သို့....မာလီပါး [Complete]

By _nayyyyy_

14.8K 1K 322

တိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်... More

Intro
PART - 1{မာလီပါး (ခေါ်) ဒုတိယ မကာအို}
PART - 2{မာလီပါး၏ဖခင်ကြီး}
PART - 3 (U/Z)
PART - 4 (U/Z)
PART - 5 (U/Z)
PART - 6 (U/Z)
PART - 7 (U/Z)
PART - 9 (U/Z)
PART - 10 (U/Z)
Ans
Photos Collection
PART - 11 (U/Z)
PART - 12 (U/Z)
PART - 13 (U/Z)
PART - 14 (U/Z)
PART - 15 (U/Z)
PART - 16 (U/Z)
PART - 17 (U/Z)
PART - 18 (U/Z)

PART - 8 {နဝတ/နအဖ အဖွဲ့နှင့် ကိုးကန့်အရေးအခင်း}

420 45 26
By _nayyyyy_

(Uni)

(နဝတ/နအဖ အဖွဲ့ပေါ်ပေါက်လာပုံ၊အကြမ်းဖက်မှုများနှင့်၊ဖိအားပေးမှုများကြောင့်ဖြစ်ပေါ်လာခဲ့သည့် အရေးအခင်းများ)

၁၉၈၈၊ဇွန်လအတွင်း နိုင်ငံတဝန်းဆန္ဒပြမှုများပေါ်ပေါက်နေချိန်....

၁၉၈၈၊ဇူလိုင်လ၂၃ရက်၌ပြုလုပ်ခဲ့သည့်
ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(BBSP)၏
အရေးပေါ်ပါတီညီလာခံ၌ ပါတီဥက္ကဌ
ဦးနေဝင်းနှင့်သမ္မတဦးစန်းယုတို့သည် ရာထူးမှအသီးသီး နုတ်ထွက်ခဲ့ကြပြီးနောက် သမ္မတနှင့်ပါတီဥက္ကဌနေရာအတွက် ဦးစိန်လွင်ကိုခန့်အပ်ခဲ့ကြသည်။

၁၉၈၈၊ဩဂုတ်၈တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌လူထောင်ပေါင်းများစွာပါဝင်ခဲ့သည့်ဆန္ဒပြပွဲကြီးဖြစ်ပေါ်ခဲ့ပြီး ထိုကဲ့သို့သောဆန္ဒပြပွဲများသည် နိုင်ငံတစ်ဝန်း၌ပေါ်ပေါက်ခဲ့သည်။

ထိုဆန္ဒပြပွဲများကို တပ်မတော်ကအကြမ်းဖက်နှိမ်နင်းခဲ့သောကြောင့် လူရာနှင့်ချီသေဆုံးခဲ့ရသည်။

ထို့နောက် ဩဂုတ်(၁၃)၌သမ္မတရာထူးမှ ဦးစိန်လွင်နုတ်ထွက်ကြောင်း မြန်မာ့အသံမှကြေညာခဲ့ပြီး ဒေါက်တာမောင်မောင်ကိုသမ္မတအသစ်ခန့်အပ်ကာ ရန်ကုန်မြို့တွင်ချထားသည့်တပ်များကိုပြန်လည်ရုတ်သိမ်းခဲ့သည်။

သို့ပါသော်လည်း ပြည်သူလူထု၏ဆန္ဒပြမှုများမှာရပ်တန့်မသွားဘဲ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ရပ်ဆိုင်းနေခဲ့ရသည့်အတွက် အကြမ်းဖက်မှုများပြန်လည်ပေါ်ပေါက်လာခဲ့သည်။

၁၉၈၈၊စက်တင်ဘာ၁၈ရပ်၌ တပ်မတော်က
ရန်ကုန်မြို့အတွင်းသို့စစ်ဆင်ရေးပုံစံဖြင့်
ဆန္ဒပြသူများအား ဝင်ရောက်အကြမ်းဖက်နှိမ်နင်းခဲ့ပြီး အာဏာသိမ်းယူခဲ့သည်။ထို့နောက်

"ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာမဖြစ်စေရန် တပ်မတော်က အာဏာသိမ်းလိုက်ရခြင်းဖြစ်ကြောင်း"

တပ်မတော်ကထုတ်ပြန်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး
စောမောင်ဦးဆောင်သည့်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)
ကိုဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးခေါင်းဆောင်ပိုင်းကို အဓိက ခေါင်းဆောင်ငါးဦးဖြင့်ဖွဲ့စည်းထားပြီး

ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးစောမောင်၊
ဒုဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ
အဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်မောင်အေး၊
အတွင်းရေးမှူး-၁ ဗိုလ်မှူးချုပ်ခင်ညွန့်၊
အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီးတင်ဦး
တို့ဖြစ်သည်။

၁၉၉၂၊ဧပြီလအတွင်း နဝတအစိုးရအတွင်း အာဏာအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး
ဧပြီ၂၃ရက်တွင် နဝတအစိုးရအဖွဲ့ဥက္ကဌ
ဦးစောမောင်ကရာထူးမှအနားယူပြီဖြစ်ကြောင်းကြေညာလိုက်ကာ ဗိုလ်ချုပ်ကြီးသန်းရွှေက၎င်းနေရာကိုဆက်ခံခဲ့သည်။

၁၉၉၇ခုနှစ်နိုဝင်ဘာ၌ နဝတအစိုးရကို

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရ (နအဖ)
အဖြစ်အမည်ပြောင်းခဲ့သည်။

၂၀၀၁ခုနှစ်၊ဖေဖော်ဝါရီ၁၉ရက်နံနက်ပိုင်းတွင် နအဖ အစိုးရအဖွဲ့အတွင်းရေးမှူး(၂)ဗိုလ်ချုပ်ကြီးတင်ဦးလိုက်ပါလာသည့် ရဟတ်ယာဉ်သည် ဘားအံမြို့အနီး သံလွင်မြစ်အတွင်းသို့ပျက်ကျခဲ့ပြီး ၎င်းနှင့်အတူ ဗိုလ်ချုပ်
သီဟသူရစစ်မောင်၊ဗိုလ်မှူးချုပ်လွန်းမောင်တို့အပါအဝင်(၁၄)ဦးခန့်သေဆုံးခဲ့သည်။

၂၀၀၄ခုနှစ်၊‌ အောက်တိုဘာ၁၈ရက်တွင်
‌တပ်မတော်ထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲဖြစ်သူနှင့် ဝန်ကြီးချုပ်ဖြစ်သူဗိုလ်ချုပ်ခင်ညွန့်ကို ရာထူးမှဖယ်ရှားခဲ့ပြီး
ထောက်လှမ်းရေးအဖွဲ့ကိုလည်းဖျက်သိမ်းခဲ့သည်။

၂၀၀၇ခုနှစ်အတွင်းသံဃာတော်များ၏ ရွှေဝါရောင်အရေးအခင်းပေါ်ပေါက်လာခဲ့ပြီး ယင်းအရေးအခင်းသည် မြို့ကြီးအချို့ကိုပြန့်နှံ့ခဲ့ကာ နအဖအစိုးရ၏ အင်အားသုံးဖြိုခွဲခြင်းကိုခံခဲ့ရသည်။

ထို့နောက်၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကိုအတည်ပြုပြီးနောက် နအဖအစိုးရသည် အပစ်အခတ်ရပ်စဲထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ်အသွင်ပြောင်းရန် ဖိအားပေးခဲ့ခြင်းကြောင့် ထိုလက်နက်ကိုင်အဖွဲ့များနှင့် ၂၀၀၉ခုနှစ်အတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့လေသည်။

ကိုးကား -
-ispmyanmarpeacedesk
-နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ဆောင်ရွက်ချက် သမိုင်းဝင်မှတ်တမ်း
(၁၉၉၈ခုနှစ်မှ ၁၉၉၁ခုနှစ်)

**********

၂၀၀၉ခုနှစ်၊ကိုးကန့်အရေးအခင်း

၂၀၀၉ခုနှစ်တွင်ဖြစ်ပွားခဲ့သော ဖုန်ကြားရှင်
နှင့်နအဖအစိုးရတို့၏ တိုက်ပွဲတွင်
ဖုန်ကြားရှင်နှင့်သူ၏လက်ထောက်
ပယ်ဆောက်ချိန်(Bai SuoCheng)
(ပိုင်ဆုံချိန်)တို့၏ ပဋိပက္ခများကလည်း
တစ်စိတ်တစ်ဒေသပါဝင်ခဲ့လေသည်။

၁၉၉၂ခုနှစ်တွင်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)မှ ရန်မိုးလျံ
အားထုတ်ပယ်ရာတွင် ဖုန်ကြားရှင်ကို
ပယ်ဆောက်ချိန်က အကူအညီပေးခဲ့သည်။

သို့ပါသော်လည်း နောက်ပိုင်းတွင်
ပယ်ဆောက်ချိန်သည် မြန်မာအစိုးရ၏ အကူအညီဖြင့် ဖုန်ကြားရှင်အားဖယ်ရှားရန်ကြိုးပမ်းလာတော့သည်။

၂၀၀၉ခုနှစ်အတွင်း(၃)ရက်အကြာဖြစ်ပွားခဲ့သောကိုးကန့်အရေးအခင်း၌
ဖုန်ကြားရှင်အားဖယ်ရှားရန်တပ်မတော်နှင့် မဟာမိတ်ပြုခဲ့ကြလေသည်။

၂၀၀၉ခုနှစ်တွင် တပ်မတော်၏ထိုးစစ်ဆင်မှုကြောင့် ဖုန်ကြားရှင်အဖွဲ့အရေးနိမ့်ခဲ့ပြီး
ကိုးကန့်ဒေသကိုလက်လွှတ်၍ သမက်ဖြစ်သူဦးစိုင်းလင်းရှိရာမိုင်းလားမြို့တွင်ခိုလှုံခဲ့သည်။

