နွံမှာ.... ကျွံတဲ့အသည်း ( Com...

By Htet_Shoon_Lae_Oo

8.9K 1K 41

SunSun ( short story ) More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 11
Ep 12
Ep 13
Ep 14 ( Final )

Ep 10

508 73 0
By Htet_Shoon_Lae_Oo

" Hello အန်တီ ၊ ဒီနေ့မောင်မအားလို့စာသင်ချိန်မရှိတဲ့အကြောင်းဖုန်းဆက်ပြောတာပါ "

" ဟုတ်ကဲ့ ဒါဆိုသမီးဖုန်းချလိုက်တော့မယ်ရှင့် "

ဒီနေ့တော့သူမ မောင်နဲ့အပြတ်ရှင်းမှရတော့မည်။မောင်ပေးသမျှနာကျင်မှုတွေ၊ဥပေက္ခာတွေကိုသူမကြိတ်ခံပေးခဲ့တာယနေ့အချိန်ထိပဲ။ဒီလိုသူမသည်းခံပေးခဲ့တာက မောင့်ကိုတခြားတစ်ယောက်နဲ့ဖောက်ပြန်စေဖို့မှမဟုတ်ဘဲ။သူမကိုယ်တိုင်မောင့်ကိုတားမည်။သူမ မတားနိုင်ရင်တော့ မောင့်မေမေကတော့မောင့်ကိုတားနိုင်မှာသေချာပါသည်။

‌ခဏအကြာမှာ‌မောင်ပြန်လာနေကျအချိန်ဖြစ်တာမို့အိမ်ရှေ့မှကားစက်သံကြားလိုက်ရသည်။ဒီ‌နေ့စနေနေ့ဖြစ်တာကြောင့်ဆောနူကိုမောင်သွားမကြိုဖြစ်တဲ့နေ့မို့မောင်နဲ့အတူဆောနူ
ပါမလာခဲ့။အရင်နေ့တွေကလိုသူမ ‌မောင့်ကိုထွက်မကြိုဖြစ်။ဧည့်ခန်းမှာသာသူမထိုင်နေမိသည်။

ဒါပေမဲ့ မောင်ကတော့မောင်ပါပဲ။ကျွန်မထွက်မကြိုလို့လည်းဝမ်းနည်းအံ့ဩနေမည့်သူမဟုတ်တာမို့ဧည့်ခန်းမှာထိုင်နေသည့်ကျွန်မကိုတစ်ချက်သာကြည့်ပြီး ဆောနူကိုစာသင်ပေးသည့်အခန်းထဲသို့တန်းဝင်သွားသည်။သိပ်မကြာလိုက် မျက်မှောင်ကြီးကျုံ့လျက်မောင်ပြန်ထွက်လာသည်။အဲ့လောက်တောင်ဖြစ်ပျက်နေပြီလားမောင်ရယ်။

" ဆောနူ မလာသေးဘူးလား "

" ဒီနေ့ယွန်းမလာခိုင်းထားတာ မောင် "

" ဘာ "

မောင့်ရဲ့အသံကဒေါသသံစွက်နေသလိုအနည်းငယ်လည်းကျယ်လောင်သည်။

" ဟုတ်တယ်၊ယွန်းမလာခိုင်းတာ "

" ငါစာသင်နေတဲ့ကလေးကိုငါ့ခွင့်ပြုချက်မရဘဲမင်းကဘာကိစ္စမလာခိုင်းရတာလဲ "

" ရှင်တို့ကနေ့တိုင်းတွေ့နေရတာတောင်မဝနိုင်ဘူးလားဟင်၊
သိပ်ကိုဖြစ်ပျက်နေကြပါလား "

" မင်းဘာစကားပြောတာလဲ ယွန်းဂျယ် "

" ကျွန်မစကားကဘယ်နေရာများမှားနေလို့လဲပြောစမ်းပါအုံး "

