နွံမှာ.... ကျွံတဲ့အသည်း ( Com...

By Htet_Shoon_Lae_Oo

9K 1K 41

SunSun ( short story ) More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13

Ep 14 ( Final )

987 98 19
By Htet_Shoon_Lae_Oo

" အခုထိအန်တီကဆောင်းဟွန်းထွက်သွားတာကိုမသိသေးဘူး ဒေါက်တာ၊အလုပ်ကိစ္စနဲ့ခရီးသွားတယ်လို့ပဲပြောထားတာ"

အန်တီ့ကျန်းမာရေးကပြဿနာတွေဖြစ်ပြီးတဲ့နောက်သိပ်မကောင်းခဲ့။ဒါကြောင့်မိသားစုဆရာဝန်နှင့်ပြသနေခဲ့ရသည်။အခုလည်းမနက်ကမူးလဲသွားတာကြောင့်ဆရာဝန်ခေါ်လိုက်ခြင်းဖြစ်သည်။အခုတော့အန်တီကဆေးအရှိန်နဲ့အိပ်ပျော်သွားတာမို့သာတော်တော့သည်။

" ချွဲယွန်းဂျယ်ရောသူဘာကြောင့်ထွက်သွားရလဲဆိုတာကိုသိလားဗျ "

" အားလုံးအဆင်ပြေဖို့သူထွက်သွားရတယ်လို့ကျွန်မကိုပြောခဲ့ပါတယ်၊ဒါပေမဲ့ကျွန်မနားမလည်နိုင်တာကသူဘာကြောင့်ဒီလိုဆုံဖြတ်ခဲ့လဲဆိုတာကိုပဲ "

" ကျွန်တော်ချွဲယွန်းဂျယ်ကိုအသိပေးစရာရှိပါတယ် "

" ဟုတ်ကဲ့ ပြောပါဒေါက်တာ "

ဒေါက်တာ့ပုံစံကတစ်ခုခုကိုပြောရမှာအားနေပုံပင်။ဆောင်းဟွန်းနဲ့ပတ်သက်နေတာမို့သူမသိချင်စိတ်ကထိန်းမရဖြစ်လာရသည်။မောင် သူမတို့ကိုဘာတွေများဖုံးကွယ်ထားခဲ့ပါသလဲ။

"ပတ်ဆောင်းဟွန်းမှာဦးနှောက်အကြိတ်ကင်ဆာရှိနေခဲ့ပါတယ်၊‌ကျွန်တော်သူ့ကိုခွဲစိတ်ကုသဖို့တိုက်တွန်းပေမဲ့သူလက်မခံခဲ့ပါဘူး၊ဒီကိစ္စကို သူထွက်သွားပြီးနောက်ပိုင်းမှသူ့မိသားစုထံအသိပေးဖို့ကျွန်တော့်ကိုမှာသွားခဲ့တာပါ၊ကျွန်တော်လည်းစိတ်မကောင်းပေမဲ့သူကိုယ်တိုင်ကကျွန်တော့်ကိုသူ
မထွက်သွားခင်အချိန်ထိထိန်းသိမ်းပေးဖို့တောင်းဆိုသွားလို့ပါ "

" ရှင် ... "

မောင့်မှာဒီရောဂါရှိနေမှန်းသူမလုံးဝမှမရိပ်မိခဲ့။သူမကပဲ
မောင့်အပေါ်ဂရုစိုက်မှုတွေမပြည့်ဝခဲ့တာလား။မောင်ကပဲသိုသိပ်လွန်းတာလားသူမ မတွေးတတ်တော့။ဝမ်းနည်းစိတ်ကြောင့်သူမမျက်ဝန်းထဲမျက်ရည်တွေကအတားအဆီးမရှိကျလာခဲ့ရသည်။ယွန်းမောင့်ကိုလက်လွှတ်ပေးခဲ့တာမောင်ပျော်ရွှင်ဖို့လေ။လောကကြီးထဲထွက်သွားဖို့မှမဟုတ်ဘဲ‌မောင်ရယ်။

" သူ ... သူ့အတွက်အချိန်ဘယ်လောက်ကျန်နေသေးလဲ ဒေါက်တာ "

