Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)
အပိုင်း(၁၂)
လအနည်းငယ်ကြာပြီးနောက်..
ပိုးလုံးလေးသည် ပိန်လျလျခန္ဓာကိုယ်လေးမှ ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာလေသည်။
စံအိမ်အပြန် ကြိုမည့်သူတစ်ယောက်တိုးလာသည့် ဂိုဏ်းဆက်ခံသူသခင်မလေးသည်တော့ ပင်မစခန်း၌ အလျင်အမြန်လေ့ကျင့်ပြီး အိမ်သို့စောစောပြန်ခဲ့မြဲ..။
" မမကြီး ပြန်လာပြီ..ယေး "
ခြံရှေ့မြက်ခင်းပြင်မှ ပြေးလွှားလာသည့် အဖြူရောင်အလုံးလေးနှစ်ခုကို လက်ဆန့်ကာကြိုဆိုနေလိုက်သည်။တိုးဝင်လာသော နှစ်ယောက်၏ ကိုယ်လေးတွေကို မ,ချီကာ မြက်ခင်းပြင်ပေါ်သို့ လျှောက်လှမ်းလာခဲ့သည်။
" ကိုယ့်ပိုးလုံးလေးက ကိုယ်လာတာတောင်မသိဘူးပဲ..အင်း ဝမ်းနည်းစရာပဲ "
ငိုချင်ရဲ့လက်တို့မျက်နှာဖြင့် ထိုင်ခုံပေါ်မှာ ခေါင်းငုံ့ကာချည်ထိုးနေသည့် ပိုးလုံးလေးကိုကြည့်နေသည်။ ကြည့်နေသည်နှင့်တစ်ပြိုင်နက် ဂုတ်ပိုးလေးနှင့် နားရွက်လေးများသည် ပန်းနုရောင်သမ်းလာသည်။
" အင့်..မမကြီး ငိုနဲ့..မမကလေ မမကြီးကိုမျှော်နေတာ "
ငိုသံပါနှင့်ပြောသော အငယ်ကောင်လေးကို ပြုံးပြကာ ဖိကပ်နမ်းလိုက်သည်။
" အာ..အဲ့လိုလား ကိုယ့်ပိုးလုံးလေးက ဟန်ဆောင်ကောင်းတာပဲ "
မော့ကြည့်လာသည့် အညိုဖျော့ရောင်မျက်ဝန်းတစ်စုံကြောင့် နှုတ်ခမ်းတွေကွေးညွတ်အောင်ပြုံးလိုက်လေသည်။
" မမရယ် ဟန်ဆောင်ကောင်းတာမဟုတ်ပါဘူး တကယ်မတွေ့တာပါ "
မျက်လုံးလေးဟိုကြည့်ဒီကြည့်နှင့်ပြောနေသော ပိုးလုံးလေးသည် မလိမ်တက်သည့်ဟန်..။
" ဪ..ဪ ဟုတ်ပါပြီ..ဒါနဲ့ ကိုယ်စဉ်းစားခိုင်းထားတဲ့ အဖြေရပြီလား "
ကလေးတွေကိုချီကာ ပိုးလုံးလေး၏ မျက်နှာ
နားကို မျက်နှာကြီး တိုးကပ်လိုက်လေတော့..
" ဘာ..ဘာ စဉ်းစားခိုင်းထားတာလဲ..မေ့..မေ့သွားပြီ "
အယောင်ယောင်အမှားမှားဖြင့် စကားထစ်နေသော ပိုးလုံးလေးသည် တကယ့်မြူနှင်းလေး..။
ကျွန်မကတော့ နေမင်းကြီးပေါ့..။ မြူနှင်းလေးမကွယ်ပျောက်အောင် ထွက်ပေါ်မလာခဲ့မယ့် နေမင်းကြီး..။
" ဟုတ်ပါပြီ..ဒါပေမဲ့ ပိုးလုံးလေး မမေ့သေးတာ ကိုယ်သိတယ်နော်.."
