Behind the lust for a man(Com...
By YitDaungNyo_15
261K 13.3K 616
ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More
BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (3) Zawgyi
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Unicode
BTLFAM (8) Zawgyi
BTLFAM (9) Unicode
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Unicode
BTLFAM (14) Zawgyi
BTLFAM (15) Unicode
BTLFAM (15) Zawgyi
BTLFAM (16) Unicode
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Unicode
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (23) Zawgyi
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic
BTLFAM (11) Zawgyi
1.8K 41 0
By YitDaungNyo_15
Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)
အပိုင်း(၁၁)
" ရှင့်လိပ်ပြာ ရှင်လုံတယ်‌လို့ပြောခဲ့တယ်နော် Mr.Fox.."
အလောင်းအိတ်နား၌ ဒူးထောင်ကာထိုင်နေပြီး အကြည့်စူးစူးတို့ထုတ်လွှင့်နေသော ဆက်ခံသူသခင်မလေးသည် နတ်ဆိုးတစ်ဦးသဖွယ်ပြုံးနေလေသည်။
Foxသည်ခေါင်းညိမ့်ပြလိုက်သည်။ ပါးစပ်ဟဖို့တော့မဖြစ်ချေ..။ ဆိုးဝါးသောအပုတ်နံ့က ဟလိုက်သည်နှင့် တန်းဝင်လာသောကြောင့်ဖြစ်သည်။
" ရှင်ကြည့် ဒီနှစ်ယောက်က ရှင့်ဂိုဏ်းသားတွေနဲ့မတူဘူးလား "
မျက်နှာ၌ အဆင်းရာအနည်းငယ်ရှိသော အလောင်းကောင်နှစ်ဦးစီ လက်ညှိုးထိုးကာပြလိုက်သည်။ သူမ၏ဖော့ဖယောင်းသဖွယ်ပြေပြစ်သော လက်ညှိုးသည် သူမရှေ့ရှိ အလောင်းကိုကိုင်ဖို့မတန်ဖွယ်ရာ သဘောရှိလေသည်။
" ဘယ်လိုလို့တူမှာလဲ ဒီလောက်ပုတ်ပွနေတာကို "
မြေခွေးသည် အသည်းအသန်ငြင်းရှာသည်။ သူလုပ်ကြံခိုင်းတဲ့နှစ်ဦးဖြစ်သည်ဆိုတာကို အတတ်သိပေမယ့်လဲ ဟန်ကိုဖို့ရလေသည်။
" အိုကေ..မတူဘူးပေါ့‌ နော် "
အလောင်းကောင်ကို ချက်ချင်းဆွဲ‌မှောက်လိုက်သောကြောင့် အကုန်လုံးအံ့ဩနေသည်။ ဒီလောက်ပုတ်ပွယိုယွင်းနေတာကို ဒီသခင်မလေးက မကိုင်နိုင်လောက်ဘူးထင်ထားတာ..။
မှောက်လိုက်သောကြောင့် အိတ်ထဲရှိအရည်တချို့သည် ကြမ်းပြင်ပေါ်ဖိတ်ကုန်သည်။ ပဲ့ချင်နေပြီဖြစ်သော အလောင်းတွေ၏ မျက်နှာသည်လည်း အနည်းငယ်ယိုယွင်းသွားသည်။
" အဲ့တာဆို ဒီအမှတ်ကရော.."
ဂုတ်ပိုး၌ ထိုးထားသော မြေခွေးတစ်ကောင်၏မာန်ဖီနေပုံကို ဖော့ဖယောင်းသဖွယ်သွယ်လျသော သူမ၏ လက်ညှိုးဖြင့် ထိုးပြလိုက်သည်။ သူမ၏ လက်ညှိုးသည် ဖွဖွလေးတင်ထားသောကြောင့် အမှတ်အသားသည်ပျက်ယွင်းမှုမရှိချေ။
အမှတ်အသားကြောင့် မြေခွေး၏ မျက်နှာသည် ထားမရလောက်အောင်ပျက်ယွင်းသွားလေသည်။ သူ၏ နှဖူးတွက်လည်း ချွေးစတို့တွဲလဲခိုနေလေသည်။
" ဒါ..ဒါ.."
