{Unicode }(16.1)
ကျန်းရှုဟာ သူ့နှုတ်ခမ်း တွေကို တွန့်လိုက်တယ်။
ဘယ်သူ က ခများနဲ့ အတူ လျောက်လှမ်း ချင်နေလို့လဲ?
ဒါပေမယ့် မျက်နှာပေါ်ကို တိုက်ခိုက်ခံ လိုက်ရတဲ့ ရှုပေါ်စု ရဲ့အနမ်းတွေ ကိုာတော့ သူ့နှလုံးသား ထဲကနေ တောင်မှ မငြင်းပယ် ခဲ့ပါဘူး။
ဂေးဘားမှာ ထိုသူနဲ့ စတွေ့ခဲ့တဲ့ အချိန်ကိုတောင် သူပြန်အမှတ် ရလာပြီး ထိုအချိန် က လူနဲ့ အခုလက်ရှိ ရှိနေတဲ့ ရှုပေါ်စု ကတော့ တစ်ထပ် တည်း ထပ်တူညီနေလေတယ်။
မဟုတ် သေးဘူး အခုက ပိုပြီးတော့ နှစ်လို ဖွယ်ကောင်း လာတယ်။
ကျန်းရှု အနေနဲ့ ရှုပေါ်စု ကိုပေးလိုက်တာက သူ့ရဲ့ ပထမဆုံး အကြိမ်ဆိုတာကို တော့ သူ့ကို သတ်ရင်တောင်မှ ဝန်မခံနိုင်ဘူး ။
စိတ်ထဲမှာ ထိုကဲ့သို့ ပြဿနာလေးတွေ ရှိနေလေတော့ ဖုန်းမျက်နှာပြင်က ပြသနေတဲ့ ခေါင်း ၆ လုံးရှိတဲ့ ငါးမန်းကြီး ကလည်း သူ့ရဲ့ စိတ်အာရုံကို မဆွဲဆောင်နိုင်တော့ပါဘူး။ ကျန်းရှုက သူ့ဖုန်းရဲ့ အသံကို လျော့လိုက်ကာ အိပ်ယာရဲ့ ခြေရင်းနားကို လဲလိုက်ရင်း အပြင်ကလှုပ်ရှားနေတဲ့ အသံကိုပဲ နားထောင် လိုက်တော့တယ်။
ဒါက အိမ်သေးသေးလေး မှာနေ ရတဲ့အကျိုးကျေးဇူး တွေပဲ။
မီးဖိုချောင် ထဲက ရေကျသံကိုတောင် အိပ်ခန်းထဲ ကနေ ကြားနေရတယ်။ ဒါဟာ ရှုပေါ်စု တစ်ယောက် ဆန်ဆေး နေတဲ့ အသံပဲ ဖြစ်ရမယ်........ ။ သူ့ရဲ့ ဖြူသွယ်သွယ် လက်လေးတွေ နဲ့ ဆန်စေ့လေးတွေကို ပွတ်သပ် ပြီး ရေနဲ့ဆေးကြော ရောမွှေ.....။
ကျန်းရှု စိတ်ထဲမှာ ရုတ်တရက် ကြီး အတွေးစိတ်ကူး တွေပေါ်လာတော့တယ်။
နောက် ၃ မိနစ်လောက် ကြာပြီးနောက် ခြေသံတွေကို ကြားလိုက်ရတဲ့အခါ ကျန်းရှု က မြန်မြန် လေးထကာ နောက်တော့ သတိပြု မိပြီး သူအခုလှဲနေတဲ့ နေရာကိုပဲ ပြန်ထိုင်လိုက်တော့တယ်။ ဇာတ်ကား ကြည့် ဖို့ရည်ရွယ်ရင်းနဲ့ ပေါ့။
" ကိုယ်ပြန်လာ ပြီ ''
ရှုပေါ်စု က အခန်းထဲကို ဝင်လာပြီး ကျန်းရှု ရဲ့အနီးကပ် ဆုံးနေရာမှာ ဝင်ထိုင်လိုက်တယ် ။
" ဒီနေ့လိုက် ပို့တဲ့ အဲ့ ဒရိုင်ဘာ ကို ဒီနေရာဆီ တိုက်ရိုက် ပို့ပေးဖို့ မပြောခဲ့ဘူးလား? "
" ဟုတ်တယ် ။ ကျောင်းကို ပို့ဖို့ပဲ ပြောခဲ့တာ ''
ကျန်းရှုက ပါးစပ်လေး ဟကာ ပြန်ဖြေလိုက် တယ်။ သူ့ပါးစပ် လေးထဲမှာတော့ စားပြီးသား သလဲစေ့တွေ ပြည့်နေလေတယ်။ ရှုပေါ်စု က သူ့လက်ဖဝါး ကိုဆန့်ထုတ် ပေးကာ ကျန်းရှုရဲ့ အရှေ့ကို တိုးပေးလိုက်တယ်။
" ကိုယ့်လက်ထဲကို ထွေးထုတ်လိုက် ''
အစေ့တွေကို ထွေးထုတ်ဖို့ နေရာလိုက် ရှာနေတဲ့ ကျန်းရှုက သူ့ကို တစ်ချက် ကြည့်ကာ ဘာမှ တစ်ခြား ကိန်းကြီးခန်းကြီးတွေ လုပ်မနေတော့ပဲ ထိုလူ့လက်ထဲကို အစေ့တွေ ထွေးထုတ်လိုက် တော့တယ်။
ဘယ်သူ က သူ့ကို အိပ်ယာထဲမှာပဲ နေဖို့ပြောတာလဲ ဟမ့်!
