My Weird Husband [ Completed ]
By Thee_Oo
312K 13.3K 91
[ Unicode & Zawgyi ] ငါမြင်ဖူးသမျှထဲမှာစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတဲ့မိန်းမတွေတောင် မင်းလောက်စိတ်ဝင်စားဖို့... More
Notice!
Part 1(U&Z)
Part 2(U&Z)
Part 3(U&Z)
Part 4(U&Z)
Part 5(U&Z)
Part 6(U&Z)
Part 7(U&Z)
Part 8(U&Z)
Part 9(U&Z)
Part 10(U&Z)
Part 11(U&Z)
Part 12(U&Z)
Part 13(U&Z)
Part 14(U&Z)
Part 15(U&Z)
Part 16(U&Z)
Part 17(U&Z)
Part 18(U&Z)
Part 19(U&Z)
Part 20(U&Z)
Part 21(U&Z)
Part 22(U&Z)
Part 23(U&Z)
Part 25(U&Z)
Part 26(U&Z)
Part 27(U&Z)
Part 28(U&Z)
Part 29(U&Z)
Part 30 Final(U&Z)
Extra(U&Z)
Thank You Letter & About Character
Double T သို့မိတ်ဆက်(U&Z)
Part 24(U&Z)
6.7K 332 1
By Thee_Oo
Unicode
ဆေးရုံကားပါကင်မှာကားရပ်ပြီး ကလေးအထူးကုဆောင်ထဲဝင်လာလိုက်တာနဲ့ သူနာပြုမလေးတစ်ချို့နဲ့ လူငယ်ဆရာဝန်တစ်ချို့က
ဦးကိုကို ကြည့်ပြီးတီးတိုးပြောဆိုနေတာကြတာမြင်တော့ ဦးကိုကိုစိတ်အနှောင့်အယှက်ဖြစ်သွား၏၊ သူ့ကိုဘာလို့ဒီလိုတွေကြည့်နေရတာတုန်း။ တစ်ခါမှဆေးရုံမှာဒီလိုမျိုးကြည့်ပြီးတီးတိုးပြောဆိုနေတာ မဖြစ်ခဲ့ဖူးတော့ လန့်သွားတာလဲဖြစ်သည်။
ဆေးရုံမှာသူနဲ့ပတ်သတ်ပြီးပြဿနာဖြစ်လို့လား၊ ဒါမှမဟုတ်လူနာကပဲComplainတက်လို့လားမသိ။ ဆေးကုခန်းထဲရောက်တာနဲ့
Duty Coatဝတ်နေတုန်းမှာ ဧကရီရောက်လာပြီး ဆေးမှတ်တမ်းယူလာပေးတော့ ဦးကိုကို ဧကရီကိုမေးလိုက်၏
"ဆေးရုံမှာ တစ်ခုခုဖြစ်လို့လားဧကရီ၊ လူတွေ ဆရာ့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ဆရာခွဲစိတ်ပေးတာနဲ့ပတ်သတ်ပြီးတစ်ခုခုပြဿနာဖြစ်လို့လား"
ဧကရီ ဆေးမှတ်တမ်းစာအုပ်ကြီး ကိုင်ထားရင်း ကိုယ်လေးကျုံ့လိုက်
၍စားပွဲပေါ် စာအုပ်တင်ထားလိုက်ပြီး
"ဟို!မနေ့က မွေးနေ့ပွဲက ပုံတွေ onlineပေါ်မှာပလူပျံနေတယ် ဆရာ၊ပြီးတော့ ခွဲစိတ်အထူးကုဆရာဝန်ကြီးသားရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုပြီး မိန်းကလေးတွေကြားမှာမှတ်ချက်တွေတဟုန်ထိုးရနေလို့"
ဘာ!
"ဆေးရုံနဲ့ပတ်သတ်ပြီးတော့ ဘာမှပြဿနာမရှိဘူးဆရာ"
ဧကရီစကားကြားကြားလိုက်ချင်း ဦးကိုကိုစားပွဲပေါ်လက်ထောက်လိုက်ပြီးနားထင်ကိုလက်ချောင်းဖြင့်ဖိနှိပ်နေလိုက်တော့သည်။အကျိုး
နည်းဒီ့ကောင်လုပ်ရက်က ဖအေဖြစ်သူဆေးရုံအထိ ဂယက်လာရိုက်နေပါ့လား။ မင်္ဂလာပွဲတုန်းကတော့ ဘယ်သူမှဘာမှမပြောခဲ့ပေမယ့် အခုတော့ ဒီကောင်လူရှုပ်လူပွေအဖြစ်နာမည်ထွက်လာပြန်ပြီ။
ဆေးရုံဝင်လာတော့ငရှုပ်ဖအေဆိုတဲ့ မျက်လုံးမျိုးတွေနဲ့ကြည့်နေကြတာမဟုတ်ဘူးလား၊ ပြီးတော့ သားကိုမနိုင်လို့နယ်ပို့ရတဲ့ အဖြစ်ကိုလဲလူတိုင်းသိထားသောကြောင့်။ နားထင်သွေးကြောများထောင်ကားနေတဲ့ ဦးကိုကို ကိုကြည့်ပြီး ဧကရီစကားထပ်စလိုက်ပြန်သည်။
"မှတ်ချက်တွေကတော့ ကောင်းတဲ့မှတ်ချက်တွေပါဆရာရယ်လူတွေက..."
