Opposite Love 🔄(Complete)

By Hteteijinkoo

79.1K 8.9K 991

ကျုပ်ဘဝကမကြီးကျယ်ပေမယ့် ကျုပ်အချစ်ကတော့ကြီးကျယ်ခမ်းနားတယ်..~ More

Part-1💢
Part-2💢
Part-3💢
Part-4💢
Part-5💢
Part-6💢
Part-7💢
Part-8💢
Part-9💢
Part-10💢
Part-11💢
Part-12💢
Part-13💢
Part-14💢
Part-16💢
Part-17💢
Part-18💢
Part-19💢
Part-20💢
Part-21💢
Part-22💢
Part-23💢
Part-24💢
Part-25💢
Part-26💢
Part-27 💢
Part-28💢(Final)

Part-15💢

2.1K 292 18
By Hteteijinkoo

Unicode;

Seokjin လည်းသူ့ကိုပြုံးပြနေတဲ့ Mr Jeon ကိုပြန်လည်ပြုံးပြကာ သူ့အနားကိုပြန်လည်လျှောက်လာလိုက်သည်…

တူတယ်…ထိုလူဟာသူသိပ်ချစ်ရတဲ့လူနဲ့ခွဲမရအောင်တူလွန်းတယ်~

"သူငယ်ချင်းနဲ့ဖုန်း‌ပြောလို့ပြီးသွားပြီလား..!"

Seokjin;"သူငယ်ချင်းမဟုတ်ဘူး ကျွန်တော့်ရဲ့ကောင်လေးပါ..."

"အော်..."

Mr Jeon ရဲ့မျက်နှာဟာသူ့အပြောကြောင့် အနည်းငယ်ပျက်ယွင်းသွားပေမယ့် သိပ်မကြာ သွားတန်းလေးတွေပေါ်သည်အထိပြုံးပြကာ သူ့ကိုရယ်ပြလာသည်...

Seokjin;"သွားစားကြတော့မလားMr Jeon...!"

"အင်း…သွားစားကြမယ်လေ..."

Seokjin လည်း လျော့ရဲရဲလေးဖြစ်နေတဲ့မျက်နှာဖုံးလေးလေးကို လက်ညိုးနဲ့လက်မလေးသုံးကာ အနည်းငယ်ပြန်တင်လိုက်ပြီး Ruby ခန်းမထဲပြန်သွားဖို့လုပ်ချိန်~

"ကိုယ် ချည်ပေးမယ်နော် Mask ကြိုးလျော့နေလို့..."

Mr Jeon ကသူ့ရဲ့နောက်ကိုလာရပ်ပြီးခွင့်တောင်းခြင်းမျိုးမဟုတ်ဘဲသူ့ရဲ့မျက်နှာဖုံးကို တင်းကြပ်စွာချည်ပေးနေလေသည်…

Seokjin;"ကျေးဇူးပါ..."

"Never Mind Honey
ကိုယ်တို့သွားရအောင်..."

သူတို့နှစ်ယောက်လုံး Ruby ခန်းမထဲသို့ ပြန်လည်ဝင်လာခဲ့ကြသည်…

သို့ပေမယ့်Mr Jeon ကသူ့လက်ကိုရုတ်တရက်လာဆွဲကာ တစ်နေရာသို့ဦးတည်သွားခဲ့သည်~

"ဘယ်သွားမလို့လဲ စားစရာတွေကဟိုဘက်မှာလေ...!"

"ကိုယ်တို့နှစ်ယောက်အတွက်သီးသန့် စားဖို့နေရာလေးဆီ..."

Seokjin;"ကျွန်တော်ဒီမှာပဲ စားလိုက်မယ် ရတယ်
Mr Jeon..."

သူ့လက်ကိုဆုတ်ကိုင်ထားတာကိုမလွှတ်ပေးဘဲ ဓာတ်လှေကားရှိရာဆီသို့ခေါ်လာခဲ့သည်~

Seokjin;"Mr Jeon ကျွန်တော်ပြောနေတယ်လေ...!"