" ခများက လူတိုင်း အပေါ် ကို ဒီလိုမျိုး ကောင်းတာပဲလား? "
ကျန်းရှုက မေးလိုက် တယ်။
" မင်းလေးက ဘာကိုပြောချင်နေတာ လဲ? "
ရှုပေါ်စုက ကျန်းရှုကို သနားစရာ မျက်လုံးလေး တွေနဲ့ ကြည့်လိုက်တယ်။
" ကျွန်တော် က ဘယ်လိုလုပ် သိမှာတဲ့လဲ? "
ကျန်းရှုက ငါးဆားနယ် တစ်ကောင် လိုအိပ်ယာ ပေါ်ကို ပြန်လှဲကာ ဇာတ်ကား ကိုပဲ ပြန်ကြည့် နေလေတယ်။
ရှုပေါ်စု ရဲ့ အမြင်မှာတော့ ကျန်းရှု ရဲ့ပုံစံလေးက ချောမော သထက်ကို ပိုချောလာတယ် ။ သူ့ရဲ့ မျက်တောင် လေးတွေက ရှည်လျား နေပြီးတော့ မဲမှောင် နေလေတယ်။ သူ့ရဲ့ နှာခေါင်း လေးကလည်း ကွေးသွားကာ သူ့ရဲ့ ရုပ်ရည် ကလည်း သာမန် မိန်းကလေး တွေ ထက်ကို ပိုကြည့် ကောင်း လေတယ် ။
ရှုပေါ်စု က မထိန်းနိုင် တော့ပဲ အခုချက်ချင်း ကို ကျန်းရှုရဲ့ မျက်ခွံလေးတွေကို ပိတ်သွားအောင် ဖိနမ်းလိုက်တယ်။ ပြီးတော့ ကျန်းရှု လေးဟာ လူပျိုပေါက် တစ်ယောက် ရဲ့ အသားအရည်မျိုး မရှိပဲ ချောမွေ့နူးညံ့ကာ ကလေး တစ်ယောက် ရဲ့ အသားအရည် မျိုးရှိတယ် ဆိုတာကို သူခံစားမိ လိုက်တယ်။ ဒါပေမယ့် ရှုပေါ်စု ဟာ သူ့ကျန်းရှုလေး က မိန်းကလေး တစ်ယောက် မဟုတ် မှန်းကို ရှင်းရှင်းလင်းလင်း သိလေတယ်။ ဒါပေမယ့် ကျန်းရှုရဲ့ လိင်အမျိုးအစားကို ခွဲခြား ဆန်းစစ် ကြည့်ရင်လည်း မိန်းကလေး လိုမျိုး က ပါနေတော့........။
ရှုပေါ်စု က ဘေးက ကောင်လေး ကို သူ့ပေါင်ပေါ်ကို ဆွဲတင်ကာ မေးလိုက်တယ်။
" မင်းလေးက ကိုယ်နဲ့ စကားပြော ချင်သလား? "
ကျန်းရှု :'' ကျွန်တော် ဒီမှာ ဇာတ်ကား ကြည့်နေတာ ခများ မမြင်ဘူး လား? ခများ ကရော ဇာတ်ကား မကြည့် ဘူးလား ?''
ရှုပေါ်စုက ပြုံးလိုက်တယ်။
" မင်းလေး က တကယ်ကြည့်နေတာလား? "
" အတုအယောင် ကြည့်တာများ ရှိနေလို့လား? "
ကျန်းရှု က စိတ်တိုစွာ ရယ်လိုက်ကာ ရှုပေါ်စု နဲ့အဝေးကိုတိုးသွားတော့တယ်။
" မင်းက ကိုယ့်ကို ကြောက်နေတာလား? "
ရှုပေါ်စု က သူစထိုင်တဲ့ နေရာကို ပြန်သွား လိုက်တယ်။
" ဒါဆို ကိုယ်လည်း မင်းရဲ့ အဝေးမှာနေပေးပါ့မယ်''
" ကျွန်တော်က မုန်းစရာ ကောင်းတယ် ဆိုတာ ခများမမြင်ဘူးလား? "
ကျန်းရှုက သူ့ကို ကြည့်ကာ ဆွံအ သွားလေတယ်။ ကျန်း - ကိုယ်ကျင့် သိက္ခာ မရှိတဲ့ - ရှု လူကြီးမင်းက ဆက်ပြောလာတယ်။
" ကျွန်တော်က ခများရဲ့ ဘောလုံးလေးကို ကြောက်နေရမှာလား? "
ဟမ့်! ငါက အဲ့တာကြီး နဲ့အတွေ့အကြုံတွေ ရှိပြီးသားလေ။ ကြောက်စရာ လား ။
" အော် ''
ရှုပေါ်စုက ပြောလာတယ်။
" ဒါဆို မင်းလေးက မင်း ရဲ့ ရည်းစား ဟောင်းနဲ့ကျတော့ ဘာလို့ အဲ့လို ဆက်ဆံရေး မရှိခဲ့တာလဲ ဟင်? "
အဲ့မေးခွန်းကို မေးပြီးတဲ့နောက် ရှုပေါ်စုက ဝါကျတစ်ကြောင်း ကို ထပ်ပေါင်းထည့်လာတယ်။
" တကယ်လို့ မင်းအဲ့တာကို မဖြေချင်လည်း ရပါတယ် လေ။ ကိုယ့်ကို မင်း လျစ်လျူ ရှုထားလို့ ရပါတယ် ။ ''
" ခများ က ကျွန်တော် ကို လုံလုံလောက်လောက် မယုံဘူးပေါ့ လေ။ ''
ဘာသိက္ခာ ကိုမှ တွယ်ဖက်မထားတော့တဲ့ ကျန်းရှု က ထိုမေးခွန်းတွေကို စိတ်ထဲ မထားပဲ လုံးဝ ဆန်းဆန်းတင့် ခြင်းမရှိပဲနဲ့ ဖြေလာခဲ့တယ်။
" အဲ့နေ့ ညကို မှတ်မိ သေးလား? အစတုန်းက သူနဲ့ သွားပြီး လက်ထပ်စာချုပ် လုပ်ချင်ခဲ့ တာ လေ။ ''
ကျန်းရှုက ပြုံးပြုံးလေး နဲ့ပဲ ဇာတ်ကြောင်း ကိုပြန်ပြောပြ နေလေတယ်။
