ဇာတ်ပို့တစ်ယောက်အား ပြုစုပျို...

By Loriana33

2.5K 268 6

This not my own work. I've got permission from Eng translator. More

Description
Chapter-0
Chapter-1
Chapter-3
Chapter-4

Chapter-2

213 45 0
By Loriana33

(Zawgyi)

"ဘယ္လို ခုခံရမလဲဆိုတာ
နင္မသိဘူးလား။"
ေကာင္မေလးတစ္ေယာက္
က လင္႐ွန္းယြီကို ‌မခံမရပ္
ႏိုင္စြာနဲ႔ စိုက္ၾကည့္ရင္း...

"ေက်ာင္းတြင္း အၾကမ္းဖက္
မႈကို ေျဖ႐ွင္းဖို႔အေကာင္းဆုံး
နည္းလမ္းက ျပန္ၿပီးေတာ့
တိုက္ခိုက္တာပဲ‌။"

သူမရဲ႕ႏူးညံ့တဲ့မ်က္ႏွာေလးက
ျပင္းထန္စြာ မ်ပ္ေမွာင္ၾကဳတ္
ထားၿပီး သူမရဲ႕လက္သီးစုပ္
ေလးကို ေျမႇာက္ထားသည္။
အေမျဖစ္သူရဲ႕ အ၀တ္အစား
ေတြကို ခိုး၀တ္ထားတဲ့ ကေလး
ေလးလိုပဲ သူမ၀တ္ထားေသာ
ပုံစံသည္ သူမရဲ႕ကေလးဆန္
တဲ့မ်က္ႏွာေလးနဲ႔ လိုက္ဖက္မႈ
မ႐ွိပါ။

လင္႐ွန္းယြီ မတ္တပ္ရပ္လိုက္
ၿပီး ႐ွက္႐ွက္ျဖင့္ ေခါင္းငုံ႔ရင္း ေျပာလိုက္သည္။

"ေက်းဇူးတင္ပါတယ္။"

သူမထက္ ေခါင္းတစ္၀က္စာ
ေလာက္ ပုတဲ့ေကာင္ေလးကို
ငုံ႔ၾကည့္ေနရင္း လင္႐ွီးက သူ႕ကို႐ိုက္ႏွက္ခ်င္စိတ္ေပါက္
လာသည္။

လင္႐ွီးက အထြန္႔တက္တိုင္
ၾကားခ်င္ေနသည္။သူမက ေကာင္းကင္ဘုံကိုသြားရမယ့္
အစား အဲ့ဒီ့အမည္မသိတဲ့ စာေရးဆရာေရးတဲ့ စာအုပ္အစုတ္ပလုတ္ထဲ
ဝိညာဥ္ကူးေျပာင္းလာခဲ့သည္။
ၿပီးေတာ့ လင္႐ွန္းယြီကလည္း
စာေရးဆရာရဲ႕ ကေလာင္
ေအာက္မွာ‌ေသသြားတဲ့ ဇာတ္ပို႔
တစ္ေယာက္သာ ျဖစ္သည္။

သူမ၏ လက္႐ွိခႏၶာကိုယ္
နာမည္ကို လင္႐ွီးဟုေခၚသည္။
သူမရဲ႕ အသြင္ျပင္နဲ႔ ေပၚထြက္
လာတဲ့အခန္း‌ေတြကိုအေျခခံ
ၿပီးေျပာရမယ္ဆိုရင္ သူမက 'ျဖတ္‌ေလွ်ာက္ A'မွ်သာ
ျဖစ္လိမ့္မည္။ဘာလို႔ဆို သူမ
ရဲ႕ ဇာတ္ေကာင္က ၀တၳဳထဲမွာ
တစ္ခါမွ ေဖာ္ျပျခင္းမခံရဖူးေလ။

မူရင္းစာအုပ္ထဲက ေကာင္းကင္
ကိုေတာင္ လႊမ္းမိုးႏိုင္တဲ့ သစၥာ
႐ွိတဲ့ ေခြးေလး။ဟီးဟီး...သူက
အခုခ်ိန္မွာ ေမြးရာပါႏွလုံးေရာ
ဂါကို ခံစားေနရတဲ့ အားနည္း
တဲ့ၾကက္ေပါက္ေလးလိုပဲ။

