(Uni)
"အားကျဲ ဝက်အူချောင်း5ချောင်း။
ရှာကောပါကော များများလေးသုတ်ပေးပါဗျို့"
"ရမယ်ဟေ့"
ရောင်းသူဝယ်သူအသံတူလှသော
ရှမ်းဆိုင်တစ်ဆိုင်၌ စားသုံးသူများကပြည့်နှက်နေကာ အစားအသောက်များကလည်း
အငွေ့တထောင်းထောင်းနှင့် စားချင်စဖွယ်ဖြစ်နေပြီး မြိန်ရေယှက်ရေရှိလှသည်။
ဆိုင်အဝင်ဝ၌လည်း ရနိုင်သည့်အစားအစာများကိုတရုတ်စာ၊မြန်မာစာ၊ရှမ်းစာ
စသည့် ဘာသာစကားသုံးမျိုးဖြင့်ရေးထားကာ ရနိုင်သည့်အမယ်များကလည်း စုံလှ၏။
သို့သော် အဓိက ရနိုင်သည့်အစားအစာကတော့ ရှမ်းအစားအစာပင်။
ဆိုင်ရှင်မှာလည်း စကားသံချိုချိုနှင့်စကားဝဲပြီး အင်မတန် သဘောကောင်းသည့် ရှမ်းမဖြစ်သည်။
"နောက်ထပ် ဘာယူအုံးမလဲ ကလေး"
ရှေ့သို့ရောက်လာသည့် ဝက်အူချောင်းကင်နှင့်အတူ အမေးရှိလာသည်ကြောင့်
သူထပ်မှာမည့် အစားအစာများကို
ပြောလိုက်သည်။
"ရေစိမ်တစ်ပွဲ၊ကြက်ခြေထောက်နဲ့ ဝက်ခေါက်ချဉ်ပါထည့်ပေးပါ"
"အေးအေ ခဏလေးပဲစောင့်နော်"
နွေးထွေးသည့်အပြုံးများပြုံးပြကာ ခဏလေးပြောပြီး စားပွဲများသွားပြင်နေသည့်
အဒေါ်နန်းခမ်းကြောင့် ခေါင်းပြန်ငုံ့ကာ စားပွဲပေါ်၌ရှိနေသည့် ဝက်အူချောင်းများကို အရင်စားနှင့်၏။
ဝက်အူချောင်းကို မီးရဲရဲလေးနှင့် နီရဲသည်အထိကင်ပြီး ရှာကောပါကော၊အမွှေးအဆီများသုတ်ထားသည်မို့ အနံ့မှာ မွှေးနေကာ
စားချင်စဖွယ်အတိ။
ဤကဲ့သို့ဝက်အူချောင်းကား တစ်ယွမ်သာပေးရသည်မို့ စားပျော်ဖွယ်ရှိလှ၏။
ဒီဈေးနှင့်ဒီအရသာ ရနိုင်သည့်ဆိုင်ကလည်း အဒ်ေနန်းခမ်းဆိုင်သာရှိသည်။
နိုင်းကတော့ ဝက်အူချောင်းအပြင် ရေစိမ်ကိုပါကြိုက်သည်မို့ လာစားသည့်အခါတိုင်း ရေစိမ်အမြဲစားလေ့ရှိသည်။
ဝက်အူချောင်းစား၍ပင် မကုန်သေး။
စားစရာများရောက်လာလေသည်။
"ဒီမှာ ရပါပြီရှင်"
"ဟုတ်ကဲ့"
နိုင်း ပြုံးပြလိုက်ကာ အနားရောက်လာသည့် ရေစိမ်ပန်းကန်နှင့် အချဉ်ကို လှမ်းယူကာ စားပွဲပေါ်သို့ တင်လိုက်၏။
"ဟာ ရှယ်ပါလား မွှေးနေတာပဲ"
"ရှယ်လုပ်လာပေးတာကိုးကွဲ့ "
"ဟား ဟုတ်ကဲ့ပါဗျာ။ကျွန်တော်ကလည်း
သိလို့ဒီကိုပဲလာလို့ ဒီဆိုင်ရဲ့ဖောက်သည်ကြီးတောင်ဖြစ်နေပါပြီ။"
သူပြောတော့ သဘောတကျရယ်ကာ
ထွက်သွားလေ၏။
မွှေးပျံ့နေသည့် ရေစိမ်ပန်းကန်က လူကိုဆွဲဆောင်နေသလို ဝက်ခေါက်နှင့် ပဲပြားချဉ်ကလည်း သရေကျချင်စရာ။
ရှမ်းခေါက်ဆွဲနှင့်ရေစိမ်က တူသလိုလိုနှင့် အရသာကွဲပြား၏။
ရှမ်းခေါက်ဆွဲက အသုပ်၊အရည်ရှိပြီး မြေပဲ၊ကြက်သားအဓိကသုံးကာ ပဲပုတ်(ပဲပိစပ်)နှင့် ပြုလုပ်ပြီး မုန်ညှင်းချဉ်နှင့်တွဲဖက်စားသောက်ကြ၏။
ရေစိမ်ကတော့ ကြက်သား၊ပဲရွက်၊နှမ်းထောင်း၊ငရုတ်သီးထောင်းသာ သုံးကာ
လက်တစ်ဖဝါးစာရှိ ဝက်ခေါက်၊ပဲပြားပါးချပ်ချပ်၊ကြက်ခြေထောက် စသည်တို့ကို
ခါကြက်ဥနှင့် အချဉ်စိမ်ထားကာ တွဲဖက်စားသုံးရခြင်းဖြစ်သည်။