" ရလဒ် ကတော့ဗျာ သူ့မိသားစု က ကျွန်တော် တို့ကို သဘောမတူပဲ သူ့ကို ကောင်မလေး တစ်ယောက် နဲ့ မိတ်ဆက် ပေးလာတယ် လို့ ကျွန်တော့်ကို သူပြောတယ်လေ။ ဒါက အဆင်ပြေ ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ကို နင်းလျောက် သွားလို့တော့ ဘယ်ရမလဲဗျ ''
ဒါကြောင့်မို့ တစ်ယောက် ကို တစ်ယောက် မျက်ရည် တွေကျတဲ့ အထိ တိုက်ခိုက်ပစ်ခဲ့တာပဲ။
" အဲ့တစ်ယောက် ရဲ့ အရည်အသွေး က မကောင်းပါ ဘူးကွာ ''
ရှုပေါ်စုက ရိုးရှင်းတဲ့ စာတစ်ကြောင်း ကိုပဲ ပြောထွက် ခဲ့တယ်။ သူ့စိတ်ထဲ မှာတော့ ကျန်းစတော်ဘယ်ရီ လေးက ဒီလိုမျိုး အကောင် ကို ဘယ်နေရာကို ကြည့်ပြီးတော့ ကြိုက်ခဲ့သလဲ ဆိုတာကို မေးလိုက်ချင်မိတယ်။ အဲ့အကောင်က သူ့ကိုယ်သူ ရွံစရာ ကောင်းတဲ့ အကောင် မှန်း သိသွားလို့ သူ့ဘက်ကအရင် စွန့်ခွာပြေးတာပဲ ဖြစ်ရမယ်။
အိုး ငါက ဒီအကြောင်းကို ဆက်တွေးမနေပါဘူးလေ။ ဘာပဲဖြစ်ဖြစ် အခုက ကျန်းစတော်ဘယ်ရီ လေးက ငါ့မိန်းမလေ။
[ဒီဖေ 🙂]
" ပြီးတော့ ရှိသေးတယ် ။ သူက ကျွန်တော် ကို နောက်ပိုင်းကျ တော့ ကျောင်းမှာ လာတွေ့သေးတယ်။ ပြီးတော့ ပြောသေးတာ။ ကျွန်တော်သာ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲ ကို ဖြေပြီးတော့ ကျောင်းကောင်းကောင်း တစ်ကျောင်း ဝင်နိုင်ရင် သူနဲ့ ကျွန်တော်က ပြန်ပေါင်းထုတ်လို့ ရချင်ရအုံးမှာတဲ့ ဗျာ။ ကျွန်တော် တော့ အတော့ကို မူးသွားတယ် ''
ကျန်းရှုက လှောင်လိုက်တယ်။
" သူ့အတွက် မဟုတ် ဘူးဆိုရင်တောင် မှ မင်းလေးက ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲ ကို မဖြေတော့ဘူး လားဟင်? "
ရှုပေါ်စု က မေးလိုက်တယ်။
" ကျွန်တော် ဖြေမှာ မဟုတ်ဘူး ။ ကျွန်တော် စာကျက်ရတာ မကြိုက်ဘူး ။ ''
( အတူတူပဲ ဟယ်)
ကျန်းရှုက ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း ဖြေလာတယ်။
" ကျွန်တော် မကြိုက်တော့တဲ့ လူတစ်ယောက် အတွက် ကျွန်တော် မကြိုက် တဲ့အလုပ်ကို လုပ်မှာမဟုတ်ဘူး ဗျ။ ကျွန်တော်က ကိုယ့်ဘာသာ ကိုပဲ ချစ်တယ်လေ။ ''
ရှုပေါ်စု က စကားဆက် မပြောခဲ့ ပါဘူး။ သူနဲ့ ထိုကောင်လေးက အလွန်တူတဲ့ အကျင့်ရှိတယ် ဆိုတာကို သူသိပါတယ် ။ တစ်ခြားပြော ရရင် သူလည်း ပဲ ကျန်းရှု လေးကို ချစ်လွန်းလို့ကို ကပ်တွယ်နေတာ လေ။
အချိန်ကို ကြည့်ပြီးနောက် ရှုပေါ်စု က အခန်းထဲကို ပြန်ဝင်သွားလေတယ်။ နံရိုးတွေကို ရေနဲ့ ဂရုတစိုက် ဆေးကြောပြီးတော့ စတင်ချက်ပြုတ် တော့တယ်။
ရှုပေါ်စု ရဲ့ ကုန်ဆုံးခဲ့ တဲ့ ပထမ ဘဝ သက်တမ်း မှာ သူဟာ မီးဖိုချောင်ထဲ ကိုဝင်ဖို့ ဘာအကြောင်း မှမရှိခဲ့ပါဘူး။ ပြီးတော့ တစ်စုံ တစ်ယောက် ရဲ့ အကူအညီ နဲ့ အိမ်မှု ကိစ္စ လုပ်တာတွေ ၊ အိမ်ထိန်းသိမ်းတာတွေ နဲ့ ချက်ပြုတ်တာတွေကို မသင်ခဲ့ရဘူး။ သူအခုလို တက်မြောက်ထားတာတွေ က အိမ်ကနေ ဆင်းလာပြီးတော့ ငြိမ်သက်အေးဆေးတဲ့ ဘဝကို နေချင်တဲ့အတွက် ၁ လခွဲကျော်ကျော် လောက် သူ လေ့လာခဲ့ရတာပဲ ဖြစ်လေတယ် ။
" အဲ့နားကနေ ကိုယ့်ကို ကြည့်မနေနဲ့တော့လေ ''
တံခါးဝမှာ ခိုးကြည့် နေတဲ့ ကျန်းရှု ကို ရှုပေါ်စု က ပြန်လှည့် ခြင်းမရှိ ပဲ စကားပြောလိုက်တယ်။
" ဟင်းက ကျက်တော့မှာပဲနော် ''
ကျန်းရှုက လက်ကိုပိုက်ကာ နံရံကို မှီလိုက် ပြီးတော့ မီးဖိုချောင် သေးသေးလေးထဲကို ဝှေ့ကြည့်လိုက်တယ်။
