Transmigrated Into Fragile,C...

By Dandelion_Z

4.5K 555 82

❌Not Translation!❌ တည်တံ့သော်တစ်ယောက် ဘယ်တုန်းကမှ မတော်တဆဖြစ်ပြီးသေရမယ်လို့မတွေးမိခဲ့ဖူးဘူး အစစအရာရာသတိထားနေထ... More

Transmigrated into fragile,cottony body!
1
2
3
4
5
6
7
8
9
10
12
13

11

309 32 10
By Dandelion_Z

Unicode

​ဆေးရုံရဲ့ အထူးလူနာဆောင်...

ကုတင်ပေါ်တွင် အောက်စီဂျင်ပိုက်များဖြင့်ရှုပ်ယှက်ခက်နေသော ဖြူဖျော့ဖျော့ပုံရပ်တစ်ခု..

ထိုပုံရိပ်၏ဘေးတွင်တော့ သက်လတ်ပိုင်းအရွယ် မိန်းမကြီးတစ်ယောက်ရယ် ..အိမ်အကူလို့ထင်ရသည့် အဒေါ်ကြီးတစ်ယောက်ရယ်..
နောက်ပြီး သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်...

ကုတင်ပေါ်က ပုံရိပ်လေးက လက်ကလေးတွေ ဆုပ်ချည်ဆန့်ချည်ဖြစ်လာသည်ကိုသတိထားမိသွားကြရာ အဒေါ်ကြီးက ဆရာဝန်ကိုခေါ်ရန် အပြေးထွက်သွားသည်။
ထိုအဒေါ်ကြီးသည်လည်း ထိတ်လန့်အံ့အားသင့်မှုကြောင့် အခန်းထဲရှိဆက်သွယ်ရေးကိရိယာကိုမေ့သွားပုံရ၏။

ဝတ်ကောင်းစားလှဝတ်ထားသည့်အမျိုးသမီးကမူ ဆက်သွယ်ရေးကိရိယာကိုနှိပ်မိသည့်လက်တို့က အလွဲလွဲအချော်ချော်..

အမျိုးသားက အမျိုးသမီးရဲ့ပုခုံးကိုဖက်လိုက်ကာ သူကပဲ ခလုတ်နှိပ်ပေးလိုက်တော့သည်။

မျက်စိတစ်မှိတ်မျှအချိန်အတွင်းမှာပဲ ဆရာဝန်နှင့် နာ့စ်များရောက်လာကြကာ စမ်းသပ်စရာရှ်ိတာကိုစမ်းသပ်ကြတော့သည်။

ညနေခင်းလောက်တွင် သတိပြန်လည်လာနိုင်သည်ဟူသော ပြောကြားချက်အဆုံး အမျိုးသမီးကြီးကမျက်ရည်တွေကျလာကာ ကောင်ငယ်လေးရဲ့လက်ကိုဆုပ်ကိုင်ထား၏။

အမျိုးသားကတော့ ယောကျာ်းသားပေမို့ မျည်ရည်ဝဲရုံသာ။

အိမ်အကူအဒေါ်ကြီးသည်လည်း ထောင့်နားတွင်ကပ်လျက် ရှိုက်သံမထွက်ငိုကြွေးနေလေသည်။

"တောက်! အဲ့ခွေးကောင်က ဘာစောက်ချိုးချိုးတာလဲ!....."

လွှမ်းဝဿာန် နားထဲတွင် သူ့အဖေရဲ့အသံကို ဝေဝါးစွာကြားလိုက်ရသည်။

တစ်နှစ်နီးပါးပိတ်ထားခဲ့ရသော မျက်လုံးတို့က ဖွင့်နိုင်ဖို့ခက်ခဲနေ၏။
အတော်ကြာအားယူလိုက်မှ ဖွင့်၍ရသွားပြန်တော့လည်း အလင်းရောင်စူးစူးကြောင့် မျက်လုံးတို့ကပြန်လည်ပိတ်ကျသွားပြန်သည်။

သူ့အပြုအမူကို ဘေးနားတွင်ထိုင်နေသော အမေကတွေ့သွားလျက်  လွှမ်းဝဿာန်ကို အဆောတလျှင်ခေါ်လာသည်။

"သား ငါ့သား သတိရလာပြီ
ကိုကြီး မေတို့သားသတိရလာပြီတော့ !!"

ငိုသံရောထွေးနေသော သူ့အမေအသံက နားစည်တွေထဲဝင်ရောက်လာကာ မရေရာမှုကိုခံစားရစေ၍..

သူက သေသွားပြီမဟုတ်ဘူးလား? အခုရောက်နေတာ သေခြင်းနဲ့ရှင်ခြင်းကြားခံနယ်လား?
သူ့ရဲ့ဝိညာဥ်ကလွင့်မြောနေတာလား?

"သားငယ်...သားငယ်လေး"

ခေါ်သံကြောင့် သူ နောက်တစ်ကြိမ် အားယူ၍မျက်လုံးကိုဖွင့်ကြည့်လိုက်မိသည်။

အလင်းရောင်နဲ့ညှိယူလိုက်ပြီးနောက် ပထမဆုံးမြင်ရတာက သူ့ကိုအုပ်မိုး၍ကြည့်နေသော သူ့အမေ...

မေ လို့ခေါ်လိုက်ချင်ပေမယ့် ခြောက်ကပ်နေသောလည်ချောင်းကြောင့် ပါးစပ်ဟနိုင်ရုံသာ...

" သား ရေဆာလို့လား နေဦး မေရေတိုက်မယ် ဒေါ်သွယ်ရေ ရေခွက်နဲ့ဇွန်းလေးယူပေးပါဦး"

ရေအချို့ ပါးစပ်ထဲဝင်သွားသည့်နောက်တွင်မူ လွှမ်းဝဿာန် ခံစားရအဆင်ပြေသွား၏။

ထိုင်လိုက်ချင်ပေမယ့် နှာခေါင်းတွင်တပ်ထားသော အောက်စီဂျင်ပိုက်ရယ် လက်တွင်အပ်စိုက်ထားသောပိုက်ရယ်က သူ့ကိုထိုင်ခွင့်မပေးချေ။သူ့ရဲ့အားနည်းနေမှူအပါအဝင်ပေါ့။

တကယ်တော့ သူအတွေးထဲကမထွက်နိုင်သေး။
ဝိညာဥ်လွင့်မြောကာ အတိတ်ကဖြစ်ရပ်များကို အောက်မေ့ခြင်းလား?
သို့တည်းမဟုတ် ......

"ကျွန်..တော်..ဘယ်ရောက်..အ..နေ  တာ  လဲ"

"သားငယ်~~"

ဒေါ်မေနှင်းကထပ်ပြီးငိုပြန်တော့ မျက်ရည်သုတ်ပေးချင်သည့်အလား လက်ကိုအားယူမြှောက်လိုက်တော့ သူ့အမေက သူ့လက်ကိုဆွဲယူကာ လက်ဖဝါးအားမျက်နှာသို့ကပ်ထားလေသည်။

"သား ကားအက်ဆီးဒန့်ဖြစ်လို့ ဆေးရုံမှာလေ သားရယ်"

ဆေးရုံ?

သူကအခုအုတ်ဂူထဲမှာရှိနေရမှာမဟုတ်ဘူးလား?

