{Unicode }(15.2)
ကျန်းရှုဟာ အိမ်ကို ပြန်ရောက် ရောက်ချင်းပဲ ရေချိုးခန်ထဲ ဝင်ကာ ရေချိုးလိုက်တယ်။ သူဟာ သခင်ငယ်လေး ကိုတော့ မီးဖိုချောင်ထဲ သွားတာကိုတွေ့ လိုက်ရတာပဲ။
ကျန်းရှုဟာ ရေချိုးပြီးနောက် လေအေးပေးစက် ရှိတဲ့အိပ်ခန်းထဲကို ပြေးဝင်ကာ သူ့ရဲ့အိတ်ထဲက နေ ဘောင်းဘီ ရှည်ကို ထုတ်ကာ ဝတ်လိုက်တယ်။
ရှုပေါ်စု က ညနေစာ မချက်သေးပါဘူး။ အခုမှ အစောကြီး ရှိနေသေးတာကြောင့် ပါဝင် ပစ္စည်း လေးတွေကို အသင့်ပြင်ထား ယုံလေးပါပဲ။ ပြီးတော့ သလဲစေ့တွေကို ပန်းကန်တစ်လုံးထဲ ထည့်ကာ ကျန်းရှုဆီကို ယူလာပေးခဲ့တယ်။ ပြီးတဲ့နောက် သူလည်း ရေချိုးလိုက်တော့တယ်။
" ဟေး ဒီနေရာက ခများရဲ့ Wifi ps က ဘာတဲ့လဲ?''
ကျန်းရှုဟာ အိမ်မှာ အင်္ကျီ ချွတ်ထား တက်တဲ့ အမျိုးသားကို အိပ်ယာဆီ မှီကာမေးလိုက်တယ်။
ဝါးဖျာလေးကို အောက်မှာခင်း ပြီးတော့ ဇာတ်ကားကြည့်ရင်း မုန့်စား ။ အိုက်ယား ဘဝကြီးက တကယ်ကို သာယာသကိုးကွ။
သဘာဝ စည်းချက်လေး အတိုင်းမျောပါ သွားကြစို့။
" မင်းဖြည့်ဖို့ ကိုယ်ကူညီမယ် ''
ရှုပေါ်စု က ကျန်းရှုဘေးနားကို လျောက်လာပြီးတော့ ထိုင်ကာ Wifi ps ထည့်ဖို့ ကူပေးလိုက်တော့တယ်။ သူက တစ်ခြားသူကို ဖုန်းပြန်ပေး လိုက်တဲ့အချိန် တစ်ဖက်က လူက ဘာဇာတ်ကား ကို ကြည့်နေသလဲ ဆိုတာကို တစ်ချက်လှမ်း ကြည့်လိုက်တယ်။
သူ့အမြင်အာရုံ တွေတောင် ဆုံးရှုံး တော့မလိုပဲ။ သူ့ရဲ့ ကျန်းစတော်ဘယ်ရီ လေးက ခေါင်းခြောက်လုံး ပါတဲ့ ငမန်းကားကို ကြည့်နေတယ်လေ။
" အဲ့တာက ကြည့်လို့ကောင်း လို့လား? "
ရှုပေါ်စုရဲ့မျက်လုံးတွေ လောင်ကျွမ်း လာကာ သူ့အိပ်ယာကို မှီထားတဲ့ ဇာတ်ကား ကြည့်ဆဲ လူငယ်လေးကို မေးလိုက်တယ်။
" ဒါက သိပ်ပြီးအဓိပ္ပါယ် မရှိဘူးလို့ မင်းမထင်ဘူးလားဟင်? "
ကျန်းရှုက ဖုန်းမျက်နှာပြင်ကို စိုက်ကြည့် နေလေတယ်။
" အဲ့တာက ကြည့်လို့ မကောင်းရင် ကျွန်တော် က ကြည့်ပါ့မလား? "