သူမစကားတို့ကထစ်အလျက်။မောင့်အတွက်စိုးဂိမ်စိတ်တွေနဲ့ရင်တစ်ခုလုံးလည်းပူလောင်နာကျင်နေရပြပြီ။

" ခြောက်လပါ "

" ဒါဆို .. "

" ဟုတ်ပါတယ်၊နောက်ဆုံးအဆင့်ကိုကူးပြောင်းနေခဲ့ပါပြီ "

" သူဘယ်မှာရှိနေလဲ ဒေါက်တာ "

" သူဘယ်မှာရှိနေလဲကျွန်တော့်ကိုတကယ်ပဲအသိမပေးသွားခဲ့ပါဘူး ချွဲယွန်းဂျယ် "

ဒေါက်တာကိုယ်တိုင်လည်းစိတ်အကောင်းဖြစ်နေပုံရသည်။ဒေါက်တာပြောနေပုံကယူကျုံးမရဟန်။မိသားစုလိုဖြစ်နေခဲ့တော့လည်းအနည်းနဲ့အများဝောာ့စိတ်မကောင်းဖြစ်မှာကို
သူမ နားလည်ပါသည်။

ကိုယ်ထွက်သွားမှအားလုံးအဆင်ပြေမှာဆိုတဲ့ မောင့်စကားက
လောကကြီးထဲကပါမောင်ထွက်သွားဖို့စီစဉ်နေမှန်း ယွန်းမသိခဲ့ဘူးမောင်။ယွန်းသာရိပ်မိခဲ့ရင်မောင့်ကိုတားခဲ့မိမှာ။ယွန်းက
မောင့်ကိုပျော်ရွှင်စေချင်ခဲ့တာပါမောင်ရယ်။မောင့်ဘက်ကတွေးရင်းအားလုံးအဆင်ပြေနိုင်လိမ့်မယ်ထင်ပေမဲ့၊ယွန်းတို့ဘက်ကတွေးရင်တော့ မောင်ဆိုတဲ့ပျော်ရွှင်မှုလေးမရှိနိုင်တော့ဘူးလေမောင်ရယ်။မောင်ချစ်ပါတယ်ဆိုတဲ့ ဆောနူကရော မောသ်မရှိတဲ့အခါပျော်ရွှင်နေမယ်လို့မောင်ထင်နေခဲ့တာလား။မောင်မရှိရင် ဆောနူလည်းပျော်ရွှင်နိုင်မှာမဟုတ်ဘူးဆိုတာ မောင်မသိခဲ့လေသလားမောင်ရယ်။

*****

4လကြာပြီးနောက်

" အေးချမ်းစွာအနားယူပါတော့ပတ်ဆောင်းဟွန်း၊
နောက်ဘဝဆိုတာရှိခဲ့ရင်ခင်ဗျားချစ်ရသူနဲ့ပျော်ရွှင်စွာပေါင်းဖက်ရပါစေဗျာ "

" အကိုကောင်းရာမွန်ရာရောက်ပါစေလို့ကျွန်တော်တို့ဆုတောင်းပေးပါတယ် အကို "

Jay ,ဆောင်းဟွန်းရဲ့ပြာအိုးလေးကိုကိုင်ကာမျက်ရည်ကျမိရသည်။ကိုယ့်ဘေးမှာတရှုံ့ရှူံ့ငိုနေရှာသောကောင်လေးကိုလည်းထွေးပွေ့ရင်း။ဒီကောင်လေးကဆောင်းဟွန်းနဲ့4လလောက်သာအတူနေခဲ့ရပေမဲ့ဆောင်းဟွန်းကိုအကိုတစ်ယောက်လိုသိပ်သံယောဇဉ်ရှိတဲ့ကလေး။

" မငိုနဲ့ဝောာ့နဲ့လေကလေး၊ဆောင်းဟွန်းတွေ့ရင်စိတ်မကောင်းဖြစ်နေလိမ့်မယ် "

