ကမၻာႀကီး၏ အခ်စ္ ဆြဲအား ( ကမ...

By koeekhoon

91.4K 9.5K 869

အျခားသူေတြအတြက္ ကမၻာႀကီးက လံုးလား ျပားလား မသိေပမဲ့ ေဘဘီ့ကမၻာႀကီးက လံုးတယ္ဗ်။ ငါတို႔ ကမၻာႀကီးက အလံုး။ ကမၻာႀကီ... More

Introduction
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
❕19.5 ❕
20
21
22
23
24
25
26
❗26.5❗
28
Final
တစ္ႏွစ္ျပည့္ အခ်ပ္ပို ( တစ်နှစ်ပြည့် အခ်ပ္ပို )
Extra - 1
Extra - 2

27

1.9K 207 15
By koeekhoon

အပိုင္း ( ၂၇ )

" ဘာျဖစ္လို႔လဲ ကေလး! "

" ဟင္း! "

မမယ္က ရာရာ၏ ညိဳးငယ္ေနေသာ မ်က္ႏွာေလးကို ၾကည့္၍ ေမးသည္။ ရာရာက ေဖ်ာ္ရည္ကို ငံု႔ေသာက္ေနရာမွ ေမာ့ၾကည့္ကာ သက္ျပင္းခ်သည္။

သက္ျပင္းတစ္ခါခ်လ်ွင္ အသက္တစ္ရက္တို၏ ။

" အိမ္မွာေလ ဘြားဘြား ေရာက္ေနတယ္ "

" အာ့တာ ဘာျဖစ္လဲ "

" ဟြန္႔ ဘာျဖစ္ရမွာလဲ၊ အိမ္မွာ ဘြားဘြား ေရာက္ေနေတာ့ အေနရခက္တယ္ "

" ဘာလို႔ ေရာက္ေနတာလဲ "

" ကိုကို ေစ့စပ္ပြဲဆိုလားပဲ "

" ကမၻာ သိလား "

" ကိုကို သိတယ္၊ ဒီတစ္ပတ္ေတာင္ အိမ္ကို မလာဘူး "

မမယ္က ရာရာ၏မ်က္ႏွာေလးကို ၾကည့္၍ ေဘေဘးအတြက္ စိတ္ပူမိသည္။ ေဘေဘး ဘယ္လိုေနပါလိမ့္။

ေသခ်ာပါသည္ ကမၻာ့ဘက္က သေဘာတူၾကမွာ မဟုတ္ပါ။ ကမၻာနဲ႔ေဘေဘးကိုပဲ သေဘာမတူၾကမွာ မဟုတ္ဘဲ၊ သူနဲ႔ရာရာကိုလည္း သေဘာတူၾကမည္ မဟုတ္ပါ။

" မမ ဘာျဖစ္လို႔လဲ "

" မမ ေဘေဘးအတြက္ စိတ္ပူလို႔ပါ "

" ေမေမတို႔မွ သေဘာမတူတာ၊ ကိုကိုတို႔က ဘယ္လိုလုပ္ရမွာလဲ "

မမယ္ ရာရာ၏စကားေၾကာင့္ စုပ္တစ္ခ်က္ သပ္လိုက္သည္။ ဒီေကာင္မေလးက နည္းနည္းမွ အလိုက္ကမ္းဆိုး မသိ။

အခုလိုပဲ သူနဲ႔ရာရာကို သေဘာမတူလည္း ဒီတိုင္း လမ္းခြဲေပးမည့္ပံုပင္။

" မမယ္ မနက္ျဖန္ ႐ုပ္႐ွင္ သြားၾကည့္ရေအာင္ေနာ္ "

" မနက္ျဖန္ မအားဘူး၊ အလုပ္ကိစၥ ႐ွိတယ္ "

" မနက္ျဖန္ ရံုးပိတ္ရက္ေလ "

" နယ္ဘက္ သြားစရာ ႐ွိတယ္ "

" ဟင္ ရာရာေတာ့ မမယ္ မ႐ွိရင္ ပ်င္းေနေတာ့မွာပဲ၊ အျပန္ လက္ေဆာင္ ဝယ္ခဲ့​ေနာ္၊ မုန္႔ေရာ ဝယ္ခဲ့ေနာ္ "

ခရီးသြားမည့္သူကို ဂ႐ုစိုက္သြား၊ ဘာလိုအပ္ေသးလဲ မေမး၊မေျပာဘဲ သူ ပ်င္းေတာ့မည္၊ အျပန္လက္ေဆာင္ႏွင့္မုန္႔သာ မွာသည္။

မမယ္ ဒီလို အလိုက္ကမ္းဆိုး မသိသည့္ေကာင္မေလးကို ဘယ္လိုမ်ား ခ်စ္ခဲ့သည္ မသိ။

~~~~~~~~~~~~~~~~~~~~~~~~~~

" ကြၽန္ေတာ္ သြားမေတြ႔ႏိုင္ဘူး "

" အခုက သားကို သေဘာက်၊ မက် သြားၾကည့္ခိုင္းတာ၊ အာ့မိန္းကေလးကို ယူရပါမယ္လို႔ မေျပာဘူး "

" ကြၽန္ေတာ္ သေဘာမက်ဘူး "

" ေတြ႔မၾကည့္ရေသးဘဲနဲ႔ ဘယ္လိုမ်ား သေဘာမက်ဘူးလို႔ တ,ထစ္ခ်ေျပာႏိုင္ရတာလဲ "

နန္းမူသည္ ကမၻာ၏စားေသာက္ဆိုင္အထိ လာေတြ႔ကာ ေျပာေနသည္။ ကမၻာသည္လည္း လံုးဝကို လက္မခံႏိုင္။ ေဘဘီ့အေပၚ ဘယ္လိုမွ သစၥာမမဲ့ႏိုင္ပါ။

သူ၏ကိုယ္၊စိတ္၊ႏွလံုးသံုးပါးစလံုးကို အဏၰဝါျပည့္စံုဆိုသည့္ ေယာက်ၤားတစ္ေယာက္ကသာ ပိုင္ဆိုင္ပါသည္။

" ေတြ႔ၾကည့္လိုက္ပါလား သား၊ သား သေဘာမက်ဘူးဆို ေမေမ ေနာက္ခါ အခုလို မလုပ္ေတာ့ဘူးေလ၊ ေဘဘီလံုးနဲ႔ကိုလည္း ေမေမ စဥ္းစားေပးမယ္ေလ၊ ေနာ္ သား၊ ဘယ္လိုလဲ "

" ကြၽန္ေတာ္ မေတြ႔ခ်င္ဘူး၊ အခုလို သြားေတြ႔လည္း ဘာမွအက်ိဳးထူးမွာ မဟုတ္ဘူး၊ ဘာမွမဟုတ္ဘဲ သြားေတြ႔မွာ ေဘဘီ သိသြားရင္ အလကားသက္သက္ စိတ္မေကာင္းျဖစ္တာပဲ အဖက္တင္မွာ "

" ေမေမ အတင္းအၾကပ္ မေျပာပါဘူး၊ သား သေဘာမက်ဘူးဆို ေမေမက ေနာက္ခါ မလုပ္ေတာ့ဘူးေလ၊ သားကိစၥကိုလည္း ေမေမ စဥ္းစားေပးမယ္ေလ "

" အခု သြားေတြ႔တာ ေဘဘီအေပၚ ေမေမ အျမင္ေျပာင္းဖို႔အတြက္ သြားေတြ႔မွာ၊ က်န္တာ ကြၽန္ေတာ္ ဘာစိတ္မွ မ႐ွိဘူး "

" အင္း ေမေမ သိတယ္ "

နန္းမူက ခ်ိဳသာစြာ ျပံဳးကာ ေျပာသည္။ ကမၻာက ေမေမ ေဘဘီ့အေပၚ အျမင္ေျပာင္းလဲဖို႔ကိုပဲ လိုလားပါသည္။ သူ႔ကမၻာသည္ ေဘဘီလံုးေၾကာင့္ လည္ပတ္ေနၿပီး ေဘဘီလံုးေၾကာင့္ အသက္ဆက္႐ွင္သန္ေနရပါသည္။

~~~~~~~~~~~~~~~~~~~~~~~~~~

" ဘြားသီ "

ေဘဘီလံုး ရံုးပိတ္ရက္ ျဖစ္၍ အိမ္ကို ျပန္လာျခင္း ျဖစ္သည္။ ဧည့္ခန္း၌ ထိုင္ေနေသာ ႀကီးေမေဒၚသီတာ႐ွင္းအနား ေျပးသြားကာ ရင္ခြင္ထဲ ဝင္တိုးကာ ဖက္ေတာ့သည္။

" ေခြးေပါက္ေလး အခုေတာ့ အိမ္ကို ျပန္လာၿပီေပါ့ "

" ဟုတ္ "

" ေျပာပါအံုး ဘြားကိုေတာင္ လာမေတြ႔ႏိုင္ေအာင္ ကမၻာလံုးနဲ႔ ဘာလုပ္ေနတာလဲ ဟမ္ "

" ဟီး ဘာမွမလုပ္ပါဘူး၊ သား မအားလို႔ပါ၊ ဒယ္ဒီက အလုပ္ေတြ နင္းကန္ခိုင္းတာ "

" ဟုတ္လား၊ လင္းအဏၰဝါညိဳက ငါ့ေျမးကို ခိုင္းစားေနတာေပါ့၊ ဘြား မွတ္လိုက္ေအာင္ ၾကက္ေမႊးနဲ႔ ခ်လိုက္မယ္ "

" ဟုတ္ "

ေဘဘီလံုးက ႀကီးေမရင္ခြင္ထဲဝင္ကာ ခြၽဲေနေတာ့သည္။ တစ္အိမ္လံုးမွာ အငယ္ဆံုးေလး၏ခြၽဲေနမႈကို မည္သူမွ မခံႏိုင္။

" အလံုးတို႔ အစ္မသီတာကို ဘာေတြကပ္ခြၽဲေနတာလဲ "

ဧည့္ခန္းထဲကို သစ္သီးပန္းကန္ ကိုင္လာရင္း ေနာ္နန္းက ျပံဳးျပံဳးေလးေမးသည္။ ေဘဘီလံုး ႀကီးေမရင္ခြင္ထဲကေန မ်က္စိကိုမွိတ္ကာသြားၿဖီးရယ္ျပသည္။

" ဘြားနန္း "

" အြင္း လံုးလံုးေလး၊ အိမ္ကို ျပန္လာေဖာ္ရေသးသားပဲ၊ ဘြားတို႔က မဂၤလာေဆာင္မွပဲ ေတြ႔ရေတာ့မယ္ ထင္ေနတာ "

" ဘြားကလည္း..."

