပေါ့။ဒါပေမယ့် အဲ့အချိန်
စရင် ဘယ်အချိန်အဆုံးသတ်မလဲဆိုတာ
မပြောနိုင်ဘူး။ဒီတစ်ခေါက်ကတော့ တော်တော်ပြင်းထန်လိမ့်မယ်"

"အင်း နီးလာပြီပဲ။ဟိုဘက်မှာ ကိစ္စတွေအပြီးဖြတ်ပြီးတာနဲ့ ကျွန်တော်လာခဲ့ပါ့မယ်"

"ဒါနဲ့ မင်းယဲယဲဆီသွားတုန်းက သတင်းရလာခဲ့တာရှိတယ်။သူတို့ဘက်ကလည်းအခြေအနေတွေကို ခန့်မှန်းနေပြီ။
အဲ့တာကြောင့် ပြင်ဆင်နေကြပြီ"

ထို့နောက်စာရွက်စာတန်းတစ်ချို့နှင့် ဓာတ်ပုံအချို့ကိုထုတ်ကာ စားပွဲပေါ်သို့တင်လာလေသည်။

"ဒါတွေက"

"ဒီတစ်ခေါက် စစ်ဆင်ရေးမှာဦးစီးမယ့်ခေါင်းကြီးပိုင်းကကောင်တွေပေါ့။ဒါပေမယ့်ခန့်မှန်း‌ ခြေပါ။သူတို့စစ်ခွေးတွေက ကလိမ်ကကျစ်များကြတယ်မလား"

"အင်း"

"တကယ်ဖြစ်လာမှဘယ်သူတွေပြောင်းသွားမလဲဆိုတာမပြောနိုင်သေးဘူး"

ရှင်းခေါင်းညိမ့်ပြလိုက်ကာ စားပွဲပေါ်ရှိ စာရွက်စာတန်းများအားယူကြည့်လိုက်တော့ သူတို့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်အကြောင်းတွေ။

ဆက်မကြည့်ဘဲ ဓာတ်ပုံများကိုသာယူကြည့်လိုက်သည်။
စုပေါင်းကာတန်းစီပြီးရိုက်ထားတဲ့ပုံ၊စစ်ရေးဆွေးနွေးနေတဲ့ပုံများ စသည်ဖြင့်လေးငါးခြောက်ပုံပါရှိလေသည်။

ထို့နောက်ဓာတ်ပုံများကိုစားပွဲ‌ပေါ်ပြန်တင်လိုက်ကာ ထိုင်ရာမှထတော့မည်အလုပ်
ဖိုင်တွေကြားထဲ၌ ညှပ်နေသည့်ပုံတစ်ပုံက
သူ့မျက်စိထဲဝင်လာသော‌ကြောင့် ယူကြည့်လိုက်မိသည်။

"ဒီပုံက..."

အချစ်များစွာဖြင့်🌸
နေး

18.3.2022(18:03PM)

(ဝါး အပိုင်း(၁၅)တောင်ရောက်လာပြီ။
မကြာခင်ခွဲရတော့မှာပဲ။၊>⁠.⁠<>⁠.⁠<)

***********
*********************************

Zawgyi

မီးဖိုခန္းထဲ၌ တပြက္ပြက္ဆူေနေသာ ေရႏြေးအိုးတစ္လံုးသည္ ထၫ့္မၫ့္သူမရိွေသာေၾကာင့္ပြက္ၿမဲ၊ပြက္လ်က္။
ဆူေနသည္မွာၾကာေနၿပီျဖစ္ေသာေၾကာင့္
ေရက မူလရိွသည့္အမွတ္ကို‌ေတာင္
ေလးငါးစိတ္ေလ်ာ့ေနေလၿပီ။

တကယ္ေတာ့ လူမရိွေသာေၾကာင့္မဟုတ္။
ထိုပြက္ေနေသာေရႏြေးအိုးေရ႔ွ၌ ထိုင္ေနေသာလူတစ္ေယာက္ရိွေနၿပီး
ထိုလူသည္ ထိုအိုးကိုၾကၫ့္လ်က္အေတြးကမ႓ာထဲေရာက္ေနပံုရသည္။

‌စားပြဲေပၚ၌လည္း စားႂကြင္းစားက်န္ပန္းကန္မ်ားက ဟိုတစ္ခြက္ ဒီတစ္ခြက္ျဖစ္ေနသလို
ပြက္ေနေသာေရႏြေးအိုးေဘး၌လည္း
ထမင္းေစ့မ်ားက အစုလိုက္ အစုလိုက္။

အသိမရိွစြာထိုင္ေနေသာလူက
လက္ထဲ၌ေဆးလိပ္တစ္လိပ္ကိုင္ထားကာ
ထိုေဆးလိပ္သည္မီးစြဲေနေသာ္လည္း ေသာက္သံုးျခင္းမခံရသၫ့္အတြက္ ေဆးလိပ္ျပာႏွင့္အ‌ေငြ့မ်ားက ေလႏွင့္တလြင့္လြင့္ျဖစ္ေနေလသည္။

ထိုေလာင္ကြၽမ္းေနသၫ့္ေဆးလိပ္က အခ်ိန္ၾကာလာေတာ့ တျဖည္းျဖည္းတိုလာရင္း
ကိုင္ထားသၫ့္လူ၏ လက္နားသို႔ေရာက္လာ၏။

"အ့!!!"

