Autumn's Breeze ( осень ветер...

By YadanarMoe399

1.9K 275 8

" နွေဦးလေ​ပြည် ရောက်လာတဲ့အခါ... ဒီစစ်ပွဲက အိပ်မက်တစ်ခုအနေနဲ့ ပြီးဆုံးသွားပါလိမ့်မယ် Osen... ငါတို့ရဲ့ ဆုံးရှ... More

Chapter 1
Chapter 2
Chapter 2 (Zawgyi)
Chapter 3
Chapter 3 ( Zawgyi)
Chapter 4
Chapter 4 ( Zawgyi)
Chapter 5
Chapter 5 ( Zawgyi)
Chapter 6
Chapter 6 ( Zawgyi)
Chapter 7
Chapter 7 ( Zawgyi)
Chapter 8 ( Ending )
Chapter 8 ( Zawgyi/End)
Side story of Veter
Side story of veter

Chapter 1 ( Zawgyi)

139 7 0
By YadanarMoe399

Chapter 1

ယမ်းငွေ့တွေဟာ တငွေ့ငွေ့၊တလွင်လွင်နဲ့ မြေပြင်ကနေ ကောင်းကင်ယံထိတိုင် ခုန်ပေါက်နေကြတယ်...။ ဆူညံ့နေတဲ့အသံပေါင်းများစွာဟာ ကြောက်ရွံထိတ်လန့်မှုတွေစွန်းထေးနေတဲ့ ပျိုပျက်ဆဲ ပန်းဝတ်ဆံတွေလို...လေထဲ ရောထွေးသွယ်ယှက်နေခဲ့တယ်...။

ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်။
ဒီကာလဟာ လူ့လောကသားရဲတို့ရဲ့ စစ်သွေးကြွရာ၊အရပ်ဖြစ်တယ်။ ငိုကြွေးသံတွေနဲ့သွေးစက်တွေဟာ သူတို့ရဲ့အဆာပြေနေ့လည်စာတစ်ခွက်လိုပင်ဖြစ်ခဲ့လေတယ်။

Autumn's Breeze ( осень ветер )

1941 ခုနှစ်၊ June လ [ Leningrad city in Russia]

" Osen...Osen ထပါဉီး... "

မိခင်ဖြစ်သူရဲ့ ခပ်ဖွဖွ တိုးညှင်းညှင်း နှိုးနေသံဟာ Osen ဆိုတဲ့ ၁၅နှစ်အရွယ် ကောင်ငယ်လေးကို မျက်မှောင်တွန့်ရှုံ့သွားစေလေတယ်...။ ဒီလို အစောပိုင်း နံနက်ခင်း အချိန်ဟာ အိပ်မောကျနေရမဲ့ အချိန် မဟုတ်ပါလား...။

" ငါ အိပ်မက် မကောင်းဘူး Osen...အိပ်မက်ထဲမှာ မင်းက သွေးတွေ ရွဲနေတာပဲ..."

"ဒါ အိပ်မက်ပါပဲ အမေရာ...."

အိပ်ချင်မူးတူးဖြစ်နေတဲ့ ​Osenဟာ မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း...၊ မိခင်ဖြစ်သူကို ငြူစူစွာ ကြည့်နေဆဲ...။ Osen ရဲ့ လက်တွေကို ခပ်ဖွဖွ ဆုပ်ကိုင်ခံလိုက်ရပြီးနောက်...၊ osen အမေဟာ Osenရဲ့ ဂျုံခြောက်ညိုရောင် ဆံပင်ပွပွကို ငုံ့နမ်းလာလေတယ်...။ သူမရဲ့ မျက်ဝန်းတွေထဲ စိုးရိမ်ထိတ်လန့်ခြင်းတွေဟာ ခပ်နွေးနွေးအခန်းလေးထဲမှာ လူးလူးလွင့်လွင့် တောက်ပနေတဲ့ ဖယောင်းတိုင်မီးလိုမျိုး...။

ထိုအချိန်က မိခင်ရဲ့ ခပ်ဖွဖွ အနမ်းတစ်ပွင့်က လူ့လောကရဲ့သားရဲတွေကြောင့် နောက်ဆုံးသော အနမ်းတစ်ပွင့် ဖြစ်လာခဲ့မယ်မှန်း Osen မထင်ထားခဲ့ပါပေ...။

" အဖ ဘုရားသခင်... ကျေးဇူးပြုပြီး Osenကို စောင့်ရှောက်ပေးပါ..."

