{Unicode }(24.2)
ဒါပေမယ့်လဲ ကျန်းရှုက ထိုအရာတွေကို သုံးဖို့ရာ မစဥ်းစား ခဲ့သလို သုံးလဲ မသုံးထားခဲ့ပါဘူး။ သူက သူ့ကိုယ်သူ လေးစားတန်ဖိုးထားမှုကို တော့ကျန်ရှိနေစေချင်တာ ကြောင့် သူလိုချင်တဲ့ အရာကို သူ့ဘာသာသူ ဝယ်နိုင်အောင်ပဲ လုပ်လိုခဲ့တယ်။
တစ်ခြား ပြောရရင် ကွာ အခုချိန်မှာ သူသုံးနိုင်တယ်ဆိုတာက ကျန်းချူနမ်ရဲ့ သားဖြစ်နေလို့ပဲ။ ကျန်းရှု ဆိုတဲ့ ဖြစ်တည်မှု ကြောင့် မဟုတ် လို့ပဲဖြစ်တယ်။
အခုလို အခြေအနေ မျိုးမှာတော့ ဒီလိုမျိုး ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုက အတော့်ကို ရူးမိုက်တယ်လို့ပဲ ပြောရမလားပဲ။
"လုခယ်လေ မင်းသူ့ကို မှတ်မိလား? "
ရှုပေါ်စုက မေးလိုက်တယ်။
" သူနဲ့ ဖေးကျီးတို့က ဒီအိမ်ကို စနေနေ့ကျရင်လာလည်မယ်တဲ့လေ။ သူတို့ကို ကိုယ်တို့ က အိမ်မှာ ထမင်းတစ်နပ်လောက်ကျွေးရုံပါပဲ။ ပြီးတော့ တနင်္ဂနွေ နေ့ကျရင်တော့ ကိုယ်တို့ ကားသွား ဝယ်ကြရအောင်လေ''
" ကျွန်တော်တို့?''
ကျန်းရှုရဲ့ ခေါင်းထဲမှာ ပြည့်ကျပ်သွားတယ်။ ပြီးတော့ တစ်ခုခု မှားနေမှန်း သူသိပေမယ့် ဘယ်အရာက မှားနေမှန်း သူမသိလေဘူး။
" မဖြစ်နိုင်ဘူး လား?''
ရှုပေါ်စုက မေးလိုက် တယ်။
" သူတို့၂ ယောက်ကို ကိုယ်တို့တွေ အတူတူနေကြပြီ ဆိုတာကိုလည်း မသိစေချင်ဘူးလားဟင်?''
" ဒီလိုပါပဲ.... အဟမ်း? သူတို့က မသိကြဘူး လား?''
ကျန်းရှုက မေးလိုက် တယ်။
" ကိုယ်သိပါပြီ''
ရှုပေါ်စုက ပြောလိုက် တယ်။
ကျန်းရှု တစ်ယောက် သူ့ရဲ့ မျက်လုံးကို လှိမ့်လိုက်ပြီးတော့ ပြောလိုက် တယ်။
" ဘာပဲ ဖြစ်ဖြစ် လေ။ သူတို့က ကျွန်တော့် သူငယ်ချင်း တွေမှမဟုတ်တာလေ''
မီးဖိုချောင်ထဲမှာတော့ တိတ်ဆိတ်နေ မှုကြီးက ကြီးစိုးသွားလေတယ်။
" အဲ့တာကလည်း မင်းရဲ့ သူငယ်ချင်း တွေပဲလေ။ အဲ့နေ့ကတည်းက မင်းတို့အချင်းချင်း သိပြီးသွားပြီမဟုတ့ ဘူးလား?''