ေနာ္နန္းက ခ်စ္စႏိုးႏွင့္ စ,ေနာက္သည့္အခါ ေဘဘီလံုးက ႏႈတ္ခမ္းစူျပသည္။ ေဖတို႔ သိေနၿပီဆိုကတည္းက ဘြားတို႔လည္း သိမည္ဆိုတာ သူ ခန္႔မွန္းမိပါသည္။

ဘြားသီကို ဒယ္ဒီက ေၾကာက္သည္။ ဘြားသီကို တစ္အိမ္လံုးက ေၾကာက္သည္။ သူ႔ကို တစ္အိမ္လံုးက ခ်စ္ၾကသည္။

" ဘြားသီ "

" ၾကက္ေမႊးလား၊ ႀကိမ္လံုးလား "

" ဘြားကလည္း သိေနတာကို၊ လာစ,​ေနတယ္၊ သား တကယ္ ညစ္ေနတာ "

" ကမၻာက သားဘက္ကမလား "

" ဘာကေတာ့ သားဘက္ကေပါ့၊ ဒါေပမဲ့ တီနန္းမူတို႔က သေဘာမွမတူတာ "

" သေဘာမတူ ခိုးေျပးေလ "

" ဘြားသီက ေျမႇာက္ေပးေနတာပဲ "

" ေဟာ့ေတာ္ ဒါဆို ဘြားက ဘာလုပ္ေပးရမွာလဲ "

" လိုက္ေျပာေပး "

" အို လိုက္ေျပာမေပးႏိုင္ပါဘူး၊ ငါတို႔အိမ္က တန္ဖိုးအႀကီးဆံုး ရတနာကို သူတို႔က ဘာမွတ္ေနတာလဲ "

" သိဘူး "

" ေျမးက ကမၻာ့အေမကို ေျပရာေျပေၾကာင္း ေျပာမၾကည့္ဘူးလား "

" ဟြန္း ဘြားနန္းပဲ စဥ္းစားၾကည့္ဗ်ာ၊ သူတို႔က လံုးေၾကာင့္ ကမၻာ gayတယ္လို႔ပဲ ထင္ေနၾကတာ "

" မဟုတ္လို႔လား " (ႀကီးေမ)

" ဘာမွမဟုတ္ဘူး ကမၻာ့ဘာသာ gayတာ၊ ဒါကို လံုးက ခ်စ္လို႔ လံုးေၾကာင့္ပဲ gayရတယ္ ႐ွိေသးတယ္၊ ၾကည့္ေန၊ ကမၻာ့ကို တစ္ကမၻာလံုးသိေအာင္ ေၾကညာၿပီးမွ ယူပစ္မွာ "

" အာ့ဆိုလည္း ဘြားကို ယူျပပါအံုးလား "

" ယူျပမယ္ ၾကည့္ေန "

ေဘဘီလံုး၏ မခံခ်င္စိတ္ေလးသည္ ဘြားသီနဲ႔ဘြားနန္းေၾကာင့္ ထြက္ေပၚလာရသည္။

~~~~~~~~~~~~~~~~~~~~~~~~~

ေဘဘီလံုး အိမ္မွာ အဘြားႏွစ္ေယာက္ႏွင့္အေဖႏွစ္ေယာက္ကို ကပ္ခြၽဲလို႔ ဝေတာ့မွ ကြန္ဒိုကို ျပန္ခဲ့သည္။

Ring!

ေဘဘီလံုး ဖုန္းကို ဖြင့္ၾကည့္လိုက္ေတာ့ ျမင္ရသည့္ပံုေၾကာင့္ ကားကို ေဘးသို႔ ထိုးရပ္လိုက္သည္။

ပံုထဲ၌ ကမၻာက ေကာင္မေလးတစ္ေယာက္ႏွင့္ စကားေျပာေနၾကသည္။ ဆိုင္အျပင္အဆင္ႏွင့္ အေနအထားကို ေဘဘီလံုး သိပ္ကို ရင္းႏွီးသည္။

သူႏွင့္ကမၻာ ခဏခဏသြားတတ္ေသာ ေကာ္ဖီဆိုင္၊ သူတို႔ ထိုင္ေနက် ေထာင့္ဆံုးဝိုင္းေလး။

" ငယ္က ငါ မသိေအာင္ ေတြ႔ေနတယ္ေပါ့ "

ေဘဘီလံုးက ခပ္ဟဟရယ္ကာ ကားကို ထိုဆိုင္သို႔ ဦးတည္လိုက္သည္။ နာရီဝက္ဆိုသည့္ အခ်ိန္အေတာအတြင္း ထိုဆိုင္၏ကားပါကင္တြင္ ကြၽမ္းက်င္စြာ ကားကို ထိုးလိုက္ၿပီး ဆိုင္တြင္းသို႔ ဝင္ခဲ့သည္။

ဆိုင္ထဲသို႔ ဝင္လိုက္သည္ဆို တံခါးဝမွာ ခ်ိတ္ဆြဲထားသည့္ ေခါင္းေလာင္းေလးက ျမည္လာၿပီး ဆိုင္၏အဝင္ဝေကာင္တာေပၚမွ ေၾကာင္႐ုပ္ေလးဆီက ”မဂၤလာပါ”ဟူေသာ အသံေလးက ထြက္လာသည္။

ထိုအသံေလးက လြန္ခဲ့သည့္႐ွစ္ႏွစ္ေက်ာ္က အတိုင္းပင္၊ မေျပာင္းလဲသည့္ဆိုင္အျပင္အဆင္ႏွင့္ေတာင္ ထိုဆိုင္ကေလးသည္ ပံုမွန္လည္ပတ္ေနသည္။ ေဖာက္သည္ေဟာင္းမ်ားက လာေနက်မလို႔ ဧည္သည္ဟူ၍ မျပတ္။

ေဘဘီလံုး ေထာင့္ဆံုးဝိုင္းမွာ ေက်ာေပးကာ ထိုင္ေနၾကသည့္ႏွစ္ေယာက္ကို ၾကည့္၍ မ်က္ႏွာကို မဲ့ပစ္သည္။ ကမၻာက သူ႔ဘက္ကို ေက်ာေပးထားသျဖင့္ သူ ေရာက္ေနသည္ကို မသိ။

ေဘဘီလံုး ေကာင္တာမွာ ကိတ္ကို မွာယူၿပီး ထိုေထာင့္ဆံုးဝိုင္းသို႔ ေလ်ွာက္လာသည္။ ေဘဘီလံုး၏အျပဳအမူက သိပ္ကိုတည္ျငိမ္ေနသည္။

ကိတ္မုန္႔ပန္းကန္ျပားေလးကို စားပြဲေပၚသို႔ တင္ေပးလိုက္သည္။ ေမာ့ၾကည့္လာသည့္ မ်က္ဝန္းမ်ားက သိပ္ကို အျပစ္ကင္းစင္ေယာင္။

ဘယ္လိုလဲဟူေသာ အၾကည့္တစ္ခ်က္ႏွင့္ ႏႈတ္ခမ္းတစ္ဖက္ကို မဲ့ကာ ျပံဳးျပလိုက္ေတာ့ မလံုမလဲႏွင့္ မ်က္ႏွာလြဲသြားသည္။

ဒါ အစ ႐ွိေသးသည္ စိုင္းကမၻာငယ္!!
ခ်စ္လို႔ အလိုက္လိုက္၊ မသိခ်င္ေယာင္ေဆာင္ထားတာ ေရာင့္တက္မလာနဲ႔!!

" သူက ဘယ္သူလဲ ကိုစိုင္း "

ကိုစိုင္းတဲ့၊ ဟြန္း သိပ္ကိုရင္းႏွီးေနၾကၿပီေပါ့။ သူ ဟြန္းခနဲ တစ္ခ်က္ရယ္ေတာ့ ေမာ့ၾကည့္လာသည္။

" ေဘဘီ ဒါ ႏြယ္ေတာ္ဝင္ "

ကမၻာ ေဘဘီ ဘယ္ကဘယ္လိုသိၿပီး ေရာက္လာလဲ မသိပါ။ သူတို႔စကားေျပာေနတုန္း စားပြဲေပၚ လာခ်သည့္ စေတာ္ဘယ္ရီကိတ္မုန္႔ေပၚ ေခ်ာကလက္ႏို႔ရည္ေလာင္းထားသည့္ ကိတ္မုန္႔ေၾကာင့္ ေဘဘီလံုးေရာက္ေနၿပီဆိုတာ သိလိုက္သည္။

ေရာက္ကတည္းက မထိုင္ဘဲ မတ္တပ္ရပ္ႀကီးႏွင့္ သူ႔ကို ေလွာင္ရယ္ေနတာ။ အခုလို လာေတြ႔တာ ဘယ္သူ႔ေၾကာင့္လဲ။

" ကိုယ္က စိုင္းကမၻာငယ့္ခ်စ္သူ၊ ဒီဘက္က ငယ္နဲ႔ေစ့စပ္မဲ့သူ ထင္တယ္ "

မတ္တပ္ရပ္ႀကီးကေန ကမၻာ့ေဘး ပိုင္စိုးပိုင္နင္း ဝင္ထိုင္ကာ ခါးကိုပင္ ဆြဲဖက္လိုက္ၿပီး သူ႔ကိုယ္သူ ကမၻာ့ခ်စ္သူလို႔ မိတ္ဆက္ၿပီး တစ္ဖက္မိန္းကေလးကိုလည္း စိုက္ၾကည့္ေနေသးသည္။

" ေဘဘီ..."

ကမၻာ ေဘဘီလံုး၏လက္ကို ဆြဲျဖဳတ္ေနေပမဲ့ မရ၊ ေ႐ွ႕က ႏြယ္ေတာ္ဝင္သည္လည္း သူတို႔ႏွစ္ေယာက္ကို တစ္လွည့္စီၾကည့္ေနသည္မွာ သနားစရာပင္ ေကာင္းလွသည္။

" ေျပာေလ ငယ္ရဲ႕၊ ကိုယ့္ကို ဘာလို႔ေခၚတာလဲ၊ အာ...ဟုတ္သားပဲ ငယ္ ႀကိဳက္တဲ့ စေတာ္ဘယ္ရီကိတ္ကို ေခ်ာကလက္ႏို႔ရည္ပူပူေလး ေလာင္းထားတာ မစားရေသးဘူးပဲ၊ ကိုယ္က ေ့မေနတာ sorry ငယ္ "

ေဘဘီလံုးက ေျပာၿပီး ကိတ္ပန္းကန္ကို ေ႐ွ႕တည့္တည့္ ယူလိုက္ၿပီး ကမၻာ့ကိုဆြဲဖက္ကာ ေခါင္းေလးကိုလည္း နမ္းလိုက္ေသးသည္။ ထိုအျပဳအမူသည္ အျခားအေျခအေနမွာ ကမၻာရင္ခုန္သြားႏိုင္ေပမဲ့ အခုခ်ိန္မွာ ရင္ခုန္ရမည့္အစား ရင္တုန္ေနရသည္။

" ဘယ္ကဘယ္လို ေရာက္လာတာလဲ "

" အလုပ္ကိစၥ ဒီနားေလးမွာ ႐ွိလို႔၊ လာရင္း ငယ့္ကား ေတြ႔လို႔ ဝင္လာတာ၊ ဘာလို႔လဲ ငယ္ရဲ႕၊ ကိုယ့္ကို တစ္ေန႔မေတြ႔ရေသးဘူး လြမ္းေနၿပီလား "

ေဘဘီလံုး၏ႏုႏုယြယြစကားမ်ားေၾကာင့္ ကမၻာ ရင္ေတြတုန္ကာ လက္ဖ်ားေျခဖ်ားမ်ားပင္ ေအးစက္လာရသည္။

" အလုပ္ကိစၥက ၿပီးခဲ့ၿပီလား "

" ၿပီးခဲ့ၿပီ၊ ကိုယ္နဲ႔အတူ ျပန္ေတာ့မလား "

" ႏြယ္ေတာ္ဝင့္ကို....."

" sorry ကိုယ္က သူ႔ကို သတိမထားမိလိုက္ဘူး၊ ငယ္ပဲ ကိုယ့္စိတ္ထဲ ႐ွိေနတယ္ထင္လို႔ "

ေဘဘီလံုးက ကမၻာ၏ေကာ္ဖီခြက္ကို ကမၻာေသာက္သည့္တစ္ေနရာတည္းကပဲ ေသာက္လိုက္သည္။

" black coffeeေပမဲ့လည္း ငယ့္ႏႈတ္ခမ္းေနရာေလးက ေသာက္လို႔လား မသိဘူး ခ်ိဳေနတာပဲ "

ကမၻာ ေဘဘီလံုး၏စကားေၾကာင့္ နားရြက္ဖ်ားမ်ားပင္ နီရဲလာသည္။ အခုလို ပိုင္းစိုးပိုင္နင္း အမူအရာမ်ားသည္ သူ႔ရင္တြင္းသို႔ ထိုးေဖာက္ကာ ဝင္ေရာက္လာသည္။

" အခု ျပန္ေတာ့မွာလား "

" အင္း၊ ကိုယ္ ျပန္ႏွင့္မယ္၊ အိမ္ျပန္ေရာက္ရင္ ငယ္ အား႐ွိေအာင္ စားဖို႔ ကိုယ္ ျပင္ထားႏွင့္မယ္ "

" အင္း၊ ေရခဲေသတၱာထဲမွာလည္း ဟင္းခ်က္ေတြ ႐ွိေနေသးတာပဲ၊ ေႏႊးစားလိုက္ရင္ အဆင္ေျပေနတာပဲ၊ ပင္ပန္းေအာင္ ျပင္မေနနဲ႔ "

" ကိုယ္က ငယ့္အတြက္ သီးသန္႔ "

" ကိုစိုင္း "

ေ႐ွ႕က ႏြယ္ေတာ္ဝင္ အသံၾကားမွ ႏွစ္ေယာက္ တစ္ကမၻာတည္ေနရာမွ ေမာ့ၾကည့္ၾကသည္။ ေဘဘီလံုးက ကမၻာ၏ခါးကို ဆြဲဖက္ၿပီး နဖူးေလးကို နမ္းလိုက္ၿပီး နား,နားကပ္ကာ.....

" ငယ္ အိမ္ျပန္ေရာက္ရင္ ည အိပ္ရမယ္ မထင္နဲ႔၊ ငယ့္အျပစ္ ငယ္ သိ"

တိုးတိုးေလး ကပ္ေျပာကာ မတ္တပ္ထရပ္ၿပီး ကမၻာ၏ဆံပင္ကို ဆြဲဖြၿပီး ထြက္သြားသည္။ ကမၻာမွာ ေဘဘီလံုး၏ နားနားကပ္ကာ တိုးတိုးေလး ေျပာသြားေၾကာင့္ စကားေၾကာင့္ အိမ္ျပန္ရမွာ ခပ္လန္႔လန္႔ပင္။

" ကိုစိုင္းက Gayလား "

" ........"