ဘယ္သူေျပာႏိုင္မွာလဲ။
ဒီအားနည္းတဲ့ ေကာင္ေလး
က အရပ္႐ွည္ၿပီးၾကည့္
ေကာင္းေခ်ာေမာတဲ့လူအျဖစ္ ႀကီးျပင္းလာမွာတဲ့ေလ။
ႏွလုံးေရာဂါ ခံစားေနရတဲ့
ဒီေကာင္ေလးက ေယာက်္ား
ႀကီး ေလးငါးေယာက္ကို လက္တစ္ဖက္ထဲနဲ႔ ဘယ္လို
လုပ္ၿပီး ႐ိုက္ႏွက္ႏိုင္တာပါလိမ့္။
ေနာက္ခံမ႐ွိတဲ့ မိဘမဲ့ေဂဟာ
က ေကာင္ေလးကဘယ္လို
လုပ္ၿပီး သြားထိလို႔မရတဲ့
စီအီးအိုႀကီး ျဖစ္လာတာပါလိမ့္။

ဒါကမယုံႏိုင္စရာ
ေကာင္းလြန္းတယ္.........

ဒါေပမယ့္ အနာဂါတ္မွာ
သူဘယ္ေလာက္ပဲ အင္
အားႀကီးလာပါေစ။အခု
ခ်ိန္မွာေတာ့ သူကအားနည္း
ၿပီး ႏွိမ့္ခ်နာခံဖို႔ေ႐ြးခ်ယ္
ထားတဲ့ မိဘမဲ့ကေလး
တစ္ေယာက္သာျဖစ္သည္။

လင္႐ွီးက သူတို႔ကိုယ္သူတို႔
ရပ္တည္ႏိုင္တဲ့ အဲ့ဒီ့႐ုပ္ပိုင္း
ဆိုင္ရာအားနည္းတဲ့ လူေတြ
ကို အထင္အျမင္မေသးပါ
ဘူး။ဒါေပမယ့္ သူ႕မွာႏွလုံး
ေရာဂါ႐ွိတယ္ဆိုရင္ေတာင္
ခံႏိုင္ရည္ နည္းနည္းေလာက္
ေတာ့႐ွိသင့္တယ္။သူသာ
စကားအနည္းငယ္ေလာက္
နဲ႔  ျပန္ၿခိမ္းေျခာက္လိုက္
ရင္ေက်ာက္ခ်န္းက သူ႕ကို
ထပ္ခါတလဲလဲ ခ်ဥ္းကပ္
ၿပီး အႏိုင္က်င့္ရဲေတာ့မွာ
မဟုတ္ေပ။

ဒီတစ္ႀကိမ္ပဲ။သူ႕ကိုေနာက္
ဘယ္ေတာ့မွ မကူညီေတာ့
ဘူး။သူမေနာက္ကို လွည့္
ထြက္သြားရင္းေျပာလိုက္တယ္။

"ေက်းဇူးတင္ဖို႔ မလိုပါဘူး။"
သူမရဲ႕ ျမင္းၿမီးပုံစံဆံပင္
ေလးက ေလထဲလြင့္ခါ‌
ေနကာ လင္႐ွီးသည္
ဖုန္ေတြ ႐ြံ႕ေတြၾကားထဲက ႐ွန္းယြီကိုတစ္ေယာက္ထဲ
ထားၿပီး ထြက္လာခဲ့တယ္။