ဒါပေမယ့်.... သူ့ဘဝမှာဆေးရုံတက်ရတဲ့အခိုက်အတန့်တော့ရှိခဲ့ဖူးသည်။
ထိုအရာက နွယ်တည်တံ့နှင့်ကမ္ဘာလွှမ်းကို ကော်ဖီဆိုင်အတွင်း၌ နမ်းနေသည်ကိုတွေ့လိုက်မိပြီးနောက် သူ့စိတ်တို့ကအစိုးမရစွာကားကိုအရှိန်တင်မောင်းနှင်ခဲ့ရာမှ အက်ဆီးဒင့်ဖြစ်ကာ ဆေးရုံရောက်ခဲ့ခြင်း။
သို့သော် ထိုအချိန်ကယာဥ်ကြောရှင်းနေရာ ထိခိုက်မှုနည်းတာကြောင့်ဆေးရုံကိုတစ်လမျှသာတက်လိုက်ရသည်။

သူ့အစ်ကိုက သူ့ကိုတော့အမှိုက်တစ်စလိုသဘောထားပေမယ့် နွယ်တည်တံ့လိုမြေခွေးမကိုကျ သူ့တစ်သက်မမြင်ဖူးသည့်နူးညံ့မှူတို့ကိုပေးနေတာကို မြင်လိုက်ရသည့်အပြင် သူ့အစ်ကိုကိုလည်းမတားဆီးရဲတာကြောင့် ဒေါသကိုထွက်ပေါက်ရှာရာမှထိခိုက်မိတာဖြစ်၏။

နမ်းနေသည်ဆိုတာက လွှမ်းဝဿာန်ရဲ့အမြင်မျှသာ ။
သူ့ရဲ့ရှုဒေါင့်ကနေကြည့်လျှင် ကမ္ဘာလွှမ်းက ခုံမှထကာ နွယ်တည်တံ့မျက်နှာအရှေ့ကိုတိုးကပ်လိုက်တာကို တွေ့လိုက်ရတာဖြစ်သည်။
တကယ်နမ်းလား မနမ်းလားကတော့ ကမ္ဘာလွှမ်းနှင့်နွယ်တည်တံ့သာသိပေမည်။
သို့ပေမယ့် သူ့အစ်ကိုက နွယ်တည်တံ့ကိုလိုက်နေကြောင်း စီးပွားရေးလောကတစ်ခုလုံးသာမက သူ့သူငယ်ချင်းအသိုင်းဝိုင်းကြားမှာပါ သတင်းထွက်နေတာပေ။
ဒါကြောင့် နမ်းတယ်လို့မှတ်ယူလိုက်တာမမှားဘူးထင်ပါ၏။

လွှမ်းဝဿာန် အခန်းဝင်ပေါက်ကနာရီကိုကြည့်မိတော့ ဒစ်ဂျစ်တယ်နာရီဖြစ်ပြီး နှစ် လ ရက် ပါ ပါတာကြောင့် သူအချိန်ကိုသိလိုက်သည်။

ဒါဆိုအခုက သူ့အစ်ကိုနှင့် နွယ်တည်တံ့ကိုတွေ့ပြီး ဆေးရုံရောက်တဲ့နှစ်ပေါ့?

သူ့အမေက ထပ်ဖြည့်ပြောလာသည်။

"သား ကိုမာဝင်နေတာတစ်နှစ်နီးပါးရှ်ိနေပြီ ဆရာဝန်တွေက လက်လျှော့လိုက်ဖို့ပြောနေသေးတယ်
မေတို့သားကိုယုံတာမှန်သွားတယ်
ပြီးတော့ ဘုရားကိုရော"

လက်ရှိဖြစ်ရပ်တွေက သေခြင်းကြားခံနယ်မဟုတ်တာကို အတည်ပြုနေ၏။

အမှန်က....သူပြန်လည်မွေးဖွားခဲ့ခြင်း။

ဒါမှမဟုတ် တခြားကမ္ဘာကသူ့ရဲ့ကိုယ်ပွားထံတွင်လား?

ဘာကိုမှမရေရာပေမယ့် ဘုရားက သူ့ကိုအခွင့်အရေးထပ်ပေးလာတာကိုတော့ ငိုချမတတ်ကျေးဇူးတင်ချင်မိသွားသည်။

ဆ်ိုးမိုက်ခဲ့မှုများအတွက် ငရဲကျခဲ့မည်ထင်ခဲ့သော်ငြား ...

"ကျေး  ဇူး  တင် ပါ တယ်"

တိုးလွန်းမကတိုးနေသောအသံကို သူ့အမေက သေချာအာရုံစိုက်နားထောင်ပြီးနောက်  ထပ်ငိုပြန်တော့သည်။

"ကို..ကို.ရော  ?"

သူ့အဖေက မေးရိုးတွေထောင်လာသည်အထိ အံကြိတ်လိုက်တာကိုမြင်ရပြီးနောက် လွှမ်းဝဿာန်နားလည်သွား၏။
ကိုကိုက သူ့ကိုမတွေ့ချင်လောက်ဘူး။

တော်သေးသည်က သူက ကိုကို့ကိုကြိုက်နေတာမသိသေးသည့်အချိန်ကာလကိုပြန်ရောက်လာခြင်း။
လူဆ်ိုးလေးဝဿာန်က ရှေ့နောက်မစဥ်းစားဘဲ ကိုကို့ကို ချစ်သူတစ်ယောက်လိုသဘောကျတာလို့​ဖွင့်ပြောသည့်အချိန်တုန်းက ဖြစ်သွားသည့်ကိုကို့ရဲ့မျက်နှာအမူအရာကိုမှတ်မိသေးသည်။

ထိတ်လန့်မှု...
အံ့အားသင့်မှု...
နောက်ပြီး ....စက်ဆုပ်ရွံရာမှု

ကိုကိုပြောခဲ့တဲ့ စကားတစ်လုံးချင်းစီကိုလည်း မှတ်မိပါသေးတယ်

'မင်းနဲ့ငါ သွေးတစ်ဝက်တော်သေးတာတောင် မင်းကဒီလိုစိတ်မွေးနိုင်သေးတယ်?!
မင့်ဟာကရွံဖို့ကောင်းလွန်းမနေဘူးလား ဟက်
အမေရော သားရောတစ်ပုံစံထဲ
ရွံစရာတွေ!!'

လွှမ်းဝဿာန်ကို အားပြင်းစွာတွန်းလှဲပစ်ခဲ့ပြီး ထွက်သွားသည့်ပုံရိပ်...
ယခုချိန်အထိ သူ့မျက်လုံးထဲမြင်မိနေဆဲ။
လဲကျသွားတဲ့အချိန် စားပွဲခုံစောင်းနှင့်ဆောင့်မိပြီး ခါးကသေရာပါဒဏ်ရာရသွားခဲ့သေး၏။

မျက်လုံးတို့ကို တဖန်ပြန်မှိတ်လိုက်ပြီး နောက်တစ်ကြိမ်အဖွင့်တွင် သူ့စိတ်တို့ရှင်းလင်းသွားသည်။

ယခုက သူကြိုက်နေတာလည်းမသိသေးသလို နွယ်တည်တံ့နှင့်ကလည်း သေချာသောအခြေအနေတစ်ခုသို့မရောက်လောက်သေး။
ယခုမှစ လာမည့်တစ်နှစ်ခွဲအတွင်း ကမ္ဘာလွှမ်း နွယ်တည်တံ့နှင့်စေ့စပ်လိုက်သည့်အချိန်မှစ၍ အခြေအနေတွေကပိုရှုပ်ထွေးတော့မည်ပေ။

သို့သော် သူပြန်ရောက်လာပြီဖြစ်သည့်အတွက် ဆ်ိုးရွားလွန်းသောကိစ္စတွေမဖြစ်အောင် တားနိုင်ဖို့အချိန်ရှိပေသေး၏။

"သားငယ် ပြန်အိပ်ချင်အိပ်ဦးနော်
မေ့သား ပင်ပန်းနေဦးမယ် ဒါမှမဟုတ် သားဗိုက်ဆာလား ဆရာဝန်ကိုကျွေးလို့ရမယ့်ဟာမေးပြီး မေ ဒေါ်သွယ့်ကိုပြင်ခိုင်းလိုက်မယ်"

"မဆာ  သေး  ပါဘူး အိပ်မယ် မေ"

"ဟုတ်ပြီ မေ ဆရာဝန်ကိုမေးလိုက်ဦးမယ် နိုးလာရင်စားလို့ရအောင်"

ဒေါ်မေနှင်းက အနောက်ဆုတ်ပေးတော့ ဦးဝဿာန်ကအနားကပ်လာ၍..