" ဘယ်လိုလဲ Mr.Fox ဒါရှင့်ဂိုဏ်းသား‌တွေမှဟုတ်ရဲ့လား "
" ဟုတ်..ဟုတ်တယ်..ဒါပေမယ့် ဒီနှစ်ကောင်ကသစ္စာဖောက်တွေမို့ ငါစွန့်ပြစ်လိုက်တာကြာပြီ "
" ရှင်ပြောတော့ ရုပ်ကိုမမှတ်မိပါဘူးဆို..အခုကျတော့ မှတ်မိသွားပြန်ပြီလား "
" မင်း.! "
ချွမ်.!
Maxiyoသခင်ကြီးသည် သောက်လက်စအရက်ခွက်ကို စားပွဲပေါ်သို့တင်လိုက်သည်။
ပြီးနောက် သူ၏သမီးဘက်သို့လက်ညှိုးထိုးထားသော မြေခွေးရှိရာသို့ အကြည့်စူးစူးတွေပို့လွှတ်လိုက်သည်။
စူးရဲနေသော အကြည့်နှစ်ခုကြား၌ မြေခွေးအိုကြီးသည် ဇောချွေးတို့ပင်ပျံ့လာသည်။
" ဒီနှစ်ယောက်က ကျွန်မစံအိမ်ထဲခိုးဝင်ခဲ့တယ် ကျွန်မတိုက်ခိုက်ခံနေရ‌တုန်းပေါ့..ခက်တာက ကျွန်မသားနှစ်ကောင်က အလွတ်မပေးပဲ ဆွဲဖြဲထားခဲ့တယ် "
မတရားခံလိုက်ရသလို ဝမ်းနည်းသည့်အသံဖြင့် Bellaပြောလိုက်သည်။ အမှန်တကယ်တော့ မြေခွေးအို၏မျက်နှာအ‌နေအထားကိုကြည့်ပြီးသူမအရမ်းကိုပျော်နေသည်။
" ပြောစမ်းပါအုံး Mr.Fox..လူတစ်ယောက်စီစဉ်ထားသလိုဖြစ်လာတဲ့အကွက်ကျကျအကြောင်းအရာတွေက..ကံတရားကပဲတိုက်ဆိုင်တာလား ရှင်ပဲလုပ်တာလား "
သူမသည်ထိုင်ခုံမှာသွားပြန်ထိုင်ပြီး သားကောငါကိုကြော့ကွင်းထဲဝင်လာစေရန် ညှို့အားကောင်းသည့် အသံဖြင့်ပြောနေသည်။ အကြည့်တို့ကလည်း 'ရှင်လိပ်ပြာလုံနိုင်ပါအုံးမလား'ဟူ၍တစ်မျိုး 'ကျွန်မလောက်ဉာဏ်များနိုင်မှ ကျွန်မကိုလာယှဉ်'ဟူ၍တစ်ဖုံ သားကောင်ကိုဖိအားပေးနေသည်။
" မင်းသိရဲ့သားနဲ့ဘာလို့များလာမေးနေရတာလဲ.. Maxiyoကိုမကျော်နိုင်ဘူးဆိုတာငါသိတယ်..ခဏလေးအတွင်းမိမယ်ဆိုတာလဲငါသိတယ်..ဒါပေမဲ့ Bellaဆိုတဲ့မင်းဒဏ်ရာရတာကိုပဲငါလိုလားတယ်..မင်းက ဒီ့ထက်တောင်ဖြစ်သင့်သေးတာ..မင်းကြောင့်သေသွားရတဲ့ငါ့သမီးလေး.."
ဒိုင်း..! ဒိုင်း..!