ထိုအခါမွ ထိုလူသည္အသိစိတ္ဝင္လာကာ
မ်က္စိေရ႔ွ၌ ျဖစ္ပ်က္ေနသၫ့္အရာမ်ားကို ျမင္ပံုရသည္။

"အာ ေရႏြေးအိုးဆူေနၿပီပဲ။‌ထၫ့္ရအံုးမယ္"

ေရႏြေးထၫ့္ဖို႔ျပင္လိုက္ေပမယ့္
အနားမွာထည့္ဖို႔ဓာတ္ဘူးကရိွမေန။
ေတာင္ေျမာက္ေဝ့ဝိုက္ရွာလိုက္ကာမွ ဓာတ္ဘူးကရိွသင့္သၫ့္ေနရာမွာရိွမေနဘဲ
တီဗီစင္ေပၚသို႔ေရာက္ေန၏။

စိတ္ပ်က္လက္ပ်က္ က်စ္တစ္ခ်က္သပ္လိုက္ရင္း သြားယူလိုက္ကာ တစ္ဝက္ေတာင္မရိွေတာ့သၫ့္ေရႏြေးကိုထၫ့္လိုက္ေတာ့သည္။
ထို႔ေနာက္ ရႈပ္ပြေနသၫ့္အမိႈက္မ်ားကိုရွင္းလင္း၍ အိမ္ေရ႔ွသို႔ျပန္ထြက္လာရင္းဆိုဖာေပၚထိုင္၍ တီဗီဖြင့္ထားလိုက္သည္။

အေရာင္အေသြးအစံုအလင္ႏွင့္ျပသေနသၫ့္ တီဗီလိုင္းက သူ႔အာရံုေတြကိုအျပၫ့္အဝ
ဖမ္းစားႏိုင္ျခင္းမရိွ။

"ကိုယ္ျပန္လာခဲ့မယ္။ေစာင့္ေနေပးပါ"တဲ့

သြားခါနီးေျပာခဲ့သၫ့္စကားက ရွင္းရွင္းေလးသာ။

ေစာင့္ေနေပးႏိုင္မလားဆိုတဲ့ ေတာင္းဆိုခ်က္မဟုတ္ခဲ့။
ေစာင့္ေနေပးပါတဲ့။
မျဖစ္မေန သူ႔ကိုေစာင့္ေနရမယ္ဆိုတဲ့သေဘာ။

၁လေလာက္ၾကာရင္ျပန္လာမယ္ဆိုၿပီး
ေျပာသြားသူက ျပန္မလာခဲ့သည္မွာ
၄လနီးပါးရိွေနခဲ့ၿပီး
စာလည္းမလာ။သတင္းလည္းမၾကား။
ကာစီႏိုမွာလည္းမေတြ့ရေတာ့....
ဘာေတြလုပ္ေန၍ဘယ္ေတြဆီသြားေနမွန္းလည္းသူမသိရ။

နမ့္ဆန္မျွပန္လာၿပီးေနာက္ပိုင္း အရာရာကသူတို႔ႏွစ္ေယာက္ၾကားထဲမွာပံုမွန္အေျခအေနအတိုင္းသာရိွခဲ့သည္။
ပံုမွန္အတိုင္း ေမးထူးေခၚေျပာၾကဆဲ။

ရွင္းကဖြင့္ေျပာခဲ့သၫ့္တိုင္
သူ႔ဆီကသေဘာထားကိုျပန္မေမးခဲ့။
ၿပီးေတာ့ အရင္လိုသူ႔ကိုဂရုစိုက္ဆဲ၊
ၾကင္နာဆဲ၊ေနြးေထြးဆဲ...
ဒါဆိုသူကေရာ

သူကေတာ့ အရင္အတိုင္းစကားေတြေျပာျဖစ္ေပမယ့္ ရွင္းကိုမသိမသာေရွာင္လာခဲ့သည္။အရင္ကထက္စာရင္ေတာ့  ဒီအေျခအေနကသူ႔အတြက္အနည္းငယ္ေနရခက္ေစခဲ့သည္။
ဒါကိုရွင္းကလည္း ရိပ္မိခဲ့ပါသည္။

ထိုေန့က သူတို႔နမ့္ဆန္မွာရိွခဲ့ၾကတဲ့ေနာက္ဆံုးည။

အဲ့ေန့ညက ရွင္းအလုပ္ေတြရႈပ္ေနခဲ့သည္။
တေတာက္ေတာက္ရိုက္ေနသၫ့္ ကြန္ပ်ူတာစာရိုက္သံေတြက ကုတင္မွာလွဲေနသၫ့္
သူေတာင္ၾကားႏိုင္ရသည့္အေျခအေနအထိ။

ဒါေပမယ့္သူမၾကၫ့္မိ။‌
ေသခ်ာစဉ္းစားၾကၫ့္ရင္ ရွင္းကလည္း
အၿမဲကာစီႏိုကေမးလ္ဆိုတာကလြဲ၍
မေျပာျပခဲ့ဖူးဘဲေလ။

