နွံမှာ.... ကျွံတဲ့အသည်း ( Com...

By Htet_Shoon_Lae_Oo

8.9K 1K 41

SunSun ( short story ) More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14 ( Final )

Ep 8

568 73 2
By Htet_Shoon_Lae_Oo

" ကျွန်တော်ဂေးတစ်ယောက်မဟုတ်ပါဘူး ဟင့် "

ကျွန်တော်အထင်လွဲသွားမှာကိုစိုးရွံသည့်ဟန်ဖြင့်ငိုမဲ့မဲ့လေးနဲ့ဖြေရှင်းချက်ပေးလာသည်။မျက်ရည်တွေနဲ့မို့ပါးလေးနှစ်ဖက်ကရဲရဲနီနေပြီးမျက်နှာနုနုကလေးထက်မျက်ရည်တွေကပေပွလျက်။ငိုနေတာတောင် ကလေးတစ်ယောက်လိုဖြူစင်လွန်းတဲ့ဒီကောင်လေးကို ဆောင်းဟွန်းအပြစ်လေးတစ်စွန်းတစ်တောင်မမြင်ရက်။

ကိုယ်တွေလိုအရွယ်ရောက်ပြီးသားလူတွေတောင်ဒီပြဿနာနဲ့ရင်ဆိုင်ရတဲ့အခါအနည်းနဲ့အများတော့ဖိအားတွေရှိတတ်ကြတယ်မဟုတ်လား။ဒီကောင်လေးအပေါ် ကိုယ့်ခံစားချက်တွေမူမမှန်မဖြစ်ခဲ့ရတဲ့အချိန်တုန်းကတောင်သူထိတ်လန့်ခဲ့ရဖူးသည်။အသက်မပြည့်သေးတဲ့ဒီကလေးဆိုဘယ်လောက်တောင်ဖိအားတွေများခဲ့ရမလဲ။မိဘတွေအပေါ်သိတတ်လွန်းတဲ့ကလေးဖြစ်တာမို့ပိုဆိုးသည်။

ဒီကောင်လေးစိတ်ထဲကိုယ်နဲ့ပတ်သက်ပြီးရှိန်သွားတာမျိုးတွေ၊
မဝံ့မရဲဖြစ်သွားတာမျိုးတွေနည်းနည်းလေးမှမဖြစ်စေချင်။ဘယ်သူ့ကိုမှဖွင့်ဟဝန်မခံရဲတောင် သူ့ကိုတော့စိတ်ထဲရှိတဲ့အတိုင်းဖွင့်ဟဝန်ခံစေချင်သည်။ကျွန်တော်က ဒီကောင်လေးအတွက်ရင်ထဲရှိတဲ့အတိုင်းဖွင့်ပြောဖို့အရိပ်အခြေကြည့်နေရတဲ့သူတစ်ယောက်လိုမျိုးမဖြစ်ချင်။

" အကိုနားလည်ပါတယ် "

" မဟုတ်ဘူး အကိုနားမလည်ပါဘူး "

လက်သီးလေးနှစ်ဖက်ကိုကျစ်နေအောင်ဆုပ်ပြီးခေါင်းလေးကိုတွင်တွင်ရမ်းကာရှိုက်ကြီးတငင်ငင်ငိုနေတဲ့ ကောင်လေးရဲ့လက်သီးဆုပ်လေးများကိုသူဖြည်းညှင်းစွာဖြည်လျှော့ပေးရင်းမငိုဖို့ချော့ရသည်။ကျွန်တော့်ရှေ့မှာ တခြားသူတစ်ယောက်၏စော်ကားပြောဆိုခြင်းကိုခံခဲ့ရတာမို့ဒီကောင်လေးရှက်နေတာကိုလည်းနားလည်ပါသည်။

" ဆောနူ ၊ မငိုရဘူးလေမျက်လုံးတွေနာကုန်လိမ့်မယ်၊
အကို့ကိုသေချာကြည့် "