" ဒါဆို ကိုယ်လည်း မင်းနဲ့အတူ ကြည့် မယ်လေ ''
ရှုပေါ်စု က ကျန်းရှု အနားကို တိုးကပ်ပြီး ထိုင်လိုက် တယ်။
" အဲ့ကား က ကြည့်ရတာ အရမ်းလည်း ကြောက်ဖို့ မကောင်းဘူး ''
ကျန်းရှု က ရပ်သွား လေတယ်။
" ခများ က ကြောက်စရာ ကောင်းတဲ့ ကားကို ကြည့်ချင် တာလား? .....ဒါဆိုလည်း အိုကေလေ ''
လူတိုင်းက ကြောက်ဖို့ကောင်း တယ်လို့ ညွှန်းထားကြတဲ့ ဇာတ်ကား တစ်ကားရှိတယ်။ ကျန်းရှု ကတော့ အဲ့တာကို တစ်ခါမှ မကြည့်ရသေးဘူး။ အခုက နေ့အချိန်ကြီးလည်းဖြစ် ဘေးက အတူတူကြည့်မယ့် လူလည်းရှိလေတော့ သူက အဲ့ဇာတ်ကား ကို သာသာယာယာ ပဲ နှိိပ်လိုက်တယ်။
" အဲ့တာကြီးကို ကြည့်မလို့လား? "
ရှုပေါ်စု က ခေါင်းစဥ် ကိုမြင်တော့ ပြောလာတယ်။
" ခများက ကြောက်လို့လား? "
ကျန်းရှုက လှောင်လိုက်တယ်။ ဒါပေမယ့် ရှုပေါ်စု က ဘာမှပြန်မပြော လေဘူး။
ထိုဇာတ်ကား အစကတည်းက မြင့်မားတဲ့ အရည်အသွေး ရှိလေတယ်။ အထူးသဖြင့် နောက်ခံ အသံပြုလုပ်ချက်ပဲ။ နားထောင် ရတဲ့ လူတွေကို အတော်လန့်စေတယ်။ ကျန်းရှု တစ်ယောက် ထိုဟာကို ကြည့်မိလို့ နောင်တ ရမိသွားတယ်။
သောက်ရမ်း ကြောက်ဖို့ကောင်း တယ်ဟ။
တစ်ဖြေးဖြေးချင်း ခေါင်းလေးလှည့်ကာ ကျန်းရှုလေးက ဖုန်းနဲ့ဝေးရာကို ခွာလိုက်ကာ သူ့မျက်လုံး လေးတွေ မှိတ်ထားတာကို တွေ့နိုင်လေတယ်။
" ကိုယ် အဲ့တာကို ကြည့်ပြီး ပါပြီကွာ "
ရှုပေါ်စုက ကျန်းရှု နားကို ကပ်ကာ အသံတိုးတိုး လေးနဲ့ ပြောလိုက် တယ်။ ထိုအသံ လေးက လူကို စိတ်သက်သာ ရာ ရစေတယ်။
ကျန်းရှု မျက်လုံး ဖွင့်လိုက် တော့ ဇာတ်ရှိန် အမြင့်ဆုံး ဇာတ်ကွတ်တောင် ရောက်နေခဲ့ပြီ။
" အား.... !''
ကျန်းရှုက ရှုပေါ်စု ရဲ့လက်မောင်းတွေကြား ပုံးကာ ကြည့်ဖို့ ငြင်းဆန် နေခဲ့တယ်။ ရှုပေါ်စု က အသက်ပြင်းပြင်း ရှုကာ သူ့လက်မောင်း ကြားပုန်းနေတဲ့ ကောင်လေးဆီ ခေါင်းလေးငုံ့ကာမေး လိုက်တယ် ။
" ရိုးရိုး သားသား ပြောစမ်းပါကွာ။ မင်းလေးက ကိုယ့်ကို ကျီစယ်နေတာလား ဟင် ?''