ထိုကြက်ခြေထောက်၊ပဲပြား၊ဝက်ခေါက်က တစ်ခုကို တစ်ယွမ်ရှိကာ ဝက်အူချောင်းကင်နှင့်ဈေးတူ၏။
ရေစိမ်ကတော့ တစ်ပွဲ ငါးယွမ်ဖြစ်သည်။
ထမင်းမစားဖြစ်သည့်နေ့များမှာတော့ နိုင်းအတွက်က အဒေါ်နန်းခမ်း၏ လက်ရာများနှင့်သာ ပြီးလေ၏။
ဆိုင်မှာအမြဲအားပေးနေသည်မို့
အဒေါ်နမ်းခမ်းက တဖြည်းဖြည်းသတိထားမိလာကာ နောက်ပိုင်းမှာတော့ တော်တော်ကိုရင်းနှီးသွားတော့သည်။
အစပိုင်းက အဒေါ်နန်းခမ်းပြောခဲ့သည့်စကားတောင် သူမှတ်မိနေပါသေးသည်။
ထမင်းမစားဖြစ်သည့်တစ်ရက်၌
ဗိုက်ဆာလာသောကြောင့် တွေ့ရာဆိုင်ကိုဝင်ချသွားရာ ရေစိမ်ဆိုင်နှင့်တိုးလေ၏။
ဈေးနည်းသည့်အပြင် အရသာလည်းရှိလှသည်မို့ တော်တော်သဘောကျသွားမိရာ နောက်ပိုင်း ဒီဆိုင်၌ အမြဲဝင်စားဖြစ်၏။
သို့သော် တစ်ခါမှာတော့
လေးငါးရက်ဆက်တိုက် လာစားမိရာ
အဒေါ်နန်းခမ်း၏
"ပိုက်ဆံပြတ်နေလို့လားကွယ်"
ဆိုသည့် အမေးကြောင့် သူ့မှာ သဘောတကျရယ်ခဲ့မိတာကလည်း အမှတ်တရ။
/////////////////////////////
ညမွှေးပန်းနံများမွှေးကြူနေပြီး မြူတရိပ်ရိပ်ကျနေကာ အသည်းခိုက်အောင်ချမ်းအေးလှသော လောက်ကိုင်အအေးဓာတ်က အတော်ကိုဆိုးဝါး၏။
ဖြောင့်တန်းနေသည့်လမ်းမကြီးက ဘေးနှစ်ဖက်၌ အိမ်ကြီးအိမ်ကောင်းများ၊ဈေးဆိုင်များနှင့် မီးရောင်စုံ ထိန်လျက်ရှိသော်လည်း
ဆန့်ကျင်ဘက် လမ်းငယ်လေးကတော့ လုံးဝကိုတိတ်ဆိတ်လျက်။
မြူများအကြားမှ ခပ်မှုန်မှုန်မြင်ရသည့် လမ်းငယ်လေးကိုသေချာကြည့်၍ ဓာတ်မီးမပါ၊ဘာမပါ လျှောက်လှမ်းလာသည့် နိုင်းကကြောက်လန့်မှုလည်းရှိပုံမပေါ်။
တိတ်ဆိတ်သည့် ပတ်ဝန်းကျင်များအကြား ခပ်တိုးတိုးလမ်းလျှောက်သံများကသာ လွှမ်းနေ၏။
တစ်ခုသော လမ်းကွေ့အရောက်မှာတော့ တစ်ဖက်လမ်းမှ ထွက်လာသည့် လူတစ်ဦးပေါ်လာခဲ့သည်။
ရှေ့မှလျှောက်နေသည့် လူကိုကြည့်ရင်း
သူ့စိတ်ထဲမြင်ဖူးသလိုဖြစ်နေသည်မို့ သေချာအကဲခတ်နေမိ၏။
ကုတ်အမဲကိုဝတ်ထားကာ ဦးထုတ်ဆောင်းထားပြီး အရပ်ရှည်ရှည်နှင့်ထိုလူက
သူ့ခန့်မှန်းချက်ထဲက လူနှင့်ကွက်တိ။
ခြေလှမ်းများကိုမသိမသာမြန်လိုက်ရင်း ခပ်သွက်သွက်လိုက်မိတော့ ရှေ့ကလူကလည်းမြန်လာသလိုလို။
သို့ပါသော်လည်း မမှီနိုင်သည့် ခြေလှမ်းများကြောင့် မပြေးရုံတမယ်လိုက်မိချိန်
ရှေ့တည့်တည့်မှရောက်လာသည့် ကားတစ်စီး၏ ကားမီးအလင်းရောင်က စူးခနဲ။
စူးရှသွားသည့် မျက်လုံးကိုလက်ဖြင့်ကွယ်လိုက်ရင်း ခဏရပ်မိကာ အလင်းရောင်ပျောက်သွားချိန်အရှေ့ကိုကြည့်မိတော့
စောနကလူကမရှိတော့။
ဘေးပတ်ပတ်လည်ဝေ့ဝိုက်ရှာသော်လည်း အရိပ်အယောင်တောင်မတွေ့ရတော့သည်မို့
သက်ပြင်းချလိုက်မိ၏။
"ကိုယ့်ကိုရှာနေတာလား"
"အမလေး"
နောက်ပါးမှထွက်လာသည့်အသံကြောင့် လွှတ်ခနဲအော်မိတော့