ဒါက အတော့်ကို သေးတာပဲ။ ဒါပေမယ့် လုံးဝကို သန့်ရှင်း နေတယ်။ ရှုပေါ်စု က အထဲမှာ ရပ်ပြီး ဟင်းချက် နေပေမယ့် သူ့ကြည့်ရတာ နည်းနည်း လေးမှ ရှက်ရွံ့ နေဟန် မပေါ်လေဘူး။
သူ့ယောကျာ်း က ကင်မ်ချီ ဒရမ်မာတွေ ထဲက ထက်ကို နည်းနည်း လောက်ပိုပြီ ရိုမန့်တစ် ပိုဆန်နေ သလိုပဲ။
( ကင်မ်ချီဒရမ်မာ က မီလက်ဆော့တာ မဟုတ်ရပါ)
" ခများရဲ့ မိသားစု..... သူတို့က ခများကို ပြန်မခေါ် ကြဘူးလား? "
ကျန်းရှုက စပ်စု လိုက်တယ်။
" ခေါ်တယ် ''
ရှုပေါ်စုက နံရိုးတွေ တည်ထားတဲ့ အိုးအောက်ကို ဂတ်စ်ပို ထည့်လိုက်တယ်။
" ဒါကြောင့်မို့ ကိုယ်သူတို့ကို ဘလော့ခ် ပစ်လိုက်ပြီလေ ''
ကျန်းရှု: '' ......... ''
ဒီလောက် ကောင်းတဲ့အမျိုးသား ကို ငါ့အနေနဲ့ ရက်စက်တဲ့ လူကြီး ပါဆိုပြီးတော့ စဥ်စား ပေးလို့မရတော့ဘူး။
" ဒီအမူအရာက မင်းလေး ဘာကိုပြောချင်တာလဲဟင်? "
သူ့အတွက် ဟင်းချက်ပေး နေတဲ့အမျိုးသားက အလွန်တရာ မှနူးညံ့ သိမ်မွေ့စွာမေးလေတော့ ကျန်းရှု တစ်ယောက် ကြောင်အ နေမိတယ်။
" ကိုယ် မင်းကို ဟိုဟာ မလုပ်ပါဘူး ကွာ ''
" ကျွတ်စ် ''
အဲ့တာကို ဘယ်သူက ဂရုစိုက် နေလို့ လဲ။
အစားအစာ တွေ ပြင်ဆင် ပြီးတဲ့ နောင်မှာ တော့ အင်္ကျီ တွေချွတ်ထားတဲ့ အမျိုးသား ၂ ယောက်က အချင်းချင်း မျက်နှာချင်း ဆိုင်ကာ တစ်ယောက် စီမှာလည်း ပန်းကန်တစ်လုံး စီကိုင်ထားလေတယ်။
ကျန်းရှု က သူ့ခြေထောက် တစ်ဖက်ကို ထိုင်နေတဲ့ ခုံပေါ်တင်ထား ကာ ပုံမှန်စား နေကြ အတိုင်း စားပြီးတော့ ဘာယဥ်ကျေးမှု မှရှိမနေခဲ့လေဘူး။
ရှုပေါ်စု ကတော့ ကောင်းစွာ ပျိုးထောင် ထားခြင်းခံရတဲ့ သခင်ငယ်လေး တစ်ယောက် ပဲ ဖြစ်လေတယ် ။ ပြီးတော့ ထမင်း စားနေတုံး မှာပဲ လိုက်နာရမယ့် ကျင့်ဝတ်တုံးတမ်းတွေကို လိုက်နာကာ သိမ်မွေ့ကျော့ရှင်းစွာ စားသောက် လေပြီးတော့ စကားလည်း မပြောလေဘူး။ ဒါပေမယ့် ကျန်းရှုရဲ့ ထင်မြင်ချက်ကို သိလိုတာကြောင့် မေးလိုက် တယ်။
" ဒါက အရသာကော ရှိရဲ့လား? မင်းက ပေါ့ပေါ့ပါးပါး လေးပဲ စားတက်လား ဒါမှမဟုတ် မင်းက အရသာ လေးလေးပင်ပင်ကို စားတက်တာလား ?''
" အရမ်းကောင်း ပါတယ် ''
ကျန်းရှုက ပြောကာ သူ့ရဲ့ တူနဲ့ ကြီးမားတဲ့ နံရိုးအပိုင်းကို ကောက်ကိုင်ကာ ခေါင်း လေးငုံ့ပြီးတော့ တစ်ခု လုံးထိုးထည့်ပြီး ဝါးတော့တယ်။
ကျန်းရှုရဲ့ ကြိုးစား အားထုတ်မှု ကြောင့် အသား ဟင်း ၂ ခွက် ၊ အသီးအရွက် တစ်ခွက် နဲ့စွပ်ပြုတ်တွေ ကုန်သွားတော့တယ်။ ရိုးရိုးသားသား ပြောကြကြေး ဆိုရင်ရှုပေါ်စုရဲ့ ဟင်းချက်လက်ရာက အရမ်းအရသာ အရှိကြီးလည်း မဟုတ်သလို အရမ်းကြီး စားလို့ မရတာ မျိုးတော့ မဟုတ်လေဘူး။
" ရေခဲသေတ္တာထဲမှာ ရေခဲမုန့်ရှိတယ်နော့ ''
ရှုပေါ်စု က ပန်းကန် တွေကို သိမ်းကာ တစ်ခါတည်း ဆေးကြောလိုက်တယ်။
" အော...''
ကျန်းရှုက ခြေဗလာ နဲ့ ထရပ်ကာ ရေခဲသေတ္တာ ဆီကို သွားပြီးတော့ ရေခဲမုန့်ဘူးကို လက်ဗလာနဲ့ ယူလိုက်တယ်။ ရှုပေါ်စု လည်း အပြင်ကို ပြန်ထွက်လာ တဲ့အခါမှာတော့ ကျန်းရှု ဆီကနေ တစ်ခု ကို ယူစားလိုက်တယ်။
" ကျေးဇူး ပဲ ''
အိမ်လုပ် ရေခဲမုန့်လေးကို ကြည့်ကာ ရှုပေါ်စုက ပျော်ရွှင် စွာနဲ့ စားသုံးတော့တယ်။
စတော်ဘယ်ရီ အရသာ ငှက်ပျော ဂျယ်လီ ပဲကွ။ နောက်တစ်ခါ ဆို နာနတ်သီး နဲ့ ကြိုးစား ကြည့်ရမယ်။
.....................
က်န္းရႈဟာ သူ႕ႏႈတ္ခမ္း ေတြကို တြန့္လိုက္တယ္။
ဘယ္သူ က ခမ်ားနဲ႕ အတူ ေလ်ာက္လွမ္း ခ်င္ေနလို႔လဲ?