ရွင္းကသူ႔ကိုခ်စ္သာခ်စ္တာ။
သူ႔အေပၚယံုၾကည္မႈမွမရိွခဲ့ဘဲ။
သူမွမဟုတ္ဘူး။ရွင္းကဘယ္သူ႔ကိုမွအလြယ္တကူယံုၾကည္သည့္လူစားမ်ိဳးမဟုတ္။ကံေကာင္းတာက အဲ့လူေတြထဲမွာသူလည္းပါတာပါပဲေလ။

"ႏိုင္း"

"အင္း"

စားပြဲေပၚမွာထိုင္ကာအလုပ္လုပ္ေနသၫ့္ရွင္းက သူ မအိပ္ေသးမွန္းသိတာေၾကာင့္လား
မသိ။
အေနာက္လွၫ့္ၾကၫ့္ကာသူ႔ကိုေခၚလာသည္။

"ေကာ္ဖီေသာက္မလား။ကိုယ္ေဖ်ာ္လာေပးမယ္"

မထူးေတာ့။အိပ္မေပ်ာ္မယ့္အတူတူေတာ့
ေကာ္ဖီေသာက္ဖို႔သာေခါင္းညိတ္ျပလိုက္သည္။
အလုပ္လုပ္ေနသူကcomputer ကိုပိတ္ခ်သြားၿပီး မီးဖိုခန္းထဲဝင္သြား၏။
သူကိုယ္တိုင္လည္းကုတင္မွထလာကာ
စားပြဲေပၚမွာသြားထိုင္လိုက္သည္။
သိပ္မၾကာလိုက္။ရွင္းက ေကာ္ဖီခြက္ႏွစ္ခြက္ကိုင္ကာျပန္ထြက္လာသည္။

"ေက်းဇူး"

ကမ္းေပးလာသၫ့္ခြက္ကို ယူလိုက္ရင္း
တစ္ခါမွမေျပာခဲ့ဖူးသၫ့္စကားကိုေျပာလိုက္သည္။
ထိုစကားေၾကာင့္ ရွင္းကသူ႔ကိုၾကၫ့္လာတာကိုသိလိုက္ေပမယ့္ ျပန္မၾကၫ့္ျဖစ္။
အေငြ့ထေန‌သၫ့္ေကာ္ဖီခြက္ထံကိုသာ အၾကၫ့္ပို႔ထားသည္။

ထို႔ေနာက္ သက္ျပင္းခ်သံတိုးတိုးၾကားလိုက္ၿပီး ေဘးနားကထိုင္ခံုမွာဝင္ထိုင္လိုက္တာကို သိလိုက္သည္။
အေျခအေနက ႏွစ္ေယာက္ၾကားမွာမသက္မသာ။
သူလည္းဘာေျပာရမွန္းမသိျဖစ္ေနသလို ရွင္းကလည္းၿငိမ္သက္ေန၏။

"အဲ့လိုျဖစ္ေစဖို႔ မရည္ရြယ္ခဲ့ပါဘူး။
ဒီအတိုင္း ကိုယ့္ရဲ့ခံစားခ်က္ကိုသိေစခ်င္ခဲ့ရံုပါပဲ။"

ေကာ္ဖီခြက္၏ ပတ္ပတ္လည္ကိုခပ္ဖြဖြထိရင္းေျပာလာသၫ့္ရွင္းက သူ႔ကိုၾကၫ့္မေနခဲ့။

"တစ္ခါတစ္ေလ ဝမ္းနည္းမႈေတြ၊စိတ္ပင္ပန္းမႈေတြႀကံဳလာၿပီး အားလံုးနဲ႔တစ္ေယာက္ျဖစ္ေနရင္ေတာင္ အဲ့လိုတစ္ေယာက္တည္းျဖစ္ေနတဲ့ ႏိုင္းရဲ့အနားမွာ ကိုယ္အၿမဲရိွေနတယ္ဆိုတာ၊ႏိုင္းကိုခ်စ္တဲ့ ကိုယ္ရိွေနတယ္ဆိုတာေလးကိုသိေစခ်င္ခဲ့ရံုပဲ။"

"......."

"တစ္ေယာက္ကတစ္ေယာက္ကိုခ်စ္တယ္လို႔ဖြင့္ေျပာတာက အဲ့တစ္ေယာက္အတြက္ အားအင္အျဖစ္၊နားခိုရာအျဖစ္၊ဆိုးေကာင္းအေၾကာင္းတိုင္ပင္ေဖာ္တိုင္ပင္ဖက္အျဖစ္
ရိွခ်င္ၾကလို႔။ဒီလိုအေျခအေနေရာက္ေစခဲ့ဖို႔မွမဟုတ္ပဲႏိုင္းရယ္"

ၿပံဳးလိုက္သည္။
ခါးသက္သက္အၿပံဳး။စိတ္ပ်က္လက္ပ်က္အၿပံဳး။

"မင္းငါ့ကိုဘာလို႔ခ်စ္တာလဲ"

"ႏိုင္းမို႔လို႔။ႏိုင္းဆိုတဲ့မင္းမို႔လို႔..။"

မတြန႔္ဆုတ္ဘဲ ခ်က္ခ်င္းျပန္ေျဖလာသၫ့္ အမ်ိဳးသားသည္ ထိုစကားမွလြဲ၍မေျပာခဲ့။

"ငါတို႔ႏွစ္ေယာက္ကခ်စ္လို႔ရမယ္လို႔မင္းထင္လား"

