{Unicode }(22.1)
ရှုပေါ်စု ရဲ့ အကြည့်တွေနောက်ကို လိုက်ပြီးတော့ ကျန်းရှုလည်း လိုင်ငုံ့ကြည့်လိုက်တယ်။
ကျွစ်!
နီမဲနေတဲ့ အမှတ်အသားတွေ က သူ့ရဲ့ ဖြူစွတ်နေတဲ့ အသားအရည်ပေါ်မှာ ကပ်တွယ်နေကာ အရာအားလုံးက ရှုပေါ်စု က သူ့ကို နမ်းတဲ့ အခါမှာတော့ ဘယ်လောက် တောင်ငြင်သာလိုက်သလဲ ဆိုတာကို ပြသနေတာပဲ ဖြစ်တယ် ။
" ခများက ခွေးကြီး မလား? "
ကျန်းရှုက သူ့ကို လှမ်းကန်ပြီး အဂတ်တွေကို ဝတ်လိုက်တယ်။
" ဟင့်အင်း "
" ကိုယ်က အသက် ၂၆ နှစ်ရှိပြီ ။ ကိုယ်က ဘယ်ရာသီဖွားလဲ ဆိုတာကို ပဲမေးသင့်တာ မဟုတ်ဘူး လား?''
ကျန်းရှု က သူ့ခေါင်းကို အလုပ်ပေးပြီးတော့ တကယ်ကြီး ရာသီခွင်တွေကိုတွက် ကြည့်နေလေတယ်။
" ထိုဟာကို မေ့မသွား စေနဲ့နော်။ ''
ရှုပေါ်စုက ထူးထူးဆန်းဆန်း ပြုံးကာ ပြောလိုက်တယ်။
" မြန်မြန်လုပ်လေ။ မင်းဘောင်းဘီတွေ ဝတ်ရအုံးမယ်မလား? "
အားကစား ဘောင်းဘီ ရှည်တစ်စုံက ကျန်းရှုရဲ့လက်ထဲမှာ ကိုင်ထားဆဲပဲ။
ရှုပေါ်စု က ကျန်းရှု တစ်ယောက် ရာသီခွင် တွက်နေတာကို ကြားဖြတ်ကာ ပြောလိုက် တယ်။
မဟုတ်သေးပါဘူး။
ခွေးရာသီခွင်က နောက် ၆နှစ်ရဲ့ထိပ်ဆုံး မှမဟုတ်တာလေ။
အဲ့တော့ ထိပ်ဆုံးက ဘာပါလိမ့်?
"နဂါး? ဟုတ်တယ် မလား?''
အပြင်ကို မထွက်ရသေးခင် နောက်ဆုံးမှာ တော့ ကျန်းရှု တစ်ယောက် တွက်ထုတ်နိုင်ခဲ့တော့တယ်။
" ဟုတ်ပဗျာ''
ရှုပေါ်စုက ခေါင်းငြိမ့် လိုက်တယ် ။
" ဒါဆိုရင် အိမ်ထောင် ရေးဖောက်ပြန်တဲ့ နဂါးပဲ ဖြစ်ရမယ်''
ကျန်းရှုက ပြောတယ်။
" အဲ့ရာသီခွင်တွေမှာ မကောင်းတဲ့ အချက်၃ ချက်ရှိတယ်လေ ''
" မင်းသေချာ လို့လား?''
ရှုပေါ်စုက သူ့ကိုကြည့်လိုက်တယ်။
" မဟုတ်လို့လား? "
ကျန်းရှုက ကော်လာကို ဖွင့်ကာ နောက်ထပ် ပျောက်ကျား ဖြစ်နေတဲ့ အသားရည်ကို ထပ်ကြည့် လိုက်တယ်။
" မဟုတ်ပါဘူး ''
ရှုပေါ်စုက သူ့ခေါင်း လေးကိုထိကာ ပြောလိုက် တယ်။
" အဲ့မကောင်းတဲ့ အချက်တွေကို မင်းဘယ်မှာတွေ့ ရလို့လဲ ။ ကိုယ်က အရမ်းကို ထိန်းချူပ် အားကောင်းတာနော်''
ဘယ်နေရာမှာ လဲ?