မှောင်နေသည့်အလင်းမှိန်မှိန်နှင့် ဦးထုပ်၏ အမှောင်ကျမှုကြား ပြုံးပြနေသောကြောင့်
မြင်လိုက်ရသည့် သွားဖွေးဖွေးဟာထင်းထင်းလင်းလင်း။
ပို၍ငေးရသည်က သွားစွယ်များ။
တစ်ဖက်တစ်ချက်၌ ရှိနေသည့် သွားစွယ်နှစ်ဖက်နှင့်တရုတ်မျက်နှာပေါက်ရှိသည့်ထိုလူဟာ ချောသည်ဆိုထက်ပို၏။
သူ့ကိုကြည့်ရင်း ပြုံးလိုက်သည့်အပြုံးများကြား ခမျာငေးနေရသည်။
"ကိုယ့်လူ"
"ဗျ..ဗျာ"
"ကိုယ့်ကိုရှာနေတာလားလို့"
မေးခွန်းနှင့်အတူ သိချင်နေသည့်မျက်လုံးများဟာ တောက်ပနေသလိုလို။
ထိုလူ၏အသက်အရွယ်ဟာ သူနှင့်ရွယ်တူသာဖြစ်လောက်သည်။
မဟုတ်။
အနည်းငယ်ခန္ဓာကိုယ်ထွားရုံကလွဲ၍
နိုင်းထက်ငယ်မှာ ကျိန်းသေ၏။
"အော် အသိတစ်ယောက်နဲ့တူလို့ပါ"
"တူလား"
"ဗျာ"
"အသိနဲ့တူလားလို့"
"အင်း တူသလိုလို"
"ကိုယ်ပဲလေ"
"ဟမ်"
"အဲ့တာကိုယ်ပဲ"
"ဪ...ဟမ်"
ဘာကို ကိုယ်တဲ့လဲ။
သူဘယ်သူ့ကိုရှာနေမှန်း ဒီလူကဘယ်လိုလုပ်ပြီးအတိအကျပြောနိုင်ရတာလဲ။
စဉ်းစားမှုတွေနှင့် မျက်မှောင်ကြုတ်ကြည့်မိတော့ အခုမှသိသည့်ထိုလူ၏လက်များက အတင့်ရဲစွာနဲ့ သူ့မျက်နှာပေါ်ရောက်လာသည်။
"မျက်မှောင်ကြီးကြုတ်မထားပါနဲ့။ကိုယ်ပြောတာလည်း အမှန်ပဲမလား"
မှန်တာတော့အမှန်။ဒါပေမယ့် ..
ကြုတ်ထားသည့်မျက်မှောင်ဟာ
အခုမှအခြေအနေပိုဆိုးလာသည်။
ဒါကိုထိုလူကလည်းရိပ်မိသည်ထင်၏။
ကိုင်နေသည့်လက်များကိုဖယ်သွားပြီး ပြုံးပြလာသည်။
"ဒီအတိုင်းပါပဲ။မှန်းကြည့်တာ"
"......."
"ဒီအချိန်ကြီးဘယ်သွားမလို့လဲ"
"အိမ်ပြန်မလို့လေ။အခုမှအလုပ်ဆင်းတာ"
ဘယ်လောက်ပဲ ထူးဆန်းပါသည်ပြောပြော
မေးနေတာကိုပြန်မဖြေရလောက်တဲ့အထိတော့ သူမရိုင်းစိုင်းတတ်။
"အဲ့ဆိုလည်း တူတူပြန်ကြရအောင်လေ။လမ်းကြုံတာပဲ"
အခုမှသိတာဖြစ်ပေမယ့် သူအလွယ်တကူပင်
ခေါင်းညိတ်ပြလိုက်တော့ တဖက်လူကပြန်ပြုံးပြလာ၏။
ခန္ဓာကိုယ်နှစ်ခုကို ဘေးချင်းယှဉ်လိုက်ရင်း စကားတပြောပြောဖြင့် လျှောက်ဖြစ်ခဲ့ကြသည်။
//////////////////////////////////////
"ကိုယ့်နာမည် ရှင်း"
"နိုင်းပါ"
"နိုင်း...တစ်လုံးတည်းလား"
နိုင်းဆိုသည့်နာမည်အားသံရှည်ဆိုလိုက်ကာ မေးမြန်းလာသည်။
သူ့နာမည်က ရှင်းဆိုသည့်ထိုလူ့အတွက် အထူးအဆန်းးဖြစ်နေသည်ထင်၏။
"အင်း အဲ့လိုပြောလို့ရတာပေါ့"
"ကြာပြီလား နိုင်းက ဒီကိုရောက်တာ"
"အင်း လေးနှစ်လောက်ရှိတော့မယ်ထင်တယ်"
"အလုပ်ကရော အဲ့ကာစီနိုမှာပဲလား"
"ဟုတ်တယ် အဲ့မှာကလစာကောင်းတယ်လေ။တခြားအလုပ်လုပ်ဖို့ဆိုတာကလည်း
ငါတို့လိုမြန်မာတွေအတွက်ဒီဒေသမှာလုပ်စရာအလုပ်တွေကလည်းခပ်ရှားရှားပဲမလား"
"ငါတို့"
"အင်း ...ဘာလို့"
ခေါင်းခါရုံသာခါပြလာသူကြောင့် ကြည့်နေမိရင်း အရင်တည်းကသိချင်နေသည့် မေးခွန်းများကိုမေးမိသည်။
"မင်းက အဲ့ကာစီနိုရဲ့ဖောက်သည်လား"
".........."