"တော်တော့!ဒီကောင့်အကြောင်းဆက်မပြောစမ်းနဲ့"
ဟုတ်!
ဦးကိုကိုဒေါသသံကြီးပါလာတော့ ဧကရီ ခေါင်းလေးငြိမ့်လိုက်ပြီး ဆရာဝန်နားနေခန်းထဲမှ အမြန်လစ်ထွက်လာခဲ့တော့သည်။ ထို့နောက် ဆေးရုံဝင်ပေါက်နားရောက်တာနဲ့ ကလေးတစ်ယောက်ရောက်ချလာပြီး ဆေးရုံအဝမှာလဲကျသွားတော့အကုန်လုံးကလန့်ဖြန့်သွားပြီး ထိုကလေးကိုအပြေးပွေ့ချီကာEmergency roomထဲခေါ်သွား၏၊ပြီးမှ တာဝန်ကျဆရာဝန်တစ်ယောက်ကစမ်းသပ်စစ်ဆေးပြီးတာနဲ့ ဆေးပစ္စည်းတွေယူလာတဲ့ဧကရီကိုလှည့်ကြည့်ရင်း
"အူအတက်ပေါက်သွားတယ်၊ခွဲစိတ်ရမှာမလို့ ဆရာကြီးကိုခေါ်လာခဲ့ပေးပါ၊အရေးပေါ်ခွဲခန်းထဲအမြန်ဝင်ရပါမယ်"
"ဟုတ်ကဲ့ပါdoctor"
ယူလာတဲ့ဆေးပစ္စည်းတွေကိုနေရာမှာ ချထားလိုက်ပြီး ဦးကိုကိုအခန်းထဲ အရေးကြီးသုတ်ပြာဝင်လာတော့ နာတာရှည်ရောဂါသည်လူနာဆေးမှတ်တမ်းတွေစစ်ဆေးနေရာမှ မော့ကြည့်၍
"ဘာဖြစ်လို့လဲဧကရီ"
"ကလေးတစ်ယောက်အူအတက်ပေါက်သွားလို့အခုချက်ချင်းခွဲခန်းဝင်ရမယ်တဲ့ဆရာ"
"သြော်အေးအေး၊ နင်ရောဝင်မှာလား၊"
"ရှင်!ဟို!စီနိယာအမတစ်ယောက်ကဝင်မှာတဲ့ဆရာ"
ဧကရီပြောပြီးပြန်ထွက်သွားတာနဲ့ စာအုပ်ပိတ်ကာ Surgical Gownတစ်စုံထုတ်ဝတ်လိုက်ပြီးHospital Clogsတစ်ရံထုတ်စီးကာခွဲခန်းဝင်ဖို့ပြင်ဆင်နေတော့သည်။
ဦးကိုကိုခွဲခန်းထဲဝင်သွားတာနဲ့ ဧကရီတခြားဒဏ်ရာရလူနာများ
ကို ဆေးစည်းပေးပြီး ဆေးထိုးဆေးတိုက်ပြုလုပ်ပေးနေတာဖြစ်၏၊
ထို့နောက်ဆေးရုံဝေယျာဝစ္စတွေလုပ်ရင်း ၃နာရီလောက်ကြာပြီးမှ သားဖွားဆောင်သွားဖို့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေသယ်ပြီး ကလေးအထူးကုဆောင်ထဲက ထွက်လာတာနဲ့လက်လှမ်းဆွဲလိုက်တော့လန့်ပြီးနောက်လှည့်ကြည့်လိုက်လျှင်
လင်း!
လက်ကောက်ဝတ်ကိုဆွဲထားရင်း ဧကရီကိုင်ထားတဲ့ ဆေးပစ္စည်းတွေ
ကြည့်၍လက်ထဲကပစ္စည်းတွေကိုဆွဲယူလိုက်ကာကြည့်လိုက်တော့ ၊ဧကရီပုံစံကြည့်ရတာအလုပ်ရှုပ်နေသလားတော့မသိ။ လင်းလဲ အနား
ယူတဲ့ရက်ဖြစ်နေတော့ ဧကရီ့ကိုတွေ့ချင်လို့သာဆေးရုံလိုက်လာခဲ့တာဖြစ်တာကြောင့်။
"မမသားဖွားဆောင်သွားမလို့လား၊ လင်းသယ်ပေးမယ်လေ"
"ကျေးဇူးပဲသဲငယ်"
ခစ်!