သူမရဲ့ ခပ်ဖွဖွ တိုးညှင်းညှင်းအသံဟာ ယုံကြည်သက်ဝင်ရာ ကယ်တင်ရှင်ထံသို့ တောင်းဆုပြုနေလေရဲ့...။

" အမေ... အဖေက ပြန်မရောက်သေးဘူးလား"

Osenက အဖေ့ကို စောင့်ဆိုင်းရင်း အိပ်ပျော်သွားခဲ့တာကြောင့်၊ အဖေဖြစ်သူရဲ့ အရိပ်အယောင်ကို မတွေ့ရတော့ မေးမိလိုက်တယ်။

" အင်း... သူ ဒီရက်ပိုင်း အလုပ်တွေ တော်တော်များနေလို့ ထင်ပါရဲ့ osen...။ မင်း အဖေ အရမ်းနောက်ကျတာပဲ။"

Osen အခန်းနံရံပေါ်က နာရီအကြီးကြီးကို ကြည့်လိုက်မိတော့... အချိန်က နံနက် တစ်နာရီ စွန်းစွန်း...။ အိပ်ချင်စိတ်က မိခင်ဖြစ်သူကြောင့် ပြေပျောက်နေပြီမို့ ထရပ်လိုက်ရတော့တယ်။

သူ့အမေကတော့ သူမရဲ့ အိပ်ခန်းရှိရာဘက်ကို ပြန်သွားလေတယ်။

Osen အပြင်ဘက်ကို ထွက်ရပ်ရင်း...၊ ကောင်းကင်ယံကို ကြည့်မိလိုက်တော့၊ မြူမှုန်ကင်းစင်နေတဲ့ ကြယ်ပင်လယ်ကြီးကို မြင်လိုက်လေတယ်...။ အဲ့ဒီအချိန်တုန်းက တောက်ပမှုအပြည့်နဲ့ တည်ငြိမ်အေးဆေးတဲ့  ကောင်းကင်ယံဟာ တစ်ချိန်မှာ သွေးချင်းချင်းနီရဲပြီး မီးခိုးတလူလူ အလံလွင့်ထူနေလိမ့်မယ်လို့ သူ တွေးတောင် မတွေးခဲ့မိပေ...။ ဒါဟာ ကမ္ဘာမြေရဲ့ ရက်စက်ကြမ်းကြုတ်မှု လှည့်စားခြင်းမဟုတ်ပါဘဲ... လူသားတွေရဲ့ အတ္တ​တစ်ခုထဲကြောင့် ဖြစ်တည်လာခဲ့တဲ့ ကပ်ဘေးတစ်ခုပါပဲ...။

သူနဲ့ ဘေးချင်းကပ် အိမ်ကို Osen လှမ်းကြည့်လိုက်မိတော့... မီးအလင်းရောင် ခပ်ဖျော့ဖျော့ကို မြင်လိုက်ရတာကြောင့်... အာ့ဒီအိမ်က ကောင်လေး မအိပ်သေးမှန်း သိလိုက်ရလေတယ်...။

Osenက လူဆိုးလေးပဲ ဖြစ်တယ်။ သူ့ခြေလှမ်းတွေက မအိပ်သေးတဲ့ ဟိုဘက်အိမ်က လူရှိရာ ရွေ့သွားဖို့ လုပ်လေတယ်။

