နမ်းနေရင်းမှရုတ်တရပ်ကြားယောင်လာတဲ့အသံများနဲ့ ထိုလူရဲ့သွေးသံတရဲရဲ ပုံကိုမြင်ယောင်လာသည်။ထိုလူ့ပုံကိုမြင်လိုက်သည်နှင့် ရုတ်ချည်းအားများစုပ်ယူခံရသလို တစ်ကိုယ်လုံးတုန်ရီလာပြီး မတ်တပ်ရပ်ဖို့ပင်အားမရှိတော့။တုန်ရီနေတဲ့ခြေထောက်ကိုထိန်းရန် ဘေးနားရှိ စားပွဲကိုအားယူကိုင်လိုက်သည်။
စားပွဲပေါ်တွင် မှန်ဘောင်လေးသွင်းထားသည့် ဓာတ်ပုံလေးတစ်ပုံ 6နှစ်အရွယ်ကလေးတစ်ယောက်ကသူ့ထက်အနည်းငယ်ငယ်ပုံပေါ်သည့်ဝကစ်ကစ်ကလေးလေးတစ်ယောက်၏ပါးကို အားရပါးရနမ်းနေပြီး ကလေးငယ်လေးက သွားလေးနှစ်ချောင်းပေါ်အောင်ရယ်နေသည်။
ဓာတ်ပုံထဲကပါသည့် ကလေးလေးကိုမြင်ဖူးသလိုဖြစ်တာကြောင့် ဓာတ်ပုံဘောင်လေးကိုယူကြည့်လိုက်မိသည်။
"ကို~ကိုကို"
💮
"မား......ဒီတစ်ယောက်က ဘယ်သူလဲဟင်"
Album လေးတွေကိုမွှေရင်းနဲ့ ယုန်သွားနဲ့ကိုကိုတစ်ယောက်က သူ့ကိုချီထားသည့်ပုံကို တွေ့သည်။ဘယ်သူလည်းမသိပေမယ့် ဒီကိုကိုရဲ့အပြုံးတွေက တကယ်ကိုလှတာ ယုန်ge geနဲ့ရိုက်ထားတာ တစ်ပုံမကအများကြီး ရှိနေတာမို့ ဘေးနားတွင်ထိုင်ကာ ချည်ထိုးနေသော မားကိုပုံအား လက်ထောက်ရင်းမေးလိုက်သည်။
"သား မမှတ်မိတော့ဘူးပေါ့ ရှောင်းလေးကို"
"ရှောင်းလေး..."
"သားငယ်ငယ်တုန်းက ကစားကွင်းမှာပျောက်သွားဖူးတယ်လို့မားပြောပြဖူးတယ်မလား"
"ဟူတ်"
"အဲ့တုန်းကလေ သားကို ရှောင်းလေးဆီမှာပြန်တွေ့တာ"
" သားကဘယ်လိုလုပ် ဒီကိုကိုဆီရောက်နေတာလဲဟင် မား"
"ရှောင်းလေးတို့ကစားကွင်းထဲ ဆော့နေတုန်း သားကအာပြဲကြီးနဲ့အော်ငိုနေလို့ ရှောင်းလေးတ်ု့ခေါ်ထားတာတဲ့"
"အခု ဒီကိုကိုကဘယ်မှာလဲဟင်"
"မားလည်းမသိပါဘူး မားတို့လော့ရန်ကအမျိုးတွေဆီ ခနအလည်သွားတုန်း ရှောင်းလေးတို့နဲ့တွေ့တာဆိုတော့"
အဲ့ကတည်းကစ ဝမ်ရိပေါ်ရဲ့စိတ်ထဲမှာ ယုန်သွားနဲ့ကိုကိုဆိုတာ တဖြည်းဖြည်း နေရာယူလာခဲ့တာ ပါးနဲ့မား မဆုံးခင်အချိန်ထိ ။တစ်နေ့တော့ ကိုကို့ကိုအပြင်မှာ သေချာပေါက်တွေ့ရမယ်ဆိုသည့် ရည်မှန်းချက်လေးကို လက်ကိုင်ထားပြီး အလယ်တန်းပထမနှစ်နွေရာသီမှာ လော့ရန်ကိုအလည်သွားမည်လို့ မားတို့ပါးတို့နဲ့ကတိပေးထါးသည်။ဟီးဟီးး ကိုကိုကအရမ်းခင်ဖို့ကောင်းလောက်တယ်....။
ဒါနဲ့ သူ့ကိုတွေ့ရင်ရော မှတ်မိပါ့မလား....