~~~~~~~~~~~~~~~~~~~~~~~~~~

ကမၻာ ႏြယ္ေတာ္ဝင္ႏွင့္ေတြ႔အျပန္ ေဖေဖ၏ျပခန္းကို ဝင္ခဲ့သည္။ ထိုျပခန္းေ႐ွ႕မွာ တစ္နာရီေလာက္ ေတြေဝၿပီးမွ အထဲသို႔ဝင္ဖို႔ ဆံုးျဖတ္ခဲ့သည္။

သူ႔ျဖစ္တည္မႈကို သူ႔မိသားဝင္ျဖစ္တဲ့ေဖေဖတစ္ေယာက္ကေတာ့ နားလည္လက္ခံေပးပါ့မလား။

သူ ပန္းခ်ီျပခန္းအတြင္း ဝင္လိုက္သည္ဆို ေအးခ်မ္းမႈႏွင့္ႏွစ္လိုမႈကို ခံစားမိသည္။ အျဖဴႏွင့္အျပာႏုႏုကိုသာ သံုးထားသည္က မ်က္စိပေဒသျဖစ္ေစၿပီး ရင္ေအးေစသည္။

ခ်ိတ္ဆြဲထားသည့္ ပန္းခ်ီမ်ားသည္ နီးေဝးျမင္စနစ္၊ သဘာဝ႐ႈေမ်ွာ္ခင္းပံု၊ လူပံု အစ႐ွိသျဖင့္ ေဒါင္လိုက္၊ အလ်ားလိုက္၊ အရြယ္အစားမ်ိဳးစံု ပန္းခ်ီကားမ်ားသည္ ၾကည့္မဆံုး။

အခ်ိဳ႕ပန္းခ်ီကားမ်ားသည္ အရြယ္အစား ႀကီးၿပီး ေရးဆြဲမွ သင့္ေတာ္ေကာင္းမြန္သည္။ သဘာဝ႐ႈခင္းမ်ားသည္လည္း ေတာေတာင္ေရေျမသဘာဝႏွင့္ လူတို႔၏ေနထိုင္မႈပံုစံမ်ား ထင္ဟပ္ေနသည္။

ယဥ္ေက်းမႈကို အေျခခံဆြဲထားေသာ ေကာက္ေၾကာင္းပန္းခ်ီမ်ား။ ကမၻာ ျပခန္းအတြင္း လွည့္လည္ၾကည့္႐ႈ့မိသည္။

ေဖေဖ၏ႀကိဳးစားမႈသည္ အရာထင္ပါသည္။ ပန္းခ်ီကို ခ်စ္ေသာ၊ ျမတ္ႏိုးေသာ ေဖေဖက သူ၏စိတ္ကို မပစ္ပယ္ခဲ့ပါ။ တစ္ခ်ိန္က ေဖေဖသည္ ေမေမေၾကာင့္ စုတ္တံကို စြန္႔လႊတ္ခဲ့သည္။ သူ ေမြးဖြားၿပီးခ်ိန္၌ ေဖေဖသည္ စုတ္တံကို ျပန္လည္ကိုင္ေဆာင္ခဲ့သည္။

သူ၏လက္ဖဝါးေသးေသးေလးမ်ား၊ ေျခဖဝါးေသးေသးေလးမ်ားကို စုတ္တံျဖင့္ ေဆးျခယ္ခဲ့သည္။ ေဖေဖ၏ကိုယ္ပိုင္ ပန္းခ်ီခန္းသည္ သူ၏ငယ္ဘဝအမွတ္တရမ်ားႏွင့္ ျပည့္စံုေနသည္။ ငယ္ငယ္က ေဖေဖႏွင့္သာ အေနမ်ားခဲ့သည္မလား။

ေဖေဖႏွင့္ သူသည္ ေမေမထက္ ပိုရင္းႏွီးခဲ့သည္။ ေဖေဖသည္ သူ႔ကိုရာရာထက္ ပိုခ်စ္ခဲ့သည္။

" သား! "

ေဖေဖ၏အသံက ေနာက္က ထြက္လာသည္ဆို ကမၻာ လွည့္ၾကည့္မိသည္။ စတစ္လက္႐ွည္ႏွင့္ အကြက္ႏုပ္ပုဆိုးကို ဝတ္ဆင္ထားေသာ ေဖေဖက တည္ၿငိမ္ခန္႔ညားပါသည္။

" ေဖေဖ "

ကမၻာက ဦးခ်စ္ခ်စ္ကို ျပံဳးျပ၍ ေခၚသည္။ ဦးခ်စ္ခ်စ္က ကမၻာ၏ပခံုးကို ဖက္ၿပီး ေ႐ွ႕သို႔လွည့္ကာ နံရံမွာ ခ်ိတ္ဆြဲထားေသာ ပန္းခ်ီကို ၾကည့္သည္။

" ဒါ ေဖေဖ ဆြဲထားတာ "

ေအာက္ေျခမွာ ကမၻာလံုးပံုသဏၭာန္သ​ေကၤကို ျမင္ကတည္းက ေဖေဖ ေရးဆြဲထားသည္ဆိုတာ သူ သိပါသည္။ ေဖေဖ၏signသည္ သူ၏နာမည္ျဖစ္သည္။

ပန္းခ်ီသည္ ညေန ေနဝင္ဆည္းဆာကို ေရးဆြဲထားျခင္း ျဖစ္သည္။ ေနဝင္ဆည္းဆာတြင္ သက္တံက ေပၚထြက္ေနၿပီး ေက်းငွက္မ်ားက ပ်ံသန္းေနသည္။ ျမစ္ေရျပင္ကို ေမးတင္ကာ ဆြဲထားသည္က သက္ဝင္လွသည္။