"Honey မိဘတွေကိုကိုယ်ခွင့်တောင်းပြီးပြီ သူတို့ကလည်းအေးအေးဆေးဆေးစားသောက်ပြီးမှပြန်လာတဲ့ သူတို့အရင်ပြန်နှင့်ပြီတဲ့... Honeyအဲ့ဒါကြောင့် အတူတူလိုက်စားနော်..."

Seokjin;"ရပါတယ်ဆိုဗျာ...ကျွန်ဝောာ်သူများတွေလိုပဲဒီမှာပဲစားမယ်..."

"ကိုယ့်ကိုစိတ်မကောင်းဖြစ်အောင်တော့မလုပ်ပါနဲ့နော် လိုက်ခဲ့ပါ..."

မျက်ဝန်းဝိုင်းတွေမျက်ရည်စတစ်ချို့ရစ်ဝဲကာပြောလာတဲ့ လူကြောင့် ဆော့ဂျင်ဘယ်လိုလုပ်ငြင်းရက်တော့ပါ့မလဲ~

ကလေး‌ဆိုးလေးနဲ့တူနေတဲ့အားနည်းချက်က သူ့ကိုအနိုင်ပိုင်းသွားသယောင်~

ဓာတ်လှေကား ပွင့်လာသည်နှင့်သူ့လက်ကိုဆွဲကာ ၁၆ ထပ်မြှောက်အလွှာသို့ နှိပ်လိုက်တဲ့ Mr Jeon…

လက်ကိုလည်းတစ်လျှောက်လုံးလွှတ်မပေးဘဲ ဆုပ်ကိုင်ထားကာ သူ့ကိုလည်းလှည့်လှည့်ပြုံးပြလာသေးသည်…

Mr Jeon က ရွှေ‌ရောင်ငွေရောင် ရောစပ်ထားတဲ့တံခါးတစ်ခုရှေ့မှာရပ်လိုက်ပြီး သူ၏လက်မလေးကိုအသုံးပြု၍ တံခါးအဝကလက်ပွေရာနှိပ်တဲ့နေရာမှာ လက်မလေးနှိပ်လိုက်တာနဲ့ နှစ်ဖက်ခွဲကာပွင့်လာသည့်တံခါးနှစ်ဖက်…

အခန်းပတ်လည်ကိုအကြည့်ပို့မိတော့ ဆော့ဂျင်မျက်လုံးကျိမ်းလောက်အောင်ကို ရွှေရောင် ငွေရောင်တစ်လက်လက်ဖြစ်နေလေသည်...

Mr Jeon က သူ့အတွက် ခုံရှည်လေးကိုဆွဲထုတ်ပေးသည်~Mr Jeonကတော့သူနဲ့မျက်နှာချင်းဆိုင်‌ နေရာမှာဝင်ထိုင်သည်…

ဆော့ဂျင်တစ်ချက်ဆွံ့အသွားခဲ့သည်…မျက်စိအစုံက သူ့ရှေ့ကစားပွဲပေါ်အကြည့်ပို့မိတော့ ပါးစပ်လေးအနည်းငယ်ဟကာ အံ့ဩမှင်သက်မိသွားသည်...သူ့‌ရှေ့မှာရှိနေတဲ့ဟင်းပွဲပေါင်းစုံကြောင့် လူကလန့်ဖြန့်သွားရတဲ့အဆင့်အထိဖြစ်ရသည်....

အစားအစာတွေကနည်းတာမှမဟုတ်တာ~

သူအရမ်းသဘောကျရတဲ့ California Cabernet Sauvignon ဝိုင်ပုလင်းနှင့်အတူ California White Wine ကိုလည်းစားပွဲပေါ်တွင်တင်ထားသေးသည်...

သိပ်မကြာ ဟင်းပွဲပေါင်းစုံနာမည်တွေကိုရှင်းပြလာတဲ့ Mr Jeon....

