ညို့ယူရက်နိုင်သောအရှင် [ 𝖢𝗈...
Od Astrophile-San
6.2K 420 38
ငယ့်ရဲ့"ညို့ယူရက်နိုင်သောအရှင်"=ကိုကို 🧡 Starting Date - 10.3.2022 Ending Date - 6.4.2022 Viac
Intro 🍀
အပိုင်း [ ၁ ]
အပိုင်း [ ၂ ]
အပိုင်း [ ၄ ]
အပိုင်း [ ၅ ]
အပိုင်း [ ၆ ]
အပိုင်း [ ၇ ]
အပိုင်း [ ၈ ]
အပိုင်း [ ၉ ]
အပိုင်း [ ၁၀ ] ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ 🍀
အပိုင်း [ ၃ ]
465 40 2
Od Astrophile-San
ဘုန်းကြီးကျောင်းက အုံးမောင်းခေါက်သံကြောင့် ရွက်ကြွေတစ်ယောက် အိပ်ယာကနိုးလာခဲ့သည် ။ သူနာရီကို ကြည့်လိုက်တော့ မနက် တစ်ချက်ထိုးနေပြီဖြစ်သည် ။ သူလည်း အိပ်ယာမှထကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်သည် ။
ဒီနေ့က ကျောင်းမှာ ပထမဆုံး စာစသင်ရမည့် နေ့ဖြစ်တာကြောင့် သူအနည်းငယ်တော့ စိတ်လှုပ်ရှားမိတာ အမှန်ပင် ။ မနေ့က ညနေစောင်းလောက် ဘဘုန်းနဲ့ သွားတွေ့ပြီးပြီဖြစ်သည် ။ ဘဘုန်းက သူက တစ်ယောက်တည်းဆိုတော့ စားရေးသောက်ရေးကို ဦးကြီးတိမ်နေတို့ အိမ်မှာဘဲ အတူသွားစားရန် မှာလိုက်သည် ။
သူတို့က သားအဖနှစ်ယောက်တည်းဆိုတော့ တစ်ယောက်စာလောက်ပိုလည်း ဘာမှမဖြစ်တာမို့ အားမနာဘဲ လာစားရန် ဦးကြီးတိမ်နေကလည်း ပြောလိုက်သေးသည် ။ ပြီးတော့ ဦးကြီးတိမ်နေက ဟို ဂွစာကောင်ရဲ့ အဖေတဲ့လေ ။ ဘယ်လိုတောင် တိုက်ဆိုင်နေလိုက်တာလဲ ။
" ဗျို့ အိမ်ထဲကလူ ၊ ခင်ဗျား ဒီနေ့ ထွက်လာဦးမှာလား "
" ငါလာနေပြီ ၊ မင်းအသံပြဲကြီးနဲ့ အရှက်မရှိ အော်မနေနဲ့ ဂွစာကောင်ရဲ့ "
" ဘာဗျ ၊ ခင်ဗျား ကျုပ်ကို ဘယ်လိုခေါ်လိုက်တာလဲ "
" ဘာဖြစ်လို့လဲ ၊ မင်းက လူ့ဂွစာနဲ့တူလို့ ဂွစာကောင်လို့ခေါ်တာလေ "
" ခင်ဗျား! .... "
" ဘာဖြစ်လို့လဲ ...ဟင် "
ဒီသာလိကပေါက်ကတော့ ကျုပ်ကိုလာလာဆွနေတာဘဲ ။ ဟင်းဟင်း ... ။
" ခင်ဗျား အမြန်လာခဲ့ ၊ အဘက မနက်စာစားဖို့စောင့်နေပြီ "
" ငါ့ဘာသာငါလာတတ်တယ် ဟွန်း "
" ခင်ဗျား မနေ့ကမှ ရွာကို ရောက်တာ သာလိကာပေါက်ရဲ့ "
" ဘာ ! .... မင်း .. "
" ဘာဖြစ်လို့လဲ ၊ ခင်ဗျားလည်း ကျုပ်ကို ဂွစာကောင်လို့ ခေါ်တာဘဲမလား "