"သားငယ် နေရအဆင်မပြေရင် ဖေတို့ကိုပြောနော်"

ဝဿာန် အဖေ့ကို တောင်းဆ်ိုဟန်မျက်ဝန်းတို့ဖြင့်ကြည့်လိုက်ကာ...

"ကို ကို့ ကို..အ  ပြစ်  မ မြင် ပါနဲ့"

ဦးဝဿာန် သားငယ်ဆီမှအကြည့်တို့လွှဲက အောက်သို့ခေါင်းငုံ့လိုက်မိတော့သည်။

"ဖေ ?"

သားငယ်စိတ်မဆင်းရဲရလေအောင် အပြုံးတစ်ခုကိုအမြန်ချိတ်ဆွဲလိုက်လျက်..

"အေးပါ သားရယ်"
......
တည်တံ့သော်ကို ဂိမ်းကုမ္ပဏီကဆက်သွယ်လာပြီးသည့်နောက် ထိုကုမ္ပဏီသို့ (freelancer)အချိန်ပိုင်းဂိမ်းရေးဆွဲသူအဖြစ် တစ်နှစ်စာချူပ်ချုပ်ဆိုနိုင်ခဲ့ပြီး သူက ရုံးမှာရှိနေရန်မလိုပေ။ ဒီဇိုင်းရေးဆွဲ conceptစဥ်းစားကာ ဒီဇိုင်းဌာနဖြင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်၏။

သူ့ရဲ့ပုံကြမ်းကိုလည်း အထက်လူကြီးကသဘောကျသောကြောင့် ချက်ချင်းအချောဆောင်ရွက်ဖို့ ဒီဇိုင်းဌာနကိုအမိန့်ပေးလာသည်။

သူက မူပိုင်ခွင့်ကိုရောင်းပေးလိုက်ပြီးနောက်တွင်မူ ငွေပုံကြီးကသူ့ဆီရောက်လာသည်။စာချူပ်အရ သူက ရာခိုင်နှုန်းဖြင့်ရမည်ဖြစ်ပြီး လောလောဆယ်က စရံငွေသာရသေးတာဖြစ်သည်။
ဂိမ်းရောင်းအားအလိုက် သူ့ရဲ့ဝင်ငွေကမြင့်မားသွားပေမည်။
ကုမ္ပဏီအလတ်စားဖြစ်တာကြောင့် အရင်ဘဝကလောက်မများပေမယ့် နည်းသည်လည်းမဆိုနိုင်ပေ။

ရတာနှင့်ရောင့်ရဲနိုင်သူဖြစ်တာကြောင့် သူ့အတွက်က ဒီအလုပ်ကို လောလောဆယ်ကော်ဖီဆိုင်အတွက် လိုအပ်သည့်ငွေရရန်အတွက်သာ ကျွမ်းကျင်ရာကိုစဥ်းစားလိုက်မိခြင်းပေ။

"သော်သော် "

ရှေ့မှ ထမင်းဗန်းကိုကြည့်ကာ ငိုင်တွေနေသော သူ့ပုခုံးကို လရောင်ဝန်းလာပုတ်မှ အသိဝင်လာတော့သည်။

"အင်း"

"စားလေ အတန်းမစခင် အစာကြေ ကျောင်းတစ်ပတ်လမ်းလျှောက်ရအောင်"

"နေ့တစ်ပိုင်းလစ်ရအောင် ငါတို့လိုအပ်တာတွေပြင်ဆင်ရဦးမယ်လေ"

"ငါတို့သော်သော်ကတအားကြိုးစားတာပဲ
ဒါပေမယ့် မင်းအတန်းခေါ်ချိန်ပြည့်ပါဦးမလား!"

လရောင်ဝန်းရဲ့ ပါပီပေါက်စလိုမျက်ဝန်းတွေကိုကြည့်ကာ တည်တံ့သော်ရယ်ချင်သွားသည်။
ဒီကောင်လေးသည်လည်း သူသွားရာလိုက် သူလုပ်ခိုင်းသမျှမငြိုမငြင်လုပ်ပေးနေတော့ အားနာမိ၏။

တည်တံ့ရဲ့ ခွိခနဲရယ်မှုကြောင့် လရောင်ဝန်းအငေးသားဖြစ်သွားရသည်။
သော်သော်က ရယ်ရင်ပိုချစ်စရာကောင်းတယ်!

"ဘာရယ်တာတုန်း"

"မင်းက ရယ်ရလို့"

"ဟမ်??"

ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားများ ထွက်ပေါ်လာအပြီးတွင်မူ သော်သော့်ကိုနားလည်ဖို့မကြိုးစားတော့ဘဲ ရှေ့ကထမင်းကိုသာ ငုံ့စားနေလိုက်တော့သည်။

သော်သော်ကလည်း သူ့ကိုဆက်မပြောဘဲ ထမင်းဘဲစားသွားတာက်ို..။

နှစ်ယောက်သား နေ့လည်အတန်းပျက်ပြီး ဆ်ိုင်အပြင်အဆင်အတွက် အခန်းပြင်ဆင်သည့်ဆားဗစ်ကိုသွားလိုက်ကြသည်။

ဆိုင်ခန်းအရောင်ရယ် ထိုင်ခုံ စားပွဲဒီဇိုင်းတွေရယ်ရွေးရာတွင် ပြဿနာစကြတော့တာပါပဲ။

တည်တံ့သော်က သူ့မူပိုင်အတိုင်း ခဲရောင် သို့မဟုတ် ဆင်စွယ်ရောင် တောအုပ်စိမ်းရောင်လို အရောင်မှိုင်းတာတစ်ခုခုကိုရွေးချင်သည်။

လရောင်ဝန်းကကျ ဆိုင်ဆိုတာမျိုးက လာသည့်ဧည့်သည်တွေအတွက်စိတ်ပျော်ရွှင်သည့်ခံစားချက်ကိုပေးနိုင်သည့်အရောင်နုလွင်တာမျိုးကိုသုံးချင်သည်။
ဥပမာ ခရမ်းနု ဒါမှမဟုတ် အပြာနုနဲ့  သက်တံ့အနုရောင်လိုမျိုးကိုသုံးချင်သည်။

"မင်းစဥ်းစားကြည့် လာကတည်းက အမှောင်ဓာတ်ကိုပေးနေရင် စိတ်တွေထိုင်းမှိုင်းကုန်မပေါ့ ရည်းစားတွေဆိုလည်းပြတ်ချင်ကုန် စာလာလုပ်တဲ့လူဆိုလည်း စာမလုပ်ဘဲအိပ်ချင်ကုန်မှာပေါ့"

လရောင်ဝန်း၏ ဆရာကြီးလေသံကို တည်တံ့သော်ကခေါင်းရမ်းလိုက်ကာ..

