ကျောင်လင်း အလွန်တရာ ထိတ်လန့်နေတာကြောင့် ချွေးစေးတွေပြန်လာတဲ့အပြင် မျက်ဝန်းတွေထဲမှာပါ ခါးသီးနာကျည်းမှုတွေ ထင်ဟပ်လာတယ်....ဒီတစ်ကြိမ်မှာ စွန့်စားပြီး လမ်းကြောင်းဖောက်ခဲ့ပေမယ့် တန့်ကျိုးက တန့်ကျင်းဝမ်းရဲ့သားအရင်းမဟုတ်ဘူးတဲ့....တန့်ကျင်းဝမ်းလိုလူစားမျိုးက စိတ်တထင့်ထင့်နဲ့နေမယ့်သူမျိုးမဟုတ်ဘူး....သူတို့သားအဖကို လွှတ်ပေးမှာမဟုတ်လောက်ဘူး....
ကျောင်ဟုန်က ကျောင်လင်းမေးနေတာကို ပြန်မဖြေဘဲ ရှဲ့ဟယ်ဆီလျှောက်သွားပြီး....
"ဘာတွေဖြစ်ကုန်တာလဲ..."
ရှဲ့ဟယ်က တူညီတဲ့ အဖြေမျိုးကိုပဲ ထပ်ခါတစ်လဲလဲ ပြန်ဖြေနေတယ်....
"ကျူပ်က သူ့သားမဟုတ်ဘူး...."
ကျောင်ဟုန် ခေါင်းတစ်ချင်ညိတ်လိုက်ပြီး....
"သိပြီးသားပဲလေ....ငါအခုသိချင်နေတာက မင်း သူ့သားမဟုတ်မှန်း ဘယ်တုန်းကတည်းက သိနေတာလဲ...သူ့သားမဟုတ်ဘဲနဲ့ မင်းကို သူ့အနားမှာ ဘာလို့ ဆက် ထား ထားတာလဲ..."
ကျောင်ဟုန့်ရဲ့မေးခွန်းကြောင့် နဂိုဖြူဖျော့နေတဲ့ ရှဲ့ဟယ်ရဲ့မျက်နှာက ပိုပြီးတော့တောင်ဖြူဖျော့သွားသေးတယ်....ပြန်မဖြေချင်တာကြောင့် နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်တယ်....
ကျောင်လင်းက ရှဲ့ဟယ်ကို ဆံပင်ဆွဲပြီး မျက်နှာကို ကြမ်းပြင်ပေါ်ဖိကပ်ထားလိုက်ပြီး...
"ငါတို့မေးနေတာကို မြန်မြန်ပြန်ဖြေစမ်း! !!!"
မျက်ဝန်းတွေ ရဲရဲနီနေတဲ့ ရှဲ့ဟယ်က ဘာတစ်ခွန်းမှပြန်မဖြေဘဲ တင်းခံနေတယ်...သူ့မျက်ဝန်းတွေထဲမှာ ပြင်းထန်လွန်းလှတဲ့ နာကျင်မှုတစ်ရပ် ကိန်းဝပ်နေလေရဲ့....
တစ်ကိုယ်လုံး ကြိုးတုပ်ခံထားရတာကြောင့် ကြမ်းပြင်ပေါ် ပစ်စလက်ခတ်လဲကျနေရှာတယ်....သို့ပေမယ့်လဲ အတင်းအကြပ် ခေါင်းမော့ပြီး သေရေးရှင်ရေးအတွက် ရုန်းကန်နေရတယ်....ဒါဟာ သေမင်းနဲ့ စစ်ခင်းနေရခြင်းကနေ ရုန်းကန်နေရှာတဲ့ ငန်းရိုင်းလေးတစ်ကောင်သဖွယ် လှပနေသလို တစ်မျိုးတစ်ဖုံလဲ သနားစရာကောင်းနေပြန်တယ်....
တစ်ခုခုကို သတိပြုမိချိန်မှာ ကျောင်ဟုန်ရဲ့ အမူအရာတွေ မည်းမှောင်လာတယ်.....
"လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက မင်းကို တန့်မိသားစုစာရင်းထဲကနေ ထုတ်ပစ်ပစ်လိုက်တယ်ဆိုတော့..အဲ့တုန်းကတည်းက မင်း သူ့သားအရင်းမဟုတ်မှန်းသိနေတာပေါ့...ဟုတ်လား..."
ရှဲ့ဟယ်ရဲ့ အမြင်အာရုံတွေ ပြာဝေနေပြီ.....
အခြေနေအရပ်ရပ်ကို နားလည်လာတဲ့ ကျောင်ဟုန်က ရှဲ့ဟယ်ရဲ့ မျက်နှာကို စိုက်ကြည့်ပြီး တဖြည်းဖြည်းချင်းပြောလိုက်တယ်....
"တန့်ကျင်းဝမ်းက မင်းလို ငယ်ငယ်ချောချာကောင်လေးတွေကို ကြိုက်တယ်လို့ ကြားဖူးတယ်......မင်းပုံစံကို ကြည့်လိုက်ရင်....သူမင်းကို ကြိုက်မယ်ဆိုတာ ငါသေချာပြောရဲတယ်...အဲ့တော့ တန့်ကျင်းဝမ်းစိတ်ပြောင်းသွားပြီး မင်းကို အနားမှာခေါ်ထားတာပေါ့...ဟုတ်လား..."
တုန်လှုပ်နေတဲ့ ရှဲ့ဟယ်ရဲ့ မျက်နှာတစ်ခုလုံး သွေးမရှိတော့သည့်နှယ် ဖြူရော်နေပြီ.....နာကျင်စွာနဲ့ မျက်လုံးတွေ မမှိတ်လိုက်ခင် ကျောင်ဟုန့်ကို ရေခဲတမျှ အေးစက်နေတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်သေးတယ်....
ကျောင်သားအဖ အကြည့်ချင်းဖလှယ်နေကြပြီး...သူတို့တွေမယုံနိူင်သေးဘူး....
တန့်ကျိုးက တန့်ကျင်းဝမ်းရဲ့သားမဟုတ်ဘူးတဲ့ဆိုတဲ့ အချက်နဲ့တင် အံ့သြစရာကောင်းနေပြီလို့ ထင်နေခဲ့တာ....ထပ်ပြီးသိလိုက်ရတဲ့ အမှန်တရားတစ်ခုက ပိုလို့တောင် အံ့သြစရာကောင်းနေသေးတယ်.........
ရှဲ့ဟယ်ကို ကြည့်နေတဲ့ ကျောင်ဟုန့်ရဲ့အကြည့်တွေထဲမှာ စာနာသနားမှုတွေ ကပ်ညှိနေပြီ...တန့်ကျင်းဝမ်းဆိုသူက ကစားစရာတစ်ခုကြောင့်နဲ့ သူ့နှလုံးသားကို လှုပ်ရှားစေမယ့်
သူမဟုတ်ဘူးလေ...
ပျော်ပါးဆော့ကစားလို့ဝတာနဲ့ စွန့်ပစ်လိုက်မှာပဲ....ဒီနေ့ကြုံတွေ့ခဲ့ရသလောက်ဆို တန့်ကျင်းဝမ်းရဲ့သဘောထားတွေက သားအဖြစ် ကျွေးမွေးပြုစုခဲ့တဲ့ ဒီကောင်လေးအပေါ်မှာတောင် ခြွင်းချက်တစ်ခုအဖြစ်ရှိမနေခဲ့ဘူးပဲ....ဒီလိုသာဆို သူတို့သားအဖတော့ အခြေနေမကောင်းတော့ဘူး....တန့်ကျင်းဝမ်းကို အမြတ်ထုတ် ငွေညှစ်ဖို့ကြိုစားမိတဲ့အမှုကြောင့် သူတို့သားအဖလွတ်လမ်းမမြင်တော့ဘူး....တန့်ကျင်းဝမ်းက တန့်ကျိုးကို ဂရုမစိုက်ပေမယ့်လဲ သူတို့သားအဖရဲ့လုပ်ရပ်က တန့်ကျင်းဝမ်းကို မျက်နှာဖြတ်ရိုက်လိုက်သလိုပဲလေ...အဲ့တော့ အညှာတာမဲ့စွာ တုန့်ပြန်ခံရတော့မယ်....