ရွှေအိုရောင်ဆံနွယ်ကို ခပ်ဖွဖွလေးလုပ်ကာ သွားစွယ်တွေပေါ်သည်အထိ ပြုံးပြလိုက်သည်။ ပြီးနောက် ကလေးနှစ်ယောက်ကို ခေါ်ကာ စံအိမ်ဆီသို့ လှမ်းလာခဲ့သည်။
" ပိုးလုံးလေး ည စာ စား မယ် လာခဲ့နော် "
လမ်းလျှောက်နေရာမှလှည့်ကာ ညစာစားမယ်နေရာ၌ ဖိပြောပြီး လျှာပါသပ်ပြလိုက်သည်။ ထိုအချင်းရာနှင့်တစ်ပြိုင်နက် ညနေစောင်းနေမင်းနှင့်အပြိုင်ရဲတောက်သွားသော နားရွက်ဖျားလေးတစ်စုံလည်းပဲ ရှိလေသည်။
ဟုတ်ပါတယ်။ ပိုးလုံးလေးကို မနေ့ကညက ချစ်တယ်ပြောပြီး ချက်ချင်းမဖြေတောင်းခဲ့သည်။ ချက်ခြင်းအဖြေမပေးသည့်အတွက် အသက်ရှူကြပ်တဲ့အထိနမ်းကာ..
'အဖြေမပေးလို့ ဒဏ်ခတ်တာ..မနက်ဖြန် ကိုယ်ပြန်လာလို့ အဖြေမစဉ်းစားထားရင် ပိုးလုံးလေးကို ကိုယ်က ညစာအဖြစ်သုံးဆောင်ဦးမှာ'
ထိုသို့ပြောလိုက်ခြင်းကြောင့် ပိုးလုံးလေးသည် အရှက်သည်းနေရခြင်းဖြစ်သည်။
ညစာစားနေစဉ်တစ်လျှောက်လုံးလည်း ပိုးလုံးလေးသည် မျက်လုံးပင် ပင့်ကြည့်မလာ..။ နားရွက်ဖျားတွေနှင့် ဂုတ်သားတွေသည်တော့ နီရဲနေစဲ..။
" ငယ်လေးတို့ကို ကာတွန်းခဏပြပြီးရင် သိပ်လိုက်တော့ "
အနီးရှိ ငယ်လေးတို့၏နာနီကိုပြောလိုက်သည်။ နာနီသည်ရိုကျိုးစွာ ခေါင်းညိတ်ပြီး ငယ်လေးတွေကို ခေါ်သွားလေသည်။
" ပိုးလုံးလေးက ဘယ်သွားမလို့လဲ "
ထကာ အပြင်ထွက်ဟန်ပြနေသော ပိုးလုံးလေး၏ လက်သွယ်သွယ်လေးကို ကိုင်ကာ မျက်ခုံးတစ်ဖက်ပင့်ပြီးပြောလိုက်သည်။
" ကလေးတွေနဲ့ ကာ..ကာတွန်းသွားကြည့်မလို့ "
" ကာတွန်းက ကလေးတွေကြည့်တာလေ..ပိုးလုံးလေးကို ကိုယ်က လူကြီးတွေကြည့်တာပြမယ် လာခဲ့.."
" အင့်..ဘာ..ဘာ လူကြီးတွေကြည့်တာလဲ "
စွေ့ကနဲ မ,ချီခံလိုက်ရ၍ အထိတ်တလန့်အသံပေးလာလေသည်။
" အခန်းထဲရောက်ရင် သိရမှာပေါ့ "
ဂိုဏ်း၏ဆက်ခံသူသခင်မလေး၏ ရုပ်သည် စားနေကျကြောင်ဖားကြီး၏ ရုပ်နှင့် တစ်ထပ်တည်းကျနေလေသည်။
" အင့်.."
မွေ့ရာပေါ် ပြစ်တင်လိုက်ကာ အုပ်မိုးလာသောသူကြောင့် ပိုးလုံးမှာ အထိတ်ထိတ် အလန့်လန့်..။ ဒီကြားထဲ မျက်လုံးချင်းဆုံတော့ လိုက်ဖိုလာသော ရင်အစုံကထိန်းမရ..။
" ပိုးလုံးလေး..ကိုယ့်ကိုချစ်လား"
ရီဝေဝေအသံဖြင့် မေးသောကြောင့် ပိုးလုံးခဗျာ့ ကြက်သီးတွေပင်ထသွားလေသည်။
" ဟင့်.."
ပြွတ်စ်.!