ျမစ္ေရျပင္၊ စိမ္းအံု႔ေနသည့္ ေတာင္တန္းၾကီးေနာက္ကို  ဝင္ေတာ့မည့္ ေနလံုးႀကီး၊ ထြက္ေပၚေနသည့္သက္တံ၊ ေက်းငွက္ အခ်ိဳးအစားက်စြာ ေရးဆြဲထားသည္။

" ေဖ့သား ႀကိဳက္ရင္ ပို႔လိုက္မယ္ "

" ဟုတ္ "

ကမၻာ ေခါင္းၿငိမ့္ကာ လက္ခံလိုက္သည္။ သူ၏ကြန္ဒိုတြင္ ပန္းခ်ီကား မ႐ွိေသးပါ။

" ေဖ​ေဖ့ အခန္းထဲ သြားရေအာင္ "

ဦးခ်စ္ခ်စ္က ကမၻာ၏ပခံုးကို ဖက္ၿပီး သူ၏ကိုယ္ပိုင္ အခန္းထဲသို႔ ေခၚခဲ့သည္။ သူ၏အခန္းထဲတြင္ ပန္းခ်ီကားအေသးေလးမ်ားျဖင့္ လွခ်င္တိုင္းလွေနေတာ့သည္။

ကေလးတစ္ေယာက္၏ေမြးကင္းစမွ အရြယ္ေရာက္သည္အထိ အဆင့္ဆင့္ႀကီးျပင္းလာပံုကို ေရးဆြဲထားျခင္း ျဖစ္သည္။

ကမၻာက ပံုေတြကို စိတ္ႀကိဳက္ၾကည့္ၿပီးမွ ခံုမွာ ဝင္ထိုင္သည္။ ထိုင္ခံုႏွစ္လံုးသာ ႐ွိၿပီး ပန္းခ်ီဆြဲပစၥည္းမ်ားတင္ေသာ စားပြဲတစ္လံုးသာ ႐ွိသည္။ ဦးခ်စ္ခ်စ္၏ပန္းခ်ီဆြဲခန္း ျဖစ္သည္။

" ေဖ့သား ဘာေျပာခ်င္လို႔လဲ ေျပာ "

ဦးခ်စ္ခ်စ္က မ်က္မွန္ကို ခြၽတ္ကာ ျပံဳးစစႏွင့္ေမးသည္။

" ေဖေဖ ေမေမ့ဆီက ၾကားၿပီးေလာက္ၿပီေပါ့ သားအေၾကာင္းကို....."

" ဘာကိုလဲ....ဪ...သိၿပီ၊ သားေမေမစကားကို ဘာမွထည့္စဥ္းစားေနစရာ မလိုဘူး၊ သားကို ေဖေဖတို႔ေတာင္ ဂ႐ုစိုက္မေပးႏိုင္တာ၊ သားကို ခ်စ္ေပးဂ႐ုစိုက္ေပးမဲ့လူ႐ွိေတာ့ ဘာသေဘာမတူစရာ႐ွိလဲ၊ မိန္းမေတြရဲ႕ကိစၥထဲ ေဖေဖ့သား ေခါင္း႐ႈပ္စရာ မလိုဘူး "

ဦးခ်စ္ခ်စ္က ေပါ့ပါးဟန္ျဖင့္ ေျပာသည္။ သူသည္ မိဘတာဝန္ မေက်ပြန္ေသာ လူတစ္ေယာက္ဟု ခံယူထားသည္။ ေယာကၡမကို မလြန္ဆန္ႏိုင္သူ။ ဒါေပမဲ့ သား၊သမီးအေပၚေတာ့ အလြန္ခ်စ္၊ နားလည္ေပးတတ္သူပင္။

" ေက်းဇူးပါ ေဖေဖ "

" သား ေပ်ာ္ေနဖို႔ပဲလိုတာ၊ ေဖေဖက သားအေပၚ အေဖတာဝန္ မေက်ပြန္ခဲ့ဘူး၊ ေနာက္ သားကို ပစ္ထားခဲ့မိတယ္၊ ေဖေဖအေနနဲ႔ မစိမ္းသက္ေပမဲ့ ေဖေဖ့သားက Gayဆိုတာကို အေဖတစ္ေယာက္အေနနဲ႔ လက္မခံႏိုင္ေပမဲ့၊ ငါ့သား ေပ်ာ္ရႊင္ေနတာ၊ ငါ့သားကို ခ်စ္ေပးမဲ့သူ၊ဂ႐ုစိုက္ေပးမဲ့သူ ႐ွိလာေတာ့ ေဖေဖ လက္မခံဘဲ မေနႏိုင္ဘူး၊ ေဖေဖက သားကို ေပ်ာ္ရႊင္ေစခ်င္တာ "

" ဟုတ္၊ သား ေဘဘီနဲ႔အတူ ေနရတာ ေပ်ာ္တယ္ "

မိဘတစ္ေယာက္အေနႏွင့္ မိမိသား လိင္တူခ်စ္ႀကိဳက္သည္ကို လက္မခံႏိုင္ေပမဲ့ မိမိသား ေပ်ာ္ရႊင္ေနသည္ကိုေတာ့ မဖ်က္ဆီးရက္ပါေပ။

" သားေမေမကိုလည္း ေဖေဖ ေျပာထားတယ္၊ သားဘြားဘြားကိုေတာ့ လႊတ္ထားလိုက္၊ သူက သိတယ္မလား၊ ဒါသမားေလ....."

ကမၻာ ေဖေဖ၏စကားေၾကာင့္ စိတ္လြတ္ကိုယ္လြတ္ ရယ္မိသည္။ ဘြားဘြားသည္ အတြက္အခ်က္သမားပင္။ ေဖေဖ့ကိုလည္း အႏုပညာပန္းခ်ီသမားမို႔ မႏွစ္သက္သည္ မဟုတ္ဘဲ၊ ေငြ႐ွာမေကာင္းလို႔ပင္။

အခုေတာ့ သူ၏သမက္ ျပခန္းသည္ အဝင္ေကာင္းလာသျဖင့္ ေဖေဖ့ကို လႊတ္ထားေပးေတာ့သည္။

ဘြားဘြားလည္း ေဘဘီ၏ေငြ႐ွာေကာင္းေၾကာင္းကို သိလ်ွင္ သူႏွင့္သေဘာမတူဘဲ ေနႏိုင္မည္ မဟုတ္ပါ။

~~~~~~~~~~~~~~~~~~~~~~~~~

ကမၻာ၏ကားေလးသည္ ကြန္ဒို၏ကားပါကင္တြင္ ထိုးလိုက္ၿပီး ဓာတ္ေလွကားႏွင့္ တက္ခဲ့သည္။

တံခါးဖြင့္ ဝင္လိုက္သည္ဆို ဆိုဖာမွာ မိန္႔မိန္႔ႀကီး ထိုင္ၿပီး ေပါင္ေပၚ လက္ေတာ့စ္ကို တင္ကာ အလုပ္,လုပ္ေနသည့္ ခ်စ္ရသူကို ေတြ႔ရသည္။ ကမၻာ အိမ္တြင္းစီးဖိနပ္ကို လဲစီးလိုက္ၿပီး မီးဖိုခန္းထဲဝင္သြားကာ ေရေသာက္သည္။

ၿပီးေနာက္ ေရခဲေသတၱာကို ဆြဲဖြင့္လိုက္ေတာ့ ေျပာင္႐ွင္းေနသည္။ ေဒၚႀကီး ထည့္ေပးသည့္ ဝက္သားျပဳတ္ေၾကာ္၊ ငါးေျခာက္ဖုတ္ႏွင့္ ေဖလြန္းတို႔ဆီက အေၾကာ္အေလွာ္ေတြ တစ္ခုမွ မ႐ွိေတာ့။

ဟိုႏွစ္ေကာင္ကို ၾကည့္လိုက္ေတာ့လည္း ျဖဲကားအိပ္ေနသည္။ ေသခ်ာပါသည္။ မီယာႏွင့္႐ွားပါးကို ေကြၽးပစ္သည့္ပံုပင္။

ကမၻာ ေဖ်ာ္ရည္ဘူးကို ယူ၍ ေဘဘီလံုးေဘး ဝင္ထိုင္ကာ ပခံုးေပၚ မွီလိုက္သည္။ သူ႔ကို စိတ္ဆိုးေနေပမဲ့ တစ္ခ်က္မေရြ႔ဘဲ ထိုင္ေနသည္။

" ေဘဘီ "

သူ၏အသံသည္ ပကတိၿငိမ္ေနသည္။ မဟုတ္ပါက အခန္းခြဲအိပ္ရႏိုင္သည္။

" အင္း "

စိတ္ဆိုးေနသူက ထူးေဖာ္ေတာ့ ရပါသည္။ ကမၻာ ျပံဳးကာ ေဘဘီလံုးဘက္လွည့္ၿပီးခါးကိုသိုင္းဖက္ၿပီး ရင္ခြင္ထဲကိုဝင္တိုးေတာ့သည္။

ေဘဘီလံုး ေခြးေပါက္ေလးတစ္ေကာင္လို အျပဳအမူေၾကာင့္ မျပံဳးဘဲ မေနႏိုင္။

" မီယာနဲ႔ ဝိဥာဥ္မွားေနတာလား "

" မင္းက ငါ့ကို ေခြးလို႔ ေျပာတာလား "

" ငါ မေျပာမိပါဘူးေနာ္ "

" မသိဘူး "

ကမၻာက ေျပာၿပီး ေဘဘီလံုးအေပၚ ခုန္အုပ္ကာ ကလိထိုးေတာ့သည္။ ႏွစ္ေယာက္သား ႐ုန္းရင္းဆန္ခတ္ ဆိုဖာ႐ွည္ခံုေပၚမွာ ခ်စ္ၾကည္ႏူးေနၾကသည္။

မီယာႏွင့္႐ွားပါးက ေခါင္းေထာင္ၾကည့္သည္။ ၿပီးေနာက္ ျပန္အိပ္သြားသည္။ အခုလို ျမင္ကြင္းမ်ိဳးက မထူးဆန္းေတာ့ပါ။

ခဏအၾကာ ႏွစ္ေယာက္လံုး ေမာသြားၾကၿပီး ေဘဘီလံုးက ေအာက္က ပက္လက္ျဖစ္၍ ကမၻာက အေပၚမွာ ခြလ်က္ထိုင္ေနသည္။

" မေန႔က ေမေမ ငါ့ဆိုင္ကို လာသြားတယ္၊ ႏြယ္ေတာ္ဝင့္ကို သေဘာက်၊မက် သြားေတြ႔ပါတဲ့၊ ငါ အျပတ္ေျပာၿပီးသားပါ၊ ကြၽန္ေတာ္ ေဘဘီကလြဲၿပီး ဘယ္သူ႔ကိုမွ သေဘာမက်ဘူးလို႔၊ ေမေမကေတာ့ သြားေတြ႔လိုက္ပါတဲ့၊ အာ့လိုဆို မင္းနဲ႔ငါ့ကို စဥ္းစားၾကည့္ေပးမယ္တဲ့ အာ့တာေၾကာင့္ ငါ သြားေတြ႔တာပါ "

" အင္း "

" ညေနကလည္း အျပန္ ေဖေဖ့ဆီ ဝင္ခဲ့တယ္၊ ေဖေဖက ငါ ေပ်ာ္တယ္ဆို ရၿပီတဲ့ သူ လက္ခံႏိုင္တယ္တဲ့၊ ငါ တကယ္ ေဘဘီမ႐ွိရင္ မေနႏိုင္ဘူး "

" အင္း ကမၻာႀကီးက အလံုးမလား "

" အြင္း ငါ့ကမၻာႀကီးက အလံုး "

ႏွစ္ေယာက္သား၏ရယ္သံမ်ားသည္ အခန္းအတြင္း၌ ကိန္းေအာင္းသြားေတာ့သည္။ ထိုညသည္ အခ်စ္မ်ား ပ်ံ႕လြင့္ေနေတာ့မည္မွာ ေသခ်ာသည္။