" မင်း .... ၊ မင်း ... "
" မင်း .... ၊ ဘာဖြစ်လဲ "
" ငါ သာလိကာပေါက်မဟုတ်ဘူး "
" သာလိကာပေါက်လို့ မခေါ်ရင် ကျုပ်က ဘယ်လို ခေါ်ရမလဲ ၊ ခင်ဗျားက သာလိကာပေါက်တွေလိုဘဲ ပွစိပွစိနဲ့ ဘာတွေရေရွတ်နေမှန်းမသိဘူး "
" မင်းတော့ ... "
" ကဲ သွားရအောင် ၊ အဘစောင့်နေတာ ကြာနေပြီ "
" အော် မေ့လို့ .... "
" ဘာလဲ "
အော်လိုက်တဲ့အသံလေးက ခပ်ဆတ်ဆတ် ။
" ကျုပ်လက်ကိုတွဲဖို့လိုသေးလား ၊ လမ်းမသိမှာဆိုးလို့လေ "
" ဘာ "
" နို့ ခင်ဗျား တွဲချင်တယ်ဆိုလည်း ကျုပ်က အနစ်နာခံပြီး တွဲပေးလိုက်မလို့ပါ "
" မျက်နှာရူးကောင် ၊ ဂွစာကောင် ... "
လူကို ခပ်ဆတ်ဆတ်အော်ပြီး အရှေ့ကနေထွက်သွားတဲ့ သာလိကာပေါက်လေး။
" ဟက် ခင်ဗျားကတော့ ... "
åååå
" ဆရာလေး ထည့်စားပါ ၊အားမနာနဲ့ နော် "
" ဟုတ် ၊ ကျွန်တော် သိပ်မဆာလို့ပါ ဦးကြီးရဲ့"
" ခင်ဗျား မစားနိုင်လို့လား "
အလျင်အမြန်ဖြေလိုက်တဲ့ စကားသံလေးက အားနာနေဟန် ။
" မဟုတ်ပါဘူး ၊ ဟို စားနိုင်ပါတယ် "
" ခင် ဗျား ဘာစားချင်လဲ ၊ ကျုပ်သွားဝယ်ပေးမယ် "
" ဟိုရပါတယ် ၊ အဆင်ပြေပါတယ် စားရတာ"
" သိပ်ပြီးစားနေကျ မဟုတ်လို့ပါ ၊ ဦးကြီးတောင်းပန်ပါတယ် နော် "
" မဟုတ်တာ ဆရာလေးရယ် ၊ ကျုပ်နားလည်ပါတယ် "
" ခင်ဗျား ဝပြီလား "
" အင်း "
" အဘ ဒါဆို ၊ ကျုပ်သူ့ကို ကျောင်းလိုက်ပို့ပေးလိုက်ဦးမယ် "
" အေအေ ၊ ဖြည်းဖြည်းသွားကြ "
" သွားလိုက်ပါဦးမယ် ဦးကြီး "
" ဟုတ်ပါပြီ ... "
ဦးကြီးကို နှုတ်ဆက်ပြီးတာနဲ့ ဟို လူ့ဂွစာကောင်နဲ့ အတူ ကျောင်းကို  ထွက်လာလိုက်တယ် ။
•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•
" ဟို ကျောင်းကဝေးသေးတာလား "
" မဝေးပါဘူး ဘဘုန်းကျောင်းရဲ့ တစ်ဖက်မျက်စောင်းထိုးလေးမှာဘဲ "
" အော် "
" ဒါနဲ့  ခင်ဗျား မစားတဲ့ အသားတွေ ဘာတွေများရှိသေးလား "
" ဘာဖြစ်လို့မေးတာလဲ "
" ကျုပ် မနက်ဖြန် မြို့ပေါ်တက်စရာရှိတယ် ၊ အသား‌တွေဝယ်လာလိုက်မလို့ ဟို ကျုပ်တို့ အဘလည်း မစားရတာ ကြာလို့ပါ ဟင်း "
အဟီး ဒီဂွစာကောင်က စိတ်ထားလေးတော့ကောင်းသားဘဲ ။ ဘယ်ဆိုးလို့လဲ သူများဖက်ကိုလည်း တွေးပေးတတ်သားဘဲ ။ မင်းကို ငါ တစ်မှတ်လောက်တော့ပေးလိုက်မယ် ဂွစာကောင် ။