လေပြည်အေးလေးနှင့်ချော့ပြောတော့လည်း ကောင်လေးကစကားကိုနားထောင်ရှာသည်။ထိုကောင်လေး၏မျက်ဝန်းဝိုင်းလေးထဲမျက်ရည်စလေးများအရောင်တလဲ့လဲ့ထနေခြင်းကလည်းမြတ်နိုးချင်စရာကောင်းလောက်အောင်လှနေသည်။

" သူကဘာလို့ ဆောနူကိုအဲ့လိုပြောရတာလဲ "

ကျွန်တော့်ကိုကြည့်နေရာမှခေါင်းလေးငုံ့သွားသည့်ကောင်လေး။ဝန်ခံရမှာရှက်နေခြင်းလား၊ကျွန်တော့်ကိုပြောဖို့ကြောက်နေခြင်းလားတော့မသည်းကွဲ။သိုပေမဲ့ ဒီကောင်လေးရဲ့ဖြေရှင်းချက်ကို ဆောင်းဟွန်းကြားချင်မိသည်။ဒီကောင်လေးကသူနဲ့လိင်တူကောင်လေးတစ်ယောက်ကိုသဘောကျခဲ့ဖူးတာလား။ဒါမှမဟုတ် နူးညံ့သိမ်မွေ့သာနေထိုင်တတ်တဲ့ ဆောနူရဲ့ပုံစံကြောင့်စွပ်စွဲပြောဆိုခြင်းလား။

" ကျွန်တော် ....
ကျွန်တော် 8တန်းလောက်ကသူ့ကိုသဘောကျတယ်လို့ဝန်ခံဖူးတယ် ....
ဒါပေမဲ့ သူကချောလို့သဘောကျခဲ့ရုံပါ၊အခုကျွန်တော်သူ့အပေါ်ဘာခံစားချက်မှမရှိတော့ပါဘူး "

လေးနက်စွာမေးနေသောအကို့ကိုမရဲတရဲကြည့်ကာသူဝန်ခံလိုက်သည်။သူကယောက်ျားလေးဆိုပေမဲ့လိင်တူချင်းသဘောကျသူတစ်ယောက်။ဒါပေမဲ့ဟိုတစ်ယောက်ကိုတော့ချောလို့သဘောကျမိခဲ့ရုံသာ။ဆောနူအတွက် အချစ်ဆိုတဲ့အရာကိုစတင်ခံစားမိစေတာကတော့ အကိုနဲ့မှ။ပထမဆုံးရင်ခုန်တတ်ခဲ့တာလည်းအကိုနဲ့မှ၊ အချစ်ကိုစတင်ထိတွေ့ခံစားဖူးခဲ့တာလည်းအကိုနဲ့မှ။ ‌ငေးကြည့်ရတာကိုပင်မြတ်နိုးတတ်လာခြင်းကလည်းအကိုနဲ့မှ။ ဆောနူရဲ့ အရာရာကအကိုနဲ့မှစတင်ဖြစ်တည်လာတာမျိုး။အကိုကမှ ဆောနူရဲ့ပထမဆုံးအချစ်။

" ကျွန်တော်ပြောတာကို အကိုယုံလား "

" အကိုယုံပါတယ်၊ဆောနူကအကို့ကိုဘယ်တုန်းကလိမ်ပြောဖူးလို့လဲ "

"ဒါပေမဲ့ ကျွန်တော့်မှာချစ်ရသူရှိနေပြီ၊"

အကို့ပုံစံကအံ့ဩသွားခြင်းမရှိ။အကိုသိနေတတယ်မဟုတ်လား။ကျွန်ဝော် အကို့ကိုချစ်နေတာအကိုသိနေတယ်။

" အင်း ချစ်လို့ရတယ်ရည်းစားတော့မထားရဘူးနော်၊
ဆောနူကငယ်သေးတယ် "