"အရောင်လွင်တာကကောင်းပေမယ့် တစ်ချိန်တည်းမျက်လုံးထဲတောက်လောင်မနေဘူးလား  ကော်ဖီဆိုင်ဆိုတာ ဆိတ်ငြိမ်မှုကိုကိုယ်စားပြုသင့်တယ်"

သူတို့နှစ်ယောက်ရဲ့ ဆယ်မိနစ်စာငြင်းခုန်နေခြင်းကို အရောင်းဝန်ထမ်းကောင်မလေးက မငြိုမငြင် ဘေးနားမှာ ပြုံးပြုံးကြီးရပ်ကာကြည့်နေတော့၏။

နှစ်ယောက်စလုံးက ချောမောတယ်လေ!  ဝယ်သူတွေထဲဒီလိုပြိုင်စံရှားချောမောမှုကိုတွေ့ရတာက တစ်နှစ်မှာတစ်ခါတောင်ဖြစ်ခဲတာမို့ သူမသည်လည်းအငမ်းကောင်းနေတာပင်။

နောက်ဆုံးတွင်တော့ သီးသန့်ခန်း၃ခန်းလောက်ထည့်ကာ ထိုအခန်းတွေထဲတွင်တော့ တည်တံ့သော်အကြိုက် နံရံကိုဆင်စွယ်ရောင်နှင့်ခဲရောင်ကိုဖောက်ကာ ထိုင်ခုံများကိုတော့ ဆင်စွယ်နှင့် ခဲရောင်ဆိုဖာများထားမည်ဖြစ်သည်။

သာမန် ပြင်ပဆ်ိုင်ခန်းတွင်တော့ နံရံပန်းချီဆွဲမည်ဖြစ်ကာ အပြာနုရောင်တောက်ပနေသောကောင်စကင်အောက် လွင်ပြင်ကျယ်တွင် မြက်ခင်းစိမ်းများနှင့် အခြားအ​ေရာင်နုများကိုသုံးကာ လွင်နေအောင်ရေးဆွဲမည်ဖြစ်သည်။

ခုံများကိုလည်း ဥတ္တရအလင်းတန်းသဖွယ် အရောင်နုများဖြင့်မျိုးစုံစီစဥ်ထားပြီး အလှဓာတ်ပုံရိုက်ရန်နေရာများကိုပါ စီစဥ်မည်ဖြစ်သည်။

ထိုသို့ဆုံးဖြတ်ချက်ချအပြီး စရံငွေသတ်ကာ ပြန်လာခဲ့ကြ၏။
နှစ်ယောက်သား ကားပတ်မောင်းဖို့ပြောနေကြစဥ်တွင်..

တည်တံ့သော်ရဲ့ဖုန်းကမြည်လာရာ..

နွယ်တည်တံ့...?

"မောင်လေး အခုအတန်းမှာလား?"

"မဟုတ်ဘူး မမ ဘာလို့လဲ"

"မေမေတို့ပြန်လာမှာ ဒီနေ့ မောင်လေးကိုကြိုပြောထားတာ မမဖုန်းချလိုက်မယ်နော် အခုလေဆိပ်သွားတဲ့လမ်းမှာမို့"

ဖုန်းကျသွားသည်အထိ တည်တံ့သော် သတိမဝင်သေးပေ။
ကူးပြောင်းလာတာ ​လပိုင်းမျှကြာပြီဆိုပေမယ့်  အသားကျနေသည်လည်းမဟုတ်သေးပေ...

မူလကိုယ်ရဲ့မိဘတွေက သူ့ကိုဘယ်လိုဆက်ဆံသလဲဆိုတာ ယခုအခြေအနေတွေနှင့်ပင် အတန်ငယ်မှန်းဆလို့ရနေပြီဖြစ်၏။

ဒါ့အပြင် ထိုလူတွေရှေ့ ဘယ်လိုပြောဆိုဆက်ဆံရမလဲမသိပေ။

"ကျစ်"

တည်တံ့သော်ရဲ့ စုတ်သပ်သံကြောင့် လရောင် အရှေ့ကိုကြည့်မောင်းနေရာမှ သူ့ဘက်လှည့်ကြည့်လာကာ..

"ဘာလဲ ခုပြန်လာတဲ့လား?"

"မဟုတ်ဘူး ငါ့မိဘတွေပြန်ရောက်မယ်တဲ့"

တည်တံ့သော်၏အကြောင်းကို တစ်စွန်းတစ်စသိနေပြီဖြစ်သော လရောင်က တည်တံ့ သူ့မိဘတွေနှင့်မတွေ့ချင်မှန်းလည်းသိ၏။

သူ့ရဲ့သော်သော် စိတ်မပျော်တာမျိုးမဖြစ်စေချင်တာကြောင့်...

"ငါ့အိမ်လိုက်နေမလား ဒီနေ့"

"တော်ပါပြီ ရှောင်နေလို့ဖြစ်တာမျ်ိုးမှမဟုတ် ခဏလျှောက်လိမ့်ပြီး အတန်းချိန်ဆင်းတာနဲ့ကိုက်ပြီး အိမ်ပြန်ရအောင်"

"အိုခေ"

တည်တံ့သော် ပြတင်းအပြင်ဘက်ကိုကြည့်ကာ ဒီကိစ္စကိုဘယ်လိုကိုင်တွယ်သင့်လဲ သူ ဘယ်လိုသရုပ်ဆောင်သင့်လဲတွေးနေမိတော့သည်။

*************
plot twistပါပါတယ် ဆက်စောင့်ကြည့်ပေးပါ

တည်တံ့သော်ကMCပါ ဆိုပေမယ့် ဝဿာန်ကလည်းအရေးပါပါတယ်
#11/3/22
Edited 31/12/22

Zawgyi
​ေဆး႐ုံရဲ႕ အထူးလူနာေဆာင္...

ကုတင္ေပၚတြင္ ေအာက္စီဂ်င္ပိုက္မ်ားျဖင့္ရႈပ္ယွက္ခက္ေနေသာ ျဖဴေဖ်ာ့ေဖ်ာ့ပုံရပ္တစ္ခု..

ထိုပုံရိပ္၏ေဘးတြင္ေတာ့ သက္လတ္ပိုင္းအ႐ြယ္ မိန္းမႀကီးတစ္ေယာက္ရယ္ ..အိမ္အကူလို႔ထင္ရသည့္ အေဒၚႀကီးတစ္ေယာက္ရယ္..
ေနာက္ၿပီး သက္လတ္ပိုင္းအ႐ြယ္လူႀကီးတစ္ေယာက္...

ကုတင္ေပၚက ပုံရိပ္ေလးက လက္ကေလးေတြ ဆုပ္ခ်ည္ဆန္႔ခ်ည္ျဖစ္လာသည္ကိုသတိထားမိသြားၾကရာ အေဒၚႀကီးက ဆရာဝန္ကိုေခၚရန္ အေျပးထြက္သြားသည္။
ထိုအေဒၚႀကီးသည္လည္း ထိတ္လန္႔အံ့အားသင့္မႈေၾကာင့္ အခန္းထဲရွိဆက္သြယ္ေရးကိရိယာကိုေမ့သြားပုံရ၏။

ဝတ္ေကာင္းစားလွဝတ္ထားသည့္အမ်ိဳးသမီးကမူ ဆက္သြယ္ေရးကိရိယာကိုႏွိပ္မိသည့္လက္တို႔က အလြဲလြဲအေခ်ာ္ေခ်ာ္..