လင္႐ွန္းယြီက သူ႕ထက္ေခါင္း
တစ္၀က္ခန္႔ ပိုျမင့္တဲ့ေကာင္
မေလးကို ျပန္ၾကည့္လိုက္
သည္။လြန္ခဲ့တဲ့ လ၀က္က
သူမျပင္းထန္စြာ ေနမေကာင္း
ျဖစ္ခဲ့တဲ့အခ်ိန္ကို သူမွတ္မိ
ေနေသးသည္။မိုးျပင္းမုန္တိုင္း
က်တဲ့ ညေနခင္းတစ္ခုမွာ
ျဖစ္ၿပီး ကေလးမေလးက
ဆက္အသက္မ႐ွင္ႏိုင္ေတာ့
ဘူးလို႔အားလုံးက ထင္ေန
တဲ့အခ်ိန္မွာ လင္႐ွီးက႐ုတ္
တရတ္ႏိုးလာခဲ့သည္။ၿပီးေတာ့
အစားအေသာက္တစ္ခုခု႐ွာဖို႔ သူမရဲ႕ခႏၶာကိုယ္ကိုကန္တင္းဆီ ေ႐ႊ႕သြားခဲ့သည္။သူမရဲ႕ မ်က္ႏွာ
က ‌လူေသတစ္ေယာက္လို
ျဖဴေဖ်ာ့ေနသည္။စားစရာ
ေတြနားေရာက္ေတာ့ သူမက
ထမင္းလက္တစ္ဆုပ္စာကို
ေတာင္းယူၿပီး ေလာဘႀကီး
စြာျဖင့္ ပါးစပ္ထဲ ထိုးထည့္
လိုက္သည္။ၿပီးေတာ့ ကန္တင္း
ကအန္တီႀကီးဆီ စြပ္ျပဳတ္
တစ္ခြက္ေတာင္းရန္ သြား
ခဲ့သည္။

လင္႐ွန္းယြီက အၿမဲလိုလို
ဌာနမႉးနဲ႔အတူစားေနၾက
ျဖစ္ၿပီး ညစာအတြက္ကန္တင္း
ကို လာေလ့မ႐ွိေပ။ဒါေပမယ့္
ဌာနမူးမ႐ွိတဲ့အခ်ိန္ေတြမွာ
သူလည္းပဲ တျခားကေလး
ေတြနဲ႔အတူ ေပါင္းစားရတယ္။
အဲ့ဒီ့အခ်ိန္မွာ သူကစြပ္ျပဳတ္
ပန္းကန္နဲ႔ လင္႐ွီးေဘးမွာ
ရပ္ေနခဲ့တာေၾကာင့္ သူက
သူမကို စြတ္ျပဳတ္ေဝမွ်ၿပီး
ေပးခဲ့တယ္။သူမက အစား
အေသာက္ကို ဝံပုေလြတစ္
ေကာင္လို မ်ိဳခ်ၿပီးေတာ့
သူ႕ကိုေမာ့ၾကည့္ကာ ျပဳံး
ျပၿပီး ေျပာသည္။

"ေက်းဇူးေနာ္ ေမာင္ေလး"
အဲ့ဒီ့ေန႔က သူမရဲ႕ေတာက္ပ
တဲ့အျပဳံးက ဒီေန႔သူမရဲ႕
လ်စ္လ်ဴ႐ႈတဲ့ပုံစံနဲ႔ နည္းနည္း
ေလးမွ မတူေပ။

လင္႐ွင္းယြီက မိဘမဲ့ေဂဟာ
ကတျခားကေလးေတြနဲ႔
အေပါင္းအသင္းမ႐ွိခဲ့ပါ။
သူနဲ႔ လင္႐ွီးအရင္က စကား
မေျပာဖူးဘူး။ဒါ့ေၾကာင္မို႔
ေကာင္မေလးကေျပာလိုက္တဲ့
ေက်းဇူးတင္ပါတယ္ဆိုတဲ့
စကားကိုၾကားေတာ့ သူ႐ွက္
သြားၿပီး ေျပာလိုက္တယ္။

"ငါက မင္းထက္အသက္ႀကီး
တယ္။ငါ့နာမည္က လင္႐ွန္းယြီ။"

သူ မိဘမဲ့ေဂဟာက ကေလး
ေတြနဲ႔ မရင္ႏွီး၊မကစားဖူး
ေသာ္လည္း သူတို႔ရဲ႕ ေမြးေန႔
မ်ား၊အသက္မ်ား အပါအ၀င္
နာမည္မ်ားအားလုံးကို သူ
မွတ္မိသည္။သူက လင္႐ွီး
ထက္ တစ္လႀကီးသည္။

