Autumn's Breeze ( осень ветер...

By YadanarMoe399

1.9K 275 8

" နွေဦးလေ​ပြည် ရောက်လာတဲ့အခါ... ဒီစစ်ပွဲက အိပ်မက်တစ်ခုအနေနဲ့ ပြီးဆုံးသွားပါလိမ့်မယ် Osen... ငါတို့ရဲ့ ဆုံးရှ... More

Chapter 1
Chapter 1 ( Zawgyi)
Chapter 2
Chapter 2 (Zawgyi)
Chapter 3
Chapter 3 ( Zawgyi)
Chapter 4
Chapter 5
Chapter 5 ( Zawgyi)
Chapter 6
Chapter 6 ( Zawgyi)
Chapter 7
Chapter 7 ( Zawgyi)
Chapter 8 ( Ending )
Chapter 8 ( Zawgyi/End)
Side story of Veter
Side story of veter

Chapter 4 ( Zawgyi)

30 5 0
By YadanarMoe399

Chapter 4

ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်။ မလွဲသာလို့ပါဆိုတဲ့ ခေါင်းစဉ်လှလှကြောင့် စတေးခံအသက်သွေးတွေဟာ မိစ္ဆာတွေ​ရဲ့ခြေဖျားအောက် ညှီညှီလှိုင်နေခဲ့ရ...။

Autumn's Breeze ( осень ветер )

ကျည်ဆန်ဟာ နှလုံးသားထဲက တရားမျှတမှုနဲ့ မာကြောမှုတို့ရဲ့ နူးညံ့ခြင်းအထိမ်းအမှတ် သက်သေတစ်ခုသာ ဖြစ်သင့်တယ်။ သူရဲကောင်းတစ်ဉီးကသာ ဆုပ်ကိုင်ထားသင့်တဲ့ လက်နက်...။ လူတွေရဲ့အသက်တွေကို ဖဲ့ခြွေဝါးမြိုသွားမဲ့ မိစ္ဆာကောင်တွေထဲသာ ရောက်သွားခဲ့မယ်ဆိုရင်... ကျည်ဆန်တစ်တောင့်ကလည်း လောကငရဲရဲ့ သော့ချက်တစ်ခု ဖြစ်နိုင်တယ်ဆိုတာ Osen သိမြင်ခဲ့ရလေတယ်...။

မြို့တော်ရဲ့ ရာသီဥတုက တဖြေးဖြေး ကူး​ပြောင်းစ ပြုလာခဲ့ပြီ...။ အေးခဲစပြုလာပြီဖြစ်တဲ့ လီနင်ဂရက်ရဲ့ ဆောင်းဉီးအစဟာ ပြည်သူတွေရဲ့အသက်တွေကို ဝါးမြိုနိုင်တဲ့ ကပ်ဘေးတစ်ခုဆောင်ကျဉ်းလာတယ်။

နိုဝင်ဘာရဲ့ အစောပိုင်းကာလကို ချဉ်းကပ်လာတာနဲ့အမျှ၊ အေးခဲလာတဲ့ မြူနှင်းတွေနဲ့အတူ၊ လီနင်ဂရက်မှာ လူပေါင်း ၁၁၀၀၀လောက်ဟာ သေဆုံးခဲ့ကြလေတယ်။

သတင်းတွေထဲမှာ ရုရှားအစိုးရက တခြားပြည်သူလူထုတွေ မပူပန်ရစေဖို့အလို့ငှာ ဖိဖော့ကာ တင်ပြနေလျက်ပင်...။

ဒီဇင်ဘာလအရောက်မှာ မြို့တော်ရဲ့ အအေးချိန်က 23°F လောက်အထိ ဖြစ်လာတဲ့အတွက် အေးခဲမှုဒဏ်၊ စစ်ဘေးဒဏ်နဲ့ အငတ်ဘေးဒဏ်တွေကြောင့် လူပေါင်း ၅၂၀၀၀ လောက်ဟာ သေဆုံးခဲ့ကြတယ်။