ရှုပေါ်စုက မေးလိုက်တယ် ။
" သူတို့က မင်းကို အတော်လေး သဘောကျနေတာရယ်''
" ဟမ်''
ကျန်းရှုက အချိန်အတော် ကြာ ငြိမ်သက် ပြီးတော့မှ ပြောလိုက် တယ်။
" ခများက အတော်လေးကို ရိုးသားနေတာပဲ''
ကောင်လေးရဲ့ သဘောထားက ဘယ်လိုဖော်ပြလိုက်တာ လဲဆိုတာကို သေချာတွေးကြည့်ပြီးတဲ့နောက်တော့ ရှုပေါ်စုက နားလည်သွားတာကြောင့် သူက ဘာစကား တစ်ခွန်းမှ မပြောပဲနေလိုက်တယ်။
ကျန်းရှုက သူ့အတွက် တော့ပထမ ဦးစားပေးပဲလေ။ ပြီးတော့ ရှန်ဖေးကျီးနဲ့ လုခယ်တို့က လည်း သူ့ကို သိပြီးကြပြီပဲလေ။ ထိုအကြောင်းတွေ ကို သုံးသပ်ကြည့်ရင် သူတို့ကို ကျန်းရှု က အိမ်ကို မခေါ်ခိုင်းလည်း သူ့မှာငြင်းဆန်စရာ တော့မရှိပါဘူးလေ။
ဒါပေမယ့် ကျန်းရှုရဲ့ တုံ့ပြန်ပုံက အရမ်းကြီး.......ရင့်ကျက်လွန်း မနေဘူးလား။
သူတို့ကြားက ဘောင်သတ်ထားတဲ့ မျဥ်းတွေကို ဖြိုချလိုက်တော့ အဲ့တာကပဲ သူတို့ကို စိတ်မလုံခြုံမှု ခံစားရစေတာများလား။
ညစာ စားပြီးနောက် ကျန်းရှုက အိပ်ယာ ပေါ်ကိုသွားကာ ဇာတ်ကား ကြည့်နေပြီးတော့ ရှုပေါ်စု ကတော့သူ့ရဲ့ ကိုယ်ပိုင်အလုပ် ကိစ္စတွေကို စာကြည့်ခန်း ထဲမှာ ဖြေရှင်း နေလေတယ်။
" ဒါပေမယ့် လာစမ်းပါ?''
ရုတ်တရက်ကြီး WeChat ထဲကနေ ပုံမှန် ကြည့်နေကြ ဇာတ်ကားထဲက အရမ်းမိုက်လွန်းတဲ့ အတိုက်ခိုက် ပိုင်းရောက်နေတော့ ကျန်းရှုက ယောင်ပြီး ပြောမိသွားတယ်။
ကျန်းရှုရဲ့ နှလုံးသား လေးက မျဥ်းကနေ ရုတ်တရက် စောင့်ခုန်သွားပြီးတော့ သူ့ဖုန်းမျက်နှာပြင်ကို ပိတ်လိုက် တယ်။
" ကျွန်တော်က ဇာတ်ကား ကြည့်နေတာလေ ပြီးတော့ ခများကို နှောင့်ယှက် သလိုများ ဖြစ်သွားလား''
ရှုပေါ်စု: '' ကိုယ်အလုပ်လုပ်နေတာ မဟုတ်ပါဘူး ကွာ။ ကိုယ်စိတ်တွေ အရမ်းရှုပ်နေလို့ပါ''
ကျန်းရှု: ''ကျွန်တော်နဲ့ ဆွေးနွေးမလား?''
ရှုပေါ်စု: '' မင်းလေး ဒီကိုလာပြီး ဆွေးနွေးကြမလား ဒါမှမဟုတ် ကိုယ့လာပြီး ဆွေးနွေးကြမလား ''
အချိန်အကြာကြီး ကျန်းရှု တွေးပြီးတဲ့နောက် သူက ပြန်မဖြေတော့ပဲ ဇာတ်ကားသာ ဆက်ကြည့်နေလိုက်တယ်။
အတိုက်ခိုက် ခန်းကို ကြည့်လို့ပြီးသွားတော့မှ ကျန်းရှုက ဇာတ်ကားကြည့်နေတာကို ရပ်ကာ အိပ်ယာထဲ ကနေ ဖြေးဖြေးလေး ထွက်ကာ စာကြည့်ခန်း တံခါးကို ခေါက်လိုက် တော့တယ်။
" မင်းမလာ တော့ဘူးလို့တောင် ကိုယ်ထင်နေတာ။ ''
ရှုပေါ်စု က သူ့ကို အထဲဝင်ခွင့်ပေး လိုက်ပြီးတော့ ထိုင်ခုံကို ဆွဲထုတ်ကာ ထိုင်ခိုင်းလိုက်တယ်။
" ဘာတွေကို စိတ်အနှောင့်အယှက် ဖြစ်နေတာလဲ?''
ကျန်းရှုက ရှုပေါ်စုရဲ့ စားပွဲပေါ်ကို တစ်ချက်ကြည့်ကာ မေးလိုက်တယ် ။
ဒါက သာမန်ပဲ မဟုတ်ဘူး လား?
ထိုနေရာမှာ သူနားမလည်နိုင်တဲ့ ပစ္စည်း အလုံးတစ်မျိုး ရှိနေခဲ့တယ် လေ။
" ကိုယ်လည်း မသိတော့ဘူး''
ရှုပေါ်စုက တံခါးကို ငြင်သာစွာ ပိတ်လိုက်ကာ သက်ပြင်းချ လိုက်ကာ နံရံကို မှီလိုက် ပြီးတော့ သူ့ရဲ့ လက်ကြီးတွေကို ဘောင်းဘီ ရှည်ရဲ့ အိပ်ကပ်ထဲကို ထည့်လိုက် တယ်။
" ဖာခ့် ''
ကျန်းရှုက သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့် လိုက်တယ်။
" ဒီဘောင်းဘီတွေက...''