ထို့နောက်မိုင်းလားတွင် ကိုးကန့်တပ်ဖွဲ့ကိုပြန်လည်စုစည်းကာ ၂၀၁၃ခုနှစ်တွင်သံလွင်မြစ်အနောက်ခြမ်း၌ ပြန်လည်လှုပ်ရှားလာပြီး ၂နှစ်အကြာ ၂၀၁၅မှာတော့ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

(Note- မိုင်းလားက ဖုန်ကြားရှင်သမက်
ဦးစိုင်းလင်းတို့အဖွဲ့(NDAA)တပ်စွဲရာဒေသပါ။ဖုန်ကြားရှင်က (MNDAA)ပါ။
သူ့သားမက်က(NDAA)ဥက္ကဌပါ။
ကိုးကန့်ကို အထူးဒေသ(၁)လို့ခေါ်ပြီး
မိုင်းလားကိုအထူးဒေသ(၄)လို့လည်းခေါ်ကြပါတယ်။
မိုင်းလားက ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံခရိုင်မှာရှိပါတယ်။
၁၉၈၉ခုနှစ်မှာ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး အပစ်ခတ်ရပ်စဲပြီး နှစ်(၃၀)အတွင်းမှာဒီ မိုင်းလားမြို့ကိုတည်ထောင်ခဲ့ကြတာပါ။
မိုင်းလားက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းနဲ့ တရားမဝင် တိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားရေးမှာနာမည်ကြီးပါတယ်။ပြီးတော့ မိုင်းလားမြို့မဈေးကြီးနားက "နတ်သမီးလမ်း"ဆိုတာ နာမည်ကြီးဗျ။)

ထိုကာလက ကိုးကန့်ဒေသထိုးစစ်တွင်စစ်ဆင်ရေးအထူးအဖွဲ့မှူးရာထူးဖြင့်ဦးဆောင်ခဲ့သူမှာ ယခုလက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။

ဖုန်ကြားရှင် မိုင်းလားတွင်ခိုလှုံနေချိန်တွင်
ပယ်ဆောက်ချိန်သည် အစိုးရတပ်၏လက်အောက်ခံနယ်ခြားစောင့်တပ်နှင့် ကိုးကန့်ဒေသ၏အကြီးအကဲဖြစ်လာခဲ့သည်။

တပ်မတော်ဘက်မှလည်း ကြွင်းကျန်သောMNDAAတပ်ဖွဲ့အား ပယ်စောက်ချိန်၏ ဦးစီးမှုအောက်ရှိ နယ်ခြားစောင့်တပ်အဖြစ်အသိအမှတ်ပြုခဲ့သည်။

၂၀၁၀ခုနှစ်၊အထွေထွေရွေးကောက်ပွဲတွင် ပယ်ဆောက်ချိန်သည် ကိုးကန့်မဲဆန္ဒနယ်အမှတ်(၂)ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည်။

ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥက္ကဌဖြစ်လာခဲ့သည်။
သူ၏အုပ်ချုပ်မှုအောက်တွင် ကိုးကန့်ဒေသသည် မူးယစ်ဆေးနှင့် ‌လက်နက်ရောင်းဝယ်မှုများကြောင့် ထပ်မံကျော်ကြားလာခဲ့သည်။

-ဦးပယ်ဆောက်ချိန်
-အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
-ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးဥက္ကဌ
-(၃၁.၁.၂၀၁၁ မှ ၂၉.၁. ၂၀၁၆ထိ)

*******

လူများစည်ကားနေသောဆိုင်တစ်ဆိုင်ထဲ၌

"ဆိုတော့ကွာ ဦးပယ်ဆောက်ချိန်က ခုလက်ရှိမှာ ကိုးကန့်ရဲ့ခေါင်းဆောင်ဖြစ်နေပြီလေ။
ဖုန်ကြားရှင်ဆိုတာကလည်း ခုချိန်မှာဘယ်ဆီရောက်လို့ ဘယ်သောင်တင်နေမှန်း‌တောင်မသိဘူး။၂၀၀၉အရေးအခင်းတုန်းကလည်း
အဲ့ကိစ္စနဲ့ပတ်သက်ပြီး (ဒကစ) မှူးဗိုလ်မှူးချုပ်ဝင်းမောင် အရေးယူခံလိုက်ရသေးတယ်မလား..."

"အဲ့လိုအရေးယူပြီး နောက်ပိုင်းကျတော့တောင်လိုလိုမြောက်လိုလိုဖြစ်သွားတာမလား။ဒါနဲ့လေ ဦးပယ်ဆောက်ချိန်က လူရှေ့သူရှေ့လည်းသိပ်မထွက်တတ်ဘူး‌ နော်။ဒီဒေသရဲ့ လူကြီးသာပြောတာသူ့ကိုမမြင်ဖူးတဲ့လူတွေမှအများကြီးပဲ"

"အေး အဲ့လိုလူမသိသူမသိနေတာတောင်
တစ်ခါလုပ်ကြံခံရသေးတယ်မလား"

"အေးအေး ငါကြားမိတယ်။ဘယ်လောက်မှမကြာသေးဘူးထင်တယ်။"

အားရပါးရပြောနေပါသောယောက်ျားကြီးနှစ်ဦး။

ထိုလူကြီးနှစ်‌ယောက်အားကြည့်ကာ တစ်ခြားဝိုင်းမှလူများ‌ကတော့ ဆိုင်ထဲလာပြီး
နိုင်ငံရေးလာပြောနေကြတယ် ဆိုသည့်ပုံစံဖြင့် နှာခေါင်းရှုံ့ကြလေသည်။

တချို့ကလည်း ထိုလူကြီးနှစ်ယောက်ပြောနေကြသည့်စကားများအား စိတ်ဝင်တစားနားထောင်နေကြသလို တချို့က‌တော့မသိမသာ အကဲခတ်၍နားထောင်နေကြလေသည်။

"အေ ၂၀၁၂ မတ်လလောက်ကလေ။
ခုက၂၀၁၃ဒီဇင်ဘာဆိုတော့....အင်းးး
နှစ်နှစ်တောင်ရှိတော့မယ်ကွ။အဲ့တုန်းကလည်း ကံကောင်းလို့နော်သူဘာမှမဖြစ်သွားတာ"

"ဘယ်သူလုပ်တာလဲဆိုတာရော သိကြလား"

"သေချာမသိရပါဘူးကွာ။တချို့တွေကလည်း ဖုန်မျိုးနွယ်ဘက်ကလို့ပြောကြတာပဲ။တချို့ကလည်း စစ်တပ်ဘက်ကလို့ပြောတာပဲ။ဒါပေမယ့် ငါကတော့စစ်တပ်လို့မထင်ဘူး။
ဘာလို့ဆို ပယ်ဆောက်ချိန်နဲ့ စစ်တပ်နဲ့ကအဆင်ပြေနေကြတာပဲလေ...မဟုတ်ဘူးလား"

".........."

အင်္ကျီအဖြူထောင်ထောင်မောင်းမောင်းနှင့်လူကြီးကပြောတော့ တစ်ဖက်ကလူကပြန်မပြောတော့။တစ်ခုခုကိုတွေးတောနေဟန်ဖြင့်သာ တိတ်ဆိတ်နေလေသည်။ထို့ကြောင့် အဖြူနှင့်လူကြီးက စကားဆက်လေရဲ့။

"ပယ်ဆောက်ချိန်ကလည်းမလွယ်ဘူးကွ။စီးပွားရေးကလည်း အသေလုပ်တဲ့အပြင်
လွှတ်တော်အမတ်လည်းဖြစ်နေပြန်တယ်။
ဒါတင်ဘယ်ကမလဲ......စစ်တပ်ကလည်း
သူ့ကိုဒီဒေသမှာ လုပ်ပိုင်ခွင့်တွေအပြည့်ပေးထားတာဆိုတော့ပိုဆိုးတယ်။အခုလည်းကြည့်....ယူနန်နယ်က လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး စီးပွားရေးဇုန်ထောင်ဖို့ကြံနေတယ်လို့သတင်းတွေထွက်နေတယ်မဟုတ်ဘူးလားကွ"

"အင်း"

"ငါတို့ကိုးကန့်ဘက်မှာ လူတိုင်းက တရုတ်ငွေကိုင်တာကိုပဲကြည့်။အဲ့တာက ဒီမြေမှာတရုတ်ကလွှမ်းမိုးမှုများနေတယ်ဆိုတဲ့သဘောပဲလေ။
နယ်စပ်တိုင်းကိုကြည့်လိုက်...
သူတို့နိုင်ငံကပိုက်ဆံတွေကကြီးစိုးနေပြီး
ငါတို့က ကိုယ့်နိုင်ငံထဲမှာတောင် ကိုယ့်မြန်မာငွေကိုင်သုံးလို့မရတဲ့ အခြေအနေလေ။မဟုတ်ဘူးလား...ပြီးတော့
ဒီနယ်မြေသာတည်ငြိမ်အေးချမ်းမယ်ဆိုရင် တရုတ်လုပ်ငန်းရှင်အသေးစားနဲ့ အလတ်စားတွေက အများကြီးလာရင်းနှီးမြှပ်နှံကြလိမ့်မယ်လို့လည်း လူတွေကတွေးနေတာကွ။"

"အင်း"

ပထမက နှစ်ယောက်သားတန်းတူပြောနေသော်လည်း နောက်ပိုင်းမှာတော့ အဖြူနှင့်လူကြီးကသာ ဦးဆောင်ပြောသူဖြစ်သွား၍ ကျန်လူကြီးကတော့ နားထောင်သူသက်သက်သာဖြစ်သွားလေသည်။

"ပြီးတော့ပယ်ဆောက်ချိန်ဦးဆောင်တဲ့ ကိုးကန့်အုပ်ချုပ်ရေးဌာနနဲ့ ပယ်ဆောက်ချိန်ပိုင်တဲ့ ကုမ္ပဏီလက်တွဲပြီးအကောင်အထည်ဖော်ကြမယ့် စီးပွားရေးဇုန်ကိစ္စကလည်းတကယ်သာဖြစ်သွားကြည့် ......ဒေသခံတွေဘယ်လောက်တောင်အကျိုးအမြတ်ရှိလိုက်မလဲ "