တချို့ဟင်းပွဲနာမည်တွေဆို သူအခုမှကြားဖူးတာ~

___

Lobster လေးတွေကိုအခွံနွှာကာသူ့ပန်းကန်ထဲကိုထည့်ပေးလာတဲ့ သူ့ရှေ့ကလူ~

Seokjin;"ရတယ်...ကျွန်တော့်ဘာသာပဲလုပ်မယ်...!"

"Honey လုပ်ရမှာတစ်ခုတည်းပဲ...
အဲ့တာက Honey နှုတ်ခမ်းလွှာလေးကို အသာဖွင့်ပြီး အရသာရှိရှိစားပေးဖို့ပဲ...နော်.."

Seokjin စားနေရင်းမှာပင် မြိုမကျသလိုတောင်ဖြစ်ချင်‌သွားသည်.... Lobster အခွံလေးတွေကိုလက်ကခွာမြဲခွာနေပြီး Lobster ကိုမကြည့်ဘဲ သူ့ကိုစူးစိုက်ကြည့်ကာပြောနေတဲ့ Mr Jeon ဟာ တစ်ခုခုများဖြစ်နေတာလားပဲ~

Seokjin;"Mr Jeon လည်းသုံးဆောင်ပါအုံး
အခုထိဘာမှလည်းမစားရသေးဘူး..."

"ကိုယ်ကရပါတယ် စိတ်မပူနဲ့ Honey..."

နှစ်လိုဖွယ်အပြုံးမျိုးနှင့်သူ့ကိုစိတ်လိုလက်ရပြုံးပြကာ Lobsterလေးတွေကိုသာ ခွာမြဲခွာနေလေသည်~

အစားအသောက်တွေအကုန်လုံးကသူ့အကြိုက်ခံတွင်းတွေ့သည်မို့ သူ့မှာစားကောင်းကောင်းနဲ့စားလိုက်တာ ဗိုက်တော်တော်လေးကိုအင့်နေပြီ..မျက်နှာဖုံး တပ်ထားတာကိုတောင် ဆွဲဖြုတ်ပြီးအားရပါးရစားချင်တဲ့အဆင့်ထိကို ဒီကစားဖိုမှူးလက်ရာတွေကအရမ်းကောင်းလွန်းသည်....

Mr Jeon ပန်းကန်ကိုအကြည့်ပို့မိတော့ အရာမရွင်း...

Seokjin;"ဟို မစားတော့ဘူးလားဟင် တစ်လုတ်မှလည်းမစားထားဘူး..."

"ရတယ်...ကိုယ်ကကိစ္စမရှိဘူး..."

Seokjin;"အစားစားချိန်မှာမစားရင် တစ်ခုခုဖြစ်နေအုံးမယ်"

"ကိုယ့်ကိုစိတ်ပူနေတာလား Honey.."

Seokjin;"Mr Jeonကကျွန်တော့်အဖေရဲ့မိတ်ဆွေပဲ ကျွန်‌တော်စိတ်ပူတာပေါ့..."

"ကိုယ့်ကို Honey ရဲ့ မိတ်ဆွေအဖြစ်နဲ့ရော မသတ်မှတ်ချင်ဘူးလားဟင်..."

Seokjin;"မိတ်ဆွေဖြစ်တာကကိစ္စမရှိပေမယ့် အခုလိုမျိုး Honey လို့သုံးတာကျတော့ ကျွန်တော့်စိတ်ထဲကသိကအောင့်ဖြစ်စေတယ်....အဲ့တာကြောင့် Seokjin ဖြစ်ဖြစ်...တခြား နာမည်မှာပါတာမျိုးခေါ်ပါလား...."

"‌Kim လေးဘက်ကမကြိုက်ရင် ကိုယ် Honeyလို့မခေါ်တော့ပါဘူး..."

Seokjin;"Kim လေး..!!"

