ကြယ်တခါကြွေတိုင်း
ခြေတစ်လှမ်းနီးသလိုမျိုးပေါ့...
ကြယ်ဆိုတာ အနီးဆုံးမှာရှိမယ်လို့ ထင်ရပေမယ့် လက်လှမ်းမမှီနိုင်အောင် ဝေးလွန်းတယ်။တချို့ကတော့ ခံစားချက်မဲ့တဲ့ ဥက္ကာခဲအပိုင်းအစတွေတဲ့။အမျိုးမျိုးပြောကြပေမယ့်လို့ လူတိုင်းမှာကြယ်တွေနဲ့ပတ်သတ်ပြီး ပုံပြင်တွေရှိတတ်ကြတယ်။နေ့ခင်းဘက်မှာလင်းတဲ့ကြယ်ဟာလည်း တစုံတယောက်အတွက် အလုံးစုံသောကမ္ဘာဖြစ်နိုင်တာပဲလေ။
ငေးမိတိုင်းပျော်ရတဲ့ တစုံတရာဟာ ကြယ်ဖြစ်သတဲ့။ကိုယ်ငေးမော့ကြည့်တိုင်းမှာဟင်းလင်ပြင်ဆီကနေ လင်းပြတတ်တဲ့ ကြယ်လေးရှိတယ်။တနည်းအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် ထာဝရဆိုတာကိုပေးချင်မိတဲ့ တစုံတရာပေါ့။
ပိုးစုန်းကြူးတွေ လင်းတဲ့ညနက်မှာ ကိုယ်ဟာ သူ့ကိုငေးကြည့်နေတတ်တယ်။ပျော်ရွှင်မှုဆိုတဲ့ခေါင်းစဥ်ဟာ ငေးကြည့်ခြင်းကနေ မြစ်ဖျားတည်တယ်ထင်ပါရဲ့။ကြယ်ရောင်ပျောက်ညတချို့မှာ ကိုယ်ဟာ မြူတွေရစ်ဝိုင်းတတ်ပေမယ့် ထောင့်ချိုးလေးကတော့ သူ့ပုံစံအတိုင်းတိတ်တဆိတ်နဲ့ နေပေးတတ်တယ်။ငေးကြည့်ခြင်းဆိုတာနဲ့ သူလည်း နေသားတကျဖြစ်ခဲ့ဖူးတော့ နားလည်ပါတယ်တဲ့။
ကိုယ်လေ လူတွေပြောလေ့ရှိတဲ့ ယုံတမ်းပုံပြင်တွေကို မုန်းတယ်။ကြယ်တွေကိုကြွေခိုင်းပြီး သူတို့ဆုတောင်းတွေဖြည့်တတ်ကြတာ အရမ်း အတ္တကြီးလွန်းတာပဲ။ဒါပေမယ့်လို့ ကြယ်ပျောက်ညတွေမှာဆို ကိုယ်လည်းလူတွေလိုမျိုး အတ္တကြီးမိလေ့ရှိတယ်။
မမြင်ရတဲ့ ကြယ်တချို့ကို ရိုက်ချပြီးတော့ ကိုယ်ပိုင်ကြယ်လေးကိုမြင်ရဖို့ ဆုတောင်းမိတယ်။အဲဒီ့လို စိတ်ရူးပေါက်ညတွေဆိုရင် ထောင့်ချိုးပိုင်းလေးဟာ ကိုယ့်ကို အရမ်းကြီးမနှစ်မြှုပ်ထားဖို့ နှစ်သိမ့်တတ်တယ်။ကိုယ်လေ လူတွေရဲ့ဆုတောင်းထဲ ကြယ်လေးကြွေသွားမှာ အရမ်းစိုးရိမ်တာပဲ။
