B O G(ZSWW)[Complete]

By Kaori_HZar

53.2K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... More

1(U)
1(Z)
2(U)
2(Z)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(U)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(U)
13(Z)
14(U)
14(Z)
15(U)
15(Z)
A/N
16(U)
16(Z)
17(U)
17(Z)
18(U)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
22(Z)
23(U)
23(Z)
24(U)
24(Z)
A/N
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(U)
29(Z)
30(U)(Final)
30(Z)Final
A/N

25(U)

956 63 10
By Kaori_HZar

ပြောဖို့အချိန်ကျလေပြီထင်......ဒီလိုပဲဆက်သွားနေရင် ရှောင်းရှန်းအတွက်အရမ်းကိုခက်ခဲလွန်းသည်။ အချိန်တွေကြာလာလေ ရိပေါ်ကိုပိုချစ်လာလေဖြစ်နေသည့် မိမိ့ကိုယ်တိုင်ပင်နားမလည်နိုင်အောင်ဖြစ်နေသည်။ ကိုယ့်စိတ်ကိုမလုံတော့တာကြောင့်အမှန်တရားကိုအမြန်ဖွင့်ပြောကာ ရိပေါ်ဘေးကနေခွာရမည်။

"ဟယ်လို ရိပေါ် ရှောင်းပြောစရာရှိလို့ အွန်း Candy cafeဆိုင်မှာစောင့်နေမယ်"

ဖုန်းချပြီးတာနဲ့ သက်ပြင်းဖွဖွလေးချကာ ကိုယ့်ကိုယ်အချိန်ယူရသည်။မင်းနားလည်နိုင်ဖို့မျှော်လင့်ရတာပဲ......

————☘

"အင်းး ငါ ဒီနေ့ပဲ အကောင်အထည်ဖော်မယ်"

"ဟူတ်လှချည်လား"

"ဒါပေါ့ ငါပြင်ခဲ့တာ ဘယ်လောက်ကြာပြီမို့လဲ"

"မင်းကတော့ တကယ့်စံပဲဟေ့​ေကာင်"

ရယ်သွမ်းနှောကာ ဟောက်ရွှမ်းပြောလေတော့ ဒါပဲလေဆိုသည့်မျက်နှာထားနှင့်မျက်ခုံးတစ်ချက်ပင့်ပြလာသည်။

"မင်းတာဝန်ယူထားတဲ့ အပိုင်းတွေကိုသာမလစ်ဟင်းစေနဲ့"

"စိတ်ချပါ ငါကဘယ်သူမလို့လဲ"

"ဟင်းးဟင်းး"

"ငါစောင့်ကြည့်ဉီးမယ် မင်းပြောတဲ့100%သေချာတယ်ဆိုတာကို"

"စောင့်ကြည့်ပေါ့ "

ရှောင်းကျန့်ရင်တွေတဒိတ်ဒိတ်ခုန်ကာရောက်လာတော့မည့်အချိန်ကာလလေးကိုစိတ်ကူးယဉ်နေမိသည်။အဲ့အချိန်အံ့သြ သွားမည့်ရိပေါ်ရဲ့မျက်နှာလေးကိုမြင်ယောင်ရင်း အပျော်ကြီးပျော်နေတော့တာပဲ.........

ရှောင်းကျန့်နှင့်ဟောက်ရွှမ်းဘယ်လိုကစရင်းနှီးသွားသလဲဆို ရိပေါ်ကြောင့်လို့ပြောရမှာပဲ....။

💮
အချိန်တွေက ကုန်လာလိုက်တာ သူတောင်ဒီရောက်နေတာ တစ်နှစ်ပြည့်ပြီး2လလောက်ရှိရောပေါ့....ရိပေါ်ကော အဆင်ပြေနေပါ့မလား.....ပြေမှာပါလေ ရှောင်းတစ်ယောင်လုံးရှိနေတာကို.....ငါထွက်သွားရင် မင်းတစ်ခုခုတော့ဖြစ်လောက်မှာဆိုပြီး မျှော်လင့်ခဲ့တဲ့ငါက မင်းရဲ့လမ်းခွဲမယ်ဆိုတဲ့စကားအပြီးမှာအကုန်ပျောက်ရှခဲ့ရတယ်။မင်းဆိုင်ကယ်လဲလို့ အပြေးလိုက်လာမိတဲ့ ငါက အရူးတစ်ယောက်သာသာထက်မပိုခဲ့ဘူး.....

