Autumn's Breeze ( осень ветер...

By YadanarMoe399

1.9K 275 8

" နွေဦးလေ​ပြည် ရောက်လာတဲ့အခါ... ဒီစစ်ပွဲက အိပ်မက်တစ်ခုအနေနဲ့ ပြီးဆုံးသွားပါလိမ့်မယ် Osen... ငါတို့ရဲ့ ဆုံးရှ... More

Chapter 1
Chapter 1 ( Zawgyi)
Chapter 2
Chapter 2 (Zawgyi)
Chapter 3
Chapter 3 ( Zawgyi)
Chapter 4
Chapter 4 ( Zawgyi)
Chapter 5
Chapter 5 ( Zawgyi)
Chapter 6 ( Zawgyi)
Chapter 7
Chapter 7 ( Zawgyi)
Chapter 8 ( Ending )
Chapter 8 ( Zawgyi/End)
Side story of Veter
Side story of veter

Chapter 6

64 20 1
By YadanarMoe399

Chapter 6

ဒါဟာ ကမ္ဘာစစ်ဖြစ်တယ်။ အမဲလိုက်သူတွေရဲ့ သားရဲကွင်း...။ ပစ်မှတ်ခံရတဲ့ သားကောင်တွေကလည်း မုဆိုးပြန်ဖြစ်လာကြတဲ့ ခေတ်ဆိုးခေတ်ပျက်...။ လူကောင်းတွေကို ဆိုးဝါးစေအောင် ဖိအားပေးကြတဲ့ အချိန်ကာလ တစ်ခု ဖြစ်တယ်။ ဒါဟာ လူသားမျိုးနွယ်ရဲ့ ကမ္ဘာ့အလှတရားကို စစ်ပွဲဆိုတဲ့အမှောင်ထုက ကြီးစိုးတဲ့ကာလ ဖြစ်နေပြန်သေးတယ်။

Autumn's Breeze ( осень ветер )

နေအိမ်က ထွက်လာပြီးနောက်၊ လေးရက်မြောက်နေ့ မနက်ခင်း အစောပိုင်းကာလ...။

ကမ္ဘာစစ်က ခေတ်ဆိုးတစ်ခုကို ဖိတ်ခေါ်နိုင်လေတယ်။ တရားမျှတမှုနဲ့ စည်းဘောင်းတွေက ကျိုးပျက်နေတဲ့ နံရံဘောင်တွေလိုပဲ...လူတွေက တဖြေးဖြေး မိစ္ဆာဆန်လာကြတယ်။

Osen လက်ထဲ ဓားရှည်ရှည်သေးသေးက လူတစ်ယောက်ရဲ့ အသက်တစ်ခုကို ဝါးမြိုစားသောက်ပစ်လိုက်မိတာကို Osen မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း... ​ကြောင်အ'နေမိတယ်။

သူ့လက်ထဲက ဓား​က လူတစ်ယောက်ရဲ့ လည်မြိုထဲ တိတိပပ စိုက်ဝင်သွားခဲ့တယ်...။ သူ တကယ် လူသတ်မိတာပဲ။ သူ့လက်တွေနဲ့ ကိုယ်တိုင် လူသတ်မိလိုက်ပြီပင်...။ သေသွားတဲ့ လူရဲ့ သွေးတွေက သူ့လက်တွေကို မီးတမျှ ပူလောင်သွားစေခဲ့တယ်။

ခပ်နွေးနွေး အသက်သွေးဟာ အလျံတညီးညီးမီးတောက်အလား မြေပေါ်မှာ အိုင်ထွန်းနေခဲ့ပြီ...။

Osen တကယ်တမ်း လူသတ်လိုက်ရတာက သိပ်မခက်ခဲတော့မှန်း သတိထားမိလိုက်လေတယ်။ ပထမတစ်ခေါက်ပဲ...တုံ့ဆိုင်းနေခဲ့တာလောက်ပါပဲ။

သူ့စိတ်ထဲကနဲ့ ခြားနားစွာပဲ တုန်ရီနေတဲ့ Osen လက်တွေက ​ထိတ်လန့်နေကြောင်း သက်သေပြနေခဲ့တယ်။

သေဆုံးသွားပြီဖြစ်တဲ့ အလောင်းကို လုံးဝ လှည့်မကြည့်ဘဲ Osen ကျော်ခွကာ၊ Veter ရှိရာ လှမ်းသွားတယ်။ Veterက သူ့ကို ခပ်ထွေထွေ ငေးရင်း...ပြုံးပြဖို့ အားတင်းနေခဲ့တဲ့ပုံပါပဲ...။