အမ်ိဳးသားက အမ်ိဳးသမီးရဲ႕ပုခုံးကိုဖက္လိုက္ကာ သူကပဲ ခလုတ္ႏွိပ္ေပးလိုက္ေတာ့သည္။

မ်က္စိတစ္မွိတ္မွ်အခ်ိန္အတြင္းမွာပဲ ဆရာဝန္ႏွင့္ နာ့စ္မ်ားေရာက္လာၾကကာ စမ္းသပ္စရာရွ္ိတာကိုစမ္းသပ္ၾကေတာ့သည္။

ညေနခင္းေလာက္တြင္ သတိျပန္လည္လာႏိုင္သည္ဟူေသာ ေျပာၾကားခ်က္အဆုံး အမ်ိဳးသမီးႀကီးကမ်က္ရည္ေတြက်လာကာ ေကာင္ငယ္ေလးရဲ႕လက္ကိုဆုပ္ကိုင္ထား၏။

အမ်ိဳးသားကေတာ့ ေယာက်ာ္းသားေပမို႔ မ်ည္ရည္ဝဲ႐ုံသာ။

အိမ္အကူအေဒၚႀကီးသည္လည္း ေထာင့္နားတြင္ကပ္လ်က္ ရႈိက္သံမထြက္ငိုေႂကြးေနေလသည္။

"ေတာက္! အဲ့ေခြးေကာင္က ဘာေစာက္ခ်ိဳးခ်ိဳးတာလဲ!....."

လႊမ္းဝႆာန္ နားထဲတြင္ သူ႔အေဖရဲ႕အသံကို ေဝဝါးစြာၾကားလိုက္ရသည္။

တစ္ႏွစ္နီးပါးပိတ္ထားခဲ့ရေသာ မ်က္လုံးတို႔က ဖြင့္ႏိုင္ဖို႔ခက္ခဲေန၏။
အေတာ္ၾကာအားယူလိုက္မွ ဖြင့္၍ရသြားျပန္ေတာ့လည္း အလင္းေရာင္စူးစူးေၾကာင့္ မ်က္လုံးတို႔ကျပန္လည္ပိတ္က်သြားျပန္သည္။

သူ႔အျပဳအမူကို ေဘးနားတြင္ထိုင္ေနေသာ အေမကေတြ႕သြားလ်က္  လႊမ္းဝႆာန္ကို အေဆာတလွ်င္ေခၚလာသည္။

"သား ငါ့သား သတိရလာၿပီ
ကိုႀကီး ေမတို႔သားသတိရလာၿပီေတာ့ !!"

ငိုသံေရာေထြးေနေသာ သူ႔အေမအသံက နားစည္ေတြထဲဝင္ေရာက္လာကာ မေရရာမႈကိုခံစားရေစ၍..

သူက ေသသြားၿပီမဟုတ္ဘူးလား? အခုေရာက္ေနတာ ေသျခင္းနဲ႔ရွင္ျခင္းၾကားခံနယ္လား?
သူ႔ရဲ႕ဝိညာဥ္ကလြင့္ေျမာေနတာလား?

"သားငယ္...သားငယ္ေလး"

ေခၚသံေၾကာင့္ သူ ေနာက္တစ္ႀကိမ္ အားယူ၍မ်က္လုံးကိုဖြင့္ၾကည့္လိုက္မိသည္။

အလင္းေရာင္နဲ႔ညႇိယူလိုက္ၿပီးေနာက္ ပထမဆုံးျမင္ရတာက သူ႔ကိုအုပ္မိုး၍ၾကည့္ေနေသာ သူ႔အေမ...

ေမ လို႔ေခၚလိုက္ခ်င္ေပမယ့္ ေျခာက္ကပ္ေနေသာလည္ေခ်ာင္းေၾကာင့္ ပါးစပ္ဟႏိုင္႐ုံသာ...

" သား ေရဆာလို႔လား ေနဦး ေမေရတိုက္မယ္ ေဒၚသြယ္ေရ ေရခြက္နဲ႔ဇြန္းေလးယူေပးပါဦး"

ေရအခ်ိဳ႕ ပါးစပ္ထဲဝင္သြားသည့္ေနာက္တြင္မူ လႊမ္းဝႆာန္ ခံစားရအဆင္ေျပသြား၏။

ထိုင္လိုက္ခ်င္ေပမယ့္ ႏွာေခါင္းတြင္တပ္ထားေသာ ေအာက္စီဂ်င္ပိုက္ရယ္ လက္တြင္အပ္စိုက္ထားေသာပိုက္ရယ္က သူ႔ကိုထိုင္ခြင့္မေပးေခ်။သူ႔ရဲ႕အားနည္းေနမႉအပါအဝင္ေပါ့။

တကယ္ေတာ့ သူအေတြးထဲကမထြက္ႏိုင္ေသး။
ဝိညာဥ္လြင့္ေျမာကာ အတိတ္ကျဖစ္ရပ္မ်ားကို ေအာက္ေမ့ျခင္းလား?
သို႔တည္းမဟုတ္ ......

"ကြၽန္..ေတာ္..ဘယ္ေရာက္..အ..ေန  တာ  လဲ"

"သားငယ္~~"

ေဒၚေမႏွင္းကထပ္ၿပီးငိုျပန္ေတာ့ မ်က္ရည္သုတ္ေပးခ်င္သည့္အလား လက္ကိုအားယူေျမႇာက္လိုက္ေတာ့ သူ႔အေမက သူ႔လက္ကိုဆြဲယူကာ လက္ဖဝါးအားမ်က္ႏွာသို႔ကပ္ထားေလသည္။

"သား ကားအက္ဆီးဒန္႔ျဖစ္လို႔ ေဆး႐ုံမွာေလ သားရယ္"

ေဆး႐ုံ?

သူကအခုအုတ္ဂူထဲမွာရွိေနရမွာမဟုတ္ဘူးလား?

ဒါေပမယ့္.... သူ႔ဘဝမွာေဆး႐ုံတက္ရတဲ့အခိုက္အတန္႔ေတာ့ရွိခဲ့ဖူးသည္။
ထိုအရာက ႏြယ္တည္တံ့ႏွင့္ကမာၻလႊမ္းကို ေကာ္ဖီဆိုင္အတြင္း၌ နမ္းေနသည္ကိုေတြ႕လိုက္မိၿပီးေနာက္ သူ႔စိတ္တို႔ကအစိုးမရစြာကားကိုအရွိန္တင္ေမာင္းႏွင္ခဲ့ရာမွ အက္ဆီးဒင့္ျဖစ္ကာ ေဆး႐ုံေရာက္ခဲ့ျခင္း။
သို႔ေသာ္ ထိုအခ်ိန္ကယာဥ္ေၾကာရွင္းေနရာ ထိခိုက္မႈနည္းတာေၾကာင့္ေဆး႐ုံကိုတစ္လမွ်သာတက္လိုက္ရသည္။