"ခ်စ္ခ်င္ရင္ခ်စ္လို႔ရပါတယ္။ကိုယ္မင္းကိုေျပာခဲ့ဖူးသလိုေပါ့။လူႏွစ္ေယာက္ၾကားကခ်စ္ျခင္းက ကာယကံရွင္ႏွစ္ေယာက္ပဲဖန္တီးလို႔ရသလို ေျပာင္းလဲလို႔ရတယ္ဆိုတာကိုေလ"

တစ္ျခားသူေတြကေတာ့ဟုတ္ရင္ဟုတ္ေလာက္ေပမယ့္ သူတို႔အတြက္ကေတာ့
ရွင္းေျပာတဲ့စကားေတြကလံုးဝမွန္မေန။

သူတို႔ႏွစ္ေယာက္ၾကားကခ်စ္ျခင္းက
သူတို႔မဖန္တီးခင္ကပဲ၊ဖန္တီးဖို႔အခြင့္အ‌ေရးေတာင္မရိွလိုက္ပါဘဲ ကံၾကမၼာက ႀကိဳတင္သတ္မွတ္ထားတာဆိုရင္ေရာ။
ဒီစကားေတြေတာ့ ရွင္းကိုမေျပာျပျဖစ္ခဲ့။

"ငါ့ကိုခ်စ္ရတာအမွားတစ္ခုဆိုရင္ေရာ"

ၿငိမ္သက္သြားသၫ့္ရွင္းကိုသူေသခ်ာမ်က္ေတာင္မခတ္ဘဲၾကၫ့္ေနမိသည္။
မ်က္ေတာင္ခတ္လိုက္ပံုကအစ ျပန္ေျဖဖို႔
ႏႈတ္ခမ္းဖြင့္လိုက္ပံုအဆံုး။
အေသးစိတ္ကအစ သူၾကၫ့္ေနမိသည္။

"အမွားဆိုရင္လည္း ကိုယ္ရင္နာနာနဲ႔သိမ္းဆည္းသြားရမယ့္အမွားပဲျဖစ္ပါ‌
ေစေလ"

စကားအဆံုးမွာ နီေစြးေစြးႏႈတ္ခမ္းတစ္စံုကိုထပ္ဖြင့္ဟဖို႔သူခြင့္မျပဳေတာ့။
က်ခ်င္ေနသၫ့္မ်က္ရည္မ်ားကိုလည္း ထိုလူျမင္ေအာင္ သူျပလို႔မျဖစ္။

ေကာ္လံႏွစ္ဖက္ကိုခပ္ဖြဖြဆြဲလိုက္ရင္း ႏႈတ္ခမ္းအခ်င္းခ်င္းထိကပ္ေစေတာ့ တစ္ဖက္လူကအံ့ဩမႈမျဖစ္ပဲ သူ႔အတိုင္းသာျပန္လည္ေထြးေပြ့လာခဲ့သည္။

မၾကမ္းတမ္းပဲႏူးႏူးညံ့ညံ့။
နာက်င္က်င္မွာဆိုး၍ ခပ္ဖြဖြ။
ခ်ိဳၿမိန္ေနသၫ့္ႏႈတ္ခမ္းတစ္စံုက
သူဘယ္ေတာ့မျွပန္မထိေတြေတာ့မယ့္ ႏႈတ္ခမ္းေတြ။
ဒါကပထမဆံုးနဲ႔ေနာက္ဆံုးအႀကိမ္။

ထိန္းထားသၫ့္ၾကားကမ်က္ရည္က်မိေတာ့
တစ္ဖက္လူက နမ္းေနရင္းကေန သုတ္ေပးလာ၏။
မငိုပါနဲ႔လို႔မေျပာ။ပါးႏွစ္ဖက္ကို ႏူးညံ့စြာပြတ္သပ္ရင္း အႏူးညံ့ဆံုးေသာအနမ္းမ်ား၊အၾကင္နာမ်ားေပးကမ္းလာခဲ့သည္။

အမွားဆိုရင္ေတာင္ သူကိုယ္တိုင္လည္း
ဒီအမွားအေပၚရူးရူးမိုက္မိုက္ ပစ္ဝင္ခ်င္ခဲ့သူပါေလ။
ဒီတစ္ႀကိမ္မွာေတာ့ လြတ္လပ္ပါေစေတာ့။

*******

"ျဗဳတ္!!!"

"ေတာက္!!!"