အသံတစ်စက်ကလေးတောင် ထွက်မလာတော့တဲ့ Osenကို Veterက လျင်မြန်စွာ ရင်ခွင်ထဲ ထည့်ရင်း ရှိုက်ငိုလာခဲ့လေတယ်။ ဒါက Veterက Osen ရှေ့မှာ ငိုကြွေးခဲ့ဖူးတဲ့ ပထမဆုံးသာ အကြိမ်နဲ့ နောက်ဆုံးသော အခေါက်ပဲ ဖြစ်တယ်။

မဟူရာ နက်မှောင်နေတဲ့ မျက်ဝန်းလှလှတွေထဲ တအိအိပဲ့ကြွေလာတဲ့ အရည်ကြည်ရောင်တွေဟာ Osen မျက်နှာထက်ကို တစ်စက်ချင်းစီ...လှိမ့်ဝင်ကျရောက်လာလေတယ်။ Osen ရေခဲပြာရောင်မျက်ဝန်းတွေက Veterကိုပဲ ငေးမော စိုက်ကြည့်နေခဲ့လေတယ်။

" မငိုပါနဲ့...Veter"

" အင်း..."

" ပြောသားပဲ ကာကွယ်ပေးမှာပါလို့..."

" တောင်းပန်ပါတယ် Osen" တဲ့။ သူ ပထမဆုံး လူသတ်မိခြင်းအပေါ်မှာ Veterက ထိုစကားတစ်ခွန်းသာ တုံ့ပြန်လာခဲ့တယ်...။

Osen ဒီစစ်ပွဲကြားမှာ ရှင်သန်ဖို့....၊ ဘဝမှာ ရှင်သန်ဖို့ရာအတွက်... သင်ခန်းစာတစ်ခုကို သိလိုက်ရပြီ။ ဒီလို ကြမ်းတမ်းလှတဲ့ လောကကြီးမှာ ရှင်ဖို့အတွက်ဆို တိုက်ခိုက်ရမယ်ဆိုတာပါပဲ။

လူကောင်းအဖြစ် နေလို့ မရတော့တဲ့ ဘဝရဲ့ အခိုက်အတန့်တစ်ခုစာမှာ...မင်းဟာ လူကောင်းအဖြစ် ဆက်နေဖို့ ရွေးချယ်မယ်ဆိုရင်... ပျောက်ဆုံးသွားမှာပဲ။ တိုက်ခိုက်သင့်တဲ့အချိန်မှာ လူဆိုး၊ လူကောင်းရယ်လို့ တွေးနေလို့ မရဘူး...။

အကယ်၍ Osenသာ အဲ့ဒီလူကို မသတ်ဖို့ ရွေးချယ်ခဲ့ရင်၊ အဲ့ဒီလူသာ အနိုင်ရရှိသွားခဲ့ရင်...၊ သူနဲ့veterဆီက အစားအသောက်တွေကိုပါ လုယူခံရပြီး...၊ အသတ်ခံရမှာ ဖြစ်တယ်။ သူတို့ဆီ လုယက်တဲ့လူအပေါ် မေတ္တာထားနေရလောက်တဲ့အထိ Osenက စိတ်ထားမကောင်းနိုင်ပေ။

တိတ်ဆိတ်နေတဲ့ Osenက အရင် Osenနဲ့ ခြားနားသွားတယ်။ ဒီအဖြစ်အပျက်ကနေ Osenက အရွယ်ရောက် ကြီးပြင်းခြင်းကို ရောက်ရှိခဲ့ပြီပင်..။

" Osen... "

Veterရဲ့ သူ့အမည်နာမကို ခေါ်သံဟာ Osen ပခုံးသေးသေးကို တုန်ယင်စေနိုင်လေတယ်။

" ကလေးငယ်..."

Osen Veterရဲ့ မြန်မာဘာသာစကားနဲ့ ပြောလိုက်တဲ့ စကားကြောင့် မျက်ခုံးတွေ တွန့်ကွေးသွားခဲ့တယ်။ Veterက Osen သူ့ဘာသာစကားကို သဘောမပေါက်လို့ စိတ်အလိုမကျဖြစ်သွားတယ်ဆိုတာကို သဘောပေါက်လေတယ်။

" baby..."

Osen မျက်နှာနုနုဟာ english ဘာသာနဲ့ ခပ်ရှရှ baby လို့ ခေါ်သံကြောင့်ပေပဲလား... သို့တည်းမဟုတ် ကူးပြောင်းစ ပြုလာတဲ့ နွေဦးကြောင့်ပေပဲလား မသိသော်ငြားလည်း... နီရဲလာလေတယ်။

" အဲ့ဒီကိစ္စကို မေ့လိုက်တော့..."
Veterက Osenရဲ့ နဖူးပြင်ကို ခပ်ဖွဖွ ငုံ့နမ်းလာခဲ့လေတယ်။ နွေဦးရဲ့ အထိမ်းအမှတ် လေပြည်နုနုဟာ သူတို့ရှိရာကို တိုးဝင်ရောက်ရှိလာလေပြီ။

" ငါ့မျက်ဝန်းတွေကို သေချာကြည့် Osen..."