သူ႔အစ္ကိုက သူ႔ကိုေတာ့အမႈိက္တစ္စလိုသေဘာထားေပမယ့္ ႏြယ္တည္တံ့လိုေျမေခြးမကိုက် သူ႔တစ္သက္မျမင္ဖူးသည့္ႏူးညံ့မႉတို႔ကိုေပးေနတာကို ျမင္လိုက္ရသည့္အျပင္ သူ႔အစ္ကိုကိုလည္းမတားဆီးရဲတာေၾကာင့္ ေဒါသကိုထြက္ေပါက္ရွာရာမွထိခိုက္မိတာျဖစ္၏။

နမ္းေနသည္ဆိုတာက လႊမ္းဝႆာန္ရဲ႕အျမင္မွ်သာ ။
သူ႔ရဲ႕ရႈေဒါင့္ကေနၾကည့္လွ်င္ ကမာၻလႊမ္းက ခုံမွထကာ ႏြယ္တည္တံ့မ်က္ႏွာအေရွ႕ကိုတိုးကပ္လိုက္တာကို ေတြ႕လိုက္ရတာျဖစ္သည္။
တကယ္နမ္းလား မနမ္းလားကေတာ့ ကမာၻလႊမ္းႏွင့္ႏြယ္တည္တံ့သာသိေပမည္။
သို႔ေပမယ့္ သူ႔အစ္ကိုက ႏြယ္တည္တံ့ကိုလိုက္ေနေၾကာင္း စီးပြားေရးေလာကတစ္ခုလုံးသာမက သူ႔သူငယ္ခ်င္းအသိုင္းဝိုင္းၾကားမွာပါ သတင္းထြက္ေနတာေပ။
ဒါေၾကာင့္ နမ္းတယ္လို႔မွတ္ယူလိုက္တာမမွားဘူးထင္ပါ၏။

လႊမ္းဝႆာန္ အခန္းဝင္ေပါက္ကနာရီကိုၾကည့္မိေတာ့ ဒစ္ဂ်စ္တယ္နာရီျဖစ္ၿပီး ႏွစ္ လ ရက္ ပါ ပါတာေၾကာင့္ သူအခ်ိန္ကိုသိလိုက္သည္။

ဒါဆိုအခုက သူ႔အစ္ကိုႏွင့္ ႏြယ္တည္တံ့ကိုေတြ႕ၿပီး ေဆး႐ုံေရာက္တဲ့ႏွစ္ေပါ့?

သူ႔အေမက ထပ္ျဖည့္ေျပာလာသည္။

"သား ကိုမာဝင္ေနတာတစ္ႏွစ္နီးပါးရွ္ိေနၿပီ ဆရာဝန္ေတြက လက္ေလွ်ာ့လိုက္ဖို႔ေျပာေနေသးတယ္
ေမတို႔သားကိုယုံတာမွန္သြားတယ္
ၿပီးေတာ့ ဘုရားကိုေရာ"

လက္ရွိျဖစ္ရပ္ေတြက ေသျခင္းၾကားခံနယ္မဟုတ္တာကို အတည္ျပဳေန၏။

အမွန္က....သူျပန္လည္ေမြးဖြားခဲ့ျခင္း။

ဒါမွမဟုတ္ တျခားကမာၻကသူ႔ရဲ႕ကိုယ္ပြားထံတြင္လား?

ဘာကိုမွမေရရာေပမယ့္ ဘုရားက သူ႔ကိုအခြင့္အေရးထပ္ေပးလာတာကိုေတာ့ ငိုခ်မတတ္ေက်းဇူးတင္ခ်င္မိသြားသည္။

ဆ္ိုးမိုက္ခဲ့မႈမ်ားအတြက္ ငရဲက်ခဲ့မည္ထင္ခဲ့ေသာ္ျငား ...

"ေက်း  ဇူး  တင္ ပါ တယ္"

တိုးလြန္းမကတိုးေနေသာအသံကို သူ႔အေမက ေသခ်ာအာ႐ုံစိုက္နားေထာင္ၿပီးေနာက္  ထပ္ငိုျပန္ေတာ့သည္။

"ကို..ကို.ေရာ  ?"

သူ႔အေဖက ေမး႐ိုးေတြေထာင္လာသည္အထိ အံႀကိတ္လိုက္တာကိုျမင္ရၿပီးေနာက္ လႊမ္းဝႆာန္နားလည္သြား၏။
ကိုကိုက သူ႔ကိုမေတြ႕ခ်င္ေလာက္ဘူး။

ေတာ္ေသးသည္က သူက ကိုကို႔ကိုႀကိဳက္ေနတာမသိေသးသည့္အခ်ိန္ကာလကိုျပန္ေရာက္လာျခင္း။
လူဆ္ိုးေလးဝႆာန္က ေရွ႕ေနာက္မစဥ္းစားဘဲ ကိုကို႔ကို ခ်စ္သူတစ္ေယာက္လိုသေဘာက်တာလို႔​ဖြင့္ေျပာသည့္အခ်ိန္တုန္းက ျဖစ္သြားသည့္ကိုကို႔ရဲ႕မ်က္ႏွာအမူအရာကိုမွတ္မိေသးသည္။

ထိတ္လန္႔မႈ...
အံ့အားသင့္မႈ...
ေနာက္ၿပီး ....စက္ဆုပ္႐ြံရာမႈ

ကိုကိုေျပာခဲ့တဲ့ စကားတစ္လုံးခ်င္းစီကိုလည္း မွတ္မိပါေသးတယ္

'မင္းနဲ႔ငါ ေသြးတစ္ဝက္ေတာ္ေသးတာေတာင္ မင္းကဒီလိုစိတ္ေမြးႏိုင္ေသးတယ္?!
မင့္ဟာက႐ြံဖို႔ေကာင္းလြန္းမေနဘူးလား ဟက္
အေမေရာ သားေရာတစ္ပုံစံထဲ
႐ြံစရာေတြ!!'

လႊမ္းဝႆာန္ကို အားျပင္းစြာတြန္းလွဲပစ္ခဲ့ၿပီး ထြက္သြားသည့္ပုံရိပ္...
ယခုခ်ိန္အထိ သူ႔မ်က္လုံးထဲျမင္မိေနဆဲ။
လဲက်သြားတဲ့အခ်ိန္ စားပြဲခုံေစာင္းႏွင့္ေဆာင့္မိၿပီး ခါးကေသရာပါဒဏ္ရာရသြားခဲ့ေသး၏။

မ်က္လုံးတို႔ကို တဖန္ျပန္မွိတ္လိုက္ၿပီး ေနာက္တစ္ႀကိမ္အဖြင့္တြင္ သူ႔စိတ္တို႔ရွင္းလင္းသြားသည္။

ယခုက သူႀကိဳက္ေနတာလည္းမသိေသးသလို ႏြယ္တည္တံ့ႏွင့္ကလည္း ေသခ်ာေသာအေျခအေနတစ္ခုသို႔မေရာက္ေလာက္ေသး။
ယခုမွစ လာမည့္တစ္ႏွစ္ခြဲအတြင္း ကမာၻလႊမ္း ႏြယ္တည္တံ့ႏွင့္ေစ့စပ္လိုက္သည့္အခ်ိန္မွစ၍ အေျခအေနေတြကပိုရႈပ္ေထြးေတာ့မည္ေပ။

သို႔ေသာ္ သူျပန္ေရာက္လာၿပီျဖစ္သည့္အတြက္ ဆ္ိုး႐ြားလြန္းေသာကိစၥေတြမျဖစ္ေအာင္ တားႏိုင္ဖို႔အခ်ိန္ရွိေပေသး၏။

"သားငယ္ ျပန္အိပ္ခ်င္အိပ္ဦးေနာ္
ေမ့သား ပင္ပန္းေနဦးမယ္ ဒါမွမဟုတ္ သားဗိုက္ဆာလား ဆရာဝန္ကိုေကြၽးလို႔ရမယ့္ဟာေမးၿပီး ေမ ေဒၚသြယ့္ကိုျပင္ခိုင္းလိုက္မယ္"

"မဆာ ေသး  ပါဘူး အိပ္မယ္ ေမ"

"ဟုတ္ၿပီ ေမ ဆရာဝန္ကိုေမးလိုက္ဦးမယ္ ႏိုးလာရင္စားလို႔ရေအာင္"

ေဒၚေမႏွင္းက အေနာက္ဆုတ္ေပးေတာ့ ဦးဝႆာန္ကအနားကပ္လာ၍..

