အိမ်ပြန်ရောက်တာနဲ့ တန့်ကျင်းဝမ်းက ကောင်လေးကို အိပ်ခန်းထဲခေါ်သွားပြီး အိပ်ယာပေါ်ပစ်တင်လိုက်တယ်.....
ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေနီရဲလာပြီး သူ့ပုံစံလေးက သနားစဖွယ်ကောင်းနေတယ်...အိပ်ယာပေါ်ကနေ တွားသွားပြီး တန့်ကျင်းဝမ်းရဲ့ အင်းကျီလက်စကို ဆွဲကာ....
"Daddy. ..."
တုပ်တုပ်မျှမလှုပ်လေသော တန့်ကျင်းဝမ်းက ထိုနေရာမှာပဲမတ်တပ်ရပ်နေပြီး ကောင်လေးကို အေးစက်စွာစိုက်ကြည့်နေတယ်...အချိန်တော်တော်ကြာတော့မှ တန့်ကျင်းဝမ်းရဲ့ နှုတ်ခမ်းပါးတွေ လှုပ်ရှားလာလေတယ်...
"မင်းဘာလို့ နင်းချီဆီကနေ အကူညီမယူခဲဲ့တာလဲ..."
ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ကြောက်ရွံခြင်း မီးပွားလေးတွေ လင်းလက်လာပြီး ရွံရာတဲ့အမူအရာမျိုးနဲ့....
"ကျွန်တော်သူ့ကိုမုန်းတယ်...ကျွန်တော် Daay ကိုပဲ သဘောကျတာ...Daddy ကိုပဲ လိုချင်တာ...."
တန့်ကျင်းဝမ်း ကောင်လေးကို စိုက်ကြည့်နေတယ်...ဒီကောင်လေး သနားစရာကောင်းအောင် သရုပ်ဆောင်နေပေမယ့်လဲ တစ်ချက်တည်းကြည့်ရုံနဲ့တင် မြင်နိုင်နေပြီ....
သို့ပေမယ့်လဲ... သူ့ (တန့်ကျင်းဝမ်း )ဘက်က ဒါတွေကို ထုတ်ပြောဖို့ရာ အစီအစဉ်မရှိပါ....
တန့်ကျင်းဝမ်း ကောင်လးရဲ့ မေ့စေ့ကို လက်ညိုးနဲ့ ပင့်လိုက်ပြီး ရယ်မောလိုက်တယ်...
"သေချာရဲ့လား..."
ကောင်လေးက အဆက်မပြတ်ခေါင်းညိတ်ပြနေတယ်.....
ရှဲ့ဟယ် သတိလစ်သွားတဲ့အထိ ဆက်ဆံခံလိုက်ရတယ်....သူနိုးလာတော့ တန့်ကျင်းဝမ်းရဲ့ ရင်ခွင်ထဲရောက်နေမှန်း သတိပြုမိလိုက်တယ်...
တန့်ကျင်းဝမ်းက လက်ချောင်းထိပ်လေးတွေနဲ့ ကောင်လေးရဲ့ မျက်တောင်ဖျားလေးတွေကို ပါးပြင်လေးတွေကို ထိတွေ့နေတယ်....ကောင်လေးရဲ့ မျက်တောင်တွေ လှုပ်ခတ်လာတာကို သတိပြုမိလိုက်တာကြောင့်...
"နိုးပြီလား..."
ရှဲ့ဟယ် မျက်လုံးဖွင့်ပြီး ကြည့်လိုက်တယ်...
"Daddy. ..."
တန့်ကျင်းဝမ်း ကောင်လေးကို သေချာစိုက်ကြည့်နေမိတယ်..ကောင်လေးရဲ့ မျက်ဝန်းနက်နက်တွေထဲမှာ မည်သည့်ခံစားချက်မျှ မတွေ့ခဲ့ရပေ.....