အလှတရားတွေ ပြည့်နှက်နေလေ့ရှိတဲ့ မြို့တော်ဟာ ယခုအချိန်မှာတော့ အလောင်းတွေ တောင်လိုပုံကာ၊ ထပ်နေလေပြီ။ သေသွားသူတွေအတွက် သင်္ဂြိုလ်ခွင့်မရှိတော့သလို... နောက်ဆုံးသော ဇာပနကို လိုက်လံပို့ဆောင်ဖို့ရာတောင် အခွင့်မရရှိခဲ့ကြတော့...။

ရုရှားစစ်တပ်မဟာကလည်း မိမိတို့အမိမြေရဲ့ အစိတ်အပိုင်းကို ခေါင်းမာမာကာကွယ်ပေးနေခဲ့သလို၊ ပြည်သူတွေအတွက် အသက်ပေးဆပ်သွားခဲ့ကြတဲ့ စစ်သားတွေလည်း ရာထောင်ချီ...။

ဘာနဲ့မှ ဆက်သွယ်မရပါဘဲ၊ ဂျာမန်နဲ့အမိမြေရုရှားရဲ့ စစ်ပွဲအတွင်း ပိတ်မိနေကြပြီဆိုတဲ့
ရက်စက်သော အမှန်တရားကို လက်ခံနိုင်ကြတဲ့ လီနင်ဂရက်မြို့သူမြို့သားတို့က တရားမျှတမှုအတွက် တိုက်ခိုက်ရင်း...၊ အမိနိုင်ငံအတွက် ကြံ့ကြံ့ခံရင်းဖြင့်... ဤစစ်ပွဲမှာ အသက်ရှင်လျက် အကောင်းဆုံး ကျော်ဖြတ်ဖို့ ကြိုးစားနေလေပြီပင်...။

အေးခဲလွန်းလှတဲ့ ဒီဇင်ဘာမှာ Osenက Veterရဲ့ ခပ်နွေးနွေးရင်ခွင်ထဲမှာ ကွေးရင်း...၊ veter အိမ်ရဲ့မြေအောက်ခန်းလေးထဲမှာ နေထိုင်ကြရတယ်။ Veter စေ့စေ့စပ်စပ် စုဆောင်းထားတာတွေကြောင့်နဲ့ သူတို့နှစ်ဉီးဟာ ဝန်းရံပတ်ဆို့ခံခဲ့ရတဲ့ ၄လတာအတွင်း ရှင်သန်ခဲ့ကြတယ်။

ဆောင်းတွင်းမို့ Veterနဲ့ Osen အတူတူ လုပ်ထားကြတဲ့ ဗုံးခိုကျင်းဟာ အဆင်မပြေလေဘူး....။ အေးခဲလုမတတ်ရာသီဒဏ်ကို ဗုံးခိုကျင်းက မခံနိုင်တာမို့၊
မြေအောက်ခန်းထဲ ပြောင်းရွေ့ခဲ့ကြတာဖြစ်တယ်။ ​မြေအောက်ခန်းက သူတို့နှစ်ယောက်အဖို့ လုံလောက်တာထက်ပင် ပိုနေသယောင် Osen ခံစားရတယ်...။

အပြင်က ခပ်သဲ့သဲ့ကြားနေရတဲ့ သေနတ်သံတွေ၊ ဗုံးသံတွေဟာ အချိန် ၄၊ ၅ ၊ ၆ လလောက် ကုန်ဆုံးပြီးနောက်မှာ၊ သူတို့နှစ်ဉီးအတွက် ထိုအသံတွေက သိပ်ကြောက်စရာ မကောင်းတော့ဘဲ၊ ယဉ်ပါးနေပြီဖြစ်တယ်။

Veterဟာ ကြောက်လန့်တုန်လှုပ်စရာ ကမ္ဘာကြီးထဲမှာ Osenအတွက် ခိုလှုံရာပါပဲ...။

" Veter... ငါ အေးခဲလုမတတ်ပဲ...မင်းရဲ့နိုင်ငံက ရိုးရာပုံပြင် ပြောပြလို့ရနိုင်မလား..."