ဒီတစ်ကြိမ်မှာ လုံးလုံးလျားလျား ကျရှုံးသွားခဲ့ပြီ....ကျောင်ဟုန်က အရှုံး အမြတ်ကို သေချာမျှတစွာ တွက်ချက်တတ်သူပါ....
"ငါတို့တွေ အမြန်ဆုံးနည်းနဲ့ ထွက်သွားမှဖြစ်တော့မယ်..."
တန့်ကျင်းဝမ်း ရောက်မလာခင် ပြေးနိူင်မှတော်ကာကျလိမ့်မယ်....ဒီနည်းလမ်းတစ်ခုတည်းကသာလျှင် သူတို့သားအဖကို သေဘေးကနေ လွတ်မြောက်စေနိုင်မှာပါ....
ဒီနည်းလမ်းကလွဲရင် တခြားနည်းလမ်းမရှိပေမယ့် ကျောင်လင်းကတော့ ထွက်မသွားချင်သေးပေ....
"အဖေ...ကျွန်တော်တို့ သူ့ကို ဒီအတိုင်းထားခဲ့တော့မှာလား..."
"ဒီအတိုင်းမထားခဲ့လို့ ဘာလုပ်ချင်သေးလို့လဲ.."
အလိုလိုက်ထားလွန်းလို့ ပျက်စီးနေပြီပဲ....လက်ရှိအခြေနေနဲ့ပတ်သတ်ပြီး သူ့သားမှာလဲ တာဝန်ရှိတယ်ဆိုပေမယ့် သားဖြစ်သူကို ဒီအတိုင်းတော့ မသေစေချင်သေးဘူး...သူ့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာပါ....
ဗလာဖြစ်နေတဲ့ လက်မောင်းတစ်ဖက်ကို ကြည့်ပြီး ကျောင်လင်းတစ်ယောက် နက်ရှိုင်းလှတဲ့ အမုန်းတရားတွေ ပွင့်အံလာခဲ့ပြီ....ဒီကနေ လွတ်သွားရင်တောင် တစ်သက်လုံး ပုန်းအောင်းနေရတော့မှာ....ဒါမျိုးတော့အဖြစ်မခံနိူင်ဘူး....လက်လဲ မခံနိူင်ဘူး....ထိုအခိုက်အတန့်မှာ အမုန်းတရားက အကြောက်တရားကို သာလွန်အောင်နိုင်သွားခဲ့လေပြီ.....
"အဖေ အရင်သွားနှင့်...ကျွန်တော် ဒီကောင့်ကို သတ်ပြီးရင် နောက်ကလိုက်လာခဲ့မယ်..."
[ရှဲ့ဟယ်:ဘေဘီရေ....ငါ့ကို 360 Degree ဓာတ်ပုံလေးတစ်ပုံလောက် မြန်မြန်ရိုက်ပေးစမ်းပါဉီး....ပြီးရင်အဲ့ပုံကို သုံးဖက်မြင်ပုံရိပ်အဖြစ်ပြောင်းထားလိုက်...ဒါမှ ငါ့ရဲ့ပြစ်မျိုးမှဲ့မထင်အလှတရားလေးကို အချိန်မရွေးကြည့်လို့ရမှာ...]
[444:ဒီအချိန်ကြီးမှာ.!!!!!]Host တာ့တာ့တစ်ယောက် ဒီအခြေနေမျိုးမှာတောင် Selfie ဆွဲချင်နေသေးတယ်တဲ့...
[ရှဲ့ဟယ်: ဒါပေါ့ အခုချက်ချင်း ရိုက်ရမှာပေါ့ နောက်ဆို အခုလို လှပတဲ့မျက်နှာမျိုးလေး မမြင်နိုင်တော့ဘူး......တွေးလေး တွေးလေ ဝမ်းနည်းလာလေပဲ...]
[444:. .....???] ဘာတွေလဲ! !!အများကြီးကြားနေပေမယ့် ငါလေး နည်းနည်းပဲနားလည်တယ်......
[ရှဲ့ဟယ်: မှတ်ထား....တစ်ခါတစ်လေမှာ အရမ်းလှပလွန်းရင် ဘေးသင့်တတ်တယ်ကွ...ကဲ ကဲ ရိုက်ကူးနေ စနေပြီလား...]
[444: ဟုတ်ကဲ့...] နားမလည်ပေမယ့်လဲ ခိုင်းတဲ့အတိုင်းလုပ်နေသ၍ အဆင်ပြေပါတယ်လေ.....
[ရှဲ့ဟယ်: သိပ်ကောင်းတယ်...အခုချိန်ကစပြီး အပြင်ပန်းအလှကို ဖယ်ထုတ်ပြီး အတွင်းစိတ်အလှနဲ့ ဒယ်ဒီ့ကို လှုပ်ရှားသွားအောင် လုပ်လို့ရပြီ...]
444:. .......ဝက်သားဖက်ပဲဟေ့.....
သားဖြစ်သူရဲ့စကားကြားပြီး ကျောင်ဟုန် ရဲ့မျက်နှာထားတွေအေးစက်လာတယ်....
"မဖြစ်ဘူး....တန့်ကျင်းဝမ်းကို ဟန့်တားဖို့ သူ့ကို ဒီအတိုင်းထားခဲ့မှဖြစ်မယ်....တန့်ကျင်းဝမ်းက ဒီကောင်လေးကို ဂရုမစိုက်ဘူးပြောနေပေမယ့် အနားမှာ အကြာကြီးခေါ်ထားတယ်ဆိုကတည်းက နည်းနည်းပါးပါးတော့ ဂရုစိုက်ချင်စိုက်မှာပဲလေ....ငါတို့တွေ အချိန်ပိုရအောင် ဒီကောင်လေးကို ဒီအတိုင်းထားခဲ့မှဖြစ်မယ်..... "
ကျောင်လင်း အံကြိတ်နေပြီ.....
"ဒါပေမယ့်......"
"ဒါပေမယ့်တွေ ဘာတွေလုပ်မနေနဲ့ ငါတို့တွေ
အသက်ရှင်ဖို့က ပိုအရေးကြီးတယ်ကွ !!!!!"
နောက်လှည့်ပြီး သူ့တပည့်တွေကို အမိန့်ပေးလိုက်တယ်.....
"မြန်မြန်သိမ်းဆည်းပြီးရင် သွားကြမယ် "
ကျောင်လင်းက ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရှဲ့ဟယ်ဆီ လှည့်လာနေပြီ......
သားအဖြစ်သူရဲ့ လှုပ်ရှားမှုကို မြင်တာနဲ့ ကျောင်ဟုန် ပေါက်ကွဲလာပါလေရော.....
"ဘာလုပ်နေတာလဲ....သူ့ကို သွားမရှုပ်နဲ့လို့ပြောနေတယ် !!!!!"
ကျောင်လင်းက ဖခင်ဖြစ်သူကို ထူးဆန်းတဲ့ အပြုံးမျိုးနဲ့ပြုံးပြလိုက်ပြီး.......
"ကျွန်တော်သူ့ကို မသတ်ပါဘူး...ဒီအတိုင်း သင်ခန်းစာ ပါးပါးလေးပေးမလို့....တစ်မိနစ်တောင်မကြာစေရဘူး...."
ရှဲ့ဟယ်ရဲ့ ဘေးမှာ စောင့်ကြောင့်ထိုင်ချလိုက်တဲ့ ကျောင်လင်းက ဖြူဖျော့နေတဲ့ ရှဲ့ဟယ်ရဲ့မျက်နှာကို ကြည့်ပြီး အမူအရာတွေ မည်းမှောင်လာတယ်.....
"တန့်သခင်လေး....မင်းဘဝကြီးက ထင်သလောက်လဲ မသာယာပါလား....ငါဒီနေ့မင်းကို မသတ်ဘူး...ဒါပေမယ့် မင်းက တကယ်ကို မျက်စိစပါးမွှေးစူးစရာကောင်းတယ်...."
ကျောင်လင်းက ရှဲ့ဟယ်ရဲ့မေးစေ့ကို ဓားဉီးနဲ့ဆွဲမော့လိုက်တယ်.....