မောင့်ပုံစံကကျွန်မစကားများအတွက်အံ့အားသင့်နေပုံရသည်။အရင်ကမောင်ကျွန်မကိုဘယ်လိုပဲဥပေက္ခာပြုပြု
မောင့်ကိုငြိုငြင်ခြင်းမရှိခဲ့။အခုလိုကျွန်မဘက်ကကြမ်းတမ်းတဲ့အပြုအမူတွေမြင်ရတဲ့အခါမောင်ကသိပ်အံ့ဩသွားပုံရသည်။
နောက်ပြီးမောင်တို့အကြောင်းကိုကျွန်မသိသွားပြီဆိုတာကိုလည်းအံ့အားသင့်နေပုံဖြင့် မောင့်မျက်နှာကထားမတက်အောင်ပျက်ကျသွားသည်။ဒီလောက်ဆို သူမရထားတဲ့ဓာတ်ပုံကိုတောင်ထုတ်ပြဖို့မလိုလောက်တော့။မောင့်ပုံစံသိသာလွန်းနေခဲ့ပြီလေ။

" မင်းသိသွားပြီဆိုတော့လည်းမင်းအပေါ်ထားတဲ့ငါ့သဘောထားကိုတကူးတကပြောပြစရာမလိုတော့ဘူးပေါ့ "

ဒါပေမဲ့ မောင်ဟာခဏအတွင်းမှာပင်ခပ်အေးအေးအနေအထားသို့ပြောင်းလဲသွားသည်။ မောင့်အပြုအမူတွေကသူဘာအမှားတစ်ခုမှကျူးလွန်ထားခြင်းမရှိသူတစ်ယောက်လိုပြောဆိုနေခြင်းဖြစ်သည်။

" မောင့် ...
မောင်ဘယ်လိုပြောလိုက်တာလဲမောင်ရယ်၊ယွန်းကိုရွဲ့ချင်နေတယ်ဆိုလည်းတခြားနည်းလမ်းနဲ့ရွဲ့ပါ၊အိမ်ထောင်ရေးဖောက်ပြန်ပြလောက်ရတဲ့အထိတော့မရွဲ့ပါနဲ့ "

" ငါကမင်းကိုရွဲ့တယ်ဟုတ်လား၊
မင်းကိုရွဲ့ချင်တာလေးတစ်ခုတည်းနဲ့တော့ ငါဆောနူကိုအသုံးမချဘူး၊ဆောနူကအသုံးချခံတစ်ခုလည်းမဟုတ်ဘူး၊ငါဆောနူကိုတကယ်ချစ်မိသွားလို့ဒီလိုဖြစ်သွားရတာပဲ "

" မဟုတ်ပါဘူး၊မောင် ယွန်းကိုစိတ်ဆိုးနေလို့ခဏစိတ်ပျော်ရာကိုရှာတာမဟုတ်လားမောင်၊မောင် ယွန်းကိုဘယ်လောက်ချစ်ခဲ့လဲယွန်းအသိဆုံးပါ "

ဆောင်းဟွန်းအားငိုယိုထုရိုက်ကာသူမပြောနေမိသည်။သူမပုံစံကသူရူးတစ်ယောက်ပမာ အမှန်တရားတစ်ခုအားလက်
သင့်မခံနိုင်သလိုတွင်တွင်ငြင်း‌နေမိသည်။။သူမမောင့်ကိုယုံကြည်ခဲ့တာလေ။သူမ မောင့်ကိုအတွေးလေးနဲ့တောင်သံသယမဝင်မိအောင်ကြိုးစားပေးခဲ့တာလေ။ဒါတောင် မောင်ကလုပ်ရက်လိုက်တာ။

" ငါမင်းကိုချစ်ခဲ့တာအမှန်တရားတစ်ခုဆို၊
ငါဆောနူကိုချစ်မိသွားတာလည်းငြင်းမရတဲ့အမှန်တရားတစ်ခုပဲ "

မောင်ကပြတ်သားစွာစကားဆိုသည်။မောင့်စကားတို့ကကျွန်မရင်ကိုဆူးပေါင်းမြောက်များစွာနှင့်ထိုးစိုက်နေသလိုနာကျင်လှသည်။မောင့်အပေါ်ကျွန်မရဲ့ယုံကြည်မှုတွေကသဲထဲရေသွန်သလိုပျက်စီးခဲ့ရပြီ။မောင်ကသိပ်သစ္စာရှိတဲ့ယောက်ျားတစ်ယောက်ပါလို့သူမယုံကြည်ခဲ့တာတွေကအချည်းနှီးသာ။