ဟုတ်ပါသည်။ Mr.Foxတွင် သား(၁)ယောက် သမီး(၂)ယောက်ရှိသည်။ သမီးတစ်ယောက်ကသာ တရားဝင်ပြီး ကျန်(၂)ယောက်သည် တရားမဝင်ချေ။ သူသည်လည်း တရားဝင်သမီးတစ်ယောက်ကိုသာအနားတွင်ထားကာ ချစ်ခင်ယုယသည်။ ကျန်(၂)ယောက်ကိုတော့ နိုင်ငံရပ်ခြားရှိ အစေခံတွေနှင့်သာပြစ်ထားသည်။
သူသိပ်ချစ်သော သူ၏သမီးသည် လွန်ခဲ့သော(၂)နှစ်ဂိုဏ်းခေါင်းဆောင်းများ၏ညစာစားပွဲ၌ Bellaကိုတွေ့သွားခဲ့လေသည်။ သူမသည် Bellaကိုမြင်မြင်ချင်းစွဲလမ်းခဲ့ရသည်။ ရူးသွပ်ခဲ့ရသည်။
Foxသည်လည်း သမီးကိုပျော်စေချင်သောကြောင့်လွှတ်ထားခဲ့သည်။ သို့သော်တစ်နေ့၌ သူ၏သမီးလေးသည် အသည်းအသန်ငိုယိုကာ သူ၏ရင်ခွင်သို့တိုးဝင်လာခဲ့လေသည်။
'မင်းသမီးလေး ဘာဖြစ်လို့လဲ'သူ့ရင်ခွင်ထဲရှိ သမီးလေး၏ ခေါင်းကို ယုယုယယလေးကိုင်ကာ အပူမီးကိုငြိမ်းစေသည့် အသံဖြင့်သူမေး‌တော့..
'Bellaကသမီးကိုမချစ်ဘူးတဲ့ ဒယ်ဒီ..ပြီးတော့ သူ့မှာ..ဟင့်..တရားမဝင်ကလေး‌နှစ်ယောက်လဲရှိသေးတယ်'ရှိုက်ကြီးတငင်အော်ငိုသော သူ၏သမီးလေးကို ပခုံးမှကိုင်ကာ ပြောလိုက်သည်ကတော့..
'ကလေးတွေကသူ့ကလေးမဟုတ်ဘူးမင်းသမီးလေး..မင်းသမီးလေးကိုညာနေတာ..သူမချစ်တော့လဲ ဘာဖြစ်လဲမင်းသမီးလေးရယ် ကိုယ်ချစ်နေရရင်ရပြီမလား..'
'ဟင့်အင်း ဒယ်ဒီ..သူ့ကလဲ သမီးကိုပဲပြန်ချစ်ရမယ်..'မျက်လုံးရွဲရွဲကြီးတွေဖြင့် အချစ်ကိုအတ္တဆန်ဆန်လိုချင်သော သမီးလုပ်သူကြောင့် သူသက်ပြင်းသာချမိလေသည်။
သမီးလေး၏တစ်နေ့တစ်ခြားတပ်မက်လာမှုကြောင့် သူသည် ရှေ့မျက်နှာနောက်ထားကာ Maxiyo၏ဆက်ခံသူကို သခင်ကြီးဆီမှာတောင်းခဲ့ပေမယ့်..ပြတ်သားစွာငြင်းလိုက်သောသခင်ကြီးကြောင့်..ထိုသခင်မလေးကိုပြန်ပေးဆွဲရန်ပြင်ဖူးပေမယ့် ထိုသခင်မလေးသည် သူ့ထက်ပင်လျင်နေသေးသည်။ ပြန်ပေးဆွဲခိုင်းသူများကိုသတ်ပြီး ခြံရှေ့၌ အလောင်လာထားသွားရုံမကဘဲ 'Mrs.Foxမင်းကိုငါတစ်သက်လုံးပြန်ချစ်မှာမဟုတ်ဘူး'ဆိုသော စာလွှာပါပါးခိုင်း‌လိုက်သေးသည်။
ထိုစာလွှာကြောင့်..ချစ်ရသူကမုန်းနေသည်ဟူသောခံစားချက်ကြောင့် ယခင်ထဲကဆေးစွဲနေပြီဖြစ်သောသူ၏သမီးသည် ကိုယ့်ကိုကိုယ်သတ်သေသွားပါတော့သည်။