သို့ပေမယ့်လဲ သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းတွေ ကုန်ဆုံးသွားမှန်း တန့်ကျင်းဝမ်း သိလိုက်ပါပြီ...ကောင်လေးက တခြားသူကို ကာကွယ်ပေးဖို့ အားတင်းပြီးပြုံးပြနေသ၍ သူ့ (တမ့်ကျင်းဝမ်း) ရဲ့ နှလုံးသားထဲက အမျက်ဒေါသတွေကို ထိန်းချုပ်ဖို့ရာ နည်းလမ်းမရှိခဲဲ့ပါ....
နင်းချီကို သတိပစ်လိုက်ချင်တယ်...သူတကယ် သတ်ပစ်လိုက်ရင် ကောင်လေးသူ့ကို မုန်းသွားမလား? ??ဒါ့ကြောင့် နင်းချီကို နင်းမိသားစုဆီပဲ ပြန်ပို့ခိုင်းလိုက်တယ်....
အရာအားလုံး သူ့ထိန့်ချုပ်မှုအောက်မှာပဲ ရှိနေစေမယ့် နည်းလမ်းကို နှစ်ပေါင်းများစွာ သုံးခဲ့တယ်....သူ့ခံစားချက်တွေကို ဘယ်အရာကမှ လှုံ့ဆော်နိူင်စွမ်းမရှိခဲ့ဘူး....သို့ပေမယ့် လွန်ခဲ့တဲ့ ခြောက်လအတွင်း ဒီကောင်လေးကြောင့်နဲ့ ခံစားချက်မျိုးစုံ ခံစားခဲ့ရပြီး လူရယ်စရာကောင်းတဲ့လုပ်ရပ်တွေလဲ လုပ်မိခဲ့ပြီ....ဒါတွေအကုန်လုံးက ဒီကောင်လေးကြောင့်ပဲ....
သူ့လက်နဲ့ ကျွေးမွေးပြုစုခဲ့တဲ့ လှပတဲ့ ဒီကောင်လေးက သူ့ခံစားချက်ကို တစ်ကြိမ်ပြီးတစ်ကြိမ် ထိပါးနေလေပြီ....
အစတုန်းကတော့ ဒီကောင်လေးက သူ့အတွက် အပျင်းပြေစေမယ့် အရုပ်တစ်ရုပ်ပါပဲ...သို့ပေမယ့် ဒီကောင်လေးကို သူဘယ်လောက်ထိ ဂရုစိုက်သလဲဆိုတာကို လျော့တွက်ခဲ့မိပြီထင်ပါရဲ့....ဒီကောင်လေး သူ့အတွက် ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာကိုပါ လျော့တွက်ခဲ့မိပြီ.....
တန့်ကျင်းဝမ်း က မတင်မကျ မပြတ်မသား ဆုံးဖြတ်သူမဟုတ်ပေ....သူ ဒါကို သတိပြူမိကတည်းက ကောင်လေးကို သူ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေစေဖို့ ကြိုးစားခဲ့တယ်....ဒီကောင်လေးကို သူပိုင်မှန်း သေချာအောင်လုပ်ပစ်ခဲ့တယ်....ဒီကောင်လေးသာ သူ့အနားမှာရှိနေမယ်ဆို သူ့ဘဝကြီးကလဲ ပျင်းရိစရာကောင်းနေတော့မှာမဟုတ်ဘူး....
မည်သို့ပင်ဆိုစေ...ဒီကောင်လေးကို လုံးလုံးလျားလျားပိုင်ဆိုင်ချင်ရင် ဒီကောင်လေး သူ့ကို ချစ်လာမှဖြစ်မယ်...အရင်ဆုံး ဒီကောင်လေး သူ့ကို အဖေတစ်ယောက်အဖြစ် မသတ်မှတ်တော့တာသေချာအောင် လုပ်ရလိမ့်မယ်.....