"မင်းကြည့်ရတာ တန့်ကျင်းဝမ်းအနားမှာ မပျော်သလိုပဲ.... မင်းမှာ မျက်နှာလှလှလေးသာမရှိတော့ရင် သူလဲ သဘောကျမှာမဟုတ်လောက်တော့ဘူး....ငါဒီနေ့မင်းကို ကူညီပေးမယ်.....ဒီနေ့ ဒီအချိန်ကစပြီး မင်းရဲ့ ဒုက္ခဆငိးရဲတွေကနေ လွတ်မြောက်ပါစေ....ပြန်ဆုံနိုင်ပါ့မလားမသိပေမယ့် မင်း ငါ့ကို ကျေးဇူးတင်စရာမလိုဘူး....."
ပြောပြီးတာနဲ့ ဓားဉီးကို ရှဲ့ဟယ် ပါးစပ်ထဲ ထိုးစိုက်လိုက်ပြီး ရှဲ့ဟယ်ရဲ့ တုန်လှုပ်ခြောက်ခြားတဲ့အကြည့်တွေ အောက်မှာတင် ပါးစပ်ကနေ နားရွက်ဆီကို ထိုးခွဲလိုက်တာကြောင့် အသားစတွေ ကွဲထွက်သွားပြီး သွေးတွေ ဒလဟောစီးကျလာတယ်......
ရှဲ့ဟယ် အသံကုန် အော်ဟစ်လိုက်ပြီး သွေးအိုင်ထဲကို ခေါင်းငိုက်စိုက်ကျသွားလေပြီ.....
ကျောင်လင်းတစ်ယောက် ဒီမြင်ကွင်းကို ကျေနပ်မှုအပြည့်နဲ့ကြည့်နေပြီးမှာ ဓားမြှောင်ကို ယူပြီး ဖခင်ဖြစ်သူနဲ့အတူ ထွက်ခွာသွားခဲ့ကြတယ်.....
[444: Q A Q ]
[ရှဲ့ဟယ်:ဘေဘီ နာတာသက်သာအောင် လုပ်ပေးပြီးမှ ငိုလို့မရဘူးလား....]
[444:. .......] နာကျင်မှုကို 30 % အထိပဲ သက်သာအောင်လုပ်လို့ရတယ် Host တာ့တာ့ရဲ့.....ဝူးးး ဝူးးးး ဝူးးး
[444:. ..နေစမ်းပါဉီး ဟိုကောင် Host တာ့တာ့မျက်နှာကို ဖျက်ဆီးမယ်မှန်း ဘယ်လိုသိနေတာလဲ....]
[ရှဲ့ဟယ်:ငါလဲ မသိဘူး....ဒီကောင် ငါ့ကို လွယ်လွယ် မလွှတ်ပေးဘူးဆိုတာတော့သိတယ်....ထွက်မသွားခင် ဓားနဲ့ တဇွပ်ဇွပ်ထိုးသွားမယ်လို့ပဲထင်နေခဲ့တာ.....အဲ့အခါကျရင် မတော်တဆမျက်နှာကို ထိုးမိသွားအောင်လုပ်မလို့....ဒီကောင် ဒီလိုလုပ်လိုက်မယ်လို့
ဘယ်သူထင်မိမှာလဲ....မဆိုးဘူး ငါ့ကို တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့ ပရိုဆန်ဆန်အမြှောက်စာဇာတ်ကောင်လေးကို ကျေးဇူးတွေတင်နေပြီ.....]
[444:. .....] ခုနက ကျထားတဲ့ မျက်ရည်တွေကို ပြန်ရုတ်သိမ်းပစ်မယ်! !!!အခုနေ မျက်ရည်မကျတော့အောင် ထိန်းထားရင် အဆင်ပြေမလားဟင်.....
…………………………………………………………
ရှဲ့ဟယ် ပြန်ပေးဆွဲခံရပြီး နာရီဝက်လောက်ကြာတဲ့အထိ ဘာသတင်းမှမကြားရသေးပေ....
တန့်ကျင်းဝမ်းတစ်ယောက် စားပွဲပေါ်က ရှိရှိသမျှတွေကို ကြမ်းပြင်ပေါ်ပေါက်ခွဲပြီး ဒေါသတကြီးအော်ဟစ်နေတယ်.....
"ရှာကြစမ်း....မင်းတို့အကုန်လုံး အပြင်ထွက်ပြီး ရှာကြ! !!!!စောက်သုံးမကျတဲ့ကောင်တွေ! !!!!"
ဘာသတင်းမှမကြားရသေးဘူး.....ဘာလို့ ဘာသတင်းမှမကြားရသေးတာလဲ! !!!!တန့်ကျင်းဝမ်း အလုပ်စားပွဲရှေ့မှာ မတ်တပ်ရပ်နေပြီး လက်ထဲက ဖုန်းကို စိုက်ကြည့်နေတယ်....ဆင်ခြင်မနေချင်တော့ဘူး....ချက်ချင်း ကျောင်ဟုန့်ဆီဖုန်းခေါ်ပြီး တန့်ကျိုးကို လက်လွှဲပေးဖို့ပြောလိုက်ချင်တယ်....တန့်ကျိုးသာ ဘေးကင်းလုံခြုံစွာ သူ့အနားပြန်ရောက်လာမယ်ဆို ငွေဘယ်လောက်ကုန်ကုန် အရေးမကြီးဘူး....စည်းစိမ်ဉစ္စာတွေ ကုန်ခမ်းသွားရင်တောင် မှုမှာမဟုတ်ဘူး....ဒါပေမယ့်....ဒါပေမယ့်... သူဒီလိုမလုပ်နိုင်သေးဘူး....
စိတ်ရှိတိုင်းသာလုပ်လိုက်မယ်ဆို ကျောင်ဟုန်ဘက်က ကောင်လေးကို သူ့လုံခြုံရေးအတွက် အခွင့်ကောင်းယူ သွားလိမ့်မယ်....
သူသာ (တန့်ကျင်းဝမ်း) ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမဲ့သွားရင် ကောင်လေးကို ဘယ်သူကာကွယ်ပေးမှာလဲ.......
တန့်ကျင်းဝမ်း လက်သီးဆုပ်ထားလိုက်မိတယ်...ကျောင်လင်းက ကောင်လေးကို ပစ်မှတ်ထားနေတာကြာလှပြီ.....အခုနေများဆို ညှင်းပန်းနှိပ်စက်နေလေမလား....ကောင်လေး ဒဏ်ရာတွေရနေပြီလား.....သေများသေနေပြီလား.....
ဒါမျိုးတွေ မတွေးမိအောင် ထိန်းထားလို့မရခဲ့ပါ.....ဒီကောင်လေး ကြောက်စရာကောင်းတဲ့ အခြေနေကိုဘယ်လိုရင်ဆိုင်နေမလဲ တွေးကြည့်ရုံနဲ့တင် နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံထားရသလို နာကျင်မွန်းကြပ်လာတယ်......
ဒါတွေအကုန်လုံး သူ့ကြောင့်ဖြစ်လာရတာ...အကုန်လုံး သူ့အမှားတွေပါ...
ကောင်လေးကို ဆုံးရှုံးရမယ်ဆိုတာ တွေးကြည့်လိုက်ရုံနဲ့တင် အဆုံးမဲ့စွာ စိုးရွံ့ထိတ်လန့်နေပါပြီ.......
ဤ၍ ဤမျှသော အတိုင်းအတာမျိုးနဲ့ တစ်စုံတစ်ယောက်ကို ဂရုစိုက်နိုင်မှန်း တစ်သက်တာလုံး မသိခဲ့မိတဲ့အပြင် နားလဲ နမလည်ခဲ့မိပေ......
[တင်းတောင်.....တန့်ကျင်းဝမ်းရဲ့နှစ်သက်မှု 2မှတ်ထပ်တိုးပါတယ်...စုစုပေါင်း 92 မှတ်ရှိနေပါပြီ.....]
သတင်းရလာတာကြောင့် လွီယန် တန့်ကျင်းဝမ်းဆီအပြေးသွားခဲ့တယ်.....ဆိုဖာပေါ်မှာ ထိုင်နေတဲ့ တန့်ကျင်းဝမ်းက ဒူးနှစ်ဖက်ပေါ်မှာ လက်ထောက်ပြီး ခွန်အားမဲ့စွာငြိမ်သက်နေတယ်....တစ်ချိန်တစ်ခါတုန်းက ခိုင်ခံ့မြဲမြံလှတဲ့ တောင်တန်းတွေလို မာကျောခဲ့တဲ့တန့်ကျင်းဝမ်းက အခုဆို လေနှင်ရာလွှင့်ပါးတော့မည့်ပုံပမာနှယ်.......