အကိုကစကားစပြတ်သွားအောင်ဖျက်ချသည်။အကိုကသိပ်အတ္တကြီးသည်။ကျွန်တော့်ကိုသူကိုယ်တိုင်နဲ့လည်းချစ်သူမဖြစ်စေချင်သလို၊တခြားသူတစ်ယောက်နဲ့ချစ်သူဖြစ်သွားမှာကိုမလိုလားပေ။မရဘူးအကို ကျွန်တော်ချစ်ရသူကအကိုဖြစ်တာမို့ကျွန်တော် အကို့နားမရောက်ရောက်အောင်လာမှာ။

" ကျွန်တော်ချစ်တဲ့သူက ... "

" ဆောနူ "

အကိုကအလျင်စလိုတားလာသည်။တစ်ခုခုကိုစိုးရိမ်နေသလိုအကိုကအသက်ကိုပြင်းပြင်းရှူနေသည်။

" ကျွန်တော် အကို့ကိုချစ်တယ် "

အကိုကမျက်လုံးတွေမှိတ်ချကာသက်ပြင်းတစ်ချက်ချသည်။

" အကိုတို့ပြန်ရအောင် ဆောနူ "

" အကိုသိနေတယ်မဟုတ်လား၊ကျွန်တော်အကို့ကို...."

" ဆောနူ တော်ပါတော့ "

အကို့အသံကအနည်းငယ်ကျယ်သွားသည်။အကိုလည်း ကျွန်တော့်အပေါ်ခံစားချက်ရှိနေတာကိုကျွန်တော်ခံစားမိနေတာပဲ။ဒါတောင်ဘာလို့ငြင်းနေသေးတာလဲအကိုရာ။ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်နေလို့လား။ဒါမှမဟုတ် အမယွန်းဂျယ်ကြောင့်လား။အကိုအမကိုမချစ်တာကျွန်တော်သိတယ်လေ။

" ကိုကြီး ... "

" ကိုယ်တို့ပြန်သင့်ပြီ "

" ဒီပြဿနာကိုမရှင်းရမချင်းမပြန်ဘူး "

" မဆိုးစမ်းနဲ့ ဆောနူ၊
အကိုတို့ကြားဘာပြဿနာမှရှိခဲ့တာမှမဟုတ်ဘဲ "

အကိုကအကြောင်အကန်ကိုငြင်းနေသည်။ကျွန်တော်အခုအချိန်မှာပြတ်ပြတ်သားသားသိချင်တာတစ်ခုကအကိုလည်းကျွန်တော့်ကိုချစ်နေတယ်ဆိုတာပဲ။အကို့ပါးစပ်ကဖွင့်ပြောလာမှာကို ကျွန်တော်လောဘတက်စွာကြားချင်မိသည်။

" အကိုလည်းကျွန်တော့်ကိုချစ်နေတယ်မဟုတ်လား "

ဆောနူပုံစံက ကလေးတစ်ယောက်သူလိုချင်သည့်မုန့်ကိုမရမချင်းဂျစ်တိုက်နေသလိုမျိုး။

" ဆောနူကအကို့ညီလေးပဲလေ "

" အကိုဝန်မခံဘူးဆိုရင်ကျွန်တော်ကားလမ်းပေါ်ခုန်ချလိုက်မှာနော် "

ကားတံခါးကိုဖွင့်တော့မည့်ဟန်ဖြင့်ဆောနူကအကျပ်ကိုင်လာတာကြောင့်ကျွန်တော်စိုးရိမ်သွားရသည်။ဆောနူ တကယ်ကိုဆိုးလွန်းသည်။ကျွန်တော်ကသူဆိုးလို့ရတဲ့သူမို့ဆိုးနေခြင်းဖြစ်သည်။

" ဆောနူ ၊
မလုပ်နဲ့နော်တကယ်ပြုတ်ကျသွားလိမ့်မယ် ကလေးရဲ့ "

" အဲ့တာဆိုကျွန်တော့်ကိုချစ်တယ်လို့ပြော "