ဒါေပမယ့္ မ်က္ႏွာေပၚကို တိုက္ခိုက္ခံ လိုက္ရတဲ့ ရႈေပၚစု ရဲ႕အနမ္းေတြ ကိုာေတာ့ သူ႕ႏွလုံးသား ထဲကေန ေတာင္မွ မျငင္းပယ္ ခဲ့ပါဘူး။
ေဂးဘားမွာ ထိုသူနဲ႕ စေတြ႕ခဲ့တဲ့ အခ်ိန္ကိုေတာင္ သူျပန္အမွတ္ ရလာၿပီး ထိုအခ်ိန္ က လူနဲ႕ အခုလက္ရွိ ရွိေနတဲ့ ရႈေပၚစု ကေတာ့ တစ္ထပ္ တည္း ထပ္တူညီေနေလတယ္။
မဟုတ္ ေသးဘူး အခုက ပိုၿပီးေတာ့ ႏွစ္လို ဖြယ္ေကာင္း လာတယ္။
က်န္းရႈ အေနနဲ႕ ရႈေပၚစု ကိုေပးလိုက္တာက သူ႕ရဲ႕ ပထမဆုံး အႀကိမ္ဆိုတာကို ေတာ့ သူ႕ကို သတ္ရင္ေတာင္မွ ဝန္မခံနိုင္ဘူး ။
စိတ္ထဲမွာ ထိုကဲ့သို႔ ျပႆနာေလးေတြ ရွိေနေလေတာ့ ဖုန္းမ်က္ႏွာျပင္က ျပသေနတဲ့ ေခါင္း ၆ လုံးရွိတဲ့ ငါးမန္းႀကီး ကလည္း သူ႕ရဲ႕ စိတ္အာ႐ုံကို မဆြဲေဆာင္နိုင္ေတာ့ပါဘူး။ က်န္းရႈက သူ႕ဖုန္းရဲ႕ အသံကို ေလ်ာ့လိုက္ကာ အိပ္ယာရဲ႕ ေျခရင္းနားကို လဲလိုက္ရင္း အျပင္ကလႈပ္ရွားေနတဲ့ အသံကိုပဲ နားေထာင္ လိုက္ေတာ့တယ္။
ဒါက အိမ္ေသးေသးေလး မွာေန ရတဲ့အက်ိဳးေက်းဇူး ေတြပဲ။
မီးဖိုေခ်ာင္ ထဲက ေရက်သံကိုေတာင္ အိပ္ခန္းထဲ ကေန ၾကားေနရတယ္။ ဒါဟာ ရႈေပၚစု တစ္ေယာက္ ဆန္ေဆး ေနတဲ့ အသံပဲ ျဖစ္ရမယ္........ ။ သူ႕ရဲ႕ ျဖဴသြယ္သြယ္ လက္ေလးေတြ နဲ႕ ဆန္ေစ့ေလးေတြကို ပြတ္သပ္ ၿပီး ေရနဲ႕ေဆးေၾကာ ေရာေမႊ.....။
က်န္းရႈ စိတ္ထဲမွာ ႐ုတ္တရက္ ႀကီး အေတြးစိတ္ကူး ေတြေပၚလာေတာ့တယ္။
ေနာက္ ၃ မိနစ္ေလာက္ ၾကာၿပီးေနာက္ ေျခသံေတြကို ၾကားလိုက္ရတဲ့အခါ က်န္းရႈ က ျမန္ျမန္ ေလးထကာ ေနာက္ေတာ့ သတိျပဳ မိၿပီး သူအခုလွဲေနတဲ့ ေနရာကိုပဲ ျပန္ထိုင္လိုက္ေတာ့တယ္။ ဇာတ္ကား ၾကည့္ ဖို႔ရည္႐ြယ္ရင္းနဲ႕ ေပါ့။
" ကိုယ္ျပန္လာ ၿပီ ''
ရႈေပၚစု က အခန္းထဲကို ဝင္လာၿပီး က်န္းရႈ ရဲ႕အနီးကပ္ ဆုံးေနရာမွာ ဝင္ထိုင္လိုက္တယ္ ။
" ဒီေန႕လိုက္ ပို႔တဲ့ အဲ့ ဒရိုင္ဘာ ကို ဒီေနရာဆီ တိုက္ရိုက္ ပို႔ေပးဖို႔ မေျပာခဲ့ဘူးလား? "
" ဟုတ္တယ္ ။ ေက်ာင္းကို ပို႔ဖို႔ပဲ ေျပာခဲ့တာ ''
က်န္းရႈက ပါးစပ္ေလး ဟကာ ျပန္ေျဖလိုက္ တယ္။ သူ႕ပါးစပ္ ေလးထဲမွာေတာ့ စားၿပီးသား သလဲေစ့ေတြ ျပည့္ေနေလတယ္။ ရႈေပၚစု က သူ႕လက္ဖဝါး ကိုဆန့္ထုတ္ ေပးကာ က်န္းရႈရဲ႕ အေရွ႕ကို တိုးေပးလိုက္တယ္။
" ကိုယ့္လက္ထဲကို ေထြးထုတ္လိုက္ ''
အေစ့ေတြကို ေထြးထုတ္ဖို႔ ေနရာလိုက္ ရွာေနတဲ့ က်န္းရႈက သူ႕ကို တစ္ခ်က္ ၾကည့္ကာ ဘာမွ တစ္ျခား ကိန္းႀကီးခန္းႀကီးေတြ လုပ္မေနေတာ့ပဲ ထိုလူ႕လက္ထဲကို အေစ့ေတြ ေထြးထုတ္လိုက္ ေတာ့တယ္။
ဘယ္သူ က သူ႕ကို အိပ္ယာထဲမွာပဲ ေနဖို႔ေျပာတာလဲ ဟမ့္!
" ခမ်ားက လူတိုင္း အေပၚ ကို ဒီလိုမ်ိဳး ေကာင္းတာပဲလား? "
က်န္းရႈက ေမးလိုက္ တယ္။
" မင္းေလးက ဘာကိုေျပာခ်င္ေနတာ လဲ? "
ရႈေပၚစုက က်န္းရႈကို သနားစရာ မ်က္လုံးေလး ေတြနဲ႕ ၾကည့္လိုက္တယ္။
" ကြၽန္ေတာ္ က ဘယ္လိုလုပ္ သိမွာတဲ့လဲ? "
က်န္းရႈက ငါးဆားနယ္ တစ္ေကာင္ လိုအိပ္ယာ ေပၚကို ျပန္လွဲကာ ဇာတ္ကား ကိုပဲ ျပန္ၾကည့္ ေနေလတယ္။
ရႈေပၚစု ရဲ႕ အျမင္မွာေတာ့ က်န္းရႈ ရဲ႕ပုံစံေလးက ေခ်ာေမာ သထက္ကို ပိုေခ်ာလာတယ္ ။ သူ႕ရဲ႕ မ်က္ေတာင္ ေလးေတြက ရွည္လ်ား ေနၿပီးေတာ့ မဲေမွာင္ ေနေလတယ္။ သူ႕ရဲ႕ ႏွာေခါင္း ေလးကလည္း ေကြးသြားကာ သူ႕ရဲ႕ ႐ုပ္ရည္ ကလည္း သာမန္ မိန္းကေလး ေတြ ထက္ကို ပိုၾကည့္ ေကာင္း ေလတယ္ ။
ရႈေပၚစု က မထိန္းနိုင္ ေတာ့ပဲ အခုခ်က္ခ်င္း ကို က်န္းရႈရဲ႕ မ်က္ခြံေလးေတြကို ပိတ္သြားေအာင္ ဖိနမ္းလိုက္တယ္။ ၿပီးေတာ့ က်န္းရႈ ေလးဟာ လူပ်ိဳေပါက္ တစ္ေယာက္ ရဲ႕ အသားအရည္မ်ိဳး မရွိပဲ ေခ်ာေမြ႕ႏူးညံ့ကာ ကေလး တစ္ေယာက္ ရဲ႕ အသားအရည္ မ်ိဳးရွိတယ္ ဆိုတာကို သူခံစားမိ လိုက္တယ္။ ဒါေပမယ့္ ရႈေပၚစု ဟာ သူ႕က်န္းရႈေလး က မိန္းကေလး တစ္ေယာက္ မဟုတ္ မွန္းကို ရွင္းရွင္းလင္းလင္း သိေလတယ္။ ဒါေပမယ့္ က်န္းရႈရဲ႕ လိင္အမ်ိဳးအစားကို ခြဲျခား ဆန္းစစ္ ၾကည့္ရင္လည္း မိန္းကေလး လိုမ်ိဳး က ပါေနေတာ့........။
ရႈေပၚစု က ေဘးက ေကာင္ေလး ကို သူ႕ေပါင္ေပၚကို ဆြဲတင္ကာ ေမးလိုက္တယ္။
" မင္းေလးက ကိုယ္နဲ႕ စကားေျပာ ခ်င္သလား? "
က်န္းရႈ :'' ကြၽန္ေတာ္ ဒီမွာ ဇာတ္ကား ၾကည့္ေနတာ ခမ်ား မျမင္ဘူး လား? ခမ်ား ကေရာ ဇာတ္ကား မၾကည့္ ဘူးလား ?''
