ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာဇ...

By May-MaRin-Kha2002

29.6K 2.3K 58

ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပွန်းပေါ့!! ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပ... More

(၁) Z/U
(၂) Z/U
(၃) Z/U
(၄)Z/U
(၅)Z/U
(၇)Z/U
(၈)Z/U
(၉)Z/U
(၁၀)Z/U
(၁၁)Z/U
(၁၂) Z/U
(၁၃)Z/U
(၁၄)Z/U
(၁၅)Z/U
(၁၆)Z/U
(၁၇) Z/U
(၁၈)Z/U
(၁၉)Z/U
(၂၀) Z/U
(၂၁)Z/U
(၂၂)Z/U
(၂၃)Z/U
(၂၄) Z/U
(၂၅) Z/U
(၂၆)Z/U
(၂၇) Z/U
(၂၈) Z/U
(၂၉) Z/U
(၃၀) Z/U
(၃၁)Z/U
(၃၂)Z/U
(၃၃)Z/U
(၃၄)Z/U
(၃၅) Z/U
(၃၆)ဇာတ်သိမ်းပိုင်း Z/U

(၆)Z/U

886 79 2
By May-MaRin-Kha2002

Zawgyi
_______







"ကောင်းပြီလေ "



"ဟုတ်ကဲ့အရှင်"

"နားလိုက်တော့"


**********



“ချန်ဖေး.. အရှင်ကကော”














"ကောင်းပါပြီ "





"ကောင်းပါပြီ "


TBC....

Unicode
________

ရှောင်းဟုန်စိတ်လှုပ်ရှားနေမိသည်။နေ့ခင်းကကြင်ယာတော်မြှောက်ပွဲက လဲအဆင်ပြေပြေနှင့်ပြီးသွားသည်လေပြီးတော့အမေတို့ကလဲရောက်လာပြီး ရှောင်းဟုန်အတွက်ဝမ်းသာကြောင်းပြောပြီးချက်ချင်းပြန်သွားကြသည်။
ဘယ်လိုပဲကိုယ်ဝန်ဆောင်နိုင်သည်ဆိုဆိုရှောင်းဟုန်ကယောက်ျားတစ်ယောက်ပဲလေ မိဖုရားတစ်ယောက်ရဲ့နေရာတော့မယူရဲ ရှောင်းဟုန်ထက်သင့်တော်မဲ့မိန်းမလှလေးရှိလာမှာပဲကို

“မအိပ်သေးဘူးလားဟုန်အာ”

ရှောင်းဟုန်အသံကြားတာကြောင့်မော့ကြည့်လိုက်သည်။

“ကိုယ်တော်ကမင်းအပေါ်ကအစကိုကိုယ့်ဟာကိုလှန်တင်မယ်ထင်နေတာ ”

ရှဲ့ဟန်က ရှောင်းဟုန်ရဲ့မျက်နှာကိုလက်ညိုးထိုးကာပြောလိုက်တော့ ရှောင်းဟုန်ရဲ့အသံသေးသေးလေးထွက်လာသည်။

"ရှောင်းဟုန်ကဓလေ့ကိုမပယ်ရဲပါဘူးဒါကြောင့်အရှင်ကပဲ
ဟို...ဒီအပေါ်ကခေါင်းဆောင်းကိုတင်ပေးပါလား"

"ကောင်းပြီလေ "

ရှဲ့ဟန်သူ့မျက်မှာကိုဖုံးကွယ်ထားတဲ့ပိတ်စလေးကိုလှပ်တင်လိုက်တော့ပေါ်လာ သည့်မျက်နှာရဲရဲလေး ရှက်နေပြီထင်၏။

"မင်္ဂလာသေရည်ကသောက်ဖို့မလိုတော့ဘူးထင်တယ်
ဟုန်အာ ဗိုက်ထဲကကလေးအတွက်စိတ်ပူလို့"

"ဟုတ်ကဲ့အရှင်"

"နားလိုက်တော့"

ရှောင်းဟုန်စောင်ကိုအရင်ခြုံပြီးသာအိပ်စက်လိုက်သည်။
အရှင်ကတော့သူ့ဘေးနားမှာထိုင်ကာသူ့ကိုငေးကြည့်နေသေးသည်ခနအကြာမှာတော့ကျောပြင်ဘက်ကနွေးထွေးမှုနှင့်အတူ ဂုတ်ပေါ်ကအသက်ရှုသံနွေးနွေးလေးက အရှင်သူ့ကိုထွေးပွေ့ထားသည်ဆိုသည့်သက်သေပင်....။
မြင်ချင်နေသည့်အရှင့်မျက်နှာရဲ့ အပြည့်အစုံကိုတော့ ရှောင်းဟုန် ထုတ်ပြခိုင်းဖို့မတောင်းဆိုရဲပါ.....။

**********

“နိုးလာပါပြီလားကြင်ယာတော်ရှောင်း ”

ရှောင်းဟုန် အိပ်ယာနိုးနိုးချင်းကြားလိုက်ရသည့်စစ်သူကြီးချန်ဖေးရဲ့အသံကြောင့်ဘေးကိုကြည့်လိုက်တော့အရှင်ကရှိမနေ လွှင့်နေသည့်လိုက်ကာအနီရောင်လေးကိုဖယ်လိုက်တော့
ခေါင်းငုံ့ ကာရပ်နေသည့်ချန်ဖေးကိုတွေ့လိုက်ရသည်။
စတွေ့တုန်းကကြောက်လန့်ခဲ့ပေမဲ့ ရှောင်းဟုန်ဒီမှာရောက်နေတဲ့ကာလလုံးသူက ရှောင်းဟုန်အတွက်အဖော်ကောင်းဖြစ်ခဲ့သည်လေ။အစစအရာရာကူညီပေးခဲ့သည့်ချန်ဖေးက ရှောင်းဟုန်ရဲ့မိတ်ဆွေ တစ်ယောက်လိုဖြစ်နေချေပြီ...