သူ့အမေသာ သိခဲ့ရင်၊ osenကို ဆူတဲ့လေသံတိုးတိုးနဲ့ ​'အာ့ဒီအိမ်က ကောင်လေးကို မင်း အမြဲ အနိုင်ကျင့်နေတာ မကောင်းဘူးနော်...' ဆိုပြီး ပြောပါလိမ့်မယ်။

အမှန်တိုင်း ပြောရရင် Osenက အနိုင်ကျင့်တတ်သူ မဟုတ်ရပါပေ။ ဒါပေမဲ့ အမြဲလိုလို အေးတိအေးစက်နဲ့ စာမတတ်ပေမတတ် တစ်ကောင်ကြွက်သာသာ ကောင်လေးကိုတော့ သူ ကြည့်မရခဲ့...။

" Veter! မင်း ဘာလုပ်နေတာလဲ..."

Veterက ပြတင်းပေါက်ကနေ ခွကျော်ဝင်လာတဲ့ Osenကို လှမ်းကြည့်လာလေတယ်။ သူ့လက်တွေထဲမှာက ရောင်စုံ သိုးမွှေး ချည်လုံးတွေနဲ့ ပင်အပ်လို အချောင်းလေး နှစ်ခု ရှိနေခဲ့တယ်။

veterကို Osen မုန်းရခြင်းတွေထဲမှာ ထိုသူ့ရဲ့ မျက်ဝန်းနက်နက်တွေကလည်း အကြောင်းပြချက်တစ်ခုအနေနဲ့ ပါဝင်လေတယ်။ Veterရဲ့ နက်မှောင်စူးရဲနေတဲ့ မျက်ဝန်းတွေနဲ့ ဆံပင်အရောင်က သူနဲ့ကွဲပြားခြားနားတဲ့ နေရာတစ်ခုကနေ ဆင်းသက်လာတဲ့ လူတစ်ယောက်အဖြစ် မြင်စေလို့ပါပဲ။

ဒီအနက်ရောင်မျက်ဝန်းတွေနဲ့ ဆံနွယ်နက်နက်ပိုင်ရှင်က သူတို့နဲ့ မွေးဖွားရာ တိုင်းပြည်မတူလေဘူး... ။ ရုရှားမှာ ဒီလို မှောင်ရီနေတဲ့ မျက်ဝန်းတွေဟာ ရှားပါးလေတယ်...။

" ငါ မင်းကို မေးနေတယ်လေ! "

Veterဟာ မျက်မှောင်တွေကို စုရင်း၊ ခဏတာမျှ နူတ်ခမ်းကို တင်းတင်းစေ့ထားလေတယ်။ တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးနေသလိုမျိုး...၊ ခပ်ကြာကြာစဉ်းစားနေပြီးနောက်၊ Osen စိတ်မရှည်တော့တာကို နားလည်သွားတဲ့ဟန်ဖြင့်၊ Veterက စကားကို ခပ်ဖြေးဖြေးနဲ့ လေးတိလေးကန် ပြောလာခဲ့တယ်...။

" ချည်ထိုး"
ရုရှားဘာသာစကားဟာ သူ့အတွက် ခက်ခဲနေတဲ့ဟန်မျိုးဖြင့် Veterက ပြောလာရင်း၊ Osen သူ့စကားကို နားလည်၊မလည်ဆိုတာကို လှမ်းကြည့်လာတယ်။

" မင်း ဒီမှာနေတာ ၂နှစ်ကျော်ပြီ! အခုထိ ရုရှားစကားကို မကျွမ်းကျင်သေးဘူး! အသုံးကို မကျဘူး"

Veterက သူ့လက်တွေကို ချည်တွေအပေါ်မှာ လျင်မြန်စွာ လှုပ်ရှားနေရင်း... ဖျတ်ခနဲ အပြုံးပန်းတစ်ခု ပွင့်လာလေတယ်....။ အပြုံးလေးဟာ အရမ်းမထင်ရှားစေခဲ့ပေမဲ့၊ Osenကို ဆွံ့အသွားအောင်တော့၊ စွမ်းဆောင်နိုင်ခဲ့လေတယ်။