ဒါက ခများကြီး ဘာသောက်စကား ပြောတာလဲ?
ဒါက ခွေး ကောင် တွေရဲ့ နောက်ထပ်လှည့်စားနည်း အသစ်လား?
ကျန်းရှုက သံသယ ဖြစ်စွာနဲ့ သူ့ရဲ့ကျောပိုးအိတ်ကို ကိုင်လိုက် တော့တယ်။ ရိုးရိုးသားသား ပြောရရင် သူက အင်တာဗျူး သွားဖြေရတာကို ကြိုက်တဲ့ လူမျိုးတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် သူက အခွင့်အရေး တွေကို နှိုက်နှိုက် ချွတ်ချွတ် ရှာလို့မရဆဲပဲလေ။ ပြီးတော့ သူ့ကိုယ်သူလည်း ဆက်ထိန်းသိမ်းနိုင်ဖို့ မဖြစ်နိုင်ဘူး ။ နောက်ဆုံး ကုန်ကုန်ပြောရရင် သူက လူမှုဆက်ဆံရေး နယ်ပယ်မှာ အသစ်လေး အဖြစ်ခြေ စပြီးချဖို့ စိတ်တွေ အခုထိ အသင့်မပြင်ရသေးပါဘူး။
သူက အခုချိန်ထိ ဘဝလောကဓံကို မကြုံတွေ့အောင် အဖုံးကွယ်ခံထား ရဆပဲလေ။ ထိုဖုံးကာကြီးနောက်မှာမှ သူက အာကျယ်ရဲတာလေ။ ဒါပေမယ့် အပြင်ဘက်ကိုတော့ မထွက်ချင်သေးပါ ဘူး ။
ဒီလိုကောင်းမွန်စွာ ဆက်ဆံရတဲ့ ကံတရားက တစ်နေ့မှာ လုံးဝကို ပျောက်ကွယ်သွား ပြီးတော့ အရှေ့ကို ဆက်လျောက်ရမယ့်လမ်းက ကြမ်းတမ်းတဲ့ လမ်းတစ်ခုပဲ ကျန်တော့မယ်ဆိုရင်တော့ ဒီပြဿနာ ကို ဆေးကုသ မှုခံယူဖို့ မလိုအပ်ပါပဲနဲ့ အချိန်ကသာ သဘာဝအတိုင်း ကုစား ပေးသွားလိမ့်မယ်လို့ ကျန်းရှု ထင်ပါတယ်။
" ဒီနေ့ မနက်ခင်း လေလေးက အရမ်းကောင်းနေသလား လို့ပါ''
ရှုပေါ်စုက ဒီအခိုက်အတန့် လေးကို တအားတွေ သဘောကျ နေတယ်လေ။ ပြီးတော့ ကျန်းရှုကို တစ်ချက်လောက် ခိုးကြည့်ကာ ကျန်းရှုရဲ့ အိပ်ကပ်ထဲကို သူ့လက်အား ထိုးထည့်လိုက်တယ်။
" ဒါက ကိုယ့်ကို အအေးဒဏ်ကနေ ကာကွယ် ပေးစေတယ်လေ။ ဟုတ်တယ် မလား?''