"သားငယ္ ေနရအဆင္မေျပရင္ ေဖတို႔ကိုေျပာေနာ္"

ဝႆာန္ အေဖ့ကို ေတာင္းဆ္ိုဟန္မ်က္ဝန္းတို႔ျဖင့္ၾကည့္လိုက္ကာ...

"ကို ကို႔ ကို..အ ျပစ္  မ ျမင္ ပါနဲ႔"

ဦးဝႆာန္ သားငယ္ဆီမွအၾကည့္တို႔လႊဲက ေအာက္သို႔ေခါင္းငုံ႔လိုက္မိေတာ့သည္။

"ေဖ ?"

သားငယ္စိတ္မဆင္းရဲရေလေအာင္ အၿပဳံးတစ္ခုကိုအျမန္ခ်ိတ္ဆြဲလိုက္လ်က္..

"ေအးပါ သားရယ္"
......
တည္တံ့ေသာ္ကို ဂိမ္းကုမၸဏီကဆက္သြယ္လာၿပီးသည့္ေနာက္ ထိုကုမၸဏီသို႔ (freelancer)အခ်ိန္ပိုင္းဂိမ္းေရးဆြဲသူအျဖစ္ တစ္ႏွစ္စာခ်ဴပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး သူက ႐ုံးမွာရွိေနရန္မလိုေပ။ ဒီဇိုင္းေရးဆြဲ conceptစဥ္းစားကာ ဒီဇိုင္းဌာနျဖင့္ ပူးေပါင္းလုပ္ေဆာင္ရမည္ျဖစ္၏။

သူ႔ရဲ႕ပုံၾကမ္းကိုလည္း အထက္လူႀကီးကသေဘာက်ေသာေၾကာင့္ ခ်က္ခ်င္းအေခ်ာေဆာင္႐ြက္ဖို႔ ဒီဇိုင္းဌာနကိုအမိန္႔ေပးလာသည္။

သူက မူပိုင္ခြင့္ကိုေရာင္းေပးလိုက္ၿပီးေနာက္တြင္မူ ေငြပုံႀကီးကသူ႔ဆီေရာက္လာသည္။စာခ်ဴပ္အရ သူက ရာခိုင္ႏႈန္းျဖင့္ရမည္ျဖစ္ၿပီး ေလာေလာဆယ္က စရံေငြသာရေသးတာျဖစ္သည္။
ဂိမ္းေရာင္းအားအလိုက္ သူ႔ရဲ႕ဝင္ေငြကျမင့္မားသြားေပမည္။
ကုမၸဏီအလတ္စားျဖစ္တာေၾကာင့္ အရင္ဘဝကေလာက္မမ်ားေပမယ့္ နည္းသည္လည္းမဆိုႏိုင္ေပ။

ရတာႏွင့္ေရာင့္ရဲႏိုင္သူျဖစ္တာေၾကာင့္ သူ႔အတြက္က ဒီအလုပ္ကို ေလာေလာဆယ္ေကာ္ဖီဆိုင္အတြက္ လိုအပ္သည့္ေငြရရန္အတြက္သာ ကြၽမ္းက်င္ရာကိုစဥ္းစားလိုက္မိျခင္းေပ။

"ေသာ္ေသာ္ "

ေရွ႕မွ ထမင္းဗန္းကိုၾကည့္ကာ ငိုင္ေတြေနေသာ သူ႔ပုခုံးကို လေရာင္ဝန္းလာပုတ္မွ အသိဝင္လာေတာ့သည္။

"အင္း"

"စားေလ အတန္းမစခင္ အစာေၾက ေက်ာင္းတစ္ပတ္လမ္းေလွ်ာက္ရေအာင္"

"ေန႔တစ္ပိုင္းလစ္ရေအာင္ ငါတို႔လိုအပ္တာေတြျပင္ဆင္ရဦးမယ္ေလ"

"ငါတို႔ေသာ္ေသာ္ကတအားႀကိဳးစားတာပဲ
ဒါေပမယ့္ မင္းအတန္းေခၚခ်ိန္ျပည့္ပါဦးမလား!"

လေရာင္ဝန္းရဲ႕ ပါပီေပါက္စလိုမ်က္ဝန္းေတြကိုၾကည့္ကာ တည္တံ့ေသာ္ရယ္ခ်င္သြားသည္။
ဒီေကာင္ေလးသည္လည္း သူသြားရာလိုက္ သူလုပ္ခိုင္းသမွ်မၿငိဳမျငင္လုပ္ေပးေနေတာ့ အားနာမိ၏။

တည္တံ့ရဲ႕ ခြိခနဲရယ္မႈေၾကာင့္ လေရာင္ဝန္းအေငးသားျဖစ္သြားရသည္။
ေသာ္ေသာ္က ရယ္ရင္ပိုခ်စ္စရာေကာင္းတယ္!

"ဘာရယ္တာတုန္း"

"မင္းက ရယ္ရလို႔"

"ဟမ္??"

ေခါင္းေပၚတြင္ ေမးခြန္းအမွတ္အသားမ်ား ထြက္ေပၚလာအၿပီးတြင္မူ ေသာ္ေသာ့္ကိုနားလည္ဖို႔မႀကိဳးစားေတာ့ဘဲ ေရွ႕ကထမင္းကိုသာ ငုံ႔စားေနလိုက္ေတာ့သည္။

ေသာ္ေသာ္ကလည္း သူ႔ကိုဆက္မေျပာဘဲ ထမင္းဘဲစားသြားတာက္ို..။

ႏွစ္ေယာက္သား ေန႔လည္အတန္းပ်က္ၿပီး ဆ္ိုင္အျပင္အဆင္အတြက္ အခန္းျပင္ဆင္သည့္ဆားဗစ္ကိုသြားလိုက္ၾကသည္။

ဆိုင္ခန္းအေရာင္ရယ္ ထိုင္ခုံ စားပြဲဒီဇိုင္းေတြရယ္ေ႐ြးရာတြင္ ျပႆနာစၾကေတာ့တာပါပဲ။

တည္တံ့ေသာ္က သူ႔မူပိုင္အတိုင္း ခဲေရာင္ သို႔မဟုတ္ ဆင္စြယ္ေရာင္ ေတာအုပ္စိမ္းေရာင္လို အေရာင္မႈိင္းတာတစ္ခုခုကိုေ႐ြးခ်င္သည္။

လေရာင္ဝန္းကက် ဆိုင္ဆိုတာမ်ိဳးက လာသည့္ဧည့္သည္ေတြအတြက္စိတ္ေပ်ာ္႐ႊင္သည့္ခံစားခ်က္ကိုေပးႏိုင္သည့္အေရာင္ႏုလြင္တာမ်ိဳးကိုသုံးခ်င္သည္။
ဥပမာ ခရမ္းႏု ဒါမွမဟုတ္ အျပာႏုနဲ႔  သက္တံ့အႏုေရာင္လိုမ်ိဳးကိုသုံးခ်င္သည္။

"မင္းစဥ္းစားၾကည့္ လာကတည္းက အေမွာင္ဓာတ္ကိုေပးေနရင္ စိတ္ေတြထိုင္းမႈိင္းကုန္မေပါ့ ရည္းစားေတြဆိုလည္းျပတ္ခ်င္ကုန္ စာလာလုပ္တဲ့လူဆိုလည္း စာမလုပ္ဘဲအိပ္ခ်င္ကုန္မွာေပါ့"

လေရာင္ဝန္း၏ ဆရာႀကီးေလသံကို တည္တံ့ေသာ္ကေခါင္းရမ္းလိုက္ကာ..