"မားး!!!မားး"
အလုပ်လုပ်ရင်းတန်းလန်းသားငယ်အော်သံကြောင့် အပြေးအလွှား အခန်းထဲသွားရသည်။အခန်းထဲရောက်တော့ photo album
ကိုလက်ထဲတွင် ပိုက်ထားပြီးမျက်ရည်များဝိုင်းနေသည့် သားသား...
"ဘာဖြစ်လို့လဲ သားငယ်"
သားငယ်ကိုချီပြီးရင်ခွင်ထဲထည့်ရင်းမေးတော့ ရင်ခွင်ထဲကအတင်းပြန်ထွက်ကာ သူမကိုမော့ကြည့်လာသည်။
"အင့်.....ကို...ကိုကို"
"ဟမ်...."
Photo album ကိုလက်ညိုးထိုးကာ နူတ်ခမ်းလေးလှုပ်စိလှုပ်စိနဲ့ဘာပြောနေမှန်းမသိ။သူမရဲ့အမူအရာကြောင့်ထင် သားသားက မျက်နှာလေးပိုမဲ့လာပြီး ငိုရှုံ့ရှုံ့လေးဖြစ်လာတယ်။
"သားငယ်...မငိုရဘူး....ပြော....မားနားလည်အောင်ပြောလေကွယ်....သားပြောတာမားမှ နားမလည်တာ"
ချော့ပြောခါမှ album ကိုဖွင့်ကာရှောင်း
လေးပုံက်ိုလက်ညိုးထိုးပြတယ်။
"ကိုကို......"
"အင်းး ကိုကိုဘာဖြစ်လဲ...."
"ကိုကို က သားကို.....မှတ်မိလား"
သူမရဲ့မျက်နှာအခြေအနေအတိုင်းလိုက်ပြီး ပြောင်းလဲနေတဲ့ သားငယ်ရဲ့မျက်နှာထားကြောင့် "အွန်း မှတ်မိတာပေါ့ သားရဲ့"လို့ အလိုက်သင့်လေးပြန်ဖြေခဲ့သည်။တကယ်တမ်းဆို ရှောင်းလေးတို့နဲ့ တစ်ပတ်တာတွေ့ဆုံခဲ့တာကလွှဲ ရှောင်းလေးတို့ဘယ်မှာနေတယ်ဆိုတာမှ သူမတို့မသိခဲ့ပဲ.....
ပျော်ရွှင်သွားတဲ့သားငယ်ရဲ့မျက်နှာလေးကိုကြည့်ရင်း ရှောင်းလေးတို့ကိုသာ မတွေ့ရင် သားငယ်လေးဘယ်လိုဖြစ်မလဲဆိုတာသာ တွေးရင်းရင်မောနေရသည်။
💮
"ရိပေါ်......ရိပေါ်......အဆင်ပြေရဲ့လား....ဘာဖြစ်လို့လည်း....."
ကုတင်အောက်တွင်ပုံ့ပုံ့လေးထိုင်နေသော ရိပေါ်ကို အခန်းထဲပြန်ဝင်လာသည့်ရှောင်းကစိုးရိမ်တကြီး ဆွဲထူတယ်။ရိပေါ်ပျော်လွန်းလို့ ဘာစကားမှတောင်မထွက်နိုင်...သူအနှစ်နှစ်အလလ စောင့်မျှော်နေတဲ့ ကိုကို့ကိုသူပြန်တွေ့ခဲ့ပြီ......
"ကိုကို....ရှောင်းး ကိုကို့ကိုကျွန်တော်တွေ့ခဲ့ပြီ"
"ကိုကို......ရိ.....ရိပေါ်......."
"အီးးးဟီးးး ကိုကို့ကိုကျွန်တော်တွေ့ခဲ့ပြီလို့ရှောင်း....."
