『Unicode』
ချင်ဝေ့ဟော်က သူ့ရဲ့ ပုံမှန်အမြန်နှုန်းနဲ့မတက်ပေ။ သူ တမင်တကာ အရှိန်လျှော့ထားတာ ဘာကြောင့်လဲဆိုတာ အန်းနင်သိနေခဲ့၏; သူ့ကို ကာကွယ်ရေးစခန်းမှာ ခဏတာ အနားယူခွင့်ပေးဖို့ပင်။ သို့တိုင် ချင်ဝေ့ဟော်သည်လည်း ဒုတိယမြောက်အပိုင်းကို လျင်မြန်စွာ ပြီးမြောက်သွားခဲ့လေသည်။ သူက အကာအကွယ်စခန်းကို ရောက်ပြီး စတင်တပ်ဆင်ရင်း သူ့လက်တွေကလဲ ကျွမ်းကျင်စွာ လှုပ်ရှားနေ၏။ သူက အောက်မှာရှိနေတဲ့သူ့ကိုပင် အော်ပြောလိုက်သေးသည်။
"မင်း အဆင်ပြေရဲ့လား? ပိုပြီးနားချင်သေးလား?"
"ဟင့်အင်း! ငါတက်လာတော့မှာ!"
အန်းနင် ခေါင်းမော့လျက် အကျယ်ကြီးပြောမိသည်။ သူ ချင်ဝေ့ဟော်နဲ့ မြန်မြန် အမှီလိုက်ချင်၏။ ဒီလိုမျိူး ပိုင်းခြားခံရတဲ့တောင်တက်ခြင်းမျိူးက သူ့ကို အနောက်ကျန်ရစ်သလို ခံစားရစေသည်။
ချင်ဝေ့ဟော်က ကာကွယ်ရေးစခန်းရဲ့ လုံခြုံမှုကို ထပ်ခါထပ်ခါအတည်ပြုပြီးနောက် ခေါင်းငုံ့လာကာ သူ့ကို ပြောသည်။
"ဒါဆိုလဲ တက်ခဲ့!"
ဒုတိယနဲ့ တတိယအပိုင်းတွေမှာလဲ ထိုကဲ့သို့ပင် ပြီးစီးခဲ့လေသည်။ အမြင့်ကလဲ ပို,ပိုပြီး မြင့်လာခဲ့ရာ တောအုပ်ရဲ့နယ်နိမိတ်ကို ဖြတ်အပြီးတွင် နေရောင်က ရုတ်ခြည်း တောက်ပလာခဲ့သည်။ သူတို့တွေ တတိယပိုင်းကို ပြိးဆုံးချိန်၌နေ့လယ် ၁၂:၀၀ နာရီကျော်သွားပြီဖြစ်သည်။
သူတို့ ပထမဆုံးအကြိမ် ကာကွယ်ရေးစခန်းမှာ ရပ်လိုက်ကြပြီး တစ်ခုခုစားကြ၏။
ချင်ဝေ့ဟော်က သူ့ကို ပြောလာသည်။
"ငုံ့ကြည့်လိုက်"
အန်းနင် လက်ထဲက ပေါင်မုန့်လေးကို ချထားပြီး ငုံ့ကြည့်လိုက်သည်။ ၂၅ထပ်နီးပါးအမြင့်ဖြစ်နေပြီး အကာအရံတွေနဲ့လက်ရန်းတွေလဲ ရှိမနေပေ။ ဒါကြောင့် သူ့အောက်မှာ ဗလာဖြစ်နေသည်; ဒါက အမှန်တကယ်ကို စိတ်လှုပ်ရှားစရာကောင်းလှ၏။
ထို့အပြင် ဒါက ဒီတောင်ရဲ့ သုံးပုံ,တစ်ပုံသာရှိသေးသည်။
ကျောက်တောင်တက်ခြင်းမှ အလွန်စိတ်လှုပ်ရှားစေသည့်အရာအား ဒီနေ့မှာတော့ သူ ၎င်းကို ခံစားလိုက်ရပြီဖြစ်သည်။
သူတို့ အစားအစာအကျန်တွေနဲ့ အမှိုက်တွေကို ကျောပိုးအိတ်ထဲကိုပြန်ထည့်လိုက်သည်။ ချင်ဝေ့ဟော်ကတော့ စတုတ္ထမြောက်အပိုင်းကို စိန်ခေါ်ရန် အသင့်ဖြစ်နေပြီ။
အန်းနင် ချင်ဝေ့ဟော်ကို မော့ကြည့်လိုက်မိသည်။ အလင်းရောင်က ပြင်းသည်ထက်ပြင်းလာ၍ သူမျက်စိမှေးကြည့်ရ၏။တစ်ခါတလေ ကြိုးနဲ့ ချင်ဝေ့ဟော်ရဲ့ တောင်တက်အဝတ်အစားတွေကို မမြင်ရ။ ချင်ဝေ့ဟော်က သူ၏ခန္ဓာကိုယ်ကိုသစ်နက် အဖြစ်သို့ ပြောင်းလဲသွားသလို သူခံစားရသည်။
နေရောင်ခြည် အောက်၌ လူသားဖြစ်တဲ့သူ့ကို စဉ်းလဲစွာ ကျီစယ်နေခဲ့သည်။
ရံဖန်ရံခါ ချင်ဝေ့ဟော် dynoလုပ်တဲ့အခါမျိူးဆိုလျှင် ကြိုးက အန်းနင်ရဲ့လက်ကြားမှာ လှုပ်ယိမ်းနေခဲ့သဖြင့် ချင်ဝေ့ဟော်က တမင်တကာ သူ့ရဲ့ အနက်ရောင်အမြှီးရှည်ကို အောက်ချ၍ သူ့ပါးတွေကို ရိုက်ပုတ်နေသလိုပင်။
သူ ကာကွယ်ရေးစခန်းသို့ရောက်သောအခါ လူသားဖြစ်တဲ့ ကျောင်းမြက်လေးကို ပြန်ပြောင်းသွားပြီး သူ့ကို အော်ပြောလာခဲ့သည်။
"တက်ခဲ့!"
သူတို့ မြင့်သွားလေလေ မတ်စောက်လာလေလေဖြစ်သည်။ ဗလာကျင်းနေတဲ့ကျောက်နံရံပေါ်က ကျောက်သားနေရာတို့မှာလဲ ပို,ပိုပြီး ဆုပ်ကိုင်ဖို့ခက်လာကာ, အက်ကွဲရာတို့ကလဲ ပိုကျဉ်းမြောင်းလာခဲ့၏။ ထို့အပြင် ကာကွယ်ရေးစခန်းတို့မှာလဲ ပိုပြီး ကျဉ်းကျုတ်လာခဲ့သည်။
ချင်ဝေ့ဟော်ရဲ့ အရှိန်နှုန်းကိုတော့ ဘယ်နည်းနဲ့မှ သက်ရောက်နိုင်စွမ်းမရှိသည့်တိုင် အန်းနင် သုံးစွဲရတဲ့ အချိန်ပမာဏကတော့ ကြာသည်ထက်ကြာလာခဲ့ဘေသည်။ ပဉ္စမအပိုင်း ကို သူရောက်တဲ့အခါမှာတော့ ပြီးမြောက်ရန် ခက်ခဲသည်ဟုစတင်ခံစားလာခဲ့ရသည်။ ဆဌမမြောက်အပိုင်းသို့ရောက်ချိန်မှာတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တို့မှာ အဆုံးစွန်ထိတွန်းအားပေးခံရသလိုသာ ခံစားရတော့တာဖြစ်ပြီး ကျန်နေတဲ့ လမ်းကြောင်းကတော့ ထိပ်ဆုံးကိုရောက်ရန် အလွန်ကိုရှည်လျားနေသေး၏။
ဒါတောင် Top Ropingမျှသာရှိသေးသည်။
ငါ သူပြောတာကို နားထောင်ပြီး ဘတ်စကက်ဘော ပိုကစားသင့်တာ...
ညနေ ၂:၀၀မှာတော့ သူက ခပ်မတ်မတ်နဲ့ ပင်လယ်ရေအမြင့် မီတာ၁၀၀ကျော်မှာ ရှိနေခဲ့ပြီး တစ်တောလုံးက တစ်မှေးအိပ်ပျော်နေသကဲ့သို့ သူ့နားထဲမှာ ဘာသံမှမကြားရတော့ပါချေ။ သူခေါင်းမော့ကြည့်လိုက်လျှင် အပေါ်ဘက် ကျောက်၏အက်ကွဲကြောင်းကို မှီထားသော ချင်ဝေ့ဟော်ကို တွေ့လိုက်ရ၏။ ချင်ဝေ့ဟော်က သူ့ကို ငုံ့ကြည့်လာခဲ့သည်။
အန်းနင် အသက်ပြင်းပြင်း နှစ်ခါရှူသွင်းလိုက်ပြီးနောက် သူ့လက်နှစ်ဖက်လုံး အပြည့် မြေဖြူမှုန့်တွေကို သုတ်လိမ်းလိုက်သည်။ ချွေးတွေအရမ်းထွက်နေသဖြင့် သူ့လက်တွေကို မြေဖြူတွေနဲ့ အဆက်မပြတ် ပွတ်နေမှရမည်။
အဆုံးမှာတော့ ချင်ဝေ့ဟော် သူ့ကို ထပ်ပြီး ဆွဲတင်လိုက်ပြန်သည်။ အခုမူ သူတို့က အောက်ပိုင်းက ကာကွယ်ရေးစခန်းထက် ပိုကျဉ်းတဲ့ ဆဌမမြောက် ကာကွယ်ရေးစခန်းမှာရောက်နေကြပြီဖြစ်သည်။ သူနဲ့ ချင်ဝေ့ဟော်တို့ နီးကပ်လာနေတာကို အန်းနင် အလိုလို ခံစားနိုင်နေသည်။ သူတို့မှာ ရွေးချယ်စရာမရှိပါဘဲ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်နေရပြီး သူ့တို့ခန္ဓာကိုယ်တွေကို လှည့်ရန် ဒါမှမဟုတ် ဘေးကို လှဲချရန်ပင် နေရာလွတ်မရှိနေချေ။
"ပြီးခါနီးပြီ." ချင်ဝေ့ဟော်ကပြောသည်။
"ဆက်သွားပြီး နောက်ဆုံး အပိုင်းကို တက်မယ်။ ပြီးရင်း, ရှေ့လမ်းကြောင်းကျ မင်းကို ဆွဲတင်ပေးမယိ"
ထိုလေသံက သူ့ကို နှစ်သိမ့်နေပုံရကာ သူ့ကို နည်းနည်းပိုပြီး သည်းညည်းခံဖို့ ပြောနေခဲ့သည်။ ပြီးလျှင် သူသာ နည်းနည်းလေး ပို တောင့်ခံလိုက်ပါက အလှပဆုံး ရှု့ထင်းကို မြင်ရလိမ့်မည်ဖြစ်သည်။ အန်းနင် ဟောဟဲလိုက်နေရင်း ခေါင်းယမ်းပြလိုက်သည်။
"မလိုဘူး ငါ လုပ်နိုင်ပါသေးတယ် ."
ချင်ဝေ့ဟော်က ဘာမှမပြောတော့ဘဲ တစ်ခုသာပြောလာသည်။
"ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ငါ့ကို ကျောပိုးအိတ်ပေးလိုက်."