ကျန်းရှုက ထိုလူပြောတာကို နားမလည် ခင် တခဏတော့ မူးမေ့သွားတယ်။
ဆိုလို တဲ့အဓိပ္ပါယ်ကတော့ နည်းနည်း ရယ်ရတယ်။
" ခများ ဖင်ကြီးကိုပဲ ကာကွယ်နေလိုက်''
ဒါက အလေ့အကျင့် တစ်ခုလိုတောင် ဖြစ်နေပြီရော။
သူက လက်ကိုဆွဲထုတ်လိုက်ပြီးတော့ ၂ စက္ကန့် အကြာမှာပဲ ရှုပေါ်စုက သူ့လက်ကိုကိုင်လာခဲ့တယ်။
ရိုးရိုးသားသား ဝန်ခံ ရရင် ဒါက သူ့ရဲ့ဘောင်းဘီ အိပ်ကပ်ထဲကို ထည့်တာထက်ကို ပိုပြီးပူနွေးတယ်လေ။
နှာခေါင်း ဝကို ရနံ့လေး တစ်ခုက လာပြီး ကျီစယ်တဲ့အခါ မှာတော့ သူက ရှုပေါ်စု ရဲ့လက်ကို ဖြုတ်ချ လိုက်တယ် ။
" အနံ့လေးက အရမ်းကို ကောင်းတာပဲရော''
ကျန်းရှုက လေထဲမှာ ပြန့်လွင့်လာတဲ့ အသီးပန်ကိတ်ရဲ့ အငွေ့အသက်တွေ ကို ခပ်ပြင်းပြင်း ရှုရှိုက်ကာ ရှုပေါ်စု နဲ့ ဆွေးနွေးတော့တယ်။
" မနက်ဖြန် မနက်ခင်း ကျရင် ဟင်းတွေ မချက်နဲ့တော့။ ကျွန်တော် လမ်းဘေးက အစားအစာတွေကို စားချင် လို့''
" အဲ့အကြောင်း ကို စဥ်းတောင် မစဥ်းစားနဲ့ "
ရှုပေါ်စုက သူ့လက်လေးကို ပြန်ကိုင်ကာ ဖြစ်ညှစ်လိုက်တယ်။
" ခများက ကျွန်တော့်ကို ထိန်းသိမ်းနိုင်လို့လား?''
ကျန်းရှုက အသံကို နိမ့်ကာပြော လိုက်တယ် ။
" ကိုယ်မထိန်း ချုပ်နိုင်ပါဘူး''
ရှုပေါ်စုက ပြုံးကာ အောက်ကို ငုံ့ကြည့် လိုက်တယ်။
" ဘယ်သူက ထိန်းချုပ်နိုင်မှာလဲကွာ?''
ငါလိုးတဲ့မှပဲ.....။
ဒီလူ က ဒီလောက် ထိအရှက်မဲ့ရသလား။ သူပဲ အားငယ်နေလိုက်။
အခုလက်ရှိ အခြေအနေကို ပြောပြရမယ် ဆိုရင်ဖြင့် ရှိတဲ့ လူတွေကို အနည်းငယ် အားနည်းတယ်လို့ ခံစားရတယ် ။ ပြောရရင်ကွာ သေမိန့်ချခံရတဲ့ လူလိုမျိုး ပေါ့ကွာ။
အဲ့လို မဟုတ်ဘူး ဆိုတာကြီးက သိသာနေတာကြီးကိုကွာ။ လက်ထပ်စာချုပ် ရှိတာတောင်မှပဲ ကျန်းရှုက လိုက်လျောပြီး လက်ကိုင်ခံတယ်ကွာ။ သူ့နှုတ်ခမ်းနဲ့လဲ စပြီး နမ်းပေးတယ်ကွာ ။ ပြီးတော့ အချစ်ကိစ္စတွေကိုတောင် လုပ်ခဲ့သေးတာကိုလေ......။
ကျန်းရှု တစ်ယောက် ကောင်းကင် ကိုမော့ကြည့်ပြီးတော့ သက်ပြင်းတွေ သာချလိုက်ချင်တော့တယ်။
ဘယ်လိုတောင် အပြစ်အနာဆာ ရှာလို့မရတဲ့ ဉာဏ်ကြီးရှင် ပါလိမ့်ကွာ ။