ဆေးပစ္စည်းတွေသယ်ရင်း လမ်းလျှောက်လာတော့ ဆေးရုံထွက်
ပေါက်ရောက်တာနဲ့မျက်နှာချင်းဆိုင်လာနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာနဲ့ ဧကရီခြေစုံရပ်လိုက်မိသည်။ဧကရီရပ်လိုက်တော့လမ်း
ယှဥ်လျှောက်နေတဲ့လင်းပါautoရပ်သွား၍ ဘေးကဧကရီ့ကိုကြည့်ပြီး မျက်နှာချင်းဆိုင်ကလူကိုကြည့်လိုက်တာနဲ့ ထိုလူကဧကရီကိုတည့်တည့်ကြည့်၍ပြုံးပြနေတာဖြစ်၏၊
ဧကရီနေကောင်းလား!
"သြော်!ဟုတ်!အားစစ်ရောနေကောင်းလား"
"အကိုက ဒီဆေးရုံကိုTransferကျတာလေ၊မတွေ့တာတောင်ကြာပြီနော်"
ဧကရီထိုလူ့ကိုကြည့်ပြီး မျက်နှာမကောင်းတော့ လင်းဧကရီတစ်ချက်ကြည့်လိုက်ပြီးမျက်နှာတင်းသွားတာဖြစ်သည်။ ဒီလူက မမနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ထို့နောက် ထိုလူ့ကိုမော့ကြည့်ကာ
"ဦးလေးကြီးက မမဧကရီနဲ့အသိလားဟင်၊ ဘယ်လိုပတ်သတ်နေတာလဲ"
စိတ်ထဲရှိတဲ့အတိုင်းမေးချလိုက်တော့ အားစစ်မျက်နှာအနည်းငယ်ပျက်သွား၍ ချက်ချင်းပြန်ပြင်လိုက်ကာ
"အကိုကဧကရီနဲ့ ငယ်ငယ်ကတည်းကရင်းနှီးခဲ့တဲ့သူပါ၊ ဧကရီက မိတ်ဆက်မပေးတော့ အကို ကိုယ်တိုင်ပဲမိတ်ဆက်ပေးပါ့မယ် အကို့နာမည်က အားစစ်သွင်၊ နယ်ကပြောင်းလာတဲ့ အရိုးအထူးကုဆရာဝန်ဆိုပါတော့၊ညီမကဧကရီရဲ့သူငယ်ချင်းလား"
"မဟုတ်ဘူး လင်းက"
"ကဲ!အားစစ် ဧကရီအရေးကြီးလိူ့အရင်သွားနှင့်တော့မယ်နော်"
ဧကရီ မျက်နှာပျက်စွာကြားဖြတ်ပြောပြီး လင်းလက်လေးတစ်ဖက်ကိုဆွဲယူ၍ဆေးရုံဝန်းထဲကထွက်လာခဲ့တော့သည်။ထွက်သွားတဲ့ နှစ်ယောက်ကိုအားစစ်ငေးကြည့်ရင်းကျန်ခဲ့ကာရင်ထဲမှာတော့ငယ်ချစ်ဦးကိုပြန်တွေ့ရ၍ဝမ်းနည်းဝမ်းသာဖြစ်တည်၏၊သူနဲ့ ဧကရီဟာ ငယ်ငယ်ကတည်းကရင်းနှီးလာသူဖြစ်ပြီး အတူစားအတူသွားဖြစ်တဲ့အထိခင်မင်ရင်းနှီးခဲ့ကာဧကရီ့ကိုတစ်ဖက်သတ်ချစ်ခဲ့ရသူလဲဖြစ်သည်။
သူမ၁၀တန်းစာမေးပွဲအပြီး ဧကရီ့ကိုအရဲစွန့်ဖွင့်ပြောခဲ့ပြန်တော့ ဧကရီက လက်မခံသည့်အပြင် ဖြူစင်တဲ့သူငယ်ချင်းသံယောဇဥ်ကို အရောင်ဆိုးရကောင်းလားဆိုပြီး သူ့ကိုသူငယ်ချင်းစာရင်းထဲကထုတ်ပယ်ခဲ့သည်။ပြီးတော့သူနဲ့ဝေးတဲ့မြို့ပေါ်သို့ ကျောင်းတက်ရန်အိမ်ကိုပူဆာခဲ့ခြင်း။အခုတော့ ငယ်ချစ်အနှစ်၁၀၀မမေ့ဆိုသလို ပြန်တွေ့ကြပြန်တော့လဲ သူဘက်ကသာဝမ်းသာသွားသော်လည်းဧကရီကတော့စိတ်အနှောက်အယှက်ဖြစ်သွားပုံပေါ်သည်။
မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်နေတဲ့ဧကရီကိုကြည့်လိုက်ပြီး လင်းစိတ်ထဲဘဝင်မကျ။ ဘာလဲ၊ မမကဒီလူနဲ့ဘယ်လိုပတ်သတ်နေလို့ဒီလောက်ထိမျက်နှာပျက်နေရတာလဲ၊ပြီးတော့ သူမကဧကရီ့ရဲ့ချစ်သူဆိုတာကိုရောဘာလို့ထုတ်မပြောစေချင်တာလဲ။ လင်းမျက်နှာတင်းမာလာပြီး ဆွဲထားတဲ့လက်ကိုဖြုတ်ချကာ ဧကရီ့ကိုကြည့်ရင်း
"သူဘယ်သူလဲမမ!မမနဲ့ဘယ်လိုပတ်သတ်နေတာလဲ"
သဲငယ်!