ရႈေပၚစုက ၿပဳံးလိုက္တယ္။
" မင္းေလး က တကယ္ၾကည့္ေနတာလား? "
" အတုအေယာင္ ၾကည့္တာမ်ား ရွိေနလို႔လား? "
က်န္းရႈ က စိတ္တိုစြာ ရယ္လိုက္ကာ ရႈေပၚစု နဲ႕အေဝးကိုတိုးသြားေတာ့တယ္။
" မင္းက ကိုယ့္ကို ေၾကာက္ေနတာလား? "
ရႈေပၚစု က သူစထိုင္တဲ့ ေနရာကို ျပန္သြား လိုက္တယ္။
" ဒါဆို ကိုယ္လည္း မင္းရဲ႕ အေဝးမွာေနေပးပါ့မယ္''
" ကြၽန္ေတာ္က မုန္းစရာ ေကာင္းတယ္ ဆိုတာ ခမ်ားမျမင္ဘူးလား? "
က်န္းရႈက သူ႕ကို ၾကည့္ကာ ဆြံအ သြားေလတယ္။ က်န္း - ကိုယ္က်င့္ သိကၡာ မရွိတဲ့ - ရႈ လူႀကီးမင္းက ဆက္ေျပာလာတယ္။
" ကြၽန္ေတာ္က ခမ်ားရဲ႕ ေဘာလုံးေလးကို ေၾကာက္ေနရမွာလား? "
ဟမ့္! ငါက အဲ့တာႀကီး နဲ႕အေတြ႕အႀကဳံေတြ ရွိၿပီးသားေလ။ ေၾကာက္စရာ လား ။
" ေအာ္ ''
ရႈေပၚစုက ေျပာလာတယ္။
" ဒါဆို မင္းေလးက မင္း ရဲ႕ ရည္းစား ေဟာင္းနဲ႕က်ေတာ့ ဘာလို႔ အဲ့လို ဆက္ဆံေရး မရွိခဲ့တာလဲ ဟင္? "
အဲ့ေမးခြန္းကို ေမးၿပီးတဲ့ေနာက္ ရႈေပၚစုက ဝါက်တစ္ေၾကာင္း ကို ထပ္ေပါင္းထည့္လာတယ္။
" တကယ္လို႔ မင္းအဲ့တာကို မေျဖခ်င္လည္း ရပါတယ္ ေလ။ ကိုယ့္ကို မင္း လ်စ္လ်ဴ ရႈထားလို႔ ရပါတယ္ ။ ''
" ခမ်ား က ကြၽန္ေတာ္ ကို လုံလုံေလာက္ေလာက္ မယုံဘူးေပါ့ ေလ။ ''
ဘာသိကၡာ ကိုမွ တြယ္ဖက္မထားေတာ့တဲ့ က်န္းရႈ က ထိုေမးခြန္းေတြကို စိတ္ထဲ မထားပဲ လုံးဝ ဆန္းဆန္းတင့္ ျခင္းမရွိပဲနဲ႕ ေျဖလာခဲ့တယ္။
" အဲ့ေန႕ ညကို မွတ္မိ ေသးလား? အစတုန္းက သူနဲ႕ သြားၿပီး လက္ထပ္စာခ်ဳပ္ လုပ္ခ်င္ခဲ့ တာ ေလ။ ''
က်န္းရႈက ၿပဳံးၿပဳံးေလး နဲ႕ပဲ ဇာတ္ေၾကာင္း ကိုျပန္ေျပာျပ ေနေလတယ္။
" ရလဒ္ ကေတာ့ဗ်ာ သူ႕မိသားစု က ကြၽန္ေတာ္ တို႔ကို သေဘာမတူပဲ သူ႕ကို ေကာင္မေလး တစ္ေယာက္ နဲ႕ မိတ္ဆက္ ေပးလာတယ္ လို႔ ကြၽန္ေတာ့္ကို သူေျပာတယ္ေလ။ ဒါက အဆင္ေျပ ပါေသးတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ကို နင္းေလ်ာက္ သြားလို႔ေတာ့ ဘယ္ရမလဲဗ် ''
ဒါေၾကာင့္မို႔ တစ္ေယာက္ ကို တစ္ေယာက္ မ်က္ရည္ ေတြက်တဲ့ အထိ တိုက္ခိုက္ပစ္ခဲ့တာပဲ။
" အဲ့တစ္ေယာက္ ရဲ႕ အရည္အေသြး က မေကာင္းပါ ဘူးကြာ ''
ရႈေပၚစုက ရိုးရွင္းတဲ့ စာတစ္ေၾကာင္း ကိုပဲ ေျပာထြက္ ခဲ့တယ္။ သူ႕စိတ္ထဲ မွာေတာ့ က်န္းစေတာ္ဘယ္ရီ ေလးက ဒီလိုမ်ိဳး အေကာင္ ကို ဘယ္ေနရာကို ၾကည့္ၿပီးေတာ့ ႀကိဳက္ခဲ့သလဲ ဆိုတာကို ေမးလိုက္ခ်င္မိတယ္။ အဲ့အေကာင္က သူ႕ကိုယ္သူ ႐ြံစရာ ေကာင္းတဲ့ အေကာင္ မွန္း သိသြားလို႔ သူ႕ဘက္ကအရင္ စြန့္ခြာေျပးတာပဲ ျဖစ္ရမယ္။
အိုး ငါက ဒီအေၾကာင္းကို ဆက္ေတြးမေနပါဘူးေလ။ ဘာပဲျဖစ္ျဖစ္ အခုက က်န္းစေတာ္ဘယ္ရီ ေလးက ငါ့မိန္းမေလ။
[ဒီေဖ 🙂]