" မင်းဟာတွေလေ''
ရှုပေါ်စုက တစ်ပတ်လှည့် ပြလေတယ်။
" မင်းဘယ်လို မြင်လဲ?''
" နိုး....''
သူ့ရဲ့ ဘောင်းဘီ တွေနဲ့ ရှုပေါ်စု တစ်ယောက် ဘာလုပ်နေတာမှန်း ကျန်းရှု မတွေးတက်တော့ပါလေ။
ဒါပေမယ့် တွေးကြည့်ရ ရင်တော့ သူလည်း အနည်းဆုံးတော့ ရှုပေါ်စု ရဲ့ အဝတ်တွေယူဝတ်တာပဲလေ။
ထားလိုက်ပါတော့လေ။
တကယ်လို့ ရှုပေါ်စု က သူတို့ရဲ့ အဝတ်တွေကို အတူတူ ဝတ်ချင်နေရင်လည်း ဝတ်ပါစေလေ ။ ပြီးတော့ ယောကျာ်း လေးတွေပဲဟာ ဘာကိုမှ စိတ်အာရုံထဲ ထည့်နေစရာကို မလိုပါဘူး ။
" ကိုယ်တော့ ဒါက အနည်းငယ် သေးနေတယ်လို့ ထင်တာပဲ။ ဘာလို့ဆိုတော့ ကိုယ့်ခွကြားက ဒီမှာတစ်နေတယ်လေ''
ရှုပေါ်စုက သူ့ဘောင်းဘီကို ပြကာ ပြောလိုက် တယ်။
" ဘာ? "
ကျန်းရှုက ရှုပေါ်စု ရဲ့ခွကြားကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့် လိုက်တယ်။
ငါလိုးပဲ.....
သူက ပျော်လွန်းလို့ သေသွားတော့မလိုပဲနော်။
( သူရွဲ့နာ)
" ဒါဆိုလည်း အဲ့တာကို ချွတ်ပြီးတော့ ခများဘောင်းဘီကို သွားလဲပါလား?''
" ဒါက အဆင်ပြေပါတယ်''
ရှုပေါ်စုက ပြုံးလိုက်တယ်။
ငါတွေးနေတဲ့ဟာတွေကို မင်းတို့သိရင် ငါ့ကို အတော်ရူးမိုက်တာပဲလို့ မင်းတို့ပြောကြလိမ့်မယ်။ ဒါပေမယ့် ငါက ကျန်းရှု ရဲ့ အင်္ကျီ ကို ယူဝတ်ရင် ၊ သူဆွဲထားတဲ့ ပန်းချီလေးကိုကိုင်ထားရင် ငါတို့ကြားထဲက အတားအဆီးတွေ မရှိတော့ပဲ အရမ်းနီးကပ်တယ်လို့ ငါခံစားရတယ်လေ။
ကျန်းရှုက ဒီစိတ်ကူးကို လက်မခံနိုင် မှန်းသိ လို့ ရှုပေါ်စု ကလည်း သူ့ကို မပြောပြခဲ့ပါဘူး။
" ကောင်းပြီလေ''
ကျန်းရှုက အချိန်အတော် ကြာပြုံးကာ သခင်လေး ရှုကို ပြင်းထန် တဲ့အကြည့်တွေနဲ့ စိုက်ကြည့် လိုက်တယ်။
" အာ ... အခု ခများကို ကြည့်ရတာ အတော်လေး အဆင်ပြေနေပြီပုံပဲ။ ဆက်ပြီးဆွေးနွေးပေးဖို့ လိုသေးတာလား?''
" လိုတယ်လေ''
ရှုပေါ်စုက ပြောတယ် ။
" ဒါပေမယ့် ကိုယ်မင်းကို တွေ့လိုက်ရ ရုံနဲ့တင် အတော်လေးကို ကောင်းသွားတာရယ်''
ဒါပေမယ့် ကိုယ့် နှလုံးသား လေးကတော့ ကြေမွနေဆဲပါပဲ။
" ကျွန်တော့် ဆီမှာ ဒီလိုအကျိုးသက်ရောက်မှုမျိုးလဲ ရှိသေးတာလား?''
ကျန်းရှုက ပြုံးကာ ပြောလိုက် တယ်။
" တကယ်လို့ ကျွန်တော် နမ်းရင်ကော ခများပိုပြီးကောင်းလာမှာလားဟင်?''