လွီယန် ဒီမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး အသံမထွက်နိုင်တော့ပေ.....
ခေါင်းမော့ကြည့်လာတဲ့ တန့်ကျင်းဝမ်းရဲ့ မျက်ဝန်းတွေက အဆုံးမဲ့လေသော တွင်းနက်ကြီးများသဖွယ် မှောင်မိုက်နေတယ်.....
အေးစက်တဲ့ခံစားချက်တွေက ကျောရိုးတစ်လျှောက်ဆီကနေ စိမ့်တက်လာသည့်နှယ်......
"သူဘယ်မှာရှိလဲ သိရပြီ...."
တန့်ကျင်းဝမ်း စကားတစ်ခွန်းမှ မဆိုဘဲ ရုံးခန်းထဲကနေ အလျင်စလိုပြေးထွက်သွားခဲ့ပါပြီ......
ကားနောက်ခန်းမှာ ထိုင်နေတဲ့ တန့်ကျင်းဝမ်းကို လွ်ီယန် ကားမှန်ကနေ တဆင့်ကြည့်လိုက်မိတယ်....
တန့်ကျင်းဝမ်းနဲ့ တန့်ကျိုးကြားမှာ ဖြစ်ပျက်ခဲ့သမျှ အကုန်သိရှိထားသူတစ်ယောက်အနေနဲ့ ဒီခြေနေထိဖြစ်သွားမယ်လို့ ထင်မထားမိခဲ့တာအမှန်ပါ.....တန့်ကျင်းဝမ်းက တစ်ချိန်တစ်တုန်းက သားတစ်ယောက်ဖြစ်ခဲ့ဖူးသူကို တကယ်ကြီး ချစ်မိသွားပြီပဲ.....
သူတို့ရောက်သွားချိန်မှာ တိုက်ခန်းတစ်ခုလုံး ဗလာကျင်းနေလေပြီ.....
အန္တာရာယ်များပေမယ့်လဲ တန့်ကျင်းဝမ်းကိုယ်တိုင်ရှေ့ကနေ ဉီးဆောင်ခဲ့တယ်...အခန်းတံခါးကို ဖွင့်တော့မယ်အချိန်မှာ သူတကယ်ကြောက်နေခဲ့မိတယ်...သူမမြင်ချင်တဲ့ မြင်ကွင်းမျိုး မြင်လိုက်ရမှာ တကယ်ကြောက်မိပါရဲ့.......
သို့ပေမယ့်လဲ ဒီတံခါးရဲ့နောက်ကွယ်မှာ ကောင်လေးက သူ လာကယ်မယ့်အချိန်ကို စောင့်နေတယ်လေ......
နောက်ဆုံးမှာတော့ တန့်ကျင်းဝမ်း တံခါးဆွဲဖွင့်လိုက်ပါပြီ.....
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အသက်ရှုရပ်တော့မတတ်ခံစားလိုက်ရတယ်.......
ကောင်လေး ကြမ်းပြင်ပေါ်မှာ လဲကျနေတယ်....ခန္ဓာကိုယ် အောက်ကနေ ဖြာထွက်စီးကျနေတဲ့သွေးကွက်ကြီးက အနီရောင်ပင့်ကူသစ်ခွပန်းတစ်ပွင့်သဖွယ်ပင်......
လှုပ်ရှားမှုမဲ့ကင်းမဲ့နေတဲ့ ကောင်လေးက သက်ရှင်နေဆဲပဲလား....သေဆုံးသွားပြီလား.....
တန့်ကျင်းဝမ်းရဲ့ လက်တွေ တုန်ရီနေပြီ....ကောင်လေးဆီရောက်ဖို့ ခြေတစ်လှမ်းချင်းဆီကို အချိန်ယူပြီး လှမ်းလျှောက်ခဲ့ရတယ်...နောက်ဆုံးမှာတော့....ကောင်လေးကို ရင်ခွင်ထဲ ပွေ့ထားနိုင်ခဲ့ပါပြီ......
နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ကောင်လေးရဲ့ရင်ဘတ်ကြောင့် တန့်ကျင်းဝမ်းရဲ့ မျက်ဝန်းတွေ ပူနွေးစိုစွတ်လာတယ်.....ဘဝမှာတစ်ခါမှ ဒီလောက်အထိ မပျော်ရွှင်ခဲ့ဖူးပါ......
ကောင်လေး အသက်ရှင်နေသေးတယ်....အသက်ရှင်နေသေးတယ်........
မဆိုသလောက်လေးအားထည့်လိုက်ရင်တောင် နာကျင်မှုကြောင့် သေသွားမှာဆိုးလို့ ညှင်သာနိုင်သမျှ ညှင်သာစွာဖက်တွယ်ထားပါတယ်.....
ကိုယ်တောင်းပန်ပါတယ်..... အခုချိန်ကစပြီး မင်းကို သေသေချာချာကာကွယ်စောင့်ရှောက်ပေးပါ့မယ်....ဒီလို ထပ်ပြီး မနာကျင်ရလေအောင် ကာကွယ်ပေးပါ့မယ်......
ကောင်လေးရဲ့ခန္ဓာကိုယ်ကို ဆွဲလှည့်လိုက်တဲ့အခါ ကြမ်းပြင်နဲ့ ထိကပ်နေတဲဲ့ မျက်နှာဖက်ခြမ်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရလေပြီ......
ထိုအခိုက်အတန့်မှာ တန့်ကျင်းဝမ်းရဲ့တစ်ကိုယ်လုံးက သွေးတွေ အေးခဲသွားခံစားလိုက်ရပါပြီ......
[TN: နောက်နှစ်ပိုင်းဆို Arc 3 ပြီးပြီ အဲ့နှစ်ပိုင်းကလဲ သူများလေးပိုင်းစာလောက်ရှိတယ်...မူရင်းအော်သာကလဲ ငရှဲ့လိုပဲနဲ့တူတယ်....Arc ပြီးခါနီးလေ အလျင်စလိုတွေ လုပ်လာလေပဲ......]
ZawGyi
ေက်ာင္လင္း အလြန္တရာ ထိတ္လန္႔ေနတာေၾကာင့္ ေခြၽးေစးေတြျပန္လာတဲ့အျပင္ မ်က္ဝန္းေတြထဲမွာပါ ခါးသီးနာက်ည္းမႈေတြ ထင္ဟပ္လာတယ္....ဒီတစ္ႀကိမ္မွာ စြန္႔စားၿပီး လမ္းေၾကာင္းေဖာက္ခဲ့ေပမယ့္ တန္႔က်ိဳးက တန္႔က်င္းဝမ္းရဲ႕သားအရင္းမဟုတ္ဘူးတဲ့....တန္႔က်င္းဝမ္းလိုလူစားမ်ိဳးက စိတ္တထင့္ထင့္နဲ႔ေနမယ့္သူမ်ိဳးမဟုတ္ဘူး....သူတို႔သားအဖကို လႊတ္ေပးမွာမဟုတ္ေလာက္ဘူး....
ေက်ာင္ဟုန္က ေက်ာင္လင္းေမးေနတာကို ျပန္မေျဖဘဲ ႐ွဲ႕ဟယ္ဆီေလွ်ာက္သြားၿပီး....
"ဘာေတြျဖစ္ကုန္တာလဲ..."
႐ွဲ႕ဟယ္က တူညီတဲ့ အေျဖမ်ိဳးကိုပဲ ထပ္ခါတစ္လဲလဲ ျပန္ေျဖေနတယ္....
"က်ဴပ္က သူ႕သားမဟုတ္ဘူး...."
ေက်ာင္ဟုန္ ေခါင္းတစ္ခ်င္ညိတ္လိုက္ၿပီး....
"သိၿပီးသားပဲေလ....ငါအခုသိခ်င္ေနတာက မင္း သူ႕သားမဟုတ္မွန္း ဘယ္တုန္းကတည္းက သိေနတာလဲ...သူ႕သားမဟုတ္ဘဲနဲ႔ မင္းကို သူ႕အနားမွာ ဘာလို႔ ဆက္ ထား ထားတာလဲ..."