ဒီလောက် အရည်အချင်း ရှိတဲ့ လူငယ်ပညာရှင် တစ်ယောက် ရဲ့ အတွင်း စိတ်ထဲမှာ ဒီလို သားရဲကြီးမျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ။
အေးပေါ့ ယုံနေတဲ့ ငါက အရူးကြီးပေါ့ကွယ်။ နာမည် ကတော့ ကျန်းရှုပါတဲ့လေ။
" ဖော်ပြနေတာကို ကြည့်ရတာ တော့ အရမ်းကို ညှိုးမှိုင်နေပါလား? "
ရှုပေါ်စုက သူ့ကို စူးစမ်း စွာကြည့်လိုက်တယ်။
" အရမ်းကို စိတ်ရှုပ် သွားတာလားဟင်? "
" ဟင့်အင်း ''
ကျန်းရှုက ပြောလိုက် တယ်။
" အင်တာဗျူး ထက်ပိုပြီး ကြောက်ဖို့ကောင်း တဲ့ တစ်စုံတစ်ခု ကိုတွေးနေတာလေ''
" အဲ့တာဘာကြီးလဲ? "
ကျန်းရှုဆီကို ရှုပေါ်စုရဲ့ အကြည့်တွေက ရောက်လာတယ်။
ကျန်းရှုက ခေါင်းသာ ခါပြပြီးတော့ ဘာမှ မပြောပဲ နေလိုက်တော့တယ်။
ဒီနေ့ မြေအောက် ရထားလိုင်း ကလည်း အရင်ကလိုပဲ ကျပ်ဆဲပါပဲ။ နေရာတိုင်း က ထောင့်ပေါင်းစုံက လူတွေက အပြေးအလွှား သွားကြလေတယ်။ ဘယ်သူကမှ တစ်ယောက် ကို တစ်ယောက် စောင့်နေဖို့ စိတ်မရှည် လေတာကြောင့် မြေအောက် ရထားက ကျပ်နေဆဲ ဖြစ်တယ်။
ကျန်းရှု တစ်ယောက် က ထိုအပေါ်ကို ခြေထောက် မြန်မြန်နဲ့ တက်ကာ သူ့ခေါင်း ကို တစ်ချက်တောင် မငုံ့ခဲ့ပါဘူး။ ဘာလိုလဲဆိုတော့ သူရဲ့ အမှတ်အသားရာတွေကို ဘယ်သူမှ မမြင်နိုင် အောင် လို့ပဲ ဖြစ်လေတယ်။
ဒေါသ သိပ်ပြီး မထွက် လွယ်တဲ့ ရှုပေါ်စု တောင်မှ သူ့ရှေ့ကို တိုးကာ မျက်မှောင်ကြုတ် နေမိတယ်။ သူ့ရဲ့လက်မောင်းတွေကြား မှာတော့ ကျန်းရှုကို တင်းကြပ်စွာ ဖက်ထားလေတယ်။
ထိုအနေအထား က ကျန်းရှု ကို တဟီးဟီး နဲ့ နှစ်ခါလောက် ရယ်မောစေလေတယ်။
" သခင်လေး ခများက ဒီလို ဘဝမျိုး ကို ကြိုက်နှစ်သက်တာ တဲ့လား? "
ထိုနေရာမှာ လူတွေ အများကြီး ရှိနေလေတော့ ရှုပေါ်စု က သူပြောတာကို ပထမဆုံး မကြားလိုက်ရ ဘူး။ ဒါကြောင့် သူက ခေါင်းကို ကျန်းရှု ရဲ့ မျက်နှာနားကို ကပ်လိုက်တယ်။
" မင်းလေး အစောက ဘာပြောတယ်? "
ကျန်းရှု:'' ကျွန်တော် မေးတာက ခများက ဒီလို ဘဝမျိိုးကို ကြိုက်တာလား လို့လေ?''