သူ႕ရဲ႕ မိတ္ဆက္စကားကို
ၾကားလိုက္ရေတာ့ သူမက
သူ႕ကို သရဲတစ္ေကာင္ျမင္
လိုက္ရသလို မယုံၾကည္ႏိုင္
စြာ စိုက္ၾကည့္ေနတယ္။
လင္႐ွန္းယြီက သူ႕ကိုယ္သူ
ဘုရားသခင္ဆီက စြန္႔ပစ္ခံ
ထားရတဲ့ က်ိန္စာသင့္ေနတဲ့
ကေလးတစ္ေယာက္လို ခံစား
ေနရသည္။သူ႕နာမည္ကို
ၾကားလိုက္႐ုံနဲ႔တင္ ေကာင္
မေလးကို ထိတ္လန္႔ေစခဲ့သည္။

သူလွည့္ၿပီး ထြက္သြားဖို႔
လုပ္ေတာ့ ေကာင္မေလးက
႐ုတ္တရတ္ သူ႕လက္ကို
ဆြဲလိုက္ၿပီး တရစပ္ေမး
ေတာ့သည္။

"လင္႐ွန္းယြီ၊နင္က လင္႐ွန္းယြီ
လား။ဒါဆို ဝူအန္းအန္းကိုေရာ
သိလား။အဲ့နာမည္က နင္နဲ႔
ရင္ႏွီးလား။"

မိဘမဲ့ေဂဟာမွ ကေလးတိုင္း
ဝူအန္းအန္းကို သိသည္။
ခပ္ေဝးေဝးက ကေလးေတြ
၀န္းရံေနတဲ့လူကို သူလက္ညိႇဳး
ထိုးျပလိုက္သည္။

'လင္႐ွန္းယြီ၊ဝူအန္းအန္း
လင္႐ွန္းယြီ၊ဝူအန္းအန္း'
ဒီနာမည္ေတြက သူမေခါင္း
ထဲမွာ ပဲ့တင္ထပ္ေနသည္။
ဒါက တိုက္ဆိုင္မႈတစ္ခု
ေတာ့ မျဖစ္ႏိုင္ပါဘူး။
လင္႐ွီးက အခုခ်ိန္မွာ
သူမစိတ္ထဲ ေယာက္ယက္
ခက္ ေနတယ္။သူမ တကယ္ပဲ
၀တၳဳထဲကို ဝိညာဥ္ကူးေျပာင္း
လာခဲ့တာပဲ။

ၿပီးေတာ့အေရးႀကီးတဲ့
ဒုတိယအမ်ိဳးသမီး ဇာတ္လိုက္
ေတာင္ ေပၚလာၿပီပဲ။သူက
လင္႐ွန္းယြီရဲ႕ ငယ္သူငယ္ခ်င္း
ဝူအန္းအန္းေလ။

ဝူအန္းအန္းက ဒီစီအီးအို
အခ်စ္ဇာတ္လမ္းရဲ႕ ရက္
စက္ၾကမ္းၾကဳတ္တဲ့ ဒုတိယ
အမ်ိဳးသမီးဇာတ္ေဆာင္
ျဖစ္သည္။သူမမွာ ရင္ဘက္
ႀကီးႀကီးႏွင့္ ႐ွည္လ်ားျဖဴ
ေဖြးေသာ ေျခတံ႐ွည္မ်ား
႐ွိၿပီး အလြန္ခ်မ္းသာကာ စြဲမက္ဖြယ္ေကာင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္
ဆိုသည့္အျပင္ သူမႏွင့္
ပတ္သက္သည့္ အျခား
အထူးေဖာ္ျပခ်က္မ်ားမ႐ွိေပ။