အန်းနင် ကျောက်ရဲ့ အက်ကွဲကြောင်းကို ဆန့်ကျင်ပြီး လှည့်ရမည်ဖြစ်သည်။ ဒီအမြင့်နဲ့ သူ့ခြေထောက်အောက်က နေရာကမတ်တပ်ရပ်ရန်သာ လုံလောက်ပြီး သူ့ကို အောက်ကို မကြည့်ရဲအောင် လုပ်နေ၏။ ထိုအခိုက်တွင် ချင်ဝေ့ဟော်က သူ့ဘယ်ခြေထောက်က်ို မြှောက်၍ သူ့နောက်ကျောရှိ ကျောက်အက်ကွဲကြောင်းကိုဆန့်ကျင်ပြီး ခြေတံရှည်ကို ဖိထားလျက် ပြောလာခဲ့သည်။
"အဆင်ပြေမှာပါ"
ချင်ဝေ့ဟော်ရဲ့ ခြေထောက်တွေက သူ့ရဲ့ အပြင်ဘက်ခြမ်းကို ကာကွယ်ပေးထားခြင်းဖြစ်သည်။
ဒါကြောင့် အန်းနင်ရဲ့ ခြေထောက်လှုပ်ရှားမှုများက အများကြီးပိုပြီး ယုံကြည်မှူရှိလာခဲ့၏။
ချင်ဝေ့ဟော်က သူ့ကျောမှ ကျောပိုးအိတ်ကိုဆွဲခွာလိုက်ပြီး အထဲမှ ရေတစ်ပုလင်းကို ထုတ်ယူသည်။ ဒီတစ်ကြိမ်မှာတော့သူက ပိုက်ကိုအသုံးပြု၍ သူ့ဘာသာသူ စုပ်သောက်ပြီးမှ သူ့ပုခုံးကို ပုတ်လာခဲ့သည်။ အန်းနင်လဲ ခေါင်းလှည့်ကာ ချင်ဝေ့ဟော်သောက်ခဲ့တဲ့ ပိုက်မှ စုပ်သောက်လိုက်၏။
ခဏလောက် အနားယူပြီးနောက် နောက်ဆုံးမှာတော့ သူတို့တွေ သတ္တမမြောက်လမ်းကြောင်းအပိုင်းကို ရောက်ရှိသွားပြီဖြစ်သည်။ ချင်ဝေ့ဟော်ကသာ ဦးဆောင်နေသောကြောင့် အန်းနင်မှာ သူ့ခြေထောက်အောက်မှ ချာချာလည်သွားစေမယ့်အမြင့်ကို မေ့လျော့နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူကပြုတ်မကျနိုင်တာ သိထားပေမယ့် ချင်ဝေ့ဟော်ကိုအာရုံစိုက်ထားရန်လိုအပ်သောကြောင့်ဖြစ်သည်။
ချင်ဝေ့ဟော် ကျောက်တောင်တက်တဲ့အချိန်က ကာကွယ်ရေးစခန်းထူထောင်သလောက်ပင် မကြာလိုက်ပေ။
သို့တိုင် ဒီတစ်ကြိမ်မှာတော့ ကာကွယ်ရေစခန်း၌ အနည်းငယ်ပိုပြီး အချိန်ဖြုန်းသည်။ အန်းနင်ကတော့ ခေါင်းမော့၍ ချင်ဝေ့ဟော်ထံမှ အချက်ပြလာသည့်တိုင်အောင် စိုးရိမ်တကြီးနဲ့စောင့်နေခဲ့ရသည်။
ဒီလမ်းကြောင်းကို ပြီးမြောက်အောင်လုပ်ရမည့် သူ့အလှည့်ပင်။ ချင်ဝေ့ဟော်ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရုံမျှဖြင့် ဒီအပိုင်းက အပိုင်း၈ပိုင်းမှာအခက်ခဲဆုံးဖြစ်နိုင်တာကို သဘောပေါက်ထားပါသည်။ ထပ်လောင်းအနေနဲ့ အမြင့်က အရမ်းကို မြင့်လွန်းနေသဖြင့် သူအမှတ်တမဲ့နဲ့ အရင်ကအတိုင်း အမှားတွေကို ကျူးလွန်မိလေသည် ; အရမ်း သတိထားလွန်းတာ၊ အချိန်နဲ့ အားအင်တွေကို ဖြုန်းတီးလွန်းတာတို့ပင်။
သူ ချင်ဝေ့ဟော်နဲ့ ဆယ်မီတာ အောက် အကွာအဝေးအရောက်မှာပဲ သူ့လက်ချောင်းတွေက အားပျော့လာပြီး မြဲမြဲမဆုပ်ကိုင်နိုင်တော့သောကြောင့် ရုတ်တရက် ကျောက်နံရံပေါ်ကနေ ချော်ကျသွားခဲ့သည်။
ဒါက ပုံမှန်အမြင့်လောက်တောင်မဟုတ်ပေ။ သူ့ နှလုံးမှာ လည်ချောင်းအထိပင် ခုန်တက်သွားရ၏။ သို့တိုင် ကံကောင်းစွာနဲ့Top Ropingဖြစ်နေတာကြောင့် ပမာဏအနည်းငယ်မျှသာ ပြုတ်ကျသွားတာဖြစ်သည်။ အကျဘက်သွားတဲ့ ဦးတည်ရာကလဲ ရပ်တန့်သွား၏ ; ချင်ဝေ့ဟော်က သူ့ကြိုးကို ဆောင့်ဆွဲလိုက်ခြင်းပင်။
လေကလဲ ပြင်းထန်ပြီး ကြိုးကလဲ ယမ်းခါနေဆဲ။
အန်းနင် မူးနောက်နောက်ဖြင့် ခေါင်းမော့လိုက်ရာ ချင်ဝေ့ဟော် သူ့ကို အော်ပြောနေတာ ကြားလိုက်ရသည်။
"မင်း ခေါင်းနဲ့ ခြေထောက်တွေကို ဂရုစိုက်ထားဦး! ငါမင်းကို ဆွဲတင်မယ်!"
သူက အခုထိတိုင် မူးနောက်နောက်ဖြစ်နေဆဲပေမယ့် အားတက်သွားသလိုလဲ ခံစားရသည်။ ချင်ဝေ့ဟော်က သူ့ကို တကယ်ပင် ဆွဲတင်ပေးမည် ; ဒါက လုံခြုံတဲ့ လှူပ်ရှားမှုမျိူး မဟုတ်ပေမယ့်ပေါ့။
လေကအရမ်းပြင်းနေလို့ ဖြစ်ကောင်းဖြစ်နိူင်ပေမယ့် ထိုအခိုက်မှာပဲ သူ့ခေါင်းထဲကို ရေတွေလောင်းချခံလိုက်ရသည့်နှယ်ရုတ်ခြည်းပင် အသိဝင်လာခဲ့ရသည်။ သူ ကျောက်နံရံအနီးကို ရောက်တဲ့အခါ ခပ်ထူထူ ကျောက်အက်ကွဲကြောင်းကို နင်း၍လမ်းကြောင်း ပြန်ယူလိုက်၏။
ချင်ဝေ့ဟော်ကို ဆွဲချမိသွားမှာမျ်ိူး သူအမှန်တကယ်ပင် အရမ်းကြောက်ပါသည်။ ထိုအခိုက်အတန့်လေးမှာပဲ အဲ့ဒီနေ့ ကျုံးကျင်းပြုတ်ကျတဲ့အခါ ချင်ဝေ့ဟော် ခံစားရတဲ့ အကြောက်တရားကို သူ နားလည်ခဲ့ရသည်။
"ငါ လုပ်နိုင်တယ်!" သူ ချင်ဝေ့ဟော်ကို အော်ပြောလိုက်သည်။
"မင်း ငါ့ကို ဆွဲတင်စရာမလိုဘူး!"
အပေါ်ဘက်သို့ ဆွဲတင်ခြင်းက တွန့်ဆုပ်လျက် ရပ်သွား၏။ အန်းနင် အကောင်းဆုံးကြိုးစားပြီး ချင်ဝေ့ဟော် ဖမ်းဆုပ်ထားခဲ့တဲ့ အဖြူရောင်အမှတ်တွေကို မော့ကြည့်လိုက်မိသည်။ အမှတ်တွေက သူ ကလပ်အတွက် ဦးဆောင်စဉ်အချိန်ကနဲ့မတူပေ။ ဒီတစ်ကြိမ်မှာ ချင်ဝေ့ဟော်က သူ့အတွက် သဲလွန်စတွေအများကြီး ချန်ထားပေးခဲ့သည်။ ဒါမှသာ အရမ်းခဲရခဲဆစ်မနိူင်မှာပင်။ ဘာပဲဖြစ်ဖြစ် နောက်ကလိုက်ရမယ့် သဲလွန်စတွေပဲ ဖြစ်သည်။
ချင်ဝေ့ဟော်နဲ့ မတ်စောက်တဲ့အကွာအဝေးမှာ တဖြည်းဖြည်းနဲ့ ၃မီတာအထိ ကျဉ်းလာခဲ့ပြီ။ ချင်ဝေ့ဟော်က သူ့ကို ရာစုနှစ်တစ်နှစ်စာလောက် စောင့်ပေးနေရသလို ခံစားရ၏။ သူ ချွေးတွေ အလွန်အမင်း ထွက်နေချိန်မှာ လေပြင်းတစ်ချက်တိုက်ခတ်သွားသည်။
ချင်ဝေ့ဟော်က သူ့ကြိုးကို ညင်ညင်သာသာလေး ဆောင့်ဆွဲလိုက်ပြီး ပြောလာ၏။
"ခဏလောက်ရပ်."
အန်းနင် အကြံအိုက်သွားသောကြောင့် ချင်ဝေ့ဟော်ကပဲ ပြောလာသည်။
"လေတိုက်နေတယ်လေ လေခံရအောင်."
ဤနေရာသည် ကျောက်တုံးကြီးထဲရှိ အကွဲကြောင်းနေရာဖြစ်ပြီး အားစိုက်ထုတ်ရန် အချိန်များစွာ မလိုအပ်ဘဲ ရပ်တန့်ဖို့အတွက် အချိန်ကောင်းဖြစ်သည်။
အန်းနင် ရပ်လိုက်လျှင် လေထဲမှာ လေတိုက်ခတ်နေတာကို ခံစားရပြီး အောက်က သစ်ပင်ထိပ်ဖျားတို့မှာလဲ တရှဲရှဲ မြည်နေ၏။ သူ အောက်ကို ငုံ့မကြည့်ရဲပေမယ့် တစ်စုံတစ်ခုကို လှမ်းမြင်နေရဆဲပင်။ သူ့အမြင်အာရုံရဲ့ ထောင့်စွန်း၌ အတောင်ပံကျယ်ကျယ်နဲ့ အမဲရောင်ငှက်ကြီးက သူ့ခြေဖဝါးအောက်မှ ပျံသန်းသွားခဲ့သည်။
လင်းယုန်လား?
သူမသိ။ သို့သော် အတောင်ပံ ကျယ်ကျယ်တွေက ချင်ဝေ့ဟော် R1ကြီးစီးတာကိုပင် အမှတ်ရသွားစေသည်။
သူသာ ပြုတ်ကျနိုင်တဲ့ အခွင့်အလမ်းတွေ မစဉ်းစားမိနေလျှင်..ဒါပေမယ့် ဒီလေက သူ့ကို ကောင်းကောင်းကြီးသက်သောင့်သက်သာဖြစ်စေပါသည်။ သူ့ချွေးစက်တွေအကုန်ယူပစ်သွားပြီး သူလဲ ရေရွတ်လိုက်မိသည်။
"သက်တောင့်သက်သာ ဖြစ်လိုက်တာ"
ချင်ဝေ့ဟော်က အောက်ဘက်သို့ ပြုံးပြလာပြီးပြောသည်။
"အဲ့ဒါ မင်းရဲ့ဆုလာဘ်ပဲ"
လှေကားထစ်ကို နင်းထားသည့်နှယ်၊ အန်းနင်ကို လေပြင်းတစ်ချက်ဆုပေးတာက သူဖြစ်နေသည့်နှယ် မတ်စောက်တဲ့ကျောက်နံရံပေါ်မှာ အလွယ်တကူမှီထားနိုင်သည့် သူ့အား အန်းနင် မော့ကြည့်လိုက်မိသည်။
၃မီတာအကွာအဝေးကို ဖြတ်သန်းပြီး သူ ချင်ဝေ့ဟော်မှ လက်တစ်ကမ်းအောက်သာ ဝေးသောအချိန်တွင် ချင်ဝေ့ဟော်သည် ကျောက်နံရံကို သူ့နောက်ကျောဖြင့်မှီထားကာ ဖြည်းညှင်းစွာဒူးထောက်လိုက်ပြီး သူ့ထံသို့ လက်လှမ်းလိုက်သည်။
ဒီလိုအမြင့်၌ ချင်ဝေ့ဟော် အတွက်ပင်လျှင် ဒီလို လှုပ်ရှားချက်မျိုး လုပ်ရန်မလွယ်ပေ။ အန်းနင် ခေါင်းမော့ကာ ပြောလိုက်သည်။
"ရတယ်, ငါ့ဘာသာတက်နိုင်ပါတယ်"
"ဒါပေမယ့် ကိုယ် ထပ်မစောင့်နိုင်တော့ဘူး."
သူ့အသံမှာ အန်းနင်ရဲ့ ခေါင်းအထက်တွင်ပင်။ ၎င်းက နက်ရှိုင်းကာ လေးလံနေပြီး တိမ်တိုက်တစ်ခုကဲ့သို့ ဖိချထားနိုင်ကာသူ့ပိုင်နက်အရိပ်ထဲမှာ အန်းနင် ကို လွှမ်းခြုံထားခဲ့သည်။
အန်းနင် သူ့ညာလက်ကို လွှတ်ပေးလိုက်သည်။ သူလွှတ်လိုက်သည်နှင့်တပြိုင်နက် ချင်ဝေ့ဟော်က သူ့ကိုဆွဲယူကာ အပေါ်ကို ဆွဲတင်တော့သည်။ ဒီမှာ အရမ်းကို ကျဉ်း၏; သူ ဖြည်းဖြည်းချင်းရပ်နိူင်ရန် ချင်ဝေ့ဟော်ရဲ့ ကိုယ်ကို ကိုင်ထားရသည်။အတူတကွပင် သူတို့သည် ပန်းပွင့်နှစ်ပွင့်၏ကွာဟမှုကြားရှိ နှင်းနှစ်စက်ကဲ့သို့ ပါးလွှာတဲ့ ကျောက်အဟ,ကို မှီလိုက်ကြသည်။
ကျောက်တောင်ထိပ်ဖျားနှင့် ၂၀မီတာကျော် ကွာဝေးနေဆဲပင်။ ဤသည်မှာ ဂိမ်းထဲက match pointကဲ့သို့ အထူးစပယ်ရှယ်နေရာဖြစ်ပြီး ဒီတောင်ရဲ့ စိတ်အလှုပ်ရှားရဆုံး နေရာလဲ ဖြစ်ကောင်းဖြစ်နိူင်သည်။
အန်းနင်ခမျာ ဟောဟဲလိုက်နေပြီ။ ချင်ဝေ့ဟော်က သူ့လက်မောင်းကို ထောက်ပံ့ပေးလာပြီး ပြော၏။
"ငုံ့ကြည့်လိုက်."