သူ့သမီးသေဆုံးမှုကို Bellaကိုရင်ထုမနာလာ
ပြောသော်လည်း Bellaသည်ခပ်အေးအေးသာတုန့်ပြန်လေသည်။ နာမည်တောင်မသိသောလူတစ်ယောက်ကကိုယ့်ကိုချစ်နေပြီး သူ့အချစ်က ကိုယ့်ကိုအန္တရာယ်များစေခြင်းကို Bellaမနှစ်မျို့၍ထိုစာကိုထည့်ပေးလိုက်ခြင်းဖြစ်သည်။
Bella၏ရည်ရွယ်ချက်သည် နောက်ထပ်လာမရှုတ်ရန်သာဖြစ်ပြီး ဆေးစွဲနေသောသူမသည်တော့ လောကထဲကထွက်သွားသည်။
နာမည်တောင်မသိသော..ကိုယ့်အသက်ကိုခဏခဏလာထိပါသော လူတစ်ယောက်အတွက် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်အထိ Bellaပူဆွေးမနေနိုင်ပါ။
ထိုအချင်းအရာများကြောင့် မြေခွေးအိုကြီးသည် နှစ်နှစ်တိုင်တိုင် အစီအစဉ်ဆွဲကာလုပ်ကြံတိုက်ခိုက်နေခြင်းဖြစ်သည်။
သေနတ်သံများသည် ခေါင်းဆောင်များတွေ့စုံရာအရပ်တွင်ညံသွားလေသည်။ Bellaနှင့်သခင်ကြီးသည် ပစ္စတိုများကိုကျွမ်းကျင်ပိုင်နိုင်စွာကိုင်ပြီး မြေခွေးရှိရာသို့ဦးတည်ပြစ်နေပြီး Peacockနှင့်Tigerသည် ပြေးရန်ပြင်နေသည်။ သူတို့သည် ကျွဲနှစ်ကောင်ကြားကမြေစာပင်မဖြစ်ချင်ပါ..။
ဒိုင်း.! ခလွမ်.!
အခန်းအတွင်းရှိတန်ဖိုးကြီးကြွေထည်များသည် တစ်စစီကွဲကျကုန်လေသည်။
အချိန်ကြာသည်နှင့်အမျှ ဂိုဏ်းနှစ်ဂိုဏ်း၏အပြိုင်မှုသည် Maxiyo၏အနိုင်ဘက်သို့ ဦးတည်လာတော့သည်။
အခြေအနေ‌မကောင်းသည်နှင့်အမျှမြေခွေးအိုသည် ထွက်ပြေးလေသည်။ ဤတိုက်ပွဲသည် အရှုံးမရှိသော်လည်း တစ်ဖက်ပြိုင်ဖက်၏အသက်ကိုမရလိုက်သဖြင့် သရေဖြစ်နေခြင်းကို Maxiyoတွေသည်မကျေနပ်ချေ။
ထို့ကြောင့်..
" ဒီနိုင်ငံကထွက်လို့ရတဲ့အပေါက်မှန်သမျှသွားပိတ်ပြီး စောင့်ဖမ်းခဲ့"
Maxiyo၏သခင်ကြီးအသံသည် ဩဇာညိမ့်ညောင်းစွာထွက်ပေါ်လာသည်။
" ထားလိုက်‌တော့ Dad..သူ့သမီးသေတာ Bellaအပြစ်မကင်းဘူး.."
" မြေခွေးဆိုတာ အကြံကြီးတယ် Bella..သမီးကြောင့် လွှတ်ပေးလိုက်မယ် နောက်ဆက်ရှုတ်လာခဲ့ရင် အဲ့တာသမီးတာဝန်ပဲ "
" Bellaသိပါတယ် Dad.."
ဒီလိုနဲ့ပဲ မြေခွေးအိုကြီးသည် သခင်ကြီး၏လက်နှင့်လွတ်သွားလေသည်။
" မဒမ်..ဟိုအမျိုးသမီးလေး နိုးလာပြီတဲ့ "
" ဟုတ်လား..ငါတို့ပြန်ကြမယ်..ခွင့်ပြုပါအုံး Dad.."