"အမြဲတွေ့နေရလို့လေ။ပြီးရင်လည်း တကယ့် အကောင်ကြီးကြီးတွေရဲ့ နေရာကဆင်းလာတာချည်းပဲ"
"အင်း"
"ဪ ...ဒါနဲ့နေပါအုံး။ဟိုတစ်ခေါက်က မင်းကိုလှေကားပေါ်မှာတွေ့တုန်းက စကားပြောတာ ငါ့ကိုဘာလို့မမှတ်မိဘူးလို့ပြောတာလဲ"
"ဘယ်တုန်း...အာ ဟိုတစ်ခေါက်ကထင်တယ်။အဲ့တုန်းက အလုပ်ကိစ္စပေါ်လာလို့ အရေးကြီးနေတာလေ။အမြန်လိုနေတာဆိုတော့သေချာတောင်သတိမထားမိလိုက်ဘူး"
"ထားပါ"
ရှေ့ရှိကောင်လေးသည် အရင်ကကိစ္စများအပေါ်အခဲမကြေဖြစ်နေသည်ထင်၏။
ထိုအကြောင်းပြန်မေးလာခဲ့ပေမယ့်လည်း
အကြောင်းအရင်းကိုပြောပြလိုက်သည့်အခါ
စိတ်ထဲရှိပုံမပေါ်တော့။
ထိုအချိန်က အလုပ်ကိစ္စကြောင့် အမြန်လိုနေချိန် စကားလာပြောသည့်နိုင်းကိုသတိမထားမိခဲ့။
တံခါးနားရောက်မှ နောက်ပြန်လှည့်ကြည့်မိတော့ တောင်ကြည့်မြောက်ကြည့်လုပ်ကာ
ဘာကိုကုန်းကောက်လိုက်မှန်းမသိပေမယ့်
ထိုပုံစံက ရှင်းကိုပင်ပြုံးစေခဲ့တာတော့အမှန်။
"ရောက်ပြီ"
"ဟင်"
"ငါ့အိမ်ကိုရောက်ပြီလို့"
"အဲ့ဒါလား.."
"အင်း"
ညွှန်ပြလာသည့်အိမ်ငယ်လေးဟာ တစ်ခြားအိမ်များနှင့်ဝေးကွာကာ သီးသန့်ဖြစ်နေတာတော့အမှန်။
ထို့အပြင်မီးမှိတ်ထား၍မှောင်နေသည့်အတွက် အိမ်လေး၏ဖြစ်တည်မှုက တော်ရုံသတိထားမိဖို့မလွယ်ကူလှ။
"နည်းနည်းတော့အထီးကျန်တဲ့ပုံပေါက်တယ်မလား"
"အဲ့လောက်လည်းမဟုတ်ပါဘူး"
အထီးကျန်ဖို့ကောင်းနေပေမယ့် သူ့ပုံစံနှင့်သူတော့အေးချမ်းနေတာပဲလေ။
"အိမ်ထဲတော့မခေါ်တော့ဘူး။နောက်ကြုံမှပဲ ဝင်တော့"
"အင်းပါ သွားပြီ"
ဧည့်ဝတ်ကျေလှစွာသူပြောလိုက်တော့ ရှင်းဆိုသည့်ထိုလူက နှုတ်ဆက်ကာချက်ချင်းထွက်သွားသလို သူကိုယ်တိုင်လည်းအိမ်ထဲသို့သာဝင်လာခဲ့တော့သည်။
ခပ်သင်းသင်းမွှေးနေသည့်ပန်းနံ့များကို အသာအယာရှုရှိုက်ရင်း ဆိုနေကျသီချင်းကို
ခပ်တိုးတိုးဆိုလိုက်ကာ တစ်နေ့တာ ပင်ပန်းခဲ့သမျှ အတိုးချအနားယူရန်ပြင်ဖို့လုပ်တော့သလို
လမ်းမကြီးထက်၌လည်း အမှောင်ထုကြား
ခပ်ဖြည်းဖြည်းသွားနေသော သက်ရှိလူသားတစ်ဦးလည်းရှိခဲ့၏။
//////////////////////////////
//////////////////////////////////////////////////////////////
"အားက်ဲ ဝက္အူေခ်ာင္း5ေခ်ာင္း။
ရွာေကာပါေကာ မ်ားမ်ားေလးသုတ္ေပးပါဗ်ိဳ႕"
"ရမယ္ေဟ့"
ေရာင္းသူဝယ္သူအသံတူလွေသာ
ရွမ္းဆိုင္တစ္ဆိုင္၌ စားသံုးသူမ်ားကျပၫ့္ႏွက္ေနကာ အစားအေသာက္မ်ားကလည္း
အေငြ့တေထာင္းေထာင္းႏွင့္ စားခ်င္စဖြယ္ျဖစ္ေနၿပီး ၿမိန္ေရယွက္ေရရိွလွသည္။
ဆိုင္အဝင္ဝ၌လည္း ရႏိုင္သၫ့္အစားအစာမ်ားကိုတရုတ္စာ၊ျမန္မာစာ၊ရွမ္းစာ