ဘာလို့ ဂွစာကောင်ရဲ့ မျက်နှာတွေက ရုတ်တရက်နီလာရတာလဲ ။ မဟုတ်မှ ... ရှက်နေတာလား ။ ချစ်စရာကြီး ။
* ဟိတ် မြူးရွက်ကြွေငယ် မင်းဘယ်လိုတွေ တွေးလိုက်တာလဲ ချစ်စရာကြီးဟုတ်လား *
" ငါ ဘာမှမပြောရသေးပါဘူး မဟုတ်မှ မင်း .. "
" ဟို ခင်ဗျား ကျောင်းနောက်ကျနေပြီ အမြန်သွားရအောင်လေ "
" ဆရာဆိုတော့ ကလေးတွေထက် အရင်ရောက်နေသင့်တယ်မလား ဟင်းဟင်း "
" ဟုတ်တာပေါ့ ၊ ဟုတ်တာပေါ့ "
ခွီး ။
" ခင်ဗျား ဘာရယ်နေတာလဲ "
" ဘာမှမရယ်ပါဘူး "
" ခင်ဗျား ! .... "
အရှေ့ကနေ မြန်မြန်ထွက်သွားတဲ့ ဂွစာကောင်က တကယ်ကို ရှက်နေသည့်ပုံပင် ။ နားရွက်ဖျားတွေအထိ နီလို့ ။
" မင်းက ချစ်ဖို့ကောင်းသားဘဲ ဂွစာကောင် "
åååå
ကလင် ၊ ကလင် ။
ကျောင်းက ခေါင်းလောင်းထိုးသံဖြစ်သည် ။ သူက အခုမှ ပထမဆုံး ဆရာစလုပ်ရမည်ဆိုတော့ စိတ်အတော်လှုပ်ရှားနေမိသည် ။
" မဂ်လာပါ ဆရာဗျ့ / ရှင့် "
" မဂ်လာပါဗျာ "
" ကဲ ဆရာတို့ ဒီနေ့က ပထမဆုံးနေ့ဆိုတော့ တစ်ယောက်ကို တစ်ယောက် မိတ်ဆက်လိုက်ရအောင် "
" ဆရာ့နာမည် ဘယ်သူသိချင်လည်း လက်ညိုးထောင်မယ် "
ကလေးတွေဆိုတော့ သိချင်စိတ်တွေပြင်းပြကြသည်ဖြစ်မည် ။ လက်ညိုးတွေကို အလုအယက် ထောင်နေကြသည် ။
" ကဲ ဟုတ်ပါပြီ ဆရာ့နာမည်က ... "
" မြူးရွက်ကြွေငယ် "
" ညူးရွက်ကြေချယ် "
" ဟောဗျာ .... ၊ ဟားဟား "
" ကဲထားပါတော့ ကလေးတို့နာမည်တွေ ဆရာ့ကို ပြောပြပါဦး "
" ကျုပ်နာမည် သာလုံး "
" ကလေး ၊ ဆရာပြောပြမယ် သေချာနားထောင်နော် "
" လူကြီး ၊ မိဘ ၊ ဆရာသမားတွေ ကိုယ့်ထက်အသက်အရွယ်ကြီးသူတွေနဲ့ဆိုရင် ကိုယ့်ကိုကိုယ် သားက ၊ သမီးက ၊ ကျွန်တော်က ၊ ကျွန်မက လို့ ပြောရမယ် ကလေးလေးရဲ့ "
" ကျုပ်က ဒီလိုဘဲ ပြောတတ်တာ "
" အကျင့်ဆိုတာ မျိုးက ကိုယ်က လုပ်မှ ဖြစ်တည်လာတာမျိုးပါ ကလေးရဲ့ "
" ဆရာတို့ ပြန်ပြင်လို့ရပါသေးတယ် ၊ နားလည်ရဲ့လား "
" ဟုတ် "
" ဟုတ်ပြီ ဒါဆို နာမည်လေး ဆရာ့ကို ပြန်ပြောပါဦး "
" သားနာမည် သာလုံးပါ "
" ဒီလိုမှပေါ့ကွာ "
" ကဲ သမီးနာမည်ကကော "
" မြတ်ချယ် ပါ ဆရာ "
" သားနာမည်က ..... ၊ သမီးနာမည်က ..... "