ဝမ်းနည်းစွာငိုနေသောချစ်ရသူအားအငိုတိတ်စေဖို့ချော့ရင်းဆောင်းဟွန်းမှာခဲ့သမျှကိုသူပြီးမြောက်အောင်ဆောင်ရွက်ပေးဖို့ရှိသေးသည်။နောက်ဆုံးခရီးမှာတောင်ချစ်ရသူရဲ့ဓာတ်ပုံလေးကိုသာကိုင်ရင်းလောကကြီးထဲကထွက်ခွားသွားရှာ
သောဆောင်းဟွန်းအတွက်သူတကယ်ပဲစိတ်မကောင်းပါ။
မကျွံသင့်တဲ့နွံမှာကျွံခဲ့ရတဲ့အသည်းဟာအချစ်ဆိုတဲ့အရာရဲ့
တိုက်စားခြင်းကိုခံခဲ့ရလေပြီ။

*****

" သားသား ဆန်ပြုတ်လေးတော့ကုန်အောင်သောက်လိုက်ပါနော် "

"အားရှိအောင်သောက်လိုက်ပါသားရယ် "

ချော့မော့ကာအစားဝင်အောင်ကျွေးနေသော အမေဖြစ်သူ၏စကားကိုအဖေဖြစ်သူကပါဖြည့်စွက်ပြောလာသည်။လူသေကောင်တစ်ယောက်လိုမလှုပ်မယှက်ဖြစ်နေသောကောင်လေးမှာတာ့ဘာကိုမှမကြားဟန်ဖြင့်မတုန်မလှုပ်သာရှိနေသည်။မအိပ်ခဲ့ရတဲ့ညပေါင်းများစွာ၏နှိပ်စက်ဒဏ်ကြောင့်ညိုနေသောမျက်ကွင်းနှစ်စုံနှင့်ဘာအစားမှမဝင်လေသောကြောင့်ပိန်လှီနေသောခန္ဓာကိုယ်။မိဘနှစ်ပါးမှာသားဖြစ်သူ၏ပုံသဏ္ဍာန်ကိုကြည့်ရင်းစိတ်မချမ်းမြေ့လှ။မိန်းမသားဖြစ်သူအမေကတော့မျက်ရည်တွေကျကာသားဖြစ်သူကိုကြည့်ရင်းငိုနေမိသည်။အဖေဖြစ်သူမှာလည်းယောက်ျားတန်မဲ့မထိန်းနိုင်စွာပဲမျက်ရည်ကျရလေပြီ။

" မေမေ့ကလေးလေးရယ်
ဒါလေးတော့ဝင်အောင်စားပါနော် "

ငိုသံစွက်ကာပြောနေသောအမေဖြစ်သူ၏စကားအားမကြားသူတစ်ယောက်လိုပြုမူရင်းအိပ်ယာထက်ပြန်လှဲအိပ်သွားသည်။အဖြူရောင်မွေ့ယာထက်အဖြူရောင်အရိပ်ကလေးဟာ
အသိစိတ်ကင်းမဲ့သူတစ်ယောက်လိုပါးလွှလွှလေးတည်ရှိနေလေသည်။

" ကျွန်မ သားသားကိုမကြည့်ရက်တော့ဘူးရှင် "

ဖင်ဖြစ်သူမှာခရီးကပြန်ရောက်လာချင်းမှာပင်သားဖြစ်သူ၏ယခုလိုအခြေအနေကိုမြင်ရခြင်းဖြစ်သည်။အကြောင်းရင်းမှန်ကိုသိလိုက်ရတဲ့အခါမှာလည်းသားဖြစ်သူအတွက်စိတ်မကောင်းဖြစ်ရုံနဲ့ဝမ်းနည်းရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့။

" မေ ဘာလုပ်ချင်လဲ "

" ကျွန်မ ဆောင်းဟွန်းနဲ့သွားတွေ့မယ် "

ဆုံးဖြတ်ချက်တို့အားရင်နာနာနှင့်ပင်သူမချရတော့မည်။သူမသားလေးသာသူမဘဝမှာအဓိကမို့တခြားသူအပေါ်မတရားရာကျနေလည်းမတတ်နိုင်တော့။သူမသားလေးကိုအခုလိုအခြေအနေအားသူမ မမြင်ရက်တော့ပေ။