"အေရာင္လြင္တာကေကာင္းေပမယ့္ တစ္ခ်ိန္တည္းမ်က္လုံးထဲေတာက္ေလာင္မေနဘူးလား ေကာ္ဖီဆိုင္ဆိုတာ ဆိတ္ၿငိမ္မႈကိုကိုယ္စားျပဳသင့္တယ္"

သူတို႔ႏွစ္ေယာက္ရဲ႕ ဆယ္မိနစ္စာျငင္းခုန္ေနျခင္းကို အေရာင္းဝန္ထမ္းေကာင္မေလးက မၿငိဳမျငင္ ေဘးနားမွာ ၿပဳံးၿပဳံးႀကီးရပ္ကာၾကည့္ေနေတာ့၏။

ႏွစ္ေယာက္စလုံးက ေခ်ာေမာတယ္ေလ!  ဝယ္သူေတြထဲဒီလိုၿပိဳင္စံရွားေခ်ာေမာမႈကိုေတြ႕ရတာက တစ္ႏွစ္မွာတစ္ခါေတာင္ျဖစ္ခဲတာမို႔ သူမသည္လည္းအငမ္းေကာင္းေနတာပင္။

ေနာက္ဆုံးတြင္ေတာ့ သီးသန္႔ခန္း၃ခန္းေလာက္ထည့္ကာ ထိုအခန္းေတြထဲတြင္ေတာ့ တည္တံ့ေသာ္အႀကိဳက္ နံရံကိုဆင္စြယ္ေရာင္ႏွင့္ခဲေရာင္ကိုေဖာက္ကာ ထိုင္ခုံမ်ားကိုေတာ့ ဆင္စြယ္ႏွင့္ ခဲေရာင္ဆိုဖာမ်ားထားမည္ျဖစ္သည္။

သာမန္ ျပင္ပဆ္ိုင္ခန္းတြင္ေတာ့ နံရံပန္းခ်ီဆြဲမည္ျဖစ္ကာ အျပာႏုေရာင္ေတာက္ပေနေသာေကာင္စကင္ေအာက္ လြင္ျပင္က်ယ္တြင္ ျမက္ခင္းစိမ္းမ်ားႏွင့္ အျခားအ်ရာင္ႏုမ်ားကိုသုံးကာ လြင္ေနေအာင္ေရးဆြဲမည္ျဖစ္သည္။

ခုံမ်ားကိုလည္း ဥတၱရအလင္းတန္းသဖြယ္ အေရာင္ႏုမ်ားျဖင့္မ်ိဳးစုံစီစဥ္ထားၿပီး အလွဓာတ္ပုံ႐ိုက္ရန္ေနရာမ်ားကိုပါ စီစဥ္မည္ျဖစ္သည္။

ထိုသို႔ဆုံးျဖတ္ခ်က္ခ်အၿပီး စရံေငြသတ္ကာ ျပန္လာခဲ့ၾက၏။
ႏွစ္ေယာက္သား ကားပတ္ေမာင္းဖို႔ေျပာေနၾကစဥ္တြင္..

တည္တံ့ေသာ္ရဲ႕ဖုန္းကျမည္လာရာ..

ႏြယ္တည္တံ့...?

"ေမာင္ေလး အခုအတန္းမွာလား?"

"မဟုတ္ဘူး မမ ဘာလို႔လဲ"

"ေမေမတို႔ျပန္လာမွာ ဒီေန႔ ေမာင္ေလးကိုႀကိဳေျပာထားတာ မမဖုန္းခ်လိုက္မယ္ေနာ္ အခုေလဆိပ္သြားတဲ့လမ္းမွာမို႔"

ဖုန္းက်သြားသည္အထိ တည္တံ့ေသာ္ သတိမဝင္ေသးေပ။
ကူးေျပာင္းလာတာ ​လပိုင္းမွ်ၾကာၿပီဆိုေပမယ့္  အသားက်ေနသည္လည္းမဟုတ္ေသးေပ...

မူလကိုယ္ရဲ႕မိဘေတြက သူ႔ကိုဘယ္လိုဆက္ဆံသလဲဆိုတာ ယခုအေျခအေနေတြႏွင့္ပင္ အတန္ငယ္မွန္းဆလို႔ရေနၿပီျဖစ္၏။

ဒါ့အျပင္ ထိုလူေတြေရွ႕ ဘယ္လိုေျပာဆိုဆက္ဆံရမလဲမသိေပ။

"က်စ္"

တည္တံ့ေသာ္ရဲ႕ စုတ္သပ္သံေၾကာင့္ လေရာင္ အေရွ႕ကိုၾကည့္ေမာင္းေနရာမွ သူ႔ဘက္လွည့္ၾကည့္လာကာ..

"ဘာလဲ ခုျပန္လာတဲ့လား?"

"မဟုတ္ဘူး ငါ့မိဘေတြျပန္ေရာက္မယ္တဲ့"

တည္တံ့ေသာ္၏အေၾကာင္းကို တစ္စြန္းတစ္စသိေနၿပီျဖစ္ေသာ လေရာင္က တည္တံ့ သူ႔မိဘေတြႏွင့္မေတြ႕ခ်င္မွန္းလည္းသိ၏။

သူ႔ရဲ႕ေသာ္ေသာ္ စိတ္မေပ်ာ္တာမ်ိဳးမျဖစ္ေစခ်င္တာေၾကာင့္...

"ငါ့အိမ္လိုက္ေနမလား ဒီေန႔"

"ေတာ္ပါၿပီ ေရွာင္ေနလို႔ျဖစ္တာမ်္ိုးမွမဟုတ္ ခဏေလွ်ာက္လိမ့္ၿပီး အတန္းခ်ိန္ဆင္းတာနဲ႔ကိုက္ၿပီး အိမ္ျပန္ရေအာင္"

"အိုေခ"

တည္တံ့ေသာ္ ျပတင္းအျပင္ဘက္ကိုၾကည့္ကာ ဒီကိစၥကိုဘယ္လိုကိုင္တြယ္သင့္လဲ သူ ဘယ္လိုသ႐ုပ္ေဆာင္သင့္လဲေတြးေနမိေတာ့သည္။

*************

တည္တံ့ေသာ္ကMCပါ ဆိုေပမယ့္ ဝႆာန္ကလည္းအေရးပါပါတယ္
#11/3/22

Continue Reading

You'll Also Like

3.5M 257K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
156K 4.9K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...