ေက်ာင္ဟုန္႔ရဲ႕ေမးခြန္းေၾကာင့္ နဂိုျဖဴေဖ်ာ့ေနတဲ့ ႐ွဲ႕ဟယ္ရဲ႕မ်က္ႏွာက ပိုၿပီးေတာ့ေတာင္ျဖဴေဖ်ာ့သြားေသးတယ္....ျပန္မေျဖခ်င္တာေၾကာင့္ ႏႈတ္ခမ္းေတြကို တင္းတင္းေစ့ထားလိုက္တယ္....
ေက်ာင္လင္းက ႐ွဲ႕ဟယ္ကို ဆံပင္ဆြဲၿပီး မ်က္ႏွာကို ၾကမ္းျပင္ေပၚဖိကပ္ထားလိုက္ၿပီး...
"ငါတို႔ေမးေနတာကို ျမန္ျမန္ျပန္ေျဖစမ္း! !!!"
မ်က္ဝန္းေတြ ရဲရဲနီေနတဲ့ ႐ွဲ႕ဟယ္က ဘာတစ္ခြန္းမွျပန္မေျဖဘဲ တင္းခံေနတယ္...သူ႕မ်က္ဝန္းေတြထဲမွာ ျပင္းထန္လြန္းလွတဲ့ နာက်င္မႈတစ္ရပ္ ကိန္းဝပ္ေနေလရဲ႕....
တစ္ကိုယ္လုံး ႀကိဳးတုပ္ခံထားရတာေၾကာင့္ ၾကမ္းျပင္ေပၚ ပစ္စလက္ခတ္လဲက်ေန႐ွာတယ္....သို႔ေပမယ့္လဲ အတင္းအၾကပ္ ေခါင္းေမာ့ၿပီး ေသေရး႐ွင္ေရးအတြက္ ႐ုန္းကန္ေနရတယ္....ဒါဟာ ေသမင္းနဲ႔ စစ္ခင္းေနရျခင္းကေန ႐ုန္းကန္ေန႐ွာတဲ့ ငန္း႐ိုင္းေလးတစ္ေကာင္သဖြယ္ လွပေနသလို တစ္မ်ိဳးတစ္ဖုံလဲ သနားစရာေကာင္းေနျပန္တယ္....
တစ္ခုခုကို သတိျပဳမိခ်ိန္မွာ ေက်ာင္ဟုန္ရဲ႕ အမူအရာေတြ မည္းေမွာင္လာတယ္.....
"လြန္ခဲ့တဲ့ႏွစ္ဝက္ေလာက္တုန္းက မင္းကို တန္႔မိသားစုစာရင္းထဲကေန ထုတ္ပစ္ပစ္လိုက္တယ္ဆိုေတာ့..အဲ့တုန္းကတည္းက မင္း သူ႕သားအရင္းမဟုတ္မွန္းသိေနတာေပါ့...ဟုတ္လား..."
႐ွဲ႕ဟယ္ရဲ႕ အျမင္အာ႐ုံေတြ ျပာေဝေနၿပီ.....
အေျခေနအရပ္ရပ္ကို နားလည္လာတဲ့ ေက်ာင္ဟုန္က ႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာကို စိုက္ၾကည့္ၿပီး တျဖည္းျဖည္းခ်င္းေျပာလိုက္တယ္....
"တန္႔က်င္းဝမ္းက မင္းလို ငယ္ငယ္ေခ်ာခ်ာေကာင္ေလးေတြကို ႀကိဳက္တယ္လို႔ ၾကားဖူးတယ္......မင္းပုံစံကို ၾကည့္လိုက္ရင္....သူမင္းကို ႀကိဳက္မယ္ဆိုတာ ငါေသခ်ာေျပာရဲတယ္...အဲ့ေတာ့ တန္႔က်င္းဝမ္းစိတ္ေျပာင္းသြားၿပီး မင္းကို အနားမွာေခၚထားတာေပါ့...ဟုတ္လား..."
တုန္လႈပ္ေနတဲ့ ႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာတစ္ခုလုံး ေသြးမ႐ွိေတာ့သည့္ႏွယ္ ျဖဴေရာ္ေနၿပီ.....နာက်င္စြာနဲ႔ မ်က္လုံးေတြ မမွိတ္လိုက္ခင္ ေက်ာင္ဟုန္႔ကို ေရခဲတမွ် ေအးစက္ေနတဲ့ အၾကည့္ေတြနဲ႔ စိုက္ၾကည့္လိုက္ေသးတယ္....
ေက်ာင္သားအဖ အၾကည့္ခ်င္းဖလွယ္ေနၾကၿပီး...သူတို႔ေတြမယုံႏိူင္ေသးဘူး....
တန္႔က်ိဳးက တန္႔က်င္းဝမ္းရဲ႕သားမဟုတ္ဘူးတဲ့ဆိုတဲ့ အခ်က္နဲ႔တင္ အံ့ၾသစရာေကာင္းေနၿပီလို႔ ထင္ေနခဲ့တာ....ထပ္ၿပီးသိလိုက္ရတဲ့ အမွန္တရားတစ္ခုက ပိုလို႔ေတာင္ အံ့ၾသစရာေကာင္းေနေသးတယ္.........
႐ွဲ႕ဟယ္ကို ၾကည့္ေနတဲ့ ေက်ာင္ဟုန္႔ရဲ႕အၾကည့္ေတြထဲမွာ စာနာသနားမႈေတြ ကပ္ညႇိေနၿပီ...တန္႔က်င္းဝမ္းဆိုသူက ကစားစရာတစ္ခုေၾကာင့္နဲ႔ သူ႕ႏွလုံးသားကို လႈပ္႐ွားေစမယ့္
သူမဟုတ္ဘူးေလ...
ေပ်ာ္ပါးေဆာ့ကစားလို႔ဝတာနဲ႔ စြန္႔ပစ္လိုက္မွာပဲ....ဒီေန႔ၾကဳံေတြ႕ခဲ့ရသေလာက္ဆို တန္႔က်င္းဝမ္းရဲ႕သေဘာထားေတြက သားအျဖစ္ ေကြၽးေမြးျပဳစုခဲ့တဲ့ ဒီေကာင္ေလးအေပၚမွာေတာင္ ႁခြင္းခ်က္တစ္ခုအျဖစ္႐ွိမေနခဲ့ဘူးပဲ....ဒီလိုသာဆို သူတို႔သားအဖေတာ့ အေျခေနမေကာင္းေတာ့ဘူး....တန္႔က်င္းဝမ္းကို အျမတ္ထုတ္ ေငြညႇစ္ဖို႔ႀကိဳစားမိတဲ့အမႈေၾကာင့္ သူတို႔သားအဖလြတ္လမ္းမျမင္ေတာ့ဘူး....တန္႔က်င္းဝမ္းက တန္႔က်ိဳးကို ဂ႐ုမစိုက္ေပမယ့္လဲ သူတို႔သားအဖရဲ႕လုပ္ရပ္က တန္႔က်င္းဝမ္းကို မ်က္ႏွာျဖတ္႐ိုက္လိုက္သလိုပဲေလ...အဲ့ေတာ့ အညႇာတာမဲ့စြာ တုန္႔ျပန္ခံရေတာ့မယ္....
ဒီတစ္ႀကိမ္မွာ လုံးလုံးလ်ားလ်ား က်႐ႈံးသြားခဲ့ၿပီ....ေက်ာင္ဟုန္က အ႐ႈံး အျမတ္ကို ေသခ်ာမွ်တစြာ တြက္ခ်က္တတ္သူပါ....
"ငါတို႔ေတြ အျမန္ဆုံးနည္းနဲ႔ ထြက္သြားမွျဖစ္ေတာ့မယ္..."
တန္႔က်င္းဝမ္း ေရာက္မလာခင္ ေျပးႏိူင္မွေတာ္ကာက်လိမ့္မယ္....ဒီနည္းလမ္းတစ္ခုတည္းကသာလွ်င္ သူတို႔သားအဖကို ေသေဘးကေန လြတ္ေျမာက္ေစႏိုင္မွာပါ....