*****

" ကျွန်တော် Jay ပါ "

" ဘာကိစ္စများရှိလို့လဲ သား "

ဆောနူအမေဖြစ်ပုံရသည့်အန်တီကသိပ်ကိုနွေးထွေးပုံရသည်။ကျွန်တော့်လိုအခုမှစတွေ့သည့်သူကိုပင်သားလို့ကြင်ကြင်နာနာခေါ်ကာဆက်ဆံပေးသည်။အန်တီ့ကိုမြင်တော့အမေ့ကိုသတိရမိသွားသည်။ကျွမ်တော့်ဘဝမှာကျွန်တော့်ကိုနွေးထွေးပေးခဲ့တာဆိုလို့ကျွန်တော့်အမေနဲ့ကျွန်တော်ချစ်ရသူသာရှိခဲ့သည်မဟုတ်လား။ဆောနူရဲ့အဖေကတော့ကျွန်တော်တို့ကိုစကားအေးဆေးပြောလိုဟန်ဧည့်ခန်းမှထွက်သွားပေးသည်။

အန်တီ့ပုံစံကသောကများနေသောမိခင်တစ်ယောက်လိုမျက်နှာလေးကနွမ်းနေသည်။ဒါပေမဲ့ကြည်လင်နေသောမျက်နှာလေးကနွေးထွေးဟန်တို့မပျောက်။

" ဆောင်းဟွန်းနဲ့ပတ်သက်ပြီးအသိပေးစရာရှိလို့ပါ "

ဆောင်းဟွန်းဆိုတဲ့နာမည်ကြောင့်အန်တီကလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။‌

" ဆောင်း ... ဆောင်းဟွန်းဟုတ်လား သား၊
သူဘယ်မှာရှိနေလဲသား၊အန်တီသူနဲ့တွေ့ချင်တယ်ကွယ် "

" ဒီမှာပါ "

အန်တီ့ရှေ့သို့ပြာအိုးလေးကိုချပေးလိုက်သည့်အခါအန်တီ့ပုံစံကအံ့ဩခြင်းများစွာဖြင့်မယုံနိုင်ဖြစ်နေသည့်ပုံပင်။

" ဒါ .. ဒါက "

" ဆောင်းဟွန်းရဲ့ပြာအိုးပါ၊
ဆောနူဆီရောက်အောင်ပို့ပေးပါဆိုလို့ကျွန်တော်လာပို့ပေးတာပါ အန်တီ "

အန်တီကဝမ်းနည်းစွာငိုချလာသည်။

" ဆောင်းဟွန်းမရှိတော့ရင်
အန်တီ့သားလေးတော့ဒုက္ခရောက်ပါပြီ သားရယ် "

" မေမေ "

" သားသား "

" အကိုမရှိတော့ဘူးဟုတ်လား၊
တကယ်အကိုမရှိတော့တာလား "

ပြာအိုးလေးအားကြည့်ရင်းငိုနေသောကောင်လေးတစ်ယောက်။ဆောင်းဟွန်းပြသောဓာတ်ပုံထဲမှာမြင်ဖူးတာမို့ဒီကောင်လေးဟာဆောနူဖြစ်မှန်းကျွန်တော်နားလည်လိုက်သည်။

" အကို ... အကိုတကယ်မရှိတော့ဘူးပေါ့၊
ကိုကြီးကျွန်တော့်ကိုထားသွားပြီပေါ့ "

ပြာအိုးကိုပြေးပွေ့ကာရှိုက်ကြီးတငင်ငင်ငိုချလာသောကောင်လေးအားအမေဖြစ်သူကထွေးပွေ့ပေးထားသည်။နောက်မှအန်ကယ်ပါရောက်လာကာစိတ်မကောင်းဟန်ဖြင့်သားဖြစ်သူအားကြည့်နေသည်။ကောင်လေးကခဏအတွင်းမှာပြာအိုးကိုကိုင်ရင်းမေ့လဲသွားတော့သည်။