နင်းချီဘက်က ဒေါသတကြီးပြောလိုက်တဲ့စကားတွေကို တန့်ကျင်းဝမ်း လျစ်လျူရှူထားလို့ မရတော့ဘူး....တစ်ချို့သော သူတွေရဲ့ အမြင်မှာ တန့်ကျိုးက သူ့သားအဖြစ်ရှိနေဆဲပါပဲ....ဘယ်သူတွေ ဘယ်လိုတွေးတွေး ဒါတွေကို ကောင်လေးနဲ့သူ့ကြားမှာ အတားအဆီဖြစ်လာဖို့ သူ့ခွင့်မပြုနိူင်ဘူး...ကောင်လေး သူ့ကိုယ်သူ လှည့်စားပြီး တွေးချင်ရာတွေးနေဖို့လဲ ခွင့်မပြုနိုင်တော့ဘူး.....
တစ်နေ့မှာ ကောင်လေးက သူ့ဘေးမှာ သားတစ်ယောက်အဖြစ်နဲ့ မဟုတ်ဘဲ ချစ်သူတစ်ယောက်အဖြစ်နဲ့ ရပ်တည်နေနိူင်ဖို့ မျှော်လင့်ပါတယ်....
ဒါကို သူတွေးမိလိုက်တဲ့အခါ သူ့မျှော်လင့်ချက်တွေကို မချုပ်တည်းနိုင်တော့ပါ.....
ရှားပါးပြီး တုနှိုင်းမဲ့တဲ့ အလှတရားလေး တန့်ကျိုးက သူ့အတွက်ပဲ ဖြစ်ရမယ်...
[TN: အေးပါ...နင့်လင်လေး ရှဲ့ဟယ်ကိုလဲ ငါတို့က အလကားပေးတောင် မယူပါဘူးဟယ် ကြောက်လွန်းလို့ပါ....]
[တင်းတောင်...တန့်ကျင်းဝမ်းရဲ့ နှစ်သက်မှု 4 မှတ် ထပ်တိုးပါတယ်...စုစုပေါင်း 88 မှတ်ရှိနေပါပြီ....]
တန့်ကျင်းဝမ်းက ကောင်လေးရဲ့ အာခံတွင်းတစ်ခုလုံးနှံ့စပ်နေအောင် နူးနူးညံ့ညံလေး နမ်းနေခဲ့တယ်....အသက်ရှုမဝတော့တဲ့ကောင်လေးရဲ့ မျက်ဝန်းတွေထဲမှာ မြူလွှာလေးတွေရစ်သိုင်းလာပြီး သူ့ရင်ခွင်ထဲမှာ လူးလွန့်နေလေရဲ့.....
တန့်ကျင်းဝမ်းရဲ့ နှလုံးသားထဲမှာ နူးညံမှုလေးတွေ ပလုံစီလာတာကြောင့် ကောင်လေးကိို ဒီ့ထက်ပိုပြီး နူးနူးညံ့ညံလေး ဆက်ဆံပေးခဲ့တယ်....
ခဏလေးအတွင်းမှာပဲ..တန့်ကျင်းဝမ်းရဲ့နှလုံးသားတစ်ခုလုံး ထိန်းမရအောင် ပျော့ပြောင်းသွားခဲ့ပါပြီ......
တန့်ကျင်းဝမ်း ကောင်လေးကို ချီမလိုက်ပြီး....
"အခုကစပြီး ငါ့အခန်းထဲကို ပြောင်းလာခဲ့တော့...."
ရှဲ့ဟယ် မေးခွန်းထုတ်လိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်ပြီး....
"ဘာဖြစ်လို့လဲ....."
ကောင်လေးရဲ့ မျက်နှာတစ်ခုလုံး လူသေတစ်ယောင်လို ဖြူဆုတ်လာတာကို မြင်တာကြောင့် အရေးမပါဟန်နဲ့....
"ငါ့ရဲ့သားအရင်း မကြာခင်ရောက်လာတော့မယ်....မင်းပိုင်သမျှအရာအားလုံးကို ပိုင်ရှင်အစစ်ဆီပြန်ပေးသင့်ပြီ...."
"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ...."
တန့်ကျင်းဝမ်းက ကောင်လေးရဲ့ နဖူးကို နမ်းပြီး ချစ်ခြင်းတရားတွေ ပြည့်လျှံနေတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ဆက်ပြောလိုက်တယ်....