ရှုပေါ်စု က ပြုံးနေပေမယ့် ဘာအဖြေမှ ပြန်မပေး ခဲ့ပါဘူး ။
( သူကျေနပ်နာ😌)
ကိုယ်ပိုင်တန်ဖိုးထား မှုပြင်းထန်တဲ့ ကျန်းရှုဟာ တစ်ဖက်လူကို အသေအချာ ကြည့်လိုက် တယ်။ သခင်ငယ်လေး ရှုကြီးက နံရံတစ်ဖက်ကို မှီကာ အရပ်ရှည်ပြီးတော့ ချောမောနေတာကြောင့် comic တွေထဲက ခုန်ထွက်လာတဲ့ အမျိုသားဇာတ်ဆောင် တစ်ယောက် နဲ့တောင်တူနေလေတယ်။ သူက အရမ်းကိုကြည့်ကောင်းတာပဲ။
ပြီးတော့ ဒီလူက သူ့ရဲ့ တရားဝင် စာချုပ်နဲ့ လက်ထပ်ထားတဲ့ သူ့ရဲ့ ......ယောင်္ကျား( ခင်ပွန်း) ပဲလေ။
သူက ဘာလို့ ဒီလိုပြောရတာလဲ ဆိုတာက သူက နံပါတ် ဇီးရိုးလေး ဖြစ်နေလို့ပဲ။ အရိုးထဲထိ စွဲဝင်နေတဲ့ ရှို့ တွေရဲ့ ဗီဇ ကို ပြင်မရလို့ ပဲလေ။ သူ့ထက်သန်မာတဲ့ လူတစ်ယောက် အပေါ်ကို မှီခိုအားထား ချင်တဲ့ စရိုက်လေး ကလည်း ရှိနေသေးတယ် ။
ကျန်းရှုလို အများအမြင်မှာ ရိုင်းစိုင်း ပြီး ပုန်ကန်တက်တဲ့ ကလေးတွေဟာ အမှန်တကယ်တော့ သူတို့ရဲ့ အခွံလေးကို ခွာကြည့်လိုက်ရင် နူးညံ့ နေကာ လူအများကို ပိုင်ဆိုင်ချင်စိတ်တွေကို နိုးစွပေးနိုင်လိမ့်မယ်။
ထိုအကြောင်း ကို တစ်ခဏတော့ တွေးလိုက် ပြီးတဲ့နောက် ကျန်းရှုက ခုံကနေ ထကာ ရှုပေါ်စု ဆီကို လမ်းလျောက်လာ ခဲ့ပြီး ခြေဖျားထောက်ကာ လည်ပင်း ကို အနည်းငယ် စောင်းပြီး တော့ နက်နက်နဲနဲ ကို နမ်းတော့တယ်။
ထိုအချိန် မှာတော့ နှုတ်ခမ်း ၂ စုံက ကပ်တွယ်ကူးလူးနေလေတယ်။ ရှုပေါ်စု ကတော့ သူ့မျက်လုံး လေးကို အသာပိတ် ၊ သက်ပြင်းလေးချကာ ကျန်းရှုကို သူ့အပေါ် ပေါက်ကွဲ ခွင့်ပေးထားလေတယ်။
ကျန်းရှု က မျက်လုံးပိတ်တက်တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့ သူက ရှုပေါ်စု ရဲ့ အမူအရာတွေကို ရှင်းရှင်းလင်းလင်း မြင်ရကာ ထိုလူက ကြိုက်နှစ်သက်ကြောင်း တွေ့နိုင်လေတယ်။ ဒါကြောင့်ပဲ သူက အလုပ်ကိုပိုကြိုးစားလာကာ လှည့်ကွက် အနည်းငယ်လေးတွေပါ လုပ်လာတယ်။
........................................