မှောငပိတ်နက်မှောင်နေပါသော မျက်ဝန်းတွေထဲ Osen မော့ကြည့်လိုက်မိတယ်။ Veterရဲ့ စကားတွေရော၊ မျက်ဝန်းနက်တွေကိုပါ၊ သူဟာ မလွန်ဆန်နိုင်ပါပေ...။

လေပြည်ဆိုတဲ့ Veterကို ငေးကြည့်လာတဲ့ Osenကို လေပြည်က သွားစွယ်ဖွေးဖွေးလေးကို ပေါ်အောင် ပြုံးပြလာတယ်။

တစ်သက်စာမှာ သိမ်းထားချင်စရာ ကောင်းလှလွန်းပါတဲ့ အလှပဆုံးသော ရယ်မောမှုလေးလို့ တင်စားလို့ရအောင်ပင်... လေပြည်က နွေဦး ပြုံးရယ်ပြနေခဲ့လေတယ်။

" နွေဦးလေ​ပြည် ရောက်လာတဲ့အခါ... ဒီစစ်ပွဲက အိပ်မက်တစ်ခုအနေနဲ့ ပြီးဆုံးသွားပါလိမ့်မယ် Osen..."

Veterရဲ့ ရုရှားလေသံက ထိုအချိန်မှာ အရမ်းစွဲဆောင်မှု ရှိနေတယ်လို့ Osen တွေးလိုက်မိတယ်။

" ငါတို့ရဲ့ ဆုံးရှုံးခဲ့ရခြင်းတွေက စစ်မှန်ခဲ့ကြပေမဲ့၊ အဲ့ဒီအခါကျရင် ငါတို့တွေက ကောင်းမွန်တဲ့ အမှတ်တရတွေကိုပဲ နောင်တစ်ချိန်မှာ ပြန်ပြောကြမယ်။ ဒါ့ကြောင့် သေချာပေါက် မင်း ရှင်သန်နေရမယ် Osen..."

Veterရဲ့ စကားတွေဟာ Osenရဲ့ ပင်ပန်းနေတဲ့စိတ်အစုံကို အေးချမ်းသွားစေလေတယ်။

" ကောင်းပါပြီ"

နူန်းခွေနေတဲ့ ခြေချောင်းတွေက အဟာရပျက်လပ်မှုကြောင့် ပို၍ ဆိုးဝါးလာခဲ့သော်လည်း၊ Osenက မညည်းညူခဲ့ပေမဲ့၊ လဲကျသွားမယောင် ဖြစ်နေလေပြီ။

" မင်း ဖျားနေပြီ။ လာ... ငါ့ကျောပေါ်တတ်။ ငါတို့ စစ်ဘေးရှောင်စခန်းကို ရောက်အောင် သွားကြမယ်။ အဲ့ဒီမှာ မင်း အဖေလည်း ရှိနေနိုင်တယ် Osen"

" မင်း ပြောတော့ ဒီလို အခြေအနေမျိုးမှာဆို ငါ့ကို ထားပစ်ခဲ့မှာဆို..."

Veter က ဘာစကားမှ မဆိုဘဲ Osenကို ကျောပိုးခဲ့လေတယ်။ တရွေ့ရွေ့ လျောက်လှမ်းမှုဟာ သိပ်မကြီးမားပေမဲ့... ဦးတည်ရာကို ရောက်အောင် သွားမည်'ဆိုတဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုဟာ Veter မျက်ဝန်းတွေထဲ တလက်လက်...။ ခြေထောက်တွေဟာ ပွန်းပဲ့သွေးစို့နေခဲ့ပေမဲ့၊ တွန့်ဆုတ်သွားခြင်းအလျဥ်းမရှိသော ကြံ့ခိုင်မှုမျိုးနဲ့....။

" ငါ မင်းကို ကာကွယ်ပေးချင်တယ် Veter..."

မင်းကပဲ ငါ့ရဲ့ ကယ်တင်ရှင်လုပ်ပေးနေခဲ့ပြီး၊ ငါကတော့ မင်းကို နှောင့်နှေးစေခဲ့ပြီလား လေ​ပြည်...။

" အင်း... မင်းက ငါ့ကို တစ်ချိန်တုန်းက ကာကွယ်ပေးခဲ့ဖူးတယ် Osen...။ မင်း မမှတ်မိနိုင်ပေမဲ့ပေါ့"

" ငါက မင်းကို ကာကွယ်ပေးခဲ့ဖူးတာလား။ ငါ မင်းကို အနိုင်ကျင့်ခဲ့တာတွေပဲ မှတ်မိတော့တာ..."