စသၫ့္ ဘာသာစကားသံုးမ်ိဳးျဖင့္ေရးထားကာ ရႏိုင္သၫ့္အမယ္မ်ားကလည္း စံုလွ၏။
သို႔ေသာ္ အဓိက ရႏိုင္သၫ့္အစားအစာကေတာ့ ရွမ္းအစားအစာပင္။
ဆိုင္ရွင္မွာလည္း စကားသံခ်ိဳခ်ိဳႏွင့္စကားဝဲၿပီး အင္မတန္ သေဘာေကာင္းသၫ့္ ရွမ္းမျဖစ္သည္။
"ေနာက္ထပ္ ဘာယူအံုးမလဲ ကေလး"
ေရ႔ွသို႔ေရာက္လာသၫ့္ ဝက္အူေခ်ာင္းကင္ႏွင့္အတူ အေမးရိွလာသည္ေၾကာင့္
သူထပ္မွာမၫ့္ အစားအစာမ်ားကို
ေျပာလိုက္သည္။
"ေရစိမ္တစ္ပြဲ၊ၾကက္ေျခေထာက္နဲ႔ ဝက္ေခါက္ခ်ဉ္ပါထည့္ေပးပါ"
"ေအးေအ ခဏေလးပဲေစာင့္ေနာ္"
ေနြးေထြးသၫ့္အၿပံဳးမ်ားၿပံဳးျပကာ ခဏေလးေျပာၿပီး စားပြဲမ်ားသြားျပင္ေနသၫ့္
အေဒၚနန္းခမ္းေၾကာင့္ ေခါင္းျပန္ငံု႔ကာ စားပြဲေပၚ၌ရိွေနသၫ့္ ဝက္အူေခ်ာင္းမ်ားကို အရင္စားႏွင့္၏။
ဝက္အူေခ်ာင္းကို မီးရဲရဲေလးႏွင့္ နီရဲသည္အထိကင္ၿပီး ရွာေကာပါေကာ၊အေမႊးအဆီမ်ားသုတ္ထားသည္မို႔ အနံ႔မွာ ေမႊးေနကာ
စားခ်င္စဖြယ္အတိ။
ဤကဲ့သို႔ဝက္အူေခ်ာင္းကား တစ္ယြမ္သာေပးရသည္မို႔ စားေပ်ာ္ဖြယ္ရိွလွ၏။
ဒီေဈးႏွင့္ဒီအရသာ ရႏိုင္သၫ့္ဆိုင္ကလည္း အဒ္ေနန္းခမ္းဆိုင္သာရိွသည္။
ႏိုင္းကေတာ့ ဝက္အူေခ်ာင္းအျပင္ ေရစိမ္ကိုပါႀကိဳက္သည္မို႔ လာစားသၫ့္အခါတိုင္း ေရစိမ္အၿမဲစားေလ့ရိွသည္။
ဝက္အူေခ်ာင္းစား၍ပင္ မကုန္ေသး။
စားစရာမ်ားေရာက္လာေလသည္။
"ဒီမွာ ရပါၿပီရွင္"
"ဟုတ္ကဲ့"
ႏိုင္း ၿပံဳးျပလိုက္ကာ အနားေရာက္လာသၫ့္ ေရစိမ္ပန္းကန္ႏွင့္ အခ်ဉ္ကို လွမ္းယူကာ စားပြဲေပၚသို႔ တင္လိုက္၏။
"ဟာ ရွယ္ပါလား ေမႊးေနတာပဲ"
"ရွယ္လုပ္လာေပးတာကိုးကြဲ႔ "
"ဟား ဟုတ္ကဲ့ပါဗ်ာ။ကြၽန္ေတာ္ကလည္း
သိလို႔ဒီကိုပဲလာလို႔ ဒီဆိုင္ရဲ့ေဖာက္သည္ႀကီးေတာင္ျဖစ္ေနပါၿပီ။"
သူေျပာေတာ့ သေဘာတက်ရယ္ကာ
ထြက္သြားေလ၏။
ေမႊးပ်ံ့ေနသၫ့္ ေရစိမ္ပန္းကန္က လူကိုဆြဲေဆာင္ေနသလို ဝက္ေခါက္ႏွင့္ ပဲျပားခ်ဉ္ကလည္း သေရက်ခ်င္စရာ။
ရွမ္းေခါက္ဆြဲႏွင့္ေရစိမ္က တူသလိုလိုႏွင့္ အရသာကြဲျပား၏။
ရွမ္းေခါက္ဆြဲက အသုပ္၊အရည္ရိွၿပီး ေျမပဲ၊ၾကက္သားအဓိကသံုးကာ ပဲပုတ္(ပဲပိစပ္)ႏွင့္ ျပဳလုပ္ၿပီး မုန္ၫွင္းခ်ဉ္ႏွင့္တြဲဖက္စားေသာက္ၾက၏။
ေရစိမ္ကေတာ့ ၾကက္သား၊ပဲရြက္၊ႏွမ္းေထာင္း၊ငရုတ္သီးေထာင္းသာ သံုးကာ
လက္တစ္ဖဝါးစာရိွ ဝက္ေခါက္၊ပဲျပားပါးခ်ပ္ခ်ပ္၊ၾကက္ေျခေထာက္ စသည္တို႔ကို
ခါၾကက္ဥႏွင့္ အခ်ဉ္စိမ္ထားကာ တြဲဖက္စားသံုးရျခင္းျဖစ္သည္။
ထိုၾကက္ေျခေထာက္၊ပဲျပား၊ဝက္ေခါက္က တစ္ခုကို တစ္ယြမ္ရိွကာ ဝက္အူေခ်ာင္းကင္ႏွင့္ေဈးတူ၏။
ေရစိမ္ကေတာ့ တစ္ပြဲ ငါးယြမ္ျဖစ္သည္။
ထမင္းမစားျဖစ္သၫ့္ေန့မ်ားမွာေတာ့ ႏိုင္းအတြက္က အေဒၚနန္းခမ္း၏ လက္ရာမ်ားႏွင့္သာ ၿပီးေလ၏။