သူ့လက်မောင်း ကြားမှာ နစ်မြှုပ်နေတဲ့ ကောင်လေးက လှုပ်လည်း မလှုပ် သလို စကားလည်း မပြောလေဘူး။
ဒါက အသက်ရူ ဖို့ရာ အတော်ပူလာတယ် လို့ခံစားရစေတယ်။
ရှုပေါ်စု က မျက်လုံး တွေ မဲမှောင် လာပြီးတော့ ဖုန်းကို အဝေးကို ယူသွားခဲ့တယ်။
" ကောင်းပြီ။ အဲ့တာကို ဆက်မကြည့်နဲ့တော့ ''
ထိုခပ်အုပ်အုပ် အသံလေးက ကျန်းရှု ရဲ့ နှလုံးသားလေးကို တုန်ခါစေတယ်။
ဒါပေမယ့် ကျန်းရှုက အခုထိ မလှုပ်ရှားလာသေး ပါဘူး။
ရှုပေါ်စု က လက်သီး တင်းတင်းဆုပ်ကာ ကျန်းရှုရဲ့ မျက်နှာလေးကို သူ့လက်မောင်း တွေကြားထဲကနေ ထုတ်လိုက်တယ် ။ ပြီးတော့ မျက်လုံး လေးတွေ မှိတ်ထားတဲ့ ချစ်စရာ မျက်နှာလေးကို တွေ့လိုက် ရတယ်။ သူရဲ့ နှလုံးသားက ဒရမ်တစ်လုံး လို တဒုန်းဒုန်း ခုန်နေတာကိုတောင် ကြားနေရလေတယ်။
" စတော်ဘယ်ရီလေး ကိုယ်က မင်းကို နမ်းချင် လို့လေ အဲ့ဒါ......''
ကျန်းရှုက ဘာမှ မပြောပဲနေဆဲ။
ဒါပေမယ့်ဖျော့ တော့နေတဲ့ နှုတ်ခမ်းလေး တစ်စုံက တစ်ခဏတင်း သွားကာ နောက်တော့ ခပ်ဟဟလေး ဖွင့်ပေး လာတယ်။ ထိုဟာကို မြင်လိုက်ရ တော့ ရှုပေါ်စုရဲ့ နှလုံးသား က အပြင် ကိုတောင် ခုန်ထွက်လာတော့ မလိုပဲ။ သူက ချက်ချင်း ပဲ ထိုဖျော့နေတဲ့ နှုတ်ခမ်းလေးကို သဲသဲမဲမဲ နမ်းတော့တယ်။ ဒီလိုမျိုး သနားစရာ လေးဖြစ်တဲ့ စောင့်ဆိုင်း နေတဲ့ နှုတ်ခမ်းလေးကို သူဘယ်လိုလုပ် လွတ်ပေးနိုင်မှာတဲ့လဲ။
နမ်းနေတာ မိနစ်ပေါင်း များစွာ ကြာပြွးတဲ့နောက် ကျန်းရှုရဲ့ နှုတ်ခမ်း ကလည်း အနီရောင် တောင်ပြောင်းနေပြီပဲ ဖြစ်တယ်။ ဒါကြောင့် ကျန်းရှု က ဒီလို အတွင်းကျကျ အနမ်းကို ရပ်ဖို့ကြိုးစား လိုက်တော့တယ်။
" ဘာဖြစ်လို့လဲ ?''