"Kim လေးဘဲခုနက နာမည်မှာပါတာမျိုးခေါ်ဆို Kim ကနာမည်မှာပါတယ်လေ..."

Seokjin လည်းအငြင်းအခုံမဖြစ်ချင်တော့တာနဲ့ပဲ ခေါင်းလေးငြိမ့်ကာပြလိုက်တော့သည်....

ဘယ့်နှဲ့ တစ်နေ့တစ်နေ့ ဘယ်လိုNickname ပေါင်းသောင်းခြောက်ထောင်ပေးရင်ကောင်းမလဲပဲ စဉ်းစားနေတာလားမသိဘူး~

Mr Jeon ကိုကြည့်မိလိုက်တော့လည်း သူ့ကိုပြုံးပြုံးကြီးကြည့်နေပြန်သည်~

Seokjin;"Mr Jeon စားလေ...ကျွန်တော့်မျက်နှာက ဗိုက်ဝမှာမဟုတ်ဘူးနော်..."

"ကိုယ်ကတော့ဝတယ်..."

Seokjin;"နောက်မနေနဲ့တော့ စားစရာရှိတာစားတော့ ကျွန်တော်လည်းပြန်တော့မယ်..."

"မပြန်ပါနဲ့အုံး Wine နဲ့ အချိုပွဲလေး စားပြီးမှပြန်လေ..."

________

Mr Jeon ထမင်းစားပြီးခဏအကြာ စားပွဲပေါ်က သူတို့စားပြီးသားလေးတွေကို ကောင်လေးနှစ်ယောက်ကလာသိမ်းပေးပြီး သိပ်မကြာခင်အချိန်မှာတော့ပီဇာ...Cakeနှင့် အခြားအချိုပွဲမျိုးစုံနှင့်အတူ အသီးအနှံမျိုးစုံ သူတို့ဝိုင်းပေါ်ရောက်လာလေသည်~

"Kim လေး Dessert လေးတွေကြိုက်ရဲ့လား..."

Seokjin;"ဟုတ်.."

"Wine ကောဘာလေးသောက်ချင်လဲ..ဒါနှစ်ပုလင်းကတော့ကိုယ့်အကြိုက်တွေ..Kim လေးကြိုက်တဲ့ Wine List တို့ဘာတို့ရှိရင်လည်းပြောလေ ကိုယ်ပြင်ခိုင်းလိုက်မယ် ..."

Seokjin;"မဟုတ်တာ ကျွန်တော် California White Wine နဲ့လည်းအဆင်ပြေပါတယ်..."

Seokjin ကို Wine ပုလင်းလေးမကာငှဲ့ပေးဖို့ပြင်လာတဲ့ Mr Jeon ကြောင့် ဆော့ဂျင်ဖန်ခွက်လေးကိုအသာမြှောက်ပေးလိုက်သည်~

_____

တစ်ဝက်နဲ့တင် အနည်းငယ် ရိပ်တိတ်တိတ် ဖြစ်လာတာကြောင့် ရုတ်တရက်ယောင်ရမ်းကာ မတ်တပ်ထဖို့အပြင် သူစားပွဲပေါ်မှာတင်လိုက်တဲ့ Wine ခွက်လေးက သူ့ Coat ထံအနည်းငယ်ဖိတ်ဆင်သွားတော့သည်~

"အဆင်ပြေလား..!"

Seokjin;"ဟို ရတယ်...Mr Jeon...
ကျွန်တော်ပြန်တော့မယ်..."

"Coatချွတ်လိုက် ကိုယ့်အင်္ကျီလေးခြုံထားနော်..."

Seokjin;"ကျွန်တော်ဒါနဲ့ဘဲ ပြန်လိုက်မယ်..."

"Kim လေးရယ် ဒီလောက်စိုနေတာကို မဖြစ်သေးပါဘူး..ကိုယ်ချွတ်ပေးရမလားး.."