ဒါေပမယ့္လဲ က်န္းရႈက ထိုအရာေတြကို သုံးဖို႔ရာ မစဥ္းစား ခဲ့သလို သုံးလဲ မသုံးထားခဲ့ပါဘူး။ သူက သူ႕ကိုယ္သူ ေလးစားတန္ဖိုးထားမႈကို ေတာ့က်န္ရွိေနေစခ်င္တာ ေၾကာင့္ သူလိုခ်င္တဲ့ အရာကို သူ႕ဘာသာသူ ဝယ္နိုင္ေအာင္ပဲ လုပ္လိုခဲ့တယ္။
တစ္ျခား ေျပာရရင္ ကြာ အခုခ်ိန္မွာ သူသုံးနိုင္တယ္ဆိုတာက က်န္းခ်ဴနမ္ရဲ႕ သားျဖစ္ေနလို႔ပဲ။ က်န္းရႈ ဆိုတဲ့ ျဖစ္တည္မႈ ေၾကာင့္ မဟုတ္ လို႔ပဲျဖစ္တယ္။
အခုလို အေျခအေန မ်ိဳးမွာေတာ့ ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကို တန္ဖိုးထားမႈက အေတာ့္ကို ႐ူးမိုက္တယ္လို႔ပဲ ေျပာရမလားပဲ။
"လုခယ္ေလ မင္းသူ႕ကို မွတ္မိလား? "
ရႈေပၚစုက ေမးလိုက္တယ္။
" သူနဲ႕ ေဖးက်ီးတို႔က ဒီအိမ္ကို စေနေန႕က်ရင္လာလည္မယ္တဲ့ေလ။ သူတို႔ကို ကိုယ္တို႔ က အိမ္မွာ ထမင္းတစ္နပ္ေလာက္ေကြၽး႐ုံပါပဲ။ ၿပီးေတာ့ တနဂၤႏြေ ေန႕က်ရင္ေတာ့ ကိုယ္တို႔ ကားသြား ဝယ္ၾကရေအာင္ေလ''
" ကြၽန္ေတာ္တို႔?''
က်န္းရႈရဲ႕ ေခါင္းထဲမွာ ျပည့္က်ပ္သြားတယ္။ ၿပီးေတာ့ တစ္ခုခု မွားေနမွန္း သူသိေပမယ့္ ဘယ္အရာက မွားေနမွန္း သူမသိေလဘူး။
" မျဖစ္နိုင္ဘူး လား?''
ရႈေပၚစုက ေမးလိုက္ တယ္။
" သူတို႔၂ ေယာက္ကို ကိုယ္တို႔ေတြ အတူတူေနၾကၿပီ ဆိုတာကိုလည္း မသိေစခ်င္ဘူးလားဟင္?''
" ဒီလိုပါပဲ.... အဟမ္း? သူတို႔က မသိၾကဘူး လား?''
က်န္းရႈက ေမးလိုက္ တယ္။
" ကိုယ္သိပါၿပီ''
ရႈေပၚစုက ေျပာလိုက္ တယ္။
က်န္းရႈ တစ္ေယာက္ သူ႕ရဲ႕ မ်က္လုံးကို လွိမ့္လိုက္ၿပီးေတာ့ ေျပာလိုက္ တယ္။
" ဘာပဲ ျဖစ္ျဖစ္ ေလ။ သူတို႔က ကြၽန္ေတာ့္ သူငယ္ခ်င္း ေတြမွမဟုတ္တာေလ''
မီးဖိုေခ်ာင္ထဲမွာေတာ့ တိတ္ဆိတ္ေန မႈႀကီးက ႀကီးစိုးသြားေလတယ္။
" အဲ့တာကလည္း မင္းရဲ႕ သူငယ္ခ်င္း ေတြပဲေလ။ အဲ့ေန႕ကတည္းက မင္းတို႔အခ်င္းခ်င္း သိၿပီးသြားၿပီမဟုတ့ ဘူးလား?''
ရႈေပၚစုက ေမးလိုက္တယ္ ။
" သူတို႔က မင္းကို အေတာ္ေလး သေဘာက်ေနတာရယ္''
" ဟမ္''
က်န္းရႈက အခ်ိန္အေတာ္ ၾကာ ၿငိမ္သက္ ၿပီးေတာ့မွ ေျပာလိုက္ တယ္။
" ခမ်ားက အေတာ္ေလးကို ရိုးသားေနတာပဲ''
ေကာင္ေလးရဲ႕ သေဘာထားက ဘယ္လိုေဖာ္ျပလိုက္တာ လဲဆိုတာကို ေသခ်ာေတြးၾကည့္ၿပီးတဲ့ေနာက္ေတာ့ ရႈေပၚစုက နားလည္သြားတာေၾကာင့္ သူက ဘာစကား တစ္ခြန္းမွ မေျပာပဲေနလိုက္တယ္။
က်န္းရႈက သူ႕အတြက္ ေတာ့ပထမ ဦးစားေပးပဲေလ။ ၿပီးေတာ့ ရွန္ေဖးက်ီးနဲ႕ လုခယ္တို႔က လည္း သူ႕ကို သိၿပီးၾကၿပီပဲေလ။ ထိုအေၾကာင္းေတြ ကို သုံးသပ္ၾကည့္ရင္ သူတို႔ကို က်န္းရႈ က အိမ္ကို မေခၚခိုင္းလည္း သူ႕မွာျငင္းဆန္စရာ ေတာ့မရွိပါဘူးေလ။
ဒါေပမယ့္ က်န္းရႈရဲ႕ တုံ႕ျပန္ပုံက အရမ္းႀကီး.......ရင့္က်က္လြန္း မေနဘူးလား။
သူတို႔ၾကားက ေဘာင္သတ္ထားတဲ့ မ်ဥ္းေတြကို ၿဖိဳခ်လိဳက္ေတာ့ အဲ့တာကပဲ သူတို႔ကို စိတ္မလုံၿခဳံမႈ ခံစားရေစတာမ်ားလား။
ညစာ စားၿပီးေနာက္ က်န္းရႈက အိပ္ယာ ေပၚကိုသြားကာ ဇာတ္ကား ၾကည့္ေနၿပီးေတာ့ ရႈေပၚစု ကေတာ့သူ႕ရဲ႕ ကိုယ္ပိုင္အလုပ္ ကိစၥေတြကို စာၾကည့္ခန္း ထဲမွာ ေျဖရွင္း ေနေလတယ္။
" ဒါေပမယ့္ လာစမ္းပါ?''