ဒီနည္းလမ္းကလြဲရင္ တျခားနည္းလမ္းမ႐ွိေပမယ့္ ေက်ာင္လင္းကေတာ့ ထြက္မသြားခ်င္ေသးေပ....
"အေဖ...ကြၽန္ေတာ္တို႔ သူ႕ကို ဒီအတိုင္းထားခဲ့ေတာ့မွာလား..."
"ဒီအတိုင္းမထားခဲ့လို႔ ဘာလုပ္ခ်င္ေသးလို႔လဲ.."
အလိုလိုက္ထားလြန္းလို႔ ပ်က္စီးေနၿပီပဲ....လက္႐ွိအေျခေနနဲ႔ပတ္သတ္ၿပီး သူ႕သားမွာလဲ တာဝန္႐ွိတယ္ဆိုေပမယ့္ သားျဖစ္သူကို ဒီအတိုင္းေတာ့ မေသေစခ်င္ေသးဘူး...သူ႕မွာ ဒီသားေလးတစ္ေယာက္ပဲ႐ွိတာပါ....
ဗလာျဖစ္ေနတဲ့ လက္ေမာင္းတစ္ဖက္ကို ၾကည့္ၿပီး ေက်ာင္လင္းတစ္ေယာက္ နက္႐ိႈင္းလွတဲ့ အမုန္းတရားေတြ ပြင့္အံလာခဲ့ၿပီ....ဒီကေန လြတ္သြားရင္ေတာင္ တစ္သက္လုံး ပုန္းေအာင္းေနရေတာ့မွာ....ဒါမ်ိဳးေတာ့အျဖစ္မခံႏိူင္ဘူး....လက္လဲ မခံႏိူင္ဘူး....ထိုအခိုက္အတန္႔မွာ အမုန္းတရားက အေၾကာက္တရားကို သာလြန္ေအာင္ႏိုင္သြားခဲ့ေလၿပီ.....
"အေဖ အရင္သြားႏွင့္...ကြၽန္ေတာ္ ဒီေကာင့္ကို သတ္ၿပီးရင္ ေနာက္ကလိုက္လာခဲ့မယ္..."
[႐ွဲ႕ဟယ္:ေဘဘီေရ....ငါ့ကို 360 Degree ဓာတ္ပုံေလးတစ္ပုံေလာက္ ျမန္ျမန္႐ိုက္ေပးစမ္းပါဉီး....ၿပီးရင္အဲ့ပုံကို သုံးဖက္ျမင္ပုံရိပ္အျဖစ္ေျပာင္းထားလိုက္...ဒါမွ ငါ့ရဲ႕ျပစ္မ်ိဳးမွဲ႔မထင္အလွတရားေလးကို အခ်ိန္မေ႐ြးၾကည့္လို႔ရမွာ...]
[444:ဒီအခ်ိန္ႀကီးမွာ.!!!!!]Host တာ့တာ့တစ္ေယာက္ ဒီအေျခေနမ်ိဳးမွာေတာင္ Selfie ဆြဲခ်င္ေနေသးတယ္တဲ့...
[႐ွဲ႕ဟယ္: ဒါေပါ့ အခုခ်က္ခ်င္း ႐ိုက္ရမွာေပါ့ ေနာက္ဆို အခုလို လွပတဲ့မ်က္ႏွာမ်ိဳးေလး မျမင္ႏိုင္ေတာ့ဘူး......ေတြးေလး ေတြးေလ ဝမ္းနည္းလာေလပဲ...]
[444:. .....???] ဘာေတြလဲ! !!အမ်ားႀကီးၾကားေနေပမယ့္ ငါေလး နည္းနည္းပဲနားလည္တယ္......
[႐ွဲ႕ဟယ္: မွတ္ထား....တစ္ခါတစ္ေလမွာ အရမ္းလွပလြန္းရင္ ေဘးသင့္တတ္တယ္ကြ...ကဲ ကဲ ႐ိုက္ကူးေန စေနၿပီလား...]
[444: ဟုတ္ကဲ့...] နားမလည္ေပမယ့္လဲ ခိုင္းတဲ့အတိုင္းလုပ္ေနသ၍ အဆင္ေျပပါတယ္ေလ.....
[႐ွဲ႕ဟယ္: သိပ္ေကာင္းတယ္...အခုခ်ိန္ကစၿပီး အျပင္ပန္းအလွကို ဖယ္ထုတ္ၿပီး အတြင္းစိတ္အလွနဲ႔ ဒယ္ဒီ့ကို လႈပ္႐ွားသြားေအာင္ လုပ္လို႔ရၿပီ...]
444:. .......ဝက္သားဖက္ပဲေဟ့.....
သားျဖစ္သူရဲ႕စကားၾကားၿပီး ေက်ာင္ဟုန္ ရဲ႕မ်က္ႏွာထားေတြေအးစက္လာတယ္....
"မျဖစ္ဘူး....တန္႔က်င္းဝမ္းကို ဟန္႔တားဖို႔ သူ႕ကို ဒီအတိုင္းထားခဲ့မွျဖစ္မယ္....တန္႔က်င္းဝမ္းက ဒီေကာင္ေလးကို ဂ႐ုမစိုက္ဘူးေျပာေနေပမယ့္ အနားမွာ အၾကာႀကီးေခၚထားတယ္ဆိုကတည္းက နည္းနည္းပါးပါးေတာ့ ဂ႐ုစိုက္ခ်င္စိုက္မွာပဲေလ....ငါတို႔ေတြ အခ်ိန္ပိုရေအာင္ ဒီေကာင္ေလးကို ဒီအတိုင္းထားခဲ့မွျဖစ္မယ္..... "
ေက်ာင္လင္း အံႀကိတ္ေနၿပီ.....
"ဒါေပမယ့္......"
"ဒါေပမယ့္ေတြ ဘာေတြလုပ္မေနနဲ႔ ငါတို႔ေတြ
အသက္႐ွင္ဖို႔က ပိုအေရးႀကီးတယ္ကြ !!!!!"
ေနာက္လွည့္ၿပီး သူ႕တပည့္ေတြကို အမိန္႔ေပးလိုက္တယ္.....
"ျမန္ျမန္သိမ္းဆည္းၿပီးရင္ သြားၾကမယ္ "
ေက်ာင္လင္းက ဓားေျမႇာင္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားၿပီး ႐ွဲ႕ဟယ္ဆီ လွည့္လာေနၿပီ......
သားအျဖစ္သူရဲ႕ လႈပ္႐ွားမႈကို ျမင္တာနဲ႔ ေက်ာင္ဟုန္ ေပါက္ကြဲလာပါေလေရာ.....
"ဘာလုပ္ေနတာလဲ....သူ႕ကို သြားမ႐ႈပ္နဲ႔လို႔ေျပာေနတယ္ !!!!!"
ေက်ာင္လင္းက ဖခင္ျဖစ္သူကို ထူးဆန္းတဲ့ အျပဳံးမ်ိဳးနဲ႔ျပဳံးျပလိုက္ၿပီး.......
"ကြၽန္ေတာ္သူ႕ကို မသတ္ပါဘူး...ဒီအတိုင္း သင္ခန္းစာ ပါးပါးေလးေပးမလို႔....တစ္မိနစ္ေတာင္မၾကာေစရဘူး...."
႐ွဲ႕ဟယ္ရဲ႕ ေဘးမွာ ေစာင့္ေၾကာင့္ထိုင္ခ်လိုက္တဲ့ ေက်ာင္လင္းက ျဖဴေဖ်ာ့ေနတဲ့ ႐ွဲ႕ဟယ္ရဲ႕မ်က္ႏွာကို ၾကည့္ၿပီး အမူအရာေတြ မည္းေမွာင္လာတယ္.....
"တန္႔သခင္ေလး....မင္းဘဝႀကီးက ထင္သေလာက္လဲ မသာယာပါလား....ငါဒီေန႔မင္းကို မသတ္ဘူး...ဒါေပမယ့္ မင္းက တကယ္ကို မ်က္စိစပါးေမႊးစူးစရာေကာင္းတယ္...."
ေက်ာင္လင္းက ႐ွဲ႕ဟယ္ရဲ႕ေမးေစ့ကို ဓားဉီးနဲ႔ဆြဲေမာ့လိုက္တယ္.....