မျှော်လင့်ထားသလိုပဲ အရူးသဖွယ် သူခေါင်းငုံ့ကြည့်လိုက်မိရာ ထိတ်လန့်စရာအမြင့်ကြောင့် ချက်ချင်းကို ကြောက်ရွံသွားရသည်။ ထို့ကြောင့် သူ့ခေါင်းကို တုန်တုန်ယင်ယင်နဲ့ မော့လိုက်၏။ သူ ပြန်အမော့တွင် ချသ်ဝေ့ဟော်ရဲ့ မျက်နှာမှာ သူ့မျက်နှာနဲ့ တေ့တေ့ဆိုင်ဆိုင်ကြီးဖြစ်နေတာကို တွေ့လိုက်ရသည်။
ဒါက နောက်ဆုံး အကာအကွယ်ဖြစ်သည့်အပြင် အသေးဆုံး ကာကွယ်ရေးစခန်းလဲဖြစ်ပေသည်။ လူနှစ်ယောက်အတွက်ခြေတစ်ချောင်း ချရုံမျှသာ ချနိုင်သည့် ကွက်လပ်ဖြစ်သည်။
သူတို့၏ ခြေထောက်များသည် တင်းတင်းကြပ်ကြပ် တွဲလျက် ရှိနေကြပြီး သူတို့၏ ခန္ဓာကိုယ် တစ်ဝက်ကတော့မြင့်မားသော အမြင့်တွင် ချိတ်ဆွဲကျနေကြသည်။ တစ်ယောက်ကိုတစ်ယောက် တွယ်ကပ်နေရုံမှတပါး အခြားနည်းလမ်းမရှိပေ။
ဒါက အန်းနင်ကို အလွန်အမင်းပင် ကျဉ်းကျဉ်းကျုတ်ကျုတ်ဖြစ်စေသည်။ သူ့မှာ ဘယ်ကို ကြည့်ရမလဲမသိ; ခြေထောက်အောက်၌ မူးဝေစေမည့် အမြင့်ရှိနေပြိး ခေါင်းမော့ပြန်လျှင်လဲ ပိုပြီးတောင် မူးသွားမည့် မျက်နှာကရှိနေပြန်သည်။
တစ်ယောက်ယောက်ကတော့ တကယ်သေစေနိုင်သည်။
ချင်ဝေ့ဟော်က ပြောလာသည်။
"တကယ်တော့ ကိုယ်ကတောင်ထိပ်ထိ တက်ပြီး redpointရတာကို မစွဲလန်းပါဘူး။ ဒီမှာနေရတာက ကိုယ့်ရဲ့ အကြိုက်ဆုံးအခိုက်အတန့်ပဲ."
အန်းနင် ချင်ဝေ့ဟော်ရဲ့ မြင်ကွင်းကို လိုက်ကြည့်လိုက်သည် ;
နေရောင်က တိမ်တွေအထက်မှာ တောက်လောင်နေပြီး အဝေးက သစ်ပင်တန်းတို့မှာ ရွှေရောင်တစ်လွှာဖြင့် ခြောက်သွေ့နေကြကာ အရာအားလုံးက သူတို့ ခြေဖဝါးအောက်မှာဖြစ်သည်။ သူတို့က ကျောက်ထရံမှာ ဆင်းသက်နေတဲ့ ငှက်ကလေးများလို ကမ္ဘာကြီးရဲ့အပေါ်စီးကိုရောက်နေခဲ့၏။
ဤနေရာတွင် အဆုံးမရှိတဲ့ လေနုလေသစ်များလဲရှိပြီး သူတို့ရဲ့ အဆုတ်တွေကို သန့်ရှင်းသွားအောင်ဖြည့်တင်းပေးနေကာသွေးတို့ကိုလဲ ဖြည့်တင်းပေးနေခဲ့သည်။
ထိုအခိုက်အတန့်တွင် အန်းနင်မှာ နေ၏ အကန့်အသတ်မရှိသော အပူချိန် ၊ ပြင်းထန်နေတဲ့ ခံစားချက်နှင့် ချင်ဝေ့ဟော်ရဲ့နှစ်လိုဖွယ် အကြည့်တို့ကြောင့် အဆုတ်တွေ လောင်ကျွမ်းတော့မလို ခံစားနေရသည်။
ချင်ဝေ့ဟော်က စကားပြောလာသည်။
"ကိုယ်မင်းကို ဘာလို့ ဒီခေါ်လာခဲ့လဲဆိုတာသိလား?"
အန်းနင် ခေါင်းယမ်းပြရုံသာတတ်နိူင်၏။ မောပန်းခြင်းနဲ့ အောက်စီဂျင်ပြတ်လတ်မှုတွေကြောင့် သူ့မှာ စကားမပြောနိုင်သေးပါ။
"ဘာလို့လဲဆိုတော့ မနေ့မနက်ခင်းကနေ ညအထိ တစ်နေ့လုံး ကိုယ်အတွဲတွေကို မြင်ခဲ့ရတာ။ ကိုယ် မနာလိုလို့ ဒိတ်လုပ်ကြည့်ချင်တယ်."
အသံမှာ လေတိုးသံကဲ့သို့ နူးညံ့လို့နေပေမယ့် အန်းနင်ရဲ့စိတ်ထဲမှာတော့ သူ့ထံ မုန်တိုင်းကြီးလွင့်လာသည့်နှယ် ရုတ်ခြည်းပင် ဗလာကျင်းသွားရတော့၏။
"ကိုယ့်အတွက် ဒိတ်လုပ်ဖို့ ဖြစ်နိူင်ပါ့မလား?"
ချင်ဝေ့ဟော်က အသံငြိမ်ငြိမ်နဲ့ မေးလာခဲ့သည်။
"ဒါမှမဟုတ် မင်း ကိုယ့်ကို Single အဖြစ်ပဲနေစေချင်လား? "
အန်းနင်ခမျာ စကားစ,ပင်ရှာမရအောင် လမ်းပျောက်နေခဲ့သည်။ သူ ဘယ်သူ့ကိုမေးနေတာလဲ၊ သူဘာတွေမေးနေတာမှန်းလဲ သူ မသိတော့ပေ။
လျှို့ဝှက်ချက်ဘယ်နှစ်ခုလောက်များ သူ မြင်ပြီးသွားခဲ့တာလဲ..?
ချင်ဝေ့ဟော်က ထိုထက်ပိုပြီး မဆက်တော့ပေမယ့် ဒီအတိုင်း ပြောလာခဲ့သည်။
"မင်း မကြည့်ရဲရင်လဲ ဒီတိုင်း မျက်လုံးမှိတ်ပြီး ခဏလောက် နားလိုက်ပါ."
အန်းနင်မှာ 'မင်း မကြည့်ရဲရင်လဲ'ဆိုတဲ့ စကားလုံးက 'အောက်ကိုလား','သူ့ကိုလား' မသိတော့ပါချေ။ သူ ချက်ချင်းမျက်လုံးမှိတ်လိုက်၏ ; သူ့ရင်တွေကတော့ အရိုင်းဆန်စွာ ခုန်ပေါက်နေဆဲပင်။ မူးဝေစေသည့် အမြင့် ဒါမှမဟုတ် ပိုလို့တောင် မူးဝေစေမည့် ချင်ဝေ့ဟော်ကို မမြင်နိုင်တာလေးအတွက်နဲ့ မိနစ်ဝက်လောက်မျှပင် မနှောင့်နှေးခဲ့ပေ။
Bungee ခုန်လိုက်တဲ့အခါ သူ့ဆီကို ပြေးလာတဲ့ တိမ်တွေလိုနဲ့ ထို့နောက်မှာတော့ ဆွဲငင်အားလွတ်နေသသကဲ့သို့ နှုတ်ခမ်းပူပူတစ်စုံက ရုတ်တရက်ကြီး သူ့နှုတ်ခမ်းတွေကို ဖုံးလွှမ်းလာခဲ့လေသည်။
သူ အထိတ်တလန့်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်၏။ သူ့ခြေထောက်တွေ ခွေယိုင်သွားပြီး လက်တွေကလဲ ကြိုးထံမှ လျော့ရဲသွားပေမယ့် သူ့ကိုယ်ကတော့ ပြုတ်ကျမသွားခဲ့ပေ။ ချင်ဝေ့ဟော်က လက်တစ်ဖက်လွှတ်ထားပြီး သူ့လက်မောင်းကိုဆုပ်ကိုင်ထားကာ သူ့အား အပေါ်ကိုဆွဲတင်ထားခဲ့သည်။
ရုတ်တရက်ဆိုသလို အန်းနင် ချင်ဝေ့ဟော်ရဲ့ မျက်လုံးတွေက သူနဲ့ အနီးကပ်ဆုံးမှာရှိနေတာကို မြင်နေရသည်; သူ့မျက်တောင်တွေ၊ သူ့မျက်ခုံးတွေ၊ ပြီးတော့ အောက်ကို ပိတ်ကျနေတဲ့ သူ့မျက်ခွံတွေ။ သို့တိုင် သူတို့က သူ့ရဲ့ အမြင်လိုင်းမှာပေါ်လာပြီး စိုးရိမ်နေသည့် သူ့အကြည့်ဖြင့် ဆုံမိလေသည်။ အခု အချိန်မှာတော့ သူ၏ခြေထောက်အောက်ရှိ ကာကွယ်ရေးစခန်းသည် သူရဲ့မဏ္ဍိုင်မဟုတ်တော့ပါဘဲ ချင်ဝေ့ဟော်ကသာ သူ့ရဲ့ မဏ္ဍိုင်ဖြစ်ခဲ့လေသည်။
သူဟာ စာသင်ဆောင်အပေါက်ဝမှာ ချင်ဝေ့ဟော်ဖမ်းတာ ခံလိုက်ရတဲ့ ကြောင်ကလေးနဲ့တူပြီး ဆုပ်ကိုင်ထားတာကတော့ချင်ဝေ့ဟော် လို့ခေါ်တဲ့ သစ်နက်ကြီးပင်။
အနမ်းက အရမ်းကို ညင်းညင်းလေးဖြစ်သည်။
နှုတ်ခမ်းတွေပေါ်မှာသာ ဖြစ်သွားပေမယ့် သာမန်ထက်လွန်လွန်ကဲကဲပင် နက်ရှိုင်းနေ၏။အဘယ့်ကြောင့်ဆိုသော် ဒီလိုကျောက်တောင်တက်ရတဲ့အချိန်မှာ သူတို့နှစ်ယောက်၏ နှုတ်ခမ်းနဲ့ သွားများကြားမှ ဝင်သက်ထွက်သက်တိုင်းဟာအဆုတ်ကို ရောက်နိုင်သည်အထိ နက်ရှိူင်းလှတဲ့ အသက်ရှူခြင်းမျိူး ဖြစ်တာကြောင့် ဖြစ်သည်။ သူတို့တွေ တံတွေးကို မဖယ်လှယ်ခဲ့ကြပေမယ့် အသက်ရှူသံတွေ အများကြီး အများကြီး ဖလှယ်ခဲ့ကြမိသည်။
ချင်ဝေ့ဟော်က နမ်းနေတဲ့ နှုတ်ခမ်းများကို လွှတ်ပေးလိုက်သည်။ သူက သူ့ရှေ့က လူကို ကြည့်လိုက်ပြီး မျက်လုံးများမှာ နက်ရှိူင်းလှ၏။
"အချိန်တွေ အကြာကြီးရှိနေပြီလို့တော့ ကိုယ်ထင်တာပဲ"
"မင်း ကိုယ့်ကို ကြိုက်တယ်မလား?"
မေးခွန်းလေးတစ်ခုက အန်းနင်ရဲ့ မျက်ဝန်းအနားစပ်လေးတွေကို လောင်ကျွမ်းသွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ချင်ဝေ့ဟော် အပေါ်မှာ သူ ထားရှိခဲ့တဲ့ ဒီ တစ်ဖက်သတ်အချစ်အတွက် ဘာ တုံ့ပြန်ချက်မှ သူ မမျှော်လင့်ခဲ့ပေ။ အဆင်ပြေပြေနဲ့လွတ်လွတ်လပ်လပ်ပဲ ဖြစ်မယ်လို့ သူထင်ခဲ့မိသည်။
သို့သော် ဒါက ဒီလူသူ့ကို ပွေ့ချီရန် ကိုင်းလာခဲ့ပြီး ဒီ crushကြောင့် စိတ်ဒုက္ခရောက်သလို ခံစားလာရအောင် သူ့လက်ဖဝါးတွေကိုဆုပ်ကိုင်လာတဲ့ အခိုက်အတန့်မှာတော့ မဟုတ်တော့ပါချေ။
သူ့ရင်ထဲမှာ အကြာကြီး ကွယ်ဝှက်ထားခဲ့ရတဲ့ ဒီလျှို့ဝှက်ချက်က အချိန်အကြာကြီး သိနှင့်ပြီးသားဖြစ်နေခဲ့သည်။နောက်ဆုံးမှာတော့ သူမနေနိုင်တော့ပါဘဲ အသံပျော့လေးနဲ့ ပြောလိုက်မိသည်။
"ဘယ်အချိန်က မင်း သိသွားတာလဲ? ငါက အရမ်းကိုကောင်းကောင်းကြီး ဖုံးထားနိုင်ခဲ့တယ်လို့တောင် ထင်မိတာ......"
ချင်ဝေ့ဟော်က ပြောလာသည်။
"မင်း ကိုယ့်ကို ကြည့်တဲ့အချိန်တိုင်း အမြဲတမ်း မျက်စိမှေးကြည့်တတ်တယ်။ လျန်ရှန်းဟန်နဲ့ တခြားသူတွေကိုတော့ မင်းအဲ့လို မကြည့်တတ်မှန်း ကိုယ် သတိထားမိခဲ့တယ်"
ရုတ်တရက် သူက မသေချာသလို ဖြစ်သွားပြန်သည်။
"မင်း ဟွမ်ချင်ကျမ့်ကိုရော အဲ့လို ကြည့်မိသေးလား?"