" ဟင့်အင်း ဆိုတဲ့အဖြေမကြားချင်ဘူး..ကိုယ့်ကိုဒီတစ်ခါငြင်းရင် ကိုယ်က ပိုးလုံးကို ညစာအဖြစ် စားတော်ပွဲတည်တော့မှာ "
ပိုးလုံးခဗျာ့ ဒီတစ်ခါတော့ အကြပ်ရိုက်သွားလေသည်။
" ဟင့်.."
ပြွတ်စ်.!
" ဟင့်.."
ပြွတ်စ်.!
နူးနူးညံ့ညံ့အနမ်းတွေမဟုတ်ပါပဲ ကြမ်းရှရှအနမ်းတွေဖြစ်လေတော့ ပိုးလုံးမှာ အဖြေပေးဖို့သာ ဦးတည်ရပါတော့သည်။
" အင်း.."
ပြွတ်စ်.!
" အဖြေပေးပြီးတာကို ဘာလို့လာနမ်းနေတာလဲ "
တစ်ခါတလေကြ ဒီပိုးလုံးလေးဟာ စွာတေးလေးဖြစ်ပြန်ပါသည်။
" ပိုးလုံးလေးက ဘာအင်းတာလဲမှ ကိုယ်မသိတာကြီးကို "
" ချစ်တယ်လို့..ချစ်တယ်..အခုဖယ်လို့ရပြီမလား..ဖယ်တော့ "
" ဟင့်အင်း ဖယ်မရပါဘူး..ကိုယ်ဗိုက်အရမ်းဆာနေလို့ ဒီညပိုးလုံးလေးကို စားမှဖြစ်မယ်.."
" အင့်..အွန်း..လူ..ပြွတ်စ်.! ယုတ်မာ "
ဒီလိုနှင့် ဒီတစ်ညမှာ ဂိုဏ်းဆက်ခံသူသခင်မလေးသည် ဗိုက်ပြည့်အောင်အထိစားသောက်နေရာ..နေမင်းကြီးသည် မြူနှင်းလေးတွေကိုဝါးမြိုသွားမှ သူမလည်း ဗိုက်ပြည့်လေတော့သည်။
_________________
" တောက်စ်.! ခလွမ်း.! "
Maxiyoတစ်ဂိုဏ်းလုံး ကလေးမှအစ ခွေးကအဆုံး တစ်ယောက်မှ မလှုပ်ရဲပေ။ အကြောင်းက ဂိုဏ်း၏အရှင်သခင်နှစ်ယောက်သည် ဒေါသပုန်ထနေလေသည်။
" Maxiyoရဲ့ လျှိုဝှက်လမ်းကြောင်းကို ဂိုဏ်းသားတွေပဲသိတာလေ..အခု ဘယ်လိုလုပ် ဟိုကောင်တွေက သိသွားရတာလဲ.! "
သခင်ကြီး၏ အသံသည် ဟိန်းထွက်သွားသည်။ Maxiyo၏ လျှိုဝှက်လက်နက်တင်သွင်းသည့် လမ်းကို အောက်ခြေဂိုဏ်းငယ်လေးတွေက သိသွားသည့်အပြင် အာဏာပိုင်တွေကလည်း အနံ့ရနေသောကြောင့် သခင်ကြ ဒေါသထွက်နေရသည်။
" ဂိုဏ်းထဲက ဘယ်သူက သစ္စာဖောက်ရဲရတာလဲ.!."
သခင်မလေး၏ အသံသည်လည်း သတ်လိုဖြတ်လိုသည့်စွမ်းအား ကိန်းအောင်းနေလေသည်။ ဂိုဏ်းသားများသည်တော့ ခေါင်းကိုငုံ့ကာ ပေးသမျှပြစ်ဒဏ်ခံယူဖို့ အသင့်အနေအထားလုပ်ထားလေသည်။
Bellaတို့စိတ်တိုခြင်းသည် စားကျက်လုခံရ၍မဟုတ်..။ သစ္စာဖောက်၍သာ..။
" သစ္စာဖောက်ကိုရှာတာ နှစ်ရက်ရှိပြီ အခုထိမတွေ့သေးဘူးလား.! "
" ဂိုဏ်းသားထဲက ဟုတ်ပုံမရပါဘူး မဒမ်.."