Seokjin;"ရတယ် ကျွန်တော့်ဘာသာပဲ လုပ်လိုက်မယ်.."

Seokjin လည်း Mr Jeon ချွတ်ပေးလာတဲ့ Suit Coat ကို ဝတ်လိုက်ပြီး ပြန်ဖို့သာပြင်လိုက်တော့သည်...

သူအနည်းငယ်မူးဝေချင်နေပြီမဟုတ်လား~

Seokjin;"ဒါဆို ကျေးဇူးလည်းတင်ပါတယ်..
ခွင့်ပြုပါအုံး Mr Jeon..."

"ကိုယ်လိုက်ပို့ပေးမယ်လေ..."

Seokjin;"ရတယ် ကျွန်တော့်ကိုထပ်အားနာရအောင်မလုပ်ပါနဲ့ သွားလိုက်ပါအုံးမယ်..."

Seokjin လည်း ထိုတလပ်လပ်နဲ့ဝင်းဝါနေတဲ့ Golden Room ထဲကနေထွက်လာပြီး Car Parking ဆီဆင်းလာခဲ့သည်~

တပ်ထားတဲ့ မျက်နှာဖုံးကိုချွတ်ကားကိုခပ်မှန်မှန်သာမောင်းလာပြီး ဆော့ဂျင်အိမ်ကိုပြန်လာခဲ့သည်~

ကျွီ!!

ရုတ်တရက် သူ့ကားရှေ့ကိုရောက်လာတဲ့ မီးရောင်တစ်ခုကြောင့် ဆော့ဂျင် ဘရိတ်အုပ်လိုက်မိတော့ ကားစီယာတိုင်နဲ့ သူ၏နဖူးထိတွေ့‌သွားတော့သည်~

ခေါင်းအမြန်ထထောင်ပြီး အရှေ့ကထိုး‌နေဆဲဖြစ်တဲ့ မီးရောင်ပိုင်ရှင်နဲ့လူကို ရန်တွေ့ဖို့ဆင်းလိုက်တဲ့အချိန်~

"ကလေးလေး~ဘယ်လိုဖြစ်ပြီး...!"

သူပြောနေတာကိုအလေးမထားဘဲ ရုတ်တရက်သူ့ကိုယ်လေးကိုဆွဲဖက်လာတဲ့ ကလေးဆိုးလေး...

သိပ်မကြာဖက်ထားရာမှ ရုတ်တရက်ဆွဲခွာလိုက်ပြီး သူ့ကိုမျက်မှောင်တွေတွန်းချိုးကာ စူးရဲစွာစိုက်ကြည့်လာသည်~

"ခင်ဗျား ကျုပ်ကိုသစ္စာဖောက်နေတာလား...!!!!"
မရဘူးနော်...!ကျုပ်ကိုဒီလိုအချိုးလာချိုးလို့မရဘူး!!"










Zawgyi;





"အော်..."



"အင်း…သွားစားကြမယ်လေ..."




Seokjin;"ကျေးဇူးပါ..."

"Never Mind Honey
ကိုယ်တို့သွားရအောင်..."





Mr Jeon..."


















___


















Seokjin;"Kim လေး..!!"






"ကိုယ်ကတော့ဝတယ်..."



________



Seokjin;"ဟုတ်.."




_____


"အဆင်ပြေလား..!"













ကျွီ!!









Continue Reading

You'll Also Like

1.2M 53.3K 99
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.3M 53.3K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
139K 12.3K 29
❝ မုန်းတယ်ဆိုတဲ့ စကားအခွန်းတစ်ရာထက် ဘာမှမပြောဘဲ ဥပေက္ခာပြုနေလည်း မင်းမရှိရင် ကိုယ့်ကမ္ဘာ့ပြိုမယ်ဆိုတာသိတယ်မလား ❞ ꧁𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔 𝐾𝑜𝑜𝑘 ☘︎ 𝐾𝑖�...
1M 39.5K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...