အန်းနင် ခေါင်းယမ်းပြလိုက်သည်။ သူခေါင်းယမ်းပြီးကာမှ သူ ပြင်းပြင်းထန်ထန်ကို ဖုံးဖိရန် ကြိုးစားနေသည့် "ကြိုက်တယ်"ဆိုတာကြီးက မတော်တဆ ကိုယ့်ဘာသာကိုယ် ဖော်လိုက်မိသွားပြီဆိုတာကို သဘောပေါက်လိုက်ရ၏။ ထို့ကြောင့်သူ့တစ်ကိုယ်လုံး ပြုတ်ထားတဲ့ ပုစွန်လေးလို နီရဲလာခဲ့လေသည်။
ချင်ဝေ့ဟော်က ပြုံးကာပြောလာခဲ့သည်။
"ကိုယ်လဲ အဲ့ဒီအကြောင်း တွေးခဲ့တယ်။ ကိုယ်ကချောတာလေးတင်နဲ့ မင်း အဲ့လိုတွေးတာလားလို့လေ။ ဒါပေမယ့်နောက်ပိုင်းကျတော့ ကိုယ် မင်းအကြည့်တွေကို တုံ့ပြန်လိုက်ရင် မင်းက ရှောင်သွားပြီး ထပ်မကြည့်တော့တာကို သိလိုက်ရတယ်။ ဒါ့အပြင် ကိုယ်က မင်းကို စိုက်ကြည့်လေလေ မင်းမျက်နှာနဲ့ နားတွေက ရဲလာလေလေပဲ။ မင်းက ကိုယ့်ရှေ့မှာလွယ်လွယ်နဲ့ ရှက်ဝဲဝဲလေး ဖြစ်နေတာ။ လူအများစုက ဒီလိုဖြစ်မယ်လို့တော့ ကိုယ်မထင်ဘူး"
အန်းနင် ရှက်သွေးဖြာသွားပြန်သည်။ ချင်ဝေ့ဟော် ပြောတာ မှန်နေ၏။ သူ ဒီလို ပြောနေချိန်မှာတောင် အန်နင်က သူ့ကိုမကြည့်ဝံ့သေးသောကြောင့် သူအတည်ပြုနိုင်သည့်အဖြေကို အကြိမ်ကြိမ် ပြန်စိစစ်နေဆဲဖြစ်သည်။
ချင်ဝေ့ဟော်က နီးလာလေလေ၊ အန်းနင်မှာ သူ့ကို တည့်တည့်ကြည့်ရန် ခက်ခဲလေလေပင်။
ချင်ဝေ့ဟော်က သူနမ်းထားတဲ့ နှုတ်ခမ်းလေးတွေကို ငုံ့ကြည့်ပြီး ပြောလာခဲ့သည်။
"ဒါပေမယ့် ယောက်ျားလေး အများစုက ကောင်မလေး(ရည်းစား) ပဲ လိုချင်ကြတာ၊ ပြီးတော့ ကိုယ်လဲ ယုံကြည်ချက်တော့သိပ်မရှိဘူး။ မင်းက ကိုယ့်လို ရည်းစားကောင်လေး လိုချင်ရဲ့လား??"
အန်းနင်မှာ ဗလာကျင်းလျက် စွံ့အနေခဲ့သည်။
"ငါက..."
"ကိုယ်က မနူးညံ့ဘူး၊ အကျင့်မကောင်းဘူး၊ ပြီးတော့ စိတ်ဆိုးတဲ့အချိန်ဆို တခြားသူတွေကို လျစ်လျူရှုထားတတ်တယ်။ပြီးရင် စကားပြောရတာလဲ မကြိုက်ဘူး၊ စောင်ခေါက်ရတာလဲမကြိုက်ဘူး။ ပြီးတော့ စာလုပ်ရတာလဲ မကြိုက်ဘူး... ."
အန်းနင် အသံထွက် ရယ်လိုက်မိသွားပြီး ချင်ဝေ့ဟော်ထက်စာရင် ပိုပြီး မဝံ့မရဲစွာ မေးလိုက်မိ၏။
"ဒါဆို ငါကရော ? ငါကရော မင်းရဲ့ရည်းစားကောင်လေး တကယ်ပဲ ဖြစ်နိုင်လို့လား?"
"ဖြစ်နိုင်တာပေါ့,"
ချင်ဝေ့ဟော်က အသံနိမ့်နိမ့်နဲ့ပြောလာခဲ့သည်။
"မင်းက အရမ်းလဲ နူးညံ့တယ်၊ အရမ်းလဲ ဇွဲကြီးတယ်၊ပြီးတော့ ကြိုးစားတယ်။ မင်းတော့ ကိုယ်နဲ့တူတူ ကျောက်တောင်တက်ဖို့ ဆန္ဒရှိတယ်၊ ကိုယ့်အတွက် ခေါက်ဆွဲပြုတ်ပေးတယ်...ပြီးတော့ မင်းက အရမ်းလဲ ချစ်စရာကောင်းလွန်းတယ်လေ."
"ငါက အရမ်းချစ်စရာမကောင်းပါဘူးနော်..."
အန်းနင် ကူကယ်ရာမဲ့စွာ ပြောလိုက်မိသည်။
"ချစ်စရာကောင်းတာပေါ့."
ချင်ဝေ့ဟော် သူ့ကို ထပ်မမေးပဲမနေနိုင်ခဲ့။
"ဘယ်အချိန်ကများ ကိုယ့်ကိုကြိုက်ခဲ့တာလဲ?"
အန်းနင်မှာ ရွေးချယ်စရာမရှိတော့ပါဘဲ ရိုးရိုးသားသားဖြေပေးရုံသာတတ်နိူင်တော့၏။
"တောင်တက်Gymတုန်းက အဲ့ တစ်ရက်မှာ."
ချင်ဝေ့ဟော်က ပြုံးသည်။
"ကိုယ်က တောင်တက်ပြီဆို အထူးတလယ်ကို ချောနေတာနော် ဟုတ်တယ်မလား?"
သူ့လေသံက ကလေးတစ်ယောက်လိုပင်; အန်းနင်မှာ သူ့ကို မော့မကြည့်ဘဲ မနေနိုင်တော့။ ပြီးလျှင် သူနဲ့ အတူ လိုက်ပြုံးဖြစ်သည်။ ဒီလို အခြေအနေမျိူးတော့မဟုတ်ပေမယ့် သူက ဟန်ဆောင်နေလိုက်ပါမည်။
ဒီတစ်ကြိမ်မှာတော့ သူ ချင်ဝေ့ဟော် အကြည့်တွေကို ထပ်မရှောင်တော့ပေ၊ ထိုအခါမှ သူ့ဆီက အကြည့်ခံရတာက အရမ်းကောင်းတယ်ဆိုတာ ခံစားသဘောပေါက်လိုက်ရ၏။
သူတို့က ဒီလောက်မြင့်တဲ့ အမြင့်မှာပဲ ရှိနေတုန်းဆိုတာကိုပင် သူ မေ့လုနီးပါး ဖြစ်သွားရ၏။
အေတက္ကသိုလ်သမိုင်းမှာ ဝန်ခံခြင်းအတွက် အမြင့်တကာ့အမြင့်ဆုံးများ ဖြစ်နေမလား?
"ငါတို့တွေ ဆက်တက်ကြမယ်မလား?" အန်းနင်ကမေးလိုက်သည်။
"မလိုတော့ဘူး"
ချင်ဝေ့ဟော်ရဲ့ အသံက သူ့အားအင်တွေကို ချေဖျက်ခံလိုက်ရသလို ပျင်းရိသွားတော့သည်။
"ကိုယ်က တက်ပြီးသွားပြီ"
အန်းနင် ပြုံးလိုက်မိ၏။ သူလည်းပဲ တက်ပြီးပြီ ထင်ပါသည်။
နေက အရမ်းပြင်းနေ၏; သူတို့တွေ ပထမဆုံးဆုံခဲ့ကြတဲ့ နွေရာသီလိုပင်။ သူချင်ဝေ့ဟော်ရဲ့ မျက်ဝန်းတွေဆီတည့်တည့်ကြည့်လိုက်ပြီး မေးရန် သတ္တိမွေးလိုက်သည်။
"ငါ မင်းကို နမ်းလို့ရမလား?"
ငါမင်းကို နမ်းလို့ရမလား ရည်းစားလေး?
အိပ်ဆောင် လှေကားတွေမှာ သူ့ကို ဘေးချင်းပွတ်၍ ဖြတ်သွားခဲ့တဲ့ အဲ့ဒီ ချင်ဝေ့ဟော်လေးက ခေါင်းငုံ့ပေးလာပြီးမျက်လုံးမှိတ်ပေးလာခဲ့သည်။
အန်းနင် သူ့ထံ တိတ်တဆိတ်ချည်းကပ်သွားခဲ့သည်။
သူ့ရဲ့ နေ့စဉ်ဘဝမှာ မမေ့နိုင်တော့တဲ့ အံ့ဖွယ် အနမ်းလေးတစ်ခု။
ဒီ အံ့ဩစရာ နှုတ်ခမ်းထောင့်လေးမှာ အနမ်းတစ်ပွင့် ခတ်နှိပ်လိုက်တဲ့အခါ ပြုံးလိုက်တာကြောင့် ချင်ဝေ့ဟော်ရဲ့ နှုတ်ခမ်းတွေ ကွေးတက်သွားတာကို ခံစားလိုက်မိ၏။
သူတို့ကြားမှာ လေဝှေ့သွားခဲ့ရာ ကျောက်ထရံကြီးကလဲ မြေပြင် ဖြစ်သွားပုံရပြီး စိုးရိမ်စိတ်တွေ၊ ကြောက်ရွံ့မှုအရိပ်အယောင်တွေမရှိပါဘဲ ဒီကျောက်တုံးပေါ်မှာ တည်ရှိနေရင်း ပွေ့ဖက်ထားမိကြသည်။
"ငါ မင်းကို ပြောဖို့ အခွင့်မရှိဖူးတဲ့ စကားတစ်ခွန်းရှိတယ်...
-မင်္ဂလာပါ ချင်ဝေ့ဟော် ,မင်း ငါ့ကိုမှတ်မိရဲ့လား? ငါက မင်းရဲ့အခန်းဖော်ပါ။ ဒီနေ့ကစပြီး မင်းရဲ့ချစ်သူအဖြစ်နဲ့ နောင်နှစ်ပေါင်းများစွာတိုင် ငါ့ကို ဂရုစိုက်ပေးပါအုံး!"
----------ပြီးပါပြီ----------
Wahhhhh Finally!!!
No extra ဖြစ်တဲ့အတွက် ဒီမှာတင် ပြီးသွားခဲ့ပါပြီ။ Dr.Solo ရဲ့ Universe တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် နားအလည်နိုင်ဆုံး အန်းနင်နဲ့ ချင်ဝေ့ဟော်တို့က အတူရှိသွားကြပါပြီ။
ချင်ဝေ့ဟော်ရဲ့ Confession ခန်းကို သဘောကျလို့၊ သူသဘောအကျဆုံးနေရာကို ခက်ခက်ခဲခဲခေါ်သွားပြီးမှ ပြောတာ(⁎⁍̴̛ᴗ⁍̴̛⁎)
ဒီNovelလေး တစ်ဝက်လောက်က ကျောက်တောင်တက်တာဖြစ်တဲ့အပြင် ကျောက်နံရံပေါ်မှာပဲ ရည်းစားဖြစ်သွားကြပါတယ်ရှင်><
ဖတ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်နော် ။ ♡
『Zawgyi 』
ခ်င္ေဝ့ေဟာ္က သူ႔ရဲ့ ပုံမွန္အျမန္ႏွုန္းနဲ႔မတက္ေပ။ သူ တမင္တကာ အရွိန္ေလၽွာ့ထားတာ ဘာေၾကာင့္လဲဆိုတာ အန္းနင္သိေနခဲ့၏; သူ႔ကို ကာကြယ္ေရးစခန္းမွာ ခဏတာ အနားယူခြင့္ေပးဖို႔ပင္။ သို႔တိုင္ ခ်င္ေဝ့ေဟာ္သည္လည္း ဒုတိယေျမာက္အပိုင္းကို လ်င္ျမန္စြာ ၿပီးေျမာက္သြားခဲ့ေလသည္။ သူက အကာအကြယ္စခန္းကို ေရာက္ၿပီး စတင္တပ္ဆင္ရင္း သူ႔လက္ေတြကလဲ ကၽြမ္းက်င္စြာ လွုပ္ရွားေန၏။ သူက ေအာက္မွာရွိေနတဲ့သူ႔ကိုပင္ ေအာ္ေျပာလိုက္ေသးသည္။
"မင္း အဆင္ေျပရဲ့လား? ပိုၿပီးနားခ်င္ေသးလား?"
"ဟင့္အင္း! ငါတက္လာေတာ့မွာ!"
အန္းနင္ ေခါင္းေမာ့လ်က္ အက်ယ္ႀကီးေျပာမိသည္။ သူ ခ်င္ေဝ့ေဟာ္နဲ႔ ျမန္ျမန္ အမွီလိုက္ခ်င္၏။ ဒီလိုမ်ိဴး ပိုင္းျခားခံရတဲ့ေတာင္တက္ျခင္းမ်ိဴးက သူ႔ကို အေနာက္က်န္ရစ္သလို ခံစားရေစသည္။
ခ်င္ေဝ့ေဟာ္က ကာကြယ္ေရးစခန္းရဲ့ လုံျခဳံမွုကို ထပ္ခါထပ္ခါအတည္ျပဳၿပီးေနာက္ ေခါင္းငုံ႔လာကာ သူ႔ကို ေျပာသည္။
"ဒါဆိုလဲ တက္ခဲ့!"