~~~~~~~~~~~~~~~~~~~~~~~~~

#koe
#15.3.2022 / 19:16 / Tuesday

Note 1 - Wp wallထဲ အလည္လာခဲ့ၾကပါအံုး၊ Around 1900 တစ္ပုဒ္ေလးထဲ အလည္ဝင္သြားၾကပါအံုး၊

Note 2 - ကမၻာလံုးက မုန္တိုင္း ပါမွာ မဟုတ္ပါဘူး ယံုတယ္မလား

_________________________________

အပိုင်း ( ၂၇ )

" ဘာဖြစ်လို့လဲ ကလေး! "

" ဟင်း! "

မမယ်က ရာရာ၏ ညိုးငယ်နေသော မျက်နှာလေးကို ကြည့်၍ မေးသည်။ ရာရာက ဖျော်ရည်ကို ငုံ့သောက်နေရာမှ မော့ကြည့်ကာ သက်ပြင်းချသည်။

သက်ပြင်းတစ်ခါချလျှင် အသက်တစ်ရက်တို၏ ။

" အိမ်မှာလေ ဘွားဘွား ရောက်နေတယ် "

" အာ့တာ ဘာဖြစ်လဲ "

" ဟွန့် ဘာဖြစ်ရမှာလဲ၊ အိမ်မှာ ဘွားဘွား ရောက်နေတော့ အနေရခက်တယ် "

" ဘာလို့ ရောက်နေတာလဲ "

" ကိုကို စေ့စပ်ပွဲဆိုလားပဲ "

" ကမ္ဘာ သိလား "

" ကိုကို သိတယ်၊ ဒီတစ်ပတ်တောင် အိမ်ကို မလာဘူး "

မမယ်က ရာရာ၏မျက်နှာလေးကို ကြည့်၍ ဘေဘေးအတွက် စိတ်ပူမိသည်။ ဘေဘေး ဘယ်လိုနေပါလိမ့်။

သေချာပါသည် ကမ္ဘာ့ဘက်က သဘောတူကြမှာ မဟုတ်ပါ။ ကမ္ဘာနဲ့ဘေဘေးကိုပဲ သဘောမတူကြမှာ မဟုတ်ဘဲ၊ သူနဲ့ရာရာကိုလည်း သဘောတူကြမည် မဟုတ်ပါ။

" မမ ဘာဖြစ်လို့လဲ "

" မမ ဘေဘေးအတွက် စိတ်ပူလို့ပါ "

" မေမေတို့မှ သဘောမတူတာ၊ ကိုကိုတို့က ဘယ်လိုလုပ်ရမှာလဲ "

မမယ် ရာရာ၏စကားကြောင့် စုပ်တစ်ချက် သပ်လိုက်သည်။ ဒီကောင်မလေးက နည်းနည်းမှ အလိုက်ကမ်းဆိုး မသိ။

အခုလိုပဲ သူနဲ့ရာရာကို သဘောမတူလည်း ဒီတိုင်း လမ်းခွဲပေးမည့်ပုံပင်။

" မမယ် မနက်ဖြန် ရုပ်ရှင် သွားကြည့်ရအောင်နော် "

" မနက်ဖြန် မအားဘူး၊ အလုပ်ကိစ္စ ရှိတယ် "

" မနက်ဖြန် ရုံးပိတ်ရက်လေ "

" နယ်ဘက် သွားစရာ ရှိတယ် "

" ဟင် ရာရာတော့ မမယ် မရှိရင် ပျင်းနေတော့မှာပဲ၊ အပြန် လက်ဆောင် ဝယ်ခဲ့နော်၊ မုန့်ရော ဝယ်ခဲ့နော် "

ခရီးသွားမည့်သူကို ဂရုစိုက်သွား၊ ဘာလိုအပ်သေးလဲ မမေး၊မပြောဘဲ သူ ပျင်းတော့မည်၊ အပြန်လက်ဆောင်နှင့်မုန့်သာ မှာသည်။

မမယ် ဒီလို အလိုက်ကမ်းဆိုး မသိသည့်ကောင်မလေးကို ဘယ်လိုများ ချစ်ခဲ့သည် မသိ။

~~~~~~~~~~~~~~~~~~~~~~~~~~

" ကျွန်တော် သွားမတွေ့နိုင်ဘူး "

" အခုက သားကို သဘောကျ၊ မကျ သွားကြည့်ခိုင်းတာ၊ အာ့မိန်းကလေးကို ယူရပါမယ်လို့ မပြောဘူး "

" ကျွန်တော် သဘောမကျဘူး "

" တွေ့မကြည့်ရသေးဘဲနဲ့ ဘယ်လိုများ သဘောမကျဘူးလို့ တ,ထစ်ချပြောနိုင်ရတာလဲ "

နန်းမူသည် ကမ္ဘာ၏စားသောက်ဆိုင်အထိ လာတွေ့ကာ ပြောနေသည်။ ကမ္ဘာသည်လည်း လုံးဝကို လက်မခံနိုင်။ ဘေဘီ့အပေါ် ဘယ်လိုမှ သစ္စာမမဲ့နိုင်ပါ။

သူ၏ကိုယ်၊စိတ်၊နှလုံးသုံးပါးစလုံးကို အဏ္ဏဝါပြည့်စုံဆိုသည့် ယောကျၤားတစ်ယောက်ကသာ ပိုင်ဆိုင်ပါသည်။

" တွေ့ကြည့်လိုက်ပါလား သား၊ သား သဘောမကျဘူးဆို မေမေ နောက်ခါ အခုလို မလုပ်တော့ဘူးလေ၊ ဘေဘီလုံးနဲ့ကိုလည်း မေမေ စဉ်းစားပေးမယ်လေ၊ နော် သား၊ ဘယ်လိုလဲ "

" ကျွန်တော် မတွေ့ချင်ဘူး၊ အခုလို သွားတွေ့လည်း ဘာမှအကျိုးထူးမှာ မဟုတ်ဘူး၊ ဘာမှမဟုတ်ဘဲ သွားတွေ့မှာ ဘေဘီ သိသွားရင် အလကားသက်သက် စိတ်မကောင်းဖြစ်တာပဲ အဖက်တင်မှာ "

" မေမေ အတင်းအကြပ် မပြောပါဘူး၊ သား သဘောမကျဘူးဆို မေမေက နောက်ခါ မလုပ်တော့ဘူးလေ၊ သားကိစ္စကိုလည်း မေမေ စဉ်းစားပေးမယ်လေ "

" အခု သွားတွေ့တာ ဘေဘီအပေါ် မေမေ အမြင်ပြောင်းဖို့အတွက် သွားတွေ့မှာ၊ ကျန်တာ ကျွန်တော် ဘာစိတ်မှ မရှိဘူး "

" အင်း မေမေ သိတယ် "

နန်းမူက ချိုသာစွာ ပြုံးကာ ပြောသည်။ ကမ္ဘာက မေမေ ဘေဘီ့အပေါ် အမြင်ပြောင်းလဲဖို့ကိုပဲ လိုလားပါသည်။ သူ့ကမ္ဘာသည် ဘေဘီလုံးကြောင့် လည်ပတ်နေပြီး ဘေဘီလုံးကြောင့် အသက်ဆက်ရှင်သန်နေရပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

" ဘွားသီ "

ဘေဘီလုံး ရုံးပိတ်ရက် ဖြစ်၍ အိမ်ကို ပြန်လာခြင်း ဖြစ်သည်။ ဧည့်ခန်း၌ ထိုင်နေသော ကြီးမေဒေါ်သီတာရှင်းအနား ပြေးသွားကာ ရင်ခွင်ထဲ ဝင်တိုးကာ ဖက်တော့သည်။

" ခွေးပေါက်လေး အခုတော့ အိမ်ကို ပြန်လာပြီပေါ့ "

" ဟုတ် "

" ပြောပါအုံး ဘွားကိုတောင် လာမတွေ့နိုင်အောင် ကမ္ဘာလုံးနဲ့ ဘာလုပ်နေတာလဲ ဟမ် "

" ဟီး ဘာမှမလုပ်ပါဘူး၊ သား မအားလို့ပါ၊ ဒယ်ဒီက အလုပ်တွေ နင်းကန်ခိုင်းတာ "

" ဟုတ်လား၊ လင်းအဏ္ဏဝါညိုက ငါ့မြေးကို ခိုင်းစားနေတာပေါ့၊ ဘွား မှတ်လိုက်အောင် ကြက်မွှေးနဲ့ ချလိုက်မယ် "

" ဟုတ် "

ဘေဘီလုံးက ကြီးမေရင်ခွင်ထဲဝင်ကာ ချွဲနေတော့သည်။ တစ်အိမ်လုံးမှာ အငယ်ဆုံးလေး၏ချွဲနေမှုကို မည်သူမှ မခံနိုင်။

" အလုံးတို့ အစ်မသီတာကို ဘာတွေကပ်ချွဲနေတာလဲ "

ဧည့်ခန်းထဲကို သစ်သီးပန်းကန် ကိုင်လာရင်း နော်နန်းက ပြုံးပြုံးလေးမေးသည်။ ဘေဘီလုံး ကြီးမေရင်ခွင်ထဲကနေ မျက်စိကိုမှိတ်ကာသွားဖြီးရယ်ပြသည်။

" ဘွားနန်း "

" အွင်း လုံးလုံးလေး၊ အိမ်ကို ပြန်လာဖော်ရသေးသားပဲ၊ ဘွားတို့က မင်္ဂလာဆောင်မှပဲ တွေ့ရတော့မယ် ထင်နေတာ "

" ဘွားကလည်း..."

နော်နန်းက ချစ်စနိုးနှင့် စ,နောက်သည့်အခါ ဘေဘီလုံးက နှုတ်ခမ်းစူပြသည်။ ဖေတို့ သိနေပြီဆိုကတည်းက ဘွားတို့လည်း သိမည်ဆိုတာ သူ ခန့်မှန်းမိပါသည်။

ဘွားသီကို ဒယ်ဒီက ကြောက်သည်။ ဘွားသီကို တစ်အိမ်လုံးက ကြောက်သည်။ သူ့ကို တစ်အိမ်လုံးက ချစ်ကြသည်။

" ဘွားသီ "

" ကြက်မွှေးလား၊ ကြိမ်လုံးလား "

" ဘွားကလည်း သိနေတာကို၊ လာစ,နေတယ်၊ သား တကယ် ညစ်နေတာ "

" ကမ္ဘာက သားဘက်ကမလား "

" ဘာကတော့ သားဘက်ကပေါ့၊ ဒါပေမဲ့ တီနန်းမူတို့က သဘောမှမတူတာ "

" သဘောမတူ ခိုးပြေးလေ "

" ဘွားသီက မြှောက်ပေးနေတာပဲ "

" ဟော့တော် ဒါဆို ဘွားက ဘာလုပ်ပေးရမှာလဲ "

" လိုက်ပြောပေး "

" အို လိုက်ပြောမပေးနိုင်ပါဘူး၊ ငါတို့အိမ်က တန်ဖိုးအကြီးဆုံး ရတနာကို သူတို့က ဘာမှတ်နေတာလဲ "

" သိဘူး "

" မြေးက ကမ္ဘာ့အမေကို ပြေရာပြေကြောင်း ပြောမကြည့်ဘူးလား "

" ဟွန်း ဘွားနန်းပဲ စဉ်းစားကြည့်ဗျာ၊ သူတို့က လုံးကြောင့် ကမ္ဘာ gayတယ်လို့ပဲ ထင်နေကြတာ "

" မဟုတ်လို့လား " (ကြီးမေ)

" ဘာမှမဟုတ်ဘူး ကမ္ဘာ့ဘာသာ gayတာ၊ ဒါကို လုံးက ချစ်လို့ လုံးကြောင့်ပဲ gayရတယ် ရှိသေးတယ်၊ ကြည့်နေ၊ ကမ္ဘာ့ကို တစ်ကမ္ဘာလုံးသိအောင် ကြေညာပြီးမှ ယူပစ်မှာ "

" အာ့ဆိုလည်း ဘွားကို ယူပြပါအုံးလား "

" ယူပြမယ် ကြည့်နေ "

ဘေဘီလုံး၏ မခံချင်စိတ်လေးသည် ဘွားသီနဲ့ဘွားနန်းကြောင့် ထွက်ပေါ်လာရသည်။