"အင်းဒါနဲ့ ဖုန်ကြားရှင်ကိစ္စကကွာ....
ဗကပသမိုင်းကိုကြည့်လိုက်ရင် တရုတ်အစိုးရက နယ်စပ်လက်နက်ကိုင်အဖွဲ့တွေကို
လျစ်လျှုရှုထားတာကို တွေ့ရမယ်။"

"အင်း"

"ဆိုတော့ တရုတ်အစိုးရရဲ့အကူအညီကိုလိုနေတဲ့ ဖုန်ကြားရှင်အဖွဲ့က ပြည်တွင်းမှာ
စေ့စပ်ဆွေးနွေးဖို့လုပ်တဲ့အခါ အခက်အခဲရှိနိုင်တယ်မလား"

"အင်း ငါ့အထင်ကတော့ စစ်တပ်ကညှိနှိုင်းဖို့အခြေအနေပေးရင်တောင် သူတို့နှစ်ဖက်ကပြေလည်ကြမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့
ဖုန်အဖွဲ့ဘက်ကလည်း ညှိနှိုင်းပြီဆိုမှတော့ တောင်းဆိုချက်‌တွေလာတော့မယ်ကွာ။
အဲ့အခါကျရင် သူတို့နယ်မြေကိုလွတ်လပ်စွာအုပ်ချုပ်ခွင့်ပြန်ပေးတို့၊သူတို့ရဲ့လုပ်ပိုင်ခွင့်‌တွေကိုပြန်ပေးတို့ အဲ့လိုတွေတောင်းဆိုလာကြမှာ။
အဲ့အခါကျရင်ရော စစ်တပ်ကပေးမှာတဲ့လား။သူတို့ရဲ့စစ်သားတွေကို အသေခံတိုက်ခိုင်းပြီးသိမ်းထားတဲ့ဒေသလေ။"

အဖြူနှင့်လူကြီးက ပယ်ဆောက်ချိန်အကြောင်းပြောနေချိန် ကျန်လူကြီးက ဖုန်ကြားရှင်အကြောင်းပြောချလာသည်မို့ အဖြူနှင့်လူကြီးကသိပ်တော့ ကျေနပ်ပုံမပေါ်။

အင်တင်တင်နှင့်သာနားထောင်နေလေသည်။
ထို့နောက်တော့ ဈာန်ပြန်ဝင်လာသည်ထင်ပါရဲ့ အားရပါးရပြောချလာလေသည်။

".........."

"ပြီးတော့စစ်တပ်က ကြားကောင်းအောင်လို့တော့ ပေးပါလိမ့်မယ်..ကိုယ်ပိုင်အုပ်ချုပ်ခွင့်။
ဒါပေမယ့် အဲ့လိုပေးထားလည်းခုလက်ရှိမှာသူတို့ပဲ လက်ဝါးကြီးအုပ်ထားကြတလေ...
အေ ဖုန်အဖွဲ့ကလည်းအဲ့တာကိုမလိုတာ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုကတည်းက
သူတို့ခြေသူတို့လက်ပဲဖြစ်ချင်ကြတာ။
အဲ့တာကိုစစ်တပ်ကမပေးတော့ တိုက်ပွဲတွေကအဆုံးမသတ်နိုင်တာပေါ့"

"အင်း"

"ပြီးတော့၂၀၁၂တုန်းက ဖုန်ကြားရှင်အဖွဲ့က
ဗမာအစိုးရနဲ့ဆွေးနွေးချင်တယ်ဆိုတာကို
သျှမ်းသံတော်ဆင့်ကိုအကြောင်းကြားဖူးတယ်မလား"

"အင်း နောက်ပိုင်းတော့ငါမကြားမိဘူး။ဘာဖြစ်သွားလဲ အစိုးရကလက်ခံလိုက်လား။"

"လက်မခံလို့နေမှာပေါ့ကွ။အခုချိန်ထိ ဘာမှမထူးခြားသေးတာကိုပဲကြည့်ပါ့လား....သူတို့က...."

နိုင်ငံရေးအကြောင်းအတောမသတ်စွာပြောနေကြသည့် လူနှစ်ဦး.....

ထိုသို့ပြောနေသည့်လူနှစ်ဦးအား ‌ထောင့်ကျသည့်ဝိုင်းနားမှထိုင်ကာ ကြည့်နေပါသောအမျိုးသားနှစ်ယောက်
ထိုလူကြီးများ၏အသံက ကျယ်လှသည်မို့ သူတို့ကောင်းစွာကြားနေရလေသည်။

နှစ်ယောက်လုံးသည်ထိုလူကြီးများအားကြည့်ကာ
သူတို့ပြောသွားသည့် စကားများ၏ အဓိပ္ပာယ်အားသေချာတွေးတောနေကြလေသည်။

သူတို့ပြောသွားသည့်စကားများကလည်းမှန်လှသည်။စစ်ဒဏ်ခံနေရသည့်ကြားထဲကပင် လောက်ကိုင်သည် တိုးတက်လွန်းလှသည်။

စစ်ဒဏ်သာမခံခဲ့ရလျှင် ဘယ်လောက်တောင်တိုးတက်မည်မသိ။
ခုလက်ရှိတောင် တိုင်းပြည်ရေးအခြေအနေကဘာမှန်းမသိ။သူများရပ်ရွာဒေသတွေကသာအေးချမ်းပေမယ့် သူ့တို့ဘက်ကတော့မအေးချမ်း။

ကျီးလန့်ကျီးစား နေရ၊စားနေရတဲ့ဘဝ။
အခြေအနေတွေကလည်း တော်ကြာကောင်းလိုက်၊မကောင်းလိုက်နှင့်.....

ပြီးတော့ ညှိနှိုင်းဆွေး‌နွေးရေး။
သူတို့သာအဆင်မပြေကြရင် ဒီဒေကတော့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဦးမှာပင်...

နိုင်းဘေးဘီကိုကြည့်မိတော့
ထိုလူကြီးနှစ်ယောက်ပြောမည့်စကားများကို စိတ်ပါဝင်စားစွာနားထောင်နေကြသည့်လူများလည်းရှိကြသည်။

လက်ဖက်ရည်ဆိုင်ဖြစ်သည်မို့ထင်ပါရဲ့။လူကလည်းစုံလှသည်။

တရုတ်ဆိုင်တွေပေါများသည့် ကြားထဲမှာမှ မြန်မာဆိုင်လေးငါးဆိုင်ကရှားရှားပါးပါးရှိနေခြင်း။

ထိုထဲမှာမှ
ဤ "အလင်းရောင်"ဆိုသည့် ဆိုင်ကတော့
မြန်မာလက်ဖက်ရည်ဆိုင်ဖြစ်ကာ အီကြာကွေး၊စမူဆာ၊ပဲပြုတ်၊ထမင်း‌ကြော်၊မုန့်ဟင်းခါး အစုံရလေသည်။

ထိုသို့ဆိုင်များရှိခြင်းကသာအဆင်ပြေပါသည်။မဟုတ်လျှင်သူတို့အတွက်က မနက်စာ စားစရာမရှိ။

မိသားစုရှိသူများက အိမ်ကပြင်ဆင်ပေးပေမယ့် သူတို့လိုတစ်ကောင်ကြွက်များကတော့ မနက်စာကို ထိုကဲ့သို့သာနှစ်ပါးသွားရလေသည် ။

တစ်ခြားဆိုင်များကတော့ တို့ဖူးနွေး၊ရေစိမ်၊ရှမ်းခေါက်ဆွဲစသည်တို့ကိုသာရောင်းချကြသည်မို့ နိုင်းနှင့်ကီးမကိုက်လှ။

နိုင်းမနက်ပိုင်းဆိုလျှင် ထိုအစားအစာများကိုမစားတတ်ပေ။ညနေဘက်တွေဘာတွေစားလို့အဆင်ပြေပေမယ့် မနက်ပိုင်းတော့လုံးဝ
မရ။လက်ဖက်ရည်နှင့် အီကြာကွေး လောက်စားရမှသာ နိုင်းဗိုက်ကအနေတော်ဖြစ်သည်။

ဈေးကြီး၍ မဝယ်စားနိုင်၊မပေးနိုင်မှာလည်းပူစရာမလို။
ဒီဒေသက ငွေရှာရလွယ်သလို၊ငွေထွက်ရန်လည်းလွယ်၏။

*တရုတ်စကားသာ တတ်ရင် အရာရာဟာကိုယ့်အတွက်နိဗ္ဗာန်ကြီးပါပဲ* ဟုဆိုသည့် နိုင်း၏လက်သုံးစကားလိုပေါ့။

တရုတ်စကားသာတတ်ရင် ငွေဆိုတာ ဟော‌ခနဲဟောခနဲတောင်ဝင်လာနိုင်လေသည်။

ငွေသာရှိရင် ဘယ်သွားမလဲ...
ကာစီနိုဝင်မလား၊ဟိုတယ်သွားမလား၊
မာဆတ်ဝင်မလား၊
ညငှက်ကလေးတွေခေါ်မလား၊
လောက်ကိုင်မြို့ကိုတစ်ပတ်ပတ်မလား...
စိတ်ကြိုက်လုပ်လိုက်စမ်း။

ငွေရှိတာနဲ့ အဲ့တာတွေပဲလုပ်စရာရှိတာလားလို့တော့မမေးကြနဲ့။

လောက်ကိုင်ဆိုတာ
အဲ့လိုမြို့ပဲလေ။အဲ့တာ‌တွေပဲရှိတာကိုး။
အဲ့တော့....
အဓိက ကတရုတ်စကားပြောတတ်ဖို့ပဲ။
အဲ..တရုတ်စကားမတတ်ရင်တော့ တစ်မျိုးပေါ့နော်။