Veterက ခပ်ဖွဖွခေါင်းညိတ်လိုက်တာကို Osen အမှောင်ထဲကနေ ခံစားသိရှိမိလိုက်တယ်...ဒါက Veter လုပ်နေကြအပြုအမူတစ်ခုပဲမို့ Osen အသားကျနေပြီဖြစ်တယ်။ သေနတ်သံတွေနဲ့စစ်ပွဲတွေကြားထဲ ပိတ်မိနေတာမို့ ဒီအမှောင်ထုထဲမှာ Veterအသံကပဲ Osenရဲ့ ခိုကိုးရာမဲ့မှုကို ပြေပျောက်စေနိုင်တာပင်...။

Veterက Osen ခန္ဓာကိုယ်ကို နွေးထွေးစေရန် ခပ်တင်းတင်း ပွေ့ပိုက်ထားလေပြီး...၊ ခပ်တိုးတိုးနဲ့ ညှင်ညှင်သာသာ စတင်ရေရွတ်လာတယ်....။

ပုံပြင်တွေ...ဒဏ္ဍာရီတွေနဲ့ Veter ပြောပြတဲ့ ဘားမားပြည်က သိပ်လှပတယ်...။ နူးညံ့ယဉ်ကျေးတဲ့ မြန်မာလူမျိုးတွေ၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူမျိုးတွေ...၊ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံတမ်းတွေနဲ့ ထုံမွှမ်းနေတဲ့ ဘားမားက ခမ်းနားထည်ဝါနေတယ်...။ ဘာသာရေးအယူအဆတွေရဲ့ အေးချမ်းစေနိုင်မှုကလည်း Osen တခြားကို ပြေးရှာစရာ မလိုလောက်အောင် Veterမျက်နှာဟာ အေးချမ်းမှုကို ထင်ဟပ်ပြသနေတတ်တယ်...။

Veterက ဗုဒ္ဓဘာသာရဲ့တရားတွေကို ညစဉ် ခပ်တိုးတိုး သံစဉ်လေးလို ရွတ်ပြတတ်သလို...Osenကလည်း အားကျမခံ ခရစ်တော်ဓမ္မတေးသွားတွေကို ဆိုပြတတ်တယ်။ သွေးပျက်စရာ ညဥ့်နက်သန်းခေါင်ယံမှာ ဘာသာတရားနှစ်ခုရဲ့ တရားဓမ္မ တေးသွားလေးတွေက သူတို့နှစ်ဉီးကို လွှမ်းခြုံထားသလို ခံစားရစေတယ်...။

Veterက သင်ယူဖို့ရာလည်း မနှေးကွေးတတ်တဲ့ ကောင်ငယ်လေးတစ်ဉီး...။ Veterက Osenနဲ့အတူတူ အဖဘုရားသခင်ရဲ့နာမတော်တွေရယ်၊ သမ္မာကျမ်းစာတွေကိုလည်း မပီကလာ စကားလေးနဲ့အတူ သေချာ လိုက်ရေရွတ်ပေးတတ်သေးတယ်...။ Veterက ထိုသို့ အေးချမ်းစွာ နေထိုင်တတ်တဲ့သူမှန်း Osen ယခုအခါမှ သတိပြုမိတော့တယ်။

" Osen... ငါတို့ စစ်ဘေးရှောင်စခန်းဆီ သွားကြမလား?"

အခြေအနေတိုင်းလိုလိုမှာ... Veterက Osenရဲ့ ကယ်တင်ရှင်ဖြစ်သလို၊ အားကိုးရသူဖြစ်ပြီး၊ Veter စိတ်တိုင်းကျ ဆုံးဖြတ်နိုင်ခွင့်ရှိပါသော်လည်း... veterက Osenကို အမြဲလိုလို Osenရဲ့ သဘောထားကို မေးလေ့ရြှိပန်တယ်။

သူတို့နှစ်ဉီးရဲ့ တည်နေရာက လီနင်ဂရက်မြို့လေးရဲ့ အလယ်မရောက်၊တရောက်နေရာမှာ တည်ရှိကြတာမို့... စစ်ဘေးရှောင်စခန်းကိုသာ သွားမယ်ဆိုရင် နည်းနည်းတော့ ဒုက္ခများမှာပဲ ဖြစ်တယ်။ စစ်ကာလအတောအတွင်း ယာဉ်တွေကလည်း သွားလာခွင့်မရှိတော့၊ သူတို့တွေ ခြေထောက်ကိုသာ အသုံးပြရပေလိမ့်မည်။