တက်တက်ကြွကြွဖြင့် အိမ်ကိုပြန်သွားသောသမီးဖြစ်သူကိုကြည့်လိုက်ပြီး သခင်ကြီး၏နှုတ်ခမ်းတစ်စုံသည် ကော့သွားလေသည်။
သတ်မှတ်နှုန်းထက် လျင်မြန်စွာပြန်လာသောကြောင့် Maxiyo၏ဆက်ခံသူပိုင်သောစံအိမ်သို့ နာရီဝက်အကြာတွင်ပြန်ရောက်လာလေသည်။ Bellaဆင်းသွားသည်နှင့် စံအိမ်‌ရှေ့၌ခေါင်းငုံ့ကာကြိုဆိုနေသော ဂိုဏ်းသားများကို တစ်လှည့်ကြည့်ပြီး စံအိမ်ထဲအမြန်ဝင်လာခဲ့သည်။
" မမကြီး ပြန်လာပြီလား "
အသံဆာဆာလေးများဖြင့် ပြေးလာသော အမြွှာနှစ်ယောက်ကို လက်ကာခါဟန့်တားလိုက်ရသည်။
" ခဏလေး ငယ်လေးတို့ မမကြီးအဝတ်လဲပြီးမှ ချီမယ်နော် "
ခုနက လူသေကောင်ပုတ်အနံ့တွေသည် အင်္ကျီ၌ ကပ်ပါလာသည့်အပြင် သွေးညှီနံ့တချို့သည်လည်း ကပ်ပါလာလေသည်။ သူမကြောင့် ကလေးငယ်တွေကိုတော့ ဒီအနံ့အသက်တွေနဲ့ ဒီအရွယ်ကထဲကမရင့်ပါးစေချင်ပါ။
" ဟုတ် မမကြီး Aprilတို့ပြီးရင် အပေါ်တက်လာခဲ့မယ် "
" အင်း "
Bellaအပေါ်ထပ်သို့ မြန်မြန်ပင်တက်လာခဲ့သည်။
အခန်းတံခါးဖွင့်လိုက်သည်နှင့် ထိုင်ခုံပေါ်၌ထိုင်နေသော ဆရာဝန်ကြီးကိုတွေ့သည်။ ထို့နောက် ခေါင်းညိမ့်ပြကာ ရေချိုးခန်းအတွင်းသို့ဝင်လာသည်။
ဝတ်ထားသည့် အဝတ်အစားတွေအကုန်ချွတ်ကာ ခြင်းထဲပြစ်ထည့်လိုက်သည်။ အဝတ်တွေဖယ်ခွာသွားသည်အထိ မနှစ်မြို့ဖွယ် အနံ့တို့က ကိုယ်မှာစွဲနေသဖြင့် ရေပါတစ်ခါထဲချိုးလိုက်သည်။ ရေနဲ့ထိသော ဒဏ်ရာတွေသည် စပ်ဖျင်းဖျင်းဖြစ်နေသည်။
ရေချိုးပြီးသည်နှင့် လည်ပိတ်ဆွယ်တာ ဂျိုင်းပျက်တစ်ထည်နှင့် ဘောင်းဘီအပွတစ်ထည်ကောက်ဝတ်ပြီး ပြန်ထွက်လာခဲ့သည်။
" ရေမချိုးပါနဲ့ဆို သခင်မလေးရယ် "
ဆရာဝန်ကြီးသည် ရေချိုးခန်းကထွက်လာသည့်သူ၏ ပြင်းရှရှဆပ်ပြာနံ့‌ကြောင့် ညည်းညူစွာပြောလေသည်။
" ဒီတစ်ခေါက် ဦးချိုးရသူက မြေခွေးမို့လို့ မသတီစရာကောင်းတဲ့အနံ့တွေကပ်ပါလာလို့ပါ အန်ကယ်ရယ် "
Bellaကုတင်ဘေးရှိ တစ်ယောက်ထိုင်ဆိုဖာ၌ ဝင်ထိုင်သည်။
" ဆေးထပ်စည်းပေးမယ် သခင်မလေး "
Bellaခေါင်းညိမ့်ပြလိုက်သည့်နောက်တွင်တော့ ဆရာဝန်ကြီးကိုယ်တိုင် ဘေးလာပြီး လက်မောင်းနှစ်ဖက်ရှိ‌ရေနူးနေသော ဒဏ်ရာများကို ဆေးထည့်ပေးလေသည်။