" သားသား ၊
လုပ်ကြပါအုံးကျွန်မသားလေးကိုကယ်ကြပါအုံး "

ခဏကမှတိတ်ဆိတ်ငြိမ်သက်နေသောအိမ်လေးဟာယခုပင်ချက်ချင်းဆူးညံဝေဆာသွားသည်။ကျွန်တော်ကိုယ်တိုင်လည်းမထင်မှတ်ထားမို့ဘာလုပ်ရမှန်းမသိဖြစ်နေရကာကြောင်အနေမိသည်။နောက်မှသတိဝင်ကာဟိုကောင်လေးအားဆွဲ့ပွေ့ပြီးအိပ်ခန်းရှိရာသို့ပွေ့ခေါ်လာခဲ့လိုက်သည်။

***

" ကျွန်တော်ကတော့ ကလေးကိုကြည့်ရတာအားမရဘူးဗျာ
သွေးပေါင်တွေလည်းအရမ်းကျပြီးအားနည်းနေတာ၊ဆေးရုံတက်ဖို့အကြံပေးချင်ပါတယ် "

ကျွန်တော့်အခန်းထဲမှ‌မေမေတို့အားဒေါက်တာကကျွန်တော်နဲ့ပတ်သက်ပြီးလုပ်သင့်တာတွေကိုပြောပြကာအခန်းပြင်ထွက်သွားကြသည်။ဘယ်သူမှမရှိတော့သည့်အခါမှ အကို့ပြာအိုးလေးပိုက်ရင်းကျွန်တော်သည်းထန်စွာငိုကြွေးရ၏။

တကယ်တော့အပြင်မှာဧည့်သည်ရောက်နေတာကိုကျွန်တော်မသိခဲ့။အကိုနဲ့မတွေ့ရတော့သည့်နေ့ကစပြီးကျွန်တော်အခန်းပြင်ကိုမထွက်ဖြစ်တော့။ဒါပေမဲ့ ဒီနေ့မှာတော့အခန်းအပြင်ကိုထွက်ရန်တစ်ခုခုကတွန်းအားပေးနေသလိုခံစားရသည်။အံကြိတ်သည်းခံခဲ့သော်လည်း နောက်ဆုံးမှာ‌တော့အခန်းပြင်ထွက်ချင်သည့်စိတ်ကအနိုင်ရသွားခဲ့သည်။စိတ်ထဲတစ်ခုခုဖြစ်တော့မည်ဟုထင်လိုက်ပေမဲ့ အကို့ရဲ့နာရေးသတင်းကိုကြားလိုက်ရမည်လို့လုံးဝမထင်ထားခဲ့။

ဘာလို့လဲဗျာနောက်ဆုံးအထိကျွန်တော့်ကိုပဲရွေးချယ်ပေးမယ်ထင်ထားခဲ့တာ။ဘာလို့ကျွန်တော့်ကိုမရွေးချယ်ခဲ့ရတာလဲဗျာ။ကျွန်တော့်ရင်တွေကွဲအောင် အကိုလုပ်ရက်လိုက်တာ။အကိုမရှိဘဲကျွန်တော်ဘယ်လိုရှင်သန်ရမလဲ။အကိုမရှိဘဲကျွန်တော်မရှင်သန်နိုင်တာကိုအကိုမသိခဲ့ဘူးလားဗျာ။ကျွန်တော့်အချစ်ကိုအကိုအထင်သေးခဲ့ပုံပဲ။သက်သေပြပါ့မယ် ကျွန်တော်အကို့အပေါ်ချစ်တဲ့အချစ်ကဘယ်လောက်စစ်မှန်ကြောင်းသက်သေပြပါ့မယ်။

" တမလွန်မှာရှိနေတဲ့ကိုကြီးက
ကျွန်တော့်ကိုစောင့်နေပေးပါ၊ကျွန်တော့်အချစ်တွေစစ်မှန်ကြောင်းကျွန်တော်လာပြောပြပါ့မယ် "

နောက်ဆုံးပြောသွားသည့်စကားလေးတစ်ခွန်းက အချစ်တွေဘယ်လောက်ထိစစ်မှန်ကြောင်းသက်သေပြသည့်စကားစုလေးတစ်ခုအလား။