Osenက ကလေးတစ်ဉီးပေမဲ့ တစ်ချို့အရာတွေကိုတော့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါသေးတယ်...။ သူတို့ရဲ့ အရေးပေါ် အစားအစာတွေက ကုန်လုသလောက်ဖြစ်နေပြီး...၊ သိပ်မလောက်နိုင်တော့ပေ။ ယခုလို သူတို့နှစ်ဉီးလုံး အားအင်ရှိပြီး အဆင်ပြေနေတဲ့အချိန်မျိုးမှာသာ မသွားဘူးဆိုလျှင်...၊ ဘယ်တော့မှ လွတ်မြောက်တော့မှာ ဟုတ်ပေ။ Osen ဖခင်ကို အဆက်အသွယ်မရပေမဲ့၊ အကယ်၍ သူ့ဖခင်ကသာ သူ့အိမ်မှာ ရှာမတွေ့ဘူးဆိုလျှင် အရင်ဆုံး သွားစစ်ဆေးမည့်နေရာက လီနင်ဂရက်မြို့ထဲမှာ ယာယီဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်း ဖြစ်ပေလိမ့်မည်...။

စစ်ဘေးရှောင်စခန်းက အကောင်းဆုံးရယ်လို့ မဟုတ်ပေမဲ့၊ အသက်ကို ဖမ်းဆုပ်ဖို့အတွက်တော့ အကောင်းဆုံး ရွေးချယ်မှုသာ ဖြစ်ပေလိမ့်မည်။ စစ်ပွဲက ပိုကြမ်းတမ်းလာတာနဲ့အမျှ နေအိမ်တွေက မလုံခြုံတော့တာကြောင့်ပဲ ဖြစ်တယ်...။

Osen သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်တယ်။ Osen ဒီစစ်ပွဲကို ကြုံရပြီးနောက်မှာ ဆုံးဖြတ်ချက်တစ်ခုက သူ့အသက်ရှင်လျက်နဲ့ ဒီစစ်ပွဲကြီးကို ကျော်ဖြတ်နိုင်ရမယ်ဆိုတာပါပဲ...။

နောက်နေ့မနက်မှာ Veterက အစောကြီးထပြီး... ပြင်ဆင်စရာ ရှိတာ ပြင်ဆင်နေတယ်။ Osenကတော့ Veter လုပ်သမျှကို ထိုင်ကြည့်နေတာပဲ ဖြစ်တယ်။

Veterက Osenကို သူ့ရဲ့ ခပ်ပွပွ ရှပ်အင်္ကျီလက်တိုကို ဝတ်ပေးပြီး...၊ Osenရဲ့ လည်ပင်းမှာ Veter ချည်ထိုးထားတဲ့ လွယ်အိတ်ကို ချိတ်ဆွဲပေးတယ်။ Veter သူ့ကို ပေးထားတဲ့ အိတ်ထဲမှာ အစာခြောက်တွေရယ်၊ ရေဗူးနဲ့ သူတို့နှစ်ဉီးရဲ့အိမ်မှာ ရှိတဲ့ ဆေးဝါးတစ်ချို့ကို ထည့်ပေးထားတာ ဖြစ်တယ်။

Osenလည်ပင်းမှာ ဆွဲထားတဲ့ အိတ်က စုံပလုံစိနေအောင် ပါပေမဲ့၊ Osenလို ကလေးတစ်ယောက် သယ်နိုင်ဖို့လောက်အထိတော့ လုံလောက်လေတယ်။

" Veter... ဘာလို့ အိတ်ကို လည်ပင်းမှာ ဆွဲထားရမှာလဲဟင်"

Osen မေးတော့... Veterက အမှောင်ထဲမှာ ခပ်ဖွဖွ ပြုံးလာတယ်...၊ Veterက Osenကို အနွေးထည်ခပ်ထူထူ တစ်ထပ်ကို ထပ်ဝတ်ပေးလိုက်လေတယ်။ လည်ပင်းထက်က ချည်လွယ်အိတ်လေးက အနွေးထည်ထူထူထဲထဲကြောင့် မသိသာလေတော့ဘူး...။