"မင်း ငါ့စကားနားထောင်နေသ၍ မင်းလိုချင်တာထက် ပိုပေးမှာပါ...."
[ 444: သူ ( တန့်ကျင်းဝမ်းရဲ့သားအရင်း)က သေသွားပြီမလား...( ° △° ) ]
[ ရှဲ့ဟယ်:ဘေဘီ...ငါမင်းကို စောင့်ကြည့်ခိုင်းထားတယ်လေ...မင်း မမြင်လိုက်ဘူးလား...]
[ 444: .......] အပြစ်ရှိပါတယ်...
[ ရှဲ့ဟယ်: မင်း ငါ့ဝန်ထမ်းမဟုတ်တာ ကံကောင်းသွားတယ်မှတ်....] သူ့အိမ်မွေးတိရစ္ဆာန်လေးပေါ်ထားတဲ့ မျှော်လင့်ချက်တွေ သိပ်မမြင့်ပါဘူး....
[ 444: တောင်းပန်ပါတယ်...QAQ]
[ရှဲ့ဟယ်: အဲ့တုန်းက ဖြစ်ပျက်ခဲ့တာတွေအကြောင်း တန့်ကျင်းဝမ်း စုံစမနေတာ ကြာပြီ....သူနဲ့ငါနဲ့ အတွေးချင်းတူတယ်....အဲ့ပချိန်တုန်းက ဟိုအမျိုးသမီးက ဆေးရုံမှာ သာမာန် သူနာပြုလေးတစ်ယောက်ပဲဆိုတော့ ကလေးချင်းလဲဖို့ ခက်ခဲလွန်းတယ်....ဒါပေမယ့်လဲ တစ်နေ့တည်း တစ်ချိန်တည်းမွေးတဲ့ ကလေးကို လဲဖို့ဆို သိပ်မခက်တော့ဘူး....အဲ့တုန်းက ဒေါသထွက်နေလို့သာ တန့်ကျင်းဝမ်း စိတ်ပျက်သွားအောင် လျှောက်ပြောနေတာ...တန့်ကျင်းဝမ်းဘက်ကလဲ တွေးမိမှာပဲလေ....သူ့သားနဲ့တစ်နေ့တည်းမွေးတဲ့သူတွေကို လိုက်ရှာလိုက်ရုံပဲပေါ့...ဒါဆို သူ့သားအရင်းဘယ်အရပ်ရောက်နေမှန်းရှာလို့ရပြီ... ]
[ 444:ဒါဆို ဘာဆက်လုပ်ကြမလဲ...QAQ]
[ ရှဲ့ဟယ်: ဘေဘီ...မင်းစိတ်ပူနေတာ နောက်ကျနေပြီလို့ မထင်မိဘူးလား...တန့်ကျင်းဝမ်းက သူ့သားအရင်းကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ရှာတွေ့ပြီးသား....]
Zawgyi
အိမ္ျပန္ေရာက္တာနဲ႔ တန္႔က်င္းဝမ္းက ေကာင္ေလးကို အိပ္ခန္းထဲေခၚသြားၿပီး အိပ္ယာေပၚပစ္တင္လိုက္တယ္.....
႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြနီရဲလာၿပီး သူ႕ပုံစံေလးက သနားစဖြယ္ေကာင္းေနတယ္...အိပ္ယာေပၚကေန တြားသြားၿပီး တန္႔က်င္းဝမ္းရဲ႕ အင္းက်ီလက္စကို ဆြဲကာ....
"Daddy. ..."
တုပ္တုပ္မွ်မလႈပ္ေလေသာ တန္႔က်င္းဝမ္းက ထိုေနရာမွာပဲမတ္တပ္ရပ္ေနၿပီး ေကာင္ေလးကို ေအးစက္စြာစိုက္ၾကည့္ေနတယ္...အခ်ိန္ေတာ္ေတာ္ၾကာေတာ့မွ တန္႔က်င္းဝမ္းရဲ႕ ႏႈတ္ခမ္းပါးေတြ လႈပ္႐ွားလာေလတယ္...