ဆိုင္မွာအၿမဲအားေပးေနသည္မို႔
အေဒၚနမ္းခမ္းက တျဖည္းျဖည္းသတိထားမိလာကာ ေနာက္ပိုင္းမွာေတာ့ ေတာ္ေတာ္ကိုရင္းႏွီးသြားေတာ့သည္။
အစပိုင္းက အေဒၚနန္းခမ္းေျပာခဲ့သၫ့္စကားေတာင္ သူမွတ္မိေနပါေသးသည္။
ထမင္းမစားျဖစ္သည့္တစ္ရက္၌
ဗိုက္ဆာလာေသာေၾကာင့္ ေတြ့ရာဆိုင္ကိုဝင္ခ်သြားရာ ေရစိမ္ဆိုင္ႏွင့္တိုးေလ၏။
ေဈးနည္းသၫ့္အျပင္ အရသာလည္းရိွလွသည္မို႔ ေတာ္ေတာ္သေဘာက်သြားမိရာ ေနာက္ပိုင္း ဒီဆိုင္၌ အၿမဲဝင္စားျဖစ္၏။
သို႔ေသာ္ တစ္ခါမွာေတာ့
ေလးငါးရက္ဆက္တိုက္ လာစားမိရာ
အေဒၚနန္းခမ္း၏
"ပိုက္ဆံျပတ္ေနလို႔လားကြယ္"
ဆိုသၫ့္ အေမးေၾကာင့္ သူ႔မွာ သေဘာတက်ရယ္ခဲ့မိတာကလည္း အမွတ္တရ။
/////////////////////////////
ညေမႊးပန္းနံမ်ားေမႊးၾကဴေနၿပီး ျမဴတရိပ္ရိပ္က်ေနကာ အသည္းခိုက္ေအာင္ခ်မ္းေအးလွေသာ ေလာက္ကိုင္အေအးဓာတ္က အေတာ္ကိုဆိုးဝါး၏။
ေျဖာင့္တန္းေနသၫ့္လမ္းမႀကီးက ေဘးႏွစ္ဖက္၌ အိမ္ႀကီးအိမ္ေကာင္းမ်ား၊ေဈးဆိုင္မ်ားႏွင့္ မီးေရာင္စံု ထိန္လ်က္ရိွေသာ္လည္း
ဆန႔္က်င္ဘက္ လမ္းငယ္ေလးကေတာ့ လံုးဝကိုတိတ္ဆိတ္လ်က္။
ျမဴမ်ားအၾကားမွ ခပ္မႈန္မႈန္ျမင္ရသၫ့္ လမ္းငယ္ေလးကိုေသခ်ာၾကၫ့္၍ ဓာတ္မီးမပါ၊ဘာမပါ ေလ်ွာက္လွမ္းလာသၫ့္ ႏိုင္းကေၾကာက္လန႔္မႈလည္းရိွပံုမေပၚ။
တိတ္ဆိတ္သၫ့္ ပတ္ဝန္းက်င္မ်ားအၾကား ခပ္တိုးတိုးလမ္းေလ်ွာက္သံမ်ားကသာ လႊမ္းေန၏။
တစ္ခုေသာ လမ္းေကြ့အေရာက္မွာေတာ့ တစ္ဖက္လမ္းမွ ထြက္လာသၫ့္ လူတစ္ဦးေပၚလာခဲ့သည္။
ေရ႔ွမွေလ်ွာက္ေနသၫ့္ လူကိုၾကၫ့္ရင္း
သူ႔စိတ္ထဲျမင္ဖူးသလိုျဖစ္ေနသည္မို႔ ေသခ်ာအကဲခတ္ေနမိ၏။
ကုတ္အမဲကိုဝတ္ထားကာ ဦးထုတ္ေဆာင္းထားၿပီး အရပ္ရွည္ရွည္ႏွင့္ထိုလူက
သူ႔ခန႔္မွန္းခ်က္ထဲက လူႏွင့္ကြက္တိ။
ေျခလွမ္းမ်ားကိုမသိမသာျမန္လိုက္ရင္း ခပ္သြက္သြက္လိုက္မိေတာ့ ေရ႔ွကလူကလည္းျမန္လာသလိုလို။
သို႔ပါေသာ္လည္း မမွီႏိုင္သၫ့္ ေျခလွမ္းမ်ားေၾကာင့္ မေျပးရံုတမယ္လိုက္မိခ်ိန္
ေရ႔ွတၫ့္တၫ့္မွေရာက္လာသၫ့္ ကားတစ္စီး၏ ကားမီးအလင္းေရာင္က စူးခနဲ။
စူးရွသြားသၫ့္ မ်က္လံုးကိုလက္ျဖင့္ကြယ္လိုက္ရင္း ခဏရပ္မိကာ အလင္းေရာင္ေပ်ာက္သြားခ်ိန္အေရ႔ွကိုၾကၫ့္မိေတာ့
ေစာနကလူကမရိွေတာ့။
ေဘးပတ္ပတ္လည္ေဝ့ဝိုက္ရွာေသာ္လည္း အရိပ္အေယာင္ေတာင္မေတြ့ရေတာ့သည္မို႔
သက္ျပင္းခ်လိုက္မိ၏။
"ကိုယ့္ကိုရွာေနတာလား"
"အမေလး"
ေနာက္ပါးမွထြက္လာသၫ့္အသံေၾကာင့္ လႊတ္ခနဲေအာ္မိေတာ့
ေမွာင္ေနသၫ့္အလင္းမိွန္မိွန္ႏွင့္ ဦးထုပ္၏ အေမွာင္က်မႈၾကား ၿပံဳးျပေနေသာေၾကာင့္
ျမင္လိုက္ရသၫ့္ သြားေဖြးေဖြးဟာထင္းထင္းလင္းလင္း။