" ငယ်လေးက ဘယ်အချိန်ထိအိပ်နေအုံးမှာလဲ "
ငယ်လေးဆိုသည့် အသုံးအနှုန်းကြောင့် ဆရာဝန်ကြီးသည် နားမလည်ဖြစ်သွားပေမယ့် Bellaကြည့်နေသည့် နေရာကိုအကြည့်ရောက်သွားသည့်အခါမှာတော့ နားလည်သွားတော့သည်။
" သွေးဆုံးရှုံးထားမှုကြောင့် ဒီတစ်ရက်တော့အိပ်နေအုံးမှာပါ..မနက်ဖြန်လောက်ဆိုရင်တော့ သူမကို အမေး၊အဖြေလုပ်လို့ရပါပြီ"
Maxiyoပင်မစံအိမ်၏ ဆရာဝန်ကြီးဖြစ်ပြီး သခင်ကြီး၏အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့်အလျှောက် ထိုအမျိုးသမီးလေး၏ သတင်းစုံစမ်းမရမှုက အစသိလေသည်။ ထူးထူးခြားခြား ဘယ်သူ့မှကိုမယုံတတ်သော သခင်ကြီးသည် ဆရာဝန်ကြီးကိုတော့ အကြောင်းအစုံကိုပြောပြထား၏။
" အင်း..ဒါဆို ကျွန်မပဲစောင့်နေတော့မယ် အန်ကယ်နားလို့ရပါပြီ "
Bellaတချို့ကိစ္စတွေကို သိပေမယ့် မသိချင်ယောင်ပဲဆောင်နေလိုက်သည်။ သူတစ်ပါးမသိစေချင်တဲ့ ကိစ္စတွေကို ထွေထွေထူးထူးမသိချင်တာလဲ သူမ၏ စရိုက်ပင်။
______________
" အင့်..ဟင်း "
တိုးညှင်းစွာအော်ညည်းသံကို ဂိုဏ်းဆက်ခံသူသခင်မလေးသည်တော့ နားပါးစွာကြားလိုက်ပြန်သည်။
Bellaအလုပ်လုပ်နေရာမှ ကုတင်အနားသို့ ဖြေးညှင်းစွာလမ်းလျှောက်လာသည်။ တစ်ဆက်ထဲ အချက်ပြခလုတ်ကိုနှိပ်ကာ ဆရာဝန်ကြီးကို အသည်းအသန်လာစေလိုက်သည်။
Bellaအရှေ့ရှိမြင်ကွင်းကို ကျောက်ရုပ်သဖွယ် မလွတ်တမ်းငေးမောကြည့်နေသည်။
တကယ်ကိုရင်သပ်ရှုမောဖွယ်ပါပဲ..။
ကြာပွတ်များ၏ခပ်ဖွာဖွာအဖျားများလို ထူထဲပြီး ရေတံခွန်လို့ ဖြာကျနေသည့် မျက်တောင်ကော့ကော့များသည် လူးလူးလွန့်လွန့်..။ ရေလွှာလျှောလို ဖြောင့်ဆင်းနေသည့်နှာခေါင်းသည်လည်း အပေါ်သို့ဆန်တက်နေသည့်အသွင် တရှုံ့ရှုံ့..။
ဖြာကျနေသော သူရိယနေမင်း၏အလင်းကို မကျေနပ်သယောင် တွန့်ချိုးထားသည့် စိမ်းဖန့်ပြီးခပ်ပါးပါးဖြစ်နေသော မျက်ခုံးအစုံ..။ သွေးရောင်မတည်ငြိမ်မှုအပြင် တစ်ပါးသူ၏သွေးအချို့ပါလက်ခံထားရသောကြောင့် ဝါကျင့်ကျင့်အရောင်ပေါက်နေသည့် လေးကိုင်သဖွယ်နှုတ်ခမ်းအစုံ..။