"မင္းဘာလို႔ နင္းခ်ီဆီကေန အကူညီမယူခဲဲ႕တာလဲ..."
႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ေၾကာက္႐ြံျခင္း မီးပြားေလးေတြ လင္းလက္လာၿပီး ႐ြံရာတဲ့အမူအရာမ်ိဳးနဲ႔....
"ကြၽန္ေတာ္သူ႕ကိုမုန္းတယ္...ကြၽန္ေတာ္ Daay ကိုပဲ သေဘာက်တာ...Daddy ကိုပဲ လိုခ်င္တာ...."
တန္႔က်င္းဝမ္း ေကာင္ေလးကို စိုက္ၾကည့္ေနတယ္...ဒီေကာင္ေလး သနားစရာေကာင္းေအာင္ သ႐ုပ္ေဆာင္ေနေပမယ့္လဲ တစ္ခ်က္တည္းၾကည့္႐ုံနဲ႔တင္ ျမင္ႏိုင္ေနၿပီ....
သို႔ေပမယ့္လဲ... သူ႕ (တန္႔က်င္းဝမ္း )ဘက္က ဒါေတြကို ထုတ္ေျပာဖို႔ရာ အစီအစဥ္မ႐ွိပါ....
တန္႔က်င္းဝမ္း ေကာင္လးရဲ႕ ေမ့ေစ့ကို လက္ညိဳးနဲ႔ ပင့္လိုက္ၿပီး ရယ္ေမာလိုက္တယ္...
"ေသခ်ာရဲ႕လား..."
ေကာင္ေလးက အဆက္မျပတ္ေခါင္းညိတ္ျပေနတယ္.....
႐ွဲ႕ဟယ္ သတိလစ္သြားတဲ့အထိ ဆက္ဆံခံလိုက္ရတယ္....သူႏိုးလာေတာ့ တန္႔က်င္းဝမ္းရဲ႕ ရင္ခြင္ထဲေရာက္ေနမွန္း သတိျပဳမိလိုက္တယ္...
တန္႔က်င္းဝမ္းက လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ေကာင္ေလးရဲ႕ မ်က္ေတာင္ဖ်ားေလးေတြကို ပါးျပင္ေလးေတြကို ထိေတြ႕ေနတယ္....ေကာင္ေလးရဲ႕ မ်က္ေတာင္ေတြ လႈပ္ခတ္လာတာကို သတိျပဳမိလိုက္တာေၾကာင့္...
"ႏိုးၿပီလား..."
႐ွဲ႕ဟယ္ မ်က္လုံးဖြင့္ၿပီး ၾကည့္လိုက္တယ္...
"Daddy. ..."
တန္႔က်င္းဝမ္း ေကာင္ေလးကို ေသခ်ာစိုက္ၾကည့္ေနမိတယ္..ေကာင္ေလးရဲ႕ မ်က္ဝန္းနက္နက္ေတြထဲမွာ မည္သည့္ခံစားခ်က္မွ် မေတြ႕ခဲ့ရေပ.....
သို႔ေပမယ့္လဲ သူ႕ရဲ႕ထိန္းခ်ဳပ္ႏိုင္စြမ္းေတြ ကုန္ဆုံးသြားမွန္း တန္႔က်င္းဝမ္း သိလိုက္ပါၿပီ...ေကာင္ေလးက တျခားသူကို ကာကြယ္ေပးဖို႔ အားတင္းၿပီးျပဳံးျပေနသ၍ သူ႕ (တမ့္က်င္းဝမ္း) ရဲ႕ ႏွလုံးသားထဲက အမ်က္ေဒါသေတြကို ထိန္းခ်ဳပ္ဖို႔ရာ နည္းလမ္းမ႐ွိခဲဲ႕ပါ....