ဒုတိယနဲ႔ တတိယအပိုင္းေတြမွာလဲ ထိုကဲ့သို႔ပင္ ၿပီးစီးခဲ့ေလသည္။ အျမင့္ကလဲ ပို,ပိုၿပီး ျမင့္လာခဲ့ရာ ေတာအုပ္ရဲ့နယ္နိမိတ္ကို ျဖတ္အၿပီးတြင္ ေနေရာင္က ႐ုတ္ျခည္း ေတာက္ပလာခဲ့သည္။ သူတို႔ေတြ တတိယပိုင္းကို ၿပိးဆုံးခ်ိန္၌ေန႔လယ္ ၁၂:၀၀ နာရီေက်ာ္သြားၿပီျဖစ္သည္။
သူတို႔ ပထမဆုံးအႀကိမ္ ကာကြယ္ေရးစခန္းမွာ ရပ္လိုက္ၾကၿပီး တစ္ခုခုစားၾက၏။
ခ်င္ေဝ့ေဟာ္က သူ႔ကို ေျပာလာသည္။
"ငုံ႔ၾကည့္လိုက္"
အန္းနင္ လက္ထဲက ေပါင္မုန႔္ေလးကို ခ်ထားၿပီး ငုံ႔ၾကည့္လိုက္သည္။ ၂၅ထပ္နီးပါးအျမင့္ျဖစ္ေနၿပီး အကာအရံေတြနဲ႔လက္ရန္းေတြလဲ ရွိမေနေပ။ ဒါေၾကာင့္ သူ႔ေအာက္မွာ ဗလာျဖစ္ေနသည္; ဒါက အမွန္တကယ္ကို စိတ္လွုပ္ရွားစရာေကာင္းလွ၏။
ထို႔အျပင္ ဒါက ဒီေတာင္ရဲ့ သုံးပုံ,တစ္ပုံသာရွိေသးသည္။
ေက်ာက္ေတာင္တက္ျခင္းမွ အလြန္စိတ္လွုပ္ရွားေစသည့္အရာအား ဒီေန႔မွာေတာ့ သူ ၎ကို ခံစားလိုက္ရၿပီျဖစ္သည္။
သူတို႔ အစားအစာအက်န္ေတြနဲ႔ အမွိုက္ေတြကို ေက်ာပိုးအိတ္ထဲကိုျပန္ထည့္လိုက္သည္။ ခ်င္ေဝ့ေဟာ္ကေတာ့ စတုတၳေျမာက္အပိုင္းကို စိန္ေခၚရန္ အသင့္ျဖစ္ေနၿပီ။
အန္းနင္ ခ်င္ေဝ့ေဟာ္ကို ေမာ့ၾကည့္လိုက္မိသည္။ အလင္းေရာင္က ျပင္းသည္ထက္ျပင္းလာ၍ သူမ်က္စိေမွးၾကည့္ရ၏။တစ္ခါတေလ ႀကိဳးနဲ႔ ခ်င္ေဝ့ေဟာ္ရဲ့ ေတာင္တက္အဝတ္အစားေတြကို မျမင္ရ။ ခ်င္ေဝ့ေဟာ္က သူ၏ခႏၶာကိုယ္ကိုသစ္နက္ အျဖစ္သို႔ ေျပာင္းလဲသြားသလို သူခံစားရသည္။
ေနေရာင္ျခည္ ေအာက္၌ လူသားျဖစ္တဲ့သူ႔ကို စဥ္းလဲစြာ က်ီစယ္ေနခဲ့သည္။
ရံဖန္ရံခါ ခ်င္ေဝ့ေဟာ္ dynoလုပ္တဲ့အခါမ်ိဴးဆိုလၽွင္ ႀကိဳးက အန္းနင္ရဲ့လက္ၾကားမွာ လွုပ္ယိမ္းေနခဲ့သျဖင့္ ခ်င္ေဝ့ေဟာ္က တမင္တကာ သူ႔ရဲ့ အနက္ေရာင္အျမႇီးရွည္ကို ေအာက္ခ်၍ သူ႔ပါးေတြကို ရိုက္ပုတ္ေနသလိုပင္။
သူ ကာကြယ္ေရးစခန္းသို႔ေရာက္ေသာအခါ လူသားျဖစ္တဲ့ ေက်ာင္းျမက္ေလးကို ျပန္ေျပာင္းသြားၿပီး သူ႔ကို ေအာ္ေျပာလာခဲ့သည္။
"တက္ခဲ့!"
သူတို႔ ျမင့္သြားေလေလ မတ္ေစာက္လာေလေလျဖစ္သည္။ ဗလာက်င္းေနတဲ့ေက်ာက္နံရံေပၚက ေက်ာက္သားေနရာတို႔မွာလဲ ပို,ပိုၿပီး ဆုပ္ကိုင္ဖို႔ခက္လာကာ, အက္ကြဲရာတို႔ကလဲ ပိုက်ဥ္းေျမာင္းလာခဲ့၏။ ထို႔အျပင္ ကာကြယ္ေရးစခန္းတို႔မွာလဲ ပိုၿပီး က်ဥ္းက်ဳတ္လာခဲ့သည္။
ခ်င္ေဝ့ေဟာ္ရဲ့ အရွိန္ႏွုန္းကိုေတာ့ ဘယ္နည္းနဲ႔မွ သက္ေရာက္နိုင္စြမ္းမရွိသည့္တိုင္ အန္းနင္ သုံးစြဲရတဲ့ အခ်ိန္ပမာဏကေတာ့ ၾကာသည္ထက္ၾကာလာခဲ့ေဘသည္။ ပဥၥမအပိုင္း ကို သူေရာက္တဲ့အခါမွာေတာ့ ၿပီးေျမာက္ရန္ ခက္ခဲသည္ဟုစတင္ခံစားလာခဲ့ရသည္။ ဆဌမေျမာက္အပိုင္းသို႔ေရာက္ခ်ိန္မွာေတာ့ သူ႔ရဲ့ ႐ုပ္ပိုင္းဆိုင္ရာ စြမ္းရည္တို႔မွာ အဆုံးစြန္ထိတြန္းအားေပးခံရသလိုသာ ခံစားရေတာ့တာျဖစ္ၿပီး က်န္ေနတဲ့ လမ္းေၾကာင္းကေတာ့ ထိပ္ဆုံးကိုေရာက္ရန္ အလြန္ကိုရွည္လ်ားေနေသး၏။
ဒါေတာင္ Top Ropingမၽွသာရွိေသးသည္။
ငါ သူေျပာတာကို နားေထာင္ၿပီး ဘတ္စကက္ေဘာ ပိုကစားသင့္တာ...
ညေန ၂:၀၀မွာေတာ့ သူက ခပ္မတ္မတ္နဲ႔ ပင္လယ္ေရအျမင့္ မီတာ၁၀၀ေက်ာ္မွာ ရွိေနခဲ့ၿပီး တစ္ေတာလုံးက တစ္ေမွးအိပ္ေပ်ာ္ေနသကဲ့သို႔ သူ႔နားထဲမွာ ဘာသံမွမၾကားရေတာ့ပါေခ်။ သူေခါင္းေမာ့ၾကည့္လိုက္လၽွင္ အေပၚဘက္ ေက်ာက္၏အက္ကြဲေၾကာင္းကို မွီထားေသာ ခ်င္ေဝ့ေဟာ္ကို ေတြ႕လိုက္ရ၏။ ခ်င္ေဝ့ေဟာ္က သူ႔ကို ငုံ႔ၾကည့္လာခဲ့သည္။
အန္းနင္ အသက္ျပင္းျပင္း ႏွစ္ခါရွူသြင္းလိုက္ၿပီးေနာက္ သူ႔လက္ႏွစ္ဖက္လုံး အျပည့္ ေျမျဖဴမွုန႔္ေတြကို သုတ္လိမ္းလိုက္သည္။ ေခၽြးေတြအရမ္းထြက္ေနသျဖင့္ သူ႔လက္ေတြကို ေျမျဖဴေတြနဲ႔ အဆက္မျပတ္ ပြတ္ေနမွရမည္။
အဆုံးမွာေတာ့ ခ်င္ေဝ့ေဟာ္ သူ႔ကို ထပ္ၿပီး ဆြဲတင္လိုက္ျပန္သည္။ အခုမူ သူတို႔က ေအာက္ပိုင္းက ကာကြယ္ေရးစခန္းထက္ ပိုက်ဥ္းတဲ့ ဆဌမေျမာက္ ကာကြယ္ေရးစခန္းမွာေရာက္ေနၾကၿပီျဖစ္သည္။ သူနဲ႔ ခ်င္ေဝ့ေဟာ္တို႔ နီးကပ္လာေနတာကို အန္းနင္ အလိုလို ခံစားနိုင္ေနသည္။ သူတို႔မွာ ေရြးခ်ယ္စရာမရွိပါဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ေနရၿပီး သူ႔တို႔ခႏၶာကိုယ္ေတြကို လွည့္ရန္ ဒါမွမဟုတ္ ေဘးကို လွဲခ်ရန္ပင္ ေနရာလြတ္မရွိေနေခ်။
"ၿပီးခါနီးၿပီ." ခ်င္ေဝ့ေဟာ္ကေျပာသည္။
"ဆက္သြားၿပီး ေနာက္ဆုံး အပိုင္းကို တက္မယ္။ ၿပီးရင္း, ေရွ႕လမ္းေၾကာင္းက် မင္းကို ဆြဲတင္ေပးမယိ"
ထိုေလသံက သူ႔ကို ႏွစ္သိမ့္ေနပုံရကာ သူ႔ကို နည္းနည္းပိုၿပီး သည္းညည္းခံဖို႔ ေျပာေနခဲ့သည္။ ၿပီးလၽွင္ သူသာ နည္းနည္းေလး ပို ေတာင့္ခံလိုက္ပါက အလွပဆုံး ရွု႔ထင္းကို ျမင္ရလိမ့္မည္ျဖစ္သည္။ အန္းနင္ ေဟာဟဲလိုက္ေနရင္း ေခါင္းယမ္းျပလိုက္သည္။
"မလိုဘူး ငါ လုပ္နိုင္ပါေသးတယ္ ."
ခ်င္ေဝ့ေဟာ္က ဘာမွမေျပာေတာ့ဘဲ တစ္ခုသာေျပာလာသည္။
"ျဖည္းျဖည္းခ်င္း လွည့္လိုက္ၿပီး ငါ့ကို ေက်ာပိုးအိတ္ေပးလိုက္."
အန္းနင္ ေက်ာက္ရဲ့ အက္ကြဲေၾကာင္းကို ဆန႔္က်င္ၿပီး လွည့္ရမည္ျဖစ္သည္။ ဒီအျမင့္နဲ႔ သူ႔ေျခေထာက္ေအာက္က ေနရာကမတ္တပ္ရပ္ရန္သာ လုံေလာက္ၿပီး သူ႔ကို ေအာက္ကို မၾကည့္ရဲေအာင္ လုပ္ေန၏။ ထိုအခိုက္တြင္ ခ်င္ေဝ့ေဟာ္က သူ႔ဘယ္ေျခေထာက္က္ို ေျမႇာက္၍ သူ႔ေနာက္ေက်ာရွိ ေက်ာက္အက္ကြဲေၾကာင္းကိုဆန႔္က်င္ၿပီး ေျခတံရွည္ကို ဖိထားလ်က္ ေျပာလာခဲ့သည္။
"အဆင္ေျပမွာပါ"
ခ်င္ေဝ့ေဟာ္ရဲ့ ေျခေထာက္ေတြက သူ႔ရဲ့ အျပင္ဘက္ျခမ္းကို ကာကြယ္ေပးထားျခင္းျဖစ္သည္။
ဒါေၾကာင့္ အန္းနင္ရဲ့ ေျခေထာက္လွုပ္ရွားမွုမ်ားက အမ်ားႀကီးပိုၿပီး ယုံၾကည္မွူရွိလာခဲ့၏။
ခ်င္ေဝ့ေဟာ္က သူ႔ေက်ာမွ ေက်ာပိုးအိတ္ကိုဆြဲခြာလိုက္ၿပီး အထဲမွ ေရတစ္ပုလင္းကို ထုတ္ယူသည္။ ဒီတစ္ႀကိမ္မွာေတာ့သူက ပိုက္ကိုအသုံးျပဳ၍ သူ႔ဘာသာသူ စုပ္ေသာက္ၿပီးမွ သူ႔ပုခုံးကို ပုတ္လာခဲ့သည္။ အန္းနင္လဲ ေခါင္းလွည့္ကာ ခ်င္ေဝ့ေဟာ္ေသာက္ခဲ့တဲ့ ပိုက္မွ စုပ္ေသာက္လိုက္၏။
ခဏေလာက္ အနားယူၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ သူတို႔ေတြ သတၱမေျမာက္လမ္းေၾကာင္းအပိုင္းကို ေရာက္ရွိသြားၿပီျဖစ္သည္။ ခ်င္ေဝ့ေဟာ္ကသာ ဦးေဆာင္ေနေသာေၾကာင့္ အန္းနင္မွာ သူ႔ေျခေထာက္ေအာက္မွ ခ်ာခ်ာလည္သြားေစမယ့္အျမင့္ကို ေမ့ေလ်ာ့ေနခဲ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူကျပဳတ္မက်နိုင္တာ သိထားေပမယ့္ ခ်င္ေဝ့ေဟာ္ကိုအာ႐ုံစိုက္ထားရန္လိုအပ္ေသာေၾကာင့္ျဖစ္သည္။
ခ်င္ေဝ့ေဟာ္ ေက်ာက္ေတာင္တက္တဲ့အခ်ိန္က ကာကြယ္ေရးစခန္းထူေထာင္သေလာက္ပင္ မၾကာလိုက္ေပ။
သို႔တိုင္ ဒီတစ္ႀကိမ္မွာေတာ့ ကာကြယ္ေရစခန္း၌ အနည္းငယ္ပိုၿပီး အခ်ိန္ျဖဳန္းသည္။ အန္းနင္ကေတာ့ ေခါင္းေမာ့၍ ခ်င္ေဝ့ေဟာ္ထံမွ အခ်က္ျပလာသည့္တိုင္ေအာင္ စိုးရိမ္တႀကီးနဲ႔ေစာင့္ေနခဲ့ရသည္။
ဒီလမ္းေၾကာင္းကို ၿပီးေျမာက္ေအာင္လုပ္ရမည့္ သူ႔အလွည့္ပင္။ ခ်င္ေဝ့ေဟာ္ရဲ့ လွုပ္ရွားမွုေတြကို ၾကည့္႐ုံမၽွျဖင့္ ဒီအပိုင္းက အပိုင္း၈ပိုင္းမွာအခက္ခဲဆုံးျဖစ္နိုင္တာကို သေဘာေပါက္ထားပါသည္။ ထပ္ေလာင္းအေနနဲ႔ အျမင့္က အရမ္းကို ျမင့္လြန္းေနသျဖင့္ သူအမွတ္တမဲ့နဲ႔ အရင္ကအတိုင္း အမွားေတြကို က်ဴးလြန္မိေလသည္ ; အရမ္း သတိထားလြန္းတာ၊ အခ်ိန္နဲ႔ အားအင္ေတြကို ျဖဳန္းတီးလြန္းတာတို႔ပင္။
သူ ခ်င္ေဝ့ေဟာ္နဲ႔ ဆယ္မီတာ ေအာက္ အကြာအေဝးအေရာက္မွာပဲ သူ႔လက္ေခ်ာင္းေတြက အားေပ်ာ့လာၿပီး ျမဲျမဲမဆုပ္ကိုင္နိုင္ေတာ့ေသာေၾကာင့္ ႐ုတ္တရက္ ေက်ာက္နံရံေပၚကေန ေခ်ာ္က်သြားခဲ့သည္။
ဒါက ပုံမွန္အျမင့္ေလာက္ေတာင္မဟုတ္ေပ။ သူ႔ ႏွလုံးမွာ လည္ေခ်ာင္းအထိပင္ ခုန္တက္သြားရ၏။ သို႔တိုင္ ကံေကာင္းစြာနဲ႔Top Ropingျဖစ္ေနတာေၾကာင့္ ပမာဏအနည္းငယ္မၽွသာ ျပဳတ္က်သြားတာျဖစ္သည္။ အက်ဘက္သြားတဲ့ ဦးတည္ရာကလဲ ရပ္တန႔္သြား၏ ; ခ်င္ေဝ့ေဟာ္က သူ႔ႀကိဳးကို ေဆာင့္ဆြဲလိုက္ျခင္းပင္။
ေလကလဲ ျပင္းထန္ၿပီး ႀကိဳးကလဲ ယမ္းခါေနဆဲ။
အန္းနင္ မူးေနာက္ေနာက္ျဖင့္ ေခါင္းေမာ့လိုက္ရာ ခ်င္ေဝ့ေဟာ္ သူ႔ကို ေအာ္ေျပာေနတာ ၾကားလိုက္ရသည္။
"မင္း ေခါင္းနဲ႔ ေျခေထာက္ေတြကို ဂ႐ုစိုက္ထားဦး! ငါမင္းကို ဆြဲတင္မယ္!"