"မင္းၾကည့္ရတာ တန္႔က်င္းဝမ္းအနားမွာ မေပ်ာ္သလိုပဲ.... မင္းမွာ မ်က္ႏွာလွလွေလးသာမ႐ွိေတာ့ရင္ သူလဲ သေဘာက်မွာမဟုတ္ေလာက္ေတာ့ဘူး....ငါဒီေန႔မင္းကို ကူညီေပးမယ္.....ဒီေန႔ ဒီအခ်ိန္ကစၿပီး မင္းရဲ႕ ဒုကၡဆငိးရဲေတြကေန လြတ္ေျမာက္ပါေစ....ျပန္ဆုံႏိုင္ပါ့မလားမသိေပမယ့္ မင္း ငါ့ကို ေက်းဇူးတင္စရာမလိုဘူး....."
ေျပာၿပီးတာနဲ႔ ဓားဉီးကို ႐ွဲ႕ဟယ္ ပါးစပ္ထဲ ထိုးစိုက္လိုက္ၿပီး ႐ွဲ႕ဟယ္ရဲ႕ တုန္လႈပ္ေျခာက္ျခားတဲ့အၾကည့္ေတြ ေအာက္မွာတင္ ပါးစပ္ကေန နား႐ြက္ဆီကို ထိုးခြဲလိုက္တာေၾကာင့္ အသားစေတြ ကြဲထြက္သြားၿပီး ေသြးေတြ ဒလေဟာစီးက်လာတယ္......
႐ွဲ႕ဟယ္ အသံကုန္ ေအာ္ဟစ္လိုက္ၿပီး ေသြးအိုင္ထဲကို ေခါင္းငိုက္စိုက္က်သြားေလၿပီ.....
ေက်ာင္လင္းတစ္ေယာက္ ဒီျမင္ကြင္းကို ေက်နပ္မႈအျပည့္နဲ႔ၾကည့္ေနၿပီးမွာ ဓားေျမႇာင္ကို ယူၿပီး ဖခင္ျဖစ္သူနဲ႔အတူ ထြက္ခြာသြားခဲ့ၾကတယ္.....
[444: Q A Q ]
[႐ွဲ႕ဟယ္:ေဘဘီ နာတာသက္သာေအာင္ လုပ္ေပးၿပီးမွ ငိုလို႔မရဘူးလား....]
[444:. .......] နာက်င္မႈကို 30 % အထိပဲ သက္သာေအာင္လုပ္လို႔ရတယ္ Host တာ့တာ့ရဲ႕.....ဝူးးး ဝူးးးး ဝူးးး
[444:. ..ေနစမ္းပါဉီး ဟိုေကာင္ Host တာ့တာ့မ်က္ႏွာကို ဖ်က္ဆီးမယ္မွန္း ဘယ္လိုသိေနတာလဲ....]
[႐ွဲ႕ဟယ္:ငါလဲ မသိဘူး....ဒီေကာင္ ငါ့ကို လြယ္လြယ္ မလႊတ္ေပးဘူးဆိုတာေတာ့သိတယ္....ထြက္မသြားခင္ ဓားနဲ႔ တဇြပ္ဇြပ္ထိုးသြားမယ္လို႔ပဲထင္ေနခဲ့တာ.....အဲ့အခါက်ရင္ မေတာ္တဆမ်က္ႏွာကို ထိုးမိသြားေအာင္လုပ္မလို႔....ဒီေကာင္ ဒီလိုလုပ္လိုက္မယ္လို႔
ဘယ္သူထင္မိမွာလဲ....မဆိုးဘူး ငါ့ကို တစ္ဖက္တစ္လမ္းက ကူညီေပးတဲ့ ပ႐ိုဆန္ဆန္အေျမႇာက္စာဇာတ္ေကာင္ေလးကို ေက်းဇူးေတြတင္ေနၿပီ.....]
[444:. .....] ခုနက က်ထားတဲ့ မ်က္ရည္ေတြကို ျပန္႐ုတ္သိမ္းပစ္မယ္! !!!အခုေန မ်က္ရည္မက်ေတာ့ေအာင္ ထိန္းထားရင္ အဆင္ေျပမလားဟင္.....
…………………………………………………………
႐ွဲ႕ဟယ္ ျပန္ေပးဆြဲခံရၿပီး နာရီဝက္ေလာက္ၾကာတဲ့အထိ ဘာသတင္းမွမၾကားရေသးေပ....
တန္႔က်င္းဝမ္းတစ္ေယာက္ စားပြဲေပၚက ႐ွိ႐ွိသမွ်ေတြကို ၾကမ္းျပင္ေပၚေပါက္ခြဲၿပီး ေဒါသတႀကီးေအာ္ဟစ္ေနတယ္.....
"႐ွာၾကစမ္း....မင္းတို႔အကုန္လုံး အျပင္ထြက္ၿပီး ႐ွာၾက! !!!!ေစာက္သုံးမက်တဲ့ေကာင္ေတြ! !!!!"
ဘာသတင္းမွမၾကားရေသးဘူး.....ဘာလို႔ ဘာသတင္းမွမၾကားရေသးတာလဲ! !!!!တန္႔က်င္းဝမ္း အလုပ္စားပြဲေ႐ွ႕မွာ မတ္တပ္ရပ္ေနၿပီး လက္ထဲက ဖုန္းကို စိုက္ၾကည့္ေနတယ္....ဆင္ျခင္မေနခ်င္ေတာ့ဘူး....ခ်က္ခ်င္း ေက်ာင္ဟုန္႔ဆီဖုန္းေခၚၿပီး တန္႔က်ိဳးကို လက္လႊဲေပးဖို႔ေျပာလိုက္ခ်င္တယ္....တန္႔က်ိဳးသာ ေဘးကင္းလုံျခဳံစြာ သူ႕အနားျပန္ေရာက္လာမယ္ဆို ေငြဘယ္ေလာက္ကုန္ကုန္ အေရးမႀကီးဘူး....စည္းစိမ္ဉစၥာေတြ ကုန္ခမ္းသြားရင္ေတာင္ မႈမွာမဟုတ္ဘူး....ဒါေပမယ့္....ဒါေပမယ့္... သူဒီလိုမလုပ္ႏိုင္ေသးဘူး....
စိတ္႐ွိတိုင္းသာလုပ္လိုက္မယ္ဆို ေက်ာင္ဟုန္ဘက္က ေကာင္ေလးကို သူ႕လုံျခဳံေရးအတြက္ အခြင့္ေကာင္းယူ သြားလိမ့္မယ္....
သူသာ (တန္႔က်င္းဝမ္း) က်ိဳးေၾကာင္းဆင္ျခင္ႏိုင္စြမ္းမဲ့သြားရင္ ေကာင္ေလးကို ဘယ္သူကာကြယ္ေပးမွာလဲ.......
တန္႔က်င္းဝမ္း လက္သီးဆုပ္ထားလိုက္မိတယ္...ေက်ာင္လင္းက ေကာင္ေလးကို ပစ္မွတ္ထားေနတာၾကာလွၿပီ.....အခုေနမ်ားဆို ညႇင္းပန္းႏွိပ္စက္ေနေလမလား....ေကာင္ေလး ဒဏ္ရာေတြရေနၿပီလား.....ေသမ်ားေသေနၿပီလား.....
ဒါမ်ိဳးေတြ မေတြးမိေအာင္ ထိန္းထားလို႔မရခဲ့ပါ.....ဒီေကာင္ေလး ေၾကာက္စရာေကာင္းတဲ့ အေျခေနကိုဘယ္လိုရင္ဆိုင္ေနမလဲ ေတြးၾကည့္႐ုံနဲ႔တင္ ႏွလုံးသားတစ္ခုလုံး ဖ်စ္ညႇစ္ခံထားရသလို နာက်င္မြန္းၾကပ္လာတယ္......
ဒါေတြအကုန္လုံး သူ႕ေၾကာင့္ျဖစ္လာရတာ...အကုန္လုံး သူ႕အမွားေတြပါ...
ေကာင္ေလးကို ဆုံး႐ႈံးရမယ္ဆိုတာ ေတြးၾကည့္လိုက္႐ုံနဲ႔တင္ အဆုံးမဲ့စြာ စိုး႐ြံ႕ထိတ္လန္႔ေနပါၿပီ.......