" ကျွန်မတို့ သားသားကိုသေချာဖြောင့်ဖြလိုက်ပါ့မယ် "

" ဟုတ်ကဲ့ပါ၊ကျွန်တော့်ကိုခွင့်ပြုပါအုံး "

ဒေါက်တာ့အား Jay နဲ့ ဆောနူအဖေကကအိမ်ရှေ့ထိလိုက်ပို့ရန်ဒေါက်တာနှင့်အတူထွက်သွားသည်။

" သားသား ... "

ဆောနူအမေ၏မချိတင်ကဲခေါ်သံကအနည်းငယ်ကျယ်ပါသည်။ချက်ချင်းပင်ကျွန်တော်နှင့်ဆောနူအဖေ ဆောနူအခန်းရှိရာသို့ပြေးတက်လာခဲ့သည်။အခန်းသို့ရောက်သည်နှင့်မြင်လိုက်ရသည့်မြင်ကွင်းကရင်နင့်စရာ။ဆောနူကိုပွေ့ကာငိုနေသော ဆောနူ၏အမေ။လက်ကောက်ဝတ်သွေးကြောကိုကျောင်းသုံဒေါက်ဆူးအားအသုံးပြုကာအဆုံစီရင်ထားပုံရသည့်ကောင်လေးကမိခင်၏ရင်ခွင်ထဲဝယ်ပျော့ခွေစွာလဲလျောင်းလျက်။

" သားသားရေ ၊
မေမေ့ကလေးလေး၊
လုပ်ပါအုံးအကို၊ကျွန်မသားလေးကိုကြည့်ပါအုံး "

ဆောနူအမေမှာ အမျိုးသားဖြစ်သူအားအားကိုးသောမျက်ဝန်းများဖြင့်ကြည့်ကာတတွတ်တွတ်ရွတ်နေသည်။ခဏအတွင်းမှာပင်အိမ်လေးဟာထပ်ပြီးဆူညံသွားခဲ့ပြန်ပါသည်။

****

" စိတ်မကောင်းပါဘူး၊
လူနာအသက်မရှိတော့ပါဘူးခဗျ "

အရေးပေါ်ခွဲစိတ်ခန်းထဲမှထွက်လာသောဒေါက်တာကစိတ်မကောင်းဟန်ဖြင့်ပြောပြီးထွက်သွားသည်။

ကိုယ်ခံအားလည်းမရှိသလို၊စိတ်အင်အားပါလျော့ကျနေသောကောင်လေးကဒီတောင်ကိုကျော်ဖြတ်ဖို့မဖြစ်နိုင်ခဲ့ပြီ။မိခင်ဖြစ်သူမှာအဝတ်ဖြူအုပ်ထားသောသားငယ်၏ရုပ်အလောင်းကိုယူကျုံးမရစွာဖက်ငိုနေသည်။ဖခင်ဖြစ်သူမှာလည်းအမျိုးသမီးကိုပွေ့ထိန်းကာအသံတိတ်မျက်ရည်ကျနေသည်။အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရသည့်ဇာတ်လမ်းလေးဟာဇာတ်သိမ်းမလှခဲ့။

****

" ခင်ဗျားမြင်နေရလား ဆောင်းဟွန်း၊
အခုအချိန်ဆိုခင်ဗျားနဲ့ဆောနူတွေ့ရင်တွေ့နေလောက်မယ်မဟုတ်လား၊ခင်ဗျားကောင်လေးကလေခင်ဗျားမရှိရင်မဖြစ်ကြောင်းသက်သေပြသွားပြီဗျ၊ခင်ဗျားကိုသူဘယ်လောက်ချစ်ကြောင်းပြောဖို့သူခင်ဗျားဆီရောက်နေလောက်ပြီမဟုတ်လား "