လင္႐ွန္းယြီရဲ႕ ဇာတ္လိုက္မ
အေပၚစြဲလမ္းမႈေၾကာင့္
ဝူအန္းအန္းက ဇာတ္လိုက္မ
ကို မနာလိုၿပီး မုန္းခဲ့သည္။
ဒါ့ေၾကာင့္ သူမက အမ်ိဳးသမီး
ဇာတ္လိုက္မကို သတ္ဖို႔အထိ
ရည္႐ြယ္ၫႊန္ၾကားခဲ့သည္။
သူမရဲ႕ မစဥ္းစားမဆင္ျခင္
ဘဲ ျပဳလုပ္ၾကံစည္မႈေတြက
အမ်ိဳးသားဇာတ္လိုက္နဲ႔
အမ်ိဳးသမီးဇာတ္လိုက္ၾကား
က ခံစားခ်က္အဖုအထစ္ေတြကို
ပုံေဆာင္ခဲလို ေခ်ာေမြ႕လာေအာင္
ကူညီေပးလိမ့္မည္ ျဖစ္သည္။

(TN ; ဖတ္ရတာ အဆင္မွေျပ
ၾကရဲ႕လား။မေရးတတ္ဘူးရယ္)
(@_@;) )

🍃🌻🌤️✨

***************

(Unicode)

"ဘယ်လို ခုခံရမလဲဆိုတာ
နင်မသိဘူးလား။"
ကောင်မလေးတစ်ယောက်
က လင်ရှန်းယွီကို ‌မခံမရပ်
နိုင်စွာနဲ့ စိုက်ကြည့်ရင်း...

"ကျောင်းတွင်း အကြမ်းဖက်
မှုကို ဖြေရှင်းဖို့အကောင်းဆုံး
နည်းလမ်းက ပြန်ပြီးတော့
တိုက်ခိုက်တာပဲ‌။"

သူမရဲ့နူးညံ့တဲ့မျက်နှာလေးက
ပြင်းထန်စွာ မျပ်မှောင်ကြုတ်
ထားပြီး သူမရဲ့လက်သီးစုပ်
လေးကို မြှောက်ထားသည်။
အမေဖြစ်သူရဲ့ အ၀တ်အစား
တွေကို ခိုး၀တ်ထားတဲ့ ကလေး
လေးလိုပဲ သူမ၀တ်ထားသော
ပုံစံသည် သူမရဲ့ကလေးဆန်
တဲ့မျက်နှာလေးနဲ့ လိုက်ဖက်မှု
မရှိပါ။

လင်ရှန်းယွီ မတ်တပ်ရပ်လိုက်
ပြီး ရှက်ရှက်ဖြင့် ခေါင်းငုံ့ရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။"

သူမထက် ခေါင်းတစ်၀က်စာ
လောက် ပုတဲ့ကောင်လေးကို
ငုံ့ကြည့်နေရင်း လင်ရှီးက သူ့ကိုရိုက်နှက်ချင်စိတ်ပေါက်
လာသည်။

လင်ရှီးက အထွန့်တက်တိုင်
ကြားချင်နေသည်။သူမက ကောင်းကင်ဘုံကိုသွားရမယ့်
အစား အဲ့ဒီ့အမည်မသိတဲ့ စာရေးဆရာရေးတဲ့ စာအုပ်အစုတ်ပလုတ်ထဲ
ဝိညာဉ်ကူးပြောင်းလာခဲ့သည်။
ပြီးတော့ လင်ရှန်းယွီကလည်း
စာရေးဆရာရဲ့ ကလောင်
အောက်မှာ‌သေသွားတဲ့ ဇာတ်ပို့
တစ်ယောက်သာ ဖြစ်သည်။

သူမ၏ လက်ရှိခန္ဓာကိုယ်
နာမည်ကို လင်ရှီးဟုခေါ်သည်။
သူမရဲ့ အသွင်ပြင်နဲ့ ပေါ်ထွက်
လာတဲ့အခန်း‌တွေကိုအခြေခံ
ပြီးပြောရမယ်ဆိုရင် သူမက 'ဖြတ်‌လျှောက် A'မျှသာ
ဖြစ်လိမ့်မည်။ဘာလို့ဆို သူမ
ရဲ့ ဇာတ်ကောင်က ၀တ္ထုထဲမှာ
တစ်ခါမှ ဖော်ပြခြင်းမခံရဖူးလေ။