"Hey,Sean ,he's my friend"

Johnက ရှောင်ကျန့်ရဲ့ဘေးဝင်ထိုင်ကာ ပုခုံးကိုဖက်လို့ အရှေ့ကလူကိုမိတ်ဆက်ပေးသည်။

"Hi,Nice to meet..."

မျက်ရည်များကိုမသိအောင် ခိုးသုတ်ကာအရှေ့ကလူကိုလှည့်ကြည့်ရင်းနူတ်ဆက်လိုက်သည်။ စကားမဆုံးခင်မှာပဲ မြင်လိုက်ရတဲ့မျက်နှာကြောင့် ရှောင်းကျန့်မသိမသာလေး ကိုယ့်ခေါင်းကိုယ် ငုံ့ချလိုက်မိသည်။အရှုံးသမားတစ်ယောက်လို သူ့ပုံစံကိုဘယ်သူ့ကိုမှ မပြချင်......

ဟောက်ရွှမ်းကတော့ သူ့ကို တည်တည်ငြိမ်ငြိမ်သာစိုက်ကြည့်နေသည်။မင်းဘယ်ပြေးချင်သေးလဲဆိုတဲ့အကြည့်နဲ့......

အဲ့အချိန်ကစ ဟောက်ရွှမ်းဟာ ရိပေါ်...ရဲ့... ဆိုးအတူကောင်းဖက်သူငယ်ချင်းဖြစ်ရုံတင်မက ရှောင်းကျန့်အတွက်လည်း သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့သည်။UKကိုအလည်ခနလာပြီးပြန်သွားသည့် ဟောက်ရွှမ်းဆီကနေ ရိပေါ်၏သတင်းများကိုအဆက်မပြတ်ကြားခဲ့ရ၏။နေ့စဉ်ဒူဝ ကျောင်းစာ အလုပ်အကြောင်းလေ့လာရသည်များနှင့်ပင်ပန်းသော်လည်း ညကျလျှင် ဟောက်ရွှမ်းဖောက်သည်ချပေးတဲ့ ရိပေါ်အကြောင်းနှင့် ရိပေါ်ကိုခိုးရိုက်ထားတဲ့ videoအတိုလေးတွေကို ကြည့်ရင်း အမောပြေရပါသည်။

💮

—————☘
Candyဆိုသည့်cafeဆိုင်လေးအတွင်း ထောင့်ကျကျ ထိုင်ခုံတွင်ထိုင်ကာ ဆိုင်အပြင်သို့ငေးနေသော လူတစ်ယောက်.......

မျက်ဝန်းတွေက အရာရာကိုစွန့်လွှတ်ဖို့ဆုံးဖြတ်ထားဟန် ပြတ်သားကြည်လင်နေသည်။အသက်30ကျော်ဆိုသည့် ဂုဏ်နှင့်မလိုက်အောင် နုဖတ်စွာတည်ရှိနေသော အသားအရေနှင့် မျက်နှာပေါက်က မြင်သူတိုင်း ချစ်ချင်စရာ။

"Sorry ရှောင်းစောင့်ရတာ ကြာသွားလား"

ရှောင်းရှန်းပြုံးမိသွားလားတောင်မသိဘူး.... ရိပေါ်ရဲ့ဒီလိုပုံစံလေးသူမမြင်ရတာဘယ်လောက်ကြာနေပြီလဲ.....တစ်နေ့တစ်နေ့suiteကြီးဝတ်ကာ လူကြီးဆန် ရင့်ကျက်ချင်ယောင်ဆောင်နေတဲ့ကလေးပေါက်က အခုတော့ အရင်ကအတိုင်းT-Shirtအဖြူတစ်ထည်ကို အပြင်ကအကျီရှပ်ကွက်ကိုထပ်ဝတ်ထားကာ ဘောင်းဘီဒူးလောက်ရှိသည့် short pantအတိုလေးကိုဝတ်ထားသည်။

"ရှောင်း စောင့်ရတာကြာသွားပြီလားလို့"

"မကြာပါဘူး ရှောင်းတောင်ခနမှရောက်တာ"

1နာရီလောက်စောပြီးကြိုရောက်နေတာကိုတော့ ထူးထွေပြီးပြောမနေတော့ပါဘူးလေ.... ရိပေါ်ကိုစောင့်ရတာ သူအသားကျနေပြီ...