႐ုတ္တရက္ႀကီး WeChat ထဲကေန ပုံမွန္ ၾကည့္ေနၾက ဇာတ္ကားထဲက အရမ္းမိုက္လြန္းတဲ့ အတိုက္ခိုက္ ပိုင္းေရာက္ေနေတာ့ က်န္းရႈက ေယာင္ၿပီး ေျပာမိသြားတယ္။
က်န္းရႈရဲ႕ ႏွလုံးသား ေလးက မ်ဥ္းကေန ႐ုတ္တရက္ ေစာင့္ခုန္သြားၿပီးေတာ့ သူ႕ဖုန္းမ်က္ႏွာျပင္ကို ပိတ္လိုက္ တယ္။
" ကြၽန္ေတာ္က ဇာတ္ကား ၾကည့္ေနတာေလ ၿပီးေတာ့ ခမ်ားကို ႏွောင့္ယွက္ သလိုမ်ား ျဖစ္သြားလား''
ရႈေပၚစု: '' ကိုယ္အလုပ္လုပ္ေနတာ မဟုတ္ပါဘူး ကြာ။ ကိုယ္စိတ္ေတြ အရမ္းရႈပ္ေနလို႔ပါ''
က်န္းရႈ: ''ကြၽန္ေတာ္နဲ႕ ေဆြးႏြေးမလား?''
ရႈေပၚစု: '' မင္းေလး ဒီကိုလာၿပီး ေဆြးႏြေးၾကမလား ဒါမွမဟုတ္ ကိုယ့လာၿပီး ေဆြးႏြေးၾကမလား ''
အခ်ိန္အၾကာႀကီး က်န္းရႈ ေတြးၿပီးတဲ့ေနာက္ သူက ျပန္မေျဖေတာ့ပဲ ဇာတ္ကားသာ ဆက္ၾကည့္ေနလိုက္တယ္။
အတိုက္ခိုက္ ခန္းကို ၾကည့္လို႔ၿပီးသြားေတာ့မွ က်န္းရႈက ဇာတ္ကားၾကည့္ေနတာကို ရပ္ကာ အိပ္ယာထဲ ကေန ေျဖးေျဖးေလး ထြက္ကာ စာၾကည့္ခန္း တံခါးကို ေခါက္လိုက္ ေတာ့တယ္။
" မင္းမလာ ေတာ့ဘူးလို႔ေတာင္ ကိုယ္ထင္ေနတာ။ ''
ရႈေပၚစု က သူ႕ကို အထဲဝင္ခြင့္ေပး လိုက္ၿပီးေတာ့ ထိုင္ခုံကို ဆြဲထုတ္ကာ ထိုင္ခိုင္းလိုက္တယ္။
" ဘာေတြကို စိတ္အႏွောင့္အယွက္ ျဖစ္ေနတာလဲ?''
က်န္းရႈက ရႈေပၚစုရဲ႕ စားပြဲေပၚကို တစ္ခ်က္ၾကည့္ကာ ေမးလိုက္တယ္ ။
ဒါက သာမန္ပဲ မဟုတ္ဘူး လား?
ထိုေနရာမွာ သူနားမလည္နိုင္တဲ့ ပစၥည္း အလုံးတစ္မ်ိဳး ရွိေနခဲ့တယ္ ေလ။
" ကိုယ္လည္း မသိေတာ့ဘူး''
ရႈေပၚစုက တံခါးကို ျငင္သာစြာ ပိတ္လိုက္ကာ သက္ျပင္းခ် လိုက္ကာ နံရံကို မွီလိုက္ ၿပီးေတာ့ သူ႕ရဲ႕ လက္ႀကီးေတြကို ေဘာင္းဘီ ရွည္ရဲ႕ အိပ္ကပ္ထဲကို ထည့္လိုက္ တယ္။
" ဖာခ့္ ''
က်န္းရႈက သူ႕ကို စိမ္းစိမ္းဝါးဝါး စိုက္ၾကည့္ လိုက္တယ္။
" ဒီေဘာင္းဘီေတြက...''