~~~~~~~~~~~~~~~~~~~~~~~~~

ဘေဘီလုံး အိမ်မှာ အဘွားနှစ်ယောက်နှင့်အဖေနှစ်ယောက်ကို ကပ်ချွဲလို့ ဝတော့မှ ကွန်ဒိုကို ပြန်ခဲ့သည်။

Ring!

ဘေဘီလုံး ဖုန်းကို ဖွင့်ကြည့်လိုက်တော့ မြင်ရသည့်ပုံကြောင့် ကားကို ဘေးသို့ ထိုးရပ်လိုက်သည်။

ပုံထဲ၌ ကမ္ဘာက ကောင်မလေးတစ်ယောက်နှင့် စကားပြောနေကြသည်။ ဆိုင်အပြင်အဆင်နှင့် အနေအထားကို ဘေဘီလုံး သိပ်ကို ရင်းနှီးသည်။

သူနှင့်ကမ္ဘာ ခဏခဏသွားတတ်သော ကော်ဖီဆိုင်၊ သူတို့ ထိုင်နေကျ ထောင့်ဆုံးဝိုင်းလေး။

" ငယ်က ငါ မသိအောင် တွေ့နေတယ်ပေါ့ "

ဘေဘီလုံးက ခပ်ဟဟရယ်ကာ ကားကို ထိုဆိုင်သို့ ဦးတည်လိုက်သည်။ နာရီဝက်ဆိုသည့် အချိန်အတောအတွင်း ထိုဆိုင်၏ကားပါကင်တွင် ကျွမ်းကျင်စွာ ကားကို ထိုးလိုက်ပြီး ဆိုင်တွင်းသို့ ဝင်ခဲ့သည်။

ဆိုင်ထဲသို့ ဝင်လိုက်သည်ဆို တံခါးဝမှာ ချိတ်ဆွဲထားသည့် ခေါင်းလောင်းလေးက မြည်လာပြီး ဆိုင်၏အဝင်ဝကောင်တာပေါ်မှ ကြောင်ရုပ်လေးဆီက ”မင်္ဂလာပါ”ဟူသော အသံလေးက ထွက်လာသည်။

ထိုအသံလေးက လွန်ခဲ့သည့်ရှစ်နှစ်ကျော်က အတိုင်းပင်၊ မပြောင်းလဲသည့်ဆိုင်အပြင်အဆင်နှင့်တောင် ထိုဆိုင်ကလေးသည် ပုံမှန်လည်ပတ်နေသည်။ ဖောက်သည်ဟောင်းများက လာနေကျမလို့ ဧည်သည်ဟူ၍ မပြတ်။

ဘေဘီလုံး ထောင့်ဆုံးဝိုင်းမှာ ကျောပေးကာ ထိုင်နေကြသည့်နှစ်ယောက်ကို ကြည့်၍ မျက်နှာကို မဲ့ပစ်သည်။ ကမ္ဘာက သူ့ဘက်ကို ကျောပေးထားသဖြင့် သူ ရောက်နေသည်ကို မသိ။

ဘေဘီလုံး ကောင်တာမှာ ကိတ်ကို မှာယူပြီး ထိုထောင့်ဆုံးဝိုင်းသို့ လျှောက်လာသည်။ ဘေဘီလုံး၏အပြုအမူက သိပ်ကိုတည်ငြိမ်နေသည်။

ကိတ်မုန့်ပန်းကန်ပြားလေးကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ မော့ကြည့်လာသည့် မျက်ဝန်းများက သိပ်ကို အပြစ်ကင်းစင်ယောင်။

ဘယ်လိုလဲဟူသော အကြည့်တစ်ချက်နှင့် နှုတ်ခမ်းတစ်ဖက်ကို မဲ့ကာ ပြုံးပြလိုက်တော့ မလုံမလဲနှင့် မျက်နှာလွဲသွားသည်။

ဒါ အစ ရှိသေးသည် စိုင်းကမ္ဘာငယ်!!
ချစ်လို့ အလိုက်လိုက်၊ မသိချင်ယောင်ဆောင်ထားတာ ရောင့်တက်မလာနဲ့!!

" သူက ဘယ်သူလဲ ကိုစိုင်း "

ကိုစိုင်းတဲ့၊ ဟွန်း သိပ်ကိုရင်းနှီးနေကြပြီပေါ့။ သူ ဟွန်းခနဲ တစ်ချက်ရယ်တော့ မော့ကြည့်လာသည်။

" ဘေဘီ ဒါ နွယ်တော်ဝင် "

ကမ္ဘာ ဘေဘီ ဘယ်ကဘယ်လိုသိပြီး ရောက်လာလဲ မသိပါ။ သူတို့စကားပြောနေတုန်း စားပွဲပေါ် လာချသည့် စတော်ဘယ်ရီကိတ်မုန့်ပေါ် ချောကလက်နို့ရည်လောင်းထားသည့် ကိတ်မုန့်ကြောင့် ဘေဘီလုံးရောက်နေပြီဆိုတာ သိလိုက်သည်။

ရောက်ကတည်းက မထိုင်ဘဲ မတ်တပ်ရပ်ကြီးနှင့် သူ့ကို လှောင်ရယ်နေတာ။ အခုလို လာတွေ့တာ ဘယ်သူ့ကြောင့်လဲ။

" ကိုယ်က စိုင်းကမ္ဘာငယ့်ချစ်သူ၊ ဒီဘက်က ငယ်နဲ့စေ့စပ်မဲ့သူ ထင်တယ် "

မတ်တပ်ရပ်ကြီးကနေ ကမ္ဘာ့ဘေး ပိုင်စိုးပိုင်နင်း ဝင်ထိုင်ကာ ခါးကိုပင် ဆွဲဖက်လိုက်ပြီး သူ့ကိုယ်သူ ကမ္ဘာ့ချစ်သူလို့ မိတ်ဆက်ပြီး တစ်ဖက်မိန်းကလေးကိုလည်း စိုက်ကြည့်နေသေးသည်။

" ဘေဘီ..."