" ဒီလို ကာလမှာ မင်းရဲ့ပိုင်ဆိုင်မှုတွေကို သေချာ ဝှက်ထားသင့်တယ် Osen..."
Veterက တခါတရံဆို Osenကို ထိုသို့ သင်ပြပေးလေ့ရှိတယ်။

Veterက သူ့ကိုသူလည်း Osenကို လုပ်ပေးခဲ့သလို ဝတ်ဆင်လိုက်တယ်။ ဒါပေမဲ့ Osen သတိပြုမိလိုက်တာက... Veterရဲ့ ချည်လွယ်အိတ်လေးက သူ့ကိုပေးထားတဲ့ချည်လွယ်အိတ်လောက် မများပြားတာကိုပါပဲ...။

Veterက သိပ်စကားမပြောတတ်ပေမဲ့၊ တိတ်တဆိတ် အနစ်နာခံတတ်ပြန်သေးတယ်...။

" မင်းရဲ့ ချည်လွယ်အိတ်ပေါ်က အဝါရောင်ပန်းခတ်လေက ဘာပန်းလဲ Veter..."

Osenနဲ့ Veterက လမ်းတစ်လျှောက် ထွက်ခွာလာပြီး...၊ Osenက ရောက်တတ်ရာရာ မေးတယ်...။ သူ့ကို ပေးထားတဲ့ ချည်လွယ်အိတ်လေးမှာ ထိုးပေးထားတဲ့ ပန်းပွင့်က ရုရှားနိုင်ငံရဲ့ အထိမ်းအမှတ် Chamomile ပန်းပွင့်တွေဆိုရင်... Veter ပိုင်ဆိုင်တဲ့ ချည်လွယ်အိတ်ပေါ်က အမှတ်အသားလေးကရော... ဘာများလဲ...။

" ပိတောက်ပန်းလို့ ခေါ်တယ် Osen... English လိုဆို Gumkinoလို့ ခေါ်ကြတယ်။ ငါ့နိုင်ငံရဲ့ အလှတရားပေါ့...သူ့မှာ တော်တော့်ကို မွှေးလွန်းတဲ့ ရနံ့ရှိတယ်... အပင်ကလည်း Chamomileတွေလို မဟုတ်ဘဲ အကြီးကြီးမို့ အရိပ်ပေးနိုင်စွမ်းရှိတယ်..."

Veterရဲ့ တတ်ကြွတဲ့ အမူအရာလေးက နေရောင်တောက်တော်ပပအောက်မှာ သက်ဝင်လာလေတယ်။ ထိုသူက ဒီအကြောင်းတွေ ပြောနေရရင်... မျက်ဝန်းနက်တွေက တောက်ပလာတတ်တယ်။

" နွေဉီးမှာဆို... ပိတောက်ရနံ့တွေက လှိုင်နေရောပဲ... "

ပိတောက်တွေက ခပ်သင်းသင်း Chamomileတွေနဲ့ တော်တော့်ကို ကွာခြားပုံရတဲ့ ပန်းဖြစ်ပုံပါပဲ...။

" ပိတောက်ပန်းကို Veterက သဘောကျတာလား?"

ဒီအချိန်မှာ Osen ရဲ့ အမေးစကားကြောင့် Veterရဲ့ ရယ်မောသံက ခပ်တိုးတိုးလေ​ပြည်လေညှင်းနဲ့အတူတူ လွင့်မြောလာတယ်။

" ဟင့်အင်း... ငါက ပန်းတွေကို ကြိုက်တဲ့ ယောကျာ်းတစ်ယောက် မဟုတ်ဘူး Osen...။ ပိတောက်ရနံ့တွေက တော်တော်မွှေးလွန်းလို့ ငါ့ အမိမြေမှာ ငါ ရှိနေခဲ့တုန်းကဆို တခါတလေ စိတ်အနှောင့်အယှက်တောင် ဖြစ်ခဲ့ရသေးတယ်..."