နိုင်းအတွေးထဲမှထွက်လာချိန်သည့်တိုင်
ထိုလူကြီးတွေက စကားပြောမပြီးကြသေး။

ထို့ကြောင့်နိုင်းတချက်ရယ်မိကာဘေး၌ထိုင်နေသည့်လူထံသို့ကြည့်မိတော့
ထိုလူကလည်း နိုင်းကဲ့သို့ပင်အတွေးများနေပုံရပါရဲ့။
ထိုပြောနေသည့် လူနှစ်ဦးအားကြည့်နေ‌လေသည်။

နိုင်းထိုလူများအပေါ်အာရုံရောက်နေသည့် ရှင်းအားသေချာကြည့်မိသည်။
ယခင်နေ့များနှင့်ဆန့်ကျင်စွာ maskမတပ်ဘဲ ဦးထုပ်သာဆောင်းလာသည်မို့ မြင်နေရသည့်မျက်နှာချောချောက ထင်ထင်ရှားရှား။

မျက်နှာချင်းဆိုင်ထိုင်နေကြသည်ဖြစ်လို့ ရှင်း၏မျက်နှာထက်မှ အပြောင်းအလဲများကိုတွေ့နေရလေသည်။

မျက်ခုံးထူထူနှစ်ဖက်က မသိမသာတွန့်ကွေးနေကာ နှုတ်ခမ်းများကိုတော့ စေ့စေ့ပိတ်ထားလေသည်။ထိုထက်ထူးခြားနေသည်က မျက်လုံးများ။ထိုမျက်လုံးထဲတွင်မြင်နေရသည့်အရိပ်အယောင်များက ရောထွေးမှုများစွာနှင့်။

ထိုအချိန်မှာပင် နိုင်းကိုကြည့်လာပါသော မျက်လုံးတစ်စုံ။
ခုနကပုံစံနှင့်ကွဲပြားစွာနိုင်းကိုကြည့်လာသည့်ပုံစံကမတူဟု နိုင်းစိတ်ထဲတွေးလိုက်မိ၏။

"နိုင်း"

ရယ်ပြလာသည့်မျက်နှာပိုင်ရှင်အပေါ် သူ့အတွေးတို့များများမထားမိတော့။

သူတစ်ပါးအကြောင်းသေချာမသိသေးပါဘဲ သံသယထားခြင်းက တစ်ဖက်လူကိုအားနာဖို့ကောင်းလှသည်လေ။

"အင်း"

"ပြီးပြီလား။သွားကြရအောင်လေ"

"အင်း ပြီးပြီ။ပိုက်ဆံရှင်းရအုံးမယ်။"

"ကိုယ်ရှင်းလိုက်မယ်....
အစ်ကိုရေ ဒီမှာပိုက်ဆံ"

‌ဆိုင်မှဝိတ်တာကိုခေါ်ကာပိုက်ဆံရှင်းနေသည်မို့ နိုင်းကြည့်နေမိရင်း ရှင်းအိပ်ကပ်သို့မသိမသာအကြည့်ရောက်သွားသည်။
သူ့အိပ်ကပ်က အတွင်းဘက်တွင်ဖြစ်တာမို့ တွေ့တော့မတွေ့ရ။

နိုင်းလိုပင် ရှင်းကလည်းပိုက်ဆံအိတ်ကိုင်လေ့မရှိ။အိပ်ကပ်ထဲသာထည့်လေ့ရှိသည်။

ကျသင့်ငွေအား ပေးပြီးတဲ့နောက်မှာတော့
နိုင်ငံရေးပြောနေကြသည့်လူများ၏ အသံကအနောက်တွင်ကျန်ရစ်ခဲ့လေ၏။

////////////////////

"ရှင်း"

"အင်း"

"ငါတို့နယူးရီးယားကျရင် တာရွှေထန်ကိုသွားရအောင်"

"တာရွှေထန် "

"အင်း"

"အသိရှိလို့လား"

"ရှိတာပေါ့။မင်းကိုငါတစ်ခါပြောဖူးတယ်လေ။ငါ့အသိပလောင်မိသားစုဆိုတာ"

"ဪ"

"လိုက်ခဲ့နော် ပျော်ဖို့ကောင်းမှာသိလား။ပြီးတော့ချယ်ရီတွေလည်းသွားကြည့်ကြမယ်"

"အင်းပါ ကိုယ်လိုက်ခဲ့ပါ့မယ်"

မသေချာပေမယ့် ကတိတစ်ခုပေးလိုက်မိ၏။
ရှင်းဒီကောင်လေးကို စိတ်ညစ်အောင်
မလုပ်ရက်။

ပြီးတော့မငြင်းဆိုရက်။

၂၆အရွယ်အမျိုးသားတစ်ယောက်ကို ကလေးတစ်ယောက်နဲ့ခိုင်းနှိုင်းရင် အပိုလို့ဆိုနိုင်ကြပေမယ့်

တကယ့်ကိုဒီအဂျစ်ကလေးကတစ်ခါတစ်လေ ကလေး‌ဆန်လှသည်မဟုတ်ပါလား။

                            အချစ်များစွာဖြင့်🌸
                                                            နေး

7.3.2022 (17:42PM)

(Note-ပျင်းသွားပြီလားဗျ ဒီအပိုင်းကို။
၂၀၀၉ကိုးကန့်အရေးအခင်းကလည်းလူသိများလို့ထည့်ပေးထားတာပါ။ပြီးတော့
မိုင်းလားကိစ္စ အပေါ်မှာလည်းရှင်းပြထားပါတယ်။ဒါပေမယ့် တချို့တွေက နိုင်ငံရေးဆိုကျော်ဖတ်ကြရင် မမြင်မှာစိုးလို့ ဒီမှာထပ်ရှင်းပြပါ့မယ်။

မိုင်းလားက ဖုန်ကြားရှင်သမက်
ဦးစိုင်းလင်းတို့အဖွဲ့(NDAA)တပ်စွဲရာဒေသပါ။ဖုန်ကြားရှင်က (MNDAA)ပါ။
သူ့သားမက်က(NDAA)ဥက္ကဌပါ။
ကိုးကန့်ကို အထူးဒေသ(၁)လို့ခေါ်ပြီး
မိုင်းလားကိုအထူးဒေသ(၄)လို့လည်းခေါ်ကြပါတယ်။
မိုင်းလားက ရှမ်းပြည်နယ်အရှေ့ပိုင်း၊
ကျိုင်းတုံခရိုင်မှာရှိပါတယ်။
၁၉၈၉ခုနှစ်မှာ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး အပစ်ခတ်ရပ်စဲပြီး နှစ်(၃၀)အတွင်းမှာဒီ မိုင်းလားမြို့ကိုတည်ထောင်ခဲ့ကြတာပါ။
မိုင်းလားက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းနဲ့ တရားမဝင် တိရိစ္ဆာန်ရောင်းဝယ်ဖောက်ကားရေးမှာနာမည်ကြီးပါတယ်။ပြီးတော့ မိုင်းလားမြို့မဈေးကြီးနားက "နတ်သမီးလမ်း"ဆိုတာ နာမည်ကြီးဗျ။

******
*****************************

(Uni)

(နဝတ/နအဖ အဖြဲ႔ေပၚေပါက္လာပံု၊အၾကမ္းဖက္မႈမ်ားႏွင့္၊ဖိအားေပးမႈမ်ားေၾကာင့္ျဖစ္ေပၚလာခဲ့သၫ့္ အေရးအခင္းမ်ား)

၁၉၈၈၊ဇြန္လအတြင္း ႏိုင္ငံတဝန္းဆႏၵျပမႈမ်ားေပၚေပါက္ေနခ်ိန္....

၁၉၈၈၊ဇူလိုင္လ၂၃ရက္၌ျပဳလုပ္ခဲ့သၫ့္
ဗမာ့ဆိုရွယ္လစ္လမ္းစဉ္ပါတီ(BBSP)၏
အေရးေပၚပါတီညီလာခံ၌ ပါတီဥကၠဌ
ဦးေနဝင္းႏွင့္သမၼတဦးစန္းယုတို႔သည္ ရာထူးမွအသီးသီး ႏုတ္ထြက္ခဲ့ၾကၿပီးေနာက္ သမၼတႏွင့္ပါတီဥကၠဌေနရာအတြက္ ဦးစိန္လြင္ကိုခန႔္အပ္ခဲ့ၾကသည္။

၁၉၈၈၊ဩဂုတ္၈တြင္ ရန္ကုန္ၿမိဳ႔ေတာ္ခန္းမေရ႔ွ၌လူေထာင္ေပါင္းမ်ားစြာပါဝင္ခဲ့သၫ့္ဆႏၵျပပြဲႀကီးျဖစ္ေပၚခဲ့ၿပီး ထိုကဲ့သို႔ေသာဆႏၵျပပြဲမ်ားသည္ ႏိုင္ငံတစ္ဝန္း၌ေပၚေပါက္ခဲ့သည္။

ထိုဆႏၵျပပြဲမ်ားကို တပ္မေတာ္ကအၾကမ္းဖက္ႏိွမ္နင္းခဲ့ေသာေၾကာင့္ လူရာႏွင့္ခ်ီေသဆံုးခဲ့ရသည္။

ထို႔ေနာက္ ဩဂုတ္(၁၃)၌သမၼတရာထူးမွ ဦးစိန္လြင္ႏုတ္ထြက္ေၾကာင္း ျမန္မာ့အသံမွေၾကညာခဲ့ၿပီး ေဒါက္တာေမာင္ေမာင္ကိုသမၼတအသစ္ခန႔္အပ္ကာ ရန္ကုန္ၿမိဳ႔တြင္ခ်ထားသၫ့္တပ္မ်ားကိုျပန္လည္ရုတ္သိမ္းခဲ့သည္။

သို႔ပါေသာ္လည္း ျပည္သူလူထု၏ဆႏၵျပမႈမ်ားမွာရပ္တန္႔မသြားဘဲ ဆက္တိုက္ျဖစ္ေပၚေနခဲ့ၿပီး အစိုးရ၏အုပ္ခ်ဳပ္ေရးယႏၲရားမ်ား ရပ္ဆိုင္းေနခဲ့ရသၫ့္အတြက္ အၾကမ္းဖက္မႈမ်ားျပန္လည္ေပၚေပါက္လာခဲ့သည္။