လင်းမျက်နှာစူပုပ်ပုပ်နဲ့မေးလာတော့ လင်းလက်ထဲကဆေးပစ္စည်းတွေကိုဆွဲယူလိုက်ပြီး
"သူကမမရဲ့သူငယ်ချင်းလေ!မကိုဖွင့်ပြောဖူးတဲ့လူဒါပေမယ့်ပြန်
မကြိုက်ပါဘူး"
"ဘယ်လို!အဲ့တာဆို မမ သူနဲ့ ဆေးရုံတစ်ခုထဲမှာအလုပ်လုပ်ရမှာလား"
လင်းစိတ်တိုင်းမကျစွာဖြင့်ခြေဆောင့်လိုက်တော့သည်။ ဒီလိုဖွင့်ပြောထားဖူးတဲ့လူနဲ့ သူမချစ်ရတဲ့မိန်းကလေးကို အလုပ်တစ်ခုထဲမှာ မရှိစေချင်ပါ။ နေ့နေ့ညညမြင်နေရပြီး သူမလက်ထဲက ဧကရီ့ကို လုယူသွားမှာစိုးရိမ်မိပါသည်။
လင်းအမူအရာကိုကြည့်ပြီး ဧကရီလဲနားလည်ပါ၏။သူမကိုယ်တိုင်လဲ အားစစ်ကို ရုတ်တရက်မြင်လိုက်ရတော့ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားတာကအမှန်ပင်ဖြစ်သည်။ ထို့နောက်သက်ပြင်းလေးချပြီး လင်းလက်တစ်ဖက်ကိုဆွဲယူလျက်
"မကသဲငယ်ကိုပဲချစ်တာလေသဲငယ်ကဘာတွေကိုစိတ်ပူနေတာလဲ"
"စိတ်လဲပူတယ်၊သဝန်လဲတိုတယ်၊ဖွင့်ပြောဖူးတဲ့လူနဲ့ ဘယ်လိုလုပ်အတူတူထားနိုင်မှာလဲမမရဲ့"
ပွင့်ပွင့်လင်းလင်းပြောတဲ့လင်းစကားကြောင့် ဧကရီခေါင်းကိုခပ်ဖွဖွပုပ်လိုက်တာဖြစ်သည်။ သူမအမြင်မှာတော့လင်းဟာအရှိကိုအရှိတိုင်းပြောတတ်သူဖြစ်ပြီး ထိုအမူအကျင့်လေးတွေကပဲ သူမအတွက်ချစ်စရာကောင်းနေသလားတော့မသိ။
"စိတ်ချပါ၊သဲရယ်မအတွက်တော့သဲတစ်ယောက်ပဲရှိတာသိလား"
"တကယ်လားမမ၊အဲ့တာဆို လင်းမမကိုယုံကြည်ပြီးသားခစ်!"
"တကယ်ပေါ့"
အဝေးမှ ပျော်ရွှင်မြူးတူးနေတဲ့ နှစ်ယောက်ကို ဆေးကုဆောင်ကြီးပေါ်ကနေကြည့်လိုက်ပြီး ဦးကိုကိုမျက်နှာမှုန်ကုပ်သွား၏။ ခွဲစိတ်ပြီး ထွက်အလာပတ်ဝန်းကျင်ကိုငေးကြည့်လိုက်ရင်း လင်းနှင့်ဧကရီကိုမြင်လိုက်တာဖြစ်သောကြောင့်။ဒီကောင်မလေး ဘယ်တုန်းကတည်းက ဧကရီနဲ့အဲ့သလောက်တောင်ရင်းနှီးသွားတာလဲ။ သာမန်ရင်းနှီးတာပဲထင်ပြီး ဦးကိုကို ဆက်မတွေးတော့ပဲလက်ဆေးကြောသန့်စင်လိုက်တော့သည်။
**** ****
****
Ring!Ring!
Lattopကြည့်နေရင်းဖုန်းဝင်လာတော့ စက် ဖုန်းကောက်ကိုင်လိုက်လျှင်
"......."