ဤ၍ ဤမွ်ေသာ အတိုင္းအတာမ်ိဳးနဲ႔ တစ္စုံတစ္ေယာက္ကို ဂ႐ုစိုက္ႏိုင္မွန္း တစ္သက္တာလုံး မသိခဲ့မိတဲ့အျပင္ နားလဲ နမလည္ခဲ့မိေပ......
[တင္းေတာင္.....တန္႔က်င္းဝမ္းရဲ႕ႏွစ္သက္မႈ 2မွတ္ထပ္တိုးပါတယ္...စုစုေပါင္း 92 မွတ္႐ွိေနပါၿပီ.....]
သတင္းရလာတာေၾကာင့္ လြီယန္ တန္႔က်င္းဝမ္းဆီအေျပးသြားခဲ့တယ္.....ဆိုဖာေပၚမွာ ထိုင္ေနတဲ့ တန္႔က်င္းဝမ္းက ဒူးႏွစ္ဖက္ေပၚမွာ လက္ေထာက္ၿပီး ခြန္အားမဲ့စြာၿငိမ္သက္ေနတယ္....တစ္ခ်ိန္တစ္ခါတုန္းက ခိုင္ခံ့ၿမဲျမံလွတဲ့ ေတာင္တန္းေတြလို မာေက်ာခဲ့တဲ့တန္႔က်င္းဝမ္းက အခုဆို ေလႏွင္ရာလႊင့္ပါးေတာ့မည့္ပုံပမာႏွယ္.......
လြီယန္ ဒီျမင္ကြင္းေၾကာင့္ ထိတ္လန္႔သြားၿပီး အသံမထြက္ႏိုင္ေတာ့ေပ.....
ေခါင္းေမာ့ၾကည့္လာတဲ့ တန္႔က်င္းဝမ္းရဲ႕ မ်က္ဝန္းေတြက အဆုံးမဲ့ေလေသာ တြင္းနက္ႀကီးမ်ားသဖြယ္ ေမွာင္မိုက္ေနတယ္.....
ေအးစက္တဲ့ခံစားခ်က္ေတြက ေက်ာ႐ိုးတစ္ေလွ်ာက္ဆီကေန စိမ့္တက္လာသည့္ႏွယ္......
"သူဘယ္မွာ႐ွိလဲ သိရၿပီ...."
တန္႔က်င္းဝမ္း စကားတစ္ခြန္းမွ မဆိုဘဲ ႐ုံးခန္းထဲကေန အလ်င္စလိုေျပးထြက္သြားခဲ့ပါၿပီ......
ကားေနာက္ခန္းမွာ ထိုင္ေနတဲ့ တန္႔က်င္းဝမ္းကို လြ္ီယန္ ကားမွန္ကေန တဆင့္ၾကည့္လိုက္မိတယ္....
တန္႔က်င္းဝမ္းနဲ႔ တန္႔က်ိဳးၾကားမွာ ျဖစ္ပ်က္ခဲ့သမွ် အကုန္သိ႐ွိထားသူတစ္ေယာက္အေနနဲ႔ ဒီေျခေနထိျဖစ္သြားမယ္လို႔ ထင္မထားမိခဲ့တာအမွန္ပါ.....တန္႔က်င္းဝမ္းက တစ္ခ်ိန္တစ္တုန္းက သားတစ္ေယာက္ျဖစ္ခဲ့ဖူးသူကို တကယ္ႀကီး ခ်စ္မိသြားၿပီပဲ.....
သူတို႔ေရာက္သြားခ်ိန္မွာ တိုက္ခန္းတစ္ခုလုံး ဗလာက်င္းေနေလၿပီ.....
အႏၲာရာယ္မ်ားေပမယ့္လဲ တန္႔က်င္းဝမ္းကိုယ္တိုင္ေ႐ွ႕ကေန ဉီးေဆာင္ခဲ့တယ္...အခန္းတံခါးကို ဖြင့္ေတာ့မယ္အခ်ိန္မွာ သူတကယ္ေၾကာက္ေနခဲ့မိတယ္...သူမျမင္ခ်င္တဲ့ ျမင္ကြင္းမ်ိဳး ျမင္လိုက္ရမွာ တကယ္ေၾကာက္မိပါရဲ႕.......
သို႔ေပမယ့္လဲ ဒီတံခါးရဲ႕ေနာက္ကြယ္မွာ ေကာင္ေလးက သူ လာကယ္မယ့္အခ်ိန္ကို ေစာင့္ေနတယ္ေလ......
ေနာက္ဆုံးမွာေတာ့ တန္႔က်င္းဝမ္း တံခါးဆြဲဖြင့္လိုက္ပါၿပီ.....
ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ အသက္႐ႈရပ္ေတာ့မတတ္ခံစားလိုက္ရတယ္.......
ေကာင္ေလး ၾကမ္းျပင္ေပၚမွာ လဲက်ေနတယ္....ခႏၶာကိုယ္ ေအာက္ကေန ျဖာထြက္စီးက်ေနတဲ့ေသြးကြက္ႀကီးက အနီေရာင္ပင့္ကူသစ္ခြပန္းတစ္ပြင့္သဖြယ္ပင္......
လႈပ္႐ွားမႈမဲ့ကင္းမဲ့ေနတဲ့ ေကာင္ေလးက သက္႐ွင္ေနဆဲပဲလား....ေသဆုံးသြားၿပီလား.....
တန္႔က်င္းဝမ္းရဲ႕ လက္ေတြ တုန္ရီေနၿပီ....ေကာင္ေလးဆီေရာက္ဖို႔ ေျခတစ္လွမ္းခ်င္းဆီကို အခ်ိန္ယူၿပီး လွမ္းေလွ်ာက္ခဲ့ရတယ္...ေနာက္ဆုံးမွာေတာ့....ေကာင္ေလးကို ရင္ခြင္ထဲ ေပြ႕ထားႏိုင္ခဲ့ပါၿပီ......
နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနတဲ့ ေကာင္ေလးရဲ႕ရင္ဘတ္ေၾကာင့္ တန္႔က်င္းဝမ္းရဲ႕ မ်က္ဝန္းေတြ ပူေႏြးစိုစြတ္လာတယ္.....ဘဝမွာတစ္ခါမွ ဒီေလာက္အထိ မေပ်ာ္႐ႊင္ခဲ့ဖူးပါ......
ေကာင္ေလး အသက္႐ွင္ေနေသးတယ္....အသက္႐ွင္ေနေသးတယ္........
မဆိုသေလာက္ေလးအားထည့္လိုက္ရင္ေတာင္ နာက်င္မႈေၾကာင့္ ေသသြားမွာဆိုးလို႔ ညႇင္သာႏိုင္သမွ် ညႇင္သာစြာဖက္တြယ္ထားပါတယ္.....
ကိုယ္ေတာင္းပန္ပါတယ္..... အခုခ်ိန္ကစၿပီး မင္းကို ေသေသခ်ာခ်ာကာကြယ္ေစာင့္ေ႐ွာက္ေပးပါ့မယ္....ဒီလို ထပ္ၿပီး မနာက်င္ရေလေအာင္ ကာကြယ္ေပးပါ့မယ္......
ေကာင္ေလးရဲ႕ခႏၶာကိုယ္ကို ဆြဲလွည့္လိုက္တဲ့အခါ ၾကမ္းျပင္နဲ႔ ထိကပ္ေနတဲဲ႕ မ်က္ႏွာဖက္ျခမ္းကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္လိုက္ရေလၿပီ......
ထိုအခိုက္အတန္႔မွာ တန္႔က်င္းဝမ္းရဲ႕တစ္ကိုယ္လုံးက ေသြးေတြ ေအးခဲသြားခံစားလိုက္ရပါၿပီ......
[TN: ေနာက္ႏွစ္ပိုင္းဆို Arc 3 ၿပီးၿပီ အဲ့ႏွစ္ပိုင္းကလဲ သူမ်ားေလးပိုင္းစာေလာက္႐ွိတယ္...မူရင္းေအာ္သာကလဲ င႐ွဲ႕လိုပဲနဲ႔တူတယ္....Arc ၿပီးခါနီးေလ အလ်င္စလိုေတြ လုပ္လာေလပဲ......]