“ချန်ဖေး.. အရှင်ကကော”

“အရှင်ကစစ်ရေးလေ့ကျင့်ကွင်းသွားပါတယ် ”

ရှောင်းဟုန်ပြတင်းပေါက်ကနေတဆင့်အပြင်ကိုကြည့်လိုက်တော့မှုန်ပျပျ အလင်းရောင်ကိုသာတွေ့ရသည်။ဒီလောက်တောင်အစောကြီးကိုသွားတာလား။

“ရှောင်းဟုန်အရှင့်ဆီသွားချင်တယ်”

ချန်ဖေးကရှောင်းဟုန်ရဲ့ကလေးလိုအပြုအမှုကြောင့်ရယ်မောနေလေသည်။ပြီးနောက်မှာတော့ ရှောင်းဟုန်ရဲ့ကိုယ်ပေါ်ကိုတစ်ချက်ကြည့်ပြီး

“ကြင်ယာတော်အရင်ဝတ်ရုံတော်ကိုလဲသင့်ပါတယ် ”

ချန်ဖေးပြောလိုက်မှရှောင်းဟုန်သူ့ဝတ်စုံကိုငုံ့ကြည့်လိုက်တော့မနေ့ကမင်္ဂလာဝတ်စုံကိုမလဲရသေးသည်ကိုတွေ့လိုက်ရသည်ရှောင်းဟုန်ကချန်ဖေးကိုသွားတွေပေါ်အောင်ဟီးခနဲရီပြလိုက်တော့ ချန်ဖေးကသက်ပြင်းချကာအပျိုတော်တွေကိုခေါ်ပြီးရှောင်းဟုန်ကိုကိုယ်လက် သန့်စင်ပြီးအဝတ်လဲစေသည်။

“ရှောင်းဟုန်ကိုပေါ့ပေါ့ပါးပါးအဝတ်ပဲပေးပါ”

အပျိုတော်တွေကသူပြောတာကိုခေါင်းညိမ့်ပြီးခပ်ရှင်းရှင်း အဖြူရောင်ဝတ်စုံကိုသာယူလာခဲ့သည်။

“ကြင်ယာတော်ရဲ့ကိုယ်ကတအားသေးတာပဲ”

ဝတ်ရုံပြင်ဝတ်ပေးနေသည့်အပျိုတော်တစ်ယောက်ရဲ့စကားကြောင့် ရှောင်းဟုန်ပြုံးလိုက်သည်။

“ရှောင်းဟုန်ကကျန်းမာရေးမကောင်းဘူးလေ ငယ်ငယ်လေးထဲကချူချာတာ ”

ရှောင်းဟုန်ပြောလိုက်မှအပျိုလေးတွေကအော်ဟုဆိုပြီးပြောကာဝတ်ရုံကိုဆက်ပြင်နေလိုက်သည်။

“ဆံပင်ကိုအကုန်မစီးထားပဲရှောင်းဟုန်ကိုတစ်ဝက်ချပေးပါ”

"ကောင်းပါပြီ "

ရှောင်းဟုန်ရဲ့ဆံပင်တစ်ဝက်ကို အဖြူရောင်အစနှင့်ခပ်မြင့်မြင့်စည်းထားပြီးထိုအစလေးကလေတိုက်တိုင်းလွင့်ပါနေသည်မှာ ရှောင်းဟုန်ကိုပိုပြီးကြည့်ရတာ လှသလိုပင်

"ဆံထိုးက ဘယ်ဟာကြိုက်သလဲကြင်ယာတော် "

ရှောင်းဟုန်ကြည့်လိုက်တော့ စုံလင်နေတဲ့ဆံထိုးပေါင်းများစွာ ခေါင်းကိုသာအသာယမ်းခါပြီးမှန်ရှေ့ကထလာခဲ့သည်။
တံခါးကိုဖွင့်လိုက်တော့အရှေ့မှာသူ့ကိုစောင့်နေသည့် ချန်ဖေး

"ရှောင်းဟုန်ကိုအရှင့်ဆီပို့ပေးပါ "

"ကောင်းပါပြီ "

ဒီလိုနဲ့ကြင်ယာတော်လေးဟာမနက်စာပင်မစားတော့ပဲသူ့ဧကရာဇ် ဆီရောက်ဖို့တာဆူနေလေတော့သည်။

TBC....


Continue Reading

You'll Also Like

1.5M 183K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
72.5K 6.3K 17
#XingHo fanfic #Yaoi #Romance (1)
1.9M 331K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
65.1K 5.2K 4
ChanBaek mini story ( Complete )