" ၿပီးေတာ့ ရွိေသးတယ္ ။ သူက ကြၽန္ေတာ္ ကို ေနာက္ပိုင္းက် ေတာ့ ေက်ာင္းမွာ လာေတြ႕ေသးတယ္။ ၿပီးေတာ့ ေျပာေသးတာ။ ကြၽန္ေတာ္သာ ဘြဲ႕လြန္ဝင္ခြင့္ စာေမးပြဲ ကို ေျဖၿပီးေတာ့ ေက်ာင္းေကာင္းေကာင္း တစ္ေက်ာင္း ဝင္နိုင္ရင္ သူနဲ႕ ကြၽန္ေတာ္က ျပန္ေပါင္းထုတ္လို႔ ရခ်င္ရအုံးမွာတဲ့ ဗ်ာ။ ကြၽန္ေတာ္ ေတာ့ အေတာ့ကို မူးသြားတယ္ ''
က်န္းရႈက ေလွာင္လိုက္တယ္။
" သူ႕အတြက္ မဟုတ္ ဘူးဆိုရင္ေတာင္ မွ မင္းေလးက ဘြဲ႕လြန္ဝင္ခြင့္ စာေမးပြဲ ကို မေျဖေတာ့ဘူး လားဟင္? "
ရႈေပၚစု က ေမးလိုက္တယ္။
" ကြၽန္ေတာ္ ေျဖမွာ မဟုတ္ဘူး ။ ကြၽန္ေတာ္ စာက်က္ရတာ မႀကိဳက္ဘူး ။ ''
( အတူတူပဲ ဟယ္)
က်န္းရႈက ဖုန္းမ်က္ႏွာျပင္ကို ၾကည့္ရင္း ေျဖလာတယ္။
" ကြၽန္ေတာ္ မႀကိဳက္ေတာ့တဲ့ လူတစ္ေယာက္ အတြက္ ကြၽန္ေတာ္ မႀကိဳက္ တဲ့အလုပ္ကို လုပ္မွာမဟုတ္ဘူး ဗ်။ ကြၽန္ေတာ္က ကိုယ့္ဘာသာ ကိုပဲ ခ်စ္တယ္ေလ။ ''
ရႈေပၚစု က စကားဆက္ မေျပာခဲ့ ပါဘူး။ သူနဲ႕ ထိုေကာင္ေလးက အလြန္တူတဲ့ အက်င့္ရွိတယ္ ဆိုတာကို သူသိပါတယ္ ။ တစ္ျခားေျပာ ရရင္ သူလည္း ပဲ က်န္းရႈ ေလးကို ခ်စ္လြန္းလို႔ကို ကပ္တြယ္ေနတာ ေလ။
အခ်ိန္ကို ၾကည့္ၿပီးေနာက္ ရႈေပၚစု က အခန္းထဲကို ျပန္ဝင္သြားေလတယ္။ နံရိုးေတြကို ေရနဲ႕ ဂ႐ုတစိုက္ ေဆးေၾကာၿပီးေတာ့ စတင္ခ်က္ျပဳတ္ ေတာ့တယ္။
ရႈေပၚစု ရဲ႕ ကုန္ဆုံးခဲ့ တဲ့ ပထမ ဘဝ သက္တမ္း မွာ သူဟာ မီးဖိုေခ်ာင္ထဲ ကိုဝင္ဖို႔ ဘာအေၾကာင္း မွမရွိခဲ့ပါဘူး။ ၿပီးေတာ့ တစ္စုံ တစ္ေယာက္ ရဲ႕ အကူအညီ နဲ႕ အိမ္မႈ ကိစၥ လုပ္တာေတြ ၊ အိမ္ထိန္းသိမ္းတာေတြ နဲ႕ ခ်က္ျပဳတ္တာေတြကို မသင္ခဲ့ရဘူး။ သူအခုလို တက္ေျမာက္ထားတာေတြ က အိမ္ကေန ဆင္းလာၿပီးေတာ့ ၿငိမ္သက္ေအးေဆးတဲ့ ဘဝကို ေနခ်င္တဲ့အတြက္ ၁ လခြဲေက်ာ္ေက်ာ္ ေလာက္ သူ ေလ့လာခဲ့ရတာပဲ ျဖစ္ေလတယ္ ။
" အဲ့နားကေန ကိုယ့္ကို ၾကည့္မေနနဲ႕ေတာ့ေလ ''
တံခါးဝမွာ ခိုးၾကည့္ ေနတဲ့ က်န္းရႈ ကို ရႈေပၚစု က ျပန္လွည့္ ျခင္းမရွိ ပဲ စကားေျပာလိုက္တယ္။
" ဟင္းက က်က္ေတာ့မွာပဲေနာ္ ''
က်န္းရႈက လက္ကိုပိုက္ကာ နံရံကို မွီလိုက္ ၿပီးေတာ့ မီးဖိုေခ်ာင္ ေသးေသးေလးထဲကို ေဝွ႕ၾကည့္လိုက္တယ္။
ဒါက အေတာ့္ကို ေသးတာပဲ။ ဒါေပမယ့္ လုံးဝကို သန့္ရွင္း ေနတယ္။ ရႈေပၚစု က အထဲမွာ ရပ္ၿပီး ဟင္းခ်က္ ေနေပမယ့္ သူ႕ၾကည့္ရတာ နည္းနည္း ေလးမွ ရွက္႐ြံ႕ ေနဟန္ မေပၚေလဘူး။
သူ႕ေယာက်ာ္း က ကင္မ္ခ်ီ ဒရမ္မာေတြ ထဲက ထက္ကို နည္းနည္း ေလာက္ပိုၿပီ ရိုမန့္တစ္ ပိုဆန္ေန သလိုပဲ။
( ကင္မ္ခ်ီဒရမ္မာ က မီလက္ေဆာ့တာ မဟုတ္ရပါ)
" ခမ်ားရဲ႕ မိသားစု..... သူတို႔က ခမ်ားကို ျပန္မေခၚ ၾကဘူးလား? "
က်န္းရႈက စပ္စု လိုက္တယ္။
" ေခၚတယ္ ''
ရႈေပၚစုက နံရိုးေတြ တည္ထားတဲ့ အိုးေအာက္ကို ဂတ္စ္ပို ထည့္လိုက္တယ္။