Vamသည်လည်း အသင့်အနေအထားပင်။ အကယ်၍ ဒေါသများသူ့အပေါ်ပုံကျလာလျှင်လည်း ခံယူလိုက်ရုံသာ..။
" အဲ့တာဆို ဘယ်သူလဲ.! "
လည်ပင်းကြောတွေပါထောင်သည်အထိ ဒေါသကြီးနေသော သမီးလုပ်သူကို သခင်ကြီးဟန့်တားဖို့ပြင်ရသည်။
" တော်ပြီ Bella..ငါတို့ဒီလမ်းကြောင်းမှာရှိတဲ့ဟာတွေကိုလက်စဖျောက်လိုက်..ပြီးရင် ရဲကိုသတင်းပေးလိုက်..ငါတို့ တခြားလမ်းကြောင်းကပြောင်းသယ်မယ်.."
" အင်း အဲ့လိုလုပ်တာပေါ့ Dad..ကျွန်မပြန်မယ်.."
" အင်း "
သခင်ကြီးအနေနဲ့ သမီးလုပ်သူ၏ကောင်မလေးကို မသင်္ကာသော်လည်း သက်သေပြစရာ လက်စုတ်လက်ကိုင်မရှိသည့်အပြင် သမီးလုပ်သူသည် ထိုအမျိုးသမီးလေးကို တမ်းတမ်းဆွဲနေလေသည်။ လွန်ခဲ့တဲ့လ..အင်း ဟိုကောင်မလေး စရောက်ကထဲက သတိထားကြည့်မိမယ်ဆို..အောက်ခြေကနေ တရိပ်ရိပ်ထိပါးလာကြသည့် ဂိုဏ်းတချို့ကိုတွေ့ရပေလိမ့်မည်။ ဒီတစ်ခါတော့..ပင်မလမ်းကြောင်းမို့ ဆက်လက်ငြိမ်မနေလိုပဲ စုံစမ်းရတော့ပေမည်။
ဒီတစ်ခါက Maxiyo၏ဘဏ်စာရင်းထဲမှ သုံညအနည်းငယ်ထိပါးသွားသည့်အပြင် ဂိုဏ်းသားအချို့ပါ အသတ်ပါသွားသည်လေ..။
တချို့သော အကြောင်းအရာတွေသိအပြီးမှာတော့ ပိုးလုံးလေး၏ နောက်ခံကို သခင်ကြီးဆက်လက်စုံစမ်းနိုင်ပါအုံးမလား..။
____________
" စမ်းသက်ချက်အောင်မြင်ပါတယ် အခုဆိုရင်ဖြင့် Mrsရဲ့ Mrsဆီမှာ ကလေးကကောင်းကောင်းမွန်မွန်သန္ဓေတည်နေပါပြီ"
ဆရာဝန်၏စကားသံအဆုံး အပျော်ရွှင်ရဆုံးလူသားသည် Bellaပဲဖြစ်ပေမည်။ အမျိုးသမီးတွေကိုသာ သဘောကျတတ်သည့် လူမို့ မိသားစုဆိုသော ဘဝကိုမမျှော်မှန်းပေမယ့် ဖြစ်တည်လာသော အချစ်ရဲ့နောက်ဆက်တွဲလေးကြောင့် ပျော်ရွှင်ရမိပြန်ပါသည်။
" ကျေးဇူးတင်ပါတယ် အချစ်.."
