Tao :အဲ့ဒီအချိန်မှာပဲ ငါ့ခေါင်းပေါ်ကို ဘာကြီးလဲမသိဘူး ပြုတ်ကျလာတယ်။ ငါလည်း သတိမေ့သွားတယ်။ သတိလည်း ရရော ငါ့ လက်ထဲမှာ ဒီ ဖားနှစ်ကောင်ရောက်နေတာပဲ ငါလဲကြောက်ကြောက်လန့်လန့် နဲ့ ဒီပြေးလာတာပဲ
Xiumin : အင်း အဲ့တာကတော့ ထူးဆန်းတယ် Yeol မင်း ဟိုတစ်နေ့က အိုးစည်ဗုံမောင်းသံတွေကြားတာမလား
Suho : အဲ့တာတွေကို ချုံကြည့်မယ်ဆိုရင်တော့ ငါတို့ပတ်ဝန်းကျင်မှာ လူတစ်စုရှိနေတာပဲ ဖြစ်ရမယ်
Kris : အင်း ငါလည်း အဲ့လိုပဲ ထင်တယ်
Suho : အဲ့တော့ ငါတို့ ဒီထက်ပိုပြီး သတိဝီရိယ ရှိရမယ်။ အခုည ကင်းစောင့်ရမယ်။ အခု ညဦးပိုင်းကို Sehun မင်း နဲ့ Luhan နဲ့ စောင့်ကွာ။ ညသန်းခေါင်ကို Kai နဲ့ D.O နဲ့ စောင့်ကြ။ အရုဏ်တက် အထိ ကျန်တာကို Tao နဲ့ Kris စောင့်ကြ။ ကျန်တဲ့သူတွေကတော့ နက်ဖြန်မှ စောင့်ကြပေါ့။
All : Nae
====================================
ညသည် ငွေလစန္ဒာ နှင့် ဖွားဖက်တော် ကြယ်တာရာတို့ဖြင့် ငြိမ်းချမ်းကြည်နူးမှု အဖြာဖြာ ထွန်းလင်းနေသည်။
တောင်ပေါ်ဒေသမို့ အချမ်းပိုလှသည်။
Kai နှင့် D.O တို့ခမျာ မီးပူပူကို အကူပြု၍ နွေးမှုကို ဖန်တီးကြရသည်။ မီးခိုးတလူလူ မီးပူပူ တို့ဖြင့် အေးသူကို နွေးစေသည်။
လရောင်ဖြူဖြူ နှင်းထူထူ ဖြင့် Kai တို့မှာ အအေးဒဏ်ကို မညှာတမ်းခံနေရသည်။
ညဥ့်ကား ပို၍ နက်လာသည်။
Kai က ဗိုက်ဆာလာသဖြင့် Tao ယူလာသော ဖားနှစ်ကောင်ကို မီးပူပူတွင် ကင်လေတော့သည်။
D.O က သစ်ပင်ရင်း ချုံတန်းဘေး၌ ကော်ဖီသောက်နေသည်။
ဖားကင်မှ အနံ့ ထွက်လာသည်။ ထိုအနံ့ကား ထူးဆန်းလှချေသည်။ အနံ့သည် အလွှန်မွှေးသည်။ သာမန် ဖားကင်နံ့ကား မဟုတ်။ ထူးတော့ထူးသည်။
ဖားကင်နေချိန်၌ ထူးဆန်းသော အသံများထွက်လာသည်။ အသံမှာ ချုံတိုးသံဖြစ်သည်။ ချုံပုတ်များအတွင်း တစ်စုံတစ်ခု ဖြတ်သန်းသောအခါ ထွက်သော အသံမျိုး။
အစကတော့ D.O တို့က သာမန်လေတိုးသံဟုပင်ထင်မှတ်ထားခဲ့သည်။
သို့သော် ..................
====================================
အား .......................................
D.O ဆီမှ အသံထွက်လာသည်။
Kai က အလန့်တကြား လှည့်ကြည့်လိုက်လေသည်။
မြွေကြီး။ ဧရာမမြွေကြီး။ နှစ်ချို့မြွေကြီး ပင်တည်း။
မြွေကြီးက D.O အား ရစ်ပတ်ထားချေပြီ။
Kai လည်း ရုတ်တရက်မို့ မှင်တက်သွားသည်။ ပြီးမှ အနီးဆုံး ရှိ ဓားမြှောင်ကို ယူကာ လှမ်းပေါက်လိုက်လေတော့သည်။
====================================
ဒုတ် ..................
D.O : အား ...........................
D.O ကား လဲကျသွားချေပြီ။
ကျန်လူများ နိုးလာပြီး ရွက်ဖျင်တဲမှ ထွက်လာကြသည်။
Tao : အမလေး။
အားလုံး မြင်တွေ့လိုက်ရသည့် မြင်ကွင်းကား
D.O ခန္ဓာကိုယ်တွင် သွေးများစွန်းထင်လျက် လဲကျနေသည်။
မြွေကြီးလည်း လဲကျနေသည်။
====================================
Chen : အမလေး D.O hyung ရယ် ငါတို့ကို ထကြည့်ပါဦး
Baekhyun : မင်း ပြောတော့ ငါတို့ကို တစ်သက်မခွဲဘူးဆို။ ခုတော့ ...............
Luhan : မင်းရဲ့ မျက်လုံးပြူးပြူးလေးတွေနဲ့ ငါ့ကို ထကြည့်ပါဦးကွ
အားလုံး ငိုကြွေးနေကြသည်။ အရူးပမာ
Chanyeol : မင်းသာအသက်ပြန်ရှင်မယ်ဆို ငါ့အစ်မနဲ့ ပေးစားပါ့ကွာ။ D.O ငါ့ကို ထကြည့် ...............
D.O : hyung nim တကယ်လား!
D.O က ရုတ်တရက် ထလာသည်။
Lay : အမလေး သရဲ သရဲ .........
Tao က ထွက်ပြေးလေသည်။
D.O : ဟ ငါ သရဲ မဟုတ်ပါဘူးကွ
Kai : မင်းဒီလောက် သွေးတွေ ထွက်နေတာတောင် မသေဘူးဆိုတော့ ...... မင်း ငါ့သူငယ်ချင်း မဟုတ်ဘူး ...... ဖုတ် ... ဖုတ် ။ ။
D.O : ဟာဗျာ HYUNG ကလည်း ကျွန်တော်မသေပါဘူးဆိုမှ သွေးတွေ ဘယ်က ထွက်နေတာလဲဆိုတာ ကြည့်လိုက်ဦး
D.O က မြွေကြီးကို ထိုးပြသည်။
ဟုတ်ပ။ Kai ပေါက်လိုက်သော ဓါးမြှောင်စည် မြွေ၏ ချက်ကောင်းကို စိုက်ဝင်နေသည်။
ထိုအခါမှ ငိုရခက် ရယ်ရခက် ဖြစ်လေတော့သည်။
အားလုံး တဲထဲပြန်ဝင်သွားကြပြီး Tao တို့ ကင်းဆက်စောင့်သည်။
Tao'pov : ဖား ကို ကင်ပြီး မြွေ ထွက်လာတာ။ ဖားက ငါ သတိပြန်လည်တော့ လက်ထဲရောက်နေတာ။ အင်း ...... စဉ်းစားစရာပဲ။
မီးပုံမှ မီးက အရှိန်မြင့်မြင့်ဖြင့် လောင်ကျွမ်းလျက်ရှိနေသည်။
TBC