Veterက ပြာလွင့်လွင့် ကောင်းကင်ယံက တိမ်ရောင်တွေကို မောကြည့်လိုက်ပြီးနောက် ခပ်ဆွေးဆွေး နူတ်ခမ်းတစ်စုံက တုန်ရီသွားရှာတယ်။ မျက်ဝန်းနက်တွေက ဟိုးအဝေးနေရာကို လွမ်းဆွတ်နေပုံက အရှင်းသားပါပဲ...။

" ဒါပေမဲ့ အခုတော့... ငါ သိပ်လွမ်းတယ် Osen...ငါ ပိတောက်တွေကိုရော အမိမြေကို သိပ်လွမ်းမိပါရဲ့..."

Veterဟာ ရှားရှားပါးပါး ဝမ်းနည်းမှုကို ဖော်လှစ်ပြလာတော့၊ Osen Veterလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကာ... စကားလမ်းကြောင်း ပြောင်းလိုက်တော့တယ်။

" Chamomile တွေနဲ့ အဲ့ဒီပိတောက်တွေ... ဘယ်ပန်းက ပိုလှတယ်လို့ Veter ထင်လဲ"
Osenက Veterရဲ့ လက်ဖဝါးနွေးနွေးကို ဆုပ်ကိုင်ထားဆဲ...။

" သူ့အလှတရားနဲ့ သူ ပေါ့..."

လျှောက်လှမ်းလာတဲ့ လမ်းတွေဟာ ခက်ခဲပေမဲ့ အားတင်းရင်း... သူတို့က အတူတူရှိနေခဲ့ကြဆဲ...။

လီနင်ဂရက်မြို့တော်ရဲ့ လမ်းမထက်က ရုပ်ကြွင်းခန္ဓာတွေ...၊ မီးလောင်ပြင်တွေ...ဟာ စိတ်နှလုံးဝမ်းနည်းဖွယ်ရာ...။

Osen Veterသူ့ကိုသင်ပေးထားတဲ့ ' လောကကြီးကို အကောင်းဘက်က အရင် ကြည့်ရမယ်'ဆိုတဲ့ စကားအရ... သူ တွေးမိလိုက်တာက သူ့မိခင်ဖြစ်သူ သေဆုံးသွားတာကလည်း တော်ပါသေးတယ်လို့ တွေးမိလိုက်တယ်။ ဒီကာလကြီးမှာသာ သူ့မိခင်ဖြစ်သူ သေဆုံးသွားပါလျှင်... သူဟာ သူ့မိခင်ကို မြေမြုပ်ပေးလို့ မရနိုင်တော့...။ ဒီလိုဆို သူ့မိခင်ဖြစ်သူဟာ အဖဘုရားသခင်ရဲ့ ကောင်းကင်ဘုံမှာ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်မည်မဟုတ်ခဲ့...။

Osen သက်ပြင်းခပ်ဖွဖွချရင်း.... Veterရဲ့ လက်ချောင်းတွေကို ဆုပ်ကိုင်ကာ၊ သူ့မျက်နှာလေးနဲ့ ပွတ်သပ်လိုက်မိတော့တယ်။ အားကိုးရာ မဲ့သလို ခံစားရလေတိုင်း... Osenဟာ Veterလက်တွေကို ဆွဲယူပြီး သူ့မျက်နှာလေးနဲ့ ပွတ်သပ်လေ့ရှိတယ်။

သူတို့နှစ်ဉီးလိုပဲ စစ်ဘေးရှောင်စခန်းကို ထွက်ခွာကြဖို့ လုပ်နေကြတဲ့ မြို့သူမြို့သားတွေက ရှိနေလျက်...။

သက်ဝင်လှုပ်ရှားတဲ့ လီနင်ဂရက်ဟာ ယခုတော့ တိတ်ဆိတ်နေတဲ့ စစ်ဘေးသင့် လီနင်ဂရက်မြို့ ဖြစ်လာခဲ့ပါပြီ...။

Continue Reading

You'll Also Like

55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
89.9K 5.5K 107
ဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု န...
514K 28K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
31.8K 2.3K 47
The fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။