ကံကြမ္မာစေရာအတိုင်းသူတို့ဆုံခဲ့ကြတယ်။ချစ်ခဲ့ကြတယ်။
ခက်ခဲတဲ့အချစ်တစ်ခုကိုစည်းတွေချိုးဖောက်ပြီးပုံဖော်ခဲ့ကြတယ်။အချစ်ဆိုတဲ့နွံမှာကျွံခဲ့ရတဲ့အသည်းနှလုံးတွေ။ပြန်ရုန်းဖို့ခက်ခဲတဲ့အထိခိုင်မြဲခဲ့ကြတဲ့သံယောဇဉ်တွေ။နောက်ဆုံးဒီသံယောဇဉ်တွေကိုအဆုံးသတ်မှဖြစ်မှာမို့အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့အခါ။အဆုံးသတ်လေးဟာမလှပနိုင်ခဲ့တော့။
နောက်ထပ်နှလုံးသားတွေဟာဘယ်သောအခါမှမကျွံသင့်တဲ့နွံမှာမကျွံပါရစေနဲ့တော့။

မာယာ မှော်ရုံလမ်းမယ်
နီလာရောင် လွှမ်းခြယ်

ရီဝေဝေကမ်းလင့်တဲ့
ကြွေနေတဲ့ပန်း တို့ဘက်

လေလိုခြေလှမ်း တို့နဲ့
ဒီလူဟာလျှောက်ခဲ့မိတယ်

ချိုမြိန်ဘဝတော အလယ်
ဖွေရှာသူမောတယ်

ဖြေပြေရာမဲ့လို့လည်း
ရင်ခုန်သံလေးအက်ကွဲ

ဆောင်သဉ္ဇာခန်းအိပ်မက်
ဘယ်မှာအဆုံးသတ်ပါ့မယ်

နွံမှာကျွံတဲ့အသည်း
ပြန်ရုန်းဖို့ခက်မယ်

အိုင်ငယ်ငယ်တစ်ခုထဲ
သကာပျားရည်အပြည့်နဲ့

လူသားအဓိပ္ပာယ်လည်း
ပျော်ပွဲ ငိုပွဲ ဒွန်တွဲ
အရိပ်နဲ့လွန်ဆွဲ

လိုအင်ဟူသမျှရယ်
ပူပင်ရအမြဲ

အလိုဆန္ဒများအနောက်ဘက်
မမြင်နိုင်တဲ့အမှားစောင့်လျက်

သာယာမှုလေးလမ်းလွဲ
ဝင်္ကပါတွေထဲ အမြဲ တဝဲလည်လည်

#HHSLO

ရေးရင်းနဲ့တောင်မငိုမိဘူး။သီချင်းနားထောင်မှငိုမိတာပဲ။ဒါလေးဖတ်ပြီးရင် ဦးစိုးပိုင်ရဲ့ " မှော်ရုံလမ်း "သီချင်းလေးကိုနားထောင်ကြပါနော်။

နောက်ဆုံးတော့ " နွံမှာ ... ကျွံတဲ့အသည်း " လေးဟာပြီးဆုံးသွားခဲ့ပါပြီ။လာဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။

ဘယ်လိုများခံစားရလဲ comment လေးရေးပေးရင်ပိုကျေးဇူးတင်မိမှာပါ။






Continue Reading

You'll Also Like

731 66 11
အထက်တန်းကျောင်းတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ အချစ်သီအိုရမ်လေးတစ်ခု.......
9.1K 1.2K 24
"ဒေါက်တာက ကျုပ်သက်ဆိုင်သူဖြစ်ပြီမလို့ အခုကစပြီး ဒေါက်တာ့ကို ကျုပ်အပိုင်လို့ပဲခေါ်တော့မှာ" 𝙻𝚎𝚎 𝚂𝚎𝚘𝚔𝚖i𝚗 × 𝙷𝚘𝚗𝚐 𝙹𝚒𝚜𝚘𝚘 𝚆𝚛𝚒𝚝𝚝𝚎�...
634K 32.1K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
9.2K 757 27
ချစ်ခြင်းတရားအစပြုရာနေရာသည်တိမ်စိုင်နှင့်ဆင်တူသော ဂျယ်ယွန်းသာဖြစ်ပါကြောင်း။ - ပတ်ဂျေး JayJake Fanfiction (Unicode,Zawgyi)