" ငါ က ဧည့် သည် ပဲ လေ ..."
တစ်ခွန်းချင်း ခပ်တိုးတိုးဆိုလာသူဟာ တည်ငြိမ်မှုအပြည့်...၊ Veterရဲ့ မျက်ဝန်းနက်တွေထဲ မွေးရပ်မြေကို လွမ်းဆွတ်နေတဲ့အရိပ်အငွေ့တွေကို Osen ထင်ထင်ရှားရှား တွေ့လိုက်ရတယ်။

အဲ့ဒီအချိန်က Osen ပြောမိလိုက်တဲ့ စကားတစ်ခွန်းဟာ Osen အတွက်တော့ ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တော့မဲ့ နောင်တတရားကို လက်ယပ်ခေါ်မိလိုက်တာပါပဲ...။

" မင်းက ဘယ်တော့မှ ပြန်နိုင်မှာ မဟုတ်ဘူး မိဘမဲ့လေးရဲ့..."

Veterက ခေါင်းယမ်းရင်း၊ သက်ပြင်းကို ချတယ်။ ပြီးနောက် Osenရဲ့ ဂျုံညိုရောင်ဆံပင်တွေကို ခပ်ကြမ်းကြမ်း ဆွဲဖွလေတယ်။ ဒါဟာ Veter က Osenကို သည်းမခံနိုင်တော့ရင်၊ လုပ်လေ့ရှိတဲ့ အပြုအမူပါပဲ။

Osenက veterကို ရန်စတာ ပျင်းသွားတော့၊ စားပွဲခုံပုလေးအပေါ်မှာ သူ့ခေါင်းကို တင်ရင်း၊ ငိုက်မြည်းနေမိတယ်...။ တဖြေးဖြေး သူ့မျက်ခွံတွေက ငိုက်စင်းလာရင်း... မှေးမှိတ်သွားခဲ့တယ်။

အဲ့ဒီလို သိပ်မပီမသတဲ့အချိန်မှာမှာ သူ ဝေ့ဝေ့ဝါးဝါးသိလိုက်ရတာက သူ့ကျောပြင်ပေါ် ရောက်လာတဲ့ နူးညံ့တဲ့ အထိအတွေ့ကြောင့်၊ ရလိုက်ရတဲ့ နွေးထွေးမှုဟာ သူ့တစ်ကိုယ်လုံးကို ခြုံလွှမ်းသွားတာကိုပဲ...။

ပြတင်းပေါက်ရဲ့ ခပ်ဟဟပွင့်လှစ်မှုကြားထဲ ကခုန်မှုတစ်ရပ်လို ​ငြိမ့်ငြိမ့်ညောညော ​တိုးဝင်လာတဲ့ Chamomile ပန်းပွင့်လေးတွေရဲ့ ရနံ့ဟာ နှစ်ဉီးသားအပေါ် ထွေးပိုက်လို့ထားခဲ့လေတယ်။

ထိုအချိန်က မနက်ခင်း ၂နာရီမတိုင်အထိ လီနင်ဂရက်မြို့လေးဟာ အေးအေးချမ်းချမ်း တည်ငြိမ်စွာပဲ Chamomile ရနံ့တွေ ပြည့်နှက်နေခဲ့တယ်...။

ကျယ်လောင်တဲ့ မြည်ဟီးသံနဲ့အတူ၊ တုန်ခါမှုကြောင့် Osen ဆက်ခနဲ လန့်နိုးလာလေတယ်။ သူ့ကျောပြင်ပေါ်က စောင်အပါးလေးက ကြမ်းပြင်ပေါ် ကျသွားခဲ့လျက်...။