ဆွဲဆောင်နိုင်တဲ့ အခိုက်အတန့်လေး မှာနစ်မြုပ်နေဆဲ အမျိုးသား က ပြန်ဖြေခွင့်တောင် မပေးပဲ ပြန်နမ်းလေတယ်။ ကျန်းရှုက သူ့ခံစားချက်ကို ဖုံးကွယ်ထား ဖို့မလုပ်ပေမယ့် သူအတော်လေးကို ရှုပ်ထွေးနေတယ်။ သူက အထီးကျန် စွာ တစ်ယောက် ထဲနေသွား ချင်တာလား ဒါမှမဟုတ် ရှုပေါ်စုရဲ့ အနမ်းကို မရခင် လက်မောင်းနဲ့ ပွေ့ဖက် ခံရပြီး နွေးထွေးတဲ့ ဘဝကို လိုချင်နေတာလား ဆိုတာကိုပေါ့။
ဒါပေမယ့် ဘယ်လို အကြောင်း ကြောင့်ပဲ ဖြစ်နေပါစေ ဒါက ကိစ္စ တော့မရှိပါဘူး။ ရှုပေါ်စု တောင်မှ သူ့အကြောင်း ကို ဘာမှမကောင်းတာ မပြောပဲကို သူ့ကိုယ်သူ အထင်သေးနေ လို့လဲ မရတော့တာ။ သူ့ကို ထိုလူက ချစ်ပေးထားတယ်လေ။
" စတော်ဘယ်ရီ လေး..... ''
ရှုပေါ်စု က ကျန်းရှု ကို လက်မောင်း တွေကြား ပွေ့ကာ တိုးတိုးလေး ပြောလိုက် တယ်။
" ခများကြီး တော်လိုက်တော့ ''
ကျန်းရှုက ရှုပေါ်စု ရဲ့လက်ကို အဝေးရောက်အောင် အသာလေး တွန်းလိုက်တယ်။
" ခများက ကျွန်တော့်ကို တကယ် ကြိုက်နေတာပဲ။ ဒါပေမယ့် ကျွန်တော်က တာဝန်မဲ့တဲ့လူဗျ ''
ရှုပေါ်စု က အနောက်ကို နည်းနည်း ဆုတ်ပေးကာ ခပ်နိမ့်နိမ့်လေး ရယ်မောလာတယ်။
" ကျွန်တော်ပြောတဲ့ ထဲမှာ ခများကြီး အတွက် ရီစရာပါလို့လား? "
ကျန်းရှု က စိတ်ဆိုး သွားတယ်။
တစ်ယောက် ကို တစ်ယောက် ကောင်းမွန်တဲ့ အချိန်တွေ အတူတူ မကုန်ဆုံး ပေးနိုင်မှတော့ အိပ်ယာပေါ်က ထိုကိစ္စတွေ လုပ်ပြီးတော့ တစ်ယောက် အာရုံကို တစ်ယောက် မဆွဲဆောင် တာက ပိုကောင်းတယ် မလား။
" အဟွတ်... ''
ရှုပေါ်စု က ထိုနေရာ မှာပဲထိုင်ကာ အကိုက်ခံ လိုက်ရတဲ့ ထိုနှုတ်ခမ်းထောင့်လေးကို လက်ဖမိုးနဲ့ ဖိနေလေတယ်။
အား သူ့ဇနီးလေး ကတော့ စိတ်ဆိုး နေတာတောင် ချစ်ဖို့ကောင်း ဆဲပဲ ပါလား ။
(🙂🙂🙃🙃)
" မင်းလေးက တာဝန်မဲ့တဲ့ လူလို့ ဘယ်သူကများ ပြောလိုက် တာလဲကွာ။ ဒီလောက် အများကြီး မင်းလေးကိုတွေးအောင် ဘယ်သူလုပ်တာလဲ? "
သူတို့ကြားမှာ ခိုင်မာတဲ့ လက်ထပ်စာချုပ် ရှိနေတယ်လေ။ တကယ်လို့ ကျန်းရှုက ဒါကို သဘောမတူဘူး ဆိုရင်တောင်မှ သူ့ဘက်က ကွာရှင်းမပေးနိုင်ပါနော်။ သူ့ဇနီးလေး မရှိပဲ သူအသက်မရှင် နိုင်ပါ။
ဒါဆို ဒီလူတွေးတာ က ဒီလိုမျိုးပေါ့လေ?