" ဒါေၾကာင့္မို႔ ကိုယ္သူတို႔ကို ဘေလာ့ခ္ ပစ္လိုက္ၿပီေလ ''
က်န္းရႈ: '' ......... ''
ဒီေလာက္ ေကာင္းတဲ့အမ်ိဳးသား ကို ငါ့အေနနဲ႕ ရက္စက္တဲ့ လူႀကီး ပါဆိုၿပီးေတာ့ စဥ္စား ေပးလို႔မရေတာ့ဘူး။
" ဒီအမူအရာက မင္းေလး ဘာကိုေျပာခ်င္တာလဲဟင္? "
သူ႕အတြက္ ဟင္းခ်က္ေပး ေနတဲ့အမ်ိဳးသားက အလြန္တရာ မွႏူးညံ့ သိမ္ေမြ႕စြာေမးေလေတာ့ က်န္းရႈ တစ္ေယာက္ ေၾကာင္အ ေနမိတယ္။
" ကိုယ္ မင္းကို ဟိုဟာ မလုပ္ပါဘူး ကြာ ''
" ကြၽတ္စ္ ''
အဲ့တာကို ဘယ္သူက ဂ႐ုစိုက္ ေနလို႔ လဲ။
အစားအစာ ေတြ ျပင္ဆင္ ၿပီးတဲ့ ေနာင္မွာ ေတာ့ အကၤ်ီ ေတြခြၽတ္ထားတဲ့ အမ်ိဳးသား ၂ ေယာက္က အခ်င္းခ်င္း မ်က္ႏွာခ်င္း ဆိုင္ကာ တစ္ေယာက္ စီမွာလည္း ပန္းကန္တစ္လုံး စီကိုင္ထားေလတယ္။
က်န္းရႈ က သူ႕ေျခေထာက္ တစ္ဖက္ကို ထိုင္ေနတဲ့ ခုံေပၚတင္ထား ကာ ပုံမွန္စား ေနၾက အတိုင္း စားၿပီးေတာ့ ဘာယဥ္ေက်းမႈ မွရွိမေနခဲ့ေလဘူး။
ရႈေပၚစု ကေတာ့ ေကာင္းစြာ ပ်ိဳးေထာင္ ထားျခင္းခံရတဲ့ သခင္ငယ္ေလး တစ္ေယာက္ ပဲ ျဖစ္ေလတယ္ ။ ၿပီးေတာ့ ထမင္း စားေနတုံး မွာပဲ လိုက္နာရမယ့္ က်င့္ဝတ္တုံးတမ္းေတြကို လိုက္နာကာ သိမ္ေမြ႕ေက်ာ့ရွင္းစြာ စားေသာက္ ေလၿပီးေတာ့ စကားလည္း မေျပာေလဘူး။ ဒါေပမယ့္ က်န္းရႈရဲ႕ ထင္ျမင္ခ်က္ကို သိလိုတာေၾကာင့္ ေမးလိုက္ တယ္။
" ဒါက အရသာေကာ ရွိရဲ႕လား? မင္းက ေပါ့ေပါ့ပါးပါး ေလးပဲ စားတက္လား ဒါမွမဟုတ္ မင္းက အရသာ ေလးေလးပင္ပင္ကို စားတက္တာလား ?''
" အရမ္းေကာင္း ပါတယ္ ''
က်န္းရႈက ေျပာကာ သူ႕ရဲ႕ တူနဲ႕ ႀကီးမားတဲ့ နံရိုးအပိုင္းကို ေကာက္ကိုင္ကာ ေခါင္း ေလးငုံ႕ၿပီးေတာ့ တစ္ခု လုံးထိုးထည့္ၿပီး ဝါးေတာ့တယ္။
က်န္းရႈရဲ႕ ႀကိဳးစား အားထုတ္မႈ ေၾကာင့္ အသား ဟင္း ၂ ခြက္ ၊ အသီးအ႐ြက္ တစ္ခြက္ နဲ႕စြပ္ျပဳတ္ေတြ ကုန္သြားေတာ့တယ္။ ရိုးရိုးသားသား ေျပာၾကေၾကး ဆိုရင္ရႈေပၚစုရဲ႕ ဟင္းခ်က္လက္ရာက အရမ္းအရသာ အရွိႀကီးလည္း မဟုတ္သလို အရမ္းႀကီး စားလို႔ မရတာ မ်ိဳးေတာ့ မဟုတ္ေလဘူး။
" ေရခဲေသတၱာထဲမွာ ေရခဲမုန့္ရွိတယ္ေနာ့ ''
ရႈေပၚစု က ပန္းကန္ ေတြကို သိမ္းကာ တစ္ခါတည္း ေဆးေၾကာလိုက္တယ္။
" ေအာ...''
က်န္းရႈက ေျခဗလာ နဲ႕ ထရပ္ကာ ေရခဲေသတၱာ ဆီကို သြားၿပီးေတာ့ ေရခဲမုန့္ဘူးကို လက္ဗလာနဲ႕ ယူလိုက္တယ္။ ရႈေပၚစု လည္း အျပင္ကို ျပန္ထြက္လာ တဲ့အခါမွာေတာ့ က်န္းရႈ ဆီကေန တစ္ခု ကို ယူစားလိုက္တယ္။
" ေက်းဇူး ပဲ ''
အိမ္လုပ္ ေရခဲမုန့္ေလးကို ၾကည့္ကာ ရႈေပၚစုက ေပ်ာ္႐ႊင္ စြာနဲ႕ စားသုံးေတာ့တယ္။
စေတာ္ဘယ္ရီ အရသာ ငွက္ေပ်ာ ဂ်ယ္လီ ပဲကြ။ ေနာက္တစ္ခါ ဆို နာနတ္သီး နဲ႕ ႀကိဳးစား ၾကည့္ရမယ္။
.....................