ကမ္ဘာ ဘေဘီလုံး၏လက်ကို ဆွဲဖြုတ်နေပေမဲ့ မရ၊ ရှေ့က နွယ်တော်ဝင်သည်လည်း သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်နေသည်မှာ သနားစရာပင် ကောင်းလှသည်။

" ပြောလေ ငယ်ရဲ့၊ ကိုယ့်ကို ဘာလို့ခေါ်တာလဲ၊ အာ...ဟုတ်သားပဲ ငယ် ကြိုက်တဲ့ စတော်ဘယ်ရီကိတ်ကို ချောကလက်နို့ရည်ပူပူလေး လောင်းထားတာ မစားရသေးဘူးပဲ၊ ကိုယ်က ေ့မနေတာ sorry ငယ် "

ဘေဘီလုံးက ပြောပြီး ကိတ်ပန်းကန်ကို ရှေ့တည့်တည့် ယူလိုက်ပြီး ကမ္ဘာ့ကိုဆွဲဖက်ကာ ခေါင်းလေးကိုလည်း နမ်းလိုက်သေးသည်။ ထိုအပြုအမူသည် အခြားအခြေအနေမှာ ကမ္ဘာရင်ခုန်သွားနိုင်ပေမဲ့ အခုချိန်မှာ ရင်ခုန်ရမည့်အစား ရင်တုန်နေရသည်။

" ဘယ်ကဘယ်လို ရောက်လာတာလဲ "

" အလုပ်ကိစ္စ ဒီနားလေးမှာ ရှိလို့၊ လာရင်း ငယ့်ကား တွေ့လို့ ဝင်လာတာ၊ ဘာလို့လဲ ငယ်ရဲ့၊ ကိုယ့်ကို တစ်နေ့မတွေ့ရသေးဘူး လွမ်းနေပြီလား "

ဘေဘီလုံး၏နုနုယွယွစကားများကြောင့် ကမ္ဘာ ရင်တွေတုန်ကာ လက်ဖျားခြေဖျားများပင် အေးစက်လာရသည်။

" အလုပ်ကိစ္စက ပြီးခဲ့ပြီလား "

" ပြီးခဲ့ပြီ၊ ကိုယ်နဲ့အတူ ပြန်တော့မလား "

" နွယ်တော်ဝင့်ကို....."

" sorry ကိုယ်က သူ့ကို သတိမထားမိလိုက်ဘူး၊ ငယ်ပဲ ကိုယ့်စိတ်ထဲ ရှိနေတယ်ထင်လို့ "

ဘေဘီလုံးက ကမ္ဘာ၏ကော်ဖီခွက်ကို ကမ္ဘာသောက်သည့်တစ်နေရာတည်းကပဲ သောက်လိုက်သည်။

" black coffeeပေမဲ့လည်း ငယ့်နှုတ်ခမ်းနေရာလေးက သောက်လို့လား မသိဘူး ချိုနေတာပဲ "

ကမ္ဘာ ဘေဘီလုံး၏စကားကြောင့် နားရွက်ဖျားများပင် နီရဲလာသည်။ အခုလို ပိုင်းစိုးပိုင်နင်း အမူအရာများသည် သူ့ရင်တွင်းသို့ ထိုးဖောက်ကာ ဝင်ရောက်လာသည်။

" အခု ပြန်တော့မှာလား "

" အင်း၊ ကိုယ် ပြန်နှင့်မယ်၊ အိမ်ပြန်ရောက်ရင် ငယ် အားရှိအောင် စားဖို့ ကိုယ် ပြင်ထားနှင့်မယ် "

" အင်း၊ ရေခဲသေတ္တာထဲမှာလည်း ဟင်းချက်တွေ ရှိနေသေးတာပဲ၊ နွှေးစားလိုက်ရင် အဆင်ပြေနေတာပဲ၊ ပင်ပန်းအောင် ပြင်မနေနဲ့ "

" ကိုယ်က ငယ့်အတွက် သီးသန့် "

" ကိုစိုင်း "

ရှေ့က နွယ်တော်ဝင် အသံကြားမှ နှစ်ယောက် တစ်ကမ္ဘာတည်နေရာမှ မော့ကြည့်ကြသည်။ ဘေဘီလုံးက ကမ္ဘာ၏ခါးကို ဆွဲဖက်ပြီး နဖူးလေးကို နမ်းလိုက်ပြီး နား,နားကပ်ကာ.....

" ငယ် အိမ်ပြန်ရောက်ရင် ည အိပ်ရမယ် မထင်နဲ့၊ ငယ့်အပြစ် ငယ် သိ"

တိုးတိုးလေး ကပ်ပြောကာ မတ်တပ်ထရပ်ပြီး ကမ္ဘာ၏ဆံပင်ကို ဆွဲဖွပြီး ထွက်သွားသည်။ ကမ္ဘာမှာ ဘေဘီလုံး၏ နားနားကပ်ကာ တိုးတိုးလေး ပြောသွားကြောင့် စကားကြောင့် အိမ်ပြန်ရမှာ ခပ်လန့်လန့်ပင်။

" ကိုစိုင်းက Gayလား "

" ........"

~~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာ နွယ်တော်ဝင်နှင့်တွေ့အပြန် ဖေဖေ၏ပြခန်းကို ဝင်ခဲ့သည်။ ထိုပြခန်းရှေ့မှာ တစ်နာရီလောက် တွေဝေပြီးမှ အထဲသို့ဝင်ဖို့ ဆုံးဖြတ်ခဲ့သည်။

သူ့ဖြစ်တည်မှုကို သူ့မိသားဝင်ဖြစ်တဲ့ဖေဖေတစ်ယောက်ကတော့ နားလည်လက်ခံပေးပါ့မလား။

သူ ပန်းချီပြခန်းအတွင်း ဝင်လိုက်သည်ဆို အေးချမ်းမှုနှင့်နှစ်လိုမှုကို ခံစားမိသည်။ အဖြူနှင့်အပြာနုနုကိုသာ သုံးထားသည်က မျက်စိပဒေသဖြစ်စေပြီး ရင်အေးစေသည်။

ချိတ်ဆွဲထားသည့် ပန်းချီများသည် နီးဝေးမြင်စနစ်၊ သဘာဝရှုမျှော်ခင်းပုံ၊ လူပုံ အစရှိသဖြင့် ဒေါင်လိုက်၊ အလျားလိုက်၊ အရွယ်အစားမျိုးစုံ ပန်းချီကားများသည် ကြည့်မဆုံး။

အချို့ပန်းချီကားများသည် အရွယ်အစား ကြီးပြီး ရေးဆွဲမှ သင့်တော်ကောင်းမွန်သည်။ သဘာဝရှုခင်းများသည်လည်း တောတောင်ရေမြေသဘာဝနှင့် လူတို့၏နေထိုင်မှုပုံစံများ ထင်ဟပ်နေသည်။

ယဉ်ကျေးမှုကို အခြေခံဆွဲထားသော ကောက်ကြောင်းပန်းချီများ။ ကမ္ဘာ ပြခန်းအတွင်း လှည့်လည်ကြည့်ရှု့မိသည်။

ဖေဖေ၏ကြိုးစားမှုသည် အရာထင်ပါသည်။ ပန်းချီကို ချစ်သော၊ မြတ်နိုးသော ဖေဖေက သူ၏စိတ်ကို မပစ်ပယ်ခဲ့ပါ။ တစ်ချိန်က ဖေဖေသည် မေမေကြောင့် စုတ်တံကို စွန့်လွှတ်ခဲ့သည်။ သူ မွေးဖွားပြီးချိန်၌ ဖေဖေသည် စုတ်တံကို ပြန်လည်ကိုင်ဆောင်ခဲ့သည်။

သူ၏လက်ဖဝါးသေးသေးလေးများ၊ ခြေဖဝါးသေးသေးလေးများကို စုတ်တံဖြင့် ဆေးခြယ်ခဲ့သည်။ ဖေဖေ၏ကိုယ်ပိုင် ပန်းချီခန်းသည် သူ၏ငယ်ဘဝအမှတ်တရများနှင့် ပြည့်စုံနေသည်။ ငယ်ငယ်က ဖေဖေနှင့်သာ အနေများခဲ့သည်မလား။

ဖေဖေနှင့် သူသည် မေမေထက် ပိုရင်းနှီးခဲ့သည်။ ဖေဖေသည် သူ့ကိုရာရာထက် ပိုချစ်ခဲ့သည်။

" သား! "

ဖေဖေ၏အသံက နောက်က ထွက်လာသည်ဆို ကမ္ဘာ လှည့်ကြည့်မိသည်။ စတစ်လက်ရှည်နှင့် အကွက်နုပ်ပုဆိုးကို ဝတ်ဆင်ထားသော ဖေဖေက တည်ငြိမ်ခန့်ညားပါသည်။

" ဖေဖေ "

ကမ္ဘာက ဦးချစ်ချစ်ကို ပြုံးပြ၍ ခေါ်သည်။ ဦးချစ်ချစ်က ကမ္ဘာ၏ပခုံးကို ဖက်ပြီး ရှေ့သို့လှည့်ကာ နံရံမှာ ချိတ်ဆွဲထားသော ပန်းချီကို ကြည့်သည်။

" ဒါ ဖေဖေ ဆွဲထားတာ "

အောက်ခြေမှာ ကမ္ဘာလုံးပုံသဏ္ဌာန်သင်္ကေကို မြင်ကတည်းက ဖေဖေ ရေးဆွဲထားသည်ဆိုတာ သူ သိပါသည်။ ဖေဖေ၏signသည် သူ၏နာမည်ဖြစ်သည်။

ပန်းချီသည် ညနေ နေဝင်ဆည်းဆာကို ရေးဆွဲထားခြင်း ဖြစ်သည်။ နေဝင်ဆည်းဆာတွင် သက်တံက ပေါ်ထွက်နေပြီး ကျေးငှက်များက ပျံသန်းနေသည်။ မြစ်ရေပြင်ကို မေးတင်ကာ ဆွဲထားသည်က သက်ဝင်လှသည်။

မြစ်ရေပြင်၊ စိမ်းအုံ့နေသည့် တောင်တန်းကြီးနောက်ကို  ဝင်တော့မည့် နေလုံးကြီး၊ ထွက်ပေါ်နေသည့်သက်တံ၊ ကျေးငှက် အချိုးအစားကျစွာ ရေးဆွဲထားသည်။

" ဖေ့သား ကြိုက်ရင် ပို့လိုက်မယ် "

" ဟုတ် "

ကမ္ဘာ ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။ သူ၏ကွန်ဒိုတွင် ပန်းချီကား မရှိသေးပါ။

" ဖေဖေ့ အခန်းထဲ သွားရအောင် "

ဦးချစ်ချစ်က ကမ္ဘာ၏ပခုံးကို ဖက်ပြီး သူ၏ကိုယ်ပိုင် အခန်းထဲသို့ ခေါ်ခဲ့သည်။ သူ၏အခန်းထဲတွင် ပန်းချီကားအသေးလေးများဖြင့် လှချင်တိုင်းလှနေတော့သည်။

ကလေးတစ်ယောက်၏မွေးကင်းစမှ အရွယ်ရောက်သည်အထိ အဆင့်ဆင့်ကြီးပြင်းလာပုံကို ရေးဆွဲထားခြင်း ဖြစ်သည်။

ကမ္ဘာက ပုံတွေကို စိတ်ကြိုက်ကြည့်ပြီးမှ ခုံမှာ ဝင်ထိုင်သည်။ ထိုင်ခုံနှစ်လုံးသာ ရှိပြီး ပန်းချီဆွဲပစ္စည်းများတင်သော စားပွဲတစ်လုံးသာ ရှိသည်။ ဦးချစ်ချစ်၏ပန်းချီဆွဲခန်း ဖြစ်သည်။

" ဖေ့သား ဘာပြောချင်လို့လဲ ပြော "

ဦးချစ်ချစ်က မျက်မှန်ကို ချွတ်ကာ ပြုံးစစနှင့်မေးသည်။

" ဖေဖေ မေမေ့ဆီက ကြားပြီးလောက်ပြီပေါ့ သားအကြောင်းကို....."