ပို၍ေငးရသည္က သြားစြယ္မ်ား။
တစ္ဖက္တစ္ခ်က္၌ ရိွေနသၫ့္ သြားစြယ္ႏွစ္ဖက္ႏွင့္တရုတ္မ်က္ႏွာေပါက္ရိွသၫ့္ထိုလူဟာ ေခ်ာသည္ဆိုထက္ပို၏။
သူ႔ကိုၾကၫ့္ရင္း ၿပံဳးလိုက္သၫ့္အၿပံဳးမ်ားၾကား ခမ်ာေငးေနရသည္။
"ကိုယ့္လူ"
"ဗ်..ဗ်ာ"
"ကိုယ့္ကိုရွာေနတာလားလို႔"
ေမးခြန္းႏွင့္အတူ သိခ်င္ေနသၫ့္မ်က္လံုးမ်ားဟာ ေတာက္ပေနသလိုလို။
ထိုလူ၏အသက္အရြယ္ဟာ သူႏွင့္ရြယ္တူသာျဖစ္ေလာက္သည္။
မဟုတ္။
အနည္းငယ္ခႏၶာကိုယ္ထြားရံုကလြဲ၍
ႏိုင္းထက္ငယ္မွာ က်ိန္းေသ၏။
"ေအာ္ အသိတစ္ေယာက္နဲ႔တူလို႔ပါ"
"တူလား"
"ဗ်ာ"
"အသိနဲ႔တူလားလို႔"
"အင္း တူသလိုလို"
"ကိုယ္ပဲေလ"
"ဟမ္"
"အဲ့တာကိုယ္ပဲ"
"ဪ...ဟမ္"
ဘာကို ကိုယ္တဲ့လဲ။
သူဘယ္သူ႔ကိုရွာေနမွန္း ဒီလူကဘယ္လိုလုပ္ၿပီးအတိအက်ေျပာႏိုင္ရတာလဲ။
စဉ္းစားမႈေတြႏွင့္ မ်က္ေမွာင္ၾကဳတ္ၾကၫ့္မိေတာ့ အခုမွသိသၫ့္ထိုလူ၏လက္မ်ားက အတင့္ရဲစြာနဲ႔ သူ႔မ်က္ႏွာေပၚေရာက္လာသည္။
"မ်က္ေမွာင္ႀကီးၾကဳတ္မထားပါနဲ႔။ကိုယ္ေျပာတာလည္း အမွန္ပဲမလား"
မွန္တာေတာ့အမွန္။ဒါေပမယ့္ ..
ၾကဳတ္ထားသၫ့္မ်က္ေမွာင္ဟာ
အခုမွအေျခအေနပိုဆိုးလာသည္။
ဒါကိုထိုလူကလည္းရိပ္မိသည္ထင္၏။
ကိုင္ေနသၫ့္လက္မ်ားကိုဖယ္သြားၿပီး ၿပံဳးျပလာသည္။
"ဒီအတိုင္းပါပဲ။မွန္းၾကၫ့္တာ"
"......."
"ဒီအခ်ိန္ႀကီးဘယ္သြားမလို႔လဲ"
"အိမ္ျပန္မလို႔ေလ။အခုမွအလုပ္ဆင္းတာ"
ဘယ္ေလာက္ပဲ ထူးဆန္းပါသည္ေျပာေျပာ
ေမးေနတာကိုျပန္မေျဖရေလာက္တဲ့အထိေတာ့ သူမရိုင္းစိုင္းတတ္။
"အဲ့ဆိုလည္း တူတူျပန္ၾကရေအာင္ေလ။လမ္းႀကံဳတာပဲ"
အခုမွသိတာျဖစ္ေပမယ့္ သူအလြယ္တကူပင္
ေခါင္းညိတ္ျပလိုက္ေတာ့ တဖက္လူကျပန္ၿပံဳးျပလာ၏။
ခႏၶာကိုယ္ႏွစ္ခုကို ေဘးခ်င္းယွဉ္လိုက္ရင္း စကားတေျပာေျပာျဖင့္ ေလ်ွာက္ျဖစ္ခဲ့ၾကသည္။
//////////////////////////////////////
"ကိုယ့္နာမည္ ရွင္း"
"ႏိုင္းပါ"
"ႏိုင္း...တစ္လံုးတည္းလား"
ႏိုင္းဆိုသၫ့္နာမည္အားသံရွည္ဆိုလိုက္ကာ ေမးျမန္းလာသည္။
သူ႔နာမည္က ရွင္းဆိုသၫ့္ထိုလူ႔အတြက္ အထူးအဆန္းးျဖစ္ေနသည္ထင္၏။
"အင္း အဲ့လိုေျပာလို႔ရတာေပါ့"
"ၾကာၿပီလား ႏိုင္းက ဒီကိုေရာက္တာ"
"အင္း ေလးႏွစ္ေလာက္ရိွေတာ့မယ္ထင္တယ္"
"အလုပ္ကေရာ အဲ့ကာစီႏိုမွာပဲလား"
"ဟုတ္တယ္ အဲ့မွာကလစာေကာင္းတယ္ေလ။တျခားအလုပ္လုပ္ဖို႔ဆိုတာကလည္း
ငါတို႔လိုျမန္မာေတြအတြက္ဒီေဒသမွာလုပ္စရာအလုပ္ေတြကလည္းခပ္ရွားရွားပဲမလား"
"ငါတို႔"
"အင္း ...ဘာလို႔"
ေခါင္းခါရံုသာခါျပလာသူေၾကာင့္ ၾကၫ့္ေနမိရင္း အရင္တည္းကသိခ်င္ေနသၫ့္ ေမးခြန္းမ်ားကိုေမးမိသည္။
"မင္းက အဲ့ကာစီႏိုရဲ့ေဖာက္သည္လား"
".........."