၁၉၈၈၊စက္တင္ဘာ၁၈ရပ္၌ တပ္မေတာ္က
ရန္ကုန္ၿမိဳ႔အတြင္းသို႔စစ္ဆင္ေရးပံုစံျဖင့္
ဆႏၵျပသူမ်ားအား ဝင္ေရာက္အၾကမ္းဖက္ႏိွမ္နင္းခဲ့ၿပီး အာဏာသိမ္းယူခဲ့သည္။ထို႔ေနာက္

"ျပည္ေထာင္စုႀကီး အစိတ္စိတ္အမႊာမႊာမျဖစ္ေစရန္ တပ္မေတာ္က အာဏာသိမ္းလိုက္ရျခင္းျဖစ္ေၾကာင္း"

တပ္မေတာ္ကထုတ္ျပန္ခဲ့ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး
ေစာေမာင္ဦးေဆာင္သၫ့္

ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႔ (နဝတ)
ကိုဖြဲ႔စည္းခဲ့သည္။

ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးေခါင္းေဆာင္ပိုင္းကို အဓိက ေခါင္းေဆာင္ငါးဦးျဖင့္ဖြဲ႔စည္းထားၿပီး

ဥကၠဌအျဖစ္ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္၊
ဒုဥကၠဌအျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးသန္းေရႊ
အဖြဲ႔ဝင္အျဖစ္ ဗိုလ္ခ်ဳပ္ေမာင္ေအး၊
အတြင္းေရးမွဴး-၁ ဗိုလ္မွဴးခ်ဳပ္ခင္ၫြန႔္၊
အတြင္းေရးမွဴး-၂ ဗိုလ္မွဴးႀကီးတင္ဦး
တို႔ျဖစ္သည္။

၁၉၉၂၊ဧၿပီလအတြင္း နဝတအစိုးရအတြင္း အာဏာအေျပာင္းအလဲျဖစ္ေပၚခဲ့ၿပီး
ဧၿပီ၂၃ရက္တြင္ နဝတအစိုးရအဖြဲ႔ဥကၠဌ
ဦးေစာေမာင္ကရာထူးမွအနားယူၿပီျဖစ္ေၾကာင္းေၾကညာလိုက္ကာ ဗိုလ္ခ်ဳပ္ႀကီးသန္းေရႊက၄ေနရာကိုဆက္ခံခဲ့သည္။

၁၉၉၇ခုႏွစ္ႏိုဝင္ဘာ၌ နဝတအစိုးရကို

ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ဖြံ႔ၿဖိဳးေရးေကာင္စီအစိုးရ (နအဖ)
အျဖစ္အမည္ေျပာင္းခဲ့သည္။

၂၀၀၁ခုႏွစ္၊ေဖေဖာ္ဝါရီ၁၉ရက္နံနက္ပိုင္းတြင္ နအဖ အစိုးရအဖြဲ႔အတြင္းေရးမွဴး(၂)ဗိုလ္ခ်ဳပ္ႀကီးတင္ဦးလိုက္ပါလာသၫ့္ ရဟတ္ယာဉ္သည္ ဘားအံၿမိဳ႔အနီး သံလြင္ျမစ္အတြင္းသို႔ပ်က္က်ခဲ့ၿပီး ၄ႏွင့္အတူ ဗိုလ္ခ်ဳပ္
သီဟသူရစစ္ေမာင္၊ဗိုလ္မွဴးခ်ဳပ္လြန္းေမာင္တို႔အပါအဝင္(၁၄)ဦးခန႔္ေသဆံုးခဲ့သည္။

၂၀၀၄ခုႏွစ္၊‌ ေအာက္တိုဘာ၁၈ရက္တြင္
‌တပ္မေတာ္ေထာက္လွမ္းေရးအဖြဲ႔၏ အႀကီးအကဲျဖစ္သူႏွင့္ ဝန္ႀကီးခ်ဳပ္ျဖစ္သူဗိုလ္ခ်ဳပ္ခင္ၫြန႔္ကို ရာထူးမွဖယ္ရွားခဲ့ၿပီး
ေထာက္လွမ္းေရးအဖြဲ႔ကိုလည္းဖ်က္သိမ္းခဲ့သည္။

၂၀၀၇ခုႏွစ္အတြင္းသံဃာေတာ္မ်ား၏ ေရႊဝါေရာင္အေရးအခင္းေပၚေပါက္လာခဲ့ၿပီး ယင္းအေရးအခင္းသည္ ၿမိဳ႔ႀကီးအခ်ိဳ႕ကိုျပန႔္ႏွံ႔ခဲ့ကာ နအဖအစိုးရ၏ အင္အားသံုးၿဖိဳခြဲျခင္းကိုခံခဲ့ရသည္။

ထို႔ေနာက္၂၀၀၈ခုႏွစ္ဖြဲ႔စည္းပံုအေျခခံဥပ‌ေဒကိုအတည္ျပဳျပီးေနာက္ နအဖအစိုးရသည္ အပစ္အခတ္ရပ္စဲထားေသာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားကို နယ္ျခားေစာင့္တပ္မ်ားအျဖစ္အသြင္ေျပာင္းရန္ ဖိအားေပးခဲ့ျခင္းေၾကာင့္ ထိုလက္နက္ကိုင္အဖြဲ႔မ်ားႏွင့္ ၂၀၀၉ခုႏွစ္အတြင္း တိုက္ပြဲမ်ားျဖစ္ေပၚခဲ့ေလသည္။

ကိုးကား -
-ispmyanmarpeacedesk
-ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႔၏ေဆာင္ရြက္ခ်က္ သမိုင္းဝင္မွတ္တမ္း
(၁၉၉၈ခုႏွစ္မွ ၁၉၉၁ခုႏွစ္)

**********

၂၀၀၉ခုႏွစ္၊ကိုးကန႔္အေရးအခင္း

၂၀၀၉ခုႏွစ္တြင္ျဖစ္ပြားခဲ့ေသာ ဖုန္ၾကားရွင္
ႏွင့္နအဖအစိုးရတို႔၏ တိုက္ပြဲတြင္
ဖုန္ၾကားရွင္ႏွင့္သူ၏လက္ေထာက္
ပယ္ေဆာက္ခ်ိန္(Bai SuoCheng)
(ပိုင္ဆံုခ်ိန္)တို႔၏ ပဋိပကၡမ်ားကလည္း
တစ္စိတ္တစ္ေဒသပါဝင္ခဲ့ေလသည္။

၁၉၉၂ခုႏွစ္တြင္း အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္တပ္မေတာ္(MNDAA)မွ ရန္မိုးလ်ံ
အားထုတ္ပယ္ရာတြင္ ဖုန္ၾကားရွင္ကို
ပယ္ေဆာက္ခ်ိန္က အကူအညီေပးခဲ့သည္။

သို႔ပါေသာ္လည္း ေနာက္ပိုင္းတြင္
ပယ္ေဆာက္ခ်ိန္သည္ ျမန္မာအစိုးရ၏ အကူအညီျဖင့္ ဖုန္ၾကားရွင္အားဖယ္ရွားရန္ႀကိဳးပမ္းလာေတာ့သည္။

၂၀၀၉ခုႏွစ္အတြင္း(၃)ရက္အၾကာျဖစ္ပြားခဲ့ေသာကိုးကန႔္အေရးအခင္း၌
ဖုန္ၾကားရွင္အားဖယ္ရွားရန္တပ္မေတာ္ႏွင့္ မဟာမိတ္ျပဳခဲ့ၾကေလသည္။

၂၀၀၉ခုႏွစ္တြင္ တပ္မေတာ္၏ထိုးစစ္ဆင္မႈေၾကာင့္ ဖုန္ၾကားရွင္အဖြဲ႔အေရးနိမ့္ခဲ့ၿပီး
ကိုးကန႔္ေဒသကိုလက္လႊတ္၍ သမက္ျဖစ္သူဦးစိုင္းလင္းရိွရာမိုင္းလားၿမိဳ႔တြင္ခိုလႈံခဲ့သည္။

ထို႔ေနာက္မိုင္းလားတြင္ ကိုးကန႔္တပ္ဖြဲ႔ကိုျပန္လည္စုစည္းကာ ၂၀၁၃ခုႏွစ္တြင္သံလြင္ျမစ္အေနာက္ျခမ္း၌ ျပန္လည္လႈပ္ရွားလာၿပီး ၂ႏွစ္အၾကာ ၂၀၁၅မွာေတာ့ ျပန္လည္ေပၚေပါက္လာခဲ့သည္။

(Note- မိုင္းလားက ဖုန္ၾကားရွင္သမက္
ဦးစိုင္းလင္းတို႔အဖြဲ႔(NDAA)တပ္စြဲရာေဒသပါ။ဖုန္ၾကားရွင္က (MNDAA)ပါ။
သူ႔သားမက္က(NDAA)ဥကၠဌပါ။
ကိုးကန႔္ကို အထူးေဒသ(၁)လို႔ေခၚၿပီး
မိုင္းလားကိုအထူးေဒသ(၄)လို႔လည္းေခၚၾကပါတယ္။
မိုင္းလားက ရွမ္းျပည္နယ္၊အေရ႔ွပိုင္း၊
က်ိဳင္းတံုခရိုင္မွာရိွပါတယ္။
၁၉၈၉ခုႏွစ္မွာ အပစ္အခတ္ရပ္စဲထားတဲ့အဖြဲ႔ျဖစ္ၿပီး အပစ္ခတ္ရပ္စဲၿပီး ႏွစ္(၃၀)အတြင္းမွာဒီ မိုင္းလားၿမိဳ႔ကိုတည္ေထာင္ခဲ့ၾကတာပါ။
မိုင္းလားက မူးယစ္ေဆးဝါးျဖန႔္ျဖဴးေရာင္းခ်ျခင္းနဲ႔ တရားမဝင္ တိရိစၧာန္ေရာင္းဝယ္ေဖာက္ကားေရးမွာနာမည္ႀကီးပါတယ္။ၿပီးေတာ့ မိုင္းလားၿမိဳ႔မေဈးႀကီးနားက "နတ္သမီးလမ္း"ဆိုတာ နာမည္ႀကီးဗ်။)