မျက်လုံစုံမှိတ်ကာငိုယိုနေသောကောင်လေးကိုကြည့်ပြီးသူအကျပ်ရိုက်သွားသည်။တံခါး Lock ကိုတောင်အဆင်သင့်ဖွင့်ထားသေးသည်။စိုးရိမ်စိတ်ကငယ်ထိပ်ရောက်နေပြီမို့ဒီကလေးအလိုကိုလိုက်ရတော့မည်။တစ်သက်လုံးထိန်းသိမ်းထားဖို့ရည်ရွယ်ထားပေမဲ့ ဒီကောင်လေးကသူ့ကိုအနိုင်ယူလွန်းသည်။

" ချစ်တယ်၊
အကိုကဆောနူကိုချစ်တာမို့တံခါးပြန်ပိတ်လိုက်နော် ကလေး "

ကားကလမ်းဘေးကပ်ရပ်ထားပေမဲ့ဆောနူထိုင်တဲ့ဘက်ကလမ်းဘက်ကျနေဝောာ့ဒီကောင်လေးအတွက်အခွင့်ကောင်းတစ်ခုဖြစ်သွားခဲ့ပုံရသည်။ကားတွေကလည်းတဝီဝီသွားနေတာမို့တကယ်များဆင်းသွားရင် ရင်ကျိုးရမှာကဆောင်းဟွန်းပင်။

" တကယ်ပြောတာနော် အကို "

ကားတံခါးကိုပြန်မပိတ်သေးဘဲသေချာအောင်ထပ်မေးသေးသည်။

" တကယ်ပြောတာ၊တံခါးပြန်ပိတ်လိုက်တော့နော် ဆောနူ "

ထိုအခါမှတံခါးကိုပြန်ပိတ်ကာကျွန်တော့်ရင်ခွင်တွင်းသို့ခေါင်းလေးတိုးဝင်ဖက်တွယ်လာသည်။ခေါင်းလုံးလုံးလေးတစ်ချက်နမ်းပြီးကျွန်တော်ကိုယ်တိုင်လည်းကလေးငယ်အားယုယစွာပြန်လည်ပွေ့ဖက်လိုက်သည်။

မကျော်သင့်တဲ့စည်းတစ်ခုကိုကျွန်တော်တို့ကျော်ခဲ့မိပြီ။‌ ဖောက်ပြန်ခြင်းဆိုတာလူ့ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့စကားလုံးသက်သက်ဆိုပေမဲ့ဖောက်ပြန်ခြင်းရဲ့နောက်ကွယ်မှာဆုံရှုံးမှုတွေ၊အထင်သေးခံရမှု၊မမျှော်လင့်ထားတဲ့ပြဿနာတွေအနှေးနဲ့အမြန်ပေါ်လာတတ်သလိုပတ်ဝန်းကျင်မှာလည်းအရှက်ရစေနိုင်တဲ့ဆိုးကျိုးတွေအဖြစ်ရောက်ရှိလာနိုင်သည်။

ဒီကောင်လေးကိုတော့လူ့ပတ်ဝန်းကျင်၏အထင်အမြင်သေးခံရတာမျိုးမဖြစ်စေချင်။ဖြူစင်လွန်းတဲ့ကလေးငယ်ကိုအရောင်တွေမစွန်းထင်းစေချင်ပေမဲ့ ကလေးငယ်ကအရမ်းကိုဆိုးလွန်းပါသည်။ကိုယ် ကိုယ်တိုင်လည်းဒီကလေးဆိုးလေးကိုချစ်မိတာကြောင့်မမှားသင့်သောအမှားတစ်ခုအားကျူးလွန်မိခဲ့လေပြီ။

#HHSLO

Continue Reading

You'll Also Like

195K 8.8K 28
A sunsun au where one rainy night sunoo gets on a Uber, and meets his driver, sunghoon. In the ride, they accidentally switch their similar looking p...
19.3K 2.2K 25
Enhypen ရဲ့ တစ်နေ့တာတွေထဲက Jaywon crumbs လေးတွေကို imaginary သက်သက် plot လေးတွေနဲ့ အပိုင်းတိုတစ်ခန်းရပ်လေးတွေရေးသွားမှာဖြစ်ပါတယ်
1.1M 35.8K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
1M 62.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...