ႀကိဳးတစ္ႀကိဳး၏ ျပတ္သံႏွင့္အတူ
ဆြဲသီးလိုလို ဘာလိုလိုျပဳတ္က်သၫ့္အသံတစ္သံ။

ႏိုင္းျပတ္သြားသၫ့္ လက္ပတ္အားလ်င္ျမန္စြာေကာက္လိုက္၍ ထိုတရားခံအား ခပ္စူးစူးၾကၫ့္ေပးလိုက္သည္။

"အာ ျပတ္သြားၿပီလား ေဆာရီး"

ရြံစရာေကာင္းသၫ့္ ခပ္ရြဲ႔ရြဲ႔အသံႏွင့္မ်က္စိေရ႔ွသို႔ေရာက္လာသည္က ပိုက္ဆံယြမ္တစ္ရာတန္၃ရြက္။
ႏိုင္းထိုလူအား ရြဲ႔ကာစိတ္ပ်က္သလိုၾကၫ့္လိုက္ေတာ့

"ဘာလဲ မေလာက္ဘူးလား။မင္းဟာကဘယ္ေလာက္မွမရိွဘူးထင္တယ္။ငါေပးတာကပိုမ်ားအံုးမယ္"

"ဒီမွာဗ်...လူႀကီးမင္းပိုက္ဆံကို လူႀကီးမင္းေလာင္းကစားေဆာ့ဖို႔ပဲသိမ္းထားလိုက္ပါ။တကယ္လို႔တအားႀကီးေပါေနတယ္ဆိုရင္လည္း လိုအပ္ေနတဲ့သူေတြကိုပဲလႉလိုက္ပါ။အဲ့ပိုက္ဆံေလာက္ကိုေတာ့ ကြၽန္ေတာ္ကမမက္ပါဘူး"

"အလာႀကီးပါလားကြမင္းက။လူၾကၫ့္ေတာ့သာ ကာစီႏိုမွာအလုပ္လုပ္ေနတာ စကားေျပာတာက အေပၚကပါလား"

"ဟုတ္ကဲ့ လူႀကီးမင္းေျပာစရာမရိွေတာ့ရင္ ခြင့္ျပဳပါအံုး"

ႏိုင္း မၾကားခ်င္ေယာင္ေဆာင္၍ လွၫ့္ထြက္လာခဲ့သည္။
ဒီလူက ဟိုအရင္ကတည္းက ႏိုင္းနဲ႔တၫ့္သၫ့္လူမဟုတ္။
တစ္မ်ိဳးမဟုတ္ တစ္မ်ိဳးျပႆနာရွာေနတတ္သၫ့္သူ....

အခုလည္း သူ႔ကိုမေတြ့ခ်င္၍ေကြ့ဝိုက္သြားကာမွ လူေရ႔ွတၫ့္တၫ့္ကိုေရာက္လာ၏။
ဧၫ့္သည္ဆိုသၫ့္ ပါဝါျဖင့္ ႏိုင္းကိုအာဏာျပခ်င္သည္မွာ သိသာလြန္းလွသည္။

ခုလက္ပတ္ျပတ္သြားရသၫ့္အေၾကာင္းကလည္း အဲ့လူက တမင္ဝင္တိုက္သည္မို႔ စားပြဲအစြန္းႏွင့္ခ်ိတ္မိ၍ ျပဳတ္ျခင္း....

အဲ့ေခြးေကာင္ကို စိတ္ရိွလက္ရိွထိုးလိုက္ခ်င္ေပမယ့္ မရိွမဲ့ရိွမဲ့အလုပ္ကေလး ျပဳတ္သြားမွာစိုးလို႔သာ ေအာင့္အီးသည္းခံေနလိုက္ရသည္။

"က်စ္!!! ျပဳတ္သြားၿပီကြာ"

ျပဳတ္သြားသၫ့္ႀကိဳးေလးအားေသခ်ာၾကၫ့္ကာ ေက်ာက္ကြဲမကြဲေသခ်ာၾကၫ့္ရေသး၏။
မကြဲတာေသခ်ာမွ သက္ျပင္းခ်ႏိုင္တဲ့အျဖစ္...
ဒါေလးက ကြဲသြားလို႔မျဖစ္။

သူ႔အတြက္အေရးပါသၫ့္ တစ္ခုတည္းေသာပစၥည္း...
သူတို႔ႏွစ္ေယာက္ရဲ့ အမွတ္တရပစၥည္းမို႔။

"ႏိုင္း ဘာေတျြဖစ္ေနတာလဲကြ"

အေနာက္မွထြက္လာသၫ့္အသံေၾကာင့္ ႏိုင္းလွၫ့္ၾကၫ့္မိေတာ့ ေကာကသူ႔အနားေရာက္လာ၏။

"ဘာမွမျဖစ္ပါဘူးဗ်ာ။ဒီတိုင္း"

"ေအေအ ဒါနဲ႔မင္းပိန္သြားတယ္ေနာ္။မ်က္ကြင္းေတြလည္း ညိုေနသလိုပဲ"

"ဒီရက္ပိုင္းေတြအိပ္မေပ်ာ္လို႔"

"အိပ္မေပ်ာ္တာလဲ အိပ္မေပ်ာ္တာေပါ့။ကိုယ့္ကိုကိုယ္ေတာ့ဂရုစိုက္ေလ။
ကိုယ္လဲသြားရင္ လုပ္ေပးမယ့္သူဘယ္သူမွရိွမွာမဟုတ္ဘူး။ကိုယ္တိုင္က ေနေကာင္းက်န္းမာေနမွရမွာ"

"ဟုတ္"

"ၿပီးေတာ့ ေဆးလိပ္ေလးလည္းေလ်ွာ့ေသာက္။မင္းဘယ္ေလာက္ေတာင္ေသာက္ထားလဲဆိုတာ သိသာလြန္းတယ္"