"အၿမဲေတြ့ေနရလို႔ေလ။ၿပီးရင္လည္း တကယ့္ အေကာင္ႀကီးႀကီးေတြရဲ့ ေနရာကဆင္းလာတာခ်ည္းပဲ"
"အင္း"
"ဪ ...ဒါနဲ႔ေနပါအံုး။ဟိုတစ္ေခါက္က မင္းကိုေလွကားေပၚမွာေတြ့တုန္းက စကားေျပာတာ ငါ့ကိုဘာလို႔မမွတ္မိဘူးလို႔ေျပာတာလဲ"
"ဘယ္တုန္း...အာ ဟိုတစ္ေခါက္ကထင္တယ္။အဲ့တုန္းက အလုပ္ကိစၥေပၚလာလို႔ အေရးႀကီးေနတာေလ။အျမန္လိုေနတာဆိုေတာ့ေသခ်ာေတာင္သတိမထားမိလိုက္ဘူး"
"ထားပါ"
ေရ႔ွရိွေကာင္ေလးသည္ အရင္ကကိစၥမ်ားအေပၚအခဲမေၾကျဖစ္ေနသည္ထင္၏။
ထိုအေၾကာင္းျပန္ေမးလာခဲ့ေပမယ့္လည္း
အေၾကာင္းအရင္းကိုေျပာျပလိုက္သၫ့္အခါ
စိတ္ထဲရိွပံုမေပၚေတာ့။
ထိုအခ်ိန္က အလုပ္ကိစၥေၾကာင့္ အျမန္လိုေနခ်ိန္ စကားလာေျပာသၫ့္ႏိုင္းကိုသတိမထားမိခဲ့။
တံခါးနားေရာက္မွ ေနာက္ျပန္လွၫ့္ၾကၫ့္မိေတာ့ ေတာင္ၾကၫ့္ေျမာက္ၾကၫ့္လုပ္ကာ
ဘာကိုကုန္းေကာက္လိုက္မွန္းမသိေပမယ့္
ထိုပံုစံက ရွင္းကိုပင္ၿပံဳးေစခဲ့တာေတာ့အမွန္။
"ေရာက္ၿပီ"
"ဟင္"
"ငါ့အိမ္ကိုေရာက္ၿပီလို႔"
"အဲ့ဒါလား.."
"အင္း"
ၫႊန္ျပလာသၫ့္အိမ္ငယ္ေလးဟာ တစ္ျခားအိမ္မ်ားႏွင့္ေဝးကြာကာ သီးသန႔္ျဖစ္ေနတာေတာ့အမွန္။
ထို႔အျပင္မီးမိွတ္ထား၍ေမွာင္ေနသၫ့္အတြက္ အိမ္ေလး၏ျဖစ္တည္မႈက ေတာ္ရံုသတိထားမိဖို႔မလြယ္ကူလွ။
"နည္းနည္းေတာ့အထီးက်န္တဲ့ပံုေပါက္တယ္မလား"
"အဲ့ေလာက္လည္းမဟုတ္ပါဘူး"
အထီးက်န္ဖို႔ေကာင္းေနေပမယ့္ သူ႔ပံုစံႏွင့္သူေတာ့ေအးခ်မ္းေနတာပဲေလ။
"အိမ္ထဲေတာ့မေခၚေတာ့ဘူး။ေနာက္ႀကံဳမွပဲ ဝင္ေတာ့"
"အင္းပါ သြားၿပီ"
ဧၫ့္ဝတ္ေက်လွစြာသူေျပာလိုက္ေတာ့ ရွင္းဆိုသည့္ထိုလူက ႏႈတ္ဆက္ကာခ်က္ခ်င္းထြက္သြားသလို သူကိုယ္တိုင္လည္းအိမ္ထဲသို႔သာဝင္လာခဲ့ေတာ့သည္။
ခပ္သင္းသင္းေမႊးေနသၫ့္ပန္းနံ႔မ်ားကို အသာအယာရႈရိႈက္ရင္း ဆိုေနက်သီခ်င္းကို
ခပ္တိုးတိုးဆိုလိုက္ကာ တစ္ေန့တာ ပင္ပန္းခဲ့သမ်ွ အတိုးခ်အနားယူရန္ျပင္ဖို႔လုပ္ေတာ့သလို
လမ္းမႀကီးထက္၌လည္း အေမွာင္ထုၾကား
ခပ္ျဖည္းျဖည္းသြားေနေသာ သက္ရိွလူသားတစ္ဦးလည္းရိွခဲ့၏။
//////////////////////////////
//////////////////////////////////////////////////////////////