ရှုပေါ်စုက အနည်းငယ် လောက်ပိုတိုး ဖက်ကာ တင်းလိုက်ပြီးနောက် ပြောတယ်။
" မင်းနဲ့သာဆို ကိုယ်ကြိုက်တယ်။ ''
အစကတော့ သူတစ်ယောက်ထဲ ပြောင်းလဲလာခဲ့ရတာလေ။ နောက်တော့ ရှုပေါ်စု တစ်ယောက် ပိုလို့လောဘကြီးလာ ခဲ့တယ်။
အစပိုင်းမှာတော့ သူ့ဘဝထဲမှာ ကျန်းရှု ဆိုတာ လေးမရှိခဲ့ဘူး။ဒါပေမယ့် အခုတော့ စတော်ဘယ်ရီ လေးနဲ့ လွတ်လွတ်လပ်လပ် နေရတဲ့ ဘဝလေးကို ပိုမက်မောပြီးတော့ ပို ပိုင်ချင်လာ မိတယ်။ ဒါက စတော်ဘယ်ရီရဲ့ အရသာကို သိသွား လို့များလားပဲ။
" ကျွန်တော် က ခများထက် မှတ်တိုင် ၂ခု ထက်ပိုပြီးအရင် စောဆင်းရမှာလေ''
ကျန်းရှုက ရုတ်တရက် ပြောလာတယ် ။
" ဟုတ်ပြီ ''
ရှုပေါ်စုက အပြင်ကို ချက်ချင်းကြည့်လိုက်တော့...... နောက်မှတ်တိုင် တစ်ခုက ကျန်းရှုရပ်မယ့် နေရာဆိုတာကို တွေ့လိုက်ရတယ်။
" အဲ့အတွက် ကရော? "
ကျန်းရှုက မသိလိုက် မသိဘာသာပဲ မေးလိုက်တယ် ။
" ဒါကအတော်လေး ကောင်းပါတယ် ''
ရှုပေါ်စု က သူ့လေးရဲ့ခါးနားက လက်ကို ပိုပြီး တင်းလိုက်တယ်။
" ခါးကျိုးကုန်တော့မှာပဲ ''
ကျန်းရှုက သူ့ရဲ့ လက်ကို ရိုက်လိုက်တယ် ။ ပြီးတော့ မှတ်တိုင်မှာ ရထားရပ်သွားတာကြောင့် သူက ရှုပေါ်စုရဲ့ လက်မောင်း တွေကြားကို ပိုလို့တောင် ရောက်သွား တော့တယ် ။
ထိုကဲ့သို့ ဖက်ထားခံရပြီးနောက် ၅ စက္ကန့် လောက်ကြာတဲ့ အခါမှာတော့ ရထားရဲ့ တံခါးက ဘေးနှစ်ဖက်ကို ပွင့်သွားပြီးတော့ လူတွေက တစ်ယောက် ကို တစ်ယောက် အလုအယက် ထွက်ကြလေတော့တယ်။
ထိုကဲ့သို့ တစ်ခဏ ရပ်နေစဥ်မှာပဲ ရှုပေါ်စုရဲ့ အငွေ့အသက် လေးတွေက ကျန်းရှု ရဲ့ နှာခေါင်း ဝကို လာရောက်ကျီစားနေလေရဲ့။ ထိုအငွေ့အသက်က ပဲ ကျန်းရှုကို မူးမေ့သွားစေတယ်။
" ကျွန်တော်ဆင်းမယ့် ဘူတာကိုရောက်ပြီပဲ။ တာ့တာ''
ရှုပေါ်စုက ခေါင်းငြိမ့် လိုက်တယ် ။
" အင်တာဗျူး ဖြေပြီးသွား ရင်ကိုယ့်ကို ပြောပြအုံးနော်''
" အိုကေ''
ရှုပေါ်စုက သူနဲ့အတူ ရလဒ်တွေကို မျှဝေချင်စိတ်တွေ ရှိနေ မှတော့ သူကလည်းပြောရမှာပေါ့လေ။
နောက်တော့ ကျန်းရှုက လှည့်သွား ကာ မြေအောက် ရထားလိုင်း ထဲကနေ ထွက်သွား တော့တယ်။
....................
သူက လကျကိုဆှဲထုတျလိုကျပွီးတော့ ၂ စက်ကနျ့ အကွာမှာပဲ ရှုပေါျစုက သူ့လကျကိုကိုငျလာခဲ့တယျ။
ထိုကဲ့သို့ ဖကျထားခံရပွီးနောကျ ၅ စက်ကန့ျ လောကျကွာတဲ့ အခါမှာတော့ ရထားရဲ့ တံခါးက ဘေးနှဈဖကျကို ပှငျ့သှားပွီးတော့ လူတှကေ တဈယောကျ ကို တဈယောကျ အလုအယကျ ထှကျကွလတေော့တယျ။
....................