ေကာေျပာကာမွ အညိုေရာင္သိသိသာသာသမ္းေနတဲ့ သူ႔ႏႈတ္ခမ္းသူျပန္သတိရသြား၏။
အရင္ကေတာ့ အလြန္အကြၽံေဆးလိပ္ေသာက္မိတိုင္း တားတတ္တဲ့လူရိွလို႔
တစ္ေန့ ႏွစ္လိပ္ေလာက္သာေသာက္ျဖစ္ေပမယ့္အခုဆိုရင္ တစ္ရက္ကို တစ္ဗူးေလာက္ေသာက္ျဖစ္ပါသည္။

"ဟုတ္ေကာ အခုတေလာ စိတ္ရႈပ္စရာေလးေတြရိွလို႔"

"ေအးပါကြာ ေသာက္တာေသာက္အလြန္အကြၽံႀကီးေတာ့မျဖစ္ေစနဲ႔ေပါ့"

"ဟုတ္"

"ေအေအ ဂရုစိုက္"

"ဟုတ္ကဲ့ေကာ"

ကိုယ့္ကိုကိုယ္ဂရုစိုက္မွရမယ္တဲ့။
ဟုတ္တာေပါ့။ကိုယ့္မွာ ကိုယ္ပဲရိွတာ။
ကိုယ့္ကိုကိုယ္ ဂရုမစိုက္ျဖစ္တာေတာင္ဘယ္ေလာက္ၾကာခဲ့ၿပီလဲ။
ဒီလူ မရိွေတာ့တာနဲ႔ပဲ သူဟာဒီေလာက္ေတာင္ျဖစ္ပ်က္ေနခဲ့တာပါလား။

"ဝိတ္တာ!!"

"ဟုတ္ကဲ့လာၿပီဗ်"

"ခုနက မင္းယူလာေပးတဲ့ စားစရာထဲ ဆံပင္ေမႊးပါလာတယ္။အဲ့တာဘယ္လိုေျဖရွင္းေပးမွာလဲ"

ေစာနတည္းကျပႆနာျဖစ္ခ်င္ေနသၫ့္ဒီလူက သူ႔ကိုတစ္မ်ိဳးမဟုတ္တစ္မ်ိဳးျပႆနာရွာေန၏။

"ကြၽန္ေတာ္ျပန္လဲေပး..."

"ခြမ္းး"

"လဲေပးတာမလိုခ်င္ဘူး။ဘယ္လိုရွင္းေပးမွာလဲလို႔ေမးေနတာ"

"ျပန္လဲေပးပါမယ္ဆိုတာကိုလက္မခံမွေတာ့
ဘယ္လိုရွင္းေပးေစခ်င္တာလဲ။ရွင္းသြားေအာင္cctvၾကၫ့္လို႔ရပါတယ္။ဒီကာစီႏိုမွာ အေပါဆံုးက cctvပါ။အဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔သြားၾကၫ့္ၾကမလား"

လူတစ္ေယာက္ဘာလုပ္လိုက္လဲဆိုတာကိုေသခ်ာျမင္ႏိုင္ရေလာက္တဲ့အထိ ဒီကcctvကၾကည္ရွင္းေနတာပင္။
ဒီလိုက်ေတာ့အသံထြက္မလာေတာ့သၫ့္လူေၾကာင့္  သူရယ္လိုက္သည္။

"မင္းကမ်ား ငါ့ကို ေဟ့ေရာင္!!"

"ဘာျဖစ္လဲ ဆက္ေျပာေလ။ဘာေျပာခ်င္တာလဲ"

ထိုအခ်ိန္ႏိုင္းအက်ႌလည္ပင္းစကိုဆုပ္ကိုင္လာကာ ထိုးဖို႔ဟန္ျပင္ေတာ့

"ေဟ့ ေဟ့"

"ရပ္!! ရပ္"

သာေကာတို႔ အေလာတႀကီးေရာက္ခ်လာကာ ႏိုင္းတို႔ႏွစ္ေယာက္အားဝင္ဆြဲေတာ့သည္။

"ဘာျဖစ္လဲေတာ့ မသိေပမယ့္ လူႀကီးမင္းအဆင္ေျပေအာင္လုပ္ေပးပါ့မယ္။ဒါ‌ေပမယ့္ကြၽန္ေတာ္တို႔လူကိုဒီလိုလုပ္ဖို႔ေတာ့ ခြင့္မျပဳပါဘူး"

ထိုအခါမွ ထိုလူက သာေကာတို႔ကိုျပန္ၾကၫ့္လာကာ ႏိုင္းကိုအၾကမ္းပတမ္း လႊတ္ေပးလာ၏။ၿပီးေနာက္ ေတာက္တစ္ခ်က္ေခါက္၍ ထိုဝိုင္းမွထြက္သြားေလေတာ့သည္။

"ရရဲ့လားႏိုင္း"

"ဟုတ္"

"သူနဲ႔က ရန္စရိွလို႔လား"

"ဟုတ္တယ္ေကာ အရင္ကပါ"

"မင္းတို႔ကလည္းရႈပ္လိုက္တာ"