သူက အခုထိတိုင္ မူးေနာက္ေနာက္ျဖစ္ေနဆဲေပမယ့္ အားတက္သြားသလိုလဲ ခံစားရသည္။ ခ်င္ေဝ့ေဟာ္က သူ႔ကို တကယ္ပင္ ဆြဲတင္ေပးမည္ ; ဒါက လုံျခဳံတဲ့ လွူပ္ရွားမွုမ်ိဴး မဟုတ္ေပမယ့္ေပါ့။
ေလကအရမ္းျပင္းေနလို႔ ျဖစ္ေကာင္းျဖစ္နိူင္ေပမယ့္ ထိုအခိုက္မွာပဲ သူ႔ေခါင္းထဲကို ေရေတြေလာင္းခ်ခံလိုက္ရသည့္ႏွယ္႐ုတ္ျခည္းပင္ အသိဝင္လာခဲ့ရသည္။ သူ ေက်ာက္နံရံအနီးကို ေရာက္တဲ့အခါ ခပ္ထူထူ ေက်ာက္အက္ကြဲေၾကာင္းကို နင္း၍လမ္းေၾကာင္း ျပန္ယူလိုက္၏။
ခ်င္ေဝ့ေဟာ္ကို ဆြဲခ်မိသြားမွာမ်္ိူး သူအမွန္တကယ္ပင္ အရမ္းေၾကာက္ပါသည္။ ထိုအခိုက္အတန႔္ေလးမွာပဲ အဲ့ဒီေန႔ က်ဳံးက်င္းျပဳတ္က်တဲ့အခါ ခ်င္ေဝ့ေဟာ္ ခံစားရတဲ့ အေၾကာက္တရားကို သူ နားလည္ခဲ့ရသည္။
"ငါ လုပ္နိုင္တယ္!" သူ ခ်င္ေဝ့ေဟာ္ကို ေအာ္ေျပာလိုက္သည္။
"မင္း ငါ့ကို ဆြဲတင္စရာမလိုဘူး!"
အေပၚဘက္သို႔ ဆြဲတင္ျခင္းက တြန႔္ဆုပ္လ်က္ ရပ္သြား၏။ အန္းနင္ အေကာင္းဆုံးႀကိဳးစားၿပီး ခ်င္ေဝ့ေဟာ္ ဖမ္းဆုပ္ထားခဲ့တဲ့ အျဖဴေရာင္အမွတ္ေတြကို ေမာ့ၾကည့္လိုက္မိသည္။ အမွတ္ေတြက သူ ကလပ္အတြက္ ဦးေဆာင္စဥ္အခ်ိန္ကနဲ႔မတူေပ။ ဒီတစ္ႀကိမ္မွာ ခ်င္ေဝ့ေဟာ္က သူ႔အတြက္ သဲလြန္စေတြအမ်ားႀကီး ခ်န္ထားေပးခဲ့သည္။ ဒါမွသာ အရမ္းခဲရခဲဆစ္မနိူင္မွာပင္။ ဘာပဲျဖစ္ျဖစ္ ေနာက္ကလိုက္ရမယ့္ သဲလြန္စေတြပဲ ျဖစ္သည္။
ခ်င္ေဝ့ေဟာ္နဲ႔ မတ္ေစာက္တဲ့အကြာအေဝးမွာ တျဖည္းျဖည္းနဲ႔ ၃မီတာအထိ က်ဥ္းလာခဲ့ၿပီ။ ခ်င္ေဝ့ေဟာ္က သူ႔ကို ရာစုႏွစ္တစ္ႏွစ္စာေလာက္ ေစာင့္ေပးေနရသလို ခံစားရ၏။ သူ ေခၽြးေတြ အလြန္အမင္း ထြက္ေနခ်ိန္မွာ ေလျပင္းတစ္ခ်က္တိုက္ခတ္သြားသည္။
ခ်င္ေဝ့ေဟာ္က သူ႔ႀကိဳးကို ညင္ညင္သာသာေလး ေဆာင့္ဆြဲလိုက္ၿပီး ေျပာလာ၏။
"ခဏေလာက္ရပ္."
အန္းနင္ အႀကံအိုက္သြားေသာေၾကာင့္ ခ်င္ေဝ့ေဟာ္ကပဲ ေျပာလာသည္။
"ေလတိုက္ေနတယ္ေလ ေလခံရေအာင္."
ဤေနရာသည္ ေက်ာက္တုံးႀကီးထဲရွိ အကြဲေၾကာင္းေနရာျဖစ္ၿပီး အားစိုက္ထုတ္ရန္ အခ်ိန္မ်ားစြာ မလိုအပ္ဘဲ ရပ္တန႔္ဖို႔အတြက္ အခ်ိန္ေကာင္းျဖစ္သည္။
အန္းနင္ ရပ္လိုက္လၽွင္ ေလထဲမွာ ေလတိုက္ခတ္ေနတာကို ခံစားရၿပီး ေအာက္က သစ္ပင္ထိပ္ဖ်ားတို႔မွာလဲ တရွဲရွဲ ျမည္ေန၏။ သူ ေအာက္ကို ငုံ႔မၾကည့္ရဲေပမယ့္ တစ္စုံတစ္ခုကို လွမ္းျမင္ေနရဆဲပင္။ သူ႔အျမင္အာ႐ုံရဲ့ ေထာင့္စြန္း၌ အေတာင္ပံက်ယ္က်ယ္နဲ႔ အမဲေရာင္ငွက္ႀကီးက သူ႔ေျခဖဝါးေအာက္မွ ပ်ံသန္းသြားခဲ့သည္။
လင္းယုန္လား?
သူမသိ။ သို႔ေသာ္ အေတာင္ပံ က်ယ္က်ယ္ေတြက ခ်င္ေဝ့ေဟာ္ R1ႀကီးစီးတာကိုပင္ အမွတ္ရသြားေစသည္။
သူသာ ျပဳတ္က်နိုင္တဲ့ အခြင့္အလမ္းေတြ မစဥ္းစားမိေနလၽွင္..ဒါေပမယ့္ ဒီေလက သူ႔ကို ေကာင္းေကာင္းႀကီးသက္ေသာင့္သက္သာျဖစ္ေစပါသည္။ သူ႔ေခၽြးစက္ေတြအကုန္ယူပစ္သြားၿပီး သူလဲ ေရရြတ္လိုက္မိသည္။
"သက္ေတာင့္သက္သာ ျဖစ္လိုက္တာ"
ခ်င္ေဝ့ေဟာ္က ေအာက္ဘက္သို႔ ျပဳံးျပလာၿပီးေျပာသည္။
"အဲ့ဒါ မင္းရဲ့ဆုလာဘ္ပဲ"
ေလွကားထစ္ကို နင္းထားသည့္ႏွယ္၊ အန္းနင္ကို ေလျပင္းတစ္ခ်က္ဆုေပးတာက သူျဖစ္ေနသည့္ႏွယ္ မတ္ေစာက္တဲ့ေက်ာက္နံရံေပၚမွာ အလြယ္တကူမွီထားနိုင္သည့္ သူ႔အား အန္းနင္ ေမာ့ၾကည့္လိုက္မိသည္။
၃မီတာအကြာအေဝးကို ျဖတ္သန္းၿပီး သူ ခ်င္ေဝ့ေဟာ္မွ လက္တစ္ကမ္းေအာက္သာ ေဝးေသာအခ်ိန္တြင္ ခ်င္ေဝ့ေဟာ္သည္ ေက်ာက္နံရံကို သူ႔ေနာက္ေက်ာျဖင့္မွီထားကာ ျဖည္းညႇင္းစြာဒူးေထာက္လိုက္ၿပီး သူ႔ထံသို႔ လက္လွမ္းလိုက္သည္။
ဒီလိုအျမင့္၌ ခ်င္ေဝ့ေဟာ္ အတြက္ပင္လၽွင္ ဒီလို လွုပ္ရွားခ်က္မ်ိဳး လုပ္ရန္မလြယ္ေပ။ အန္းနင္ ေခါင္းေမာ့ကာ ေျပာလိုက္သည္။
"ရတယ္, ငါ့ဘာသာတက္နိုင္ပါတယ္"
"ဒါေပမယ့္ ကိုယ္ ထပ္မေစာင့္နိုင္ေတာ့ဘူး."
သူ႔အသံမွာ အန္းနင္ရဲ့ ေခါင္းအထက္တြင္ပင္။ ၎က နက္ရွိုင္းကာ ေလးလံေနၿပီး တိမ္တိုက္တစ္ခုကဲ့သို႔ ဖိခ်ထားနိုင္ကာသူ႔ပိုင္နက္အရိပ္ထဲမွာ အန္းနင္ ကို လႊမ္းျခဳံထားခဲ့သည္။
အန္းနင္ သူ႔ညာလက္ကို လႊတ္ေပးလိုက္သည္။ သူလႊတ္လိုက္သည္ႏွင့္တၿပိဳင္နက္ ခ်င္ေဝ့ေဟာ္က သူ႔ကိုဆြဲယူကာ အေပၚကို ဆြဲတင္ေတာ့သည္။ ဒီမွာ အရမ္းကို က်ဥ္း၏; သူ ျဖည္းျဖည္းခ်င္းရပ္နိူင္ရန္ ခ်င္ေဝ့ေဟာ္ရဲ့ ကိုယ္ကို ကိုင္ထားရသည္။အတူတကြပင္ သူတို႔သည္ ပန္းပြင့္ႏွစ္ပြင့္၏ကြာဟမွုၾကားရွိ ႏွင္းႏွစ္စက္ကဲ့သို႔ ပါးလႊာတဲ့ ေက်ာက္အဟ,ကို မွီလိုက္ၾကသည္။
ေက်ာက္ေတာင္ထိပ္ဖ်ားႏွင့္ ၂၀မီတာေက်ာ္ ကြာေဝးေနဆဲပင္။ ဤသည္မွာ ဂိမ္းထဲက match pointကဲ့သို႔ အထူးစပယ္ရွယ္ေနရာျဖစ္ၿပီး ဒီေတာင္ရဲ့ စိတ္အလွုပ္ရွားရဆုံး ေနရာလဲ ျဖစ္ေကာင္းျဖစ္နိူင္သည္။
အန္းနင္ခမ်ာ ေဟာဟဲလိုက္ေနၿပီ။ ခ်င္ေဝ့ေဟာ္က သူ႔လက္ေမာင္းကို ေထာက္ပံ့ေပးလာၿပီး ေျပာ၏။
"ငုံ႔ၾကည့္လိုက္."