"အင်း!အဆင်သင့်ပြင်ပြီးပြီလား၊Ok!ဒါဆိုBankမှာစောင့်နေ
လိုက်ပြီးတော့မနက်ဖြန် နောက်ခရီးစဥ်တစ်ခုအတွက် ကလောဘက်က 5 StarHotelတစ်ခုကိုအချိတ်အဆက်လုပ်ထားလိုက်"
ပြောပြီးတာနဲ့စက်ဖုန်းချလိုက်ပြီး Bankသွားဖို့ပြင်ဆင်လိုက်၏၊
လုပ်ငန်းအတွက်သုံးထားတဲ့ ချေးငွေပြန်ဆပ်ဖို့အတွက်ပင်။ထို့နောက်
ရုံးခန်းထဲဆူးခက်ဝင်လာတာနဲ့စက်မျက်နှာမှုန်ကုပ်သွားပြီး အံကြိတ်လိုက်မိသည်။စိတ်ထဲမှာတော့မနေ့က ကိစ္စအတွက်အခဲမကျေသေး။သူမဝင်နှောင့်လိူ့ စာဆိုစိတ်ဆိုးသွားတာဖြစ်ပြီး ကံကြမ္မာကကိုယ့်ဘက်ရှိနေလို့သာ။
"ဘာကိစ္စရှိလို့လဲ ဆူးခက်နွယ်"
"ဟိုလေ!တစ်ချို့Foreigner တွေကMDကိုပါလိုက်စေချင်တယ်ထင်တယ်၊ MD ဦးဆောင်ညွှန်ကြားတာကိုသဘောကျလို့တဲ့"
"မလိုက်ဖြစ်ဘူး ဆူးခက်နွယ်၊ ဒီမှာလဲအလုပ်တွေရှိသေးတယ်"
"ဟုတ်MD အဲ့တာဆို ဆူးခက် ကလောဘက်က နာမည်ကြီးစားသောက်ဆိုင်တွေကိုပဲချိတ်ဆက်လိုက်တော့မယ်နော်"
နေအုံး!
ဆူးခက်ရုံးခန်းထဲက ထွက်ဖို့ ထလိုက်လျှင်နောက်မှ သြရှရှအသံကြီးကြောင့်ရပ်တန့်သွားခဲ့တာဖြစ်သည်။
"မင်းငါ့ကို တစ်ခုခုပြောစရာရှိတယ်လို့မထင်ဘူးလား ဆူးခက်နွယ်"
"ဘာကိုလဲMD"
"မနေ့က ကိစ္စ"
"အို..ဆူးခက်က MDနဲ့အလုပ်ကိစ္စပြောမလို့ပဲ MDရဲ့အမျိုးသားကအထင်လွဲသွားတာတော့မတက်နိုင်ဘူး"
သူမကပြောင်ငြင်းနေတော့ စက်နှုတ်ခမ်းမဲ့လိုက်သည်။အလုပ်
ကိစ္စက လက်မောင်းဖက်ပြီး ပြောဖိူ့လိုတယ်ပေါ့၊ ပြီးတော့လဲတောင်း
ပန်စကားဆိုတာ တစ်ခွန်းမှမထွက်လာ။တော်တော်မျက်နှာပြောင်
တိုက်တာတော့သေချာတယ်။
စက်စကားဆက်ပြောချင်စိတ်မရှိတော့ပဲ ရုံးခန်းထဲမှ အနက်ရောင်လက်ဆွဲအိတ်ခပ်သေးသေးတစ်လုံးဆွဲကာ အဆောက်အဦးအောက်
ဆင်းလာခဲ့လိုက်ပြီး နာရီကြည့်ရင်းကားထဲဝင်လျက်Bankကိုသွားဖို့ မောင်းထွက်လိုက်တော့သည်။
မောင်းထွက်သွားတဲ့ကားကိုcompanyအပေါ်စီးမှကြည့်ပြီး ဆူးခက်ပုခုံးတွန့်လိုက်၏။မတက်နိုင်ပါပြောင်လိမ်သင့်ရင်လိမ်ရမှာပဲသူမMissionပြီးမြောက်ဖို့သာအရေးကြီးသောကြောင့်။
လင်းအိမ်ထဲဝင်လာတာနဲ့ကိုတုတ်ကြီးနဲ့စာဆို စစ်တုရင် ကစားနေတာ
တစ်ချက်ဝေ့ကြည့်လိူက်ပြီးမီးဖိုခန်းဆီသွား၍ ရေခဲသေတ္တာထဲကရေခဲရေတစ်ဘူးထုတ်ယူလိုက်၏၊ပြီးမှဧည့်ခန်းပြန်လာရင်း ဆိုဖာပေါ်မှာထိုင်ချကာရေသောက်လိုက်ရင်း ကြည့်နေသည်။
ကစားနေရင်း စာဆိုမျက်နှာစူပုတ်လာပြီး ထရပ်ကာ ကိုတုတ်ကြီးကိုကြည့်၍
"တော်ပြီ၊ကျွန်တော်ဆက်မဆော့တော့ဘူး၊ဦးတုတ်ကြီးကညစ်တယ်"
"အဲဗျာ!သား သေချာမဆော့တတ်သေးလိူ့ပါ၊ ဦးတုတ်ကြီးမညစ်ရပါဘူး"
သူမရှေ့မှာနှစ်ယောက်သားအငြင်းပွားနေတော့လင်းရေဆက်သောက်
ရင်း စာဆိုကိုလှမ်းကြည့်လျှက်
"စာဆို၊ ဒီနေ့ ကိုကိုပြန်မလာသေးဘူးလား"
"ဟုတ်မမလေး၊ဦးစက် ဒီနေ့ညနောက်ကျမလားမသိဘူး"
"စာဆိုသိလားonlineပေါ်မှာ မနေ့ကပုံတွေ ပလူပျံနေတာ ခစ်!ကိုကိုကအရမ်းမိုက်တာပဲနော်၊အဟင်း!ကိုကို့ကိုလိုက်ကပ်နေတဲ့တစ်ယောက်တော့သနားပါတယ်"
မချိပြုံးဖြင့်လင်းကအားကျသလိုအကိုဘက်ကိုမြှောက်ပင့်ပြောလိုက်ရင်းလက်လေးအုပ်ရီလိုက်တော့ စာဆိုမျက်နှာနုနုလေးပန်းရောင်သန်းလာပြီး လည်ပင်းကုပ်ကာအပေါ်သို့ပြေးတက်သွားတော့သည်။
ဆိုဖာပေါ်မှာထိုင်နေစဉ်ကိုတုတ်ကြီး မီးဖိုခန်းထဲဝင်သွားလျှင်ပေါ်တီ
ကိုအောက်ကားတစ်စီးထိုးရပ်ပြီး အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့လင်းကိုတွေ့တာနဲ့ဦးကိုကိုလက်ဆွဲအိတ်ချလိုက်ပြီး လက်
ပိုက်ရပ်ကြည့်ကာ
"နေ့လည်က ဆေးရုံလာသလားလင်း"
ရှင်!ဟို!ဟုတ် လမ်းကြုံခဏ ဟီးဟီး!