ႏိုင္းဘာမွဆက္မေျပာေတာ့ဘဲ ထြက္သြားသည့္လူကိုသာ လိုက္ၾကၫ့္ေနလိုက္သည္။
ရန္စက ႀကီးႀကီးမားမားေတာ့မဟုတ္။ေလာင္းကစားေဆာ့တုန္းက ကေတာက္ကဆျဖစ္ၾကျခင္းသာ။
အဲ့တာကို အဲ့ႏြားကမၿပီးႏိုင္မစီးႏိုင္လိုက္လုပ္ေနျခင္းပင္။

****************

ႀကီးမားေသာအခန္းထဲ၌ လူႏွစ္ဦးထိုင္ေနၾကၿပီးတစ္ေယာက္ကသူ႔အေတြးႏွင့္သူျဖစ္ေနလ်က္ က်န္တစ္ေယာက္ကေတာ့ ေဆးလိပ္ေသာက္ကာ ထိုင္ခံုေပၚေခါင္းမွီလ်က္ ၿငိမ္ေန၏။
ခဏၾကာေတာ့ ေတြးေနသၫ့္လူကအေတြးကမ႓ာမွထြက္ကာ မိွန္းေနသၫ့္လူအားၾကၫ့္လိုက္၏။

"ကဲ ဘယ္လိုလဲပါး"

ထိုအခါမွ မိွန္းေနသၫ့္လူက မ်က္လံုးမ်ားဖြင့္လာကာ ပုခံုးႏွစ္ဖက္ကိုတြန႔္ျပလာသည္။

"ကြၽန္ေတာ္ကာစီႏိုမသြားတာလည္း ၃,၄လရိွေနၿပီ။ျပန္မွရေတာ့မွာ။အဲ့ေလာက္ၾကာေနရင္ အဆင္မေျပဘူး"

"အဆင္မေျပလို႔လား။ ေတြ့ခ်င္တဲ့သူရိွလို႔လား"

သူ႔ရဲ့စိတ္ကိုသိေနသၫ့္အလား ပါးကေမးလာ၏။ဘာမျွပန္မေျပာဘဲ ေရ႔ွရိွေရခြက္ကိုလွမ္းယူၿပီးေရတစ္ငံုေသာက္လိုက္သည္။

"ပါးနားလည္ပါတယ္ကြာ။ဒါေပမယ့္
အဲ့ေကာင္မေလး သားအေၾကာင္းကိုသိရဲ့လား"

ေခါင္းခါျပလိုက္၏။ေကာင္မေလးမဟုတ္ဘဲ ေကာင္ေလးဆိုတာကိုေတာ့ မေျပာျပျဖစ္။

"ပါးက သူဘယ္သူလဲဆိုတာမသိေပမယ့္ တစ္ခုေတာ့ေျပာျပထားခ်င္တယ္။သားအေၾကာင္းကို သူကမသိတဲ့အတြက္ သိသြားတဲ့တစ္ခ်ိန္က်ရင္ လက္ခံခ်င္မွလက္ခံေပးႏိုင္မွာ။အဲ့အတြက္ခံႏိုင္ရည္ရိွေအာင္ႀကိဳးစားထား။ၿပီးေတာ့..."

ေျပာလက္စစကားကိုရပ္လိုက္ကာ ရွင္းကိုတစ္ခ်က္ၾကၫ့္လာ၏။

"ဘယ္သူ႔ကိုျဖစ္ျဖစ္အလြယ္တကူမယံုၾကည္ပါနဲ႔။ေနာက္ေက်ာကထိုးတဲ့ဓားေတြက သိပ္ခံရခက္တယ္ဆိုတာ နားလည္ထားတယ္
မလား။"

နားလည္တယ္ဆိုတာထက္ေတာင္ပိုပါသည္။သူတို႔အတြက္ေတာ့ လူတစ္ေယာက္အေပၚအလြယ္တကူယံုၾကည္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘဲေလ။

"ကြၽန္ေတာ့္ဘဝမွာ အဲ့လိုဘယ္ေတာ့မွမျဖစ္ေစရဘူးပါး။တကယ္လို႔သူ႔ကိုခ်စ္မိလို႔ အဲ့လိုျဖစ္ခဲ့မယ္ဆိုရင္ေတာင္ ျပတ္ျပတ္သားသားလုပ္ႏိုင္တဲ့ အရည္အခ်င္းမ်ိဳးကြၽန္ေတာ့္မွာရိွၿပီးသားပါ"

ျပတ္သားစြာေျပာလာသၫ့္ သားျဖစ္သူကိုၾကၫ့္၍ ၿပံဳးလိုက္မိသည္။
ထိုသို႔ေျပာလာေသာစကားထဲ၌ ျပတ္သားျခင္းမ်ားကေတြေဝမႈမရိွ။
သူ႔သားကသူ႔ေျခရာလိုက္နင္းခဲ့တာပါပဲ။

"ထားပါ အဲ့တာေတြ။ကြၽန္ေတာ္တို႔ျပင္ဆင္ထားတာေတြလည္းအခုဆိုအဆင္သင့္ျဖစ္ေနၿပီ။ဒါေပမယ့္ အဖိုးက်န္းမာေရးကေရာဘယ္လိုလဲ"

"က်န္းမာေရးကေကာင္းလိုက္မေကာင္းလိုက္ပဲ"

"အဲ့တာဆို အစီအစဉ္ကဘယ္လိုဆက္လုပ္မွာလဲ"