ထိုကာလက ကိုးကန႔္ေဒသထိုးစစ္တြင္စစ္ဆင္ေရးအထူးအဖြဲ႔မွဴးရာထူးျဖင့္ဦးေဆာင္ခဲ့သူမွာ ယခုလက္ရိွတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ျဖစ္သည္။

ဖုန္ၾကားရွင္ မိုင္းလားတြင္ခိုလႈံေနခ်ိန္တြင္
ပယ္ေဆာက္ခ်ိန္သည္ အစိုးရတပ္၏လက္ေအာက္ခံနယ္ျခားေစာင့္တပ္ႏွင့္ ကိုးကန႔္ေဒသ၏အႀကီးအကဲျဖစ္လာခဲ့သည္။

တပ္မေတာ္ဘက္မွလည္း ႂကြင္းက်န္ေသာMNDAAတပ္ဖြဲ႔အား ပယ္ေစာက္ခ်ိန္၏ ဦးစီးမႈေအာက္ရိွ နယ္ျခားေစာင့္တပ္အျဖစ္အသိအမွတ္ျပဳခဲ့သည္။

၂၀၁၀ခုႏွစ္၊အေထြေထြေရြးေကာက္ပြဲတြင္ ပယ္ေဆာက္ခ်ိန္သည္ ကိုးကန႔္မဲဆႏၵနယ္အမွတ္(၂)ကိုယ္စားျပဳ၍ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္ျခင္းခံခဲ့ရသည္။

ထို႔ေနာက္ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႔၏ ဥကၠဌျဖစ္လာခဲ့သည္။
သူ၏အုပ္ခ်ဳပ္မႈေအာက္တြင္ ကိုးကန႔္ေဒသသည္ မူးယစ္ေဆးႏွင့္ ‌လက္နက္ေရာင္းဝယ္မႈမ်ားေၾကာင့္ ထပ္မံေက်ာ္ၾကားလာခဲ့သည္။

-ဦးပယ္ေဆာက္ခ်ိန္
-အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္
-ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ
ဦးစီးဥကၠဌ
-(၃၁.၁.၂၀၁၁ မွ ၂၉.၁. ၂၀၁၆ထိ)

*******

လူမ်ားစည္ကားေနေသာဆိုင္တစ္ဆိုင္ထဲ၌

"ဆိုေတာ့ကြာ ဦးပယ္ေဆာက္ခ်ိန္က ခုလက္ရိွမွာ ကိုးကန႔္ရဲ့ေခါင္းေဆာင္ျဖစ္ေနၿပီေလ။
ဖုန္ၾကားရွင္ဆိုတာကလည္း ခုခ်ိန္မွာဘယ္ဆီေရာက္လို႔ ဘယ္ေသာင္တင္ေနမွန္း‌ေတာင္မသိဘူး။၂၀၀၉အေရးအခင္းတုန္းကလည္း
အဲ့ကိစၥနဲ႔ပတ္သက္ၿပီး (ဒကစ) မွဴးဗိုလ္မွဴးခ်ဳပ္ဝင္းေမာင္ အေရးယူခံလိုက္ရေသးတယ္မလား..."

"အဲ့လိုအေရးယူၿပီး ေနာက္ပိုင္းက်ေတာ့ေတာင္လိုလိုေျမာက္လိုလိုျဖစ္သြားတာမလား။ဒါနဲ႔ေလ ဦးပယ္ေဆာက္ခ်ိန္က လူေရ႔ွသူေရ႔ွလည္းသိပ္မထြက္တတ္ဘူး‌ ေနာ္။ဒီေဒသရဲ့ လူႀကီးသာေျပာတာသူ႔ကိုမျမင္ဖူးတဲ့လူေတြမွအမ်ားႀကီးပဲ"

"ေအး အဲ့လိုလူမသိသူမသိေနတာေတာင္
တစ္ခါလုပ္ႀကံခံရေသးတယ္မလား"

"ေအးေအး ငါၾကားမိတယ္။ဘယ္ေလာက္မွမၾကာေသးဘူးထင္တယ္။"

အားရပါးရေျပာေနပါေသာေယာက္်ားႀကီးႏွစ္ဦး။

ထိုလူႀကီးႏွစ္‌ေယာက္အားၾကၫ့္ကာ တစ္ျခားဝိုင္းမွလူမ်ား‌ကေတာ့ ဆိုင္ထဲလာၿပီး
ႏိုင္ငံေရးလာေျပာေနၾကတယ္ ဆိုသၫ့္ပံုစံျဖင့္ ႏွာေခါင္းရႈံ႔ၾကေလသည္။

တခ်ိဳ႕ကလည္း ထိုလူႀကီးႏွစ္ေယာက္ေျပာေနၾကသၫ့္စကားမ်ားအား စိတ္ဝင္တစားနားေထာင္ေနၾကသလို တခ်ိဳ႕က‌ေတာ့မသိမသာ အကဲခတ္၍နားေထာင္ေနၾကေလသည္။

"ေအ ၂၀၁၂ မတ္လေလာက္ကေလ။
ခုက၂၀၁၃ဒီဇင္ဘာဆိုေတာ့....အင္းးး
ႏွစ္ႏွစ္ေတာင္ရိွေတာ့မယ္ကြ။အဲ့တုန္းကလည္း ကံေကာင္းလို႔ေနာ္သူဘာမွမျဖစ္သြားတာ"

"ဘယ္သူလုပ္တာလဲဆိုတာေရာ သိၾကလား"

"ေသခ်ာမသိရပါဘူးကြာ။တခ်ိဳ႕ေတြကလည္း ဖုန္မ်ိဳးႏြယ္ဘက္ကလို႔ေျပာၾကတာပဲ။တခ်ိဳ႕ကလည္း စစ္တပ္ဘက္ကလို႔ေျပာတာပဲ။ဒါေပမယ့္ ငါကေတာ့စစ္တပ္လို႔မထင္ဘူး။
ဘာလို႔ဆို ပယ္ေဆာက္ခ်ိန္နဲ႔ စစ္တပ္နဲ႔ကအဆင္ေျပေနၾကတာပဲေလ...မဟုတ္ဘူးလား"

".........."

အက်ႌအျဖဴေထာင္ေထာင္ေမာင္းေမာင္းႏွင့္လူႀကီးကေျပာေတာ့ တစ္ဖက္ကလူကျပန္မေျပာေတာ့။တစ္ခုခုကိုေတြးေတာေနဟန္ျဖင့္သာ တိတ္ဆိတ္ေနေလသည္။ထို႔ေၾကာင့္ အျဖဴႏွင့္လူႀကီးက စကားဆက္ေလရဲ့။

"ပယ္ေဆာက္ခ်ိန္ကလည္းမလြယ္ဘူးကြ။စီးပြားေရးကလည္း အေသလုပ္တဲ့အျပင္
လႊတ္ေတာ္အမတ္လည္းျဖစ္ေနျပန္တယ္။
ဒါတင္ဘယ္ကမလဲ......စစ္တပ္ကလည္း
သူ႔ကိုဒီေဒသမွာ လုပ္ပိုင္ခြင့္ေတြအျပၫ့္ေပးထားတာဆိုေတာ့ပိုဆိုးတယ္။အခုလည္းၾကၫ့္....ယူနန္နယ္က လုပ္ငန္းရွင္ေတြနဲ႔ေပါင္းၿပီး စီးပြားေရးဇုန္ေထာင္ဖို႔ႀကံေနတယ္လို႔သတင္းေတြထြက္ေနတယ္မဟုတ္ဘူးလားကြ"

"အင္း"

"ငါတို႔ကိုးကန႔္ဘက္မွာ လူတိုင္းက တရုတ္ေငြကိုင္တာကိုပဲၾကၫ့္။အဲ့တာက ဒီေျမမွာတရုတ္ကလႊမ္းမိုးမႈမ်ားေနတယ္ဆိုတဲ့သေဘာပဲေလ။
နယ္စပ္တိုင္းကိုၾကၫ့္လိုက္...
သူတို႔ႏိုင္ငံကပိုက္ဆံေတြကႀကီးစိုးေနၿပီး
ငါတို႔က ကိုယ့္ႏိုင္ငံထဲမွာေတာင္ ကိုယ့္ျမန္မာေငြကိုင္သံုးလို႔မရတဲ့ အေျခအေနေလ။မဟုတ္ဘူးလား...ၿပီးေတာ့
ဒီနယ္ေျမသာတည္ၿငိမ္ေအးခ်မ္းမယ္ဆိုရင္ တရုတ္လုပ္ငန္းရွင္အေသးစားနဲ႔ အလတ္စားေတြက အမ်ားႀကီးလာရင္းႏွီးျမႇပ္ႏွံၾကလိမ့္မယ္လို႔လည္း လူေတြကေတြးေနတာကြ။"

"အင္း"

ပထမက ႏွစ္ေယာက္သားတန္းတူေျပာေနေသာ္လည္း ေနာက္ပိုင္းမွာေတာ့ အျဖဴႏွင့္လူႀကီးကသာ ဦးေဆာင္ေျပာသူျဖစ္သြား၍ က်န္လူႀကီးကေတာ့ နားေထာင္သူသက္သက္သာျဖစ္သြားေလသည္။

"ၿပီးေတာ့ပယ္ေဆာက္ခ်ိန္ဦးေဆာင္တဲ့ ကိုးကန႔္အုပ္ခ်ဳပ္ေရးဌာနနဲ႔ ပယ္ေဆာက္ခ်ိန္ပိုင္တဲ့ ကုမၸဏီလက္တြဲၿပီးအေကာင္အထည္ေဖာ္ၾကမယ့္ စီးပြားေရးဇုန္ကိစၥကလည္းတကယ္သာျဖစ္သြားၾကၫ့္ ......ေဒသခံေတြဘယ္ေလာက္ေတာင္အက်ိဳးအျမတ္ရိွလိုက္မလဲ "