" ကို ပျော်ရင် ပိုးလုံးလည်းပျော်တာမို့ ကျေးဇူးမလိုပါဘူး "
လက်ထဲရှိ သွေးခဲပုံလေးကို အမြတ်တနိုးကိုင်ပြီးအကြင်နာတွေချိုမြိန်နေသည့် ဤမြင်ကွင်းကို ဆရာဝန်ကြီးသည် အလိုက်တသိရှောင်ဖယ်ပေးပါတော့သည်။
သူမတို့ တွဲပြီးငါးလမှာ ကလေးချစ်တတ်သော Bella၏စိတ်ကို သိသော ချစ်ရသူသည် သူမကိုယ်ဝန်ဆောင်လိုကြောင်း ဂျီကျလာပါတော့သည်။ သူမ၏ ဂျီကျမှုကြောင့် Bellaသည် သူမ၏သွေးသားတစ်ဝက်ပါသော ကလေးလေးကို ချစ်ပေးဖို့အထိတွေးပြီးလက်ခံလိုက်ခဲ့သည်။ ဆေးရုံရောက်တော့ ထိုသို့မဟုတ်ပါပဲ Bella၏မျိုးဥနှင့် သုတ်ပိုးအလှူရှင်၏သုတ်ပိုးကို ပြင်ပ၌ ဖန်ပြွန်ဖြင့် သန္ဓေအောင်စေပြီးမှ သူမ၏သားအိမ်အတွင်းသို့ ထည့်စေခဲ့သည်။ သူမပြောသေးသည် 'ဒီလိုဆို ကလေးက ပိုးလုံးတို့နှစ်ယောက်လုံးရဲ့ ကလေးပဲ'တဲ့..။
(A/N ကိုယ်ဝန်ဆောင်ခြင်းသည် အနည်းငယ်မှားယွင်းနိုင်ပါသည်။ )
Bellaဒီလောက်ချစ်တာလည်း မပြောနှင့် ပိုးလုံးလေးသည် အရမ်းအလိုက်သိသည်။ Bellaအလိုကျအမြဲနေသည်။ တစ်ခုပါပဲ Bella၏ လုပ်ငန်းအကြောင်းအမြဲ စပ်စုသည်။
ချစ်တဲ့စိတ်ဖြင့်ကြည့်၍ သူလျှိုလို့ မခံစားမိခဲ့ခြင်းသည် Bella၏မဟာအမှားပဲဖြစ်ပေသည်။ ထိုအချင်းအရာတွေကိုတော့ ဖခင်ဖြစ်သူ၏ တစ်ဖက်လှည့်သတိပေးမှုကြောင့် ပိုးလုံးလေးကိုယ်ဝန်လွယ်ထားချိန်မှ သိရတော့သည်။
" Bella..အချစ်ကိုမကိုးကွယ်စမ်းနဲ့..မင်းရဲ့အချစ်က မင်းကို ကောင်းကောင်းကြီးနောင်တရအောင်လုပ်လိမ့်မယ် "
" မှတ်သားထားပါ့မယ်..Dad..ပြောချင်တဲ့အရာ၊ ရှင်းချင်တဲ့အရာရှိရင် တစ်ခုတော့သိထားပေးပါ Dad..ပိုးလုံးလေးက အနာဂတ်ရဲ့ဂိုဏ်းဆက်ခံသူကို လွယ်ထားရတယ်..ပိုးလုံးလေးရဲ့ ဇာတိအမှန်ကိုလည်း ကျွန်မ မသိချင်တော့ဘူး..ကလေးလေးလူလောကရောက်လာတာနဲ့ ပိုးလုံးလေးကို ဟိုဘက်နဲ့အဆက်အသွယ်ဖျက်ခိုင်းပြီး ကျွန်မရဲ့လှောင်အိမ်ထဲမှာ ရုန်းမထွက်နိုင်အောင် ဖမ်းထားမှာ "
" အိုကေ..တစ်ခုတော့မှတ်ထား ရှင်သန်ရာနဲ့နှလုံးသားနှစ်ခုထဲက တစ်ခုကိုရွေးချယ်ရမယ်ဆိုရင် ရှင်သန်ရာကိုပဲရွေးဖို့ ဘယ်တော့မှ မမေ့စေနဲ့.."
" အွန်း..သွားလိုက်ပါအုံးမယ် "
Bellaတကယ်ပင်ပန်းနေပြီဖြစ်သည်။ အောက်ခြေဂိုဏ်းတွေသည် ပိုးလုံးလေးကိုယ်ဝန်လရင့်တော့မှ ထကြွလာသလားမှတ်ရတယ် တစ်နေ့တစ်မျိုးမရိုးရသည့် ပြဿနာတွေ..။ ဒီကြားထဲ ပိုးလုံးလေး၏ သရုပ်မှန်..။
ဘာတွေလဲအချစ်ရယ်..။
အရာအားလုံး အတုအယောင်တွေဆိုရင်တောင် ကိုယ့်အပေါ်ချစ်တဲ့ အချစ်တွေက အတုယောင်မဟုတ်ဘူးလို့ ကိုယ်ယုံကြည်ထားပါရစေ..။
စံအိမ်ကိုပြန်ရောက်တော့ သိုးမွှေးထိုးနေသည့် ကိုယ်ဝန်အရင့်အမာကြီးဖြင့် ကြင်သူကို သိုင်းဖက်ကာ အမောတွေဖြေမိသည်။ အမောဖြေနေရင်းမှ ချစ်ရသူ၏ ပခုံးကိုခေါင်းအက်ပြီး မျက်ရည်တချို့ကျမိပြန်သည်။
" ကို..ဘာလို့ငိုရတာလဲ..ပိုးလုံးကိုပြောပြပါ.."