"ပါးဟိုေန့ကသြားေတြ့တုန္းကေတာ့ အေျခအေနေတြေတာ္ေတာ္မ်ားမ်ားေျပာျပျဖစ္ခဲ့တယ္။ၿပီးေတာ့သူတို႔ဘက္ကလည္း ျပင္ဆင္ေနၾကၿပီ"

"ဒီတစ္ေခါက္ ဘယ္ဘက္က အရင္စမယ္ထင္လဲ"

"အေျခအေနအရေပါ့...ၿပီးေတာ့ မင္းယဲယဲ ေမြးလေလာက္မွာျဖစ္လိမ့္မယ္"

"အဲ့ဆိုေဖေဖာ္ဝါရီအတြင္းမွာေပါ့"

‌ရွင္းေမးလိုက္ေတာ့ ပါးကေခါင္းညိမ့္ျပလာကာ

"အင္း အဲ့ေလာက္ေပါ့။ဒါေပမယ့္ အဲ့အခ်ိန္
စရင္ ဘယ္အခ်ိန္အဆံုးသတ္မလဲဆိုတာ
မေျပာႏိုင္ဘူး။ဒီတစ္ေခါက္ကေတာ့ ေတာ္ေတာ္ျပင္းထန္လိမ့္မယ္"

"အင္း နီးလာၿပီပဲ။ဟိုဘက္မွာ ကိစၥေတြအၿပီးျဖတ္ၿပီးတာနဲ႔ ကြၽန္ေတာ္လာခဲ့ပါ့မယ္"

"ဒါနဲ႔ မင္းယဲယဲဆီသြားတုန္းက သတင္းရလာခဲ့တာရိွတယ္။သူတို႔ဘက္ကလည္းအေျခအေနေတြကို ခန႔္မွန္းေနၿပီ။
အဲ့တာေၾကာင့္ ျပင္ဆင္ေနၾကၿပီ"

ထို႔ေနာက္စာရြက္စာတန္းတစ္ခ်ိဳ႕ႏွင့္ ဓာတ္ပံုအခ်ိဳ႕ကိုထုတ္ကာ စားပြဲေပၚသို႔တင္လာေလသည္။

"ဒါေတြက"

"ဒီတစ္ေခါက္ စစ္ဆင္ေရးမွာၪီးစီးမယ့္ေခါင္းႀကီးပိုင္းကေကာင္ေတြေပါ့။ဒါေပမယ့္ခန႔္မွန္း‌ ေျခပါ။သူတို႔စစ္ေခြးေတြက ကလိမ္ကက်စ္မ်ားၾကတယ္မလား"

"အင္း"

"တကယ္ျဖစ္လာမွဘယ္သူေတြေျပာင္းသြားမလဲဆိုတာမေျပာႏိုင္ေသးဘူး"

ရွင္းေခါင္းညိမ့္ျပလိုက္ကာ စားပြဲေပၚရိွ စာရြက္စာတန္းမ်ားအားယူၾကၫ့္လိုက္ေတာ့ သူတို႔ရဲ့ ကိုယ္ေရးအက်ဉ္းခ်ဳပ္အေၾကာင္းေတြ။

ဆက္မၾကၫ့္ဘဲ ဓာတ္ပံုမ်ားကိုသာယူၾကၫ့္လိုက္သည္။
စုေပါင္းကာတန္းစီၿပီးရိုက္ထားတဲ့ပံု၊စစ္ေရးေဆြးေနြးေနတဲ့ပံုမ်ား စသည္ျဖင့္ေလးငါးေျခာက္ပံုပါရိွေလသည္။

ထို႔ေနာက္ဓာတ္ပံုမ်ားကိုစားပြဲ‌ေပၚျပန္တင္လိုက္ကာ ထိုင္ရာမွထေတာ့မည္အလုပ္
ဖိုင္ေတြၾကားထဲ၌ ၫွပ္ေနသၫ့္ပံုတစ္ပံုက
သူ႔မ်က္စိထဲဝင္လာေသာ‌ေၾကာင့္ ယူၾကၫ့္လိုက္မိသည္။

"ဒီပံုက..."

အခ်စ္မ်ားစြာျဖင့္🌸
ေနး

18.3.2022(18:03PM)

(ဝါး အပိုင္း(၁၅)ေတာင္ေရာက္လာၿပီ။
မၾကာခင္ခြဲရေတာ့မွာပဲ။၊>⁠.⁠<>⁠.⁠<)

***********
*********************************

Continue Reading

You'll Also Like

48.3K 1.7K 31
What gonna happen if Seven mafia kidnapped seven normal boys what if they did mistake that will let them lost the most precious person in their life...
1.4K 39 8
အသက်ကွာဟတဲ့ နာမည်ကြီး မင်းသားနှစ်ယောက်၏ တိတ်တခိုး အချစ်ဇာတ်လမ်းလေးအကြောင်း ပါ။အသက်(၁၈)နှစ်မပြည့်ရင် မဖတ်ရ။
164K 4.4K 11
This is a story of a young girl, her DNA was created when a scientist got human and na'vi genes to mix perfectly. Or so he thought. When she was born...
21.8K 696 29
the story takes place in Nevermore where Wednesday meet a tribrid that is Hope's twin sister who was misplaced at birth. her name is Faith Mikaelson...