"အင္းဒါနဲ႔ ဖုန္ၾကားရွင္ကိစၥကကြာ....
ဗကပသမိုင္းကိုၾကၫ့္လိုက္ရင္ တရုတ္အစိုးရက နယ္စပ္လက္နက္ကိုင္အဖြဲ႔ေတြကို
လ်စ္လ်ႈရႈထားတာကို ေတြ့ရမယ္။"

"အင္း"

"ဆိုေတာ့ တရုတ္အစိုးရရဲ့အကူအညီကိုလိုေနတဲ့ ဖုန္ၾကားရွင္အဖြဲ႔က ျပည္တြင္းမွာ
ေစ့စပ္ေဆြးေနြးဖို႔လုပ္တဲ့အခါ အခက္အခဲရိွႏိုင္တယ္မလား"

"အင္း ငါ့အထင္ကေတာ့ စစ္တပ္ကၫွိႏိႈင္းဖို႔အေျခအေနေပးရင္ေတာင္ သူတို႔ႏွစ္ဖက္ကေျပလည္ၾကမွာမဟုတ္ဘူး။ဘာလို႔လဲဆိုေတာ့
ဖုန္အဖြဲ႔ဘက္ကလည္း ၫွိႏိႈင္းၿပီဆိုမွေတာ့ ေတာင္းဆိုခ်က္‌ေတြလာေတာ့မယ္ကြာ။
အဲ့အခါက်ရင္ သူတို႔နယ္ေျမကိုလြတ္လပ္စြာအုပ္ခ်ဳပ္ခြင့္ျပန္ေပးတို႔၊သူတို႔ရဲ့လုပ္ပိုင္ခြင့္‌ေတြကိုျပန္ေပးတို႔ အဲ့လိုေတြေတာင္းဆိုလာၾကမွာ။
အဲ့အခါက်ရင္ေရာ စစ္တပ္ကေပးမွာတဲ့လား။သူတို႔ရဲ့စစ္သားေတြကို အေသခံတိုက္ခိုင္းၿပီးသိမ္းထားတဲ့ေဒသေလ။"

အျဖဴႏွင့္လူႀကီးက ပယ္ေဆာက္ခ်ိန္အေၾကာင္းေျပာေနခ်ိန္ က်န္လူႀကီးက ဖုန္ၾကားရွင္အေၾကာင္းေျပာခ်လာသည္မို႔ အျဖဴႏွင့္လူႀကီးကသိပ္ေတာ့ ေက်နပ္ပံုမေပၚ။

အင္တင္တင္ႏွင့္သာနားေထာင္ေနေလသည္။
ထို႔ေနာက္ေတာ့ ဈာန္ျပန္ဝင္လာသည္ထင္ပါရဲ့ အားရပါးရေျပာခ်လာေလသည္။

".........."

"ၿပီးေတာ့စစ္တပ္က ၾကားေကာင္းေအာင္လို႔ေတာ့ ေပးပါလိမ့္မယ္..ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္။
ဒါေပမယ့္ အဲ့လိုေပးထားလည္းခုလက္ရိွမွာသူတို႔ပဲ လက္ဝါးႀကီးအုပ္ထားၾကတေလ...
ေအ ဖုန္အဖြဲ႔ကလည္းအဲ့တာကိုမလိုတာ။
ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ဆိုကတည္းက
သူတို႔ေျခသူတို႔လက္ပဲျဖစ္ခ်င္ၾကတာ။
အဲ့တာကိုစစ္တပ္ကမေပးေတာ့ တိုက္ပြဲေတြကအဆံုးမသတ္ႏိုင္တာေပါ့"

"အင္း"

"ၿပီးေတာ့၂၀၁၂တုန္းက ဖုန္ၾကားရွင္အဖြဲ႔က
ဗမာအစိုးရနဲ႔ေဆြးေနြးခ်င္တယ္ဆိုတာကို
သ်ွမ္းသံေတာ္ဆင့္ကိုအေၾကာင္းၾကားဖူးတယ္မလား"

"အင္း ေနာက္ပိုင္းေတာ့ငါမၾကားမိဘူး။ဘာျဖစ္သြားလဲ အစိုးရကလက္ခံလိုက္လား။"

"လက္မခံလို႔ေနမွာေပါ့ကြ။အခုခ်ိန္ထိ ဘာမွမထူးျခားေသးတာကိုပဲၾကၫ့္ပါ့လား....သူတို႔က...."

ႏိုင္ငံေရးအေၾကာင္းအေတာမသတ္စြာေျပာေနၾကသၫ့္ လူႏွစ္ဦး.....

ထိုသို႔ေျပာေနသၫ့္လူႏွစ္ဦးအား ‌ေထာင့္က်သၫ့္ဝိုင္းနားမွထိုင္ကာ ၾကၫ့္ေနပါေသာအမ်ိဳးသားႏွစ္ေယာက္
ထိုလူႀကီးမ်ား၏အသံက က်ယ္လွသည္မို႔ သူတို႔ေကာင္းစြာၾကားေနရေလသည္။

ႏွစ္ေယာက္လံုးသည္ထိုလူႀကီးမ်ားအားၾကၫ့္ကာ
သူတို႔ေျပာသြားသၫ့္ စကားမ်ား၏ အဓိပၸာယ္အားေသခ်ာေတြးေတာေနၾကေလသည္။

သူတို႔ေျပာသြားသၫ့္စကားမ်ားကလည္းမွန္လွသည္။စစ္ဒဏ္ခံေနရသၫ့္ၾကားထဲကပင္ ေလာက္ကိုင္သည္ တိုးတက္လြန္းလွသည္။

စစ္ဒဏ္သာမခံခဲ့ရလ်ွင္ ဘယ္ေလာက္ေတာင္တိုးတက္မည္မသိ။
ခုလက္ရိွေတာင္ တိုင္းျပည္ေရးအေျခအေနကဘာမွန္းမသိ။သူမ်ားရပ္ရြာေဒသေတြကသာေအးခ်မ္းေပမယ့္ သူ႔တို႔ဘက္ကေတာ့မေအးခ်မ္း။

က်ီးလန႔္က်ီးစား ေနရ၊စားေနရတဲ့ဘဝ။
အေျခအေနေတြကလည္း ေတာ္ၾကာေကာင္းလိုက္၊မေကာင္းလိုက္ႏွင့္.....

ၿပီးေတာ့ ၫွိႏိႈင္းေဆြး‌ေနြးေရး။
သူတို႔သာအဆင္မေျပၾကရင္ ဒီေဒကေတာ့ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနဦးမွာပင္...

ႏိုင္းေဘးဘီကိုၾကၫ့္မိေတာ့
ထိုလူႀကီးႏွစ္ေယာက္ေျပာမၫ့္စကားမ်ားကို စိတ္ပါဝင္စားစြာနားေထာင္ေနၾကသၫ့္လူမ်ားလည္းရိွၾကသည္။

လက္ဖက္ရည္ဆိုင္ျဖစ္သည္မို႔ထင္ပါရဲ့။လူကလည္းစံုလွသည္။

တရုတ္ဆိုင္ေတြေပါမ်ားသၫ့္ ၾကားထဲမွာမွ ျမန္မာဆိုင္ေလးငါးဆိုင္ကရွားရွားပါးပါးရိွေနျခင္း။

ထိုထဲမွာမွ
ဤ "အလင္းေရာင္"ဆိုသၫ့္ ဆိုင္ကေတာ့
ျမန္မာလက္ဖက္ရည္ဆိုင္ျဖစ္ကာ အီၾကာေကြး၊စမူဆာ၊ပဲျပဳတ္၊ထမင္း‌ေၾကာ္၊မုန႔္ဟင္းခါး အစံုရေလသည္။

ထိုသို႔ဆိုင္မ်ားရိျွခင္းကသာအဆင္ေျပပါသည္။မဟုတ္လ်ွင္သူတို႔အတြက္က မနက္စာ စားစရာမရိွ။

မိသားစုရိွသူမ်ားက အိမ္ကျပင္ဆင္ေပးေပမယ့္ သူတို႔လိုတစ္ေကာင္ႂကြက္မ်ားကေတာ့ မနက္စာကို ထိုကဲ့သို႔သာႏွစ္ပါးသြားရေလသည္ ။

တစ္ျခားဆိုင္မ်ားကေတာ့ တို႔ဖူးေနြး၊ေရစိမ္၊ရွမ္းေခါက္ဆြဲစသည္တို႔ကိုသာေရာင္းခ်ၾကသည္မို႔ ႏိုင္းႏွင့္ကီးမကိုက္လွ။

ႏိုင္းမနက္ပိုင္းဆိုလ်ွင္ ထိုအစားအစာမ်ားကိုမစားတတ္ေပ။ညေနဘက္ေတြဘာေတြစားလို႔အဆင္ေျပေပမယ့္ မနက္ပိုင္းေတာ့လံုးဝ
မရ။လက္ဖက္ရည္ႏွင့္ အီၾကာေကြး ေလာက္စားရမွသာ ႏိုင္းဗိုက္ကအေနေတာ္ျဖစ္သည္။

ေဈးႀကီး၍ မဝယ္စားႏိုင္၊မေပးႏိုင္မွာလည္းပူစရာမလို။
ဒီေဒသက ေငြရွာရလြယ္သလို၊ေငြထြက္ရန္လည္းလြယ္၏။

*တရုတ္စကားသာ တတ္ရင္ အရာရာဟာကိုယ့္အတြက္နိဗၺာန္ႀကီးပါပဲ* ဟုဆိုသၫ့္ ႏိုင္း၏လက္သံုးစကားလိုေပါ့။

တရုတ္စကားသာတတ္ရင္ ေငြဆိုတာ ေဟာ‌ခနဲေဟာခနဲေတာင္ဝင္လာႏိုင္ေလသည္။

ေငြသာရိွရင္ ဘယ္သြားမလဲ...
ကာစီႏိုဝင္မလား၊ဟိုတယ္သြားမလား၊
မာဆတ္ဝင္မလား၊
ညငွက္ကေလးေတြေခၚမလား၊
ေလာက္ကိုင္ၿမိဳ႔ကိုတစ္ပတ္ပတ္မလား...
စိတ္ႀကိဳက္လုပ္လိုက္စမ္း။