မူရင်းစာအုပ်ထဲက ကောင်းကင်
ကိုတောင် လွှမ်းမိုးနိုင်တဲ့ သစ္စာ
ရှိတဲ့ ခွေးလေး။ဟီးဟီး...သူက
အခုချိန်မှာ မွေးရာပါနှလုံးရော
ဂါကို ခံစားနေရတဲ့ အားနည်း
တဲ့ကြက်ပေါက်လေးလိုပဲ။

ဘယ်သူပြောနိုင်မှာလဲ။
ဒီအားနည်းတဲ့ ကောင်လေး
က အရပ်ရှည်ပြီးကြည့်
ကောင်းချောမောတဲ့လူအဖြစ် ကြီးပြင်းလာမှာတဲ့လေ။
နှလုံးရောဂါ ခံစားနေရတဲ့
ဒီကောင်လေးက ယောက်ျား
ကြီး လေးငါးယောက်ကို လက်တစ်ဖက်ထဲနဲ့ ဘယ်လို
လုပ်ပြီး ရိုက်နှက်နိုင်တာပါလိမ့်။
နောက်ခံမရှိတဲ့ မိဘမဲ့ဂေဟာ
က ကောင်လေးကဘယ်လို
လုပ်ပြီး သွားထိလို့မရတဲ့
စီအီးအိုကြီး ဖြစ်လာတာပါလိမ့်။

ဒါကမယုံနိုင်စရာ
ကောင်းလွန်းတယ်.........

ဒါပေမယ့် အနာဂါတ်မှာ
သူဘယ်လောက်ပဲ အင်
အားကြီးလာပါစေ။အခု
ချိန်မှာတော့ သူကအားနည်း
ပြီး နှိမ့်ချနာခံဖို့ရွေးချယ်
ထားတဲ့ မိဘမဲ့ကလေး
တစ်ယောက်သာဖြစ်သည်။

လင်ရှီးက သူတို့ကိုယ်သူတို့
ရပ်တည်နိုင်တဲ့ အဲ့ဒီ့ရုပ်ပိုင်း
ဆိုင်ရာအားနည်းတဲ့ လူတွေ
ကို အထင်အမြင်မသေးပါ
ဘူး။ဒါပေမယ့် သူ့မှာနှလုံး
ရောဂါရှိတယ်ဆိုရင်တောင်
ခံနိုင်ရည် နည်းနည်းလောက်
တော့ရှိသင့်တယ်။သူသာ
စကားအနည်းငယ်လောက်
နဲ့  ပြန်ခြိမ်းခြောက်လိုက်
ရင်ကျောက်ချန်းက သူ့ကို
ထပ်ခါတလဲလဲ ချဉ်းကပ်
ပြီး အနိုင်ကျင့်ရဲတော့မှာ
မဟုတ်ပေ။

ဒီတစ်ကြိမ်ပဲ။သူ့ကိုနောက်
ဘယ်တော့မှ မကူညီတော့
ဘူး။သူမနောက်ကို လှည့်
ထွက်သွားရင်းပြောလိုက်တယ်။

"ကျေးဇူးတင်ဖို့ မလိုပါဘူး။"
သူမရဲ့ မြင်းမြီးပုံစံဆံပင်
လေးက လေထဲလွင့်ခါ‌
နေကာ လင်ရှီးသည်
ဖုန်တွေ ရွံ့တွေကြားထဲက ရှန်းယွီကိုတစ်ယောက်ထဲ
ထားပြီး ထွက်လာခဲ့တယ်။