Veterရဲ့ လည်ပင်းဂုတ်စပ်နားက ဆံပင်စထံ Osenရဲ့ နူတ်ခမ်းသားတို့ဟာ ခပ်ဖွဖွ ပွတ်တိုက်သွားခဲ့လေတယ်။

" ငါ့ကို ပြောပြပါလား Veter"

" နောက်မှ ပြောပြမယ်"

ဆောင်းကုန် နွေဦးအစဟာ လီနင်ဂရက်မြို့လေးဆီ ရောက်လာခဲ့ပေမဲ့၊ စစ်ပွဲဟာ မပြီးဆုံးနိုင်သေးခဲ့။ 1942 ဇန်နဝါရီလဟာ ပို၍ အသေအပျောက်များလာလေတယ်။ ဒါကို Veterရော Osenပါ သိကြလေတယ်။

Osen သူ့အရှေ့မှာ ပြုံးပြနေခဲ့တဲ့ Veterကို ခပ်ထွေထွေ ကြည့်လိုက်တယ်။ Veter လက်ထဲက ပန်းတစ်ပွင့်ဟာ သူ့မျက်ဝန်းတွေ အရှေ့ ရောက်ရှိလာလေတယ်။

Osen ရဲ့ လက်တွေဟာ ပေးအပ်လာတဲ့ အဖြူရောင် Chamomile ပန်းပွင့်ကို ညင်သာနူးညံ့စွာ လှမ်းကိုင်မိလိုက်တယ်။

" Happy birthday Osen... နောင်တစ်ချိန် မင်းမွေးနေ့တွေကျရင် ငါ မင်းကို ဒီထက်ကောင်းတဲ့လက်ဆောင်တွေ ပေးပါ့မယ်။ အခုတော့ Chamomileတစ်ပွင့်နဲ့ ကျေနပ်ပေးနိုင်မလား?"

ဇန်နဝါရီ 17 ရက်နေ့ဟာ သူ့မွေးနေ့မှန်း Veterက မှတ်မိနေသေးတာပဲ။ သူ့မိဘတွေက သူ့မွေးနေ့ဆို သေသေချာချာ ချက်ပြုတ်ပြီး... အိမ်နီးနားချင်းတွေကိုပါ ကျွေးမွေးလေ့ရှိတယ်။ အဲ့လို နေ့တွေမှာဆို Osenက အမြဲ ပျော်ရွင်နေလေ့ရှိတာပင်...။

Osen Veterကို ကျေးဇူးပါလို့ ပြောမထွက်ခဲ့ပေ။ တစ်ချိန်မှာ သူဟာ Veterနဲ့ ထာဝရ အတူတူ ရှိသွားပြီး၊ စောင့်ရှောက်ပေးမယ်။ သူ့အနာဂတ်ထဲမှာ Veterက ကြီးမားတဲ့အစိတ်အပိုင်းအနေနဲ့ ပါဝင်နေခဲ့လေပြီ။

Osen အဖြူရောင်ပန်းလေးကို တစ်ချက်ငုံ့နမ်းရင်း...၊ Veter ထိုးပေးတဲ့ချည်အိတ်လေးထဲ သေချာ ထည့်သိမ်းလိုက်တော့တယ်။

Osen သိလေတယ်။ Osenရဲ့ ခံနိုင်ရည်အားက သိပ်မကျွင်းကျန်လေတော့ပေ။ အဖျားဒဏ်ရယ် အဟာရ မပြည့်ဝမှုဒဏ်ရယ်ကြောင့် သူ့ခံနိုင်ရည်အား တဖြေးဖြေး ကျိုးပဲ့လာလေတယ်။

Osen မျက်ဝန်းတွေဟာ အားအင်ပြတ်လပ်မှုကြောင့် မှေးမှိတ်သွားစဥ်မှာပဲ၊ Veterရဲ့ အေးချမ်းတဲ့ အငွေ့အသက်ရနံ့ဟာ သူ့တစ်ကိုယ်လုံးကို ခြုံလွှမ်းရစ်သိုင်းသွားခဲ့လေတယ်။

Continue Reading

You'll Also Like

11.7K 354 15
Him. She could not have him, no matter how hard she tried, no matter what she'd give. He couldn't belong to her. Vlad Dracula Tepes went mad after...
1.2M 62.5K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
7.3M 303K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
31.9K 2.3K 47
The fiction cover is taken from the pinterest{Not a translation} နဂါးတစ်ကောင်နှင့်လူသားလေးပျော်ရွှင်စွာနေထိုင်သွားပါသတဲ့။