နင္းခ်ီကို သတိပစ္လိုက္ခ်င္တယ္...သူတကယ္ သတ္ပစ္လိုက္ရင္ ေကာင္ေလးသူ႕ကို မုန္းသြားမလား? ??ဒါ့ေၾကာင့္ နင္းခ်ီကို နင္းမိသားစုဆီပဲ ျပန္ပို႔ခိုင္းလိုက္တယ္....
အရာအားလုံး သူ႕ထိန္႔ခ်ဳပ္မႈေအာက္မွာပဲ ႐ွိေနေစမယ့္ နည္းလမ္းကို ႏွစ္ေပါင္းမ်ားစြာ သုံးခဲ့တယ္....သူ႕ခံစားခ်က္ေတြကို ဘယ္အရာကမွ လႈံ႕ေဆာ္ႏိူင္စြမ္းမ႐ွိခဲ့ဘူး....သို႔ေပမယ့္ လြန္ခဲ့တဲ့ ေျခာက္လအတြင္း ဒီေကာင္ေလးေၾကာင့္နဲ႔ ခံစားခ်က္မ်ိဳးစုံ ခံစားခဲ့ရၿပီး လူရယ္စရာေကာင္းတဲ့လုပ္ရပ္ေတြလဲ လုပ္မိခဲ့ၿပီ....ဒါေတြအကုန္လုံးက ဒီေကာင္ေလးေၾကာင့္ပဲ....
သူ႕လက္နဲ႔ ေကြၽးေမြးျပဳစုခဲ့တဲ့ လွပတဲ့ ဒီေကာင္ေလးက သူ႕ခံစားခ်က္ကို တစ္ႀကိမ္ၿပီးတစ္ႀကိမ္ ထိပါးေနေလၿပီ....
အစတုန္းကေတာ့ ဒီေကာင္ေလးက သူ႕အတြက္ အပ်င္းေျပေစမယ့္ အ႐ုပ္တစ္႐ုပ္ပါပဲ...သို႔ေပမယ့္ ဒီေကာင္ေလးကို သူဘယ္ေလာက္ထိ ဂ႐ုစိုက္သလဲဆိုတာကို ေလ်ာ့တြက္ခဲ့မိၿပီထင္ပါရဲ႕....ဒီေကာင္ေလး သူ႕အတြက္ ဘယ္ေလာက္အထိ အေရးပါသလဲ ဆိုတာကိုပါ ေလ်ာ့တြက္ခဲ့မိၿပီ.....
တန္႔က်င္းဝမ္း က မတင္မက် မျပတ္မသား ဆုံးျဖတ္သူမဟုတ္ေပ....သူ ဒါကို သတိျပဴမိကတည္းက ေကာင္ေလးကို သူ႕ထိန္းခ်ဳပ္မႈေအာက္မွာပဲ ႐ွိေနေစဖို႔ ႀကိဳးစားခဲ့တယ္....ဒီေကာင္ေလးကို သူပိုင္မွန္း ေသခ်ာေအာင္လုပ္ပစ္ခဲ့တယ္....ဒီေကာင္ေလးသာ သူ႕အနားမွာ႐ွိေနမယ္ဆို သူ႕ဘဝႀကီးကလဲ ပ်င္းရိစရာေကာင္းေနေတာ့မွာမဟုတ္ဘူး....
မည္သို႔ပင္ဆိုေစ...ဒီေကာင္ေလးကို လုံးလုံးလ်ားလ်ားပိုင္ဆိုင္ခ်င္ရင္ ဒီေကာင္ေလး သူ႕ကို ခ်စ္လာမွျဖစ္မယ္...အရင္ဆုံး ဒီေကာင္ေလး သူ႕ကို အေဖတစ္ေယာက္အျဖစ္ မသတ္မွတ္ေတာ့တာေသခ်ာေအာင္ လုပ္ရလိမ့္မယ္.....
