14
2.3K 298 26
                               အပိုင်း ( ၁၄ )
ညက နှစ်ယောက် မအိပ်ဘဲ စကားတွေ ပြောနေကြတာ နံနက် အာရုံတက် ငါးနာရီမှ အိပ်ဖြစ်ကြသည်။
နံနက် နေရောင်ခြည်သည် လောကတစ်ခွင်လုံးကို ဖြန့်ကျက်ပေးနေပြီး လူသားတို့သည်လည်း တစ်နေ့တာ နိစ္စဓူဝ ကိစ္စများကို လှုပ်ရှားနေကြသည်။
သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုသည့် ဆိုရိုးအတိုင်း လူတို့သည် ဝမ်းတစ်ထွာအတွက် လှုပ်ရှား ရုန်းကန်ပြေးလွှားနေကြရသည်။
ထိုထဲကမှ ကမ္ဘာလုံးတို့သည် အိပ်ရာကပင် မနှိုးသေး။ နံနက် ကိုးနာရီဆိုသော အချိန်သည် ရုံးတက်သူတို့ ရုံးတက်နေရပြီ ဖြစ်သည်။
တစ်ခန်းလုံး အလင်းရောင်ဆိုလို့ ညအိပ်မီးသာ ရှိသည်။ လိုက်ကာတွေ တစ်ခန်းလုံး ချထားပြီး မှောင်နေသည်။ နေရောင် မထိုးသည်မို့ မိုးလင်းလို့ လင်းမှန်း မသိသေး။
တစ်ယောက်လက်မောင်းပေါ် တစ်ယောက်က အိပ်နေပြီး ခါးတွေကို ဖက်ထားကြသည်မှာ တင်းတင်းကြပ်ကြပ်။
ဘေဘီလုံး ကျိန်းစပ်နေသည့်မျက်လုံးတို့ကို အားယူ ဖွင့်လိုက်ပြီး ဘေးက နာရီကို ယူကြည့်လိုက်တော့ 5နာရီ မတ်တင်း။ လေးနာရီ ငါးဆယ်သာ။
ဘေဘီလုံး ကမ္ဘာ့ကို ဖက်ပြီး ပြန်အိပ်ဖို့ ကြိုးစားလိုက်ပေမဲ့ မြည်လာသည့် ဖုန်းကြောင့် မျက်လုံးတို့ မပွင့်ဘဲ ဖုန်းကို ကိုင်ကာ နား,နားကပ်ကာ....
" ဟဲလို "
" အိပ်ချင်မူးတူး အသံကြီးနဲ့ ဟဲလို မနေနဲ့ ဘယ်ချိန်ရှိနေပြီလဲ အချိန်လည်း ထ ကြည့်အုံး။ နေက ဖင်ထဲ ဝင်တော့မယ် "
တစ်ဖက်က မယ်၏ အသံက နားထဲကို တိုးဝင်လာသည်။ ဒီနေ့ ရုံးလာမယ် ပြောထားလို့ ဖုန်းဆက်နှိုးတယ် ထင်ပါရဲ့။ အခုမှ ငါးနာရီ ရှိသေးတယ်။ မမယ်က ဇွတ်တွေ နှိုးနေတော့တာပဲ။
" မမယ်ကလည်း အခုမှ ငါးနာရီပဲ ရှိသေးတယ်။ ဇွတ်အတင်းတွေ နှိုးနေတော့တာပဲ။ "
" ဟမ် ဘာပြောတယ် "
တစ်ဖက်က မယ် လက်က နာရီကို ပြူးကြည့်ပြီး အလုပ်စားပွဲမှ ထကာ မှန်တွေ ကာရံထားသည့် ဘက်ကို လျှောက်ကာ အပြင်ကို ကြည့်သည်။