" ယွန်းလေ မောင့်ကိုယုံကြည်ခဲ့တာ "

" တစ်ချိန်ကမင်းသာငါ့ကိုအခုလိုယုံကြည်ပေးခဲ့ရင်သိပ်ကောင်းမှာ၊
ဒါပေမဲ့ မင်းအမှားတွေမဟုတ်မှန်းငါသိပါတယ်၊ငါကိုယ်တိုင်ကိုက ဆောနူကိုချစ်ချင်လို့ကိုချစ်မိသွားတာ "

သိနေခဲ့တာတောင်ကျွန်မအပေါ်ကိုလုပ်ရက်လေခြင်း‌မောင်ရယ်။

" ဒီနေ့တော့ငါတို့ပြတ်ပြတ်သားသားပဲပြောရအောင်၊
မင်းနဲ့လက်ထပ်ဖြစ်ခဲ့တာငါ့ဆန္ဒလုံးဝမပါခဲ့ဘူး၊
ငါ့ကိုမရွေးချယ်ခဲ့တဲ့မင်းကိုအဲ့နေ့ကစပြီးငါ့နှလုံးသားထဲထုတ်ပစ်ခဲ့တာ၊
ဒါကြောင့်လဲ ဆောနူကိုငါထပ်ချစ်ဖြစ်ခဲ့တာ၊ဒါပေမဲ့
ဆောနူက ငါ့အတွက်ပထမဆုံးမဖြစ်ခဲ့ရင်တောင်နောက်ဆုံးအချစ်တစ်ခုဖြစ်တာတော့သေချာတယ် "

သူမဘာစကားမှမဆိုနိုင်တော့။သူမက‌မောင့်အတွက်မိဘစီစဉ်လို့ယူခဲ့ရသည့်ဇနီးမယားတစ်ယောက်သက်သက်သာ။ကျွန်မအပေါ်မှာမောင့်ရဲ့ချစ်ခြင်းတွေ၊ကြင်နာယုယခြင်းတွေ၊ထွေးပွေ့ဂရုစိုက်ပေးခြင်းတွေကတစ်စက်ကလေးတောင်ရှိမနေခဲ့မှန်းသူမသိလိုက်ရပြီ။

ဟိုးအရင်ထဲက သူမ မောင့်ကိုဆုံရှူံးမှန်းမသိဆုံရှူံးခဲ့ရခြင်းဖြစ်သည်။ကျွန်မတစ်ယောက်ထဲကိုပဲ မောင်ချစ်မယ်ထင်လို့၊ကျွန်မအမှားတွေကိုမောင်နားလည်လာတဲ့အခါခွင့်လွှတ်ပေးနိုင်မယ်ထင်လို့မောင့်ဘေးမှာနေဖို့ရွေးခဲ့တာပါ။ဒီနေ့မှ မောင့်ဘေးမှာကျွန်မရှိနေခြင်းဟာလုံးဝအမှားကြီးတစ်ခုဖြစ်နေမှန်းသိလိုက်ရသည်။ကျွန်မရှုံးပါတယ်မောင်။ကျွန်မ‌ မောင့်ကိုအရှုံးပေးလိုက်ပါပြီ မောင်ရယ်။

******

" ဒီနေ့စာသင်ချိန်မရှိဘူးတဲ့ သားသား "

" ဗျာ "

စာသင်ချိန်မရှိဘူးလို့အကိုလည်း ဆောနူကိုမပြောပါဘူး။

" မေမေ့ကိုအကိုဖုန်းဆက်တာလား "

" သမီးယွန်းဂျယ်ဆက်တာ၊ဆောင်းဟွန်းမအားလို့တဲ့ "

အကိုကမအားရင် ဆောနူကိုကိုယ်တိုင်ပြောမှာသေချာသည်။
အခုကအမယွန်းဂျယ်ဖုန်းဆက်ပြောတာဆိုတော့ အကို
နေများမကောင်းလို့လား။