" ဘာကိုလဲ....ဪ...သိပြီ၊ သားမေမေစကားကို ဘာမှထည့်စဉ်းစားနေစရာ မလိုဘူး၊ သားကို ဖေဖေတို့တောင် ဂရုစိုက်မပေးနိုင်တာ၊ သားကို ချစ်ပေးဂရုစိုက်ပေးမဲ့လူရှိတော့ ဘာသဘောမတူစရာရှိလဲ၊ မိန်းမတွေရဲ့ကိစ္စထဲ ဖေဖေ့သား ခေါင်းရှုပ်စရာ မလိုဘူး "

ဦးချစ်ချစ်က ပေါ့ပါးဟန်ဖြင့် ပြောသည်။ သူသည် မိဘတာဝန် မကျေပွန်သော လူတစ်ယောက်ဟု ခံယူထားသည်။ ယောက္ခမကို မလွန်ဆန်နိုင်သူ။ ဒါပေမဲ့ သား၊သမီးအပေါ်တော့ အလွန်ချစ်၊ နားလည်ပေးတတ်သူပင်။

" ကျေးဇူးပါ ဖေဖေ "

" သား ပျော်နေဖို့ပဲလိုတာ၊ ဖေဖေက သားအပေါ် အဖေတာဝန် မကျေပွန်ခဲ့ဘူး၊ နောက် သားကို ပစ်ထားခဲ့မိတယ်၊ ဖေဖေအနေနဲ့ မစိမ်းသက်ပေမဲ့ ဖေဖေ့သားက Gayဆိုတာကို အဖေတစ်ယောက်အနေနဲ့ လက်မခံနိုင်ပေမဲ့၊ ငါ့သား ပျော်ရွှင်နေတာ၊ ငါ့သားကို ချစ်ပေးမဲ့သူ၊ဂရုစိုက်ပေးမဲ့သူ ရှိလာတော့ ဖေဖေ လက်မခံဘဲ မနေနိုင်ဘူး၊ ဖေဖေက သားကို ပျော်ရွှင်စေချင်တာ "

" ဟုတ်၊ သား ဘေဘီနဲ့အတူ နေရတာ ပျော်တယ် "

မိဘတစ်ယောက်အနေနှင့် မိမိသား လိင်တူချစ်ကြိုက်သည်ကို လက်မခံနိုင်ပေမဲ့ မိမိသား ပျော်ရွှင်နေသည်ကိုတော့ မဖျက်ဆီးရက်ပါပေ။

" သားမေမေကိုလည်း ဖေဖေ ပြောထားတယ်၊ သားဘွားဘွားကိုတော့ လွှတ်ထားလိုက်၊ သူက သိတယ်မလား၊ ဒါသမားလေ....."

ကမ္ဘာ ဖေဖေ၏စကားကြောင့် စိတ်လွတ်ကိုယ်လွတ် ရယ်မိသည်။ ဘွားဘွားသည် အတွက်အချက်သမားပင်။ ဖေဖေ့ကိုလည်း အနုပညာပန်းချီသမားမို့ မနှစ်သက်သည် မဟုတ်ဘဲ၊ ငွေရှာမကောင်းလို့ပင်။

အခုတော့ သူ၏သမက် ပြခန်းသည် အဝင်ကောင်းလာသဖြင့် ဖေဖေ့ကို လွှတ်ထားပေးတော့သည်။

ဘွားဘွားလည်း ဘေဘီ၏ငွေရှာကောင်းကြောင်းကို သိလျှင် သူနှင့်သဘောမတူဘဲ နေနိုင်မည် မဟုတ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာ၏ကားလေးသည် ကွန်ဒို၏ကားပါကင်တွင် ထိုးလိုက်ပြီး ဓာတ်လှေကားနှင့် တက်ခဲ့သည်။

တံခါးဖွင့် ဝင်လိုက်သည်ဆို ဆိုဖာမှာ မိန့်မိန့်ကြီး ထိုင်ပြီး ပေါင်ပေါ် လက်တော့စ်ကို တင်ကာ အလုပ်,လုပ်နေသည့် ချစ်ရသူကို တွေ့ရသည်။ ကမ္ဘာ အိမ်တွင်းစီးဖိနပ်ကို လဲစီးလိုက်ပြီး မီးဖိုခန်းထဲဝင်သွားကာ ရေသောက်သည်။

ပြီးနောက် ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်တော့ ပြောင်ရှင်းနေသည်။ ဒေါ်ကြီး ထည့်ပေးသည့် ဝက်သားပြုတ်ကြော်၊ ငါးခြောက်ဖုတ်နှင့် ဖေလွန်းတို့ဆီက အကြော်အလှော်တွေ တစ်ခုမှ မရှိတော့။

ဟိုနှစ်ကောင်ကို ကြည့်လိုက်တော့လည်း ဖြဲကားအိပ်နေသည်။ သေချာပါသည်။ မီယာနှင့်ရှားပါးကို ကျွေးပစ်သည့်ပုံပင်။

ကမ္ဘာ ဖျော်ရည်ဘူးကို ယူ၍ ဘေဘီလုံးဘေး ဝင်ထိုင်ကာ ပခုံးပေါ် မှီလိုက်သည်။ သူ့ကို စိတ်ဆိုးနေပေမဲ့ တစ်ချက်မရွေ့ဘဲ ထိုင်နေသည်။

" ဘေဘီ "

သူ၏အသံသည် ပကတိငြိမ်နေသည်။ မဟုတ်ပါက အခန်းခွဲအိပ်ရနိုင်သည်။

" အင်း "

စိတ်ဆိုးနေသူက ထူးဖော်တော့ ရပါသည်။ ကမ္ဘာ ပြုံးကာ ဘေဘီလုံးဘက်လှည့်ပြီးခါးကိုသိုင်းဖက်ပြီး ရင်ခွင်ထဲကိုဝင်တိုးတော့သည်။

ဘေဘီလုံး ခွေးပေါက်လေးတစ်ကောင်လို အပြုအမူကြောင့် မပြုံးဘဲ မနေနိုင်။

" မီယာနဲ့ ဝိဉာဉ်မှားနေတာလား "

" မင်းက ငါ့ကို ခွေးလို့ ပြောတာလား "

" ငါ မပြောမိပါဘူးနော် "

" မသိဘူး "

ကမ္ဘာက ပြောပြီး ဘေဘီလုံးအပေါ် ခုန်အုပ်ကာ ကလိထိုးတော့သည်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ဆိုဖာရှည်ခုံပေါ်မှာ ချစ်ကြည်နူးနေကြသည်။

မီယာနှင့်ရှားပါးက ခေါင်းထောင်ကြည့်သည်။ ပြီးနောက် ပြန်အိပ်သွားသည်။ အခုလို မြင်ကွင်းမျိုးက မထူးဆန်းတော့ပါ။

ခဏအကြာ နှစ်ယောက်လုံး မောသွားကြပြီး ဘေဘီလုံးက အောက်က ပက်လက်ဖြစ်၍ ကမ္ဘာက အပေါ်မှာ ခွလျက်ထိုင်နေသည်။

" မနေ့က မေမေ ငါ့ဆိုင်ကို လာသွားတယ်၊ နွယ်တော်ဝင့်ကို သဘောကျ၊မကျ သွားတွေ့ပါတဲ့၊ ငါ အပြတ်ပြောပြီးသားပါ၊ ကျွန်တော် ဘေဘီကလွဲပြီး ဘယ်သူ့ကိုမှ သဘောမကျဘူးလို့၊ မေမေကတော့ သွားတွေ့လိုက်ပါတဲ့၊ အာ့လိုဆို မင်းနဲ့ငါ့ကို စဉ်းစားကြည့်ပေးမယ်တဲ့ အာ့တာကြောင့် ငါ သွားတွေ့တာပါ "

" အင်း "

" ညနေကလည်း အပြန် ဖေဖေ့ဆီ ဝင်ခဲ့တယ်၊ ဖေဖေက ငါ ပျော်တယ်ဆို ရပြီတဲ့ သူ လက်ခံနိုင်တယ်တဲ့၊ ငါ တကယ် ဘေဘီမရှိရင် မနေနိုင်ဘူး "

" အင်း ကမ္ဘာကြီးက အလုံးမလား "

" အွင်း ငါ့ကမ္ဘာကြီးက အလုံး "

နှစ်ယောက်သား၏ရယ်သံများသည် အခန်းအတွင်း၌ ကိန်းအောင်းသွားတော့သည်။ ထိုညသည် အချစ်များ ပျံ့လွင့်နေတော့မည်မှာ သေချာသည်။

~~~~~~~~~~~~~~~~~~~~~~~~~

#koe
#15.3.2022 / 19:16 / Tuesday

Note 1 - Wp wallထဲ အလည်လာခဲ့ကြပါအုံး၊ Around 1900 တစ်ပုဒ်လေးထဲ အလည်ဝင်သွားကြပါအုံး၊

Note 2 - ကမ္ဘာလုံးက မုန်တိုင်း ပါမှာ မဟုတ်ပါဘူး ယုံတယ်မလား

Continue Reading

You'll Also Like

419K 16K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
8.8K 808 31
အဆွိလေးပါနော် နာမည်ကြောင့် ဆွေးမသွားပါနဲ့လို့ အဆြိေလးပါေနာ္ နာမည္ေၾကာင့္ ေဆြးမသြားပါနဲ႕လို႔
1.2M 63K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...