ေမၽွာ္လင့္ထားသလိုပဲ အ႐ူးသဖြယ္ သူေခါင္းငုံ႔ၾကည့္လိုက္မိရာ ထိတ္လန႔္စရာအျမင့္ေၾကာင့္ ခ်က္ခ်င္းကို ေၾကာက္ရြံသြားရသည္။ ထို႔ေၾကာင့္ သူ႔ေခါင္းကို တုန္တုန္ယင္ယင္နဲ႔ ေမာ့လိုက္၏။ သူ ျပန္အေမာ့တြင္ ခ်သ္ေဝ့ေဟာ္ရဲ့ မ်က္ႏွာမွာ သူ႔မ်က္ႏွာနဲ႔ ေတ့ေတ့ဆိုင္ဆိုင္ႀကီးျဖစ္ေနတာကို ေတြ႕လိုက္ရသည္။
ဒါက ေနာက္ဆုံး အကာအကြယ္ျဖစ္သည့္အျပင္ အေသးဆုံး ကာကြယ္ေရးစခန္းလဲျဖစ္ေပသည္။ လူႏွစ္ေယာက္အတြက္ေျခတစ္ေခ်ာင္း ခ်႐ုံမၽွသာ ခ်နိုင္သည့္ ကြက္လပ္ျဖစ္သည္။
သူတို႔၏ ေျခေထာက္မ်ားသည္ တင္းတင္းၾကပ္ၾကပ္ တြဲလ်က္ ရွိေနၾကၿပီး သူတို႔၏ ခႏၶာကိုယ္ တစ္ဝက္ကေတာ့ျမင့္မားေသာ အျမင့္တြင္ ခ်ိတ္ဆြဲက်ေနၾကသည္။ တစ္ေယာက္ကိုတစ္ေယာက္ တြယ္ကပ္ေန႐ုံမွတပါး အျခားနည္းလမ္းမရွိေပ။
ဒါက အန္းနင္ကို အလြန္အမင္းပင္ က်ဥ္းက်ဥ္းက်ဳတ္က်ဳတ္ျဖစ္ေစသည္။ သူ႔မွာ ဘယ္ကို ၾကည့္ရမလဲမသိ; ေျခေထာက္ေအာက္၌ မူးေဝေစမည့္ အျမင့္ရွိေနၿပိး ေခါင္းေမာ့ျပန္လၽွင္လဲ ပိုၿပီးေတာင္ မူးသြားမည့္ မ်က္ႏွာကရွိေနျပန္သည္။
တစ္ေယာက္ေယာက္ကေတာ့ တကယ္ေသေစနိုင္သည္။
ခ်င္ေဝ့ေဟာ္က ေျပာလာသည္။
"တကယ္ေတာ့ ကိုယ္ကေတာင္ထိပ္ထိ တက္ၿပီး redpointရတာကို မစြဲလန္းပါဘူး။ ဒီမွာေနရတာက ကိုယ့္ရဲ့ အႀကိဳက္ဆုံးအခိုက္အတန႔္ပဲ."
အန္းနင္ ခ်င္ေဝ့ေဟာ္ရဲ့ ျမင္ကြင္းကို လိုက္ၾကည့္လိုက္သည္ ;
ေနေရာင္က တိမ္ေတြအထက္မွာ ေတာက္ေလာင္ေနၿပီး အေဝးက သစ္ပင္တန္းတို႔မွာ ေရႊေရာင္တစ္လႊာျဖင့္ ေျခာက္ေသြ႕ေနၾကကာ အရာအားလုံးက သူတို႔ ေျခဖဝါးေအာက္မွာျဖစ္သည္။ သူတို႔က ေက်ာက္ထရံမွာ ဆင္းသက္ေနတဲ့ ငွက္ကေလးမ်ားလို ကမၻာႀကီးရဲ့အေပၚစီးကိုေရာက္ေနခဲ့၏။
ဤေနရာတြင္ အဆုံးမရွိတဲ့ ေလႏုေလသစ္မ်ားလဲရွိၿပီး သူတို႔ရဲ့ အဆုတ္ေတြကို သန႔္ရွင္းသြားေအာင္ျဖည့္တင္းေပးေနကာေသြးတို႔ကိုလဲ ျဖည့္တင္းေပးေနခဲ့သည္။
ထိုအခိုက္အတန႔္တြင္ အန္းနင္မွာ ေန၏ အကန႔္အသတ္မရွိေသာ အပူခ်ိန္ ၊ ျပင္းထန္ေနတဲ့ ခံစားခ်က္ႏွင့္ ခ်င္ေဝ့ေဟာ္ရဲ့ႏွစ္လိုဖြယ္ အၾကည့္တို႔ေၾကာင့္ အဆုတ္ေတြ ေလာင္ကၽြမ္းေတာ့မလို ခံစားေနရသည္။
ခ်င္ေဝ့ေဟာ္က စကားေျပာလာသည္။
"ကိုယ္မင္းကို ဘာလို႔ ဒီေခၚလာခဲ့လဲဆိုတာသိလား?"
အန္းနင္ ေခါင္းယမ္းျပ႐ုံသာတတ္နိူင္၏။ ေမာပန္းျခင္းနဲ႔ ေအာက္စီဂ်င္ျပတ္လတ္မွုေတြေၾကာင့္ သူ႔မွာ စကားမေျပာနိုင္ေသးပါ။
"ဘာလို႔လဲဆိုေတာ့ မေန႔မနက္ခင္းကေန ညအထိ တစ္ေန႔လုံး ကိုယ္အတြဲေတြကို ျမင္ခဲ့ရတာ။ ကိုယ္ မနာလိုလို႔ ဒိတ္လုပ္ၾကည့္ခ်င္တယ္."
အသံမွာ ေလတိုးသံကဲ့သို႔ ႏူးညံ့လို႔ေနေပမယ့္ အန္းနင္ရဲ့စိတ္ထဲမွာေတာ့ သူ႔ထံ မုန္တိုင္းႀကီးလြင့္လာသည့္ႏွယ္ ႐ုတ္ျခည္းပင္ ဗလာက်င္းသြားရေတာ့၏။
"ကိုယ့္အတြက္ ဒိတ္လုပ္ဖို႔ ျဖစ္နိူင္ပါ့မလား?"
ခ်င္ေဝ့ေဟာ္က အသံၿငိမ္ၿငိမ္နဲ႔ ေမးလာခဲ့သည္။
"ဒါမွမဟုတ္ မင္း ကိုယ့္ကို Single အျဖစ္ပဲေနေစခ်င္လား? "
အန္းနင္ခမ်ာ စကားစ,ပင္ရွာမရေအာင္ လမ္းေပ်ာက္ေနခဲ့သည္။ သူ ဘယ္သူ႔ကိုေမးေနတာလဲ၊ သူဘာေတြေမးေနတာမွန္းလဲ သူ မသိေတာ့ေပ။
လၽွို႔ဝွက္ခ်က္ဘယ္ႏွစ္ခုေလာက္မ်ား သူ ျမင္ၿပီးသြားခဲ့တာလဲ..?
ခ်င္ေဝ့ေဟာ္က ထိုထက္ပိုၿပီး မဆက္ေတာ့ေပမယ့္ ဒီအတိုင္း ေျပာလာခဲ့သည္။
"မင္း မၾကည့္ရဲရင္လဲ ဒီတိုင္း မ်က္လုံးမွိတ္ၿပီး ခဏေလာက္ နားလိုက္ပါ."
အန္းနင္မွာ 'မင္း မၾကည့္ရဲရင္လဲ'ဆိုတဲ့ စကားလုံးက 'ေအာက္ကိုလား','သူ႔ကိုလား' မသိေတာ့ပါေခ်။ သူ ခ်က္ခ်င္းမ်က္လုံးမွိတ္လိုက္၏ ; သူ႔ရင္ေတြကေတာ့ အရိုင္းဆန္စြာ ခုန္ေပါက္ေနဆဲပင္။ မူးေဝေစသည့္ အျမင့္ ဒါမွမဟုတ္ ပိုလို႔ေတာင္ မူးေဝေစမည့္ ခ်င္ေဝ့ေဟာ္ကို မျမင္နိုင္တာေလးအတြက္နဲ႔ မိနစ္ဝက္ေလာက္မၽွပင္ မေႏွာင့္ေႏွးခဲ့ေပ။
Bungee ခုန္လိုက္တဲ့အခါ သူ႔ဆီကို ေျပးလာတဲ့ တိမ္ေတြလိုနဲ႔ ထို႔ေနာက္မွာေတာ့ ဆြဲငင္အားလြတ္ေနသသကဲ့သို႔ ႏွုတ္ခမ္းပူပူတစ္စုံက ႐ုတ္တရက္ႀကီး သူ႔ႏွုတ္ခမ္းေတြကို ဖုံးလႊမ္းလာခဲ့ေလသည္။
သူ အထိတ္တလန႔္နဲ႔ မ်က္လုံးဖြင့္ၾကည့္လိုက္၏။ သူ႔ေျခေထာက္ေတြ ေခြယိုင္သြားၿပီး လက္ေတြကလဲ ႀကိဳးထံမွ ေလ်ာ့ရဲသြားေပမယ့္ သူ႔ကိုယ္ကေတာ့ ျပဳတ္က်မသြားခဲ့ေပ။ ခ်င္ေဝ့ေဟာ္က လက္တစ္ဖက္လႊတ္ထားၿပီး သူ႔လက္ေမာင္းကိုဆုပ္ကိုင္ထားကာ သူ႔အား အေပၚကိုဆြဲတင္ထားခဲ့သည္။
႐ုတ္တရက္ဆိုသလို အန္းနင္ ခ်င္ေဝ့ေဟာ္ရဲ့ မ်က္လုံးေတြက သူနဲ႔ အနီးကပ္ဆုံးမွာရွိေနတာကို ျမင္ေနရသည္; သူ႔မ်က္ေတာင္ေတြ၊ သူ႔မ်က္ခုံးေတြ၊ ၿပီးေတာ့ ေအာက္ကို ပိတ္က်ေနတဲ့ သူ႔မ်က္ခြံေတြ။ သို႔တိုင္ သူတို႔က သူ႔ရဲ့ အျမင္လိုင္းမွာေပၚလာၿပီး စိုးရိမ္ေနသည့္ သူ႔အၾကည့္ျဖင့္ ဆုံမိေလသည္။ အခု အခ်ိန္မွာေတာ့ သူ၏ေျခေထာက္ေအာက္ရွိ ကာကြယ္ေရးစခန္းသည္ သူရဲ့မ႑ိဳင္မဟုတ္ေတာ့ပါဘဲ ခ်င္ေဝ့ေဟာ္ကသာ သူ႔ရဲ့ မ႑ိဳင္ျဖစ္ခဲ့ေလသည္။
သူဟာ စာသင္ေဆာင္အေပါက္ဝမွာ ခ်င္ေဝ့ေဟာ္ဖမ္းတာ ခံလိုက္ရတဲ့ ေၾကာင္ကေလးနဲ႔တူၿပီး ဆုပ္ကိုင္ထားတာကေတာ့ခ်င္ေဝ့ေဟာ္ လို႔ေခၚတဲ့ သစ္နက္ႀကီးပင္။
အနမ္းက အရမ္းကို ညင္းညင္းေလးျဖစ္သည္။
ႏွုတ္ခမ္းေတြေပၚမွာသာ ျဖစ္သြားေပမယ့္ သာမန္ထက္လြန္လြန္ကဲကဲပင္ နက္ရွိုင္းေန၏။အဘယ့္ေၾကာင့္ဆိုေသာ္ ဒီလိုေက်ာက္ေတာင္တက္ရတဲ့အခ်ိန္မွာ သူတို႔ႏွစ္ေယာက္၏ ႏွုတ္ခမ္းနဲ႔ သြားမ်ားၾကားမွ ဝင္သက္ထြက္သက္တိုင္းဟာအဆုတ္ကို ေရာက္နိုင္သည္အထိ နက္ရွိူင္းလွတဲ့ အသက္ရွူျခင္းမ်ိဴး ျဖစ္တာေၾကာင့္ ျဖစ္သည္။ သူတို႔ေတြ တံေတြးကို မဖယ္လွယ္ခဲ့ၾကေပမယ့္ အသက္ရွူသံေတြ အမ်ားႀကီး အမ်ားႀကီး ဖလွယ္ခဲ့ၾကမိသည္။
ခ်င္ေဝ့ေဟာ္က နမ္းေနတဲ့ ႏွုတ္ခမ္းမ်ားကို လႊတ္ေပးလိုက္သည္။ သူက သူ႔ေရွ႕က လူကို ၾကည့္လိုက္ၿပီး မ်က္လုံးမ်ားမွာ နက္ရွိူင္းလွ၏။
"အခ်ိန္ေတြ အၾကာႀကီးရွိေနၿပီလို႔ေတာ့ ကိုယ္ထင္တာပဲ"
"မင္း ကိုယ့္ကို ႀကိဳက္တယ္မလား?"
ေမးခြန္းေလးတစ္ခုက အန္းနင္ရဲ့ မ်က္ဝန္းအနားစပ္ေလးေတြကို ေလာင္ကၽြမ္းသြားေအာင္ ျပဳလုပ္နိုင္ခဲ့သည္။ ခ်င္ေဝ့ေဟာ္ အေပၚမွာ သူ ထားရွိခဲ့တဲ့ ဒီ တစ္ဖက္သတ္အခ်စ္အတြက္ ဘာ တုံ႔ျပန္ခ်က္မွ သူ မေမၽွာ္လင့္ခဲ့ေပ။ အဆင္ေျပေျပနဲ႔လြတ္လြတ္လပ္လပ္ပဲ ျဖစ္မယ္လို႔ သူထင္ခဲ့မိသည္။
သို႔ေသာ္ ဒါက ဒီလူသူ႔ကို ေပြ႕ခ်ီရန္ ကိုင္းလာခဲ့ၿပီး ဒီ crushေၾကာင့္ စိတ္ဒုကၡေရာက္သလို ခံစားလာရေအာင္ သူ႔လက္ဖဝါးေတြကိုဆုပ္ကိုင္လာတဲ့ အခိုက္အတန႔္မွာေတာ့ မဟုတ္ေတာ့ပါေခ်။
သူ႔ရင္ထဲမွာ အၾကာႀကီး ကြယ္ဝွက္ထားခဲ့ရတဲ့ ဒီလၽွို႔ဝွက္ခ်က္က အခ်ိန္အၾကာႀကီး သိႏွင့္ၿပီးသားျဖစ္ေနခဲ့သည္။ေနာက္ဆုံးမွာေတာ့ သူမေနနိုင္ေတာ့ပါဘဲ အသံေပ်ာ့ေလးနဲ႔ ေျပာလိုက္မိသည္။
"ဘယ္အခ်ိန္က မင္း သိသြားတာလဲ? ငါက အရမ္းကိုေကာင္းေကာင္းႀကီး ဖုံးထားနိုင္ခဲ့တယ္လို႔ေတာင္ ထင္မိတာ......"