စာသင်ခန်းထဲက ကလေးတွေနဲ့ ရယ်မောပြုံးရွှင်နေတဲ့ သူ့ကို ကြည့်ပြီး နှုတ်ခမ်းထဲမှ အပြုံးတို့ဖြစ်တည်လာရသည် ။ သူ့ကိုကြည့်လို့ ဝပြီဆိုကာမှ ပြန်ခဲ့လိုက်တော့သည် ။
စိတ်အစုံကို ဒီသာလိကာပေါက်လေးက ဘယ်အချိန်ကတည်းကများ ညို့ယူထားပါလိမ့် ။
သူသတိထားမိနေချိန်မှာတော့ သူက လှလှပပကို ကျရှူံးသွားရပြီဖြစ်သည် ။
:3 ဖုန်းအားရှိတုန်းလေးပါ ဟဲဟဲ ။ ကျန်းမာရေးဂရုစိုက်ကြပါ ။ ချစ်တယ်နော် ။ နေကောင်းအောင်လည်းနေကြပါ ။ 🤎
Zawgyi 🍀
" ခင်ဗျား! .... "
" ဘာဖြစ်လို့လဲ ...ဟင် "
" ဘာ ! .... မင်း .. "
" မင်း .... ၊ မင်း ... "
" မင်း .... ၊ ဘာဖြစ်လဲ "
" မင်းတော့ ... "
" အော် မေ့လို့ .... "
" ဘာလဲ "
" ဘာ "
" ဟက် ခင်ဗျားကတော့ ... "
åååå
" ခင်ဗျား ဝပြီလား "
" အင်း "
" ဟုတ်ပါပြီ ... "
•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•|•
" အော် "
" ဘာဖြစ်လို့မေးတာလဲ "
ခွီး ။
" ခင်ဗျား ဘာရယ်နေတာလဲ "
" ဘာမှမရယ်ပါဘူး "
" ခင်ဗျား ! .... "
åååå
ကလင် ၊ ကလင် ။
" မဂ်လာပါ ဆရာဗျ့ / ရှင့် "
" မဂ်လာပါဗျာ "
" မြူးရွက်ကြွေငယ် "
" ညူးရွက်ကြေချယ် "
" ဟောဗျာ .... ၊ ဟားဟား "
" ကျုပ်နာမည် သာလုံး "
" ဟုတ် "
" သားနာမည် သာလုံးပါ "
" ဒီလိုမှပေါ့ကွာ "
" ကဲ သမီးနာမည်ကကော "
" မြတ်ချယ် ပါ ဆရာ "
" သားနာမည်က ..... ၊ သမီးနာမည်က ..... "
Pokračovať v čítaní
You'll Also Like
810 74 13
You,My Dearest ကျွန်မဘဝသာ စာအုပ်တစ်အုပ်ဆိုရင် စာမျက်နှာတိုင်းက 'မာန်'ဆိုတဲ့နာမည်နဲ့ပဲ ပြည့်နေလောက်တယ်။
Fresh [Complete] Od Sugar Dumpling
Tínedžerská beletria
3.1K 157 14
ကိုယ့်အပေါ် မသိလိုက်မသိဖာသာ တစ်ပါးသူရဲ့ ဂရုစိုက်မှုသေးသေးလေးတွေကို သဘောတကျရှိနေခဲ့ပြီး တွယ်ငြိခဲ့တဲ့သံယောဇဉ်လေး။ နောင်တစ်ချိန်ပြန်တွေ့တဲ့အခါ ပိုလို့တင်...
45.9K 3.7K 107
• တစ်နှစ်မှာ တစ်လ... တစ်လမှာ တစ်ရက်... • ပန်းပိတောက်ကို သက်သေတည်၍ ကိုယ့်အချစ်ကိုသစ္စာပြုပါမည်။ • တစ်သက်မှာ တစ်ဘဝ၊ တစ်ဘဝမှာ သည်တစ်ယောက်တည်းကိုပဲ ချစ်ခ...
459 81 9