ရှောင်းကိုဖက်ကာ ဝမ်းသာမျက်ရည်များပါကျရင်း ပြောနေသော ရိပေါ်ကိုကြည့်ရင်း ဝေခွဲမရစွာ....ရိပေါ် ပြန်မှတ်မိသွားတာလား.....
————☘
"ရိပေါ် မှတ်မိသွားပြီလားဟင်"
"ဟင်....ဘာကိုလဲရှောင်း...."
ရှောင်းကျန့်ရဲ့လက်ကြားတွေထဲ သူ့လက်ကိုယှက်ကာ ပြုံးနေတဲ့ ရိပေါ်က ရှောင်းမေးတာကို အကြည့်တစ်ချက်မပို့ဘဲ ပြန်မေးတယ်။
အဟက်....မင်းအတွက်နေရာရှိသေးရဲ့လား ရှောင်း....... မင်းတော့ စိတ်ကူးယဉ်လွန်နေပြီ
ကမ္ဘာမှာ သူတို့နှစ်ယောက်ပဲရှိတော့သည့်အတိုင်း ရှောင်းကျန့်၏မျက်နှာ အစိတ်အပိုင်း တစ်ခုခြင်းစီကို ထိကြည့်လိုက် တဟီးဟီးနဲ့ သဘောတွေကျနေသော ရိပေါ်မှာ ဘေးနားမှာ ထိုင်နေသည့်ရှောင်းကိုပင်မေ့နေသည်ပင်....
စိတ်တိုတိုနဲ့နေရာကထ ထွက်သည်အထိတောင် ရိပေါ်ကသူ့အပေါ်အာရုံတစ်စိုးတစ်စိမျှရှိမနေ.....
"ကိုကို....ကိုကို တကယ်အရမ်းချောတာပဲ သိလား.....ဒါနဲ့ ကိုကို ကျွန်တော့ကိုမှတ်မိမှာပါနော်....."
မထွက်ခင်လေး ကြားလိုက်ရသည့်စကားအပိုင်းအစလေးနဲ့တင် ရှောင်းအတွက် ရိပေါ်ရဲ့ရင်ထဲမှာနေရာမရှိတော့တာကို နားလည်သဘောပေါက်သင့်ပြီ......
"ရှန်း!"
"ဘာလာလုပ်တာလဲ"
"ဘာလာလုပ်ရမှာလဲ ရိပေါ်တို့ဆီလာတာပေါ့"
"မင်းလာခဲ့.....အဲ့တာ ဘယ်ကိုလှမ်းဖို့ချောင်းနေတာလဲ"
အခန်းထဲဝင်ရန်ပြင်နေသူကြောင့် လက်မောင်းကနေဆွဲကာ ဆေးရုံအပြင်ခေါ်ထွက်ရတယ်။ မျက်စွန်မျက်ဖျားလေးကနေ ရိပေါ်ကိုမြင်လိုက်ရလို့လားမသိ......တစ်လမ်းလုံးငြိမ်ငြိမ်မလိုက်လာပဲ အတင်းရုန်းကန်ကာရိပေါ်နိုးလာပြီလားဆိုတဲ့မေးခွန်းတစ်စီတစ်တန်းနဲ့အတူ အခန်းထဲ ပြန်သွားချင်နေသည်။
"ရန်ဟွေ့!!!!!!"
"ဗျာ......"
စိတ်မရှည်တော့လို့ ဆွဲထားသည့်လက်မောင်းကိုလွှတ်ကာ အသံမာမာနဲ့နာမည်အော်ခေါ်တော့ အစောက ရုန်းကန်နေတာ သူမဟုတ်သည့်အတိုင်း သူ့ဘေးနားပြန်လာရပ်ပြီး မျက်နှာငယ်လေးနဲ့ဗျာလို့ပြန်ထူးတယ်။အော်......တတ်လဲတတ်နိုင်တယ်.....မသိရင် အေးပါ...အေးပါ....ငါပဲ လူဆိုးကြီး
"ငြိမ်ငြိမ်လိုက်ခဲ့...ငါစိတ်မတိုချင်ဘူး"
"အွန်း"
************************************