နင္းခ်ီဘက္က ေဒါသတႀကီးေျပာလိုက္တဲ့စကားေတြကို တန္႔က်င္းဝမ္း လ်စ္လ်ဴ႐ွဴထားလို႔ မရေတာ့ဘူး....တစ္ခ်ိဳ႕ေသာ သူေတြရဲ႕ အျမင္မွာ တန္႔က်ိဳးက သူ႕သားအျဖစ္႐ွိေနဆဲပါပဲ....ဘယ္သူေတြ ဘယ္လိုေတြးေတြး ဒါေတြကို ေကာင္ေလးနဲ႔သူ႕ၾကားမွာ အတားအဆီျဖစ္လာဖို႔ သူ႕ခြင့္မျပဳႏိူင္ဘူး...ေကာင္ေလး သူ႕ကိုယ္သူ လွည့္စားၿပီး ေတြးခ်င္ရာေတြးေနဖို႔လဲ ခြင့္မျပဳႏိုင္ေတာ့ဘူး.....
တစ္ေန႔မွာ ေကာင္ေလးက သူ႕ေဘးမွာ သားတစ္ေယာက္အျဖစ္နဲ႔ မဟုတ္ဘဲ ခ်စ္သူတစ္ေယာက္အျဖစ္နဲ႔ ရပ္တည္ေနႏိူင္ဖို႔ ေမွ်ာ္လင့္ပါတယ္....
ဒါကို သူေတြးမိလိုက္တဲ့အခါ သူ႕ေမွ်ာ္လင့္ခ်က္ေတြကို မခ်ဳပ္တည္းႏိုင္ေတာ့ပါ.....
႐ွားပါးၿပီး တုႏိႈင္းမဲ့တဲ့ အလွတရားေလး တန္႔က်ိဳးက သူ႕အတြက္ပဲ ျဖစ္ရမယ္...
[TN: ေအးပါ...နင့္လင္ေလး ႐ွဲ႕ဟယ္ကိုလဲ ငါတို႔က အလကားေပးေတာင္ မယူပါဘူးဟယ္ ေၾကာက္လြန္းလို႔ပါ....]
[တင္းေတာင္...တန္႔က်င္းဝမ္းရဲ႕ ႏွစ္သက္မႈ 4 မွတ္ ထပ္တိုးပါတယ္...စုစုေပါင္း 88 မွတ္႐ွိေနပါၿပီ....]
တန္႔က်င္းဝမ္းက ေကာင္ေလးရဲ႕ အာခံတြင္းတစ္ခုလုံးႏွံ႔စပ္ေနေအာင္ ႏူးႏူးညံ့ညံေလး နမ္းေနခဲ့တယ္....အသက္႐ႈမဝေတာ့တဲ့ေကာင္ေလးရဲ႕ မ်က္ဝန္းေတြထဲမွာ ျမဴလႊာေလးေတြရစ္သိုင္းလာၿပီး သူ႕ရင္ခြင္ထဲမွာ လူးလြန္႔ေနေလရဲ႕.....
တန္႔က်င္းဝမ္းရဲ႕ ႏွလုံးသားထဲမွာ ႏူးညံမႈေလးေတြ ပလုံစီလာတာေၾကာင့္ ေကာင္ေလးကိိဳ ဒီ့ထက္ပိုၿပီး ႏူးႏူးညံ့ညံေလး ဆက္ဆံေပးခဲ့တယ္....
ခဏေလးအတြင္းမွာပဲ..တန္႔က်င္းဝမ္းရဲ႕ႏွလုံးသားတစ္ခုလုံး ထိန္းမရေအာင္ ေပ်ာ့ေျပာင္းသြားခဲ့ပါၿပီ......
တန္႔က်င္းဝမ္း ေကာင္ေလးကို ခ်ီမလိုက္ၿပီး....
"အခုကစၿပီး ငါ့အခန္းထဲကို ေျပာင္းလာခဲ့ေတာ့...."
႐ွဲ႕ဟယ္ ေမးခြန္းထုတ္လိုတဲ့ အၾကည့္နဲ႔ ျပန္ၾကည့္လိုက္ၿပီး....
"ဘာျဖစ္လို႔လဲ....."
ေကာင္ေလးရဲ႕ မ်က္ႏွာတစ္ခုလုံး လူေသတစ္ေယာင္လို ျဖဴဆုတ္လာတာကို ျမင္တာေၾကာင့္ အေရးမပါဟန္နဲ႔....