ခ်င္ေဝ့ေဟာ္က ေျပာလာသည္။
"မင္း ကိုယ့္ကို ၾကည့္တဲ့အခ်ိန္တိုင္း အျမဲတမ္း မ်က္စိေမွးၾကည့္တတ္တယ္။ လ်န္ရွန္းဟန္နဲ႔ တျခားသူေတြကိုေတာ့ မင္းအဲ့လို မၾကည့္တတ္မွန္း ကိုယ္ သတိထားမိခဲ့တယ္"
႐ုတ္တရက္ သူက မေသခ်ာသလို ျဖစ္သြားျပန္သည္။
"မင္း ဟြမ္ခ်င္က်မ့္ကိုေရာ အဲ့လို ၾကည့္မိေသးလား?"
အန္းနင္ ေခါင္းယမ္းျပလိုက္သည္။ သူေခါင္းယမ္းၿပီးကာမွ သူ ျပင္းျပင္းထန္ထန္ကို ဖုံးဖိရန္ ႀကိဳးစားေနသည့္ "ႀကိဳက္တယ္"ဆိုတာႀကီးက မေတာ္တဆ ကိုယ့္ဘာသာကိုယ္ ေဖာ္လိုက္မိသြားၿပီဆိုတာကို သေဘာေပါက္လိုက္ရ၏။ ထို႔ေၾကာင့္သူ႔တစ္ကိုယ္လုံး ျပဳတ္ထားတဲ့ ပုစြန္ေလးလို နီရဲလာခဲ့ေလသည္။
ခ်င္ေဝ့ေဟာ္က ျပဳံးကာေျပာလာခဲ့သည္။
"ကိုယ္လဲ အဲ့ဒီအေၾကာင္း ေတြးခဲ့တယ္။ ကိုယ္ကေခ်ာတာေလးတင္နဲ႔ မင္း အဲ့လိုေတြးတာလားလို႔ေလ။ ဒါေပမယ့္ေနာက္ပိုင္းက်ေတာ့ ကိုယ္ မင္းအၾကည့္ေတြကို တုံ႔ျပန္လိုက္ရင္ မင္းက ေရွာင္သြားၿပီး ထပ္မၾကည့္ေတာ့တာကို သိလိုက္ရတယ္။ ဒါ့အျပင္ ကိုယ္က မင္းကို စိုက္ၾကည့္ေလေလ မင္းမ်က္ႏွာနဲ႔ နားေတြက ရဲလာေလေလပဲ။ မင္းက ကိုယ့္ေရွ႕မွာလြယ္လြယ္နဲ႔ ရွက္ဝဲဝဲေလး ျဖစ္ေနတာ။ လူအမ်ားစုက ဒီလိုျဖစ္မယ္လို႔ေတာ့ ကိုယ္မထင္ဘူး"
အန္းနင္ ရွက္ေသြးျဖာသြားျပန္သည္။ ခ်င္ေဝ့ေဟာ္ ေျပာတာ မွန္ေန၏။ သူ ဒီလို ေျပာေနခ်ိန္မွာေတာင္ အန္နင္က သူ႔ကိုမၾကည့္ဝံ့ေသးေသာေၾကာင့္ သူအတည္ျပဳနိုင္သည့္အေျဖကို အႀကိမ္ႀကိမ္ ျပန္စိစစ္ေနဆဲျဖစ္သည္။
ခ်င္ေဝ့ေဟာ္က နီးလာေလေလ၊ အန္းနင္မွာ သူ႔ကို တည့္တည့္ၾကည့္ရန္ ခက္ခဲေလေလပင္။
ခ်င္ေဝ့ေဟာ္က သူနမ္းထားတဲ့ ႏွုတ္ခမ္းေလးေတြကို ငုံ႔ၾကည့္ၿပီး ေျပာလာခဲ့သည္။
"ဒါေပမယ့္ ေယာက္်ားေလး အမ်ားစုက ေကာင္မေလး(ရည္းစား) ပဲ လိုခ်င္ၾကတာ၊ ၿပီးေတာ့ ကိုယ္လဲ ယုံၾကည္ခ်က္ေတာ့သိပ္မရွိဘူး။ မင္းက ကိုယ့္လို ရည္းစားေကာင္ေလး လိုခ်င္ရဲ့လား??"
အန္းနင္မွာ ဗလာက်င္းလ်က္ စြံ႕အေနခဲ့သည္။
"ငါက..."
"ကိုယ္က မႏူးညံ့ဘူး၊ အက်င့္မေကာင္းဘူး၊ ၿပီးေတာ့ စိတ္ဆိုးတဲ့အခ်ိန္ဆို တျခားသူေတြကို လ်စ္လ်ဴရွုထားတတ္တယ္။ၿပီးရင္ စကားေျပာရတာလဲ မႀကိဳက္ဘူး၊ ေစာင္ေခါက္ရတာလဲမႀကိဳက္ဘူး။ ၿပီးေတာ့ စာလုပ္ရတာလဲ မႀကိဳက္ဘူး... ."
အန္းနင္ အသံထြက္ ရယ္လိုက္မိသြားၿပီး ခ်င္ေဝ့ေဟာ္ထက္စာရင္ ပိုၿပီး မဝံ့မရဲစြာ ေမးလိုက္မိ၏။
"ဒါဆို ငါကေရာ ? ငါကေရာ မင္းရဲ့ရည္းစားေကာင္ေလး တကယ္ပဲ ျဖစ္နိုင္လို႔လား?"
"ျဖစ္နိုင္တာေပါ့,"
ခ်င္ေဝ့ေဟာ္က အသံနိမ့္နိမ့္နဲ႔ေျပာလာခဲ့သည္။
"မင္းက အရမ္းလဲ ႏူးညံ့တယ္၊ အရမ္းလဲ ဇြဲႀကီးတယ္၊ၿပီးေတာ့ ႀကိဳးစားတယ္။ မင္းေတာ့ ကိုယ္နဲ႔တူတူ ေက်ာက္ေတာင္တက္ဖို႔ ဆႏၵရွိတယ္၊ ကိုယ့္အတြက္ ေခါက္ဆြဲျပဳတ္ေပးတယ္...ၿပီးေတာ့ မင္းက အရမ္းလဲ ခ်စ္စရာေကာင္းလြန္းတယ္ေလ."
"ငါက အရမ္းခ်စ္စရာမေကာင္းပါဘူးေနာ္..."
အန္းနင္ ကူကယ္ရာမဲ့စြာ ေျပာလိုက္မိသည္။
"ခ်စ္စရာေကာင္းတာေပါ့."
ခ်င္ေဝ့ေဟာ္ သူ႔ကို ထပ္မေမးပဲမေနနိုင္ခဲ့။
"ဘယ္အခ်ိန္ကမ်ား ကိုယ့္ကိုႀကိဳက္ခဲ့တာလဲ?"
အန္းနင္မွာ ေရြးခ်ယ္စရာမရွိေတာ့ပါဘဲ ရိုးရိုးသားသားေျဖေပး႐ုံသာတတ္နိူင္ေတာ့၏။
"ေတာင္တက္Gymတုန္းက အဲ့ တစ္ရက္မွာ."
ခ်င္ေဝ့ေဟာ္က ျပဳံးသည္။
"ကိုယ္က ေတာင္တက္ၿပီဆို အထူးတလယ္ကို ေခ်ာေနတာေနာ္ ဟုတ္တယ္မလား?"
သူ႔ေလသံက ကေလးတစ္ေယာက္လိုပင္; အန္းနင္မွာ သူ႔ကို ေမာ့မၾကည့္ဘဲ မေနနိုင္ေတာ့။ ၿပီးလၽွင္ သူနဲ႔ အတူ လိုက္ျပဳံးျဖစ္သည္။ ဒီလို အေျခအေနမ်ိဴးေတာ့မဟုတ္ေပမယ့္ သူက ဟန္ေဆာင္ေနလိုက္ပါမည္။
ဒီတစ္ႀကိမ္မွာေတာ့ သူ ခ်င္ေဝ့ေဟာ္ အၾကည့္ေတြကို ထပ္မေရွာင္ေတာ့ေပ၊ ထိုအခါမွ သူ႔ဆီက အၾကည့္ခံရတာက အရမ္းေကာင္းတယ္ဆိုတာ ခံစားသေဘာေပါက္လိုက္ရ၏။
သူတို႔က ဒီေလာက္ျမင့္တဲ့ အျမင့္မွာပဲ ရွိေနတုန္းဆိုတာကိုပင္ သူ ေမ့လုနီးပါး ျဖစ္သြားရ၏။
ေအတကၠသိုလ္သမိုင္းမွာ ဝန္ခံျခင္းအတြက္ အျမင့္တကာ့အျမင့္ဆုံးမ်ား ျဖစ္ေနမလား?
"ငါတို႔ေတြ ဆက္တက္ၾကမယ္မလား?" အန္းနင္ကေမးလိုက္သည္။
"မလိုေတာ့ဘူး"
ခ်င္ေဝ့ေဟာ္ရဲ့ အသံက သူ႔အားအင္ေတြကို ေခ်ဖ်က္ခံလိုက္ရသလို ပ်င္းရိသြားေတာ့သည္။
"ကိုယ္က တက္ၿပီးသြားၿပီ"
အန္းနင္ ျပဳံးလိုက္မိ၏။ သူလည္းပဲ တက္ၿပီးၿပီ ထင္ပါသည္။
ေနက အရမ္းျပင္းေန၏; သူတို႔ေတြ ပထမဆုံးဆုံခဲ့ၾကတဲ့ ေႏြရာသီလိုပင္။ သူခ်င္ေဝ့ေဟာ္ရဲ့ မ်က္ဝန္းေတြဆီတည့္တည့္ၾကည့္လိုက္ၿပီး ေမးရန္ သတၱိေမြးလိုက္သည္။
"ငါ မင္းကို နမ္းလို႔ရမလား?"
ငါမင္းကို နမ္းလို႔ရမလား ရည္းစားေလး?
အိပ္ေဆာင္ ေလွကားေတြမွာ သူ႔ကို ေဘးခ်င္းပြတ္၍ ျဖတ္သြားခဲ့တဲ့ အဲ့ဒီ ခ်င္ေဝ့ေဟာ္ေလးက ေခါင္းငုံ႔ေပးလာၿပီးမ်က္လုံးမွိတ္ေပးလာခဲ့သည္။
အန္းနင္ သူ႔ထံ တိတ္တဆိတ္ခ်ည္းကပ္သြားခဲ့သည္။
သူ႔ရဲ့ ေန႔စဥ္ဘဝမွာ မေမ့နိုင္ေတာ့တဲ့ အံ့ဖြယ္ အနမ္းေလးတစ္ခု။
ဒီ အံ့ဩစရာ ႏွုတ္ခမ္းေထာင့္ေလးမွာ အနမ္းတစ္ပြင့္ ခတ္ႏွိပ္လိုက္တဲ့အခါ ျပဳံးလိုက္တာေၾကာင့္ ခ်င္ေဝ့ေဟာ္ရဲ့ ႏွုတ္ခမ္းေတြ ေကြးတက္သြားတာကို ခံစားလိုက္မိ၏။
သူတို႔ၾကားမွာ ေလေဝွ႕သြားခဲ့ရာ ေက်ာက္ထရံႀကီးကလဲ ေျမျပင္ ျဖစ္သြားပုံရၿပီး စိုးရိမ္စိတ္ေတြ၊ ေၾကာက္ရြံ႕မွုအရိပ္အေယာင္ေတြမရွိပါဘဲ ဒီေက်ာက္တုံးေပၚမွာ တည္ရွိေနရင္း ေပြ႕ဖက္ထားမိၾကသည္။
"ငါ မင္းကို ေျပာဖို႔ အခြင့္မရွိဖူးတဲ့ စကားတစ္ခြန္းရွိတယ္...
-မဂၤလာပါ ခ်င္ေဝ့ေဟာ္ ,မင္း ငါ့ကိုမွတ္မိရဲ့လား? ငါက မင္းရဲ့အခန္းေဖာ္ပါ။ ဒီေန႔ကစၿပီး မင္းရဲ့ခ်စ္သူအျဖစ္နဲ႔ ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ ငါ့ကို ဂ႐ုစိုက္ေပးပါအုံး!"
----------ၿပီးပါၿပီ----------
Wahhhhh Finally!!!
No extra ျဖစ္တဲ့အတြက္ ဒီမွာတင္ ၿပီးသြားခဲ့ပါၿပီ။ Dr.Solo ရဲ့ Universe တစ္ခုမွာ တစ္ေယာက္ကိုတစ္ေယာက္ နားအလည္နိုင္ဆုံး အန္းနင္နဲ႔ ခ်င္ေဝ့ေဟာ္တို႔က အတူရွိသြားၾကပါၿပီ။
ခ်င္ေဝ့ေဟာ္ရဲ့ Confession ခန္းကို သေဘာက်လို႔၊ သူသေဘာအက်ဆုံးေနရာကို ခက္ခက္ခဲခဲေခၚသြားၿပီးမွ ေျပာတာ(⁎⁍̴̛ᴗ⁍̴̛⁎)
ဒီNovelေလး တစ္ဝက္ေလာက္က ေက်ာက္ေတာင္တက္တာျဖစ္တဲ့အျပင္ ေက်ာက္နံရံေပၚမွာပဲ ရည္းစားျဖစ္သြားၾကပါတယ္ရွင္><
ဖတ္ေပးခဲ့တာ ေက်းဇူးတင္ပါတယ္ေနာ္ ။ ♡