ခေါင်းကုပ်ဝေ့လည်ကြောင်ပတ်ဖြေနေတဲ့လင်းကို ကြည့်ပြီး ဦးကိုကိုမျက်စောင်းရွယ်လိုက်၏၊ဆေးရုံရောက်တာတောင် ဖအေဆီတော့ ဝင်မတွေ့ဘူး။တော်တော်လိမ္မာတဲ့သမီး။ ဖအေဖြစ်သူကိုကြည့်ကာလင်းတိတ်တိတ် လေးပင့်သက်ရှိုက်ရင်းနှာမှုတ်လိုက်၏၊တစ်ချိန်ချိန်မှာဖေဖေ့ကိုရင်ဆိုင်မှာပေမယ့်အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာတော့ထုတ်မပြောချင်သေးပါ။
ထိုစဉ်ခြံထဲကားတစ်စီးထပ်ဝင်လာတာမြင်လိုက်တာနဲ့ လှမ်းကြည့်လိုက်တော့ ကားလေးကပေါ်တီကိုအောက်ရပ်တန့်သွားပြီး ကားပေါ်မှ
ဆင်းလာတဲ့စက်ကိုမြင်တော့ လင်းမျက်ခုံးတန်းလေးများစုကျုံ့ပြီးစိုက်ကြည့်နေ၏။
ဧည့်ခန်းရှေ့ရောက်တာနဲ့အကုန်လုံးပြူးကြည့်နေကြတော့အင်တင်တင်
ဖြစ်သွားပြီးစက်ဘာပြောရမလဲမသိ။ ဦးကိုကိုကတော့အမြင်မကြည်
သော မျက်ဝန်းတို့ဖြင့်ကြည့်နေလေသည်။
ထို့နောက်အိမ်ထဲဆက်ဝင်လာပြီးဘာမှမပြောပဲ အပေါ်ထပ်တက်လာတော့ အခန်းထဲကပြန်ထွက်လာတဲ့စာဆိုနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ စက်ကိုမြင်မြင်ချင်းစာဆိုကချက်ချင်းလက်ဆွဲယူပြီးအခန်းထဲတွန်းထည့်ရင်းစက်ကိုကြည့်၍
"ဦးစက်!onlineပေါ်မှာ မနေ့ကပုံတွေတက်လာတယ်ဆို"
ဒီလိုပြောတော့စက်ကအူကြောင်ကြောင်ကြည့်ပြီး ခေါင်းငြိမ့်လိုက်ရင်း
"ဘာဖြစ်လို့လဲ"
"ကျွန်တော်မကြိုက်ဘူးဗျ၊လူဘုံအလယ်မှာအရှက်နှစ်ခါကွဲရတယ်"
"ကိုယ်တော့သဘောကျတယ်လူတွေသိသွားတာပေါ့"
"ဘာကိုသိတာလဲဦးစက်"
"ရှေးစာဆိုကကိုယ့်ရဲ့တစ်ဦးတည်းသောမူပိုင်"
ဗျာ!
စာဆိုနားမလည်သလိုမျက်လုံးဝိုင်းလေးတွေနဲ့မော့ကြည့်လိုက်တော့ စက်ကလျင်လျင်မြန်မြန်ပင်ခါးဆွဲဖက်လိုက်ပြီး နံရံကိုကျောကပ်ချကာ ဖြူဖွေးနေသောသွားတန်းလေးများပေါ်အောင်ခေါင်းမော့ရယ်လိုက်တော့သည်။
ဟား!ဟား!ဟား!