ခြောက်ကပ်နေသော လည်ချောင်း၏တွန်းကန်မှုကိုလျစ်လျူရှုကာ တံတွေးဆက်မြိုချနေခြင်းကြောင့် ကမ်းခတ်လှိုင်းသဖွယ်လှုတ်ခတ်နေသည့် ဖြူဖျော့ဖျော့လည်ပင်းလေး..။ ဖယောင်းသဖွယ်ပြေပြစ်လှသော လက်ချောင်းလေးတို့သည် ခပ်ဖြေးဖြေးလှုပ်ရှားလာပြီး မျက်နှာကိုလာရောက်ရိုက်ခတနေသည့် နေရောင်ခြည်နွေးနွေးကို ဟန့်တားနေသည်။
သူမ၏ လှုပ်ရှားမှုများသည် ဂိုဏ်း၏ဆက်ခံသူသခင်မလေးအတွက် နတ်သမီးတစ်ပါး..သူရောင်မယ်တစ်ပါး၏ ညှို့ယူမှုလိုပင်..။ မလှုပ်မယှက်ဖြင့် ငေးမောဖွယ်ကောင်းလွန်းသည်။
" အဟမ်း.! "
ဘယ်အချိန်ထဲ‌ကရောက်နေမှန်းမသိသည့် ဆရာဝန်ကြီး ချောင်းဟန့်လိုက်မှ Bellaနိုးကြားလာတော့လေသည်။
" ကျွန်တော်မျိုး စမ်းသက်လို့ရပြီလား သခင်မလေးခဗျာ့"
" ရတာပေါ့ "
ဘာမှမဖြစ်သလိုပင် ကုတင်၏အနီးသို့ အေးဆေးလျှောက်သွားသော သခင်မလေးကို ပြုံးစိစိဖြင့်ကြည့်နေသော ဆရာဝန်ကြီးလည်းရှိသတဲ့..။
Bellaကုတင်သို့ ဦးတည်သွားပေမယ့် ငယ်လေး၏ စိတ်ကိုအနှောက်အယှက်ပေးနေသော နေရောင်ကိုကာရန် လိုက်ကာကိုဆွဲပိတ်လိုက်တော့သည်။ ထို့မှ ပွင့်လာသော မှိုင်းညို့ညို့ အညိုရောင်မျက်ဝန်းနှင့်အတူ အရစ်ကြီးကြီးလိတ်တက်သွားသည့် မျက်ရစ်ကြီး..။
" အို..ရင်သပ်ရှုမောဖွယ်ရာပါလား "
ဟုတ်ပါသည်။ ဂိုဏ်းဆက်ခံသူသခင်မလေး၏ နှုတ်မှထွက်ကျလာသော စကားသံ..။
နှုတ်မှထွက်ပြီးမှ ကိုယ်ရှိန်ပြန်သက်ကာ လည်ဂုတ်ကိုပွတ်ပြီး ဘာမှမဖြစ်သလိုပြန်နေလိုက်လေသည်။
" ဟို..အဟွတ်..အဟွတ် "
ခြောက်ကပ်ကာ မီးစနှင့်ထိုးနေသဖွယ်ရှိသော လည်ချောင်းကြောင့် စကားမပြောနိုင်ပဲ ချောင်းတို့ပင် ဆိုးလာသည်။
Bellaအမြန်ပင်သွားကာ ကိုယ်တစ်ပိုင်းထနေသည့် ငယ်လေးကို ဖက်သိုင်းပြီး ခေါင်းအုံးတစ်ခုယူကာ ကုတင်ကိုမှီပေးလိုက်သည်။ ပြီးသည်နှင့် ပိုက်တပ်ထားသည့်ရေခွက်ကိုယူကာ ခပ်ခြောက်ခြောက်ဖြစ်နေသော နှုတ်ခမ်းလေးရှေ့သို့ကပ်ပြီး နှုတ်ခမ်းပေါ်သို့ ပိုက်ကိုဖြေးညှင်းစွာတင်ပေးလိုက်သည်။
" အဆင်ပြေရဲ့လား ငယ်လေး "
ဖြေးညှင်းစွာ ညိမ့်ပြလာသည့် ခေါင်းကြောင့် ရတက်မအေးရပေမယ့် အပူငြိမ်းသည်။