လင်ရှန်းယွီက သူ့ထက်ခေါင်း
တစ်၀က်ခန့် ပိုမြင့်တဲ့ကောင်
မလေးကို ပြန်ကြည့်လိုက်
သည်။လွန်ခဲ့တဲ့ လ၀က်က
သူမပြင်းထန်စွာ နေမကောင်း
ဖြစ်ခဲ့တဲ့အချိန်ကို သူမှတ်မိ
နေသေးသည်။မိုးပြင်းမုန်တိုင်း
ကျတဲ့ ညနေခင်းတစ်ခုမှာ
ဖြစ်ပြီး ကလေးမလေးက
ဆက်အသက်မရှင်နိုင်တော့
ဘူးလို့အားလုံးက ထင်နေ
တဲ့အချိန်မှာ လင်ရှီးကရုတ်
တရတ်နိုးလာခဲ့သည်။ပြီးတော့
အစားအသောက်တစ်ခုခုရှာဖို့ သူမရဲ့ခန္ဓာကိုယ်ကိုကန်တင်းဆီ ရွှေ့သွားခဲ့သည်။သူမရဲ့ မျက်နှာ
က ‌လူသေတစ်ယောက်လို
ဖြူဖျော့နေသည်။စားစရာ
တွေနားရောက်တော့ သူမက
ထမင်းလက်တစ်ဆုပ်စာကို
တောင်းယူပြီး လောဘကြီး
စွာဖြင့် ပါးစပ်ထဲ ထိုးထည့်
လိုက်သည်။ပြီးတော့ ကန်တင်း
ကအန်တီကြီးဆီ စွပ်ပြုတ်
တစ်ခွက်တောင်းရန် သွား
ခဲ့သည်။

လင်ရှန်းယွီက အမြဲလိုလို
ဌာနမှူးနဲ့အတူစားနေကြ
ဖြစ်ပြီး ညစာအတွက်ကန်တင်း
ကို လာလေ့မရှိပေ။ဒါပေမယ့်
ဌာနမူးမရှိတဲ့အချိန်တွေမှာ
သူလည်းပဲ တခြားကလေး
တွေနဲ့အတူ ပေါင်းစားရတယ်။
အဲ့ဒီ့အချိန်မှာ သူကစွပ်ပြုတ်
ပန်းကန်နဲ့ လင်ရှီးဘေးမှာ
ရပ်နေခဲ့တာကြောင့် သူက
သူမကို စွတ်ပြုတ်ဝေမျှပြီး
ပေးခဲ့တယ်။သူမက အစား
အသောက်ကို ဝံပုလွေတစ်
ကောင်လို မျိုချပြီးတော့
သူ့ကိုမော့ကြည့်ကာ ပြုံး
ပြပြီး ပြောသည်။

"ကျေးဇူးနော် မောင်လေး"
အဲ့ဒီ့နေ့က သူမရဲ့တောက်ပ
တဲ့အပြုံးက ဒီနေ့သူမရဲ့
လျစ်လျူရှုတဲ့ပုံစံနဲ့ နည်းနည်း
လေးမှ မတူပေ။

လင်ရှင်းယွီက မိဘမဲ့ဂေဟာ
ကတခြားကလေးတွေနဲ့
အပေါင်းအသင်းမရှိခဲ့ပါ။
သူနဲ့ လင်ရှီးအရင်က စကား
မပြောဖူးဘူး။ဒါ့ကြောင်မို့
ကောင်မလေးကပြောလိုက်တဲ့
ကျေးဇူးတင်ပါတယ်ဆိုတဲ့
စကားကိုကြားတော့ သူရှက်
သွားပြီး ပြောလိုက်တယ်။

"ငါက မင်းထက်အသက်ကြီး
တယ်။ငါ့နာမည်က လင်ရှန်းယွီ။"

သူ မိဘမဲ့ဂေဟာက ကလေး
တွေနဲ့ မရင်နှီး၊မကစားဖူး
သော်လည်း သူတို့ရဲ့ မွေးနေ့
များ၊အသက်များ အပါအ၀င်
နာမည်များအားလုံးကို သူ
မှတ်မိသည်။သူက လင်ရှီး
ထက် တစ်လကြီးသည်။

သူ့ရဲ့ မိတ်ဆက်စကားကို
ကြားလိုက်ရတော့ သူမက
သူ့ကို သရဲတစ်ကောင်မြင်
လိုက်ရသလို မယုံကြည်နိုင်
စွာ စိုက်ကြည့်နေတယ်။
လင်ရှန်းယွီက သူ့ကိုယ်သူ
ဘုရားသခင်ဆီက စွန့်ပစ်ခံ
ထားရတဲ့ ကျိန်စာသင့်နေတဲ့
ကလေးတစ်ယောက်လို ခံစား
နေရသည်။သူ့နာမည်ကို
ကြားလိုက်ရုံနဲ့တင် ကောင်
မလေးကို ထိတ်လန့်စေခဲ့သည်။