" အကိုနေမကောင်းများဖြစ်နေလို့လားမသိဘူးနော်
မေမေ၊သားကို အကို့ဆီခဏလိုက်ပို့ပေးလို့ရမလား၊စာမေးစရာလေးရှိလို့  "

အခုအချိန်မှာအကိုနဲ့သူ့ရဲ့ပတ်သက်မှုကလူသိခံလို့မဖြစ်တာမို့ဘာကိစ္စပဲဖြစ်ဖြစ်ပေါ့ပေါ့တန်တန်နေလို့မရ။အခုလည်းအကို
ဘာဖြစ်နေလဲသိချင်တာမို့ မေမေ့အားမသိမသာဂျီတိုက်နေရခြင်းဖြစ်သည်။

" အင်း မေမေလိုက်ပို့ပေးမယ်လေ "

လမ်းတလျှောက်သူရင်တွေတုန်နေသည်။ဘာကြောင့်လဲမသိစိတ်တွေလည်းလေးနေကာတစ်ခုခုဖြစ်တော့မလိုစိတ်ထဲထင့်နေမိသည်။သိပ်မကြာလိုက် အကို့အိမ်ရှေ့သို့ကျွန်တော်တို့ကားလေးရောက်လာခဲ့သည်။ထိုအချိန်တွင် အမယွန်းဂျယ်ကကားကိိုခြံထဲမှကြမ်းတမ်းစွာမောင်းထွက်သွားတာကိုတွေ့ရသည်။မေမေကတော့အံ့ဩနေသည့်ပုံဖြင့် အမယွန်းဂျယ်ကားလေးကိုငေးကြည့်နေသည်။

ကျွန်တော့်စိတ်တွေကတော့ခြောက်ခြားလျက်။အမကျွန်တော်တို့အကြောင်းကိုများသိသွားခဲ့ပြီလား။စိတ်အလိုကိုလိုက်ကာ
လုပ်ခဲ့မိတဲ့အမှားတစ်ခုအတွက် ယခုအချိန်မှာ ဆောနူထိတ်လန့်နေမိသည်။အကို့အတွက်လည်းစိုးရိမ်သည့်စိတ်ကတစ်ဖက် ဆောနူမှာကတုန်ကယင်ဖြင့်။မေမေရိပ်မိအောင်
စိတ်ကိုမနည်းထိန်းနေရသည်။

" ယွန်းဂျယ်နဲ့ဆောင်းဟွန်းဘာဖြစ်ကြတာလဲမသိဘူး၊
မေမေတို့ပြန်သင့်တယ်ထင်တယ် "

မေမေကထိုသို့ပြောကာအကိုတို့ခြံရှေ့မှထွက်ခွာလာခဲ့သည်။ကားအနောက်ခန်းထဲမှဆောနူကိုမေမေလှည့်မကြည့်တာကြောင့်သာတော်သေးသည်။မဟုတ်ရင် ဆောနူပုံစံကအတော်လေးရုပ်ပျက်နေလောက်သည်။

ဘာမှကြီးကြီးမားမားဖြစ်မလာဖို့မျှော်လင့်ပါတယ် အကို။ကျွန်တော်အကိုနဲ့မခွဲနိုင်ဘူး။အကိုနဲ့ဝေးရရင်ကျွန်တော်သေမှာဗျ။အကို့ကိုကျွန်တော်သေလောက်အောင်ချစ်မိသွားမို့ အကိုကကျွန်တော့်ကိုပဲရွေးချယ်ပေးပါဗျာ။နောက်ဆုံးအထိကျွန်တော့်ကိုပဲရွေးချယ်ပေးပါ။

#HHSLO

Continue Reading

You'll Also Like

19.3K 2.2K 25
Enhypen ရဲ့ တစ်နေ့တာတွေထဲက Jaywon crumbs လေးတွေကို imaginary သက်သက် plot လေးတွေနဲ့ အပိုင်းတိုတစ်ခန်းရပ်လေးတွေရေးသွားမှာဖြစ်ပါတယ်
1M 62.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
706K 25.9K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
180K 3.8K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...