" မင္းဟာေတြေလ''
ရႈေပၚစုက တစ္ပတ္လွည့္ ျပေလတယ္။
" မင္းဘယ္လို ျမင္လဲ?''
" နိုး....''
သူ႕ရဲ႕ ေဘာင္းဘီ ေတြနဲ႕ ရႈေပၚစု တစ္ေယာက္ ဘာလုပ္ေနတာမွန္း က်န္းရႈ မေတြးတက္ေတာ့ပါေလ။
ဒါေပမယ့္ ေတြးၾကည့္ရ ရင္ေတာ့ သူလည္း အနည္းဆုံးေတာ့ ရႈေပၚစု ရဲ႕ အဝတ္ေတြယူဝတ္တာပဲေလ။
ထားလိုက္ပါေတာ့ေလ။
တကယ္လို႔ ရႈေပၚစု က သူတို႔ရဲ႕ အဝတ္ေတြကို အတူတူ ဝတ္ခ်င္ေနရင္လည္း ဝတ္ပါေစေလ ။ ၿပီးေတာ့ ေယာက်ာ္း ေလးေတြပဲဟာ ဘာကိုမွ စိတ္အာ႐ုံထဲ ထည့္ေနစရာကို မလိုပါဘူး ။
" ကိုယ္ေတာ့ ဒါက အနည္းငယ္ ေသးေနတယ္လို႔ ထင္တာပဲ။ ဘာလို႔ဆိုေတာ့ ကိုယ့္ခြၾကားက ဒီမွာတစ္ေနတယ္ေလ''
ရႈေပၚစုက သူ႕ေဘာင္းဘီကို ျပကာ ေျပာလိုက္ တယ္။
" ဘာ? "
က်န္းရႈက ရႈေပၚစု ရဲ႕ခြၾကားကို စိမ္းစိမ္းဝါးဝါး စိုက္ၾကည့္ လိုက္တယ္။
ငါလိုးပဲ.....
သူက ေပ်ာ္လြန္းလို႔ ေသသြားေတာ့မလိုပဲေနာ္။
( သူ႐ြဲ႕နာ)
" ဒါဆိုလည္း အဲ့တာကို ခြၽတ္ၿပီးေတာ့ ခမ်ားေဘာင္းဘီကို သြားလဲပါလား?''
" ဒါက အဆင္ေျပပါတယ္''
ရႈေပၚစုက ၿပဳံးလိုက္တယ္။
ငါေတြးေနတဲ့ဟာေတြကို မင္းတို႔သိရင္ ငါ့ကို အေတာ္႐ူးမိုက္တာပဲလို႔ မင္းတို႔ေျပာၾကလိမ့္မယ္။ ဒါေပမယ့္ ငါက က်န္းရႈ ရဲ႕ အကၤ်ီ ကို ယူဝတ္ရင္ ၊ သူဆြဲထားတဲ့ ပန္းခ်ီေလးကိုကိုင္ထားရင္ ငါတို႔ၾကားထဲက အတားအဆီးေတြ မရွိေတာ့ပဲ အရမ္းနီးကပ္တယ္လို႔ ငါခံစားရတယ္ေလ။
က်န္းရႈက ဒီစိတ္ကူးကို လက္မခံနိုင္ မွန္းသိ လို႔ ရႈေပၚစု ကလည္း သူ႕ကို မေျပာျပခဲ့ပါဘူး။
" ေကာင္းၿပီေလ''
က်န္းရႈက အခ်ိန္အေတာ္ ၾကာၿပဳံးကာ သခင္ေလး ရႈကို ျပင္းထန္ တဲ့အၾကည့္ေတြနဲ႕ စိုက္ၾကည့္ လိုက္တယ္။
" အာ ... အခု ခမ်ားကို ၾကည့္ရတာ အေတာ္ေလး အဆင္ေျပေနၿပီပုံပဲ။ ဆက္ၿပီးေဆြးႏြေးေပးဖို႔ လိုေသးတာလား?''
" လိုတယ္ေလ''
ရႈေပၚစုက ေျပာတယ္ ။
" ဒါေပမယ့္ ကိုယ္မင္းကို ေတြ႕လိုက္ရ ႐ုံနဲ႕တင္ အေတာ္ေလးကို ေကာင္းသြားတာရယ္''
ဒါေပမယ့္ ကိုယ့္ ႏွလုံးသား ေလးကေတာ့ ေၾကမြေနဆဲပါပဲ။
" ကြၽန္ေတာ့္ ဆီမွာ ဒီလိုအက်ိဳးသက္ေရာက္မႈမ်ိဳးလဲ ရွိေသးတာလား?''