ကောင်းကင်ယံက စူးစူးဝါးဝါး ဆူညံသံတွေဟာ လီနင်ဂရက် မြို့လေးအပေါ် ဖုံးလွှမ်းနေခဲ့သလို... အော်ဟစ်သံငိုကြွေးသံတွေရယ်၊ ပူပြင်းစွာ တောက်လောင်နေတဲ့ မီးလောင် တစပြင်တွေက လီနင်ဂရက်မြို့လေးရဲ့ အလှတရားကို ဝါးမြိုသွားတယ်...။

Osen ကျောက်ရုပ်ကြီးလို သူ့မျက်စိရှေ့က မီးလောင်ပြင်တွေ ဆွံ့အစွာ ငေးကြည့်မိတယ်။ အဲ့ဒီအချိန်မှာ သူက ဘယ်သူလဲ...ဒါတွေက ဘာဖြစ်သွားတာလဲဆိုတဲ့ အတွေးတောင် မရှိတော့ပါဘဲ၊ ဉီးနှောက်ထဲ ဗလာလို ဖြစ်ရင်း... သူ့လက်ဖျားတွေက ထုံကျဉ်ကိုက်ခဲနေလေတယ်။

" အမေ... ငါ့အမေ!"

ဆူညံတဲ့အသံတွေကို အာရုံမစိုက်မိတော့ဘဲ၊ Osenက သူ့ရဲ့မီးစွဲနေပြီဖြစ်တဲ့ အိမ်ရှိရှာကို လှမ်းသွားဖို့ လုပ်လိုက်တော့တယ်။

Veterက Osenလက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း...၊ လုံခြုံတဲ့နေရာဆီသို့ ...။

သက္ကရာဇ် 1941 ခုနှစ်၊ ဇွန်လ 22 ရက်နေ့၊ နံနက် ၂နာရီခန့်အချိန်မှာ လီနင်ဂရက်မြို့လေးဟာ နာဇီဂျာမနီရဲ့ စစ်မကြေညာဘဲ စတင်တိုက်ခိုက်ခဲ့ခြင်းကို ခံခဲ့ရလေပြီ...။

စစ်ပွဲရဲ့ သွေးချွေးတွေ၊ အသက်တွေရဲ့ ပေးဆပ်မှုတွေနဲ့ ကမ္ဘာစစ်ပွဲဟာ လီနင်ဂရက်မြို့လေးကို အကျဉ်းတန်စွာ ဖုံးလွှမ်းသွားခဲ့ချေပြီ..။

ကမ္ဘာစစ်မီးရဲ့ အပူဓာတ်ဟာ ငြိမ်းချမ်းနေတဲ့ လူလောကကို ရက်စက်စွာ လောင်မီးတိုက်ခဲ့လေပြီတကား...။

•ယမ်းငွေ့တွေဟာ တငွေ့ငွေ့၊တလွင်လွင်နဲ့ မြေပြင်ကနေ ကောင်းကင်ယံထိတိုင် ခုန်ပေါက်နေကြတယ်...။ ဆူညံ့နေတဲ့အသံပေါင်းများစွာဟာ ကြောက်ရွံထိတ်လန့်မှုတွေစွန်းထေးနေတဲ့ ပျိုပျက်ဆဲ ပန်းဝတ်ဆံတွေလို...လေထဲ ရောထွေးသွယ်ယှက်နေခဲ့တယ်...။

•ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်။
ဒီကာလဟာ လူ့လောကသားရဲတို့ရဲ့ စစ်သွေးကြွရာ၊အရပ်ဖြစ်တယ်။ ငိုကြွေးသံတွေနဲ့သွေးစက်တွေဟာ သူတို့ရဲ့အဆာပြေနေ့လည်စာတစ်ခွက်လိုပင်ဖြစ်ခဲ့လေတယ်။

Continue Reading

You'll Also Like

7.3M 219K 54
As a weak and powerless human, Eve was never meant to survive. Through a series of miracles, she finds herself taken in by werewolves. But she doesn'...
90.6K 5.7K 123
ဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု န...
11.7K 354 15
Him. She could not have him, no matter how hard she tried, no matter what she'd give. He couldn't belong to her. Vlad Dracula Tepes went mad after...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...