သူပျောက်နေတတ်တဲ့အချိန်မျိုးဆို ကိုယ်ဟာ ဖောက်ပြန်နေတဲ့ဥတုတစ်ခုပဲ။ ဒါပေမယ့်ပေါ့ တစုံတယောက်ဆုတောင်းလို့ သူကြွေသွားခဲ့ရင်တောင် ကိုယ်ရှိတဲ့ နေရာမှာပိုးစုန်းကြူးလေးလာဖြစ်ဖို့ စိတ်ရူးပေါက်ပြီး မျှော်လင့်မိပြန်ရော။ဒီလိုဆို သူထွက်မသွားနိုင်အောင် ကိုယ်နဲ့အနီးဆုံးမှာထားပစ်မိလိမ့်မယ်။
ထောင့်ချိုးလေးပြောပြတတ်တာက ကိုယ်က မမြင်ရပေမယ့် ကြယ်ဆိုတာက မကြွေခင်ထိ ကိုယ်မြင်နေကျနေရာလေးမှာပဲ သူရှိနေတယ် ။အလင်းနှစ်တွေအများကြီး ခြားပေမယ့်လို့ပေါ့တဲ့။ ဝေးခြင်းတရားနဲ့စတင်ခဲ့တာပဲလေ မနီးစပ်တာတော့ ထူးပြီးအံ့သြစရာမရှိတော့ဘူးမလား။
လောကနိယာမအရ ရွေးချယ်ခွင့်မရတဲ့အရာမို့လို့ ကိုယ်ဘယ်တတ်နိုင်ပါ့မလဲ။မီးထဲကို တိုးဝင်သေဆုံးသွားတဲ့ ပိုးဖလံတွေကို ဆင်ခြင်မဲ့လွန်းတယ်လို့ ကိုယ်တွေးဖူးတယ်။အခုတော့ ကိုယ်လည်း ပိုးဖလံကောင်လေးတွေကို နားလည်လာသလိုပဲ။
သူဟာကိုယ့်ဆီ မကြွေဆင်းနိုင်တဲ့ ကြယ်တစ်ပွင့်ဖြစ်သလို
သူရှိရာဆီ ပျံသန်းသွားဖို့မဖြစ်နိုင်တဲ့ လိပ်ပြာငယ်လေးတစ်ကောင်ဟာလည်း ကိုယ်ကိုယ်တိုင်ပဲမလား
-amara-
ၾကယ္တခါေႂကြတိုင္း
ေျခတစ္လွမ္းနီးသလိုမ်ိဳးေပါ့...
ၾကယ္ဆိုတာ အနီးဆုံးမွာရွိမယ္လို႔ ထင္ရေပမယ့္ လက္လွမ္းမမွီႏိုင္ေအာင္ ေဝးလြန္းတယ္။တခ်ိဳ႕ကေတာ့ ခံစားခ်က္မဲ့တဲ့ ဥကၠာခဲအပိုင္းအစေတြတဲ့။အမ်ိဳးမ်ိဳးေျပာၾကေပမယ့္လို႔ လူတိုင္းမွာၾကယ္ေတြနဲ႔ပတ္သတ္ၿပီး ပုံျပင္ေတြရွိတတ္ၾကတယ္။ေန႔ခင္းဘက္မွာလင္းတဲ့ၾကယ္ဟာလည္း တစုံတေယာက္အတြက္ အလုံးစုံေသာကမာၻျဖစ္ႏိုင္တာပဲေလ။
ေငးမိတိုင္းေပ်ာ္ရတဲ့ တစုံတရာဟာ ၾကယ္ျဖစ္သတဲ့။ကိုယ္ေငးေမာ့ၾကည့္တိုင္းမွာဟင္းလင္ျပင္ဆီကေန လင္းျပတတ္တဲ့ ၾကယ္ေလးရွိတယ္။တနည္းအဓိပၸါယ္ဖြင့္ရမယ္ဆိုရင္ထာဝရဆိုတာကိုေပးခ်င္မိတဲ့ တစုံတရာေပါ့။
ပိုးစုန္းၾကဴးေတြ လင္းတဲ့ညနက္မွာ ကိုယ္ဟာ သူ႔ကိုေငးၾကည့္ေနတတ္တယ္။ေပ်ာ္႐ႊင္မႈဆိုတဲ့ေခါင္းစဥ္ဟာ ေငးၾကည့္ျခင္းကေန ျမစ္ဖ်ားတည္တယ္ထင္ပါရဲ႕။ၾကယ္ေရာင္ေပ်ာက္ညတခ်ိဳ႕မွာ ကိုယ္ဟာ ျမဴေတြရစ္ဝိုင္းတတ္ေပမယ့္ ေထာင့္ခ်ိဳးေလးကေတာ့ သူ႔ပုံစံအတိုင္းတိတ္တဆိတ္နဲ႔ ေနေပးတတ္တယ္။ေငးၾကည့္ျခင္းဆိုတာနဲ႔ သူလည္း ေနသားတက်ျဖစ္ခဲ့ဖူးေတာ့ နားလည္ပါတယ္တဲ့။