ေငြရိွတာနဲ႔ အဲ့တာေတြပဲလုပ္စရာရိွတာလားလို႔ေတာ့မေမးၾကနဲ႔။

ေလာက္ကိုင္ဆိုတာ
အဲ့လိုၿမိဳ႔ပဲေလ။အဲ့တာ‌ေတြပဲရိွတာကိုး။
အဲ့ေတာ့....
အဓိက ကတရုတ္စကားေျပာတတ္ဖို႔ပဲ။
အဲ..တရုတ္စကားမတတ္ရင္ေတာ့ တစ္မ်ိဳးေပါ့ေနာ္။

ႏိုင္းအေတြးထဲမွထြက္လာခ်ိန္သၫ့္တိုင္
ထိုလူႀကီးေတြက စကားေျပာမၿပီးၾကေသး။

ထို႔ေၾကာင့္ႏိုင္းတခ်က္ရယ္မိကာေဘး၌ထိုင္ေနသၫ့္လူထံသို႔ၾကၫ့္မိေတာ့
ထိုလူကလည္း ႏိုင္းကဲ့သို႔ပင္အေတြးမ်ားေနပံုရပါရဲ့။
ထိုေျပာေနသၫ့္ လူႏွစ္ဦးအားၾကၫ့္ေန‌ေလသည္။

ႏိုင္းထိုလူမ်ားအေပၚအာရံုေရာက္ေနသၫ့္ ရွင္းအားေသခ်ာၾကၫ့္မိသည္။
ယခင္ေန့မ်ားႏွင့္ဆန႔္က်င္စြာ maskမတပ္ဘဲ ဦးထုပ္သာေဆာင္းလာသည္မို႔ ျမင္ေနရသၫ့္မ်က္ႏွာေခ်ာေခ်ာက ထင္ထင္ရွားရွား။

မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၾကသည္ျဖစ္လို႔ ရွင္း၏မ်က္ႏွာထက္မွ အေျပာင္းအလဲမ်ားကိုေတြ့ေနရေလသည္။

မ်က္ခံုးထူထူႏွစ္ဖက္က မသိမသာတြန႔္ေကြးေနကာ ႏႈတ္ခမ္းမ်ားကိုေတာ့ ေစ့ေစ့ပိတ္ထားေလသည္။ထိုထက္ထူးျခားေနသည္က မ်က္လံုးမ်ား။ထိုမ်က္လံုးထဲတြင္ျမင္ေနရသၫ့္အရိပ္အေယာင္မ်ားက ေရာေထြးမႈမ်ားစြာႏွင့္။

ထိုအခ်ိန္မွာပင္ ႏိုင္းကိုၾကၫ့္လာပါေသာ မ်က္လံုးတစ္စံု။
ခုနကပံုစံႏွင့္ကြဲျပားစြာႏိုင္းကိုၾကၫ့္လာသၫ့္ပံုစံကမတူဟု ႏိုင္းစိတ္ထဲေတြးလိုက္မိ၏။

"ႏိုင္း"

ရယ္ျပလာသၫ့္မ်က္ႏွာပိုင္ရွင္အေပၚ သူ႔အေတြးတို႔မ်ားမ်ားမထားမိေတာ့။

သူတစ္ပါးအေၾကာင္းေသခ်ာမသိေသးပါဘဲ သံသယထားျခင္းက တစ္ဖက္လူကိုအားနာဖို႔ေကာင္းလွသည္ေလ။

"အင္း"

"ၿပီးၿပီလား။သြားၾကရေအာင္ေလ"

"အင္း ၿပီးၿပီ။ပိုက္ဆံရွင္းရအံုးမယ္။"

"ကိုယ္ရွင္းလိုက္မယ္....
အစ္ကိုေရ ဒီမွာပိုက္ဆံ"

‌ဆိုင္မွဝိတ္တာကိုေခၚကာပိုက္ဆံရွင္းေနသည္မို႔ ႏိုင္းၾကၫ့္ေနမိရင္း ရွင္းအိပ္ကပ္သို႔မသိမသာအၾကၫ့္ေရာက္သြားသည္။
သူ႔အိပ္ကပ္က အတြင္းဘက္တြင္ျဖစ္တာမို႔ ေတြ့ေတာ့မေတြ့ရ။

ႏိုင္းလိုပင္ ရွင္းကလည္းပိုက္ဆံအိတ္ကိုင္ေလ့မရိွ။အိပ္ကပ္ထဲသာထၫ့္ေလ့ရိွသည္။

က်သင့္ေငြအား ေပးၿပီးတဲ့ေနာက္မွာေတာ့
ႏိုင္ငံေရးေျပာေနၾကသၫ့္လူမ်ား၏ အသံကအေနာက္တြင္က်န္ရစ္ခဲ့ေလ၏။

////////////////////

"ရွင္း"

"အင္း"

"ငါတို႔နယူးရီးယားက်ရင္ တာေရႊထန္ကိုသြားရေအာင္"

"တာေရႊထန္ "

"အင္း"

"အသိရိွလို႔လား"

"ရိွတာေပါ့။မင္းကိုငါတစ္ခါေျပာဖူးတယ္ေလ။ငါ့အသိပေလာင္မိသားစုဆိုတာ"

"ဪ"

"လိုက္ခဲ့ေနာ္ ေပ်ာ္ဖို႔ေကာင္းမွာသိလား။ၿပီးေတာ့ခ်ယ္ရီေတြလည္းသြားၾကၫ့္ၾကမယ္"

"အင္းပါ ကိုယ္လိုက္ခဲ့ပါ့မယ္"

မေသခ်ာေပမယ့္ ကတိတစ္ခုေပးလိုက္မိ၏။
ရွင္းဒီေကာင္ေလးကို စိတ္ညစ္ေအာင္
မလုပ္ရက္။

ၿပီးေတာ့မျငင္းဆိုရက္။

၂၆အရြယ္အမ်ိဳးသားတစ္ေယာက္ကို ကေလးတစ္ေယာက္နဲ႔ခိုင္းႏိႈင္းရင္ အပိုလို႔ဆိုႏိုင္ၾကေပမယ့္

တကယ့္ကိုဒီအဂ်စ္ကေလးကတစ္ခါတစ္ေလ ကေလး‌ဆန္လွသည္မဟုတ္ပါလား။

                            အခ်စ္မ်ားစြာျဖင့္🌸
                                                            ေနး

7.3.2022 (17:42PM)

(Note-ပ်င္းသြားၿပီလားဗ် ဒီအပိုင္းကို။
၂၀၀၉ကိုးကန႔္အေရးအခင္းကလည္းလူသိမ်ားလို႔ထၫ့္ေပးထားတာပါ။ၿပီးေတာ့
မိုင္းလားကိစၥ အေပၚမွာလည္းရွင္းျပထားပါတယ္။ဒါေပမယ့္ တခ်ိဳ႕ေတြက ႏိုင္ငံေရးဆိုေက်ာ္ဖတ္ၾကရင္ မျမင္မွာစိုးလို႔ ဒီမွာထပ္ရွင္းျပပါ့မယ္။

မိုင္းလားက ဖုန္ၾကားရွင္သမက္
ဦးစိုင္းလင္းတို႔အဖြဲ႔(NDAA)တပ္စြဲရာေဒသပါ။ဖုန္ၾကားရွင္က (MNDAA)ပါ။
သူ႔သားမက္က(NDAA)ဥကၠဌပါ။
ကိုးကန႔္ကို အထူးေဒသ(၁)လို႔ေခၚၿပီး
မိုင္းလားကိုအထူးေဒသ(၄)လို႔လည္းေခၚၾကပါတယ္။
မိုင္းလားက ရွမ္းျပည္နယ္၊အေရ႔ွပိုင္း၊
က်ိဳင္းတံုခရိုင္မွာရိွပါတယ္။
၁၉၈၉ခုႏွစ္မွာ အပစ္အခတ္ရပ္စဲထားတဲ့အဖြဲ႔ျဖစ္ၿပီး အပစ္ခတ္ရပ္စဲၿပီး ႏွစ္(၃၀)အတြင္းမွာဒီ မိုင္းလားၿမိဳ႔ကိုတည္ေထာင္ခဲ့ၾကတာပါ။
မိုင္းလားက မူးယစ္ေဆးဝါးျဖန႔္ျဖဴးေရာင္းခ်ျခင္းနဲ႔ တရားမဝင္ တိရိစၧာန္ေရာင္းဝယ္ေဖာက္ကားေရးမွာနာမည္ႀကီးပါတယ္။ၿပီးေတာ့ မိုင္းလားၿမိဳ႔မေဈးႀကီးနားက "နတ္သမီးလမ္း"ဆိုတာ နာမည္ႀကီး
ဗျ

Continue Reading

You'll Also Like

192K 20.4K 56
"කේතු දන්නවද මම කේතුට කොච්චරක් ආදරෙයි කියල ?" "හැමතිස්සෙම වචනෙන් නොකිව්වත් සර්ගෙ ඇස් මගේ ඇස් එක්ක පැටලෙනකොට ඒ දිලිසෙන ඇස්වලින් මට පේනවා සර් මට කොච්...
24:15 By Mei☁️

Teen Fiction

227 71 41
an epistolary: xinj and surya started: 05/30/24 finished: 06/5/24
52.6K 1.1K 21
.. a story, of a girl who has a condition that could change her life for the greater good. Loni has a medical condition that stopped her from develop...
14.4K 1.4K 86
" දන්නවද අභී..! එයා හරියට වැස්සක් වගේ...!" " වැස්සක් !?...'' '' ඔව් වැස්සක්...එයාගෙ ආදරෙත් හරියට වැස්සක් වගේ...කාලයක් මාව ඒ වැස්සෙන් තෙම්මලා....එයා ය...