အားရပါးရ ခေါင်းမော့ရယ်နေတဲ့စက်ကိုကြည့်လိုက်တော့ စက်ရဲ့လည်ဆံကလှုပ်ခတ်နေပြီး ပြန်ငဲ့ကြည့်လာတော့ မျက်ဝန်းနှစ်စုံဒိုင်းခနဲဆုံစည်းသွား၏၊ဘာလဲ၊ဒီလူအခုသူ့ကိုကြည့်ရယ်နေတာလား။အရှက်ကွဲတယ်ဆိုတာသူအတွက်ရယ်စရာတစ်ခုဖြစ်နေခဲ့တာလား။
"မင်းနားမလည်ဘူးဆို ကိုယ်ပြောပြရမလား"
ခပ်တိုးတိုးလေသံနဲ့နှစ်ကိုယ်ကြားပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်စာဆို ရင်ပူလာပြီး ရှောင်ရှားဖို့သာတွေးနေမိသည်။ ဘာလဲ၊ဘာကိုပြောမှာလဲ။ စက်နဲ့နီးနီးကပ်ကပ်ရှိတဲ့အချိန်တိုင်း သူကပဲအမြဲရှောင်ရှားဖို့ကြိုးစားခဲ့တာအကြိမ်ကြိမ်၊ဒါဟာဘာလဲ၊ ကိုယ့်ရင်ခုန်သံတွေ စက်ကိုမသိစေချင်တာလား၊ ရှောင်ရှားဖို့ကြိုးစားရင်းဖမ်းဆုပ်ထားချင်နေခဲ့မိတာလဲ စက်နဲ့ပတ်သတ်ပြီးဖြစ်တည်လာတဲ့ သူရဲ့အတ္တအမှုန်အမွှားလေးတစ်ခုမလား။
စက်ကတော့ သူ့ကိုပိုင်ဆိုင်ချင်ကြောင်းခဏခဏပြောနေသည့်တိုင်သူကတော့ မသိသလိုမကြားသလိုနေလာခဲ့ခြင်းပဲဖြစ်သည်။ထို့နောက် မနေတက်တော့ပဲ ရုန်းထွက်ဖို့ကြိုးစားလိုက်တာနဲ့ စက်ကနံရံမှာပြန်ဆွဲကပ်လိုက်ပြီး မေးဖျားကိုပင့်ယူလျက်
"ကိုယ်လိမ္မာဖို့ဆုံးဖြတ်လိုက်ပြီစာဆို"
ဦးစက်!
အံ့သြချင်းနဲ့အတူ မော့ကြည့်လိုက်တော့စက်ရဲ့ထွက်သက်ငွေ့ငွေ့လေးတွေက စာဆို့မေးဖျားကိုလာရိုက်ခတ်နေသည်။ ဦးစက်ထူးထူးဆန်းဆန်းဘာစကားတွေပြောနေတာလဲ၊ မူပိုင်ဟုတ်လား၊လိမ္မာဖိူ့လဲဆုံး
ဖြတ်လိုက်တယ်တဲ့၊ကြားသားမိုးကြိုးခေါင်းတွေဘာတွေများထိခိုက်လာသလား။
စာဆိုဖျက်ခနဲမျက်နှာပြန်ပြောင်းသွားတော့ စက် ကိုယ်ကိုပြန်ခွာလိုက်ပြီး စာဆို့ ပါးပြင်လေးကိုအကြောင်းမဲ့လက်ညှိုးဖြင့်ပွတ်သပ်လိုက်
ကာတည်ကြည်သောလေသံပြောင်းလိုက်၏၊ပြီးတော့
"မင်းမကြိုက်တဲ့အရာတွေကိုယ်မလုပ်တော့ဘူး"
"ဒါဆိုကျွန်တော့်အပေါ်နိုင်ထက်စီးနင်းဆက်ဆံတာတွေရောလား"
"အဟမ်း!အဲ့သလိုတော့မပြောနဲ့ကွာ!ကိုယ့်ယောက်ျားကိုလူယုတ်မာကြီးလို"
ချွဲပျစ်နေတဲ့လေသံနဲ့ပြောလာတော့မျက်နှာမဲ့လိုက်၏၊ခင်ဗျားကနဂိုကတည်းကလူယုတ်မာပဲကို။
"မိန်းကလေးတွေနဲ့လဲမပတ်သတ်တော့တာကြာပြီလေ"
စာဆိုမျက်နှာမှုန်ကုပ်နေတုန်းမှာပဲ..
"ကိုယ့်ကိုယုံကြည်ပေးလို့ရမလား"
"ဟိုSecretaryကရော ဦးစက်နဲ့ရိုးသားရဲ့လား"
"သူနဲ့ကိုယ်ကအလုပ်ကိစ္စကလွဲရင်ဘာအကန့်မှမရှိဘူး"
ဒါဆိုသူမဘက်ကပဲစက်ကိုတမင်လိုက်ကပ်နေတာလား။ဘာပဲဖြစ်ဖြစ်
စက်ကိုတော့သတိထားစေချင်တာပဲဖြစ်သည်။ထို့နောက်စက်ကစာဆို့
ခါးကိုပြန်ဆွဲယူလိုက်လျှင်
"ဦးစက်!ဘာလုပ်တာလဲ"
စက်နှုတ်ခမ်းတစ်ဖက်ပြုံးယောင်သမ်းသွားပြီး စာဆို့ခါးကိုဖက်ထားရင်းကုတင်ပေါ် ပလုံးပထွေးလှဲချလိုက်ကာ စာဆို့ကိုယ်ပေါ်မှအုပ်မိုးလျှက်
အခန်းပေါင်းရအောင်ကွာ!