က်န္းရႈက ၿပဳံးကာ ေျပာလိုက္ တယ္။
" တကယ္လို႔ ကြၽန္ေတာ္ နမ္းရင္ေကာ ခမ်ားပိုၿပီးေကာင္းလာမွာလားဟင္?''
ရႈေပၚစု က ၿပဳံးေနေပမယ့္ ဘာအေျဖမွ ျပန္မေပး ခဲ့ပါဘူး ။
( သူေက်နပ္နာ😌)
ကိုယ္ပိုင္တန္ဖိုးထား မႈျပင္းထန္တဲ့ က်န္းရႈဟာ တစ္ဖက္လူကို အေသအခ်ာ ၾကည့္လိုက္ တယ္။ သခင္ငယ္ေလး ရႈႀကီးက နံရံတစ္ဖက္ကို မွီကာ အရပ္ရွည္ၿပီးေတာ့ ေခ်ာေမာေနတာေၾကာင့္ comic ေတြထဲက ခုန္ထြက္လာတဲ့ အမ်ိဳသားဇာတ္ေဆာင္ တစ္ေယာက္ နဲ႕ေတာင္တူေနေလတယ္။ သူက အရမ္းကိုၾကည့္ေကာင္းတာပဲ။
ၿပီးေတာ့ ဒီလူက သူ႕ရဲ႕ တရားဝင္ စာခ်ဳပ္နဲ႕ လက္ထပ္ထားတဲ့ သူ႕ရဲ႕ ......ေယာကၤ်ား( ခင္ပြန္း) ပဲေလ။
သူက ဘာလို႔ ဒီလိုေျပာရတာလဲ ဆိုတာက သူက နံပါတ္ ဇီးရိုးေလး ျဖစ္ေနလို႔ပဲ။ အရိုးထဲထိ စြဲဝင္ေနတဲ့ ရွို႔ ေတြရဲ႕ ဗီဇ ကို ျပင္မရလို႔ ပဲေလ။ သူ႕ထက္သန္မာတဲ့ လူတစ္ေယာက္ အေပၚကို မွီခိုအားထား ခ်င္တဲ့ စရိုက္ေလး ကလည္း ရွိေနေသးတယ္ ။
က်န္းရႈလို အမ်ားအျမင္မွာ ရိုင္းစိုင္း ၿပီး ပုန္ကန္တက္တဲ့ ကေလးေတြဟာ အမွန္တကယ္ေတာ့ သူတို႔ရဲ႕ အခြံေလးကို ခြာၾကည့္လိုက္ရင္ ႏူးညံ့ ေနကာ လူအမ်ားကို ပိုင္ဆိုင္ခ်င္စိတ္ေတြကို နိုးစြေပးနိုင္လိမ့္မယ္။
ထိုအေၾကာင္း ကို တစ္ခဏေတာ့ ေတြးလိုက္ ၿပီးတဲ့ေနာက္ က်န္းရႈက ခုံကေန ထကာ ရႈေပၚစု ဆီကို လမ္းေလ်ာက္လာ ခဲ့ၿပီး ေျခဖ်ားေထာက္ကာ လည္ပင္း ကို အနည္းငယ္ ေစာင္းၿပီး ေတာ့ နက္နက္နဲနဲ ကို နမ္းေတာ့တယ္။
ထိုအခ်ိန္ မွာေတာ့ ႏႈတ္ခမ္း ၂ စုံက ကပ္တြယ္ကူးလူးေနေလတယ္။ ရႈေပၚစု ကေတာ့ သူ႕မ်က္လုံး ေလးကို အသာပိတ္ ၊ သက္ျပင္းေလးခ်ကာ က်န္းရႈကို သူ႕အေပၚ ေပါက္ကြဲ ခြင့္ေပးထားေလတယ္။
က်န္းရႈ က မ်က္လုံးပိတ္တက္တဲ့ လူမ်ိဳး မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ သူက ရႈေပၚစု ရဲ႕ အမူအရာေတြကို ရွင္းရွင္းလင္းလင္း ျမင္ရကာ ထိုလူက ႀကိဳက္ႏွစ္သက္ေၾကာင္း ေတြ႕နိုင္ေလတယ္။ ဒါေၾကာင့္ပဲ သူက အလုပ္ကိုပိုႀကိဳးစားလာကာ လွည့္ကြက္ အနည္းငယ္ေလးေတြပါ လုပ္လာတယ္။
........................................