ကိုယ္ေလ လူေတြေျပာေလ့ရွိတဲ့ ယုံတမ္းပုံျပင္ေတြကို မုန္းတယ္။ၾကယ္ေတြကိုေႂကြခိုင္းၿပီး သူတို႔ဆုေတာင္းေတြျဖည့္တတ္ၾကတာ အရမ္း အတၱႀကီးလြန္းတာပဲ။ဒါေပမယ့္လို႔ ၾကယ္ေပ်ာက္ညေတြမွာဆို ကိုယ္လည္းလူေတြလိုမ်ိဳး အတၱႀကီးမိေလ့ရွိတယ္။
မျမင္ရတဲ့ ၾကယ္တခ်ိဳ႕ကို ႐ိုက္ခ်ၿပီးေတာ့ ကိုယ္ပိုင္ၾကယ္ေလးကိုျမင္ရဖို႔ ဆုေတာင္းမိတယ္။အဲဒီ့လို စိတ္႐ူးေပါက္ညေတြဆိုရင္ ေထာင့္ခ်ိဳးပိုင္းေလးဟာ ကိုယ့္ကို အရမ္းႀကီးမႏွစ္ျမႇဳပ္ထားဖို႔ ႏွစ္သိမ့္တတ္တယ္။ကိုယ္ေလ လူေတြရဲ႕ဆုေတာင္းထဲ ၾကယ္ေလးေႂကြသြားမွာ အရမ္းစိုးရိမ္တာပဲ။
သူေပ်ာက္ေနတတ္တဲ့အခ်ိန္မ်ိဳးဆို ကိုယ္ဟာ ေဖာက္ျပန္ေနတဲ့ဥတုတစ္ခုပဲ။ ဒါေပမယ့္ေပါ့ တစုံတေယာက္ဆုေတာင္းလို႔ သူေႂကြသြားခဲ့ရင္ေတာင္ ကိုယ္ရွိတဲ့ ေနရာမွာပိုးစုန္းၾကဴးေလးလာျဖစ္ဖို႔ စိတ္႐ူးေပါက္ၿပီး ေမွ်ာ္လင့္မိျပန္ေရာ။ဒီလိုဆို သူထြက္မသြားႏိုင္ေအာင္ ကိုယ္နဲ႔အနီးဆုံးမွာထားပစ္မိလိမ့္မယ္။
ေထာင့္ခ်ိဳးေလးေျပာျပတတ္တာက ကိုယ္က မျမင္ရေပမယ့္ ၾကယ္ဆိုတာက မေႂကြခင္ထိ ကိုယ္ျမင္ေနက်ေနရာေလးမွာပဲ သူရွိေနတယ္ ။အလင္းႏွစ္ေတြအမ်ားႀကီး ျခားေပမယ့္လို႔ေပါ့တဲ့။ ေဝးျခင္းတရားနဲ႔စတင္ခဲ့တာပဲေလ မနီးစပ္တာေတာ့ ထူးၿပီးအံ့ၾသစရာမရွိေတာ့ဘူးမလား။
ေလာကနိယာမအရ ေ႐ြးခ်ယ္ခြင့္မရတဲ့အရာမို႔လို႔ ကိုယ္ဘယ္တတ္ႏိုင္ပါ့မလဲ။မီးထဲကို တိုးဝင္ေသဆုံးသြားတဲ့ ပိုးဖလံေတြကို ဆင္ျခင္မဲ့လြန္းတယ္လို႔ ကိုယ္ေတြးဖူးတယ္။အခုေတာ့ ကိုယ္လည္း ပိုးဖလံေကာင္ေလးေတြကို နားလည္လာသလိုပဲ။
သူဟာကိုယ့္ဆီ မေႂကြဆင္းႏိုင္တဲ့ ၾကယ္တစ္ပြင့္ျဖစ္သလို
သူရွိရာဆီ ပ်ံသန္းသြားဖို႔မျဖစ္ႏိုင္တဲ့ လိပ္ျပာငယ္ေလးတစ္ေကာင္ဟာလည္း ကိုယ္ကိုယ္တိုင္ပဲမလား
-amara-