"ဟူတ်လား ဟီးးးတော်သေးတာပေါ့.....ရှောင်းကျန့်လေ အတင်းနေ့လည်စာ ခေါ်ကျွေးနေတာနဲ့..... "

နူတ်ခမ်းတဆူဆူနဲ့ ရှောင်းကျန့်ကြောင့်နောက်ကျနေကြောင်းပြောနေတဲ့ ဒီလူသားလေးကိုမပိုင်ဆိုင်ရဘူးဆိုတဲ့ အသိနဲ့ သူရူးဖို့လုံလောက်ပါရဲ့.......အဲ့လောက်ထိတောင်ရှောင်းငယ်ကမင်းကိုလွှမ်းမိုးနိုင်သတဲ့လား....

"ရှောင်းး!! ရှောင်း!!! အယ် ဘာလို့ငိုနေတာလဲ"

"ရှောင်းပြောစရာရှိတယ်ဆိုတာ ဘာလဲသိလားဟင်"

"ဘယ်သိမှာလဲ ရှောင်းရဲ့ "

"အဟင်းးး ​ရှောင်းကျန့်က ရှောင်းရဲ့တူလေးလို့ပြောရင် ရိပေါ်ယုံမှာလား"

မျက်ရည်စက်လက်နဲ့ရှောင်းရဲ့အပြောကြောင့် ရိပေါ်ဟာ ပြုံးရုံသာတတ်နိုင်ခဲ့တယ် ။သူပြန်ပြောစရာစကားမရှိဘူးလေ... သူဘာများပြောနိုင်မှာလဲ...

"ရှောင်းတမင်ဖုံးကွယ်ထားတာမျိုးမဟုတ်ပေမယ့် ရှောင်းကို မျက်နှာလွှဲခဲပစ်ခဲ့တဲ့ သာ့ကောကို ခွင့်မလွှတ်နိုင်သေးတာမို့ပါ ဖြစ်နိုင်ရင် မျိုးရိုးနာမည်ကိုပါ ဖြုတ်ပစ်ချင်ပေမယ့် ရိပေါ်ကအမြတ်တနိုးနဲ့ခေါ်နေတဲ့နာမ်စားလေးမို့ ရှောင်းမဖြုတ်ပစ်နိုင်ခဲ့ဘူး ပြီးတော့
Xiaoအိမ်တော်တစ်ခုလုံးမှာ ရှောင်းငယ်ကလွှဲလို့ ရှောင်းကိုအကုန်လုံးပစ်ထားကြတာ "

"ဒါဆို ရှောင်း...... ရှောင်းကျန့်ကရော နဂိုကတည်းကသိပြီးသားပေါ့.... သိသိရက်....သိသိရက်နဲ့ကျွန်တော့ကိုချဉ်းကပ်ခဲ့တာပေါ့......."

"အဲ့လိုမဟူတ်..... "

စကားတောင်မဆုံးသေးပြေးထွက်သွားသည့်ကျောပြင်လေးက တသိမ့်သိမ့်တုန်လို့.........

"ရိပေါ်!!!"

"အသည်း!!"

လိုက်ပြေးသော်လည်း အချိန်နှောင်းသွားချေပြီလား???ကုန်တင်ကား တစ်စီးက ရိပေါ်ကိုတိုက်သွားတာများ ရိပေါ်ခင်ဗျာ အရုပ်ကလေးအတိုင်း အဝေးကြီးကိုလွှင့်ထွက်သွားတာ.......

***********************************

Continue Reading

You'll Also Like

4K 114 28
ကောကိုစောင့်​နေမယ်​ ပြန်​လာပါတော့ 10နှစ်​တောင်​ကြာခဲ့ပြီလေ ဒီလောက်​စောင့်​ရရင်​ ရသင့်​ပြီမလား သစ်​တောထဲကမျက်​နှာဖုံးနဲ့ထူးဆန်းတဲ့ကျွန်​တော့်​ကော Wan...
54.5K 5.8K 26
"ကိုယ့်ကိုနမ်း" "ဆုတောင်း ရှောင်းကျန့်" ⚠️ ZSWW⚠️ "ကိုယ့်ကိုနမ်း" "ဆုတောင်း ရှောင်းကျန့်" ⚠️ ZSWW⚠️
21.7K 1.7K 11
☑️ ZSWW&zhanyi Fan Fiction☑️ ❌Not BJYX&yizhan❌ #For My fav:Author Sanay Moe Swe💕 #Ămaryllis_Ķ #Start- 12.7.2021 #end - 28.7.2021
469K 39.4K 47
Unicode ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ first year က လုံးလုံးကစ်ကစ် အလုံးလေးတို့ရ...