ဗျာ!
နီးနီးကပ်ကပ်ငုံ့မိုးကြည့်နေတဲ့ အကြည့်တွေကြောင့်ရင်တွေတလှပ်
လှပ်ခုန်လာကာ မနေတတ်မထိုင်တတ်ဖြစ်လိုက်တိုင်းကကိုယ်။ပြီးတော့စက်ရဲ့လည်တိုင်ဆီက ထွက်ပေါ်လာတယ်ထင်ရတဲ့ စူးရှရှရေမွှေးနံ့လေးက နှာခေါင်းထဲတိုးဝင်လာတာနဲ့ စက်ကိုဖယ်ထုတ်လိုက်ပြီး မွေ့ရာပေါ်မှာထထိုင်လိုက်၏၊စက်ကလဲနောက်ကနေစာဆို့ခါးကြားထဲလက်ထိုးကာလက်ချောင်းချင်းချိတ်ပြီးသိုင်းဖက်ထားလျက်
"အခုမဟုတ်သေးလဲရတယ်၊မင်းကြည်ကြည်ဖြူဖြူနဲ့အခန်းပေါင်း
ပေးမယ့်တစ်နေ့ကိုကိုယ်စောင့်နေမယ်"
ပြောရင်းစာဆို့လည်တိုင်နုနုလေးကို ဖျက်ခနဲ နမ်းလိုက်တော့
ဆက်ခနဲတွန့်သွားတဲ့ကျောပြင်လေးကိုငေးလိုက်ရင်းသိုင်းဖက်ထားတဲ့လက်တွေကိုဖြုတ်ချလိုက်ပြီး ပင့်သက်ရှိုက်၍အခန်းထဲမှပြန်ထွက်လာခဲ့တော့သည်။ တကယ်တမ်းလိမ္မာရတယ်ဆိုတာသူ့လိုလူအတွက်တော့တကယ်မလွယ်တဲ့အရာ။
စက်ထွက်သွားတဲ့ဆီစာဆိုငေးကျန်ခဲ့ရင်း ရင်ဘတ်ထဲမှာတော့ ဟာခနဲ
ဖြစ်ကျန်ခဲ့လျက်။ဦးစက် တကယ်ပဲလိမ္မာလာတာလား။ အခုသူ့ကို
ချွဲသွားတာလား။ ကိုယ့်အတွေးနဲ့ကိုယ်ရင်ထဲမှာတော့ နွေခေါင်ခေါင်
မိုးကြိုးပစ်ချလိုက်သလို။
##########
Zawgyi
ဘာ!
ဟုတ်!
"ဟုတ်ကဲ့ပါdoctor"
"ဘာဖြစ်လို့လဲဧကရီ"
လင်း!
"ကျေးဇူးပဲသဲငယ်"
ခစ်!
ဧကရီနေကောင်းလား!
"မဟုတ်ဘူး လင်းက"
"ကဲ!အားစစ် ဧကရီအရေးကြီးလို့အရင်သွားနှင့်တော့မယ်နော်"
သဲငယ်!
"တကယ်ပေါ့"
**** ****
****
Ring!Ring!
"......."
နေအုံး!
"ဘာကိုလဲMD"
"မနေ့က ကိစ္စ"
တစ်ချက်ဝေ့ကြည့်လိုက်ပြီးမီးဖိုခန်းဆီသွား၍ ရေခဲသေတ္တာထဲကရေခဲရေတစ်ဘူးထုတ်ယူလိုက်၏၊ပြီးမှဧည့်ခန်းပြန်လာရင်း ဆိုဖာပေါ်မှာထိုင်ချကာရေသောက်လိုက်ရင်း ကြည့်နေသည်။
"အဲဗျာ!သား သေချာမဆော့တတ်သေးလို့ပါ၊ ဦးတုတ်ကြီးမညစ်ရပါဘူး"
ပိုက်ရပ်ကြည့်ကာ
"ဘာဖြစ်လို့လဲ"
"ဘာကိုသိတာလဲဦးစက်"
ဗျာ!
ဟား!ဟား!ဟား!
ဦးစက်!
"ဦးစက်!ဘာလုပ်တာလဲ"
ဗျာ!
ချွဲသွားတာလား။ ကိုယ့်အတွေးနဲ့ကိုယ်ရင်ထဲမှာတော့ နွခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလို။
##########
Continue Reading
You'll Also Like
181K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
309K 24.8K 29
Mini Story Uni Life Style Sweet Romance
1.1M 8.6K 11
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...