" ဟိုလေ ကျွန်မဒီကိုဘယ်လိုရောက်လာတာလဲ..ပြီးတော့ ကျွန်မ..အင့်..ကျွန်မက ဘယ်သူလဲ "
မေးလာပုံလေးသည် တကယ်အူကြောင်ကြောင်လေးဖြစ်ပေမယ့် ငိုရခက်၊ရယ်ရခက်ပင်။
" အင်း..ငယ်လေးနာမည်ကို မမ မသိဘူး..ဘယ်သူမှန်းလည်း မမ မသိဘူး..ဘယ်ကလာမှန်းလည်း မမ မသိဘူး "
မသိဘူးဆိုသော 'ဘူး'တစ်လုံးခံသော စကားသည် တခြားနေရာတွေတွင် အသုံးဝင်တာထပ်ပိုပါသော်လည်း ဒီ‌အခြေအနေတွင်တော့ အောင့်သက်သက်နိုင်လွန်းသည်။
နောက်တော့ ဆရာဝန်ကြီးနှင့်ဆွေးနွေးနေသည့် အမျိုးသမီးလေး..။ လူတွေကိုမယုံတက်သည့် ခေါင်းဆောင်၏ သံသယအပြည့်ဖြင့် မျက်လုံးများသည် ယခုတွင်တော့ ချစ်စဖွယ်ယုန်ပေါက်လေးကိုကြည့်နေသလိုပင်နူးညံ့လွန်းပြီး ထိုအမျိုးသမီးလေးပြောသမျှကို သံသယကင်းကင်း ယုံကြည်မည့်ပုံ..။
" အင်း..ပြောပြချက်အရတော့..သွေးအလွန်အမင်းဆုံးရှုံးမှုကြောင့် ရှော့ဖြစ်ပြီး အတိတ်မေ့သွားတာ..ဘယ်တော့မှ သတိရမလဲက ခန့်မှန်းလို့မရဘူး "
" အင်း..အဲ့အချိန်ထိ ပိုးလုံးလေးကို မမစောင့်ရှောက်ပေးမယ် "
ဟုတ်တယ် 'ပိုးလုံးလေး'..။
ဒီကလေးက ကျွန်မမျက်စိထဲမှာ ပိုးလုံးလေးလို ဖြူစင်ပြီး တအားချစ်ဖို့ကောင်းနေတယ်..။
ကျွန်မသံသယတွေကွယ်ပျောက်နိုင်သည်အထိ ချစ်ဖို့ကောင်းရက်လွန်းတယ်..။
တစ်စုံတစ်ယောက်၏ နူးနူးညံ့ညံ့အကြည့်အောက်ဝယ် မဲ့ပြုံးတစ်ခုကိုဖန်ဆင်းကာ ခေါင်းငုံ့ထားသည့် တစ်စုံတစ်ယောက်လဲ ရှိသတဲ့..။
___________
နောက်သုံးပိုင်းဆို နောက်ကြောင်းပြန်တာရပ်ပါပြီ..
Continue Reading
You'll Also Like
127K 11.1K 55
သားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ်းနိုင်ရတယ်။ ရာဇဝင်တွင်လောက်တဲ့လူဆိုးနှ...
140K 13.5K 95
ស្នេហារវាងកូនមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះមានក្រុមហ៊ុនសឹងគ្រប់ប្រទេសជាមួយនិងអង្គរក្សមាឌតូចមុខមាំគ្រប់ពេល JK: យើងនឹងកែប្រែចរិកគេអោយបាន! Taekook...
109K 7.9K 52
⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားန...
1.5M 88.3K 48