"ငါ့ရဲ႕သားအရင္း မၾကာခင္ေရာက္လာေတာ့မယ္....မင္းပိုင္သမွ်အရာအားလုံးကို ပိုင္႐ွင္အစစ္ဆီျပန္ေပးသင့္ၿပီ...."
"ဘာပဲျဖစ္ျဖစ္ ကိစၥမ႐ွိပါဘူး ...."
တန္႔က်င္းဝမ္းက ေကာင္ေလးရဲ႕ နဖူးကို နမ္းၿပီး ခ်စ္ျခင္းတရားေတြ ျပည့္လွ်ံေနတဲ့ အၾကည့္မ်ိဳးနဲ႔ ၾကည့္ၿပီး ဆက္ေျပာလိုက္တယ္....
"မင္း ငါ့စကားနားေထာင္ေနသ၍ မင္းလိုခ်င္တာထက္ ပိုေပးမွာပါ...."
[ 444: သူ ( တန္႔က်င္းဝမ္းရဲ႕သားအရင္း)က ေသသြားၿပီမလား...( ° △° ) ]
[ ႐ွဲ႕ဟယ္:ေဘဘီ...ငါမင္းကို ေစာင့္ၾကည့္ခိုင္းထားတယ္ေလ...မင္း မျမင္လိုက္ဘူးလား...]
[ 444: .......] အျပစ္႐ွိပါတယ္...
[ ႐ွဲ႕ဟယ္: မင္း ငါ့ဝန္ထမ္းမဟုတ္တာ ကံေကာင္းသြားတယ္မွတ္....] သူ႕အိမ္ေမြးတိရစၧာန္ေလးေပၚထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြ သိပ္မျမင့္ပါဘူး....
[ 444: ေတာင္းပန္ပါတယ္...QAQ]
[႐ွဲ႕ဟယ္: အဲ့တုန္းက ျဖစ္ပ်က္ခဲ့တာေတြအေၾကာင္း တန္႔က်င္းဝမ္း စုံစမေနတာ ၾကာၿပီ....သူနဲ႔ငါနဲ႔ အေတြးခ်င္းတူတယ္....အဲ့ပခ်ိန္တုန္းက ဟိုအမ်ိဳးသမီးက ေဆး႐ုံမွာ သာမာန္ သူနာျပဳေလးတစ္ေယာက္ပဲဆိုေတာ့ ကေလးခ်င္းလဲဖို႔ ခက္ခဲလြန္းတယ္....ဒါေပမယ့္လဲ တစ္ေန႔တည္း တစ္ခ်ိန္တည္းေမြးတဲ့ ကေလးကို လဲဖို႔ဆို သိပ္မခက္ေတာ့ဘူး....အဲ့တုန္းက ေဒါသထြက္ေနလို႔သာ တန္႔က်င္းဝမ္း စိတ္ပ်က္သြားေအာင္ ေလွ်ာက္ေျပာေနတာ...တန္႔က်င္းဝမ္းဘက္ကလဲ ေတြးမိမွာပဲေလ....သူ႕သားနဲ႔တစ္ေန႔တည္းေမြးတဲ့သူေတြကို လိုက္႐ွာလိုက္႐ုံပဲေပါ့...ဒါဆို သူ႕သားအရင္းဘယ္အရပ္ေရာက္ေနမွန္း႐ွာလို႔ရၿပီ... ]
[ 444:ဒါဆို ဘာဆက္လုပ္ၾကမလဲ...QAQ]
[ ႐ွဲ႕ဟယ္: ေဘဘီ...မင္းစိတ္ပူေနတာ ေနာက္က်ေနၿပီလို႔ မထင္မိဘူးလား...တန္႔က်င္းဝမ္းက သူ႕သားအရင္းကို လြန္ခဲ့တဲ့ သုံးလေလာက္ကတည္းက ႐ွာေတြ႕ၿပီးသား....]