ကျန်းရှု က ဒီအကြောင်း ကိုတွေးပြီး ပြောလိုက် တဲ့အချိန်မှာ နှုတ်ခမ်း လေးတွေကို ကိုက်ထားလေတယ်။
" ခများ က ဒါကို တစ်ကယ်ဖွင့်ချင်တာ သေချာသလား? "
" ဘာရယ်? "
ရှုပေါ်စု ခမျာ ဘာအကြောင်း ကိုပြောလိုက်မှန်း နားမလည် လေဘူး။
( အကြည်လည်း နာလည်ဝူး)
ပြီးတော့ကျန်းရှု က စကားကို ဖြတ်ပြောလိုက်တယ်။
" ဘာမှ မဟုတ်တော့ ဘူး။ ကျွန်တော် အခုဗိုက်ဆာနေပြီ။ ဒီနေ့ညကျမှပဲ ပြောပြတော့မယ် ''
" ဟုတ်ပြီကွ။ ''
ရှုပေါ်စုရဲ့ နှလုံးသား က အခုန်မြန်လာကာ သူ့ဇနီးလေး ဆီကို မျက်စိ တစ်ဖက် မှိတ်ပြလိုက်တယ်။
" ကိုယ်လည်း ညကျမှ ပြောပြမယ် ''
ဒီလို စကားမျိုးကို အမျိုးသား တစ်ယောက် အား မပြောသင့်ဘူး ဆိုတာကိုတော့ ကျန်းစတော်ဘယ်ရီ လေးတစ် ယောက် နားမလည် လေဘူး။
" ခများ က ဘာလို့ ကျွန်တော့်ကို လာဆွဲနေတာလဲ? ယောကျာ်း လေးမဟုတ်ဘူးလား ?'
( တို့သူငယ်ချင်းတွေလည်း စိတ်လှုပ်ရှား ရင် ရိုက်တဲ့သူက ရိုက် ၊ လိမ်ဆွဲတဲ့ လူက ရှိသေး ၊ အဲကုန်းတောင်ကိုက်တဲ့ ဟာမက ရှိသေးတယ်😣)
ကျန်းရှု က သူ့လက်ကို ဂရုမစိုက် စွာဆန့်ထုတ်လိုက်ကာ ပြောလိုက် တယ်။
" ဖုန်းကို ကျွန်တော့်ဆီ ပြန်ပေး ''
ရှုပေါ်စု ရဲ့မျက်လုံး ထဲမှာတော့ စိတ်ပျက် ခြင်းတွေနဲ့ အကူအညီ မဲ့မှုတွေနဲ့ ပြည့်လာတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်နှာကတော့ ပိုပြီး သိမ်မွေ့တာထက်ကို ပိုသိမ်မွေ့လာတယ်။
" အိုကေဗျာ ။ ဒါဆို ကိုယ်သွားချက် လိုက်အုံးမယ်။ မင်းလေးအရင်ဆုံး ဇာတ်ကား ကြည့်နှင့် ''
သူက ကျန်းရှုဆီကို ဖုန်းပြန်ပေးကာ ကျန်းရှုက သူ့ကို စိုက်ကြည့် တာကိုခံလိုက်တယ်။
" မင်းလေးရဲ့ ငမန်း ကားလေးပဲ ပြန်လာလိမ့်မယ် ''
ရှုပေါ်စုက ပြုံးကာ ကျန်းရှုရဲ့ ပါးတွေကို နမ်းလိုက်တယ်။
" ကိုယ့်ကိုစောင့်နော်။ ကိုယ်က မင်းနဲ့အတူ ဘဝလမ်းပေါ်ကို လျောက်လှမ်းတော့မှာ ''
[ ချစ်တက်တဲ့ လူကြီး ကွာ ။ အစက ရှုလေးရဲ့ ဂျစ်ကန်ကန် လေးကို သဘောကျလို့ပြန်တာ အခုတော့ ရှုကြီးကိုပါ ကြိုက်နေပြီ ]
(ကိုယ့်ကိုအမေက မုန့်ရောင်းတဲ့ ဆိုင်မှာ အလုပ်ထည့်လိုက်လို့ ညနေ၅ နာရီမှ အိမ်ပြန်ရောက် မှာပါ pg ဝင်ချင်တဲ့သူတွေ ပြောထားပါနော်။ ကိုယ်ရောက်တာနဲ့ စာပြန်ပါ့မယ်)
......................................
" ဟေး ဒီနရောက ခမြားရဲ့ Wifi ps က ဘာတဲ့လဲ?''
ကနြျးရှုဟာ အိမျမှာ အငျ်ကြီ ခြှတျထား တကျတဲ့ အမြိုးသားကို အိပျယာဆီ မှီကာမေးလိုကျတယျ။
(🙂🙂🙃🙃)
......................................