သူလှည့်ပြီး ထွက်သွားဖို့
လုပ်တော့ ကောင်မလေးက
ရုတ်တရတ် သူ့လက်ကို
ဆွဲလိုက်ပြီး တရစပ်မေး
တော့သည်။

"လင်ရှန်းယွီ၊နင်က လင်ရှန်းယွီ
လား။ဒါဆို ဝူအန်းအန်းကိုရော
သိလား။အဲ့နာမည်က နင်နဲ့
ရင်နှီးလား။"

မိဘမဲ့ဂေဟာမှ ကလေးတိုင်း
ဝူအန်းအန်းကို သိသည်။
ခပ်ဝေးဝေးက ကလေးတွေ
၀န်းရံနေတဲ့လူကို သူလက်ညှိုး
ထိုးပြလိုက်သည်။

'လင်ရှန်းယွီ၊ဝူအန်းအန်း
လင်ရှန်းယွီ၊ဝူအန်းအန်း'
ဒီနာမည်တွေက သူမခေါင်း
ထဲမှာ ပဲ့တင်ထပ်နေသည်။
ဒါက တိုက်ဆိုင်မှုတစ်ခု
တော့ မဖြစ်နိုင်ပါဘူး။
လင်ရှီးက အခုချိန်မှာ
သူမစိတ်ထဲ ယောက်ယက်
ခက် နေတယ်။သူမ တကယ်ပဲ
၀တ္ထုထဲကို ဝိညာဉ်ကူးပြောင်း
လာခဲ့တာပဲ။

ပြီးတော့အရေးကြီးတဲ့
ဒုတိယအမျိုးသမီး ဇာတ်လိုက်
တောင် ပေါ်လာပြီပဲ။သူက
လင်ရှန်းယွီရဲ့ ငယ်သူငယ်ချင်း
ဝူအန်းအန်းလေ။

ဝူအန်းအန်းက ဒီစီအီးအို
အချစ်ဇာတ်လမ်းရဲ့ ရက်
စက်ကြမ်းကြုတ်တဲ့ ဒုတိယ
အမျိုးသမီးဇာတ်ဆောင်
ဖြစ်သည်။သူမမှာ ရင်ဘက်
ကြီးကြီးနှင့် ရှည်လျားဖြူ
ဖွေးသော ခြေတံရှည်များ
ရှိပြီး အလွန်ချမ်းသာကာ စွဲမက်ဖွယ်ကောင်းတဲ့ အမျိုးသမီးတစ်ယောက်
ဆိုသည့်အပြင် သူမနှင့်
ပတ်သက်သည့် အခြား
အထူးဖော်ပြချက်များမရှိပေ။

လင်ရှန်းယွီရဲ့ ဇာတ်လိုက်မ
အပေါ်စွဲလမ်းမှုကြောင့်
ဝူအန်းအန်းက ဇာတ်လိုက်မ
ကို မနာလိုပြီး မုန်းခဲ့သည်။
ဒါ့ကြောင့် သူမက အမျိုးသမီး
ဇာတ်လိုက်မကို သတ်ဖို့အထိ
ရည်ရွယ်ညွှန်ကြားခဲ့သည်။
သူမရဲ့ မစဉ်းစားမဆင်ခြင်
ဘဲ ပြုလုပ်ကြံစည်မှုတွေက
အမျိုးသားဇာတ်လိုက်နဲ့
အမျိုးသမီးဇာတ်လိုက်ကြား
က ခံစားချက်အဖုအထစ်တွေကို
ပုံဆောင်ခဲလို ချောမွေ့လာအောင်
ကူညီပေးလိမ့်မည် ဖြစ်သည်။

(TN ; ဖတ်ရတာ အဆင်မှပြေ
ကြရဲ့လား။မရေးတတ်ဘူးရယ်)
(@_@;) )

🍃🌻🌤️✨

***************

Continue Reading

You'll Also Like

1M 93.6K 144
This is the continuation of short story collection 'Love me thoda aur '.
2.2M 131K 45
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
370K 43.4K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
277K 19K 20
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...