ပိုးလုံးလည်း ချစ်ရသူ၏မျက်မှာချောချောကို ကိုင်ကာ မျက်ရည်စတွေကိုသုတ်ပေးလိုက်သည်။ ချစ်ရသူ၏မျက်ရည်စတွေသည့် တကယ့်ငရဲအလား..ပူလောင်လွန်းသည်။
" ခေါင်းကိုက်လို့ မျက်ရည်ကျလာတာပါ အချစ်ရယ်..ကိုယ်ဘာမှမဖြစ်ပါဘူး ပြီးတော့ ကိုယ်မိသားစုဘဝလေးရတော့မယ်ဆိုတာသိလို့ ပျော်လို့ကျတဲ့မျက်ရည်ပါအချစ်ရယ်.."
ခပ်ဖွဖွပြုံးသည့် ချစ်ရသူကြောင့် ပိုးလုံးသည် နောင်တရမဆုံးချေ။ တစ်ဆက်ထဲ ဒီလိုမွေးဖွားလာခဲ့သည့် ကံကြမ္မာကိုပါ အပြစ်တင်နေမိသည်။ ချစ်ရသူ ပင်ပန်းရသော ကိစ္စတွေသည် လွန်ခဲ့တဲ့တစ်နှစ်က ပိုးလုံး၏ သတင်းပေးမှုကြောင့်ပဲဖြစ်ပေမည်။
'ပိုးလုံး အရမ်း နောင်တရတာပဲ ကိုရယ် '
ဒီအခြေအနေမှာ ပိုးလုံး၏သရုပ်မှန်ကို ချစ်ရသူသိသွားခဲ့ရင်..ပိုးလုံး ရှေ့မတိုးသာ၊ နောက်မဆုတ်သာဖြစ်ရတော့မည်။ အကယ်၍ သိသွားခဲ့လို့ ပိုးလုံးကိုစွန့်ပြစ်ခဲ့ရင်လည်း ပိုးလုံးအပြစ်သာ..။
ပိုးလုံး၏အပြစ်သည် ဖခင်ဆီမှ မေတ္တာကိုရယူလိုခြင်းပဲဖြစ်ပေလိမ့်မည်။
" အချစ် ဘာလေးထိုးနေတာလဲ "
ငြိမ်ကျသွားသူကြောင့် Bella စကားလမ်းကြောင်းလွှဲရတော့လေသည်။
" သားလေးအတွက် ခြေအိတ်လေးလေ ကိုရဲ့ နောက်ရက်ကျရင် ကို့အတွက်မာဖလာထိုးပေးမယ် "
" ရပါတယ် ချစ်ဇနီးလေးရယ် ပင်ပန်းနေပါ့မယ် သားလေးမွေးပြီးမှ ကိုယ့်အတွက်ထိုးပေးပါ "
" အင်း..အင်း ချစ်တယ် ကို "
" ကိုယ်လည်းပဲ ကိုယ့်ရဲ့ချစ်ဇနီးကို သိပ်ချစ်ပါတယ် "
နေလုံးကြီးသည် ပုစွန်ဆီရောင်သမ်းနေပြီး ချစ်ခြင်း၏ချိုမြိန်ခြင်းကိုမခံနိုင်စွာ တိမ်စိုင်တွေကြကို တိုးဝှေ့ကာ ဝင်သွားလေတော့သည်။
_____________________
15.3.22
ကိုယ်လည်း မြန်မြန်ဖတ်ချင်နေလို့ နေ့တိုင်းတင်ပေးနိုင်အောင် ရေးပါတော့မယ်။ အစစအရာရာဂရုစိုက်ပါ အူကြူးတို့